← Chapters

ကွမ်းဟော့

Vol. 11 Ch. 165

ကွမ်းဟော့

Vol. 11 Ch. 165

ရှောက်ရွှမ် ကြာရွက်ပေါ်ရှိလူအား စိုက်ကြည့်နေမိ၏။ ခုနကကြားလိုက်ရသော “ဂွမ်” ဟူသော အသံမှာ မိုးရာသီတွင် ထွက်လာတတ်သည့် အမြီးရှည်ဖားများကို သတိရသွားစေသည်။ ထို့ကြောင့် သူ့ဓားအား ထုတ်လိုက်မိခြင်း ဖြစ်၏။

ကြာရွက်ပေါ်တွင် ရပ်နေသည့်သူမှာ ပုမျိုးနွယ်စုနယ်စပ်တွင် ကင်းလှည့်နေသော လူဖြစ်ပြီး ထို့ကြောင့်ပင် ကူမျိုးနွယ်စု၀င်များနှင့် အဆက်အစပ်ရှိနေခြင်းဖြစ်သည်။ ထိုသူမှာ ချင်းယီနှင့်လည်း ရင်းနှီးလေ၏။

ထိုလူ့စကားအား ကြားလိုက်သောအခါ ချင်းယီ ကူကယ်ရာမဲ့စွာ ပြန်ပြောလိုက်သည်။

“ဒီတစ်ခါ ကြုံရတဲ့ပြဿနာက ပိုကြီးခဲ့တယ်လေ”

ဒီတစ်ခါ ကျူးကျော်မှုသည် အခြားအပြင်လူများအပြင် အာဇာနည်မျိုးနွယ်စု၀င်များလည်း ပါ၀င်နေလေရာ ပိုကြီးသော ကျူးကျော်မှု ဖြစ်ခဲ့၏။ သို့သော် ချင်းယီထိုအကြောင်းကိုတော့ ပြောမပြခဲ့ဘဲ မျိုးနွယ်တွင်းကိစ္စများအား အပြင်လူတစ်ယောက်ကို လွယ်လွယ်ပြောပြလိမ့်မည် မဟုတ်ပေ။

ကြာရွက်ပေါ်ရှိလူ ခေါင်းတဆတ်ဆတ်ငြိမ့်လိုက်၏။ ဤတစ်ခေါက် ကူမျိုးနွယ်စုကျူးကျော်ခံရမှုတွင် အာဇာနည်မျိုးနွယ်များ ပါ၀င်နေခြင်းကို သူသတင်းရခဲ့ပြီး ဖြစ်သည်။ ချင်းယီနှင့် အခြားသူများမှာ တိုက်ပွဲပန်းမှုကြောင့် ပို၍ကြာကြာ အနားယူခဲ့ရပြီး ထို့ကြောင့်ပင် ကုန်သွယ်ထွက်ရန် နောက်ကျခဲ့ခြင်း ဖြစ်၏။ ကြာရွက်ပေါ်မှလူမှာ ကူမျိုးနွယ်စု၀င်အကုန်လုံးအား လှည့်ပတ်ကြည့်လိုက်ပြီး နောက်ဆုံးတွင် သူ့အကြည့်သည် ရှောက်ရွှမ်ပေါ်တွင် ရပ်တန့်သွားလေသည်။

“သူကဘယ်သူလဲ” ကူမျိုးနွယ်စု၀င်များ၏ ပုံသဏ္ဍာန်သည် အလွန်ထင်ရှားလှပြီး သူတို့ကြားထဲ အခြားတစ်ယောက်ယောက်ရောပါနေသောအခါတွင်မူ ထိုလူမှာ ကွဲပြားနေသည်ကို အလွယ်တကူပင် မြင်နိုင်ပေ၏။

“ကူမျိုးနွယ်စုရဲ့ ဧည့်သည်လေ သူကမီးတောက်ဦးချိုမျိုးနွယ်စုက လာတာ နာမည်က ရှောက်ရွှမ်” ချင်းယီ မိတ်ဆက်ပေးလိုက်သည်။

