← Chapters

ကုန်သွယ်အဖွဲ့

Vol. 12 Ch. 168

ကုန်သွယ်အဖွဲ့

Vol. 12 Ch. 168

နောက်ဆုံးတွင် ယွီ သွားမအိပ်ခဲ့ပေ။ အဖိုးကြီးမှာလည်း ကူမျိုးနွယ်စု မနက်ဖြန်တွင် ပြန်မည်ဖြစ်ရာ သူ့အိမ်သို့ ပြန်သွားလေသည်။ ကူမျိုးနွယ်စုမပြန်ခင် တစ်ယောက်ယောက်သူ့အိမ်သို့ ဈေးလာ၀ယ်နိုင်သေးသည် မဟုတ်ပါလား။

ယွီသည် ဖားများအပေါ်အသေးစိပ် စမ်းသပ်ချက်များ ပြုလုပ်ပါသော်လည်း သူ့အချိန်အများစုကိုမူ မျိုးနွယ်စုထဲတွင် အိပ်စက်ခြင်းဖြင့်သာ ကုန်ဆုံး၏။ တစ်ခါတစ်ရံတွင် ကြာရွက်များပေါ်၌ အိပ်ရန် မြစ်ထဲသို့ သွားနေတတ်ပြီး တစ်ခါတစ်ရံတွင်မူ သစ်တောထဲသွား၍ သစ်ကိုင်းများပေါ်တွင် အိပ်နေတတ်သည်။ သူ့မိသားစုဟူ၍လည်း သူနှင့်သူအဖိုးသာရှိခြင်းဖြစ်ပြီး ကုန်သွယ်ရေးကိုလည်း သူစိတ်မ၀င်စားပေ။ သူစိတ်၀င်စားသည်မှာ မျိုးနွယ်စုထဲ တွင် ကစားရန်ဖြစ်ပြီး သူ့အဖိုးသည် သူ့အား ကစားခွင့်မပေးခဲ့ချေ။

ရှောက်ရွှမ် ကုန်သွယ်ရာ၌ အိုးခွက်ပစ္စည်းများနှင့် လီနင်သား အ၀တ်စကြမ်းကြမ်းများကို စိတ်မ၀င်စားခဲ့ပေ။ ထိုအရာများကို ဂရုမစိုက်ဘဲ သူစိတ်၀င်စားသည်မှာ ဖားအဆိပ်များသာဖြစ်သည်။ ယွီသည်လည်း အဆိပ်နှင့် ပတ်သက်၍ အလွန်ဗဟုသုတကြွယ်သော ကောင်လေးဖြစ်သောကြောင့် ထိုအရာများအား မည်သို့ အသုံးပြုရမည်ကို ကောင်းကောင်းသိနေ၏။ ကြည့်ရသည်မှာ ယခုအချိန်သတွင် သူ့ထောင်ချောက်များအား အဆင့်မြှင့်ရန် အခွင့်အရေးတစ်ခု ရှိနေပုံပေါ်သည်။

သို့သော် ယွီသည် အမြဲပျင်းရိနေတတ်သောကြောင့် ရှောက်ရွှမ်နှင့်စကားမပြောချင်ခဲ့ပေ။

ပုမျိုးနွယ်စုမှ လူများလိုပင် ကူမျိုးနွယ်စုဝင်များကိုလည်း အရူးများဟူ၍သာ ယွီ ထင်မိသည်။ ကျောက်တုံးကြိယာများနှင့် အခြားပစ္စည်းများအပြင် သူတို့၀ယ်လိုကြသည်မှာ ဘာမှအသုံးမ၀င်သော ပစ္စည်းများ ဖြစ်ကြ၏။

“တကယ်လို့ ကျွန်တော့်မှာသာ ရေလကျောက်တုံးတွေ အများကြီးရှိနေရင် အစားအသောက်တွေ အများကြီးနဲ့ လဲပစ်မယ် တစ်ချို့ကိုတော့ အဆင့်မြင့်ကြိယာ တွေနဲ့လဲမယ် ဒါ‌ဆို ဆာလာတဲ့အခါ စားလို့ရပြီး ဗိုက်ပြည့်သွားရင် အပြင်ထွက်ဆော့ရုံပဲ” ယွီပြောလိုက်သည်။

