← Chapters

ချောင်ပိတ်ခံရခြင်း

Vol. 11 Ch. 163

ချောင်ပိတ်ခံရခြင်း

Vol. 11 Ch. 163

လနှစ်စင်းသည် တစ်စင်းနှင့်တစ်စင်း ဝေးကွာသွားလေပြီ။ ကမ္ဘာကြီးတစ်ခုလုံးအား အလင်းရောင် မှိန်ပျပျသာဖြင့်သာ ဖုံးအုပ်ထား၏။

ထို့နောက် ၀တ်စုံနက်လူတစ်ယောက် တောအုပ်ထဲမှ ထွက်လာလေသည်။ ထိုလူ၏ မျက်နှာတစ်ခြမ်းလုံးမှာ သွေးများဖြင့် စိုရွှဲနေပြီး ဒဏ်ရာရထားပုံ ပေါ်နေသည်။

မျက်နှာပေါ်မှ သွေးစက်များမှာ မျက်လုံးထဲသို့ တစက်စက်စီးကျနေကြသောကြောင့် သူ့မျက်လုံးများ တဖြည်းဖြည်း ဝေဝါးလာနေပါသော်လည်း ခေါင်းခါပစ်ပြီး သွေးများအား ဖယ်ရှားရန်မှာ အလွန်နာကျင်လှသောကြောင့် သူမလုပ်ခဲ့ပေ။

သူဒီနေရာမှာ ဘာလုပ်နေပါသနည်း။

မှန်၏။ သူတို့သည် ကူမျိုးနွယ်စု၀င်များအားသတ်ကာ ရေလကျောက်တုံးများအား ယူဖို့ ဤနေရာသို့ ရောက်နေကြခြင်း ဖြစ်သည်။

ကျူးကျော်ရန်၊ သတ်ရန် ၊ ကျောက်တုံးများအားခိုးရန်…

အဲ့တာမှ လွဲ၍ ဘာလုပ်စရာကျန်ပါမည်နည်း။

လမ်းလျှောက်နေရင်း သူ့အတွေးများမှာ ပြန့်ကျဲနေကြလေသည်။

ဗွက်အိုင်များသည် မြေပြင်ပေါ် နေရာအနှံ့တွင် အတိမ်အနက်အမျိုးမျိုးဖြင့် တည်ရှိနေကြပြီး

လရောင်အောက် ထိုရွှံ့မြေပေါ် နင်းလိုက်သောအခါ ဗွက် ကနဲမြည်သံအား ပတ်၀န်းကျင်တစ်ခုလုံးမှ ထင်ထင်ရှားရှား ကြားနေရ၏။

မြစ်ထဲသို့ မဆင်းခင်တွင် သူ့မသိစိတ်မှ သူ့အားတားဆီလိုက်သောကြောင့် ဆင်းရန်ပြင်နေသော ခြေလှမ်းများကို ရပ်လိုက်မိသည်။

သူ့ရှေ့မှ မြစ်ရေပြင်အား အဓိပ္ပာယ်မဲ့စိုက်ကြည့်နေရင်း ကျူးကျော်မှုမစတင်ခင် မျိုးနွယ်စုထဲတွင် အကြီးအကဲပြောခဲ့သော စကားအား ပြန်သတိရမိလိုက်၏။

“မြစ်ရတက်လာတာနဲ့ အမြန်သာ ပြန်ဆုတ်ခဲ့ကြ နောက်ပြီး မြစ်‌ေရတက်လာရင် မြစ်ကမ်းနား မသွားဖို့နဲ့ မြစ်ထဲကို မဆင်းဖို့ကိုလည်း သေချာ မှတ်ထားရမယ်”

သူ့ရှေ့မှ မြစ်မှာ ၁၀ မီတာပင် မကျယ်ပေ။ ထိုမြစ်အား မြစ်ကြီးတစ်ခုဟု သတ်မှတ်၍မရဘဲ မြစ်ကြီးတစ်ခုထဲမှ မြစ်ကြောင်းလေးတစ်ခုအနေနှင့်သာ ဆိုနိုင်သည်။ သို့သော် မြစ်ရေမျက်နှာပြင်မှာမူ မြင့်တက်နေဆဲသာ။

မြစ်ရေမြင့်တက်လာရင် မြစ်ကမ်းကို မသွားနဲ့ မြစ်နဲ့နီးတဲ့ နေရာကိုတောင် မသွားရဘူး….

