← Chapters

လေလွင့်သူ ယန်ရှို့

Vol. 12 Ch. 170

လေလွင့်သူ ယန်ရှို့

Vol. 12 Ch. 170

ဤနေရာတွင် ပေါ်လာသော ကျွန်များနှင့် ကျွန်သခင်အကြောင်းကို ရှောက်ရွှမ် ပဟေဠိ ဖြစ်နေပါသော်လည်း သူဘာမှထပ်မပြောခင်တွင် ကုန်သွယ်အဖွဲ့နှင့် အရင်ဆုံးအသားကျအောင် လုပ်ရပေဦးမည်။

ထိုကျွန်သခင်သည် ဤနေရာ၌ အိမ်များစွာ ပိုင်ပုံပေါ်၏။ လူပေါင်းများစွာ ထွက်လိုက်၀င်လိုက်သွားလာနေသော နေရာမျိုးတွင် အိမ်ပေါင်းများစွာ ပိုင်ခြင်းဖြစ်သည်။ သူသည် နေ့တိုင်း ၀င်ထွက်သွားလာနေသော ပုမျိုးနွယ်စုကဲ့သို့သော ကုန်သွယ်အဖွဲ့များကို ဤနေရာ၌ အခွန်ကောက်ခြင်း ဖြစ်၏။

ထို့ကြောင့် ဤနေရာတွင် ကုန်သွယ်အဖွဲ့များမှ ခိုင်းသမျှကို ကျွန်များက လိုက်လုပ်ပေးကြပေလိမ့်မည်။

သို့သော် ပုမျိုးနွယ်၀င်များ အထင်သေးကြသော ဤကျွန်များ၌ တစ်စုံတစ်ခုကို ရှောက်ရွှမ် ရှာတွေ့ခဲ့လေသည်။ လေလွင့်သူများနှင့် ယှဉ်ပါက သူတို့ကိုယ်ပေါ်တွင် တစ်စုံတစ်ခုရှိနေပုံပေါ်နေ၏။ ဟုတ်သည်။စွမ်းအား ထိုအရာသည် စွမ်အားသာဖြစ်သည်။

ဤကျွန်များသည် လေလွင့်သူများနှင့် ယှဉ်ပါက စွမ်းအား ပိုရှိကြ၏။ စွမ်းအားဆိုသည်မှာ မရှိမဖြစ်လိုအပ်သော ခွန်အားလိုအရာမျိုးမဟုတ်ဘဲ အလျင် တုန့်ပြန်နိုင်စွမ်း ကဲ့သို့သော အရာများ ဖြစ်ကြသည်။

တချို့ကျွန်များ၏ မျက်နှာပေါ်တွင် နာကျင်မှုတစ်ခုလည်း ရှိနေကြ၏။ တချို့ကျွန်များမှာမူ ပတ်ဝန်းကျင်မှလူများ၏ အကြည့်ကိုမျက်နှာလွှဲ၍ ဂရုမစိုက်ဘဲ နေနိုင်ကြလောက်အောင် ထုံကျဉ်နေကြလေပြီ။

ကျွန်တစ်ယောက်ဖြစ်လာသော အခါတွင် သူတို့

ယုံကြည်မှုမှန်သမျှကို စွန့်ပစ်ကြရပြီး သူတို့ယုံကြည်ရမည့် အရာမှာတစ်ခုသာ ရှိလေသည်။ ထိုအရာမှာ သူတို့ သခင်ဖြစ်၏။

ညသည် နက်သထက်နက်လာသည်။

သူစီစဉ်ရမည့် အဖွဲ့တစ်ဖွဲ့ရှိခြင်းကြောင့် ဖန်းနင် ထိုကျွန်သခင်နှင့် စကားထပ်မပြောခဲ့တော့ပေ။

