← Chapters

ပုမျိုးနွယ်စု

Vol. 11 Ch. 164

ပုမျိုးနွယ်စု

Vol. 11 Ch. 164

တိုက်ပွဲပြီးသည့်နောက် ကူမျိုးနွယ်စုအတွင်း နေထိုင်မှု ပုံစံများမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားကြသည်။

မျိုးနွယ်စုသည် တိုက်ပွဲအတွင်း ကျဆုံးသွားကြသူများအား ဈာပနပွဲကျင်းပပေးခဲ့၏။ ရှောက်ရွှမ်မှာမူ ကူမျိုးနွယ်၀င်မဟုတ်သောကြောင့် ထိုဈာပနပွဲအား တက်ရောက်ခွင့် မရှိခဲ့ပေ။ ဤသည်မှာ ကူမျိုးနွယ်စု၏ နတ်မီးတောက်အား သူမြင်တွေ့ခွင့် ရလိမ့်မည် မဟုတ်ဟုလည်း ဆိုလိုပေသည်။

ထိုနေ့တွင် သူချန်ကျားတို့ အိမ်တွင်နေနေရင်း နတ်မီးတောက်အား အာရုံရလိုက်မိ၏။ ထိုမီးတောက်သည် မီးတောက်ဦးချို မျိုးနွယ်စုမှ မီးတောက်နှင့် ကွဲပြားပြီး အတော်လေး ပိုသန်မာပုံ ပေါ်သည်။

ဖြစ်နိုင်သည်မှာ နတ်ဆေးဆရာပြောခဲ့သည့် ပြီးပြည့်စုံသော နတ်မီးတောက်နှင့် မပြည့်စုံသေးသော နတ်မီးတောက်အကြား ကွာခြားချက် ဖြစ်နိုင်သည်။

မီးတောက်ဦးချိုမျိုးနွယ်ရှိ နတ်မီးတောက်သည် လူများအား နွေးထွေးသော ခံစားချက်ပေး၏။ ကူမျိုးနွယ်စု မီးတောက်မှာမူ အေးစက်သော ခံစားချက်အားပေးပြီး ထိုအေးစက်မှုသည် အေးခဲမှုလည်း မဟုတ်ဘဲ မီးတောက်ဦးချိုမျိုးနွယ်နှင့်ယှဉ်ပါက ဒီဂရီအချို့ ပိုအေးခြင်းသာ ဖြစ်သည်။

သူတို့နတ်မီးတောက်နှင့် ပတ်သက်၍ ရှောက်ရွှမ်စိတ်၀င်စားမိပါသော်လည်း ဈာပနပွဲသို့ သွားခွင့်တော့ မရှိခဲ့ပေ။ ဖူရှစ်နှင့် အခြားလူများ၏ ပြောပြချက်အရ မီးကန် အကြောင်းကိုတော့ သူသိလိုက်ရသည်။ ထိုကန်သည် သေဆုံးပြီးသော မျိုးနွယ်စု၀င်များအား သဂြိုဟ်သည့် နေရာဖြစ်၏။

ထိုအရာအား ကြားသာကြားလိုက်ရပြီး သွားမကြည့်နိုင်ခြင်းကြောင့် ရှောက်ရွှမ် ဆန်းကြယ်သော ခံစားချက်ကို ခံစားနေရသည်။

အကယ်၍ အခွင့်အရေးသာရှိပါက ရှောက်ရွှမ် ကူမျိုးနွယ်စု၏ မီးကန် ကိုသွားကြည့်မိမည်မှာ သေချာလှ၏။

သဂြိုဟ်အခမ်းအနား ပြီးသည့်နောက် မျိုးနွယ်စုသည် ပုံမှန်အတိုင်း ပြန်အသက်၀င်လာကြသည်။ လူတိုင်းမှာ သူတို့သွားရမည့် ကုန်သွယ်ရေးခရီးအကြောင်း ဆွေးနွေးနေကြပြီး ပိုက်ဆံများစွာရှိသော သူဌေးကြီးတစ်ယောက်ကဲ့သို့ ထိုငွေများအား မည်သို့အသုံးပြုရမည်ကို ဝေခွဲမရ ဖြစ်နေကြလေသည်။