ထိုစကားများကို ပြန်ကြားရင်း သူအလျင်အမြန်ပင် နောက်ဆုတ်လိုက်မိသည်။

သို့သော် သူခြေတစ်လှမ်းသာ ဆုတ်ရ‌ေသးသော အချိန်တွင် မြစ်ထဲမှ အရိပ်နက်ကြီးတစ်ခု ရုတ်တရက် ခုန်ထွက်လာလေသည်။

ထိုအရိပ်ကြီးမှာ သူ့နှုတ်သီးကြီးအားဟပြီး သူ့ဆီသို့

ကိုက်ရန် လာနေ၏။ ထိုနှုတ်သီးကြီးကို အကြေးခွံများနှင့် ဖုံးအုပ်ထားပေသည်။ မေရိုးကြီးများနှင့် ချွန်ထက်နေသော သွားများကိုလည်း မြင်နေရ၏။ သွားများကြားထဲတွင် အသားစလေးများကိုလည်း မြင်နေရပြီး သူ့ပါးစပ်ထဲမှ သွေးညှီနံ့များကိုလည်း ရနေလေသည်။

ဤအရာမှာ သူနောက်ဆုံးမြင်ခဲ့ရသော မြင်ကွင်းဖြစ်၏။ ထို့နောက်တွင် ထိုအကောင်ကြီး၏ ကိုက်ခဲခြင်းအား ခံလိုက်ရပြီး ရေထဲသို့ ဆွဲချခံလိုက်ရသည်။ သွားချွန်ချွန်များမှာ သူ၏ ကိုယ်တွင်းအင်္ဂါများကို ထိုးဖောက်သွား၏။ သူမရုန်းနိုင်ခင်ပင် ချက်ချင်း အသတ်ခံလိုက်ရတော့သည်။

ထိုအချိန်တွင် အခြားမိကျောင်းများမှာလည်း အလောင်းဆီသို့ ဝိုင်းအုံလာကြပြီး အလောင်းအား ရှစ်ပိုင်း ဆွဲဖြဲပစ်လိုက်ကာ တစ်ယောက်တစ်ပိုင်းဆီ မျိုချလိုက်ကြ၏။

……….

ကူမျိုးနွယ်စုတစ်ခုလုံးတွင် ထိုသို့သော အဖြစ်အပျက်မျိုး နေရာအနှံ့ဖြစ်ပွားနေကြသည်။ မျိုးနွယ်စုထဲ ပိတ်မိနေသော ကျူးကျော်သူများမှာ ချက်ချင်းပင် ထွက်ပြေးရန်ကြိုးစားနေကြပြီး အသက်ရှင်ရန် မျှော်လင့်နေကြ၏။ သူတို့ နှေးနေပါက ကူမျိုးနွယ်စုစစ်သည်တော်များ၏ သတ်ဖြတ်ခြင်းအား ခံရနိုင်ပြီး ပိုဆိုးသည်မှာ မိကျောင်းကြီးများ စားခြင်းကိုပင် ခံရနိုင်သည်။ သို့သော် ဘယ်လိုနည်းနဲ့ပဲ သေသေ နောက်ဆုံးတွင် မိကျောင်းစာ ဖြစ်သွားကြမည်သာ။

တိုက်ပွဲအတွင်း အစုလိုက် အပြုံလိုက် သေနေမှုများမှာ တဖြည်းဖြည်း လျော့နည်း‌လာလေသည်။ အာဇာနည်မျိုးနွယ်၀င်များ သေဆုံးနေမှုမှာ လျော့နည်းလာ၏။ သို့သော် သူတို့မသေသေးရခြင်းမှာ အိမ်ပြန်လာသော မိကျောင်းများအတွက် အစာအဖြစ် ချန်ထားခံရခြင်းသာ ဖြစ်ပေသည်။