ယွီသည် ဖားအဆိပ်များကို သားရဲထောင်ချောက်ပြုလုပ်သည့် နေရာတွင်လည်း သုံး၏။ ထောင်ချောက်ပြုလုပ်ရာတွင် အသုံးပြုရသော ပစ္စည်းများမှာ ပုမျိုးနွယ်စုတစ်ဝိုက်တွင်ရှိသော ပစ္စည်းများမဟုတ်ကြဘဲ အခြားမျိုးနွယ်စုများနှင့် ကုန်သွယ်သောအခါမှသာ ရနိုင်သောပစ္စည်းများ ဖြစ်ကြသည်။

ယွီပြောပြသည်အား နားထောင်ပြီးသောအခါ မီးတောက်ဦးချိုမျိုးနွယ်စုနှင့် ဒီလူများ၏ လူနေမှုပုံစံသည် အလွန်ကွဲပြားသည်ဟု ခံစားလိုက်ရသည်။

ကူမျိုးနွယ်စုသည် မြစ်ထဲတွင် ငါးများရှိကြသောကြောင့် အစားအသောက်အတွက် စိတ်ပူစရာမလိုချေ။ အနီးနားရှိ တောင်တစ်ဝိုက်တွင် သားရဲတစ်ချို့လည်း ရှိနေတတ်၏။ ဒါတောင်မှ သားရဲမလောက်သေးလျှင်လည်း မြစ်ကြောင်းကိုသုံး၍ အခြားမျိုးနွယ်စုများဆီသို့ သွားနိုင်သေးသည်။ သူတို့စိုးရိမ်ရသည့် တစ်ခုတည်းသော အရာမှာ ရေလကျောက်တုံးများ အထွက်နည်းခြင်းများခြင်းနှင့် ကျူးကျော်သူများကို ခုခံရန်လောက်သာ ဖြစ်၏။ ဒါပေါ့ နှစ်တိုင်းလည်း အခြားမျိုးနွယ်စုများဆီမှ ဆိုးဆိုးရွားရွားကျူးကျော်မှုမျိုး ခံနေရခြင်းမျိုး မဟုတ်ပေ။

ပုမျိုးနွယ်စုအတွက်မူ မျိုးနွယ်စု၀င် အများစုသည် အမဲလိုက်ရခြင်းကို မကြိုက်ကြချေ။ အမဲလိုက်ခြင်းကဲ့သို့ အန္တရာယ်များသော အရာနှင့်ယှဉ်ပါက ကုန်သွယ်ခြင်းသည် သူတို့အား အစားအစာနှင့် နေ့စဉ်သုံးပစ္စည်းများကဲ့သို့သော အရာမျိုးကို ပိုလွယ်လွယ်ရစေနိုင်၏။ သူတို့၏ ဘိုးဘေးများမှာ အလွန်

ကံကောင်းခဲ့ကြသောကြောင့် နောက်မျိုးဆက်များ၏ ဘ၀မှာလည်း သာယာစိုပြေလှသည်။ ယခုအချိန်တွင်မူ ကုန်သွယ်ခြင်းနှင့် ပုမျိုးနွယ်စုဆိုသည်မှာ ခွဲခြား၍ မရသော အရာများ ဖြစ်နေကြလေပြီ။

ပုမျိုးနွယ်စုတွင် ကုန်သွယ်ရေးထွက်သော အဖွဲ့မှလွဲလျှင် ကျန်မျိုးနွယ်စု၀င်များမှာ မျိုးနွယ်စုထဲတွင်သာ နေ၍ ကုန်သွယ်ကြခြင်း ဖြစ်၏။ သူတို့သည် မျိုးနွယ်စုထဲ ကုန်စည်လာလဲလှယ်မည့် အခြားမျိုးနွယ်စုများကိုသာ စောင့်စရာလိုပြီး အပူဒဏ် အအေးဒဏ်ခံပြီး ကုန်ထွက်သွယ်စရာ မလိုအပ်ကြချေ။ ထိုနည်းဖြင့် သူတို့သည် သားရဲများ၏ အန္တရာယ်မှလည်း ရှောင်ရှားနိုင်ကြသည်။

