ကျွန်များ
Vol. 12 Ch. 169
ကုန်သွယ်ရေးအဖွဲ့သည် ပုမျိုးနွယ်၏ အဓိကမြစ်ကြောင်း၏ မြစ်ခွဲတစ်ခုမှ စတင်ထွက်ခွာလာခဲ့သည်။
ဤမြစ်ကြောင်းထဲတွင်မူ ကြာရွက်အများအပြား မရှိကြပေ။ အဖွဲ့၀င်တစ်ယောက်ချင်းစီတိုင်းသည် ဝါးဖောင်များပေါ်တွင် ရပ်နေကြ၏။
ရှောက်ရွှမ်မှာ ယွီနှင့် ဖောင်တစ်ခုတည်း စီးလိုက်သည်။ ထို့နောက် ပတ်၀န်းကျင်မှလူများ ယွီအား ရှင်းပြနေသည်များကို နားထောင်လိုက်၏။
ဖောင်များအထက်မှ ကောင်းကင်ပေါ်တွင်မူ ချာချာ ပျံသန်းလိုက်ပါလာသည်။ ဤကိစ္စကိုလည်း အဖွဲ့ခေါင်းဆောင် ဖန်းနင်အား ပြောပြပြီးဖြစ်၏။
ထိုသို့ပြောလိုက်စဉ်က ဖန်းနင်သူ့အား ချာချာအတွက် ရေလကျောက်တုံးအနည်းငယ် ထပ်တောင်းပါသော်လည်း ရှောက်ရွှမ် ငြင်းခဲ့သည်။ ချာချာမှာ ကောင်းကင်ပေါ်တွင် ပျံသန်းရင်း သူတို့အဖွဲ့အတွက် အန္တရာယ်များကိုလည်း ကြိုသတိပေးနိုင်ဦးမည်ဖြစ်ရာ ထိုမျှ အကျိုးပြုနေပါသည်ကို အခကြေးငွေထပ်လိုချင်နေပါသေးသလား။ ဤခေတ်သည် စီးပွားရေးထွန်းကားသော ခေတ်မျိုးမဟုတ်ပါသော်လည်း ပုမျိုးနွယ်စု၀င်များသည် စီးပွားရေးအလွန်ဆန်ကြသော လူများ ဖြစ်ကြပေသည်။
နောက်ဆုံးတွင် သူမငြင်းနိုင်လေရာ ဖန်းနင် မျက်နှာမဲကြီးနှင့် ပြန်ထွက်သွားရ၏။
ဤခရီးသည် အလွန်ဝေးသော ခရီးမျိုးဖြစ်ပေရာ တစ်ရက်နှစ်ရက်နှင့် ရောက်နိုင်သော ခရီးမျိုးမဟုတ်ဘဲ တစ်ခါတစ်ရံတွင် ရက်ပေါင်း ရာနှင့်ချီ၍ပင် ကြာသေးသည်။
ဤဒေသတစ်ဝိုက်သည် မျိုးနွယ်စုများ အခြေစိုက်ရာဒေသဖြစ်သောကြောင့် မြစ်နားတွင် အန္တရာယ်ရှိသော အရာများတော့ မရှိတတ်ကြပေ။ တစ်ခါတလေတွင် မြစ်ထဲရှိ အန္တရာယ်တစ်ချို့နှင့် မတော်တဆဆုံရတတ်ခြင်း ဒါမှမဟုတ် မျိုးနွယ်စုတစ်ချို့၏ နှောင့်ယှက်ခံရခြင်းမျိုးမှအပ ယေဘုယျအားဖြင့် လုံခြုံပေသည်။
ကြိမ်ဖန်များစွာ ခရီးထွက်ခဲ့ဖူးသောကြောင့် ပုမျိုးနွယ်စုသည် မည်သည့်လမ်းကြောင်းမှ သွားလျှင် ပိုအန္တရာယ်ကင်းမည်ကိုလည်း သိကြ၏။ ရှောက်ရွှမ် သူတို့သွားနေသော လမ်းကို စိတ်ထဲမှ တိတ်တဆိတ်မှတ်ထားလိုက်သည်။ သူတစ်ယောက်ထဲရှိသောအခါ ထိုလမ်းကို သူ့သားရေမြေပုံပေါ်တွင် ဆွဲပြီး သူ့မြေပုံအား ဖြည်းဖြည်းချင်း ဖြည့်ရပေလိမ့်မည်။ အကယ်၍ မီးတောက်ဦးချိုမျိုးနွယ်စုသာ တစ်ချိန်ချိန် ဒီဘက်ကမ်းသို့ ပြောင်းရွှေ့အခြေချပါက သူတို့ မြေပုံတစ်ခုလိုအပ်လာမည်မှာ သေချာလှသည်။