မိကျောင်းပေါက်လေးများမှာမူ အရင်နေ့များကကဲ့သို့ အော်မနေတော့ဘဲ တိတ်ဆိတ်သွားကြ၏။ တချို့မှာ မြစ်ထဲသို့ ဆင်းသွားကြပြီး မိကျောင်းကြီးများနှင့်ပေါင်းကာ အမှိုက်ရှင်းရန်ပင် ကူညီနေကြသည်။

ကူမျိုးနွယ်စုအတွက် ဤမိကျောင်းများသည် ရတနာငါးများဖြစ်ကြပါသော်လည်း အခြားသူများအတွက်မူ ထိုသတ္တဝါများသည် အိပ်မက်ဆိုးများသာ ဖြစ်ကြ၏။

ရှောက်ရွှမ် မြေပြင်ပေါ်တွင် ရပ်နေရင်း ဟိုမှဒီမှသွားလာနေကြသော မိကျောင်းကြီးများကို ကြည့်နေမိသည်။

အဓိကမြစ်ကြီးထဲမှ ပြန်လာကြသော မိကျောင်းကြီးများတွင် အကြီးဆုံးကောင်ကြီးသည် ၁၀ မီတာမကရှိနေပြီး အသေးဆုံးကောင်မှာပင် ၃ မီတာအောက် မသေးပေ။ တချို့ကောင်များမှာ မြစ်အားဖြတ်၍ ကူး

လာကြပြီး တချို့ကောင်များမှာ ရွှံ့မြေများပေါ်မှ မနှေးမမြန်ဖြင့် လာနေကြ၏။ သို့သော် သူတို့အားလုံးတွင် တူညီကြသည်မှာ ကြုမ်းကြုတ်သည့် အငွေ့အသက်များ ထွက်ပေါ်နေသည့် မျက်လုံးများ ဖြစ်ကြပြီး ကူမျိုးနွယ်စု၀င်များ၏ မျက်လုံးများနှင့် တူညီကြပေသည်။

အဝေးရောက်နေသော မိကျောင်းများ အိမ်ပြန်လာကြသောအခါ ကူမျိုးနွယ်စု၀င်များမှာ အလွန်စိတ်လှုပ်ရှားနေကြ၏။ သူတို့ပြန်ရောက်လာခြင်းမှာ ဤတိုက်ပွဲ အဆုံးသတ်သွားပြီဟု ဆိုလိုနေသည် မဟုတ်ပါလား။ နောက်ဆုံးတွင် ကူမျိုးနွယ်စု၏ အစွမ်းအထက်ဆုံး ကာကွယ်သူများမှာ ဤမိကျောင်းကြီးများသာ ဖြစ်ကြလေသည်။

ထိုမိကျောင်းကြီးများမှာ ကူမျိုးနွယ်စု၀င်များအား အန္တရာယ်မပေးကြချေ။ အကယ်၍ သူတို့အသက်မရှူနိုင်တော့ဘူး ဆိုလျှင်တောင်မှ ကူမျိုးနွယ်စု၀င်များကိုတော့ ကိုက်လိမ့်မည် မဟုတ်ပေ။ တခြားမျိုးနွယ်စုများ အတွက်မူ ထိုသို့သော ကံကောင်းခြင်းမျိုး ရှိ

မည်မဟုတ်ဘဲ ထိုမျိုးနွယ်စုများမှာ သူတို့အတွက် အစာများသာ ဖြစ်ကြသည်။

အပြင်လူတစ်ယောက်အနေနှင့် ရှောက်ရွှမ် အခုချိန်တွင် မျိုးနွယ်စုထဲ ထွက်မကြည့်ရဲပေ။ သူမျိုးနွယ်စု၀င်များကြားထဲတွင် ရပ်နေပြီး သူရပ်နေသော နေရာမှာ မျိုးနွယ်စုနတ်ဆရာနှင့်လည်း ခြေလှမ်းအနည်းငယ်သာ ဝေး၏။

