ကျန်းမာခြင်းနှင့်ငွေကြေးလက်နက်
Vol. 12 Ch. 166
ကွမ်းဟော့သည် မီးတောက်ဦးချိုမျိုးနွယ်စုအား သိသည်ဟု ကြားလိုက်ရသောအခါ ရှောက်ရွှမ် စိတ်လှုပ်ရှားသွားခဲ့၏။ သို့သော် ခဏအကြာတွင် ထိုစိတ်လှုပ်ရှားမှုမှာ ပျောက်ကွယ်သွားခဲ့လေသည်။
ကွမ်းဟော့ ထပ်ပြောလိုက်၏။
“မင်းတို့ မျိုးနွယ်စု နတ်ရုပ်က ငါးလေ ဟုတ်တယ်မလား”
ရှောက်ရွှမ် ဆွံ့အသွားမိပြီး မျိုးနွယ်စု နတ်ဆေးဆရာပေးလိုက်သော တံဆိပ်ပြားကိုယူကာ ကွမ်းဟော့ဆီ လျှောက်သွားလိုက်သည်။ “ဒါက ကျွန်တော်တို့ မျိုးနွယ်စုရဲ့ မျိုးနွယ်စုနတ်ရုပ်ပါ ကျွန်တော်က မီးတောက်ဦးချိုမျိုးနွယ်စုကနေ မိတ်ဆွေဖွဲ့ဖို့ လာခဲ့တာပါ အားလုံးကိုတွေ့ရတာ ၀မ်းသာပါတယ်”
“အို” ကွမ်းဟော့ ထိုမျှ ဂရုမစိုက်ခဲ့ဘဲ သူ့အားပေးလိုက်သော တံဆိပ်ပြားကိုယူလိုက်ကာ တံဆိပ်ပြားပေါ်ရှိ နတ်ရုပ်ကို သေချာကြည့်လိုက်၏။ ထိုနတ်ရုပ်အကြောင်း သူမသိသည်မှာ သေချာသွားသောအခါတွင်မူ တံဆိပ်ပြားကို ပြန်ပေးလိုက်လေသည်။ အထပ်ထပ်ဖြစ်နေသော သူ့မေးစိကြီးပေါ်အောင် ပြုံးလိုက်ပြီး ရှောက်ရွှမ်ကို ပြောလိုက်၏။
“ကူမျိုးနွယ်စုရဲ့ ဧည့်သည်ဆိုတော့ ငါမင်းကိုယုံပါတယ်”
ထို့နောက် ရှောက်ရွှမ် ပုမျိုးနွယ်စု နယ်စပ် အပြင်တွင် စောင့်နေသော ချာချာအကြောင်းပြောပြလိုက်သည်။ ထိုအခါ ပုမျိုးနွယ်စု ခေါင်းဆောင်သည် ကူမျိူးနွယ်စုနဲ့ အလွန်ရင်းနှီးပါသော်လည်း ရှောက်ရွှမ်၏ တောင်းဆိုမှုကိုမူ ချက်ချင်းပင် ငြင်းဆန်ပစ်လိုက်၏။
“မင်းပြောတဲ့ ငှက်ကို ငါတို့နယ်မြေထဲ အ၀င်မခံနိုင်ဘူး အတိတ်တုန်းက ငါတို့နယ်မြေထဲ ၀င်လာတဲ့ ငှက်ကြီးတွေ ရှိခဲ့ဖူးတယ် ဒါပေမယ့် အဲ့ဒီငှက်ကြီးတွေ ဆီကနေ ဘယ်တုန်းကမှ ကောင်းတဲ့ခံစားချက် မရခဲ့ဖူးဘူး”
ရေနေသတ္တဝါများမှာ အဖြူရောင်ကောင်းကင်ပြင်ဆီမှလာသော ငှက်ကဲ့သို့သော သတ္တဝါများကို မကြိုက်ကြသည်ကို ရှောက်ရွှမ် နားလည်ပေသည်။ ထို့အပြင် ကွမ်းဟော့သည် သူ့အား အလေးထားမနေဘဲ ချင်းယီကို မျက်နှာသာပေးနေ၍သာ ထိုမျှစကားများများပြန်ပြောနေခြင်းကိုလည်း ရှောက်ရွှမ် သိ၏။ မဟုတ်ပါက သူ့အား တစ်ချက်ပင် လှည့်ကြည့်လိမ့်မည် မဟုတ်ပေ။ ရှောက်ရွှမ်အား ပြောနေရင်းပင် ထိုကွမ်းဟော့မှာ တစ်ဖက်တွင်ရှိသော မုန့်ကိုနှိုက်စားနေပြီး အစားပင်မပျက်ခဲ့ပေ။
