← Chapters

အဆိပ်

Vol. 12 Ch. 167

အဆိပ်

Vol. 12 Ch. 167

အဖိုးကြီးသည် သူခိုးရန်‌ေကြာက်သည့် ပုံစံဖြင့် ပတ်၀န်းကျင်ကို ဝေ့ကြည့်လိုက်ပြီး အိမ်ထဲသို့ ၀င်ကာ အထုပ်အပိုးပြင်လေသည်။ ထို့နောက် ဂွမ် ဂွမ် ဟူသော အသံမျိုးဖြင့် အော်လိုက်လေရာ နဂိုက သူ့အိမ်ရှေ့တွင် မလှုပ်မယှက်ရှိနေကြသော ဖားလေးများသည် အရပ်မျက်နှာအသီးသီးသို့ ပြန်ကုန်ကြ၏။ တစ်ချို့သည် သစ်တောထဲသို့ ခုန်သွားကြကာ တစ်ချို့သည် မြစ်ထဲသို့ ခုန်ဆင်းသွားကြသည်။

အထုပ်အပိုးပြင်ပြီးသည့်နောက် အဖိုးကြီး ရှောက်ရွှမ်အား နေရာတစ်ခုသို့ ဆွဲခေါ်သွားလေသည်။ ထိုနေရာသို့ သွားနေရင်း သူရှောက်ရွှမ်အား ရှင်းပြလိုက်၏။ “မင်းက ဖားအဆိပ်ကိုလိုချင်ရင် အပြင်းဆုံးဆိုတဲ့ အဆိပ်မျိုးကိုပဲ လိုချင်မှာပဲကွ ငါ့မြေးက မင်းကိုအဲ့တာမျိုးရအောင် ကူညီပေးနိုင်တယ် မင်းဘယ်လိုအဆိပ်မျိုးပဲ လိုချင်ချင် အဲ့မှာရှိတယ်”

အဖိုးအိုမှာ ရှောက်ရွှမ်စိတ်ပြောင်း၍ နောက်ပြန်လှည့်သွားမည်ကို ကြောက်နေသောကြောင့် ထိုစကားကိုသာ အထပ်ထပ် ထပ်ပြောနေ၏။

သူသည် ရှောက်ရွှမ်ထိုအရာများအား အလုပ်ရှုပ်သည်ဟုထင်ပြီး အခြားဆိုင်များတွင်သာ အဆိပ်များသွား၀ယ်လိမ့်မည်ကို ကြောက်ရွံ့နေလေသည်။ နောက်ဆုံးတွင် အဆိပ်ဖားရောင်းသော သူများသည် ပုမျိုးနွယ်စုတွင် မများလှချေ။ ဗုံမျိုးနွယ်စု၀င်များသည် အဆိပ်သုတ်ထားသော လက်နက်များအား ကြိုက်နှစ်သက်ကြသည်ဖြစ်ရာ သူတို့လည်း အဆိပ်၀ယ်လေ့ရှိကြ၏။ သူတို့အဆိပ်၀ယ်ပုံမှာ ရောင်းသောဆိုင်အားသွား၍ ရောင်းသောအဆိပ်ကိုယူကာ ခြင်းထဲပစ်ထည့်ပြီး ကျသင့်သည့်ဈေးကို ရေလကျောက်တုံးများဖြင့် ရှင်းခြင်းဖြစ်သည်။

သို့သော် အဖိုးအိုမှာမူ ထိုသို့မဟုတ်ဘဲ ရှောက်ရွှမ်အား အဆိပ်ဖားများရှိသည့် နေရာသို့ ခေါ်သွားပြီး အဆိပ်ထုတ်ရောင်းလိုခြင်း ဖြစ်၏။ ထိုကိစ္စမှာ ပို၍

အလုပ်ရှုပ်ပေသည်။

ရှောက်ရွှမ်မှာမူ သူလိုချင်တာရမည်ဆိုပါက ထိုမျှလောက်ကို အလုပ်ရှုပ်သည်ဟုပင် သတ်မှတ်မထားပေ။ အဖိုးအိုထုပ်ပိုးပြီး ယူလာသော ပစ္စည်းများကို မြင်သောအခါလည်း သူ့အား ပို၍ စိတ်၀င်စားသွားစေသည်။