နှစ်ပေါင်း ၁၀၀၀ နီးနီး ကြာခဲ့ပြီးသည့်နောက် ဤနေရာသည် အလွန်ပြောင်းလဲသွားခဲ့ပြီး ဘိုးဘေးများ မှတ်တမ်းတင်ထားသကဲ့သို့ အခြေအနေမျိုး မရှိတော့ပေ။
သူတို့အဖွဲ့သည် ဆက်သွားနေရင်း မြစ်ပြင်မှာ တဖြည်းဖြည်း ကျယ်လာသည်ကို တွေ့လိုက်ရသည်။ မြစ်ကြောင်းတစ်လျှောက်သွားနေရင်းလည်း လူအရိပ်အခြေများကို အမြဲတွေ့နေရ၏။ မြစ်ကမ်းမှလူများ ပြောနေသည်ကို ကြားရပုံအရ ဤနေရာနှင့် မနီးမဝေး၌ မျိုးနွယ်စုအသေးလေးတစ်ခု ရှိပုံပေါ်သည်။ သို့သော် ထိုမျိုးနွယ်စုလေးသည် အပြင်လူများနှင့် ဆက်သွယ်ရသည်ကို မကြိုက်ကြပေ။ သူတို့သည် အတော်လည်း ရန်လိုကြပြီး မျိုးနွယ်စုအပြင်ဘက်၌ အပြင်လူများကိုတွေ့ပါက အထဲမှ လှံများဖြင့် လှမ်းပစ်တတ်ကြ၏။ ဤကိစ္စနှင့် ပတ်သက်၍ ပုမျိုးနွယ်စုသည် အလွန်မကျေမနပ်ဖြစ်ပါသော်လည်း သူတို့ခရီးသွားနှုန်းအား ထိုလူများကြောင့် အလျော့မခံနိုင်ကြပေ။
“ဂရုစိုက်ကြ” အတွေ့အကြုံရင့်နေသည့် လူတစ်ယောက် အကြံပေးလိုက်သည်။
ကမ်းခြေတွင် သားရဲသားရေ၀တ်ဆင်ထားပြီး သူတို့အသံုးအေဆာင်ပစ္စည်းများအား ဆေးကြောေနေသာ မိန်းမကြီးအချို့လည်း ရှိကြ၏။ ထိုမိန်းမကြီးများသည် ခရီးသွားအဖွဲ့ကို မြင်သောအခါ ပစ္စည်းများအား အမြန်သိမ်းပြီး ထွက်ပြေးသွားကြလေသည်။ သူတို့ ထိုနေရာအား ဖြတ်သွားသောအခါ တွင်မူ တောအုပ်ထဲမှ မြှားတစ်ချောင်းသူတို့ဆီသို့ ပျံသန်းလာလေတော့သည်။
ဤမျှအားဖြင့် မြားလေးသည် ရှောက်ရွှမ် သို့မဟုတ် မီးတောက်ဦးချိုမျိုးနွယ်စု၀င်များအတွက် ဘာမှမဟုတ်ပေ။ သူလွယ်လွယ်ကူကူပင် လက်ဖြင့် ဖမ်းလိုက်ပြီး နှစ်ပိုင်းချိုးပစ်လိုက်၏။ အကယ်၍ တောအုပ်ထဲမှ ထိုကဲ့သို့မြှားမျိုး အများအပြားထွက်လာမည်ဆိုလျှင်တော့ သူတို့အဖွဲ့ ဒုက္ခရောက်ရပေလိမ့်မည်။
ပုမျိုးနွယ်စုသည် မြားများအား ကာကွယ်ရန် သစ်သားလှော်တက်များကို အသုံးပြုနေကြ၏။ ရှောက်ရွှမ်မှာမူ ကျောက်ဓားအားသုံး၍ မြားများကို ခုတ်ဖြတ်ပစ်နေလေသည်။