စကားခဏပြောပြီးသည့်နောက် ရှောက်ရွှမ်နှုတ်ဆက်လိုက်ကာ ထိုနေရာမှ ထွက်ခွာခဲ့လိုက်၏။
ရှောက်ရွှမ် ပုမျိုးနွယ်စုထဲသို့ မ၀င်ခင်က ချာချာအား အဆင်ပြေသည်ဟူသော အချက်ပြသံကြားလျှင် ၀င်လာလို့ရပြီး အဆင်မပြေဘူးဟူသော အချက်ပြသံကြားပါက အပြင်ဘက်တွင်သာ လွတ်လွတ်လပ်လပ်ပျံသန်းရန် ပြောခဲ့ပြီး ဖြစ်သည်။
ချာချာ အတွက်လည်း အပြင်ဘက်တွင် နေရခြင်းမှာ ပိုကောင်းပြီး လွတ်လွတ်လပ်လပ်ကစားလို့ရကာ မျိုးနွယ်စုထဲတွင်မူ သူစိတ်ကြိုက်နေလို့ ရမည်မဟုတ်ပေ။
ကွမ်းဟော့၏အိမ်မှ ထွက်လာပြီးသည့်နောက် ချင်းယီ တောင်းပန်လိုက်၏။ “တောင်းပန်ပါတယ် ငါမကူညီနိုင်ခဲ့ဘူး”
“အဆင်ပြေပါတယ် ချာချာအပြင်မှာပဲ လွတ်လွတ်လပ်လပ်နေပြီး ငါပြန်လာတာကို စောင့်နေမှာပဲလေ” ရှောက်ရွှမ် ကွမ်းဟော့၏ အပြုအမူနှင့်ပတ်သက်ပြီး စိတ်ထဲထားမနေတော့ချေ။ ဤမျိုးနွယ်စုမှ တစ်ခုခုရ
ဖို့လည်း သူတွေးထားခြင်းမရှိခဲ့ပေ။ သူဒီသို့လာခဲ့သော ရည်ရွယ်ချက်မှာ ဤကမ္ဘာအကြောင်း အသိအမြင်ကျယ်ပြန့်ပြီး မီးတောက်ဦးချိုမျိုးနွယ်စုမဟုတ်သော အခြားမျိုးနွယ်စုများအကြောင်း စိတ်၀င်စား၍သာ ဖြစ်၏။
သို့သော် ကူမျိုးနွယ်စုနှင့် ပုမျိုးနွယ်စုနှစ်ခုစလုံးမှာ အဘယ်ကြောင့် မီးတောက်ဦးချိုမျိုးနွယ်စုအား မကြားဖူးကြပါသလဲ။
ဘိုးဘေးများ ထားခဲ့သော မှတ်တမ်းများနှင့်စကားများအရ သူတို့မျိုးနွယ်မှာ အလွန်မာနကြီးသော မျိုးနွယ်တစ်ခုဖြစ်သည်ကို မြင်နိုင်ပေသည်။ သူတို့မျိုးနွယ်စုနှင့် ပတ်သက်၍လည်း အလွန်ဂုဏ်ယူကြသူများ ဖြစ်ကြ၏။ ဆိုလိုသည်မှာ မီးတောက်ဦးချိုမျိုးနွယ်စုသည် ခပ်သေးသေး မျိုးနွယ်တစ်ခု မဟုတ်ဘဲ အတိတ်တုန်းက ကြီးကျယ်ခမ်းနားခဲ့သော မျိုးနွယ်တစ်ခုဖြစ်မှန်း သိသာလှသည်။
သို့မဟုတ် ဖြစ်နိုင်သည်မှာ အချိန်များစွာ ကြာညောင်းခဲ့၍ အရာအားလုံးသည် ပြောင်းလဲသွားခြင်း ဖြစ်နိုင်ပါသလော။