ယခင်က မီးတောက်ဦးချိုမျိုးနွယ်တွင် ရှိစဉ်က စစ်သည်တော်များမှာ အမဲလိုက်လျှင် တိရစ္ဆာန်များမှရသော ပစ္စည်းများကို အသုံးပြုရခြင်းကို ကြိုက်နှစ်သက်ကြ၏။ သူတို့သည် လှံများနှင့် မြှားများ၏ ထိပ်ဖူးများကို အဆိပ်သုတ်ထားတတ်ကြသည်။ ထိုအဆိပ်များသည် အမျိုးမျိုးသော အဆိပ်မျိုးစုံဖြစ်ကြပြီး ဖားအဆိပ်သည် ထိုထဲမှ တစ်မျိုးသာ ဖြစ်၏။

ထို့အပြင် မီးတောက်ဦးချိုမျိုးနွယ်များ ဖားအဆိပ်ထုတ်ယူသည့် နည်းမှာ ထိုဖားများအား ကင်၍ ထုတ်

လိုက်ခြင်း ဖြစ်သည်။ ထိုအဆိပ်ဖားအား ကင်ပါက ဖား၏ အဆိပ်ထုတ်ဂလင်းများဆီမှ အဆိပ်များ စိမ့်ထွက်လာကြ၏။

ထိုအဆိပ်ထွက်လာသောအခါတွင်မူ လက်နက်များအား ဖား၏ ကျောပြင်ပေါ်တွင် အပေါ်အောက်ပွတ်တိုက်လိုက်ရုံသာ ဖြစ်သည်။ ထိုအခါ လက်နက်မျက်နှာပြင်ပေါ်တွင် လိုအပ်သော အဆိပ်၏ ရလဒ်ရလာမည် ဖြစ်ပြီး စစ်သည်တော်များသည် ထိုလက်နက်ဖြင့် အမဲလိုက်ထွက်ကြရုံပင်။ ဖားအဆိပ်သည် အမဲလိုက်သောအခါ ထိမိသော အမဲကောင်များအား ချက်ချင်းပင် တုံးကနဲ သေလုနီးပါးဖြစ်သွားစေပြီး ပိုကြမ်းသော သားရဲများအတွက်မူ မသေစေနိုင်ပါသော်လည်း သူတို့လှုပ်ရှားမှုအား သိသိသာသာ နှေးသွားစေသည်။

“ငါတို့ ရောက်တော့မှာ စိတ်မပူနဲ့” အဖိုးကြီး ရှောက်ရွှမ်အား အလောတကြီးပြောလိုက်၏။

ရှောက်ရွှမ်မှာ လောမနေသော်လည်း အဖိုးကြီးမှာမူ မရောင်းရမှာကြောက်ပြီး အတော်လေး စိတ်သောကရောက်နေပုံရသည်။ အဖိုးကြီး ရှောက်ရွှမ်အား ကြာရွက်များနှင့်ပြည့်နေသော မြစ်ကြီးအနားသို့ ခေါ်သွားကာ အော်ခေါ်လိုက်၏။

“ယွီ မင်းအဲ့မှာ ရှိလား”

မြစ်ပေါ်ရှိ ကြာရွက်များမှာ လေတိုက်လိုက်သောကြောင့် လှုပ်ခါသွားပြီး မြစ်ထဲရှိဖားများ အော်သံကိုကြားနေရသော်လည်း လူသံကိုတော့ ပြန်မကြားရချေ။

အဖိုးကြီး စတင်ဒေါသထွက်လာပြီး သူ့ခေါင်းအား ခါလိုက်ကာ ထပ်အော်ခေါ်လိုက်သည်။

“ထွက်လာခဲ့စမ်း ငါမင်းကိုမြင်နေရတယ်နော်”

သို့သော် မည်သည့်တုန့်ပြန်မှုမှ ပြန်မလာပေ။

အဖိုးကြီး အသက်ခပ်ပြင်းပြင်းရှူလိုက်ကာ ဒေါသတကြီးဖြင့် “ထွက်ခဲ့စမ်း မင်းဒီမှာရှိတာ ငါသိတယ်နော်”

နောက်ဆုံးတွင်တော့ သူတို့နားရှိ ကြာရွက်တစ်ခုစီမှ အော်သံတစ်သံ ပြန်ထွက်လာလေသည်။

“ကျွန်တော်ဒီမှာရှိတယ် အဖိုးဘာထပ်လိုချင်ပြန်ပြီလဲ”