ကုန်သွယ်အဖွဲ့အတွက်မူ သူတို့ ပတ်၀န်းကျင်ရှိ မျိုးနွယ်စုအတော်များများသည် သူတို့ပိုင်နက်နယ်မြေထဲမှ ထွက်ရသည်ကို မကြိုက်ကြချေ။ ထို့ကြောင့် သူတို့ကုန်သွယ်ရေးသည် ပုမျိုးနွယ်စု ကုန်သွယ်အဖွဲ့ပေါ်တွင်သာ မူတည်နေပေသည်။

သူတို့ဒေသတွင် အန္တရာယ်များသော သားရဲများမှာလည်း ထိုမျှ မရှိကြဘဲ တောင်များသည်လည်း မီးတောက်ဦးချိုမျိုးနွယ်စုရှိ တောင်များကဲ့သို့ အန္တရာယ်အလွန်များသော တောင်များ မဟုတ်ကြပေ။ ဗုံမျိုးနွယ်စုမှ ပုမျိုးနွယ်စုသို့ ခရီးသည်ပင် နေ့တစ်၀က်သာ ကြာသော ခရီးဖြစ်၏။ အကယ်၍ မီးတောက်ဦးချို အမဲလိုက်အဖွဲ့ ဆိုပါက ထိုမျှသော ခရီးကို နေ့တစ်၀က်ပင်ကြာလိမ့်မည် မဟုတ်ပေ။

ဤဘက်ကမ်းရှိ လူသားများသည် စည်းလုံးကြပေသည်။ သူတို့ကြားတွင် ကြီးကြီးမားမား အငြင်းပွားစရာ ပြဿနာများလည်း မရှိကြသောကြောင့် သားရဲများ၏ အန္တရာယ်ကိုလည်း မကြောက်ကြချေ။

မျိုးနွယ်စုတိုင်းတွင် ကိုယ်ပိုင်ရှင်သန်မှု ပုံစံများ ရှိနေကြ၏။ ထိုနေရာတွင် ပုမျိုးနွယ်စု၀င်များမှာ ကုန်သွယ်ရာ၌ ပါရမီပါကြ၍ စီးပွားရေးသမားများနှင့် ပိုတူကြပေသည်။

“ကုန်သွယ်ရေးအဖွဲ့က ပုံမှန်ဆို ဘယ်ကိုသွားကြတာလဲ ဗဟိုမျိုးနွယ်စုတွေဆီကိုလား” ရှောက်ရွှမ် မေးလိုက်သည်။

“အင်း အကြိမ်အများစုပေါ့ ဘာလဲ ခင်ဗျားသွားချင်လို့လား”

“ဟုတ်တယ် တကယ်တော့ငါက မျိုးနွယ်စုကနေ အတွေ့အကြုံရှာချင်လို့ ထွက်လာခဲ့တာ” ရှောက်ရွှမ် ဖြေလိုက်သည်။

ယွီ ရုတ်တရက်အားကျသွားမိ၏။ အခြားလူငယ်လေးများ အပြင်ထွက်သလို သူလည်းထွက်ချင်ပေသည်။ မျိုးနွယ်စု၏ ကုန်သွယ်အဖွဲ့တွင်လည်း လူငယ်များ အဓိကပါ၀င်ကြခြင်း ဖြစ်၏။ သူနှင့်ရွယ်တူ ကောင်လေးများ သူတို့မိဘများနှင့် အတူ အပြင်ထွက်ကြသည်ကို မြင်ရပါက သူလည်းထိုသို့ ဖြစ်နိုင်စေဖို့ သူဆုတောင်းခဲ့ဖူးလေသည်။ ကံဆိုးစွာဖြင့် သူ့မိဘများသည် ကုန်သွယ်ထွက်ရင်း သေသွား

ခဲ့ကြပြီး ထိုနှစ်က ကုန်သွယ်ရေးအဖွဲ့အတွက် အကြီးမားဆုံးဆုံးရှုံးခဲ့သော နှစ်ဖြစ်၏။ ထွက်ခွာသွားသော ကုန်သွယ်အဖွဲ့၏ ၇၀ရာခိုင်နှုန်းသော အဖွဲ့၀င်များမှာ ပြန်မလာနိုင်ခဲ့ကြပေ။ အဖိုးကြီး သူ့မြေးအား ကုန်သွယ်မလွှတ်သည်မှာလည်း ထိုအရာကြောင့် ဖြစ်ပေသည်။