အကယ်၍ တစ်ဖက်လူသည် မျိုးနွယ်စုကြီးတစ်ခုခုဖြစ်ပါက ပုမျိုးနွယ်စုသည် နောက်တစ်လှမ်းဆုတ်လိုက်ပြီး ထိုသူများဖြင့် သွားရောက်ဆွေးနွေးကာ ကုန်သွယ်ကြမည်သာ။ သို့သော် ဤကဲ့သို့မျိုးနွယ်စုအသေးလေးများကိုတော့ ပုမျိုးနွယ်စု၀င်များသည် စိတ်ထဲပင် ထားကြမည် မဟုတ်ပေ။
ဝါးဖောင်များ၏ အလျင်မှာ အလွန်မြန်ကြပြီး ထိုနယ်မြေအား ကျော်လွန်သွားသော အခါတွင်မူ သူတို့ဆီ ၀င်လာနေသော မြှားများမှာလည်း ရပ်တန့်သွားခဲ့လေသည်။
ဆိုလိုသည်မှာ သစ်တောထဲ၌ ပုန်းကွယ်နေသော မျိုး
နွယ်စုအသေးလေးသည် သူတို့အား သတ်ဖြတ်လို၍ ပစ်ခတ်ကြသည်မဟုတ်ဘဲ ခြောက်လှန့်ရုံသာ ပစ်ခတ်ကြပုံပေါ်၏။ အကယ်၍ သူတို့တွင်သာ သတ်ဖြတ်လိုစိတ်ရှိပါက သစ်သားမြှားများထက် အားပိုကောင်းသော သတ်ဖြတ်ရေးနည်းလမ်းများကို သုံးကြပေလိမ့်မည်သာ။
မြစ်ကမ်းတဝိုက်တွင် ထိုသို့သော မျိုးနွယ်စုအသေးလေးများ အများအပြားရှိကြပြီး သူတို့တည်ရှိမှုသည် အလွန်သေးငယ်လှသည်။ အများအားဖြင့် မျိုးနွယ်စုတစ်ခုလျှင် လူဦးရေ ရာဂဏန်းမျှသာ ရှိကြကြီး တိုက်ခိုက်ရေးစွမ်းအားလည်း ထိုမျှ မရှိကြပေ။ သူတို့ မွေးဖွားနှုန်းနှင့် သေဆုံးနှုန်းမှာ အလွန်မြန်ကြပေသည်။ ပုမျိုးနွယ်စုသည် ထိုသို့သော မျိုးနွယ်စုအသေးလေးများကို အရေးမစိုက်ကြပေ။
ရှောက်ရွှမ်အနားရှိ ပုမျိုးနွယ်စု၀င်များသည်လည်း ထိုလူများကို အရေးစိုက်နေကြပုံမပေါ်ဘဲ သူတို့စိတ်၀င်စားသည်မှာ အကျိုးအမြတ်သာ ဖြစ်၏။
နှစ်ရက်ကြာပြီးနောက်
“မြစ်ဆုံက ရှေ့နားလေးမှာရှိတယ် ငါတို့အဲ့ဒီမှာ ၂ရက်လောက်နားကြမယ်” လူတစ်ယောက်သည် ကောင်းကင်အရောင်အားကြည့်နေရင်း ပြောလိုက်သည်။
ရှေ့တွင်မူ မြစ်သည် Y ပုံသဏ္ဍာန်နှစ်ကြောင်းကွဲထွက်နေ၏။ ထိုနေရာတွင် ဗဟိုမျိုးနွယ်စုများသို့ သွားနေကြသော အခြားမျိုးနွယ်စုများလည်း ရှိနေကြသည်။ ပုမျိုးနွယ်စုသည် ဤခရီးအား ကြိမ်ဖန်များစွာ သွားနေကြသည်ဖြစ်ရာ ထိုထဲမှ လူအများအပြားကို ရင်းနှီးနေကြ၏။ တစ်ခါတစ်ရံတွင် ထိုထဲမှ လူတစ်ချို့ကို သူတို့နှင့် အတူပူးပေါင်းရန်ခေါ်ပြီး ခရီးအတူတူသွားတတ်ကြသည်။ ခရီးသည် လူများလေ ပိုလုံခြုံလေဖြစ်သည်။
ဗဟိုမျိုးနွယ်စုများ၌ သန်မာသည့်လူများ အများအပြားရှိကြ၏။ ထိုလူများအား ပိုများသော လူအေရအတွက်နှင့်သာ ရင်ဆိုင်နိုင်ပေသည်။
ရှောက်ရွှမ် ဘေးဘက်သို့ တစ်ချက်ကြည့်လိုက်၏။