အရိပ်နက်တစ်ခုသည် ကြာရွက်ပေါ်မှ ခုန်ထွက်လာပြီး အကြိမ်အနည်းငယ် ထပ်ခုန်လိုက်ကာ မြစ်ကမ်းပေါ်သို့ ရောက်ရှိလာ၏။ ထို့နောက် ရှောက်ရွှမ်အား အကဲခတ်လိုက်ကာ သူ့အဖိုးကို ထပ်မေးလိုက်သည်။

“အဖိုး အဖိုးရောင်းချင်ရင် အဖိုးဖာသာသွားရောင်း

နေပါလား ဘာလို့ကျွန်တော့်ကို အော်ခေါ်နေတာလဲ ကျွန်တော်ကအိပ်နေတုန်းဟာကို”

“အိပ်တယ် ဘာအိပ်တာလဲကွ” အဖိုးကြီးမျက်လုံးမှာ ဒေါသကြောင့် ကျွတ်ထွက်လာတော့မတတ် ပြူးကျယ်လာလေသည်။ “ဒီကိုလာခဲ့ ဒီအပြင်လူကောင်လေးက ဖားအဆိပ်၀ယ်ချင်လို့တဲ့”

“မျိုးနွယ်စုထဲမှာ အခြားဖားအဆိပ်တွေ အများကြီးရှိနေတာပဲ အဲ့မှာ၀ယ်လို့ရတယ်လေ နောက်ပြီး အဖိုးမှာလည်း ဖားအဆိပ်တချို့ရှိတာ ကျွန်တော်သိပါတယ်” ယွီ သန်းလိုက်ရင်း ပြောလိုက်သည်။

အဖိုးအို ကြာမြစ်တစ်ခုအား ဆွဲနှုတ်၍ ကြာရိုးအား ချိုးလိုက်ပြီး ပြောလိုက်၏။ “မင်းဆင်းလာခဲ့စမ်း တစ်နေ့လုံးအိပ်နေတာ ဆောင်းတွင်းမှာဆောင်းခိုဖို့ ကြိုအိပ်နေတာလားကွ”

ယွီ မတတ်နိုင်တော့ဘဲ ကြာရွက်ပေါ်မှ ဆင်းလာလိုက်ရသည်။ သူ့မျက်လုံးများမှာ တစ်၀က်သာ ပွင့်နေပြီး ဘယ်တော့မှ မအိပ်ဖူးသည့် လူတစ်ယောက်လိုပင် ရှောက်ရွှမ်ဘက်သို့ လှည့်လိုက်ကာ မေးလိုက်၏။ “ခင်ဗျားက ဖားအဆိပ်ကို ဘာအတွက် ၀ယ်ချင်တာလဲ”

အဖိုးကြီးမှာ ကောင်လေးအား ဖြန်းကနဲတစ်ချက်ရိုက်လိုက်ပြီး ရှောက်ရွှမ်ဘက်သို့ ပြန်လှည့်ပြုံးပြလိုက်ကာ ပြောလိုက်သည်။

“လူငယ်လေးက ဘယ်လိုဖားအဆိပ်မျိုးကို လိုချင်တာလဲ”

ရှောက်ရွှမ်တစ်ချက်တွေးလိုက်ပြီး ပြန်ပြောလိုက်၏။

“ကျွန်တော်ဖားတွေကို အရင်ကြည့်လို့ရမလား” ဤ

နေရာတွင်ရှိသော ဖားများနှင့် မီးတောက်ဦးချိုမျိုးနွယ်တွင်ရှိသော ဖားများ တူမတူကို သူမသိချေ။ ထို့ကြောင့် အရင်ကြည့်ရန် လိုအပ်၏။

“ရတာပေါ့ ရတာပေါ့” အဖိုးကြီးသည် ယုပြန‌်ဖြေမည်ကိုပင် မစောင့်ဘဲ အမြန်၀င်ဖြေလိုက်သည်။

ယွီ သက်ပြင်းချလိုက်ပြီး “အလုပ်ရှုပ်လိုက်တာ” ထို့နောက် ကြာရွက်များပေါ်သို့ ပြန်ခုန်တက်လိုက်ပြီး သူ့ပါးများအား ဖောင်းလိုက်၍ ဂွမ် ဂွမ် အော်သံ ပေးလိုက်ကာ ကမ်းခြေပေါ်သို့ ပြန်ခုန်ဆင်းလိုက်၏။