ကြာရွက်ပေါ်မှလူ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ရှောက်ရွှမ်ကို သေချာစိုက်ကြည့်ကာ လူစိမ်း၏ သရုပ်မှန်ကို အကဲခတ်နေပုံပေါ်၏။ မီးတောက်ဦးချို မျိုးနွယ်စုဆိုသည်မှာ မျိုးနွယ်စု အသေးလေးတစ်ခုသာ ဖြစ်ရပေမည်။ ဤကမ္ဘာကြီးတွင် ထိုသို့သော မျိုးနွယ်စုအသေးလေးများ အများအပြားရှိနေပြီး အကုန်လုံးအား သိမနေနိုင်ချေ။ သို့သော် ကူမျိုးနွယ်စု၏ ဧည့်သည်ဖြစ်နေသောကြောင့် သူမျက်နှာသာတော့ ပေးရမည်သာ။ နောက်ဆုံးတွင် ကူမျိုးနွယ်

စု၀င်များမှာ အလွန်ချမ်းသာသော လူများဖြစ်ကြ၏။ အထူးသဖြင့် လနှစ်စင်းပေါင်းစည်းသော ကာလများတွင် ထိုမျိုးနွယ်စုသည် အတောက်ပြောင်ဆုံး ဖြစ်ကြပြီး ကြိမ်ခြင်းများထဲ၌ ရေလကျောက်တုံးများနှင့် ပြည့်နှက်နေတတ်ကြသည်။ ပုမျိုးနွယ်စုမှာ ထိုကဲ့သို့ ချမ်းသာသော ကုန်သွယ်ဖက်များအား အမြဲတမ်း ကြိုဆိုနေကြမည်သာ။

“သွားကြစို့ လူတိုင်းက အရင်ရက်တွေကတည်းက စောင့်နေကြရတာ” ကြာရွက်ပေါ်မှ လူမှာ နောက်ကြာရွက်တစ်ခုပေါ်သို့ ခုန်ကူးသွား၏။ သူ့ပါးမှာလည်း ဖားတစ်ကောင်ကဲ့သို့ ဖောင်းလာကာ “ဂွမ် ဂွမ်” အသံများ ထွက်ပေါ်နေလေသည်။

ထိုအသံ ထွက်ပေါ်လာပြီးသည့်နောက် ရှောက်ရွှမ် ရေအောက်တွင် တစ်ခုခုရှိနေသလို ခံစားလိုက်ရသည်။ ရေထဲတွင် ရှိနေသော သူ့ခြေထောက်များသည် ရေများတုန်ခါနေမှုကို ခံစားနေရ၏။ တစ်ချိန်တည်းမှာပင် ကူမျိုးနွယ်စုရှေ့နေရာရှိ ကြာရွက်ကြီးများမှာ ဘေးသို့စောင်းသွားပေးကြပြီး အလယ်တွင် ရေလမ်း

တစ်ခုအား ဖော်ပေးလိုက်တော့သည်။

“သွားတော့” ချင်းယီ မိကျောင်းများအား ပြောလိုက်ပြီး ရေလမ်းအတိုင်း ရှေ့ဆက်သွားစေလိုက်၏။

ကျန်မျိုးနွယ်စု၀င်များမှာလည်း နောက်မှ လိုက်သွားကြလေသည်။

ဤနေရာရှိ ကြာရွက်ကြီးများမှာ အလွန်တရာကြီးမားလှ၏။ ရေပေါ်တွင် ပေါ်နေသော ကြာရိုးများမှာပင် လူတစ်ယောက်၏ ပေါင်လုံးခန့် ရှိလေသည်။ အစိမ်းရောင်ကြာရွက်ကြီးများကိုလည်း ဆူးများဖြင့် ဖုံးအုပ်ထားပြီး အကယ်၍တစ်စုံတစ်ယောက်က အတင်းဖောက်၀င်မည်ဆိုပါက ထိုဆူးများမှာ ထိုလူ့အသားများကို တစ်စစီဆုတ်ဖြဲပစ်လိုက်ပေလိမ့်မည်။