သူတို့အား အနားယူရန် စီစဉ်ပေးထားသော နေရာမှာ သိပ်မကောင်းလှချေ။ နေရာသည် အလွန်ကျဉ်းပြီး တစ်ယောက်နှင့်တစ်ယောက် ဖိမိမတတ် ကြပ်သိပ်နေလေသည်။ သို့သော် မြစ်ကမ်းဘေးတွင် ခြင်ကိုက်ခံ၍ အိပ်ရမည်ထက်တော့ ကောင်းနေသေးသည်။ ညအခါရောက်သောအခါ အပြင်ဘက်သည်လည်း ထိုမျှ မလုံခြုံနိုင်တော့ပေ။ လေလွင့်သူများ၏ တိုက်ခိုက်ခြင်းအား မခံရနိုင်ဟု မည်သူပြောနိုင်မည်နည်း။ ကြိုတင်ပြင်ဆင်ထားခြင်းသည် အကောင်းဆုံးအရာသာ ဖြစ်၏။

ချာချာ အတွက်မူ ရှောက်ရွှမ်ထိုမျှ စိုးရိမ်နေစရာ မလိုပေ။ ထိုကောင်သည် အမဲလိုက်ထွက်သည့် အချိန်ကပင် အသက်ရှင်အောင်နေနိုင်ခဲ့သောကောင် မဟုတ်ပါလား။ ဤနေရာရှိ သားရဲများသည် သူ့အား ခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ပေ။အကယ်၍ သူအန္တရာယ်နှင့် ကြုံလျှင်ပင် ရှောက်ရွှမ်ကို လာရှာနိုင်ပေသည်။

ထိုအချိန်တွင် ရှောက်ရွှမ် ပတ်၀န်းကျင်၌ မြင်တွေ့ခဲ့ရသည့် အမျိုးမျိုး‌ေသာအိမ်ကလေးများသည် မီးကိုယ်စီ ထွန်းထားကြ၏။ တစ်နေ့တာလုံး အလုပ်လုပ်ခဲ့ကြရသော အလုပ်သမားများ အိမ်သို့ ပြန်လာကြပြီး ဖြစ်ပေလိမ့်မည်။ တစ်ချို့မှာ သစ်တောထဲမှ ထွက်လာကြပြီး တစ်ချို့မှာ ကုန်သွယ်အဖွဲ့များရှိသော မြစ်ထဲမှ တက်လာခဲ့ကြခြင်း ဖြစ်ကြသည်။ ထိုသူများသည် မည်သို့ပင် အလုပ်ကြိုးစားကြ‌ေစကာမူ သူတို့ပြန်ရရှိသော အကျိုးရလဒ်သည် အလွန်နည်းပါးနေကြသည်သာ။

ခပ်ပိန်ပိန်ပုံရိပ်လေး တစ်ခုသည် ညအမှောင်ထဲတွင် လမ်းလျှောက်နေလေသည်။ သူ့လက်ထဲမှ သစ်သားချောင်းလေးကို ကခုန်နေသကဲ့သို့ ဝေ့ယမ်းနေ‌၏။ ထိုအခါ တဝှီဝှီအော်နေသော ခြင်များသည် သစ်သားချောင်းဖြင့် ရိုက်ခံလိုက်ရပြီး အဝေးသို့ ထွက်ပြေးသွားကြသည်။

အရမ်းမကြီးသော သစ်သားအိမ်တစ်လုံးထဲသို့ သူ၀င်သွားသောအခါ အိမ်၀ရှိ သစ်သားတုံးအား တွန်းဖယ်လိုက်ပြီး အိမ်ထဲသို့ ဖြတ်ကနဲ ၀င်လိုက်လေသည်။ ထို့နောက် ချက်ချင်းပင် သစ်တုံးကို ပြန်ပိတ်လိုက်ကာ အိမ်ထဲသို့ ခြင်များ ၀င်လာမည့်ရန်မှ ကာကွယ်ထားလိုက်၏။

“ရှင်ပြန်လာပြီလား”

အိမ်ထဲတွင်မူ ကလေးတစ်ယောက်ကိုချီပြီး ထိုင်နေသော ခပ်ပိန်ပိန်မိန်းမတစ်ယောက် ရှိနေသည်။ သူ့

မျက်နှာသည် ပင်ပန်းနေပုံပေါ်ပြီး သူ့လက်မောင်းပေါ်ရှိ ကလေးမှာမူ အိပ်ပျော်နေလေပြီ။

အိမ်ထောင့်တွင်မူ သစ်သားပြားတစ်ခု ရှိ၏။ ထိုအရာသည် အိပ်ယာဖြစ်သည်။ ထိုအိပ်ယာပေါ်တွင်မူ ခပ်ပိန်ပိန်ကလေးလေးတစ်ယောက် အိပ်ပျော်နေ၏။