ကွမ်းဟော့၏အိမ်မှ ထွက်လာပြီးသည့်နောက် ရှောက်ရွှမ်ချင်းယီနှင့် လမ်းခွဲလိုက်သည်။ ချင်းယီမှာ ဈေး၀ယ်ထွက်ရန် လိုနေသေး၏။ မျိုးနွယ်စုမှ ခေါင်းဆောင်နှင့် နတ်ဆေးဆရာသည် သူ့အား မ၀ယ်မဖြစ်၀ယ်ရမည့် ပစ္စည်းများကို စာရင်းလုပ်ပေးခဲ့ပြီး ၀ယ်ခိုင်းခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ရှောက်ရွှမ်လည်း မျိုးနွယ်စုထဲသို့ လှည့်ပတ်ကြည့်လိုက်ကာ သူ၀ယ်နိုင်မည့် ပစ္စည်းရှိမရှိ တစ်ချက်ကြည့်လိုက်၏။
အစက ရှောက်ရွှမ်ထင်ခဲ့သည်မှာ ကူမျိုးနွယ်စုနှင့် ပုမျိုးနွယ်စု၏ ကုန်သွယ်ရေးသည် ဈေးတစ်ခုခုတွင် ဈေး၀ယ်သကဲ့သို့ ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့ခြင်း
ဖြစ်သည်။ သို့သော် သူမြင်နေရပုံအရ ထိုသို့ဟုတ်ပုံမပေါ်ချေ။ ပုမျိုးနွယ်၀င်များသည် သူတို့ရောင်းလိုသော ပစ္စည်းများကို သူတို့အိမ်ရှေ့တွင် ချထားပြီး ၀ယ်လိုသော သူမှာ ထိုပစ္စည်းများကို တန်ရာတန်ကြေးပေး၍ ၀ယ်ယူနိုင်၏။
ဤနေရာတွင် တိကျသော ငွေကြေးသတ်မှတ်ချက်မျိုးလည်း မရှိလေရာ အလဲအထပ်ပြုလုပ်ခြင်းဖြင့်သာ ၀ယ်ယူကြသည်။
သို့သော် ထိုအရာသည် ညီမျှသော လဲလှယ်မှုမျိုးတော့ ဟုတ်လိမ့်မည် မဟုတ်ပေ။
အချို့ ကူမျိုးနွယ်စု၀င် အတော်များများ ဈေး၀ယ်နေကြသည်ကို တွေ့လိုက်ရသောအခါ ရှောက်ရွှမ်လျှောက်သွားနေခြင်းကို ရပ်လိုက်၏။
ပုမျိုးနွယ်စုသည် ကူမျိုးနွယ်စုအား ထိုမျှ
နွေးနွေးထွေးထွေး ကြိုဆိုကြခြင်းမှာ အံ့ဩစရာတော့ မဟုတ်ပေ။
ကူမျိုးနွယ်စု၀င်များသည် အမြင်အရသာ ကြမ်းကြုတ်ကြသည့်ပုံ ပေါ်သော်လည်း အမှန်တကယ်အားဖြင့် ရိုးသားကြသူများ ဖြစ်ကြသည်။ ပိုတိုက်ရိုက်ကျသော စကားဖြင့်ပြောရပါက ကူမျိုးနွယ်စု၀င်များသည် ပုမျိုးနွယ်စု၏ အမြင်တွင် ငွေများများကိုင်ထားသော အရူးများသာ ဖြစ်ကြ၏။
ဤနေရာသို့ မလာခင်က ဖူရှစ်သူ့အား ကူမျိုးနွယ်စု အပြင်လောကတွင် ကြိုဆိုမခံရခြင်းကို ဒေါသတကြီး ပြောခဲ့ဖူးလေသည်။ သို့သော် ပုမျိုးနွယ်စုမှာမူ မျိုးနွယ်စုများကြားတွင် ထင်ပေါ်သော မျိုးနွယ်တစ်ခု ဖြစ်၏။
တစ်ဖက်တွင် ကူမျိုးနွယ်စုသည် အလွန်စိတ်တိုလွယ်ကြပြီး စကားပြောလည်း မကောင်းကြပေ။ သို့သော် ပုမျိုးနွယ်စုမှာတော့ ထိုသို့မဟုတ်ဘဲ အလွန်
စကားပြောကောင်းကြသူများ ဖြစ်ကြ၏။