ကူမျိုးနွယ်စု၀င်များ၏ ပြန်လည်ကုသနိုင်စွမ်းမှာ မီးတောက်ဦးချိုမျိုးနွယ်စု၀င်များလောက် မကောင်း

ပါသော်လည်း အရမ်းဆိုးဝါးနေခြင်းမျိုးတော့ မဟုတ်ပေ။ သူတို့ကိုယ်ပေါ်ရှိ နတ်အမှတ်အသားဆေးမှင်ကြောင်အားလုံးအား အသက်သွင်းလိုက်သောအခါ ကြေးခွံပုံစံ အကာအကွယ်အလွှာတစ်ခု ကိုယ်ပေါ်၌ ပေါ်လာကြ၏။ ထို့ကြောင့် အကြာကြီးအနားယူစရာ မလိုကြချေ။

ကူမျိုးနွယ်စု၀င်များသည် သေခြင်းရှင်ခြင်းအတွေ့အကြုံအား အတူတူဖြတ်ကျော်ခဲ့ရပါက ထိုလူအား စစ်မှန်သော မိတ်ဆွေဟု သတ်မှတ်ကြသည်။ ထို့ကြောင့်ပင် ရှောက်ရွှမ်အား နွေးနွေးထွေးထွေးနှင့် ဧည့်၀တ်ပြုကြ၏။ ရှောက်ရွှမ် သူတို့ကုန်သွယ်အဖွဲ့တွင် လိုက်ပါမည် ဆိုသည်ကို သိလိုက်ကြရသောအခါ မျိုးနွယ်စု၀င်တစ်ယောက်ချင်းစီသည် သူ့အား သူတို့ အတွေ့အကြုံများနှင့် မည်သို့ ကုန်စည်လဲလှည်ရမည်ကိုသာမက ပစ္စည်းများ၏ တန်ဖိုးအမှန်များကိုလည်း ပြောပြကြလေသည်။

ကူမျိုးနွယ်စု၀င်များသည် အေးစက်သည်ဟုထင်ရသော်လည်း တစ်ချို့မျိုးနွယ်စု၀င် မိန်းမပျိုလေးများ

မှာ မကြာခဏဆိုသလို ရှောက်ရွှမ်ဆီသို့လာ၍ ပြုံးပြနေကြသူများ ရှိနေ၏။

ထိုသို့သော မိန်းမပျိုလေးများနှင့် တွေ့ဆုံရသောအခါတွင်မူ ရှောက်ရွှမ် တစ်ကိုယ်လုံး တောင့်တင်းသွားရသည်သာ။ မျိုးနွယ်စုထဲတွင်သာ ထိုသို့သော ကောင်မလေးများ ထိုသို့လာပြုံးပြနေပါက ပြုံးပြခံရသူမျိုးနွယ်စု၀င်မှာ အလွန်ကျေနပ်သွားကြမည် ဖြစ်၏။

သို့သော် မျိုးနွယ်စုတိုင်းတွင် မတူညီသော အလှအပ စံနှုန်းများရှိကြ၍ ရှောက်ရွှမ်အတွက် ထိုကောင်မလေးများ၏ အပြုံးမှာ ကြောက်စရာပင် ကောင်းနေသေးသည်။

မိကျောင်းကြီးများ ပြန်လာကြသောကြောင့် ချာချာအတွက်မူ ဤ‌နယ်မြေသည် အန္တရာယ်နယ်မြေတစ်ခု အဖြစ်ပြောင်းလဲသွား၏။ သစ်ပင်တစ်ပင်ရှိနေသမျှကာလပတ်လုံး ထိုကောင်သည် သစ်ပင်ပေါ်မှ မဆင်း

တော့ချေ။

နောက်ဆုံးတွင် ကုန်သွယ်ရေးအဖွဲ့ဖွဲ့ရန် အချိန်သို့ ရောက်ရှိလာခဲ့ချေပြီ။ ရှောက်ရွှမ်မှာ ဖင်းသူ့အားပေးထားသော ရေလကျောက်တုံးများအား ယူကာ ချာချာအားခေါ်ပြီး ထိုအဖွဲ့နှင့်အတူ ထွက်ခွာခဲ့လေသည်။

“ရှောက်ရွှမ် နင်ငါတို့မျိုးနွယ်စုကို နောက်တစ်ခါထပ်လာလည်ရမယ်နော်” ဖင်း ရှောက်ရွှမ်အား ပြောလိုက်၏။