“ပြောရရင် ကုန်သွယ်ထွက်ရတာလည်း တစ်ခါတစ်လေမှာ အတော်လေး အန္တရာယ်များနိုင်တယ်ဗျ အခေါက်တိုင်းတော့ မဟုတ်ဘူးပေါ့လေ” ယွီပြောလိုက်၏။

ပုမျိုးနွယ်စုတ္ငင် ခေါင်းဆောင်ကွမ်းဟူသည် လူငယ်များ ကုန်သွယ်အဖွဲ့၌ ပါ၀င်ခြင်းကို အလွန်သဘောကျပေသည်။

ငြိမ်းချမ်းသော ခေတ်ကာလမဟုတ်သောကြောင့် ဥပဒေများလည်း မရှိလေရာ သတ်ဖြတ်ခြင်းဆိုသည်မှာတော့ ရှားပါးသောအရာမျိုး မဟုတ်ခဲ့ပေ။

ထို့ကြောင့် ကုန်သွယ်အဖွဲ့၀င်များသည် လမ်းခရီး၌ ကိုယ့်ကိုကိုယ်သာ ကာကွယ်ကြရမည် ဖြစ်၏။

“ကံဆိုးတာက အဖိုးကြီးက ကျွန်တော့်ကို လိုက်ခွင့်မပေးဘူး” သူ့ဒုက္ခမှာလည်း အလွန်ကြီးသည်ဟု ယု ခံစားလိုက်ရသည်။ သူဖားအ‌ဆိပ်များအား လေ့လာနေခြင်းသည် စိတ်၀င်စား၍ ဖြစ်သော်လည်း သူ့တွင် နောက်ရည်ရွယ်ချက်တစ်ခုလည်း ရှိနေသေး၏။ ထိုအရာမှာ ကုန်သွယ်အဖွဲ့တွင် လိုက်ပါနိုင်ရန် ကြိုတင်ပြင်ဆင်နေခြင်း ဖြစ်သည်။

“မင်းတို့ မျိုးနွယ်စုကုန်သွယ်အဖွဲ့က ဘယ်တော့ထွက်မှာလဲ” ရှောက်ရွှမ် မေးလိုက်၏။

ယခုအချိန်တွင် မျိုးနွယ်စုမှ ကုန်သွယ်ရေးအဖွဲ့တစ်ဖွဲ့သည် နှစ်လကြာခရီးတစ်ခုထွက်သွားပြီး အခုထိ ပြန်မလာသေး‌ပေ။ ကုန်သွယ်အဖွဲ့မှ တစ်ယောက်သည်တော့ မျိုးနွယ်စုအား မကြာခဏ ပြန်လာနေပြီး သူတို့၀ယ်လာသမျှ ပစ္စည်းများအား ပြန်ပို့ပြီး ရေလ

ကျောက်တုံးများနှင့် ပြန်ဖြည့်နေသည်ဟု ယု ပြောခဲ့သည်။

ယွီနှင့် ခဏစကားပြောပြီးနောက် ရှောက်ရွှမ် ဖူရှစ်အားလိုက်ရှာလိုက်သည်။ ယနေ့ညတွင် ကူမျိုးနွယ်စု၀င်များသည် ပုမျိုးနွယ်စုထဲ၌ပင် နေကြမည်ဖြစ်ပြီး မနက်မှသာ ပြန်ကြမည် ဖြစ်သည်။

ရှောက်ရွှမ် ပုမျိုးနွယ်စု ကုန်သွယ်အဖွဲ့အကြောင်း အနားပတ်၀န်းကျင်တွင် စုံစမ်းကြည့်ခဲ့၏။ သူတို့ဆိုသည်မှာ မျိုးနွယ်စု၀င်မဟုတ်သော အပြင်လူတစ်ယောက်ယောက်ကိုလည်း ကုန်သွယ်အဖွဲ့၌ ခေါ်သွားနိုင်သည်ဟု ဆိုလေသည်။ သို့သော် ထိုအတွက် ရေလကျောက်တုံးများတော့ ပေးရပေလိမ့်မည်။ ရှောက်ရွှမ် ထိုအရာအတွက်တော့ စိတ်အနှောင့်အယှက် မဖြစ်ခဲ့ပေ။ သူနှင့် အစိမ်းသက်သက်ဖြစ်နေသော နေရာဒေသတစ်ခုအား ပိုသိရှိစေရန်မှာ ပုမျိုးနွယ်စုနှင့် လိုက်သွားခြင်းကသာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။