ဤမြစ်သည် ကူမျိုးနွယ်စုရှိ မြစ်နှင့် ကွဲပြားနေ၏။ ရေများမှာ ပိုကြည်လင်သော်လည်း ရေမှော်ပင်များ

နှင့် ပြည့်နှက်နေသောကြောင့် ေရအောက်ကိုတော့ မြင်မနေရပေ။

မိကျောင်းများ ကူးခတ်သွားသောအခါတွင်မူ ရေမှော်ပင်များမှာ ဘေးသို့ရှဲသွားကြ၏။ မိကျောင်းများ ကူးခတ်သွား၍ ဖြစ်ပေါ်လာသော လှိုင်းများကြောင့် ရေမှော်ပင်များ ရွေ့သွားသောအခါ ထိုအပင်များ၏အောက်၌ အစိမ်းရောင်ဖားများ အများအပြားရှိနေသည်ကို ရှောက်ရွှမ်မြင်လိုက်ရသည်။

ကြောက်တတ်သော ကောင်လေးများမှာ ရေထဲတွင် ချက်ချင်းပင် ကူးခတ်ထွက်ပြေးသွားကြ၏။ သူတို့ခြေထောက်လေးများနှင့် ဖားပျံလေးများရေထဲတွင် ကူးခတ်သွားကြသလို ကူးသွားကြလေသည်။ ပိုရဲရင့်သော ကောင်လေးများမှာမူ ရေထဲတွင် ရပ်နေရင်း ခေါင်းတစ်၀က်ဖော်ထားကြ၏။ ထို့နောက် မျက်လုံးဝိုင်းဝိုင်းလေးများနှင့် ဖြတ်သွားသော လူစိမ်းများကို သေချာကြည့်ရှုနေကြသည်။ ထိုကောင်လေးများသည် အေးစက်သော မိကျောင်းများနှင့် မတူဘဲ လူများအား ကြည်နူးဖွယ်ကောင်းသည် ဟူသော ခံစားချက်အားပေး၏။

ဂွမ် ဟူသော အသံများကိုမူ တစ်ချိန်လုံး ကြားနေရပြီး တစ်ချို့မှာ အဝေးမှဖြစ်ပြီး တစ်ချို့မှာ အနီးမှ ဖြစ်သည်။

“သူတို့က ပုမျိုးနွယ်စုကလေ ချင်းယီနဲ့စကားပြောခဲ့တဲ့လူက ပုယဲ့ လို့ခေါ်တယ် သူက နယ်စပ်ကင်းအဖွဲ့နဲ့ ကာကွယ်‌ရေး ခေါင်းဆောင်” ဖူရှစ် ရှောက်ရွှမ်အား ရှင်းပြလိုက်၏။

ပုယဲ့သည် ရှေ့တွင် အရမ်းဝေးမသွားသည့် နေရာ၌ရှိနေပြီး ကြာရွက်များပေါ် ခုန်ပျံသွားနေလေသည်။ သူ့ကိုယ်ပေါ်တွင် တိရစ္ဆာန်သားရေ ၀တ်စုံ၀တ်မထားဘဲ ကိုယ်ပေါ်ရှိ ဆေးမှင်ကြောင်များအား ပြသထား၏။ ထိုဆေးမှင်ကြောင်များသည် နတ်အမှတ်အသားများနှင့် မတူဘဲ ရေနှင့်ထိလျှင်တောင် ပျက်မသွားလောက်မည့် အထူးမှင်တစ်မျိုးမျိုးနှင့် ရေးဆွဲထားခြင်း ဖြစ်နိုင်သည်။ တစ်ချိန်တည်းမှာပင် ချင်းယီနှင့်ပုယဲ့ စကားပြော‌ဆိုနေကြသည်ကို ကြည့်လိုက်မိ