ဒါပေါ့ ထိုသည်မှာ သူတို့မျက်နှာများနှင့်လည်း ဆိုင်ပေသည်။ ကူမျိုးနွယ်စု အပြင်ထွက်တိုင်း သူတို့မျက်နှာများသည် ကြမ်းကြုတ်သည့်ပုံပေါ်ကြသောကြောင့် လူများမှာ သူတို့ကို လူဆိုးများအဖြစ်သာ မြင်ကြ၏။ အထူးသဖြင့် အခြားသူများအား ကြည့်သောအခါတွင် ဖြစ်ပြီး သူတို့အကြည့်သည် တစ်ဖက်လူ၏ လည်ပင်းကို ဓားထက်ထက်တစ်လက်ဖြင့် ဖြတ်လိုက်သလို ဖြစ်နေလေသည်။ ပုမျိုးနွယ်စု အသွင်အပြင်မှာမူ ပို၍ ဖော်ရွေကြပုံ ပေါ်ပြီး သူတို့ပြုံးလိုက်သောအခါတွင် သာ၍ပင် ဖော်ရွေပုံ ပေါ်ကြ၏။
ရှောက်ရွှမ် လျှောက်ပတ်ကြည့်နေရင်း ပတ်ပတ်လည်မှ အိမ်များရှေ့တွင် တည်ခင်းထားသော ပစ္စည်းအမျိုးမျိုးကို တွေ့နေရသည်။
အိုးခွက်ပစ္စည်းများ၊ ကျောက်အသုံးအဆောင်များ
နှင့် အခြားမျိုးနွယ်စုများမှ ပစ္စည်းဆန်းများအပြင် မျိုးနွယ်စုထဲရှိ လူကြီးများ ရတနာအဖြစ်တန်ဖိုးထားကြသည့် အိုးခွက်အဟောင်းများကိုပင် ဤနေရာတွင် တွေ့မြင်နိုင်သည်။ ဈေးများမှာတော့ အလွန်မြင့်မားကြ၏။ ဤအရာသည် ရှောက်ရွှမ်ကို အံ့ဩသင့်သွားစေခဲ့သည်။ သူဒီနေရာ၌ အ၀တ်စ တစ်စကိုပင် တွေ့လိုက်ရသည် မဟုတ်ပါလား။
“ခင်ဗျား စိတ်၀င်စားလို့လား ဒီဟာက ဗဟိုဒေသက လာတာ ဗဟိုဒေသမျိုးနွယ်စုတွေက ဒီလို အ၀တ်အထည်လုပ်ရတာကို ကြိုက်ကြတယ်လို့ ကျွန်တော်ကြားဖူးတာပဲ” လူတစ်ယောက်သည် ယဉ်ယဉ်ကျေးကျေး ရှင်းပြလိုက်၏။ ထိုလူမှာ သူ့ကိုယ်ပေါ်တွင်လည်း အ၀တ်စဖြင့်လုပ်ထားသော စကပ်တစ်ထည်ကို ၀တ်ဆင်ထားလေသည်။ လူအတော်များများမှာ ထိုသို့သော ပစ္စည်းများကို မကြိုက်ကြပါသော်လည်း ဗဟိုဒေသမှလာသည်ဟု ကြားလိုက်ရသောအခါ အမူအရာများ ချက်ချင်း ပြောင်းသွားတတ်ကြ၏။
ထို့ကြောင့် သူထိုအ၀တ်စအကြောင်းပြောသောအခါ အ၀တ်စအကြောင်းရှင်းပြစရာမလိုဘဲ ဗဟိုဒေသမှ လာသည်ကိုပင် အဓိကထား ပြောရသည်။ ထိုသူသည် ရှောက်ရွှမ် အံ့ဩသွားကာ သူ့အိတ်ထဲမှ ရေလကျောက်တုံးများ ထုတ်၍ ၀ယ်မည်ကို စောင့်နေလိုက်သည်။
သို့သော် ကံဆိုးစွာဖြင့် သူစိတ်ပျက်သွားခဲ့ရ၏။ ရှောက်ရွှမ်သည် အ၀တ်စအကြောင်းစိတ်မ၀င်စားဘဲ ဗဟိုဒေသအကြောင်းကိုသာ ထပ်၍ မေးနေလေသည်။ သူသိသမျှ ပြောပြပြီးသော အခါတွင်မူ သတင်းအတွက် သူ့အား ရေလကျောက်တုံးအသေးလေးတစ်တုံး ပေးသွားခဲ့၏။