မြစ်၏ ကမ်းနှစ်ဖက်လုံးတွင် မည်သည့်တောင်များ သစ်တောများမှ မရှိတော့ေပ။ အရာအားလုံးသည် ပြန့်ပြူးနေပြီး အိမ်အမြောက်အများကို တွေ့နေရ၏။ ထိုနေရာတွင် တဲအိမ်များ ကျောက်တုံးအိမ်များသည် ဘဲဥပုံ တြိဂံပုံ အမိုးပြားပုံ သို့မဟုတ် သက်ကယ်ခေါင်မျိုးအချွန်များနှင့် ပုံစံမျိုးစုံ ဖြစ်ကြသည်။ ထိုအရာကို ကြည့်ခြင်းအားဖြင့် ဤလူများသည် မျိုးနွယ်တစ်ခုထဲမှ မဟုတ်သည်ကို မြင်နိုင်ပေသည်။
လူများကို ကြည့်လိုက်သောအခါတွင်မူ သူတို့၏ အသွင်အပြင်မှာ သူတို့အိမ်များကဲ့သို့ မထင်ရှားကြပါသော်လည်း သူတို့အား မြင်လိုက်ပါက လူတိုင်းမှာ
အတွေးတစ်မျိုးတည်းကိုသာ တွေးမိကြပေလိမ့်မည်။ ထိုလူများသည် အလွန်ရှုပ်ထွေး ကြသည်။ သဲများကြဲထားသော ပန်းကန်ပြားတစ်ချပ်လိုပင် သဲများသည် နေရာအနှံ့မှ လာကြပါသော်လည်း တစ်နေရာထဲတွင် စုဝေးနေကြ၏။
ထိုနေရာတွင် လူပေါင်းများစွာရှိပါသော်လည်း သူတို့သည် အခြေအနေကောင်းသူများ မဟုတ်သည်ကို မြင်နိုင်ပေသည်။ တချို့မှာ အလွန်ပိန်လှီနေကြပြီး တချို့သည် မျက်လုံးထဲတွင် အသက်ရှင်နေသော အငွေ့အသက်မျိုး ရှိမနေချေ။ လူကြီး ဖြစ်ဖြစ် ကလေးဖြစ်ဖြစ် အားလုံးမှာ အတူတူသာ ဖြစ်ကြသည်။ ကလေးများသည် လူကြီးများထက်တော့ အခြေအနေအနည်းငယ်ကောင်းကြပြီး တချို့ဆိုလျှင်မူ ပြုံးနေသည်ကိုပင် တွေ့နေရသည်။ သို့ရာတွင် လူကြီးများမှာမူ အားလုံးအတူတူသာ ဖြစ်ကြပြီး တွေဝေ စိတ်ဓာတ်ကျနေသည့်ပုံပေါ်နေကြသည်။
သူတို့ဘာကိုရင်ဆိုင်ခဲ့ရပြီး ဘာလို့ ဒီလိုပုံစံမျိုး ဖြစ်
နေကြပါသလဲ။
“ဒီလူတွေက” ရှောက်ရွှမ် သူ့ဘေးရှိ အတွေ့အကြုံရင့်လူများကို မေးလိုက်သည်။
“မင်းက သူတို့ကို ပြောတာလား” ပုမျိုးနွယ်စုမှလူများ တစ်ချက်ကြည့်လိုက်ပြီး တချို့မှာသက်ပြင်းချလိုက်ကာ တချို့မှာတော့ ဂရုမစိုက်ကြပေ။ “သူတို့က လေလွင့်သူတွေ”
သူတို့ ပြောသော ေလလွင့်သူတွေ ဆိုသော စကားသည် ကမ္ဘာလှည့်ခရီးသွားများဟူသော အဓိပ္ပာယ်မသက်ရောက်ဘဲ နေစရာမရှိသော အိမ်ခြေယာမဲ့များဟု ဆိုလိုပုံပေါ်သည်။ သူတို့သည် အမြစ်မရှိသော ရေမှော်ပင်များနှင့်တူပြီး အသက်ရှင်သန်ဖို့ရာ ခက်ခက်ခဲခဲ ရုန်းကန်ကြရ၏။
“သူတို့က ကိုယ်တွင်းမီးတောက် မရှိတော့တဲ့လူတွေလေ” ပုမျိုးနွယ်စု၀င်တစ်ယောက် ရှင်းပြလိုက်သည်။