ထိုအချိန်တွင် ၁၅ မီတာခန့်ရှည်သော မိကျောင်းကြီးတစ်ကောင်သည် ရှောက်ရွှမ်ဆီမှ ကွဲပြားနေသော ခံစားချက်ရ၍ သူ့ဆီသို့ ဦးတည်လာလေသည်။ ထိုကောင်ကြီးသည် တဖြည်းဖြည်းနီးလာနေပြီး သူ့ပါးစပ်ကြီးအား ဟလိုက်ရာ လည်ချောင်းထဲမှ ခပ်အစ်အစ်အသံကိုပင် ကြားနေရ၏။ သူ ရှောက်ရွှမ်၏ သရုပ်မှန်ကို သံသယရှိနေလေပြီ။ သူ့မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေပြီး အချိန်မရွေး ကိုက်သတ်ပလိုက်တော့မည့် ပုံပေါ်နေသည်။

သို့သော် နတ်ဆေးဆရာမှ ရှောက်ရွှမ်နားမလည်သော စကားတစ်မျိုး ပြောလိုက်သောအခါတွင်မူ ထိုကောင်ကြီးမှာ ပြန်လည်ထွက်ခွာသွား၏။

“ဒါကို ဆောင်ထား” နတ်ဆေးဆရာ ရှောက်ရွှမ်အား အရိုးတံဆိပ်ပြားတစ်ခု ပေးလိုက်သည်။ ထိုတံဆိပ်ပြားပေါ်တွင် ကူမျိုးနွယ်စု၏ နတ်အမှတ်အသား ပါ၀င်လေသည်။

ရှောက်ရွှမ် ယူထားလိုက်၏။ ထိုတံဆိပ်ပြားနှင့်ဆိုလျှင် မျိုးနွယ်စုအတွင်း မျိုးနွယ်စု၀င်များအဖော်မပါဘဲ သူသွားချင်သည့် နေရာကို သွားနိုင်ပေလိမ့်မည်။ မိကျောင်းများသည် သူ့အား ရန်သူကဲ့သို့ ဆက်ဆံလိမ့်မည် မဟုတ်ချေ။ နတ်ဆေးဆရာတွင်သာ ထိုသို့ ဆံတိပ်ပြားမျိုး ရှိ၏။ သို့သော် တံဆိပ်ပြားမှာ မျိုးနွယ်စုခေါင်းဆောင်၏ တံဆိပ်ပြားနှင့်တော့မတူဘဲ အမိန့်ပေး၍ရသော တံဆိပ်ပြားမျိုး မဟုတ်ပေ။

လရောင်ပျောက်ကွယ်သွားပြီး နေရောင်ထွက်ပေါ်လာသော အချိန်သို့ ရောက်သောအခါတွင်မူ ကူမျိုးနွယ်စုနယ်မြေထဲ၌ ကျူးကျော်သူ တစ်ယောက်မှ အသက်ရှင်လျက် မရှိကြတော့ပေ။

ရှောက်ရွှမ် ချန်ကျားကိုခေါ်၍ အိမ်ပြန်လာရာလမ်းတွင် မြစ်ပြင်ပေါ်၌ သွားလာနေကြသော မိကျောင်း အကြီးအသေး အကောင်မျိုးစုံအား မြင်နေရ၏။ ထိုကောင်များမှာ မြစ်ပြင်ပေါ်တွင် လှည့်လည်ရင်း ကျန်နေသော လူသေကောင်များအား တစ်စစီဆွဲဖြဲပြီး စားသောက်နေကြရာ မြစ်ပြင်တစ်ခုလုံး သွေးများဖြင့် နီရဲနေလေသည်။ သို့သော် ချန်ကျားတင်မက အခြား ၂ နှစ် ၃ နှစ်သား ကလေးများပင်လျှင် ထိုမြင်ကွင်းအား ထူးဆန်းသည်ဟု ခံစားကြရပုံ မပေါ်ချေ။ မြစ်ကမ်းမှပင် လက်ခုပ်လက်ဝါးတီး၍ အားပေးနေကြသေး၏။ သူတို့သည် ထိုမြင်ကွင်းများဖြင့် အသား‌ကျနေလေရာ ထူးဆန်းသည်ဟု မခံစားရကြတော့ပေ။

အိမ်နှင့် နီးလာသောအခါ ချန်ကျား ရေလကျောက်တုံးများကို ဂရုမစိုက်တော့ဘဲ သူ့အိမ်သို့ အမြန်ပြေး