ရှောက်ရွှမ် ထွက်သွားသောအခါ ထိုလူ့လက်ထဲ၌ ရေလကျောက်တုံးအသေးလေးတစ်တုံးသာ ကျန်ခဲ့လေသည်။ သူရလိုက်သည်မှာ မနည်းဘူးဟု ဆိုနိုင်သော်လည်း ထိုမျှနှင့်တော့ သူမကျေနပ်နိုင်ခဲ့ပေ။ ဘာလို့ ဒီကောင်ကို ဒီမှာဆက်ရှိနေအောင် မလုပ်နိုင်ခဲ့ရတာလဲ။
ဤအ၀တ်စကို ဗဟိုဒေသမှ ရရှိရန် သူခက်ခက်ခဲခဲကြိုးစားခဲ့ရပါသော်လည်း ထိုကောင်မှာ သူ့အ၀တ်စကို ကြည့်ပြီး အံ့ဩသွားသည့် ပုံပင် မပြခဲ့ချေ။ သူဒီအ၀တ်စနဲ့ပတ်သက်ပြီး ဘာမှမသိလို့များလား။ ဒါမှမဟုတ် ထိုကဲ့သို့သော တန်ဖိုးကြီးပစ္စည်းအား ၀ယ်ရန် ထိုကောင်တွင် ပိုက်ဆံမရှိလို့များလား။
ရှောက်ရွှမ်မသိလိုက်သော်လည်း ဆိုင်ရှင်များအမြင်တွင် သူသည် ငမွဲတစ်ကောင်ဖြစ်နေလေချေပြီ။
ရှောက်ရွှမ်အတွက်မူ သူမြင်ခဲ့ရသော အ၀တ်စမှာ အလွန်အသားကြမ်းသော အ၀တ်စဖြစ်ပြီး သားရဲသားရေ ၀တ်ရတာလောက်ပင် သက်တောင့်သက်သာ မရှိပေ။ ထိုသို့သော အ၀တ်စကို ဈေးကြီးပေး၀ယ်ရန်မှာ သူရူးနေမှသာ ဖြစ်နိုင်လိမ့်မည်။
သိပ်မကြာခင်တွင် ထိုအ၀တ်စအား ၀ယ်လိုက်သူ ထွက်ပေါ်လာပြီး ထိုသူမှာ ယခုနှစ်၏ တိုင်ကွန်းသူဌေးကြီး ဖူရှစ်သာ ဖြစ်တော့သည်။ ထိုသည်အား ရှောက်ရွှမ် သိလိုက်ရသောအခါ အလွန်ဆွံ့အ သွားခဲ့ရ၏။ ဤနေရာရှိ ပစ္စည်းများအား တန်ကြေးသတ်မှတ်ပုံမှာ ဆန်းကြယ်လှသည် မဟုတ်ပါလား။
ဖြစ်နုိင်သည်မှာ ဗဟိုမျိုးနွယ်စုဟူသော စာလုံးသည် ဤနေရာ၏ နာမည်ကြီးတံဆိပ် ဖြစ်နိုင်လေသည်။ တန်ဖိုးကြီး ပစ္စည်းတစ်ခုအား ရလိုက်သောကြောင့် ပြုံးရွှင်နေသော ဖူရှစ်မျက်နှာနှင့် ဖူရှစ်အား အားကျနေကြသော ကူမျိုးနွယ်စု၀င်များ၏ အကြည့်များအား မြင်လိုက်သော အခါတွင်မူ ဤကမ္ဘာနှင့် သူအသားမကျသေးဘူးဟူ၍သာ ရှောက်ရွှမ် ခံစားလိုက်ရေလတော့သည်။
ဗဟိုမျိူးနွယ်စုများ ဆိုသည်မှာ အတိအကျဆိုရသော် မည်သို့သော မျိုးနွယ်စုမျိုး ဖြစ်နိုင်သနည်း။ ထိုသို့သော မျိုးနွယ်စုများသည် ဤနေရာထက် ပို၍
ဖွံ့ဖြိုးတိုးတက် နေကြပါသလား။ မီးတောက်ဦးချိုမျိုးနွယ်စုကရော ထိုနှစ်များတွင် ဗဟိုမျိုးနွယ်စုများထဲမှ တစ်ခု ဖြစ်ခဲ့ပါသလား။
မျိုးနွယ်စု အမျိုးမျိုးမှ ကုန်သွယ်သူများကြားတွင် ပုမျိုးနွယ်စု၌ အိုးခွက်အေဟာင်းများ ရှိနေပါသည်ဟု ကြားလျှင် အများဆုံး၀ယ်ကြသူများမှာ ကူမျိုးနွယ်စုမှ ဖြစ်ကြ၏။ အဘယ်ကြောင့်ဆိုသော် အိုးခွက်များသည် ကျိုးပဲ့လွယ်ကြသောကြောင့် တစ်နေရာမှတစ်နေရာ ပို့ဆောင်ရန် ခက်ခဲလှသောကြောင့် ဖြစ်ပြီး ရောက်ရှိလာသောအခါတွင်လည်း အလွန်တန်ဖိုးမြင့်လှသည်။