ရှောက်ရွှမ် ကုန်သွယ်အဖွဲ့ခေါင်းဆောင်အား လိုက်ရှာလိုက်ပြီး ရေလကျောက်တုံး သုံးတုံးပေးလိုက်ကာ တံဆိပ်ပြားတစ်ခုအား ပြန်ယူလာခဲ့လေသည်။ ကုန်သွယ်ရေးအဖွဲ့မှာ နောက်သုံးရက်အကြာ၌ စထွက်တော့မည် ဖြစ်၏။ ထိုအခါ ရှောက်ရွှမ်သူ့တံဆိပ်ပြားအား ပြရန်သာလိုပြီး ပြပြီးပါက အဖွဲ့နှင့်အတူတူလိုက်ပါသွားနိုင်ပေလိမ့်မည်။

ရှောက်ရွှမ် ကုန်သွယ်အဖွဲ့နှင့် လိုက်သွားမည်ဟု သိလိုက်ရသောအခါ ကူမျိုးနွယ်စု၀င်များ စိတ်ရှုပ်သွားကြရသည်။ သူတို့အမြင်တွင် ဒီနေရာ၌ စောင့်ပြီး ကုန်စည်လဲလှယ်ရခြင်းမှာသာ အကောင်းဆုံးဖြစ်ပြီး ကုန်စည်များရောက်လာပါက ရေလကျောက်တုံးများ ပေး၍ လဲလှယ်လိုက်ရုံပင်။ ထို့ကြောင့် ရှောက်ရွှမ်လုပ်ရပ်သည် ရေလကျောက်တုံးများကို ဖြုန်းတီးပစ်လိုက်ခြင်းဟု သူတို့ ထင်နေကြ၏။

သို့သော် ရှောက်ရွှမ်သည် မျိုးနွယ်စုမှ အတွေ့အကြုံရှာရန် ထွက်လာသည်ကို သိရှိထားသော ဖူရှစ်မှာမူ ဘာမှထုတ်ပြောမနေတော့ဘဲ သူပြောလိုသမျှကို သူ့

စိတ်ထဲတွင်သာ သိမ်းထားလိုက်လေသည်။

နောက်တစ်နေ့တွင် ကူမျိုးနွယ်စုသည် အိမ်ပြန်ရန် အသင့်ဖြစ်နေကြပြီး ဖူရှစ်မှာလည်း သူ့ကြိမ်ခြင်းထဲတွင် ပစ္စည်းများ အပြည့်နှင့် အလွန်ပျော်ရွှင်နေ၏။ အသုံးလိုသော ကျောက်တုံးများ၊ ကျောက်အသံုးအ‌ေဆာင်များ၊ အိုးခွက်များနှင့် အ၀တ်စများသည် သူ့ကြိမ်ခြင်းထဲတွင် အပြည့် ဖြစ်နေကြသည်။ သူမျိုးနွယ်စုသို့ ပြန်ရောက်သည့်အခါ၌ မျိုးနွယ်စု၀င်များသည် သူ့အား မနာလိုဖြစ်နေကြမည်မှာ သေချာသလောက်ပင်။ ထိုအကြောင်းအား တွေးမိသောအခါ ဖူရှစ်မထိန်းနိုင်တော့ဘဲ အော်ရယ်မိပြီး ဤခရီးသည် သူ့အတွက် အမှန်တကယ်ပင်ထိုက်တန်လှသည်ဟု တွေးလိုက်မိ၏။ သို့သော် အချိန်ခဏအတွင်းတော့ သူဒီနေရာသို့ လဲလှယ်ရန် လိုက်တော့မည် မဟုတ်ပေ။ ဆောင်းတွင်းရောက်မှသာ ဆောင်းခိုရန် အစားအစာအချို့ လာလဲမည် ဖြစ်၏။