“အင်း” အခုမှပြန်လာသော လူကြီးသည် အပေါက်ဗရပွနှင့် သူ့သားရေအိတ်အား ချလိုက်ပြီး ထိုအိတ်ထဲမှ ယနေ့ရရှိလာသော သစ်သီးတစ်လုံး ငါးတစ်ကောင်နှင့် ယုန်တစ်ကောင်ကို ထုတ်ယူလိုက်သည်။

ဤနေရာအနီးတစ်ဝိုက်မှ အမဲလိုက်၍ရနိုင်သော သားကောင်များမှာ ကုန်သလောက်လောက်ရှိနေပြီ ဖြစ်ပြီး သူတို့ခွန်အား အကန့်အသတ်ကြောင့် ခပ်ဝေးဝေးသို့လည်း မသွားရဲကြချေ။ ဤနေရာ၌ သစ်သီးများမှ လွဲ၍ ဘာမှမကျန်သလောက်ဖြစ်နေပြီး သစ်သီးများမှာလည်း အများစုသည် မရင့်မှည့်ကြသေးဘဲ ရင့်မှည့်ပြီးသား အသီးများသည်လည်း ခူးဆွတ်ခံလိုက်ရပြီး ဖြစ်နေတတ်သည်။ ယနေ့တွင်

မူ သူကံကောင်းခဲ့ပြီး အပင်ထောင့်၌ ခပ်ကြီးကြီး ရွက်ပုန်းသီး တစ်လုံးကို တွေ့ရှိခဲ့၏။

ငါးနှင့်ယုန်ကိုတွေ့သော အခါတွင်မူ အမျိုးသမီး၏ မျက်လုံးများတောက်ပသွားလေသည်။ ဤအရာသည် အမှန်ပင် ကောင်းသောအရာများ ဖြစ်ကြ၏။

“ဒီမှာ လုံး၀အဆင်မပြေတော့ဘူးဆိုရင် ဒီကနေအတူတူထွက်သွားဖို့ လူတစ်ချို့ရှာဖို့ စီစဉ်ထားတယ် ငါတို့အခြားနေရာကို ပြောင်းသင့်နေပြီ အတူတူသွားဖို့ လူတွေကိုလည်း ဒီနေ့ပဲ ငါပြောခဲ့ပြီးပြီ” လူကြီး ပြောလိုက်သည်။

စကားပြောနေစဉ် သစ်သားတုံးဆီမှ ခေါက်သံတစ်ချို့ ထွက်ပေါ်လာ၏။

“ယန်ရှို့ တံခါးဖွင့်ဦး”

အပြင်မှလူ၏ အသံအား ကြားလိုက်သောအခါ ယန်ရှို့ တင်းထားသော ကြွက်သားများအား ဖြေလျှော့လိုက်ပြီး လက်ထဲမှ အပေါက်များဖြင့်ပြည့်နေသော ကျောက်ဓားကိုလည်း ပြန်ချလိုက်သည်။

၀င်လာသောသူမှာ ယန်ရှို့ထက် အနည်းငယ်ပိုပုပြီး အနည်းငယ်လည်း ပိုပိန်ကာ အရိုးပေါ်အရေတင် လူတစ်ယောက် ဖြစ်၏။ သူ့မျက်လုံးများမှာလည်း နီရဲနေပြီး အသက်ကိုခပ်ပြင်းပြင်းရှူနေကာ ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခုကို အခုမှ ချလိုက်ပြီးပုံ ပေါ်နေသည်။

“ဘာဖြစ်လို့လဲ” ယန်ရှို့ မေးလိုက်၏။

ထိုလူ အထဲ၀င်လာပြီး ရုတ်တရက် သူ့ခေါင်းအား ဆတ်ကနဲမော့လိုက်သည်။ စိတ်လှုပ်ရှားမှုကြောင့် သူ့မျက်နှာ အမူအရာသည်လည်း အနည်းငယ် တွန့်နေ‌၏။

“ယန်ရှို့ ငါ ငါ အဲ့ကိုသွားဖို့ ဆုံးဖြတ်လိုက်ပြီ”