“ဟုတ်ကဲ့ပါ ကျွန်တော်ပြန်လာခဲ့ပါမယ်”

ကူမျိုးနွယ်စုနှင့် ပုမျိုးနွယ်စု၏ ခရီးအကွာအဝေးမှာ မနီးလှချေ။ ရှောက်ရွှမ်နားလည်ထားပုံအရ ဒီဘက်ကမ်းရှိ မျိုးနွယ်စုများ၏ တည်ထားပုံမှာ တစ်ခုနှင့်တစ်ခု ဝေးကွာလှသည်။ ဤသည်ကို ကူမျိုးနွယ်စု

ကို ကြည့်ခြင်းဖြင့် သိနိုင်ပေသည်။

ပုမျိုးနွယ်စုဆီသို့ သွားသည့်လမ်းမှာ အဖြောင့်အတိုင်းမဟုတ်ဘဲ မြစ်တစ်ချို့ကိုပင် ဖြတ်၍ သွားရသေး၏။

ကူမျိုးနွယ်စု၏ နယ်စပ်တွင် ၁၀မီတာခန့်ကျယ်သော မြစ်တစ်စင်းရှိ‌သည်။ ထိုမြစ်အားကျော်လိုက်လျှင် ပုမျိုးနွယ်စု၏ ပိုင်နက်သို့ ရှောက်ရှိသွားပေလိမ့်မည်။

ကူမျိုးနွယ်စုတွင် မြစ်အားဖြတ်ရန် လှေများမရှိကြသော်လည်း ဝါးဖောင်များတော့ ပြုလုပ်နိုင်ကြ၏။ မြစ်၏ဒီဘက်ကမ်းရှိ မြစ်လက်တက်လေးများတွင် ဝါးဖောင်များမှာ မမြုတ်သွားကြဘဲ ရေပေါ်တွင် ပေါ်နိုင်လေသည်။ သို့သော် ကူမျိုးနွယ်စု၀င်များမှာ ဝါးဖောင်အား မသုံးကြပေ။ သူတို့တွင် မြစ်အား ဖြတ်ကူးရန် ပိုကောင်းသော လှေများ ရှိကြ၏။

ထိုအချိန်တွင် မိကျောင်းများမှာ တစ်ကောင်ပြီးတစ်ကောင် ရေမျက်နှာပြင်ပေါ်၌ ပေါ်လာကြလေသည်။ တစ်ချို့အကောင်များမှာ သူတို့၏ နှုတ်သီးနှင့်ခေါင်းကိုသာ ရေပေါ်တွင် ဖော်ထားကြပြီး သေချာမကြည့်ပါက ထိုကောင်များအား မမြင်ရလုနီးပါးပင်။

ချင်းယီ မှာ ဤတစ်ခေါက် ကုန်သွယ်ရေးအဖွဲ့၏ခေါင်းဆောင်တစ်ယောက်အနေနှင့် နတ်ဆေးဆရာထံမှ ကောင်းချီးရပြီးသည့်နောက် မိကျောင်းကျောပေါ်သို့ ခုန်တက်လိုက်သည်။

မိကျောင်းများမှာ ရေပေါ်တံတားတစ်စင်းကဲ့သို့ ရေပေါ်တွင် ပေါလောပေါ်နေကြပြီး ချင်းယီအား ကျောပေါ်တွင် ရပ်ခွင့်ပြုထားကြ၏။

အခြားလူများမှာလည်း ချင်းယီနောက်မှလိုက်၍ပင် မိကျောင်းကျောပေါ်သို့ တက်လိုက်ကြသည်။

ဖူရှစ်မှာ ဘာမှမရှိသော ကြိမ်ခြင်းအလွတ်ကြီးအား ကိုင်ထားရင်း ရေလကျောက်တုံးများကိုမူ သူ့လျှို့ဝှက်အိတ်ထဲတွင် ထည့်ထားပြီး ရှောက်ရွှမ်အား အော်ပြောလိုက်၏။

“သွားကြစို့”