သောအခါ ပုယဲ့၏ မျက်လုံးတစ်၀ိုက်တွင်လည်း ဆေးမှင်ကြောင်ရှိနေသည်ကို ရှောက်ရွှမ်တွေ့လိုက်၏။ ထိုအရာသည် ပုမျိုးနွယ်စု၏ ဝါသနာဖြစ်ပေသည်။ မျိုးနွယ်စုအတွက် အရေးပါသော သူများတွင် မျက်လုံးတစ်၀ိုက်၌ မတူညီသော ဆေးမှင်ကြောင်အမျိုးမျိုး ရှိကြ၏။ ဤအရာသည် သူတို့ဘိုးဘေးများမှ လက်ဆင့်ကမ်းလာသော ရိုးရာတစ်ခု ဖြစ်သည်။

ပုယဲ့သည် ကြာရွက်များပေါ်တွင် တစ်ရွက်ပြီးတစ်ရွက် ခုန်ကူးနေ၏။ တစ်ခါတရံ သူခုန်လိုက်သောအခါမျိုးတွင် ကြာရွက်မှာ ဘေးသို့စောင်းသွားပြီး အရွက်ပေါ်ရှိ နှင်းစက်လေးများသည် ရေထဲသို့ တစ်စက်စက်ကျသွားလေသည်။

မြစ်နယ်စပ်တစ်လျှောက်လုံးတွင် ပုယဲ့ကဲ့သို့ ကင်းလှည့်နေကြသူများ ရှိကြ၏။ သူတို့သည်လည်း ကြာရွက်များကို ဘေးသို့ခွဲကာ ရေလမ်းကြောင်းတစ်ခု ဖန်တီးထားကြသည်။

ကူမျိုးနွယ်စုပင် ဖြစ်စေ ပုမျိုးနွယ်စုပင်ဖြစ်စေ ထိုမျိုးနွယ်စုနှစ်ခုစလုံးသည် ရေနှင့်ပတ်သက်လျှင် အလွန်ကျွမ်းကျင်ကြသူများ ဖြစ်ကြ၏။

ကုန်သွယ်အဖွဲ့မှာမူ ပုမျိုးနွယ်စု ပြုလုပ်ပေးထားသော လမ်းကြောင်းအတိုင်း ရှေ့သို့ ဆက်သွားနေကြသည်။ အပူချိန်မှာလည်း တဖြည်းဖြည်းတိုးလာနေသည်ကို ရှောက်ရွှမ်ခံစားနေရ၏။ လေအေးတိုက်သော တောင်ကြီးများလည်း မရှိလေရာ ပုမျိုးနွယ်စု၏ ရာသီဥတုသည် ပူနွေးပြီး စိုစွတ်သော ရာသီမျိူး ဖြစ်သည်။

အကယ်၍ အမြင့်တစ်နေရာမှ ရပ်၍ ကြည့်မည်ဆိုလျှင်မူ နေရာတစ်ခုလုံးမှာ အစိမ်းရောင်များနှင့် ပြည့်နှက်နေသည်ကို မြင်ရပေလိမ့်မည်။ ကြာရွက်စိမ်းများ ရေမှော်ပင်စိမ်းများနှင့် စိမ်းစိုနေသော သစ်ပင်များကို မြစ်ကြောင်းတစ်လျှောက် တွေ့နေရ၏။

ဖားများ၏ အော်သံများကိုလည်း ခပ်စိတ်စိတ်ကြားလာရပြီး ဆိုလိုသည်မှာ အနီးပတ်၀န်းကျင်တွင် ဖားများပိုများလာပြီဟု ဆိုလိုနေသည်။ ကံကောင်းစွာဖြင့် အမြီးရှည်ဖားများကိုတော့ မြစ်ထဲတွင် ရှောက်ရွှမ်မတွေ့ခဲ့ချေ။

ပုမျိုးနွယ်စု၏ နတ်ရုပ်မှာ ဖားတစ်ကောင် ဖြစ‌်ပေသည်။ ထို့ကြောင့်ပင် သူတို့မျိုးနွယ်စုနှင့် ဖားများမှာ အလွန်သဟဇာတ ဖြစ်ကြ၏။ ဤနေရာ၌ ဖားများကို သတ်ဖြတ်သောသူများသည် ပုမျိုးနွယ်စု၏ အပြစ်ပေးခြင်းကို ကျိန်းသေခံရပေလိမ့်မည်။