သူမျက်လုံးများမှာ အခြားတစ်ဖက်သို့ ကြည့်နေရင်း ပြောလိုက်သည်။

ယန်ရှို့ အံ့ဩမှုကြောင့် မျက်လုံးများ ပြူးကျယ်သွား၏။

“ငါ…ဆက်တောင့်မခံနိုင်တော့ဘူး ဒီနေ့ငါသူတို့ကို ထပ်တွေ့ခဲ့တယ် သူတို့မှာ စွမ်းအားတွေပြန်ရနေကြပြီ” ထိုလူ ပြောလိုက်သည်။

သူဆိုလိုသော သူတို့ ဟူသောလူများကို သူသိ၏။ သူတို့ဆိုသည်မှာ သူတို့နှင့် အရင်ကအတူတူထွက်လာခဲ့ကြပြီး ကျွန် ဖြစ်သွားကြသူများ ဖြစ်ကြသည်။ ခုနက ထိုလူကြည့်နေသော အရပ်မှာ ထိုကျွန်များ နေကြသော အရပ်ဖြစ်၏။

ယန်ရှို့ ဆွံ့အသွားမိပြီး ဘာပြန်ပြောရမလဲ မသိတော့ချေ။ သူအစက လူတိုင်းနှင့်အတူတူ ကြိုးကြိုးစားစားအသက်ရှင်ရန် အတူတူထွက်သွားကြဖို့ စဉ်းစားထားခဲ့သည်။ သို့သော် ထိုလူများသည် အရှုံးပေးပြီး ဖြစ်လိမ့်မည်ဟု ဘယ်သူထင်ထားပါမည်နည်း။ စွမ်းအား မရှိခြင်းမှာ လူတိုင်းအား သူတို့ကိုယ်သူတို့ပင် ပျောက်ဆုံးသွားစေ၏။

“ငါသွားတော့မယ်” ထိုလူ တံခါးဆီသို့ သွားလိုက်ပြီး တစ်ဖန်ပြန်ရပ်လိုက်ကာ ယန်ရှို့အား လှည့်ကြည့်လိုက်ပြီး ခေါင်းခါလိုက်၍ “မင်းလည်း အမြန်ဆုံးဖြတ်ချက်တစ်ခုခုချ မဖြစ်နိုင်တာတွေကိုပဲ စဉ်းစားမနေနဲ့”

ထိုလူပြန်သွားပြီးသည့်နောက် ယန်ရှို့ အခန်းထဲရှိ မီးပုံအား အဓိပ္ပာယ်မဲ့ ထိုင်ကြည့်နေရင်း တိတ်ဆိတ်နေမိသည်။

မီးပုံအား စိုက်ကြည့်နေရင်း ယန်ရှို့လက်မောင်းပေါ်ရှိ သွေးကြောများ သိသိသာသာ နှစ်ချက်တုန်ခါသွားသည်ကိုလည်း မြင်နိုင်ပေ၏။ သူ့မျက်နှာပေါ်တွင် ဆန်းကျယ်သော မျဉ်းများကို မှိန်ပျပျ မြင်နေရသည်။ အကယ်၍ ရှောက်ရွှမ်သာ ဤနေရာတွင် ရှိနေပါက ထိုမျဉ်းများကို ချက်ချင်း မှတ်မိသွားပေလိမ့်မည်။ ထိုအရာသည် မီးတောက်ဦးချိုမျိုးနွယ်၏ နတ်အမှတ်အသား မျဉ်းများ ဖြစ်နေသည် မဟုတ်ပါလား။

မီးတောက်ဦးချိုမျိုးနွယ်စု၏ မျဉ်းများနှင့်ယှဉ်ပါက ကွာခြားချက်မှာ ယန်ရှို့မျက်နှာပေါ်ရှိ မျဉ်းများသည် အရောင်မှိန်နေခြင်းသာ ရှိသည်။ ထိုအရာသည် အတည်တကျလည်း ရှိမနေဘဲ တစ်ခါတလေတွင် အရောင်တောက်လာ‌တတ်ပြီး တစ်ခါတလေတွင် အရောင်မှိန်နေတတ်၏။ သူ့ကိုယ်လုံးနှင့် လက်မောင်းများပေါ်တွင်မူ မည်သည့်အမှတ်အသားမှ ရှိမနေချေ။