“ဒါဆို ငါတို့အရင်ပြန်နှင့်တော့မယ် ရှောက်ရွှမ် မင်းပြန်လာရင်လည်း ငါတို့ကူမျိုးနွယ်စုကို လာလည်ဖို့ မ

မေ့နဲ့ဦးနော်” ဖူရှစ် မိကျောင်းကြီးပေါ်တွင် ကြိမ်ခြင်းအားပိုက်ထားရင်း ရှောက်ရွှမ်ကို ပြောလိုက်သည်။

“ကောင်းပါပြီ ကျွန်တော်ကျိန်းသေပေါက် ထပ်လာခဲ့ပါ့မယ်”

ကူမျိုးနွယ်စု ပြန်သွားသည်အား ရှောက်ရွှမ်ကြည့်နေလိုက်သည်။ ထို့နောက် ပုမျိုးနွယ်စုမှ လူတစ်ချို့နှင့် စကားပြောကာ သတင်းအချက်အလက်စုဆောင်းလိုက်ပြီး ကုန်သွယ်အဖွဲ့တွင် လိုက်ပါရန် ပြင်ဆင်လေတော့သည်။

ထိုလူများနှင့် စကားပြောနေရင်း ယု သူ့ဆီအမြန်ပြေးလာနေသည်ကို ရှောက်ရွှမ် မြင်လိုက်ရသည်။

“ယွီ ဘာဖြစ်လို့လဲ” ရှောက်ရွှမ်မေးလိုက်၏။

ရှောက်ရွှမ်အားမြင်သောအခါ ယွီမျက်နှာပေါ်ရှိ အပြုံးမှာ တောက်ပလာလေသည်။

“ကျွန်တော့ အဖိုးက သဘောတူလိုက်ပြီ ဟားဟား ကျွန်တော် အဖွဲ့ခေါင်းဆောင် ဖန်းနင် ကိုလာတွေ့တာ ပြီးရင်တော့ ခရီးစထွက်တဲ့အခါ ကျွန်တော်လည်းလိုက်လို့ရပြီ” ထိုစကားများအား ပြောနေစဉ်တွင် ယုအမူအရာမှာ အရင်နေ့များကကဲ့သို့ အိပ်ချင်နေသော အမူအရာမျိုး မရှ်ိတော့ဘဲ အလွန်ပင် တက်ကြွနေလေ၏။

ဖန်းနင်သည် ကုန်သွယ်ရေးအဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး ရှောက်ရွှမ် မနေ့က သွားပြောခဲ့ရသော သူမှာလည်း သူဖြစ်သည်။

“ဂုဏ်ယူပါတယ်” ရှောက်ရွှမ် ပြောလိုက်၏။

“ဟီးဟီး မပြောတော့ဘူး ကျွန်တော် ပြန်ပြီးပြင်ဆင်ရဦးမယ်” ယွီပြန်ပြောလိုက်သည်။

ရက်အနည်းငယ်ကြာ မျိုးနွယ်စုထဲ‌ေနပြီးသည့်နောက် ပုမျိုးနွယ်စု၏ အခြားမျိုးနွယ်စုများနှင့် လုပ်ငန်းများကိုလည်း ရှောက်ရွှမ်တွေ့လိုက်ရ၏။ ဥပမာအားဖြင့် လော့မျိုးနွယ်စု၏ ပိုက်ကွန်ကြီးများ ဖြစ်ကြသည်။ ထိုပိုက်ကွန်ကြီးများသည် ရေထဲတွင် ငါးများကိုဖမ်းနိုင်ပြီး ကုန်းပေါ်တွင်မူ သားရဲများကို ဖမ်းနိုင်ကြသည်။ ထိုပိုက်ကွန်နှင့် ဆိုပါက အစားအစာအတွက် စိတ်ပူရန် လိုအပ်တော့မည် မဟုတ်ပေ။

လော့ မျိုးနွယ်စု လာတိုင်း သူတို့သည် သားကောင်များဖမ်းလာသော ပိုက်ကွန်များကို ပုမျိုးနွယ်စုနှင့် လဲလှယ်ရန် ယူလာတတ်ကြ၏။

လော့မျိုးနွယ်စုအပြင် အခြားမျိုးနွယ်စု အသေးလေးများလည်း ရှိကြသေးသည်။ ထိုမျိုးနွယ်စုများသည် သိပ်မချမ်းသာပါသော်လည်း သူတို့၌ ကျောက်တုံးအသံုးအ‌ေဆာင်ပြုလုပ်နည်းများ ကျောက်တုံးရှာ