သူတို့၏ မီးတောက်အားဆုံးရှုံးလိုက်ရသောသူများသည် မည်သည့်နေရာတွင်နေနေ သူတို့ဘ၀သည် အမှောင်ထုထဲတွင် ကျရောက်နေကြမည်သာ။ မီးတောက်မရှိပါက သူတို့တွင် အဘယ်သို့ ခွန်အားရှိကြပေလိမ့်မည်နည်း။
“ကိုယ်တွင်းမီးတောက်ကို ဆုံးရှုံးတယ်” ရှောက်ရွှမ် သံသယဖြင့် ပြောလိုက်မိ၏။
“ဟုတ်တယ် သူတို့မျိုးနွယ်စုတွေက မရှိကြတော့ဘူးလေ အဲ့တော့ မီးတောက်ကလည်း နေရာအနှံ့ပြန့်ကျဲသွားပြီး မူလစွမ်းအားကို ဆုံးရှုံးလိုက်ရတယ်” ထိုလူ ထပ်ပြောလိုက်သည်။
ရှောက်ရွှမ် ဤကမ္ဘာ၌ ပြန်လည်နိုးထလာသည့် နေ့က သူတို့၏ မူလစွမ်းအားသည် အတွင်းထဲမှ လာသည်ဟု နတ်ဆေးဆရာပြောခဲ့၏။ နတ်
မီးတောက်၏ ခေါ်သံအောက်တွင် သူတို့မသိစိတ်ထဲရှိ နတ်ရုပ်သည် ဖြည်းဖြည်းချင်း တောက်လောင်လာပေလိမ့်မည်။
သို့သော် နတ်မီးတောက်ငြိမ်းသေသွားလျှင်မူ ထိုမျိုးနွယ်စုလည်း ဆက်လက်တည်ရှိနေနိုင်တော့မည် မဟုတ်ပေ။ နတ်ရုပ်သည် ပျောက်ကွယ်သွားကာ သူတို့၏ မူလစွမ်းအားများသည်လည်း အိပ်မောကျသွားခြင်း သို့မဟုတ် အဆုံးတိုင်ပျောက်ဆုံးသွားခြင်းမျိုးပင် ဖြစ်သွားနိုင်ပေသည်။
ထိုလူများ ယခုကဲ့သို့ဖြစ်နေကြခြင်းမှာ အံ့ဩစရာမရှိတော့ပေ။ မျိုးနွယ်စုမရှိ နတ်ရုပ်စွမ်းအား မရှိလျှင် သူတို့သည် အရှုံးသမားများအဖြစ်နှင့်သာ ကုန်းမြေတစ်ခုလုံးပေါ် လှည့်ပတ်သွားလာနေရပေလိမ့်မည်။ သူတို့လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ အသက်ရှင်နိုင်ရန် အစွမ်းကုန်ကြိုးစားကြဖို့သာဖြစ်ပြီး သူတို့အားလွှမ်းမိုးထားသည်မှာလည်း သူတို့၏ ရှင်သန်လိုစိတ် ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ ထိုလူများ၏ နတ်မီးတောက် ပျံ့လွင့်သွားသည်ဟု ကြားလိုက်သောအခါ ရှောက်ရွှမ် အံ့ဩမိသွားသည်။ ထိုကဲ့သို့သော အံ့ဖွယ်မီးတောက်မျိုးသည် ထာ၀ရတည်ရှိလိမ့်မည်ဟု သူတွေးမိထားခြင်း မဟုတ်ပါလား။ သို့သော် ယခုအခါတွင် ကြည့်ရသည်မှာ ထိုအရာမှာလည်း ပျောက်ကွယ်သွားနိုင်ပြီး ထိုအရာပျောက်ကွယ်သွားသောအခါ မျိုးနွယ်စုသည်လည်း ပျက်သုန်းသွားရပေလိမ့်မည်။
ပုမျိုးနွယ်စုမှလူ ပြောစကားအရ မျိုးနွယ်စုတစ်ခုမှာနတ်မီးတောက် ပျောက်ကွယ်သွားသောအခါ ထိုမျိုးနွယ်စုလည်း ပျက်သုန်းသွားရ၏။ ထို့နောက် မျိုးနွယ်စုဝင်များသည် အစားအစာရရှိရန် သူတို့ကျွမ်းကျင်မှုများအားသံုး၍ အလုပ်သမားများလုပ်ကြရသည်။