မကြာခင်တ္ငင် ဖားတချို့သည် သစ်တောထဲမှ ခုန်ထွက်လာကြလေသည်။ တချို့မှာမူ မြစ်ထဲမှ ခုန်တက်လာကြ၏။

ထိုဖားများသည် အများစုမှာ အရောင်စုံ တောက်ပနေ

ကြသော်လည်း တချို့ကောင်များမှာတော့ အရောင်မှိန်ကြသည်။ တူညီသည်မှာတော့ အားလုံးအတူတူ တစ်နေရာထဲသို့ လာနေကြခြင်းဖြစ်သည်။

တစ်ကောင်ချင်းစီတိုင်းမှာ လက်ဝါးတစ်ဖက်စာလောက်ပင် မကြီးကြချေ။ ခုန်ထွက်လာကြပြီးနောက် ဖားများသည် ယွီ အနားတွင် ရပ်နေပြီး ဘယ်မှ ဆက်မသွားကြတော့ပေ။ တစ်ချက်တစ်ချက်တွင်မူ သူတို့ကိုယ်ပေါ်တွင်ကပ်နေသော အညစ်အကြေးများကို လက်ကလေးများအား သုံး၍ ဖယ်ရှားနေကြပြီး သူတို့၏ စိုစွတ်သော အရေပြားကို သန့်စင်အောင် ထိန်းသိမ်းနေကြ၏။

“ဒါအကုန်ပဲ သူတို့ထဲက တချို့က နာကျင်မှုကို သက်သာစေတယ် ရလဒ်ကတော့ အံ့မခန်းပဲ တောင်ပေါ်က သားရဲတစ်ချို့နဲ့ ကျွန်တော် စမ်းသပ်ကြည့်ဖူးတယ်” ယွီ ရှင်းပြလိုက်သည်။

“စမ်းသပ်ပြီးတော့ရော” ရှောက်ရွှမ် မေးလိုက်သည်။

“သေသွားတယ်”

ရှောက်ရွှမ် ဆွံ့အသွား၏။

“အများကြီး သုံးမိလို့ပါ ဆေးကိုတောင် အများကြီးသုံးမိရင် နောက်ဆုံးကျ အဆိပ်ဖြစ်သွားတာပဲမလား” ယွီ ရှင်းပြလိုက်သည်။

အဆိပ်မှာလည်း ချင့်ချင့်ချိန်ချိန်သုံးစွဲပါက ဆေးဖြစ်လာနိုင်ပြီး အခြားတစ်ဖက်တွင် ဆေးမှာလည်း လွန်လွန်ကျူးကျူး သုံးစွဲပါက အဆိပ်ဖြစ်လာနိုင်သော သဘောကို ရှောက်ရွှမ် နားလည်၏။

“ဒီတစ်ကောင် ဒီတစ်ကောင် ဒီတစ်ကောင် သူတို့အဆိပ်တွေက မဆိုးဘူး ပမာဏနည်းနည်းလေးနဲ့တောင် တောထဲကသားရဲတစ်ကောင်ချင်းစီကို သတ်နိုင်တယ်” ယွီ ရှောက်ရွှမ်အား ရှင်းပြလိုက်ပြီး မေး

လိုက်သည်။ “ခင်ဗျားက ဘယ်လောက်ပမာဏထိ ပြင်းတဲ့အဆိပ်ကို လိုချင်တာလဲ မျက်လုံးကန်းစေတဲ့ အဆိပ်လား စွန့်အသွားစေတဲ့ အဆိပ်လား တစ်ကိုယ်လုံးအကြောသေသွားစေတဲ့ အဆိပ်လား ဒါမှမဟုတ် တစ်ကိုယ်လုံး ပုပ်သိုးဆွေးမြေ့သွားစေမယ့် အဆိပ်လား”