နည်းများ ရှားပါးသော သတ္တုများနှင့် ဆေးဝါးပင်များကဲ့သို့‌ေသာ ကိုယ်ပိုင် အသက်ရှင်သန်ရေးနည်းလမ်းများ ရှိကြ၏။ ဆေးပင်များကိုမူ ဆေးပင်အကြမ်းများနှင့် ဆေးအချောများဟူ၍ လဲလှယ်‌နိုင်ပေသည်။

ပုမျိုးနွယ်စုတွင် ရက်အနည်းငယ်နေပြီးသည့်နောက် ရှောက်ရွှမ်ပစ္စည်းကောင်းတစ်ချို့ လဲလှယ်ရရှိခဲ့သည်။ ခရီးတစ်ခု ထွက်ရမည်ဖြစ်သောကြောင့် ခရီးအတွက် မရှိမဖြစ်လိုအပ်သော ကျောက်တုံးကောင်းကောင်းတစ်ချို့ ၀ယ်ယူရ၏။ ထို့အပြင် ကျောက်တုံးများအား ပုံဖော်ရမည်လည်း ဖြစ်လေရာ ကျောက်တုံးထွင်းသည့် ကြိယာတစ်ချို့လည်း ရှောက်ရွှမ်လဲလှယ်ခဲ့သည်။

ကျောက်တုံးကြိယာများနှင့် ဆေးပင်များ။ ထိုအရာများသည် မသွားခင် သူပြင်ဆင်သွားရမည့် အရာများ ဖြစ်ကြ၏။

အလယ်အလတ်နှင့် အဆင့်မြင့်ကျောက်တုံးများအား ဤနေရာတွင် ရရှိရန် မလွယ်ကူလေရာ ရှောက်ရွှမ်ကျောက်တုံးအပိုများ ၀ယ်ထားရလေသည်။

ပုမျိုးနွယ်စု၏ ကုန်သွယ်ရေးခရီးသည် ဆယ်ရက်အကြာတွင် စတင်တော့ပေမည်။

ထွက်ခွာမည့် နေ့သို့ရောက်သောအခါ ရှောက်ရွှမ်မှာလည်း အသင့်ဖြစ်နေလေသည်။

အဖွဲ့သည် လူ၂၀၀ ကျော်ပါ၀င်ပြီး ၉၀ ရာခိုင်နှုန်းသည် ပုမျိုးနွယ်စု၀င်များ ဖြစ်ကြသည်။ ယခုအခါတွင် အဖွဲ့သည် မြစ်အတွင်းသို့ စတင်ရောက်ရှိနေ၏။

လည်ပင်းတွင် သားရေအိတ်တစ်အိတ်ကိုလွယ်ထားရင်း ကြိမ်ခြင်းကြီးတစ်ခုအား ကျောတွင်ပိုးကာ အဖိုးအိုကို နှုတ်ဆက်ခဲ့ပြီး ယု အမြန်ပြေးထွက်လာခဲ့သည်။

သူ့ကြိမ်ခြင်းထဲ၌ ကျောက်ဓား လှံခေါင်းနှင့် အသားခြောက်တချို့ပါ၀င်ပြီး ပိုးကောင်ကင်တစ်ချို့ပင် ထည့်ယူလာသေး၏။

အဖိုးအိုမှာ အဖွဲ့ထဲရှိ သူသိသော လူများကို ပစ္စည်းအချို့လိုက်ပေးနေပြီး ရှောက်ရွှမ်လက်ထဲသို့လည်း ဖားအဆိပ်တစ်ပုလင်း ထည့်ပေးခဲ့သည်။ ယုသည် အဖွဲ့နှင့်ပထမဆုံးလိုက်ပါခြင်းဖြစ်ရာ အဖွဲ့ထဲမှလူများ သူ့အားကြည့်ရှုပေးကြရန် သူမျှော်လင့်နေမိ၏။

စီးပွားရေးသမားများအနေနှင့် ဤလူများ၏ ဦးနှောက်သည် ကူမျိုးနွယ်စုဝင်များထက် ပိုကောင်းသည်ဟု ရှောက်ရွှမ် တွေးလိုက်မိသည်။