ရှောက်ရွှမ်သည်လည်း သူ့သားရေအိတ်ထဲတွင် ရေလကျောက်တုံးများနှင့် ပြည့်နေသောကြောင့် ခံစားချက်ကောင်းနေလေ၏။ ဤကျောက်တုံးများသည် ရွှေများလိုပင် ကောင်းသောအရာများ ဖြစ်ကြသည်။ မီးတောက်ဦးချိုမျိုးနွယ်စု၌ အချိန်ကြာကြာနေခဲ့ရခြင်းကြောင့် သူသည် ငွေကြေး၏ တန်ဖိုးကို မေ့လျော့လုနီးပါးပင် ဖြစ်ခဲ့ရသည် မဟုတ်ပါလား။
ကူမျိုးနွယ်စုသည် ဗဟိုမျိုးနွယ်စုများအကြောင်း သိပ်သိသော မျိူးနွယ်စု မဟုတ်ပေ။ သူတို့သိသည်မှာ ထိုနေရာမှ လာလျှင် လာသမျှပစ္စည်းတိုင်းမှာ ပစ္စည်းကောင်းများ ဖြစ်ကြပေသည်။ ထို့ကြောင့် ဗဟိုမျိုးနွယ်စုများမှ လာသည်ဟု ကြားသည်နှင့် ဈေးပင်မပေးဘဲ ထိုပစ္စည်းကို ရေလကျောက်တုံးများ ထုတ်ကာ ၀ယ်တတ်ကြ၏။
ထို့အပြင် ပုမျိုးနွယ်စု၌ ဖားများကဲ့သို့သော ဒေသထွက်ကုန်များလည်း အများအပြားရှိကြသည်။
ဒါပေါ့ မျိုးနွယ်ထဲရှိ ဖားအစစ်များကို ရောင်းချခြင်းတော့ မဟုတ်ပေ။ ပုမျိုးနွယ်စုအနေနှင့် ဖားများသည် သူတို့နတ်ရုပ်များဖြစ်ကြကာ ဤနေရာရှိဖားများကို အန္တရာယ်ပေးကြလိမ့်မည် မဟုတ်ပေ။ သူတို့ရောင်းသည်မှာ ဖားများမှ ထုတ်ယူ၍ရသော အဆိပ် ဆေးနှင့် အခြားထူးခြားသည့် အရာများ ဖြစ်ကြသည်။
ရှောက်ရွှမ် ဘဲဥပုံအိမ်တစ်လုံး ရှေ့သို့ ရောက်သောအခါတွင်မူ ထိုနေရာသည် အခြားနေရာများနှင့် သီးခြားဖြစ်နေသည်ကို တွေ့လိုက်ရ၏။ ကူမျိုးနွယ်၀င်များ ဤနေရာ၌ ရောင်း၀ယ်နေကြသည်ကို မတွေ့ရချေ။
အိမ်ရှေ့တွင် အသက်ကြီးကြီးလူတစ်ယောက် ခြေချိတ်၍ ထိုင်နေသည်ကိုသာ တွေ့ရပြီး သူ့ရှေ့တွင်လည်း အိုးခွက်များ ကျောက်လက်နက်များ နှင့် အခြားရောင်းစရာ ပစ္စည်းဘာကိုမှ မတွေ့ရချေ။ ထိုနေရာတွင် အရွယ်စုံ အရောင်စုံ ဖားများကိုသာ တွေ့နေရသည်။
သူ့ဘေးတွင်မူ ရေစင်တစ်ခုရှိနေပြီး ရေစင်မှ ရေများကိုယူကာ ဖားများအပေါ် မကြာခဏ ဖြန်းပေးနေလေသည်။ ရှောက်ရွှမ် ရောက်သွားသောအခါတွင်မူ ထိုလူကြီးမေးလိုက်၏။
“ဘာလိုချင်လို့လဲ ကောင်လေး”