သွားလေသည်။ ရှောက်ရွှမ်မှာ သူ့ကြိမ်ခြင်းအား ကူသယ်ပေးလာရပြီး သူ့အဖေနှင့်အမေသာ ဘေးကင်းကင်းနှင့် အိမ်ပြန်ရောက်နေမည်ဆိုပါက ထိုကျောက်တုံးများကို သူဂရုပင်စိုက်တော့မည် မဟုတ်ပေ။

“အမေ” ချန်ကျား ပြေးနေရင်း အော်ခေါ်လိုက်၏။

ဖင်းသည် အိမ်ထဲတွင် ရပ်နေရင်း ပြတင်းပေါက်မှ လှမ်းကြည့်နေသည်ကို ရှောက်ရွှမ်‌ေတွ့လိုက်ရသည်။

“မင်းတို့ အဆင်ပြေကြရဲ့လား” ဖင်း ပြေးထွက်လာကာ ချန်ကျားအား စစ်ဆေးကြည့်လိုက်ရင်း ရှောက်ရွှမ်ကိုလည်း ကြည့်လိုက်ပြီး မေးလိုက်သည်။

သူတို့ ဘာမှမထိခိုက်ခဲ့ဘူး ဆိုသည်အား သိလိုက်ရသောအခါ ဖင်းပျော်ရွှင်စွာ ပြောလိုက်၏။

“သွားတော့ အထဲမှာ မင်းတို့စားဖို့ပြင်ပေးထားတယ်”

ဖင်းထိုမျှ ပျော်ရွှင်နေပုံကို ကြည့်ရသည်မှာ ဖူရှစ်လည်း အဆင်ပြေပုံ ပေါ်နေသည်။

ဖူရှစ်မှာ အိမ်ထဲတွင် အနားယူနေပြီး တိုက်ပွဲအတွင်း ဒဏ်ရာအတော်များများ ရလာခဲ့၏။ သို့သော် ဒဏ်ရာများမှာ အသက်နှင့်ဝေးသော ဒဏ်ရာများအား ဖြစ်ကြသည်။

ရှောက်ရွှမ်သယ်လာသော ကြိမ်ခြင်းကို တွေ့သောအခါတွင်မူ ဖင်းနှင့် ဖူရှစ် နှစ်ယောက်စလုံး အလွန်စိတ်လှုပ်ရှား သွားကြ၏။ သူတို့ပါးစပ်များမှာ နားရွက်တက်ချိတ်မတတ်ပင် ပြုံးနေကြလေရာ ကြောက်စရာပင် ကောင်းနေတော့သည်။

အကယ်၍ သူသာ ကူမျိုးနွယ်စုများနှင့် အချိန်

အတော်ကြာ အတူရှိခဲ့ပြီး ပြဿနာများအား အတူရင်ဆိုင်ခဲ့ဖူးခြင်းမျိုး မရှိခဲ့ပါက သူသည်လည်း အခြားမျိုးနွယ်စုများကဲ့သို့ပင် တွေးမိမည်မှာ သေချာလှ၏။ ကူမျိုးနွယ်စု၀င်များသည် တကယ်ပင် ကြောက်စရာကောင်းလှပေသည်။

မိသားစုအား အတူတူအချိန်ကုန်ဆုံးစေရန် ထားခဲ့ပြီး ရှောက်ရွှမ် ပတ်၀န်းကျင်သို့ လှည့်ပတ်ကြည့်ရန် ထွက်လာခဲ့၏။

ထိုအခါ မိကျောင်းပေါက်လေးအော်နေသော အသံအား ကြားလိုက်ရပြီး ထိုအသံသည်လည်း ကြောက်ရွံ့ခြင်းကြောင့် အော်မြည်နေသော အသံမျိုးမဟုတ်ဘဲ တမျိုးကွဲပြားနေလေသည်။ ချန်ကျားတို့အိမ်အောက်ရှိ ရေပြင်ပေါ်တွင် ၈မီတာလောက် ရှည်သော မိကျောင်းကြီးတစ်ကောင်သည် မြစ်ထဲသို့ပြန်ဆင်းရန် ပြင်နေ၏။ ထိုကောင်ကြီး၏ မျက်လုံးများမှာ ဝါညိုရောင်ဖြစ်ပြီး အခြားလူများအား ကြည့်သောအခါ အေးစက်၍ ခံစားချက်ကင်းမဲ့နေပြီး အကြည့်ခံရသည့်သူမှာ ကြောက်ရွံ့သွားပြီး