ထိုသို့မလုပ်ပါက ဘ၀ဆုံးသွားပြီး လေလွင့်သူတစ်ယောက်အဖြစ်သာ အဆုံးသတ်သွားရပေလိမ့်မည်။ လေလွင့်သူတစ်ချို့မှာမူ သူတို့၏ ယုံကြည်မှုအား လ
စ်လျူရှုလိုက်ပြီး မျိုးနွယ်စုတစ်ခုခုအား ၀င်လိုက်ကြ၏။ ထိုအခါ သူတို့မျိူးဆက်များအလှည့်ရောက်သောအခါ ထိုမျိုးနွယ်စု၏ နတ်မီးတောက်ကို ထွန်းညှိနိုင်ကြလေသည်။ သူတို့သွေးထဲရှိ နတ်ရုပ်အမှတ်အသားမှာ သွေးနှင့်အလွန်ပေါင်းစပ်နေပါက ထိုအရာ နိုးထနိုင်နေသမျှကာလပတ်လုံး မျိုးနွယ်စုထဲတွင် မျက်နှာငယ်ရမည်မှ အပ အားလုံးအဆင်ပြေသွားမည်သာ။ သို့သော် သူတို့ကျဆုံးလျင်မူ ထိုမျိုးနွယ်စု၏ နှင်ထုတ်ခြင်းအား ခံရတတ်ပြီး သူတို့ဘိုးဘေးများအတိုင်း လေလွင့်သူများ ပြန်ဖြစ်သွားတတ်ကြသည်။
“ဘာလို့ သူတို့က အမဲမလိုက်တာလဲ” ရှောက်ရွှမ်မေးလိုက်သည်။ မေးပြီးပြီးချင်းပဲ ရှောက်ရွှမ်အဖြေကို တွေးလိုက်မိသည်။ နတ်ရုပ်စွမ်းအားမရှိဘဲ အမဲလိုက်ခြင်းသည် အလွန်အန္တရာယ်များသည် မဟုတ်ပါလား။
“အမဲလိုက်ဖို့လား” ယွီ လှောင်လိုက်သည်။ “နောက်ဆုံးအခြေအနေမှ မဟုတ်ရင် ဒီလူတွေက
ကိုယ်တိုင် အမဲလိုက်ရဲမှာမဟုတ်ဘူး”
ဤနေရာရှိ သစ်တောများသည် မြစ်ကမ်းရှိ သစ်တောများနှင့် မတူပါသော်လည်း လူတစ်ယောက်နှစ်ယောက်တည်းနှင့်တော့ အသက်ရှင်နိုင်ဖို့ လွယ်မည်မဟုတ်ပေ။ အကယ်၍ အဖွဲ့တစ်ခုဖွဲ့နိုင်လျှင်တော့ ခက်ခက်ခဲခဲနှင့် အသက်ရှင်ကောင်း ရှင်ပေလိမ့်မည်။ သို့သော် ဤနေရာရှိ နတ်မီးတောက်မရှိသောကြောင့် ခွန်အားရော ယုံကြည်မှူပါ ပျောက်ဆုံးနေသော လူများအတွက်မူ ဆယ်ယောက်သွားပါက ကိုးယောက်သေဆုံးရမည်မှာ သေချာလှသည်။
“အကယ်၍ မိဘနှစ်ယောက်လုံးက လေလွင့်သူ တွေမဟုတ်ရင်ရော သူတို့မျိုးဆက်က ဘာဆက်ဖြစ်မှာလဲ” ရှောက်ရွှမ်မေးလိုက်သည်။
“ပုံမှန်အားဖြင့်တော့ မျိုးနွယ်စုအတော်များများက မျိုးနွယ်စု၀င်ကိုပဲ လက်ထပ်ရမယ်လို့ မရှိပါဘူး