ချာချာမှာမူ ပုမျိုးနွယ်စုနယ်မြေထဲသို့ မ၀င်ဘဲ နယ်စပ်တွင်သာ လှည့်ပတ်ပျံသန်းနေ၏။ အကယ်၍ ပုမျိုးနွယ်စု၏ ခွင့်ပြုချက်မပါဘဲ မျိုးနွယ်စုနယ်မြေထဲ ၀င်သွားပါက ကျူးကျော်သူအဖြစ်သတ်မှတ်ခံရပြီး မျိုးနွယ်စုမှ တိုက်ခိုက်ခြင်းကို ခံရပေလိမ့်မည်။

ပုမျိုးနွယ်စု၀င်များသည် အဆိပ်နှင့်ပတ်သက်၍ အလွန်ကျွမ်းကျင်ကြသည်။

မြစ်လမ်းကြောင်းတစ်လျှောက်သွားနေရင်း မျိုးနွယ်စုမှလူများ၏ အားပေးနေသံများကိုလည်း ရှောက်ရွှမ်ကြားခဲ့ရ၏။

“သူတို့ ရောက်လာပြီဟေ့!”

“အမြန်လုပ်ကြ အမြန်လုပ်ကြ ကူမျိုးနွယ်စုရောက်လာပြီ”

“အဖေ ကုန်သွယ်ရေးအဖွဲ့ရောက်လာပြီ အမြန်လာပြီး လုပ်လက်စတွေကို ရပ်ထားလိုက်တော့”

တချို့အသံများမှာ ကမ်းခြေမှထွက်ပေါ်လာခြင်းဖြစ်ပြီး တချို့အသံများမှာမူ ရှေ့ရှိ ကြာရွက်များ၏ အပေါ်မှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။

ကြာရွက်များပေါ်တွင် လက်များဝေ့ယမ်းပြနေသော အရိပ်နက်များကိုလည်း မြင်နိုင်၏။

“သူတို့က အတော်လေး ဖော်ရွေကြတာ” ရှောက်ရွှမ် ဖူရှစ်ကို ပြောလိုက်သည်။

“ဒါပေါ့ ငါဒီကို ကုန်သွယ်ဖို့ ခဏခဏမရောက်ဖြစ်ပေမယ့် သူတို့ထဲက တစ်ချို့နဲ့ဆို ဆက်ဆံရေးကောင်းတွေတောင် ရှိနေပြီ ဟားဟား” သူတို့ မျိုးနွယ်စုကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေကြသည်ကို ကြားနေရသောကြောင့် ဖူရှစ်ပျော်ရွှင်နေမိ၏။

ချင်းယီနှင့် ပုယဲ့ ပြောဆိုနေပုံအရ သူတို့ကို ကြိုဆိုခံကြရမည်မှာ သေချာပေသည်။ သူတို့သည် ပုမျိုးနွယ်စု၏ အထူးကုန်သွယ်ဖက်များ မဟုတ်ပါလား။ ကူမျိုးနွယ်စုသာမရှိလျှင် ပုမျိုးနွယ်စု၏ အခြေအနေသည် ထိုမျှ တိုးတက်လာနိုင်ခဲ့မည် မဟုတ်ပေ။

ရေလမ်းကြောင်း အတိုင်း သွားနေရင်း အဖွဲ့သည် ကမ်းခြေသို့ ရောက်ရှိလာခဲ့၏။ ကမ်းခြေပေါ်တွင် စောင့်ဆိုင်းနေကြသော ပုမျိုးနွယ်စု၀င်များ ရှိနေကြလေသည်။ ကြီးကြီးငယ်ငယ် ပျိုပျိုအိုအို မရွေး ပုမျိုးနွယ်စု၀င်များမှာ ပြုံးဖြီးဖြီးနှင့် သူတို့ပါးစပ်များ နားရွက်တက်ချိတ်‌ေတာ့မတတ် ကူမျိုးနွယ်စု၀င်များကို ကြိုဆိုနေကြ၏။