နှလုံးသားများပင် အေးခဲသွားစေနိုင်သည်။

သူမြစ်ထဲသို့ မဆင်းခင်တွင် ထိုကောင်ကြီးမှာ မိကျောင်းပေါက်လေးအား ကောက်ငုံလိုက်ပြီး မြစ်ထဲသို့ ကူးခတ်သွား၏။

လူ့ခန္ဓာကိုယ်များအား တစ်စစီစုတ်ဖြဲပစ်နိုင်သော ထိုသွားများမှာ သူ့ကလေးအား ကိုက်လိုက်သော အခါတွင်မူ ဘာအားမှ ထည့်မထားချေ။ ထိုအစား ကလေးအား ချီသွားသလိုပင် ဖြစ်နေလေသည်။

ဤသည်မှာ သတ္တဝါများ၏ မိမိရင်သွေးအား ကာကွယ်လိုသော မူလဗီဇဆန္ဒသာ ဖြစ်၏။

ရှောက်ရွှမ်ထောင်ချောက်၌မိထားပြီး ချင်းယီဂုတ်ချိုးသတ်လိုက်ခြင်းအား ခံလိုက်ရသော လူမှာမူ ဤနေရာတွင် မရှိတော့ချေ။ မိကျောင်းများအား ကျွေး

ပစ်ရန် မထားဘဲ တစ်နေရာရာသို့ သယ်ဆောင်ခံသွားရသည့်ပုံ ပေါ်၏။ ထိုလူတွင် လျှို့ဝှက်သရုပ်မှန်တစ်ခုခုရှိရမည်ဟု ရှောက်ရွှမ်သိနေပြီး နောက်ဆုံးတွင် ထိုလူမှာ ကူမျိုးနွယ်၀င် မဟုတ်ခဲ့ပေ။

ကူမျိုးနွယ်စုထဲတွင် လူသားများနှင့် မိကျောင်းများမှာ သဟဇာတဖြစ်စွာ နေထိုင်ကြ၏။ သူတို့ဆက်ဆံရေးသည် ထိုမျှလည်း ရင်းရင်းနှီးနှီးဆက်ဆံကြခြင်းမျိုးမဟုတ်ဘဲ တစ်ဦးနှင့်တစ်ဦးလည်း အန္တရာယ်မပေးကြပေ။ သူတို့၏ ဘုံရန်သူမှာ အပြင်လူ ကျူးကျော်သူများ ဖြစ်ကြသည်။

“ဘာ!”

ရှောက်ရွှမ်ပတ်၀န်းကျင်မှ မိကျောင်းများကို လိုက်ကြည့်နေရင်း အိမ်ထဲမှ ဖင်းအော်သံကို ကြားလိုက်ရ၏။

“ဘာဖြစ်လို့လဲ” ရှောက်ရွှမ်မေးလိုက်ရင်း အိမ်ထဲ၀င်သွားလိုက်သည်။

“အာ တစ်ယောက်ယောက်က သူ့ရေလကျောက်တုံးတွေ ခိုးခံလိုက်ရတယ်လို့ ငါတို့ကြားလိုက်လို့ပါ” ဖင်း ပြန်ပြောလိုက်၏။

ကူမျိုးနွယ်စုဝင်များသည် ရန်သူများကို တိုက်ခိုက်နေရသောကြောင့် သူတို့ကျောက်တုံးများအား ကြည့်ရှုစောင့်ရှောက်နေရန် အချိန်မရှိခဲ့ပေ။ ယခုအခါ တိုက်ပွဲအားလုံး ပြီးဆုံးသွားပြီဟု သေချာသောအခါမှသာ သူတို့ကြိမ်ခြင်းများအား စစ်ဆေးကြခြင်း ဖြစ်၏။