ဥပမာအားဖြင့် ငါတို့ပုမျိုးနွယ်စုပဲ ဆိုပါတော့ ငါတို့မျိုးဆက်က ငါတို့မျိုးနွယ်စု နတ်မီးတောက်ရဲ့ လမ်းညွှန်မှုကို လက်ခံရင်ရပြီ ဒါပေမယ့် တစ်ခုထဲကိုပဲ ရွေးရမယ်ဆိုရင်တော့ ငါတို့မျိုးနွယ်ရဲ့ နတ်မီးတောက်ကို ရွေးရင်ရွေး ဒါမှမဟုတ် အခြားတစ်ခုကိုရွေးပေါ့ အဲ့တာမှသာ သူကမီးတောက်စွမ်းအား တစ်ခုကို နိုးထစေမှာလေ တနည်းအားဖြင့် ပြောရရင် မီးတောက်စွမ်းအားနှစ်ခုလုံး နိုးထလာရ င် တစ်ခုနဲ့တစ်ခု ဆန့်ကျင်ကုန်ကြလိမ့်မယ် မျိုးနွယ်စုအသေးလေးတွေကတော့ ကိုယ့်မျိုးနွယ်စု၀င်အချင်းချင်းပဲ ပြန်လက်ထပ်ဖို့ တွန်းအားပေးကြတယ် ဒါပေမယ့် အဲ့တာမှာ ဆိုးကျိုးတွေရှိတယ် မျိုးနွယ်စုထဲမှာ မထိန်းချုပ်နိုင်လောက်အောင် လူတွေများလာပြီဆိုရင် ကမောက်ကမတွေဖြစ်ဖို့ လွယ်တယ်”
ပုမျိုးနွယ်စုမှ အေတွ့အကြုံရင့်လူ ပြောစကားအရ မျိုးနွယ်စုအတွင်း လူဦးရေမထိန်းချုပ်နိုင်အောင် တိုးပွားလာပါက ပြဿနာများပေါ်ပေါက်လာကာ မျိုးနွယ်စုတစ်ခုလုံးအား ဒုက္ခရောက်စေပေလိမ့်မည်။ ပုမျိုးနွယ်စုသည် ထိုကဲ့သို့ ညဏ်မရှိသော လူမျိုးစုများကို အလွန်စက်ဆုပ်ကြ၏။
မီးတောက်ဦးချို မျိုးနွယ်စု ထိုနေရာသို့စရောက်စဉ်က လူဦးရေထိုမျှ မရှိသည်ကို ရှောက်ရွှမ် ေတ္ွးလိုက်မိသည်။ မျိုးနွယ်စုထဲမှ တစ်ယောက်ယောက်သည် မျိုးနွယ်စုလူဦးရေအား အမြဲမှတ်တမ်းတင်ထားပေးရာ ထိုနှစ်များအတွင်း မျိုးနွယ်စုတွင် လူမည်မျှရှိခဲ့သည်ကို ရှောက်ရွှမ် နတ်ဆေးဆရာဆီမှ ဖတ်ခဲ့ဖူး၏။ မျိုးနွယ်စု၏ လူဦးရေ တိုးပွားမှုမှာ အလွန်နှေးကွေးလှသော်လည်း တည်ငြိမ်ပေသည်။ ထိုအရာသည် ထိုလူပြောခဲ့သော ကမောက်ကမအခြေအနေမျိုး မဟုတ်ခဲ့ပေ။
ရှောက်ရွှမ်မျိုးနွယ်စုမှ ထွက်ခွာလာခဲ့စဉ်က နတ်ဆေးဆရာသည် တော်ရုံလူတစ်ယောက်မဟုတ်သည်ကို သူခံစားမိခဲ့သည်။ ဤမျိုးနွယ်စုများ၏။ အခြေအေနများကို မြင်သောအခါမှသာ အကယ်၍ နတ်ဆေးဆရာ၏လမ်းညွှန်မှုများကြောင့်သာ မဟုတ်ပါက သူတို့ မီးတောက်ဦးချို မျိုးနွယ်စု ထိုမျှတည်ငြိမ်သော အခြေအနေရှိနေပါမည်ဟု မည်သူအာမခံနိုင်ပါမည်နည်း။
ထိုကဲ့သို့ အခြေအနေအောက်တွင် သူတို့သည် သားရဲများအန္တရာယ်ကိုလည်း ရင်ဆိုင်ခဲ့ရသေးသည်။ ထို့အပြင် မျိုးနွယ်စု၀င် ၂၀၀၀ ကျော်ကိုလည်း ထိန်းချုပ်နေရသေးရာ လွယ်ကူသော အရာမဟုတ်ခဲ့ပေ။
ကောင်းမွန်သော နတ်ဆေးဆရာ၊ ကောင်းမွန်သော အကြီးအကဲ ဆိုသည်မှာ မျိုးနွယ်စုတစ်ခုအတွက် မရှိမဖြစ် လိုအပ်သော အရာသာဖြစ်လေသည်။