သူတို့၏ ပါးစပ်ပြဲပြဲများသည် ကူနွယ်စု၀င်များ၏ အသားစားသားရဲတစ်ကောင်လို ပြဲသော ပါးစပ်များနှင့်တော့ မတူညီကြပေ။ သူတို့ပါးစပ်များသည် ပိုပြဲသည် မှန်ပါသော်လည်း အများစုသည် အနည်းငယ် အပေါ်သို့လန်နေကြပြီး မေးရိုးများသည်လည်း ကူမျိုးနွယ်စုများလောက် ခိုင်မာမနေကြပေ။ ထိုအရာကြောင့် သူတို့အသွင်အပြင်မှာပို၍စိတ်၀င်စားစရာ ကောင်းနေလေသည်။

သူတို့ ပါးစပ်များအပြင် ပုမျိုးနွယ်စုတွင်

ကြီးမားသော မျက်လုံးကြီးများလည်း ရှိကြ၏။ ထိုမျက်လုံးကြီးများတစ်ဝိုက်တွင်မူ ဆေးမှင်ကြောင်အမျိုးမျိုး ထိုးထားကြသည်။

ကုန်သွယ်အဖွဲ့၀င်များထံမှ ရှောက်ရွှမ်ကြားထားသည်မှာ ပုမျိုးနွယ်စု၀င်များ၏ အကျင့်စရိုက်ကို ထိုသူ၏ မျက်လုံးနားရှိ ဆေးမှင်ကြောင်မှ တစ်ဆင့်သိနိုင်သည်ဟု ဆိုကြ၏။ အတွေ့အကြုံပိုရှိသော ကုန်သွယ်အဖွဲ့၀င်များမှာမူ အလွန်ထင်ရှားသော ဆေးမှင်ကြောင်ရှိနေသည့် လူများနှင့် ခပ်ဝေးဝေးတွင်သာ နေရန် ရှောက်ရွှမ်ကို အကြံပေးကြသည်။ ထိုလူများသည် အလွန်အန္တရာယ်များသော လူများ ဖြစ်ကြသည်။

အရောင်ရင့်သော ဖားများလိုပင် ပို၍ အရောင်ရင့်လေလေ ပို၍ အဆိပ်ရှိလေလေပင်။

“ဟား နောက်ဆုံးတော့ မင်းတို့တွေ ရောက်လာကြပြီပဲ” သက်လတ်ပိုင်းလူတစ်ယောက်သည် ရှေ့သို့ထွက်

လာပြီး ချင်းယီအား ပြောလိုက်၏။

“အားလုံး ပြင်ဆင်ပြီးပြီလား” ချင်းယီ ကမ်းခြေပေါ်တက်လိုက်ကာ ပုမျိုးနွယ်စု၀င်များနောက်သို့ လိုက်သွားလေသည်။

“ပြင်ဆင်ပြီးတာကြာပေါ့ ငါတို့စောင့်နေတာ ၂ ရက်လောက် ရှိနေပြီ”

ရှောက်ရွှမ် ဖူရှစ်နှင့်လိုက်၍ ကမ်းခြေပေါ်တက်ခဲ့ပြီး အခြားသူများမှာလည်း အတူတူတက်လိုက်ကြသည်။ မိကျောင်းများအတွက်မူ လှေများကဲ့သို့ မြစ်ထဲတွင် အနားယူနေကြပြီး ပုမျိုးနွယ်စု၀င်များသည် ထိုကောင်များကို ဂရုစိုက်ပေးကြပေလိမ့်မည်။

သားရဲသားရေ ၀တ်ထားသော အဒေါ်ကြီးတစ်ယောက်သည် သစ်သားပြားပန်းကန်တစ်ခုကို ကိုင်လာပြီး ခပ်ပြုံးပြုံးနှင့် ကူမျိုးနွယ်စု၀င်များဆီ

လျှောက်လာနေလေ၏။

“ဒီမှာ အခုမှ လတ်လတ်ဆတ်ဆတ်ကင်ထားတာလေးတွေ”

ရှောက်ရွှမ် ပိုးကောင်အမျိုးမျိုးကို သစ်သားပြားပေါ်တွင် တွေ့လိုက်ရပြီး တစ်ကောင်ချင်းစီမှာ အေးအေးချမ်းချမ်းသေထားရပုံ မပေါ်ချေ။ ကင်ထားပြီးချိန်မှာပင် သူတို့မျက်လုံးများမှာ ပွင့်နေကြဆဲပင်။

ရှောက်ရွှမ် “....”