ရှောက်ရွှမ် မျိုးနွယ်စုဝင်များနှင့်အတူသွားချင်သောကြောင့် ချာချာ့ကျောပေါ်မှ မလိုက်ခဲ့ပေ။ သူ ပုမျိုးနွယ်စုအကြောင်းလည်း ပို၍ သိချင်သေးသည်။ သူသိထားသမျှ ပုမျိုးနွယ်စုအကြောင်းမှာ ဖူရှီပြောသလောက်သာ ဖြစ်ပြီး ယေဘုယျအချက်များသာ ဖြစ်၏။ အခြားအကြောင်းအရာများကိုမူ ပုမျိုးနွယ်စု၀င်များနှင့် စကားပြောခြင်းဖြင့်သာ ပို၍ သိနိုင်ပေလိမ့်မည်။

ကူမျိုးနွယ်စုတွင် မျိုးနွယ်စု၀င်ပေါင်း ထောင်ချီရှိသော်လည်း ကုန်သွယ်ရေးခရီးတွင်တော့ လူတိုင်း

လိုက်ပါကြသည် မဟုတ်ပေ။ သူတို့သည် တစ်ချိန်ထဲတွင် ပစ္စည်းများအားလုံးကို အကုန်လဲရန် မလိုအပ်ဘဲ တစ်ချို့ကိုသာ လဲဖို့ လိုအပ်၏။ တချို့မျိုးနွယ်စု၀င်များမှာမူ ကုန်သွယ်သွားသည့်သူများ ပြန်လာသောအခါမှသာ သူတို့ဆီက ပါလာသော ပစ္စည်းများကို ကျောက်တုံးများနှင့် ပြန်လဲတတ်ကြသည်။

ကုန်သွယ်‌အဖွဲ့အား ကြည့်ကာ လူရေတွက်လိုက်ပြီး ချင်းယီ လက်ယမ်းပြလိုက်၏။

“စထွက်ကြစို့”

ထိုုအခါ မိကျောင်းများမှာ သူတို့အမြီးများအား လှုပ်ကာလှုပ်ကာ ဖြင့် တစ်ဖက်ကမ်းသို့ ကူးခတ်ကြတော့သည်။

တစ်ခဏကြာသောအခါ ရှောက်ရွှမ်နောက်မှ ခေါ်သံကိုကြားလိုက်ရ၍ လှည့်ကြည့်လိုက်လေသည်။

မြစ်ကမ်းခြေရှိ ကုန်သွယ်အဖွဲ့အား လိုက်ပို့ကြသော လူအုပ်ကြီးထဲတွင် ရေစပ်၌ ပေါလောပေါ်နေသော မိကျောင်းတစ်ကောင်အား သူတွေ့လိုက်ရ၏။ ထိုမိကျောင်း၏ဘေးတွင် မျက်လုံးညိုမိကျောင်းပေါက်လေးတစ်ကောင်လည်း ရှိနေသည်။ သူ့ခေါ်သံကို မည်သူမှ မကြားရလေရာ ရှောက်ရွှမ်နောက်လှည့်ကြည့်သည်ကို မြင်လိုက်သောအခါ ဖူရှစ်ကြောင်တောာင်တောင်ဖြစ်သွား၏။

မိကျောင်းပေါက်လေးအား မြင်လိုက်သောအခါတွင်မူ ဖူရှီနားလည်သွားသည်။

“သူက ငါတို့ကို လိုက်ပို့နေတာ”

ရှေ့ပြန်လှည့်လိုက်ပြီး ရှောက်ရွှမ် ချာချာအား သူတို့နှင့်အတူ လိုက်ခဲ့ရန် ကောင်းကင်ပေါ်သို့ အချက်ပြလိုက်၏။

လူပေါင်း ၂၀၀ ပါသော ကုန်သွယ်ရေးအဖွဲ့တွင်

မိကျောင်း အကောင် ၁၀၀ ပါ၀င်နေလေသည်။ ထိုမြင်ကွင်းမှာ ထိုမျှမဟုတ်ဟု ထင်ရသော်လည်း တစ်မျိုး‌ေတာ့ထူးခြားနေ၏။