သူ့စွမ်းအားမှာ ထိုမျှလောက်သာ မဟုတ်ဟု ယန်ရှို့အမြဲ တွေးမိသည်။ သို့သော် သူသည် လေလွင့်သူဖြစ်ပြီး မူလမီးတောက်ရှိမနေသောကြောင့် စစ်မှန်သော စစ်သည်တစ်ယောက် ဘယ်တော့မှ ဖြစ်လာမည် မဟုတ်ပေ။

သူ့ဘိုးဘေးများသည် မီးတောက်ဦးချိုမျိုးနွယ်စုမှ ဖြစ်သည်ကို သူသိထားခဲ့သည်။ သူတို့မျိုးနွယ်စု၏ အတိတ်ပုံပြင်တိုင်းမှာ မျိုးနွယ်စု၀င်တိုင်း၏ နှလုံးသားထဲတွင် စွဲမြဲနေပြီး မီးတောက်ဦးချိုမျိူးနွယ်စုနှင့် မျိုးနွယ်စု နတ်ရုပ်အကြောင်းကို သူတို့ဘယ်တော့မှ မေ့သွားလိမ့်မည် မဟုတ်ပေ။

“မီးတောက်ဦးချိုမျိုးနွယ်စုက ဒီမှာရှိနေတုန်းပဲလို့ အဖေကပြောခဲ့တယ်” ယန်ရှို့ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“မီးတောက်ဦးချို မျိုးနွယ်စု၀င် တစ်ယောက်ချင်းစီတိုင်းက သန်မာပြီး ထွားကျိုင်းကြတဲ့ စစ်သည်တော်

တွေချည်းပဲ ဦးချိုပုံစံ မီးတောက်နှစ်ခုနဲ့ သူတို့က ၀က်ဝံကြီးတွေကိုတောင် အသာလေးဆွဲမပစ်နိုင်ကြတယ် သူတို့တစ်ကိုယ်လုံးကိုလည်း မီးတောက်ဦးချိုပုံကြီးနဲ့ ဖုံးအုပ်ထားပြီး မျိုးနွယ်စုရဲ့ မီးတောက်က တောင်ကြီးတစ်ခုလုံးကိုတောင် ဖုံးအုပ်ပစ်နိုင်တယ်..”

ယန်ရှို့ သူ့ကိုယ်သူပြောနေသည့် ပုံစံဖြင့် တစ်ယောက်ထဲ ရေရွတ်နေလေပြီး သူ့လေသံမှာလည်း ပုံပြင်တစ်ပုဒ်အား ပြောပြနေသကဲ့သို့ ညင်သာနေသည်။ သို့သော် စိတ်ဓာတ်ကျနေမှုကြောင့် သူ့အသံများ တဖြည်းဖြည်းတိမ်၀င်လာပြီး မျက်လုံးများမှာလည်း နီရဲလာကြ၏။

စိတ်စွဲလန်းမှုကြောင့် သူတို့ဘိုးဘေးများသည် သူတို့မျိုးဆက်များ၏ နာမည်ကို ယန် သို့မဟုတ် ကျောင်း ဟူသော အမည်ပါအောင် မှည့်ခေါ်ခဲ့ကြသည်။ ထိုမှသာ သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုမှ ဖြစ်ကြောင်း အမြဲတန်းမှတ်မိနေပြီး တစ်နေ့တွင် သူတို့မျိုးနွယ်စုအား ရှာတွေ့ကာ သူတို့ဆန္ဒများ ပြည့်၀သွားစေရန် ဖြစ်၏။ ထို့ကြောင့် မျိုးဆက်များ

ကို အခြားမျိုးနွယ်စုများသို့ ၀င်ခွင့်မပြုဘဲ ကျွန်များ ဖြစ်ခွင့်လည်း မပေးကြချေ။ သူတို့သေသွားလျှင်တောင် သူတို့သည် မီးတောက်ဦးချို မျိုးနွယ်စု၀င်အဖြစ်သာ သေကြရမည် ဖြစ်၏။