“ဒါတွေက ဘာတွေလဲ” ရှောက်ရွှမ် မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်လိုက်ရင်း ဖားများကို လက်ညှိုးထိုးကာ မေးလိုက်သည်။
“မင်းက ကူမျိုးနွယ်စုက မဟုတ်ဘူးမလား ဒီကိုပထမဆုံးအကြိမ် ရောက်ဖူးတာလား” ရှောက်ရွှမ် ဗုံမျိုးနွယ်စုမှ မဟုတ်သည်ကို မြင်သောအခါ ထိုလူကြီးမှာ စိတ်ပျက်သွားရမည့်အစား ပို၍ပင် ပျော်ရွှင်သွားသေးသည်။ အဘယ်ကြောင့်ဆိုသော် ကူမျိုးနွယ်စု၀င်များမှာ ဈေး၀ယ်ပြီဆိုပါက တစ်ဆိုင်ထဲကိုသာ ဇောက်ချ၀ယ်ကြလေ့ရှိပြီ ၀ယ်နေကျဆိုင်မဟုတ်ပါက ၀ယ်လေ့မရှိကြချေ။ သူ့ဆိုင်မှာမူ အခြားဆိုင်များနှင့် သီးသန့်ဖြစ်နေသောကြောင့် ကူမျိုးနွယ်၀င်များ လာ၀ယ်လေ့ မရှိကြပေ။ ထို့ကြောင့် သူသည် ကူမျိုးနွယ်စု၀င်မဟုတ်သူများကိုသာ ပိုစိတ်၀င်စားခြင်း ဖြစ်၏။
“ဟုတ်ပါတယ် ဒါကကျွန်တော့်ရဲ့ ပထမဆုံးအကြိမ် ပုမျိုးနွယ်စုကို ရောက်တာပါ” ရှောက်ရွှမ်မြေပေါ်ရှိ ဖားများကို စိုက်ကြည့်နေရင်း ပြန်ဖြေလိုက်သည်။
တချို့ဖားလေးများမှာ လက်သည်းလောက်ပင် ရှိပြီး အချို့မှာမူ လက်ဖဝါးတစ်ဖက်တည်းဖြင့် ဆုပ်ကိုင်၍ မရလောက်အောင်ပင် ကြီးကြ၏။
လူအိုကြီးသည် ရှောက်ရွှမ်အား ဖားများ၏ အစွမ်းသတ္တိများနှင့် ထိုအရာများမှာ ရှောက်ရွှမ်ကို မည်သို့ အကျိုးပြုနိုင်သည်ကို စတင်ရှင်းပြတော့သည်။
“ဒီတစ်ေကာင်က လူတွေကို ကူညီဖို့သုံးတာ ခေါင်းမူးတာ အသက်ရှူကြပ်တာ အော့အန်တာတွေ အပါအ၀င် ခန္ဓာကိုယ်ရဲ့ အားနည်းမှု အတော်များများကို ကုသပေးနိုင်တယ် ဒီတစ်ေကာင်ကတော့ သစ်သားတုံးနှစ်တုံးကို ကပ်ပေးနိုင်တယ်” ရှောက်ရွှမ်နားထောင်နေစဉ် အဖိုးကြီးသည် ဂွမ် ဂွမ် အသံပေး
ကာ သစ်ရွက်ကြီးတစ်ခုအား ယူပြီး ခဏစောင့်နေ၏။
ရှောက်ရွှမ်လည်း ထိုလိမ္မော်ရောင်အကွက်များနှင့် ဖားလေးကို ကြည့်နေလိုက်သည်။ ထိုအခိုက်တွင် ထိုဖား၏ မျက်ဆံများမှာ အလျားလိုက်ကျဉ်းမြောင်းသွားသောကြောင့် တစ်ခုခုကို ညှစ်ထုတ်နေသလို ခံစားနေရသည်။
စက္ကန့်အနည်းငယ် စောင့်ပြီးသည့်နောက်တွင် ဘာမှဆက်ဖြစ်မလာခဲ့ပေ။
ရှောက်ရွှမ် အဖိုးကြီးအား တစ်ချက်ကြည့်လိုက်ပြီး ဖားကို ပြန်စိုက်ကြည့်လိုက်သည်။ ဒီဖားက ၀မ်းချုပ်နေတာလားဟ။