ထိုကြိမ်ခြင်းအား လုံခြုံစေရန် သားရဲသားရေဖြင့် အသေအချာအုပ်ထားခြင်းဖြစ်သော်လည်း ဖွင့်ကြည့်သောအခါတွင်မူ ကျောက်တုံးအတော်များများ ပျောက်နေသည်ကို တွေ့လိုက်ရသည်။ သားရဲသားရေမှာ စုတ်ဖြဲခံထားရခြင်းမျိုးမရှိချေ။ ကြိမ်ခြင်းတွင်လည်း ထိခိုက်ခံထားရခြင်းမျိုး ရှိမနေ

ဘဲ ကျောက်တုံးများမှာ မည်သို့ ပျောက်ဆုံးသွားသနည်း။

“ဒါက သူခိုးလက်ချက်ပဲဖြစ်ရမယ် သူတို့ပဲ ခိုးတဲ့နေရာမှာ ဒီလောက်ကျွမ်းကျင်တာ” ဖူရှစ် ပြောလိုက်သည်။

ထိုသတင်းအား ကြားလိုက်ပြီးသည့်နောက် ဖင်းသူတို့ ကြိမ်ခြင်းအား အမြန်ဖွင့်ကြည့်လိုက်သည်။ ယခုနှစ်တွင် သူတို့ကျောက်တုံးများများ ရရှိထားရာ ပျောက်သွားမည်ဆိုပါက ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်သွားပေလိမ့်မည်။

အချိန်အတော်များများတွင် ထိုကြိမ်ခြင်းအား ချန်ကျား သယ်ထားခြင်းဖြစ်၏။ သူမသယ်သော အချိန်များတွင်မူ ရှောက်ရွှမ် ကြည့်ပေးထားခြင်း ဖြစ်သည်။

“တော်သေးတာပေါ့ အခိုးမခံရလိုက်လို့” ကြိမ်ခြင်းအား ဖွင့်ကြည့်ပြီးမှသာ ဖင်း သက်ပြင်းချနိုင်ခဲ့၏။ သူတို့ နောက်နှစ် မည်သို့ နေရမည်ဆိုသည်မှာ ဤရေလကျောက်တုံးများပေါ်တွင် မူတည်နေသည် မဟုတ်ပါလား။

“အို ဟုတ်ပြီ” မူလက ကျောက်တုံးများအား လက်ထဲတွင် ကိုင်ထားပါသော်လည်း တစ်ခုခုအား သတိရသွားမိသောအခါ ဖင်း ကျောက်တုံးတချို့အား အိတ်တစ်လုံးထဲသို့ ထည့်ကာ ရှောက်ရွှမ်ကို ပေးလိုက်၏။

“ဒါက မင်းအတွက် ကျေးဇူးတင်လက်ဆောင်ပါ ရှောက်ရွှမ်”

ကူမျိုးနွယ်စုဝင်များမှာ စကားအများကြီး ပြောတတ်ကြသူများ မဟုတ်ကြချေ။ ဖူရှစ် တစ်ခုခုပြောရန်‌ပြင်လိုက်သော်လည်း နောက်ဆုံးတွင် သူ့ခေါင်းအား ယမ်းလိုက်ကာ စကားလုံးများကို ပြန်မျိုသိပ်ထားလိုက်သည်။ သူရှောက်ရွှမ်ကို မည်သို့ကျေးဇူးတင်

စကားပြောရမည်ကို မသိသောကြောင့် ကုန်သွယ်သွားတုန်းက တခြားမျိုးနွယ်စုများမှ သူ့ကိုအကြံညဏ်တစ်ခုခုပေးသည့်အခါ သူပြန်ပြုံးပြရသည်ကို သတိရသွားပြီး ရှောက်ရွှမ်ကို ထိုသို့ ပြုံးပြလိုက်၏။ သို့သော် ရှောက်ရွှမ်၏ အပြုအမူကို မြင်လိုက်ရသောအခါ သူ့အပြုံးမှာ ပျောက်ကွယ်သွားပြီး သူ့ပါးစပ်ကြီးပင် ဟသွားရလေသည်။

ရှောက်ရွှမ် အိတ်အား ဖင်းလက်ထဲသို့ ပြန်ထည့်ပေးလိုက်၏။ “ကျွန်တော့်ဖို့က အများကြီးမလိုပါဘူး”