နောက်ဆုံးတွင် မိကျောင်းများသည် လှေများမဟုတ်ကြချေ။ ထို့ကြောင့် မြစ်ပေါ်တွင် တချိန်လုံး မနေနိုင်ကြဘဲ ရေငုပ်ကြရသည့် အချိန်များ ရှိကြ၏။ ထိုအခါတွင်မူ မိကျောင်းပေါ်ရှိ လူမှာ ခြေထောက်များ ရေစိုသွားရမည်သာ။ သို့သော် ကူမျိုးနွယ်စု၀င်များမှာတော့ ထိုကိစ္စကို လုံး၀ဂရုစိုက်ပုံမပေါ်ချေ။ သူတို့မှာလည်း ရေဓာတ်နှင့်အသားကျနေသော သူများ မဟုတ်ပါလား။

ရှောက်ရွှမ် ရေပေါ်ရှိ ရေမှော်ပင်များအား တစ်ချက်ငုံ့ကြည့်လိုက်၏။ ထိုအစိမ်းရောင်အပင်များမှာ တစ်ပင်လုံးနီးပါးကို ရေအောက်၌ ဖုံးကွယ်ခံထားရသည်။ ယခုအချိန်တွင် ကမ်းခြေမှ ထိုကုန်သွယ်ရေးအဖွဲ့အား ကြည့်မည်ဆိုလျှင် မြစ်ပြင်ပေါ်တွင် ရေလှိုင်းများအားစီး၍ သွားနေသည် ဟုထင်ရပေလိမ့်မည်။ အကယ်၍ တစ်ယောက်ယောက်ကသာ

ထုတ်မပြောခဲ့ပါက သူတို့ခြေထောက်အောက်တွင် သတ္တဝါတစ်ကောင်ရှိသည်ကို မည်သူမှ သိနိုင်လိမ့်မည် မဟုတ်ပေ။

မြစ်ထဲတွင် အန္တရာယ်ရှိသော ငါးမျိုးစိတ်များလည်း ရှိကြသည်။ သို့သော် ထိုငါးများသည် မိကျောင်းအုပ်ကြီးအား မြင်သောအခါ မြန်နိုင်သမျှမြန်မြန်ပင် အနားမှ ထွက်ပြေးသွားကြ၏။

တစ်ခါတလေတွင် ရေနေသတ္တဝါများကိုသာမက အခြားသတ္တဝါများကိုလည်း မြစ်ပြင်ပေါ်တွင် ကစားနေသည်ကို တွေ့ရ၏။ သူတို့ထဲမှ တချို့‌အကောင်များကို ရှောင်သွားရန် လိုသော်လည်း တချို့ကိုတော့ ရှောင်စရာမလိုပေ။ ရှေ့တည့်တည့်သို့ ဆက်သွားရန်သာလိုပြီး သူတို့အနားရောက်သွားသောအခါ ထိုကောင်များသည် အလိုလိုဖယ်ပေးကြလေသည်။

ယားကျိကျိ ခံစားလိုက်ရ၍ ရှောက်ရွှမ်လက်ထဲတွင် ကိုင်ထားသော လှံဖြင့် လှမ်းထိုးလိုက်၏။ ထိုအခါ

ပိုးကောင်တစ်ကောင်မှာ လှံထိပ်တွင် စိုက်၍ ပါလာသည်။

ထိုကောင်သည် စုပ်ယူသည့်အမျိုးအစား ပိုးကောင်တစ်ကောင်ဖြစ်၏။ သူ့ကိုယ်လုံးမှာ အညိုရောင်ဖြစ်ပြီး ကိုယ်ပေါ်တွင် အဝါကွက်များ ပါရှိလေသည်။

“ဂရုစိုက်ရှောက်ရွှမ် ဒီကောင်တွေက သွေးစုပ်တတ်တယ်” အနားရှိ ဖူရှစ် သတိပေးလိုက်သည်။

ရှောက်ရွှမ်မှာ သိလျှင်သိချင်း ချက်ချင်းတုန့်ပြန်လိုက်သည်ဖြစ်ရာ သွေးအစုပ်မခံခဲ့ရ‌ေချ။ ဘယ်သူသွေးစုပ်ခံလိုက်ရသလဲဆိုသည်ကိုတော့ သူမသိခဲ့ပေ။

ကြည့်ရသည်မှာ ဤမြစ်ထဲတွင် ကြောက်စရာ အန္တရာယ်များသည် ထိုမျှမများပါသော်လည်း စိတ်အနှောင့်အယှက်ဖြစ်စရာအန္တရာယ်များမှာတော့