ထိုမေးခွန်းများအား တစ်ဆက်တည်းမေးလိုက်ပြီး ယွီ ရှောက်ရွှမ်အား ကြည့်လိုက်သည်။ သူသည် ကုန်သွယ်ရေးအား ထိုမျှစိတ်မ၀င်စားသော်လည်း သူ့အဖိုးမှာမူ ၀ယ်သူများအား သူ့ဆီသို့ ခေါ်လာတတ်၏။ ထိုအခါ ကုန်သွယ်ရေးဖြစ်မြောက်အောင် ပြီးမြောက်သည်ထိ သူတာ၀န်ယူပေးရပြီး ထိုသို့မလုပ်ပါက ၀ယ်သူပြန်သွားသောအခါ သူ့အဖိုး၏ ဆူပူကြိမ်းမောင်းခြင်းကို ခံရပေလိမ့်မည်။

ရှောက်ရွှမ် မေးခွန်းများအားကြားလိုက်သောအခါ တခဏမျှ တွေဝေသွားလေသည်။ သူ မီးတောက်ဦးချိုမျိုးနွယ်စုတွင်ရှိတုန်းက အဆိပ်တချို့အသုံးပြုခဲ့ဖူး

သော်လည်း ထိုအဆိပ်များ၏ အမျိုးအစားကိုတော့ တစ်ခါမှ မခွဲခဲ့ဖူးချေ။ ကြည့်ရသည်မှာ သူ့ရှေ့ရှိလူငယ်လေးသည် ကျွမ်းကျင်သူ ဖြစ်ပုံပေါ်သည်။

ရှောက်ရွှမ် ဖားများအားကြည့်ပြီး တွေဝေနေသည်ကို တွေ့လိုက်သောအခါ အဖိုးကြီး စိတ်သောကရောက်သွားရ၏။ “မင်းဘာ၀ယ်ရမလဲမသိရင် အကုန်လုံးကိုတစ်ကောင်ချင်းစီ ၀ယ်ပြီး အိမ်ကျမှ စမ်းသပ်ဖို့ ယူသွားပါလား” အဖိုးကြီး ရှောက်ရွှမ်အား ပြောလိုက်ပြီး နောက်ပြန်လှည့်လိုက်ကာ “ဘာလုပ်နေတာလဲ အဆိပ်ဆူးအမြန်သွားလုပ်လေ”

ယွီ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းညိတ်လိုက်ရ၏။

“ဟုတ်ကဲ့ပါ”

ယွီပြောပြီးသည့်နောက် သစ်တောထဲသို့ ဦးတည်၍ ထွက်သွားလေရာ အဖိုးအိုမှာလည်း ရှောက်ရွှမ်အား

ဆွဲ၍ ခေါ်လိုက်ပြီး “ဒီကောင်လေးက နည်းနည်းပျင်းတယ်ဆိုပေမယ့် အဆိပ်နဲ့ပတ်သက်ပြီး သူ့‌ဗဟုသုတက ပုမျိုးနွယ်စုမှာ ပထမလို့ ဒီအဖိုးကြီးမပြောဝံ့ပေမယ့် ထိပ်တန်းအဆင့်ဖြစ်မှန်းတော့ အာမခံနိုင်တယ်”

ရှောက်ရွှမ်သူတို့နောက်သို့ လိုက်သွားခဲ့၏။ ဤမြေးအဖိုးနှစ်ယောက်သည် ရိုးသားကြပုံပေါ်ပြီး ပုမျိုးနွယ်စုထဲရှိ ၀မ်းထဲတွင် အကြံများပြည့်နေကြသူများနှင့် မတူကြချေ။ ထို့အပြင် ပုမျိုးနွယ်စု ဖားများထံမှ မည်သို့အဆိပ်ထုတ်သည်ကိုလည်း ရှောက်ရွှမ် သိချင်ပေသည်။

ယွီ၏ အဆိပ်နှင့်ပတ်သက်ပြီး ကျွမ်းကျင်မှုကိုလည်း ရှောက်ရွှမ် ယုံကြည်ပေသည်။ ယွီ၏ မျက်၀န်းတစ်ဝိုက် ဆေးမှင်ကြောင်များသည် အဝါရင့်ရောင်များဖြစ်ကြပြီး ခုနက ပြန်သွားကြသော အဆိပ်ဖားများအရောင်နှင့် တူညီနေ၏။ သူတို့တွင်ရှိသည့် ဝါသနာသည် သူတို့မျက်လုံးရှိ ဆေးမှင်ကြောင်အရောင် ဖြစ်လေသည်။ ထိုအချက်အားကြည့်၍ ယု၏ အဆိပ်အပေါ် ချစ်မြတ်နိုးမှုအား မြင်နိုင်ပေ