ပုမျိုးနွယ်စု ခရီးဆက်ထွက်ရန် ပြင်လိုက်သောအခါ သူတို့ဆီသော လာနေသော အဖွဲ့ဆယ်ဖွဲ့လောက်ကို ရှောက်ရွှမ် မြင်လိုက်ရသည်။ ထိုအဖွဲ့သည် ပုမျိုးနွယ်စု အထုပ်အပိုးများအား ကူသယ်ပေးနေကြကာ ဖောင်ပေါ်သို့ ကူတင်ပေးနေကြ၏။ သူတို့၏ဘေးဘက်တွင် ကြာပွတ်များအား ကိုင်၍ စောင့်နေသော လူများကိုလည်း တွေ့နေရသည်။
“သူတို့က ဘယ်သူတွေလဲ” ရှောက်ရွှမ်မေးလိုက်သည်။
“သူတို့ကိုပြောတာလား အာ” မေးခွန်းမှာ အရင်မေးခွန်းသာ ဖြစ်သော်လည်း ယခုအခါတွင်မူ ပုမျိုးနွယ်စု၀င်များ၌ သက်ပြင်းချသံရော တစ်ခုခုထူးခြားသွားခြင်းမျိုးရော ရှိမနေဘဲ ပုံမှန်အတိုင်းသာ ရှိနေကြပြီး ဖြေလိုက်၏။
“သူတို့က ကျွန်တွေ”
ရှောက်ရွှမ် မျက်ခုံးတွန့်သွားမိသည်။
ထိုအခိုက်တွင် ရှေ့မှ မာနတကြီး အော်ရယ်သံတစ်ခုကို ကြားလိုက်ရ၏။ ထိုအသံသည် နားထဲသို့ ကန့်လန့်ကြီး ၀င်လာလေသည်။
ရှောက်ရွှမ် ခေါင်းထောင်ကာကြည့်လိုက်သောအခါ ကျားသစ်သားရေ၀တ်စုံအား ၀တ်ဆင်ထားသော လူကြီးတစ်ယောက် သူတို့ဆီသို့ ဖြည်းဖြည်းချင်းလာနေသည်ကို တွေ့လိုက်ရ၏။ သူ့ပုံသဏ္ဍာန်သည် အရပ်ရှည်ရှည် နှင့် ခပ်ပိန်ပိန်ပင်ဖြစ်ပြီး အသားအရောင်သည် အနည်းငယ်ဖျော့သည့်ဘက်သွားကာ သူ့ဘေးနားရှိ အလုပ်လုပ်နေသူများကဲ့သို့ ပင်ပန်းနေသည့်ပုံ မပေါ်ချေ။ မျက်လုံးအစုံသည် အရောင်လဲ့လျက်ရှိကာ မျက်လုံးများဖြင့်ပင် ပြုံးနေသည့်ပုံပေါ်နေသော်လည်း ထိုလူသည် ယုံကြည်၍ ရမည့်လူမဟုတ်ဟု ရှောက်ရွှမ် အလိုလိုသိနေပေသည်။
“ဟားဟားဟား ငါတို့ထပ်တွေ့ကြပြန်ပြီ” ထိုလူကြီးရောက်လာသောအခါ အဖွဲ့ခေါင်းဆောင် ဖန်းနင် ပြာပြာသလဲ ကြိုဆိုလိုက်၏။ ရှောက်ရွှမ်အား အမြဲမျက်နှာထား တင်းတင်းနှင့်သာ ပြောတတ်သော ထိုလူသည် သူ့ရှေ့မှလူနှင့် စကားပြောသောအခါတွင်မူ မျက်နှာပေါ်ပန်းများတက်ပွင့်နေသည့် အလားပင် ချိုသာစွာ ပြောနေလေသည်။
“ဒီလူကရော ဘယ်သူလဲဗျ” ရှောက်ရွှမ် သူ့ဘေးမှလူကို ထပ်မေးလိုက်ပြန်သည်။
ထိုအခါတွင် ပုမျိုးနွယ်စု၀င်လူကြီး၏ အသံမှာ နူးညံ့ချိုသာနေပြီး သူ့လေသံအား အတတ်နိုင်ဆုံး ပျော့ထားသည့်ပုံဖြင့် ပြန်ဖြေလိုက်၏။
“သူက ဒီကျွန်တွေရဲ့ ပိုင်ရှင်လေ”
ဆိုရလျှင် ကျားသစ်သားရေ၀တ်ထားသောလူကြီးသည် ကျွန်များ၏သခင် ဖြစ်လေသည်။