အတော်များပုံပေါ်ပေသည်။

မြစ်သည် အစိုပိုင်းဒေသတစ်လျှောက် စီးဆင်းနေရင်း ခပ်မြင့်မြင့်တောင်ကြီးနှစ်လုံးကြားကိုလည်း ဖြတ်၍ စီးဆင်း၏။

ကူမျိုးနွယ်စု၀င်များအတွက် ထိုတောင်သည် အတော်မြင့်သော တောင်ဟု ဆိုနိုင်သည်။ သို့သော် ရှောက်ရွှမ်အတွက်မူ လင်းယုန်တောင် သို့မဟုတ် သူအမဲလိုက်ခဲ့သော တောင်များထဲမှ တစ်တောင်နှင့်ယှဉ်ပါက ထိုတောင်နှစ်လုံးသည် မိုးနှင့်မြေပမာပင် ကွာခြားလောက်အောင် နိမ့်ကျ၏။

နေ့တစ်၀က်ခန့် ကုန်ဆုံးသွားပြီးနောက် ပတ်၀န်းကျင်သည် အလင်းမှိန်ဖျော့လာလေသည်။ တောင်နှစ်လုံးကြားအား ဖြတ်သွားနေရသည်ဖြစ်ရာ နေရောင်များကို တောင်ကြီးများမှ ကွယ်ထားပြီး ထိပ်ဖက်ဆီမှ အလင်းရောင်အနည်းငယ်သည်သာ တောင်ကြားထဲ ကျရောက်နေသည်။

ရေကြောင်းမှာလည်း အလွန်တိတ်ဆိတ်နေပြီး မိကျောင်းများ အမြီးခတ်သော အသံကိုသာ ကြားနေရ၏။

“ဒီတောင်ကြားကို ကျော်ရင် ငါတို့ရောက်ပြီ” ဖူရှစ် ပြောပြလိုက်သည်။

သူတို့ရှေ့ရှိ အလင်းရောင်မှာ တဖြည်းဖြည်း ပိုနီးလာနေ၏။

သူတို့အဖွဲ့ တောင်ကြားမှ ထွက်သောအခါတွင်မူ မြင်ရသမျှ အရာအားလုံးမှာ ကွဲပြားနေလေသည်။ ထိုနေရာတွင် ကြာရွက်ကြီးများ ရှိနေကြ၏။

“ဒီနေရာကနေ စပြီး ဒါက ပုမျိုးနွယ်စုနယ်မြေပဲ”

ဖူရှစ်ပြောလိုက်သည်။

ရှောက်ရွှမ်တစ်ခုခုထပ်မေးရန် ပြင်လိုက်သော်လည်း ထိုအခိုက်တွင် သူတို့ဆီသို့ အရှိန်အဟုန်ဖြင့်၀င်လာနေသော တစ်စုံတစ်ခုကို သူမြင်လိုက်ရ၏။ ထိုအရာမှာ ကြာရွက်များနားသို့ ရောက်သွားသော အခါမှသာ ရပ်တန့်သွားလေသည်။

ကြာရွက်ကြီးများမှာ ရေအောက်မှ အကောင်ကြီးများကို တားဆီးထားချေပြီ။

“ဂွမ်!”

ဖားအော်သံကဲ့သို့ အသံကြီးထွက်ပေါ်လာလေရာ ရှောက်ရွှမ် ဓားထုတ်လိုက်မိ၏။

ဝှစ်!

အရိပ်နက်တစ်ခုမှာ ရေအောက်မှ ခုန်ထွက်လာ‌ေသာ်လည်း ကူမျိုးနွယ်စုဆီသို့ ခုန်၀င်မလာဘဲ အိပ်ယာတစ်ခုကဲ့သို့ဖြစ်နေသော ကြာရွက်ကြီးပေါ်သို့ တက်သွားလေသည်။

“မင်းတို့နည်းနည်းနောက်ကျတယ်” ကြာရွက်ပေါ်တွင် ရပ်နေသောလူ ပြောလိုက်၏။ သူသည် ကုန်သွယ်ရေးအဖွဲ့ရှေ့ဆုံးတွင် ရပ်နေသော ချင်းယီကို ပြောလိုက်ခြင်း ဖြစ်သည်။

All Chapters