ရှောက်ရွှမ် အဖိုးအိုအား ကြည့်ကာ သက်ပြင်းချလိုက်ပြီး ယွီကျောပေါ်မှ ကြိမ်ခြင်းကို ယူလိုက်သည်။

“ငါကူသယ်ပေးမယ် ဖောင်ပေါ်ရောက်မှ ပြန်ယူပေါ့”

“ဟေးး မရပါဘူး ခင်ဗျားမှာလည်း ပစ္စည်းတွေ အများကြီးနဲ့ကို ကျွန်တော့်ခြင်းကအတော်လေးတာဗျ ခင်ဗျားသယ်နိုင်မှာမဟုတ်…” ယွီပြောမပြီးသေးခင် ရှောက်ရွှမ်သူ့ခြင်းအား လက်တစ်ဖက်ထဲဖြင့် အလွယ်တကူ မလိုက်သည်ကို တွေ့လိုက်ရ၏။

ယွီနှင့် အနားရှိလူများမှာ ရှောက်ရွှမ်အား ကြောင်ကြည့်နေကြရင်း “ခင်ဗျားက ဘယ်မျိုးနွယ်စုကလဲ”

ကူမျိုးနွယ်စုထက် အားပိုကြီးသော မျိုးနွယ်စုမျိုးကို ယုအရင်က မမြင်ခဲ့ဖူးပေ။

“မီးတောက်ဦးချို” ရှောက်ရွှမ် ပြောလိုက်သည်။

“အို့” ယွီနှင့် အခြားလူများသည် ထိုမျိုးနွယ်စုနာမည်အား မှတ်မိသွားကြ၏။

ရှောက်ရွှမ်တစ်ချက်ပြုံးလိုက်ပြီး အခြားသူများနှင့်အတူ ဖောင်ပေါ်သို့ ခုန်တက်လိုက်လေသည်။

နတ်ဆေးဆရာသည် သူ့အားတာ၀န်တချို့ ပေးလိုက်၏။ ယခင်က သဘာ၀ဘေးအန္တရာယ်များကြောင့် မီးတောက်ဦးချိုမျိုးနွယ်စု နှစ်ခုကွဲခဲ့ရပြီး ဒီဘက်ကမ်း၌ မျိုးနွယ်စုတစ်ခု ကျန်ရစ်ခဲ့လေသည်။ ထို့ကြောင့် မြစ်တစ်ဖက်ကမ်းရှိ မီးတောက်ဦးချို မျိုးနွယ်စုမှာလည်း သူတို့မျိုးနွယ်စု၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပေသည်။ ရှောက်ရွှမ် ထိုမျိုးနွယ်စုအား ရှာဖွေရန် လိုအပ်၏။ သို့သော် ယခုအချိန်ထိ မီးတောက်ဦးချို မျိုးနွယ်စု ဟူသော နာမည်မျိုးကို သူဘယ်မှာမှ မကြားမိသေးချေ။

နတ်ဆေးဆရာသည် သူ့အား အမှတ်အသားကျောက်တုံးတံဆိပ်တစ်ခုပေးခဲ့ပြီး ချာချာ၏ ခြေထောက်

တွင်လည်း ဆေးမှင်ကြောင်တစ်ခုဆွဲပေးခဲ့လေသည်။ ရှောက်ရွှမ်အား ထိုအရာများကို ဖုံးကွယ်မထားရန်လည်း ပြောလိုက်ပြီး အကယ်၍ ကမ္ဘာကြီးမှ မီးတောက်ဦးချိုမျိုးနွယ်စုအား မေ့သွားသည်ဆိုပါက သူတို့က ပြန်မှတ်မိသွားအောင် လုပ်ပေးလိုက်မည်သာ။

ထို့အပြင် သူ့နတ်ရုပ်အမှတ်အသားအား ယခုအခါတွင် ဖုံးကွယ်ထားပါသော်လည်း တိုက်ခိုက်ဖို့လိုအပ်လာပါက သူထိုအမှတ်အသားကို ထုတ်ဖော်လိုက်မည် ဖြစ်ပြီး လိမ်နေစရာ အကြောင်းမရှိပေ။

All Chapters