သည်။

တောအုပ်အား ဖြတ်‌ေလျှာက်ရာတွင် ဆူးပင်များအား ရှောက်ရွှမ် မကြာခဏ တွေ့ခဲ့ရသည်။ တချို့ဆူးပင်များမှ ဆူးများကို ယွီ ချိုးယူလေနေရာ သူ့လက်ထဲတွင် ချွန်ထက်သော ဆူးများဖြင့် ပြန့်နှက်နေ၏။ အဖိုးအိုမှာလည်း သစ်တံုးအချို့အား သူ့တွင်ပါလာသော ကျောက်ဓားဖြင့် ခုတ်ဖြတ်ခဲ့သည်။ ထိုသစ်တုံးများအားနှစ်ခြမ်းခွဲ၍ မြေပြင်ပေါ်တွင် ချထားပြီးသော အခါ ယွီ ဂွမ် ဂွမ် ဟူသော အသံ အကြိမ်အနည်းငယ်ပြုလုပ်လိုက်ရာ ဖားအနည်းငယ်ထွက်လာကြလေသည်။ ထို့နောက် ဆူးတစ်ချောင်းအား ထုတ်ယူလိုက်ပြီး သူ့အနားတွင်ရှိနေသော အပြာရောင်ဖားတစ်ကောင်ကျောကို ဆူးဖြင့် ဖြည်းဖြည်းချင်း ထိုးသွင်းလိုက်၏။

ထိုအခါ ဖားကိုယ်ထဲမှ အကြည်ရောင်အရည်များ စိမ့်ထွက်လာကြလေသည်။ ထိုအရာသည် အဆိပ်များဖြစ်ကြပြီး ပမာဏနည်းနည်းလေးကပင် သမင်တစ်ကောင်ကို တုံးကနဲ သေစေနိုင်၏။

ဆူးချွန်ရှည်သည် အဆိပ်များနှင့် ပေကျံသွားပါသော်လည်း ထိုလုပ်ငန်းစဉ်သည် ဖားအတွက် လုံး၀အန္တရာယ်မရှိခဲ့ပေ။

အဆိပ်ထုတ်ပြီးသည့်နောက် ယွီသူ့လက်ဖဝါးအား ခါလိုက်ကာ ခုနက မြေပေါ်ချထားသော သစ်တုံးတစ်ခြမ်းကို အဆိပ်ဆူးဖြင့် လျပ်ပြက်သလို ပစ်ထည့်လိုက်တော့သည်။

သူ့လက်ပြန်ရုတ်လိုက်သောအခါတွင်မူ အဆိပ်ဆူးသည် သစ်တုံးထဲတွင် ခပ်နက်နက်စိုက်နေလေပြီ။ ဆူးချွန်၏ ထိပ်ဖျားသည် အိမ်ရိုက်သံတစ်ချောင်းကဲ့သို့ သစ်တုံးထဲ နစ်၀င်နေ၏။ သံတစ်ချောင်းအား တူဖြင့်ရိုက်သောအခါ ချွန်သောဘက်ခြမ်းသည် သစ်သားထဲစိုက်၀င်နေပြီး ရိုက်ခံရသောဘက်သည် အပြင်တွင် ကျန်နေခဲ့သလိုပင် ဖြစ်ပေသည်။

ဤအချင်းအရာကို ကြည့်ခြင်းအားဖြင့် ယုသည် ထိုလုပ်ငန်းစဉ်နှင့် အလွန်ပင် အကျွမ်းတ၀င်ရှိလှပြီး ထိုအရာအား သူအကြိမ်ပေါင်းများစွာ လုပ်ဖူးသည်မှာ သိသာလှ၏။

အဆိပ်များသုတ်လိမ်းထားသော ဆူးများသည် တစ်ချောင်းပြီးတစ်ချောင်း သစ်တုံးတွင် စိုက်၀င်သွားကြသည်။ အဆိပ်တစ်မျိုးအား ဆူးငါးချောင်းနှုန်းဖြင့် သုတ်လိမ်းထား၏။ ဖားတစ်မျိုး၏ အဆိပ်အား ဆူးငါးချောင်းတွင် သုတ်လိမ်းပြီးသောအခါ နောက်ဖားတစ်ကောင်အား ပြောင်း၍ အဆိပ်ထုတ်လေသည်။