ဖင်းပေးလိုက်သောအိတ်ထဲတွင် ရေလကျောက်တုံး ငါးတုံးလောက်ပါသည်ကို ရှောက်ရွှမ်သိ၏။ ထိုငါးတုံးမှာ မည်မျှတန်ကြေးရှိမှန်းမသိသော်လည်း ကုန်သွယ်ရာ၌ လဲလှယ်မည်ဆိုလျှင် ပစ္စည်းအတော်များများ လဲလှယ်၍ ရမည်ကို သူသိပေသည်။

“ယူလိုက်ပါ” ဖင်းအိတ်အား ရှောက်ရွှမ်ဘက်သို့ ပြန်

တိုးပေးလိုက်ကာ ပြောလိုက်သည်။

“ဒီကိစ္စတွေပြီးသွားရင် မျိုးနွယ်စုက ကုန်သွယ်ထွက်ကြတော့မှာ အဲ့အခါမင်း ဖူရှစ်နဲ့လိုက်သွားလိုက် ကုန်သွယ်တဲ့နေရာမှာ ဒီကျောက်တုံးတွေကို သုံးလို့ရတယ် ဒါကမင်းရဲ့ပထမဆုံးအကြိမ်ဆိုတော့ မင်းနားမလည်တာတွေ အများကြီး ရှိနေဦးမှာပဲ”

ရှောက်ရွှမ် မငြင်းနိုင်တော့ဘဲ အိတ်ကို ယူလိုက်ရသည်။ နောက်ဆုံးတွင် ကုန်သွယ်ထွက်သည့်အခါ၌ ဤကျောက်တုံးများသည် မရှိမဖြစ် ဖြစ်နေပါသည် မဟုတ်ပါလား။

“ကုန်သွယ်ထွက်ရင် မျိုးနွယ်စုက ဘယ်‌နေရာတွေကို သွားလေ့ရှိလဲ အခြားမျိုးနွယ်စုတွေ ဆီကိုလား” ရှောက်ရွှမ် မေးလိုက်သည်။

“အကယ်၍ ကုန်သွယ်မှု သေးသေးလေးပဲဆိုရင်

တော့ ကူမျိုးနွယ်စုထဲမှာတင် ကုန်သွယ်ပွဲကို ကျင်းပတဲ့ အကြိမ်တွေရှိတယ် တချို့အကြိမ်တွေကိုတော့ ပုမျိုးနွယ်မှာ သွားလဲကြတယ် ကြီးကြီးမားမားလဲလှယ်တဲ့ အခေါက်မျိုးကတော့ ကုန်သွယ်ရေးမြေပြင်‌ေတွကို သွားလဲရတယ်” ဖင်းရှင်းပြလိုက်၏။

ဖူရှစ်မှာ အကြိမ်များစွာ ကုန်သွယ်ထွက်ခဲ့ဖူးခြင်းကြောင့် ဤကိစ္စအပေါ် ဖင်းထက် ပိုနားလည်ပေသည်။

“ငါတို့နဲ့ အနီးဆုံး မျိုးနွယ်စုက ပုမျိုးနွယ်စုလေ ဒီတစ်ခေါက်လည်း ငါတို့ပုမျိုးနွယ်ဆီကိုပဲ သွားလဲရမယ် သူတို့မှာက ပစ္စည်းကောင်းလေးတွေ ရှိတယ်ကွ ကျောက်အသုံးအ‌ဆောင်‌တွေ အိုးခွက်တွေ တစ်ခါတလေဆို ဆေးပင်တွေတောင် ရတတ်သေးတယ် အဲ့တာတွေအကုန်လုံးက ပစ္စည်းကောင်းတွေ ချည်းပဲ”

ဖူရှစ်ပြောပြသည်ကို ရှောက်ရွှမ် သူ့စိတ်ထဲတွင်

မှတ်ထားလိုက်သည်။ ထိုအရာမှာ သူမှတ်သားထားရမည့်အရာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ပုမျိုးနွယ်စု ဟူသော အမည်ကို သူ့ဘိုးဘေးများ၏ သားရေလိပ်တွင် ဖော်ပြမထားသောကြောင့် ဖြစ်လေသည်။

All Chapters