ဖူရှစ်နှင့် အခြားလူများမှာတော့ အသားကျနေကြပုံပင်။ လက်များကိုဆန့်၍ ထိုကောင်များကို တစ်ကောင်စီ စားနေကြလေသည်။

ရှောက်ရွှမ် မတို့မထိဖြစ်နေသည်ကို တွေ့လိုက်ရ

သောအခါ ဖူရှစ်နှင့်အခြားသူများသည် သူ့ကို အားပေးလိုက်ကြ၏။ “ရှောက်ရွှမ် ဒီပုမျိုးနွယ်စုက ကင်ထားတဲ့ အကင်တွေက သိပ်တော့မဆိုးဘူးကွ မင်းစားကြည့်သင့်တယ် မဟုတ်လို့ ဒီမျိုးနွယ်စုက ထွက်လာပြီးရင် နောက်တစ်ခါစားရဖို့ မလွယ်ဘူး”

ရှောက်ရွှမ် ဆိုးဆိုးရွားရွားသေဆုံးထားကြသော ပိုးကောင်များကို စိုက်ကြည့်လိုက်ပြီး ကိုယ်လက်အပြည့်အစုံပါသည့် ခြေလေးချောင်း ပိုးကောင်တစ်ကောင်ကို ကောက်ကိုင်လိုက်သည်။ သို့သော် ထိုအဒေါ်ကြီးမှာ သူကောက်ကိုင်လိုက်သည်နှင့် စေတနာထက်သန်စွာဖြင့် သူ့လက်ထဲ ပိုးကောင်တွေ အပြည့် ထည့်ပေးလိမ့်မည်ဟု မည်သူထင်ထားမည်နည်း။

ရှောက်ရွှမ် “....အမ်! ကျေး ကျေး ကျေးဇူးပါ”

ထိုကောင်များသည် အမြင်အရ ကြောက်စရာကောင်းသော်လည်း အရသာမှာမူ ဖူရှစ်ပြောသလိုပင် ဖြစ်၏။ တစ်ခါစားပြီးသွားလျှင် မမေ့နိုင်ချင်

စရာ အရသာမျိုး ဖြစ်ပေသည်။

ပုမျိုးနွယ်စုရွာတွင် သူတို့အိပ်ရသည့် အိမ်မှာ အလွန်ကြီးသည့် အိမ်မျိုးမဟုတ်ဘဲ သစ်ရွက် သစ်ကိုင်းများဖြင့် ဆောက်ထားသည့် အိမ်မျိုး ဖြစ်၏။ တစ်ချို့အိမ်များမှာ အဝိုင်းပတ်ပုံဖြစ်ကြပြီး ထောင့်တွင် အပေါက်တစ်ပေါက် ဖောက်ထားလေသည်။ တစ်ချို့မှာမူ မညီညာသည့် တြိဂံပုံမျိုးကြီး ဖြစ်ကြ၏။ ထိုသည်မှာ သူတို့တွင် ပိုမာကျော ခိုင်ခံ့သည့် အိမ်မျိုး မဆောက်နိုင်ကြခြင်းမျိုး မဟုတ်ဘဲ သူတို့ရိုးရာနှင့် အလေ့အထကြောင့်သာ ထိုသို့နေထိုင်ကြခြင်း ဖြစ်ကြသည်။

နေ့လည်ဘက်တွင်မူ နေသည် အလွန်ပူလှ၏။ ထိုအခါ မျိုးနွယ်စု၀င်အချို့မှာ ကြာရွက်များကို ထီးအဖြစ်သုံး၍ သွားလာကြသည်။

ချာချာအား နေရာစီစဉ်ပေးရမည့် ကိစ္စရှိသေးသောကြောင့် ချင်းယီမှာ ကုန်သွယ်အဖွဲ့ ပုမျိုးနွယ်စု