“ဒီဖားရဲ့ အဆိပ်အမျိုးအစားကတော့ လူသတ်နိုင်တဲ့ အဆိပ်မျိုးမဟုတ်ဘူး ဒါပေမယ့် သူ့အဓိကအကျိုးသက်ရောက်မှုက ဒါပဲ” ယွီ အပြာရင့်ရောင်ဖားတစ်ကောင်ဆီမှ ထုတ်ထားသော အဆိပ်ကို ဆူးပေါ်တင်၍ အပင်တစ်ပင်၏ အရွက်အပိုင်းအစတစ်ခုပေါ် သုတ်လိမ်းပေးလိုက်သည်။

ချိ ကနဲအသံတစ်သံသာ ထွက်ပေါ်လာပြီး အဆိပ်

သုတ်ခံလိုက်ရသော အရွက်တွင် အပေါက်တစ်ခု ရုတ်ချည်း ပေါ်ပေါက်လာ၏။ ထိုနေရာမှ အငွေ့များလည်း ထွက်ပေါ်နေလေသည်။ ထိုနေရာမှ အနံ့အနည်းငယ် ထွက်ပေါ်နေသော်လည်း အဆိပ်သုတ်လိမ်းခဲ့သော အချိန်တွင်မူ ဘာအနံ့မှ ထွက်ပေါ် မနေခဲ့ချေ။

လူ့လက်ဖဝါးလောက်ပင် မရှိသော ဖားတစ်ကောင်ဆီမှ ထိုကဲ့သို့သော အဆိပ်မျိုးထွက်ပေါ်လာသည်မှာ ယုံရန်ပင် ခက်လှပေသည်။

ယွီ၏ အဆိပ်ထုတ်ခြင်း လုပ်ငန်းစဉ်တွင် ဆူးများကို အသုံးပြုရခြင်းမှာ ထိုဆူးများ၏ မျက်နှာပြင်၌ မျက်စိဖြင့်မမြင်နိုင်သော အလွှာတစ်ခုပါ၀င်ပြီး ထိုအလွှာသည် အဆိပ်များအား ပြယ်မသွားစေရန် ထိန်းပေးထားနိုင်ခြင်းကြောင့် ဖြစ်၏။

ယွီ ဆူးများအားအသုံးပြုကာ အဆိပ်ဆက်ထုတ်နေပြီး ဆူးများကို သစ်တုံးထဲသို့ ပစ်ထည့်နေလေသည်။

တုံးထဲမှ ဆူးများကို သူဆွဲမထုတ်ရခြင်းမှာ ထိုအဆိပ်များ ခြောက်သွားမည့် အချိန်ကို စောင့်နေခြင်းကြောင့် ဖြစ်၏။ ခြောက်သွားသည့် အခါဆူးများကို ဆွဲထုတ်မည်ဖြစ်ပြီး ထိုအချိန်တွင် အဆိပ်များကို သူအလိုရှိတဲ့အချိန်တိုင်း အသုံးပြုနိုင်တော့မည်သာ။ ခြောက်သွေ့သွားသော အဆိပ်များသည် သူ၏ ပြင်းအားအား လျော့ကျသွားစေမည် မဟုတ်ဘဲ တစ်ခုတည်းသော ကန့်သတ်ချက်မှာ အဆိပ်အားသိမ်းထားတာ ကြာလာလေလေ ထိုပြင်းအား လျော့သွားလေလေ ဖြစ်လာခြင်းသာ ဖြစ်ပေလိမ့်မည်။

ယွီ ဖားများဆီမှ အဆိပ်ထုတ်ပြီး ဆူးများပေါ်တ္ငင်သုတ်ကာ သစ်တုံးပေါ်တွင် စိုက်နေသည်ကို ရှောက်ရွှမ်ကြည့်နေလိုက်သည်။ ဖားအဆိပ်များသည် အဓိကအားဖြင့် သွေးကြောထဲရောက်မှသာ အစွမ်းပြလေ့ရှိသည်ကို ရှောက်ရွှမ် သိထား၏။ အကယ်၍ အဆိပ်လက်နက်နှင့် ခြစ်ရာတစ်ခုခုမလုပ်နိုင်ဘဲ အရေပြားကိုသာ ထိမိမည် ဆိုပါက အရေပြားပေါ်တွင် အဖုအပိန်များ ထွက်လာရုံမှအပ ဘာမှဖြစ်လာမည် မဟုတ်ပေ။ မီးတောက်ဦးချိုမျိုးနွယ်စုတွင်မူ အဆိပ်ရှိသတ္တဝါများအား သယ်ကြသောအခါ အကာအကွယ်