ထိုသို့တွေးလိုက်ရင်း ဖားကိုပြန်ကြည့်လိုက်မိသောအခါတွင်မူ ဖားကျောပေါ်တွင် အရည်တစ်ချို့
ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။ အရည်များများ ထွက်လာသောအခါ အဖိုးအိုသည် သစ်ရွက်ကိုယူ၍ ထိုအရည်များကို ကျောပေါ်မှ ခြစ်ချလိုက်၏။ ထိုသစ်ရွက်များသည် ဖားများကို မထိခိုက်စေလေရာ ပုမျိုးနွယ်စုသည် ဤနည်းဖြင့် အရည်များစုဆောင်းခြင်း ဖြစ်ပေသည်။
“ဒါကိုကိုင်ထား” အဖိုးအို သစ်သားနှစ်တုံးကိုယူကာ ရှောက်ရွှမ်ကို ကိုင်ထားခိုင်းလိုက်ပြီး သစ်ရွက်ပေါ်မှ အရည်များကို သစ်သားများကြား လောင်းထည့်လိုက်၏။ ခဏကြာသောအခါတွင်မူ သစ်သားများမှာ ကပ်ကုန်ကြလေသည်။
ဤသည်မှာ မီးတောက်ဦးချိုမျိုးနွယ်စုတွင် သုံးသော ကော်ကဲ့သို့ အရာဖြစ်ကြောင်း ရှောက်ရွှမ်တွေးလိုက်မိသည်။
“ဒါမျိုး ခဗျားမှာ ဘယ်လောက်ရှိလဲ” ရှောက်ရွှမ် မေးလိုက်၏။
“မင်းလိုသလောက်ရှိတယ်” အဖိုးအိုလက်များတုန်သည်အထိ စိတ်လှုပ်ရှားသွားပြီး ပြန်ဖြေလိုက်သည်။
“တခြားဘာတွေ ရှိသေးလဲ” ရှောက်ရွှမ်အဖိုးအိုကို တခြားပစ္စည်းများပါ ပြခိုင်းလိုက်ပြီး ထိုအရာများနှင့်ပတ်သက်၍ သူအလွန်စိတ်၀င်စားမိနေလေသည်။
အဖိုးအိုမှာလည်း ပျော်ရွှင်စွာဖြင့် တစ်ခုပြီးတစ်ခု ထုတ်၍ ရှင်းပြနေ၏။ ဤနေရာတွင် ထူးဆန်းသော လျှို့ဝှက်ချက်များနှင့် ဖားမျိုးစုံ ရှိပေသည်။ တချို့ဖားများမှာ ကိုယ်ပေါ်တွင် ထူးဆန်းသောအဆီတစ်မျိုး ရှိနေသော ဖားမျိုးပင် ရှိ၏။။ ထိုသို့သောဖားကိုမူ ခြောက်သွေ့သော ဒေသတွင်နေသော လူများ ပို၍ ကြိုက်ကြပေလိမ့်မည်။
ထိုဖားများမှာ ပုမျိုးနွယ်စု၏ ငွေကြေးနှင့် ကျန်းမာ
ခြင်း လက်နက်များသာ ဖြစ်ကြလေသည်။
အဖိုးကြီး၏ အိမ်ထဲတွင် အသင့်ရှိသော ပစ္စည်းတစ်ချို့လည်း ရှိနေပေရော ရှောက်ရွှမ် ရေလကျောက်တုံးများ သုံး၍ အတော်များများကို ၀ယ်လိုက်၏။ အဖိုးကြီးပြသော အထဲမှ အတော်များများကို သူရွေး၍ ၀ယ်ခဲ့ခြင်း ဖြစ်ပေသည်။
“အာ ခဗျားမှာ ရောင်းစရာ အဆိပ်ဖားတစ်မျိုးမျိုးရောရှိလား” ရှောက်ရွှမ် မေးလိုက်သည်။
“မင်းလိုချင်လို့လား” အဖိုးကြီးသည် ပတ်၀န်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။
“ရှိတာပေါ့ ငါ့နောက်ကိုလိုက်ခဲ့”