ခေါင်းဆောင်အိမ်ဆီသို့ သွားရာတွင် ရှောက်ရွှမ်ကိုပါ ခေါ်သွားခဲ့၏။

ပုမျိုးနွယ်စု နတ်ဆေးဆရာမှာမူ များသောအားဖြင့် ကျောက်တုံးအိမ်ထဲတွင်သာ အနေများပြီး အပြင်ထွက်လာသည်မှာ ရှားပေသည်။ ကူမျိုးနွယ်စု ကုန်သွယ်လာသည့်အချိန်တိုင်း သူတို့တွေ့ရသည်မှာ ပုမျိုးနွယ်စုခေါင်းဆောင် ကွမ်းဟူသာ ဖြစ်၏။

ကွမ်းဟော့၏ အိမ်မှာ မျိုးနွယ်စု၏ ဗဟိုဒေသတွင် ဖြစ်သည်။ သို့သော် ပုမျိုးနွယ်စု၀င်များသည် အတူတကွ စုပေါင်းနေထိုင်ကြသော အလေ့အကျင့်ရှိကြ၍ ခေါင်းဆောင်ကွမ်းဟူအိမ်သို့ရောက်ရန် ထိုမျှ ဝေးမနေပေ။

ကွမ်းဟော့၏ အိမ်သည် ခပ်မတ်မတ်ခေါင်မိုးများကို မြက်များ သစ်ရွက်များဖြင့် မိုးထားသော အိမ်မျိုးဖြစ်၏။ တံခါးကိုလည်း ဖွင့်ထားလေရာ သူတို့အထဲသို့ လျှောက်၀င်သွားလိုက်ကြသည်။

အထဲ၀င်သွားပြီးနောက် ရှောက်ရွှမ်အရင်ဆုံး တွေ့လိုက်ရသည်မှာ အရှေ့တွင် အသားပုံကြီးတစ်ပုံကဲ့သို့ ထိုင်နေသော ကွမ်းဟော့ ဖြစ်၏။

ကွမ်းဟော့တွင် ထူထဲပြီး ထောင့်ချိုးကျသော မျက်ခုံးများ ရှိကြသည်။ သူ့မျက်လုံးတစ်ဝိုက်တွင်မူ အဝါ အစိမ်းနှင့် အနက်ရောင် ဆေးမှင်ကြောင်များကို ချယ်မှုန်းထား၏။ မီးတောက်မျိုးနွယ်စုမှ လူများနှင့် ယှဉ်ကြည့်ပါက ကွမ်းဟော့၏ ပုံသဏ္ဍာန်မှာ အတော်လေး ကြောက်စရာကောင်းလှသည်။ သူ့အရပ်အမြင့်မှာလည်း အလွန်မြင့်လှပေရာ အသားထုပ်ကြီးတစ်ထုပ်ကဲ့သို့ ဖြစ်‌ေနပြီး သူ့ကိုကြည့်ရသည်မှာ အလွန်မသက်မသာ ဖြစ်ရ၏။

အခုတွင် ထိုကွမ်းဟော့သည် သူတို့ရှေ့တွင်ထိုင်နေရင်း ဘာအသားမှန်းမသိသော အသားများကို သူ့လက်ချောင်းတုတ်တုတ်ကြီးများနှင့် နှိုက်၍ စားနေ

လေသည်။ ရှောက်ရွှမ်ကို မြင်သောအခါတွင်မူ သူ့မျက်လုံးများ ကျဉ်းမြောင်းသွားသော်လည်း အစားတော့ မပျက်ချေ။

“မင်းက မီးတောက်မီးချိုမျိုးနွယ်စုက လာတာလား”

ကွမ်းဟော့ မေးလိုက်သည်။

“ဟုတ်ပါတယ်”

“မီးတောက်ဦးချိုမျိုးနွယ်စု ငါအရင်က အဲ့မျိုးနွယ်စုနာမည်ကို ကြားဖူးသလိုပါပဲ” ကွမ်းဟော့ ပြောလိုက်သည်။

All Chapters