တစ်ခုခုအား ၀တ်ဆင်ထားတတ်ကြသည်။

သို့သော် ယခုအခါတွင် အရေပြားနှင့်ထိရုံဖြင့် အစွမ်းပြနိုင်သော ဖားအဆိပ်များ ရှိနေကြပြီး ခြစ်ရာထင်စရာပင် မလိုချေ။ ယွီ မှာမူ ထိုအဆိပ်များကို မည်သည့်အကာအကွယ်မှ မပါဘဲ ဆူးချွန်များဖြင့် ဂရုတစိုက်ကိုင်တွယ်နေလေသည်။ အကယ်၍ သူ့လက်သာ နည်းနည်းလေးချော်သွားပါက သူ့လက်တွင် အပေါက်ကြီးတစ်ပေါက် ပေါ်လာခြင်း သို့မဟုတ် အဆိပ်မိခြင်းများ ဖြစ်သွားစေနိုင်သည်။

အထူးသဖြင့် ဆူးချွန်များအား သစ်တုံးဆီသို့ ပစ်လိုက်သောအခါမျိုးတွင် အတော်များများမှာ အဆိပ်များ သူတို့လက်သို့ လာစင်မည်ကို စိတ်ပူကြ၏။ သို့သော် ယွီသည် အဆိပ်များစင်မလာခင် သူ့လက်အား ရုတ်ပလိုက်နိုင်၍ အဆိပ်အနည်းငယ်ပင် သူ့အား လာမစင်ခဲ့ချေ။

ရှောက်ရွှမ်အား ပိုအံ့ဩသွားစေသည်မှာ သစ်တုံးပေါ်တွင် ဆူးချွန်များစိုက်ရန် နေရာမကျန်တော့သောအခါ ယွီသည် လက်ကျန် ဆူးချွန်ကို သူ့ပါးစပ်တွင် ကိုက်ထားလိုက်ခြင်းဖြစ်၏။ ဆူး၏ အဆိပ်မရှိသော အပိုင်းကို ပါးစပ်ဖြင့်ကိုက်ထား၍ အခြောက်ခံလိုခြင်း ဖြစ်သည်။ အကယ်၍ အဆိပ်ရှိသော အပိုင်းသာ သူ့နှုတ်ခမ်းနှင့် မတော်တဆထိမိပါက သူနာကျင်ရမည်မှာ သေချာပေ၏။

ထိုအရာသည် အတော်လေး အန္တရာယ်များသော်လည်း အဖိုးအိုမှာမူ နည်းနည်းလေးမှ ဂရုစိုက်မနေဘဲ ထိုအဖြစ်အပျက်များအား အကြိမ်များစွာ မြင်ဖူးထားပုံ ပေါ်နေသည်။

ဆူးချွန်များပေါ်ရှိ အဆိပ်များ ခြောက်သွားသောအခါတွင်မူ ကောင်လေးသည် သစ်တုံးပေါ်မှ ဆူးချွန်များကို ဆွဲနှုတ်လိုက်သည်။ ဒါပေါ့ ဆွဲနှုတ်သည့် အခါတွင်တော့ လက်ချည်းသက်သက် ဆွဲနှုတ်ခြင်းမဟုတ်ဘဲ သစ်ရွက်များဖြင့် အုပ်ကိုင်၍ နှုတ်ခြင်း ဖြစ်၏။

ထို့နောက် အဆိပ်များခြောက်နေပြီဖြစ်သော ဆူးချွန်များကို ကိုင်ထားရင်း ရှောက်ရွှမ်ကို ပြောလိုက်သည်။ “ကောင်းပြီ ဒါတွေကို ခင်ဗျားစမ်းသုံးကြည့်လို့ရတယ် ကြိုက်ရင်တော့ အဖိုးကိုသာ ပြန်လာရှာပေတော့ ကျွန်တော်ကတော့ ပြန်သွားအိပ်ပြီ”

All Chapters