သို့သော် နှစ်ပေါင်းများစွာ ကုန်လွန်လာပြီးနောက်တွင် မီးတောက်မီးချိုမျိုးနွယ်စုအကြောင်းကို ဘယ်သူမှမသိကြတော့ချေ။ လူများသည် ထိုသို့သော မျိုးနွယ်စုနာမည်ကိုပင် မကြားဖူးကြတော့ပေ။ မီးတောက်ဦးချိုမျိုးနွယ်စုသည် တည်ရှိနေဆဲဖြစ်ပြီး သူတို့မျိုးနွယ်စုမီးတောက်မှာလည်း လောင်ကျွမ်းဆဲဖြစ်သည်ဟုယန်ရှို့မည်မျှပင် ပြောနေပါစေလည်း မည်သူမှ မယုံကြည်ကြတော့ပေ။

သို့သော် ယန်ရှို့၏ စွမ်းအားသည် သာမန်ထက်တော့ သာလွန်နေဆဲဖြစ်ပြီး နတ်ရုပ်အမှတ်အသားကို အနည်းငယ်ထုတ်ဖော်နိုင်‌ေလသည်။ ထို့ကြောင့်လည်း သူယနေ့အချိန်ထိ ရှင်သန်နေနိုင်ခြင်း ဖြစ်၏။

ယခုအခါတွင်မူ ယန်ရှို့ သူ့ကိုယ်သူ အရှုံးသမားတစ်ယောက်ဟု ခံစားနေရလေပြီ။

သူတို့သည် မူလက ၁၀ ယောက်တိတိအတူတူထွက်လာကြခြင်းဖြစ်သော်လည်း ယခုအခါတွင်မူ မည်သူမှ တောင့်မခံနိုင်ကြတော့ချေ။ သူနှင့် သူ့မိသားစုသာ ကျန်တော့၏။

ထွက်သွားရမလား။

အကယ်၍ သူတို့ရည်မှန်းထားသည့် နေရာကို ရောက်စေကာမူ အဖော်များမရှိကြတော့သောကြောင့် သေရမည်မှာ သေချာလှသည်။

လွန်ခဲ့သော နှစ်ရက်လောက်က လူတစ်ယောက်ထွက်သွားခဲ့သည်။သို့သော် နောက်ရက်တွင်မူ ထိုလူ၏ အလောင်းကို မြစ်ထဲ၌ သွေးအလိမ်းလိမ်းဖြင့် တွေ့ခဲ့

ရ၏။ သူ့ကိုယ်တစ်ခြမ်းမှာမူ သားရဲများ၏ စားသောက်ခြင်းခံထားရပြီး တစ်ပိုင်းသာ ကျန်တော့လေသည်။ အကယ်၍ ဤအလောင်းအတိုင်း နောက်တစ်ရက်လောက် ကြာသွားလျှင်မူ သူ့ခေါင်းကိုပင် တွေ့ရတော့မည် မဟုတ်ပေ။

ယန်ရှို့သည် သူတို့ထက် အနည်းငယ်ပိုသန်မာသည် ဆိုသော်လည်း ထိုအရာသည် လေလွင့်သူများနှင့် ယှဉ်လျှင်သာ ပိုသန်မာခြင်းဖြစ်၏။ စစ်သည်တော်များနှင့်ယှဉ်သည့်အခါတွင်မူ သူ့သန်မာမှုသည် ပြောပလောက်စရာပင် မဟုတ်ပေ။

စွမ်းအား။

ပိုစွမ်းအားကြီးမှသာလျှင် မင်းဒီကမ္ဘာပေါ်တွင် ကောင်းကောင်းအသက်ရှင်နေနိုင်လိမ့်မည်။

လေလွင့်သူများ ကျွန်များဖြစ်လာကြရန် နောက်ထပ်

တောင့်မခံနိုင်ကြသော အကြောင်းအရင်းတစ်ခုလည်း ရှ်ိနေသေးသည်။ ကျွန်များဖြစ်လာသောအခါ လွတ်လပ်မှုကိုဆုံးရှုံးလိုက်ရမည်ဆိုသော်လည်း အနည်းဆုံးတော့ သူတို့သခင်ထံမှ ချီးမြှင့်သည့် စွမ်းအားကို ရရှိနိုင်ကြ၏။

သူဘာကို ရွေးချယ်ရမည်နည်း။

ဒီလိုပင် လေလွင့်သူတစ်ယောက်ဘ၀နှင့် မီးတောက်ဦးချိုမျိုးနွယ်စုသတင်းကို ဆက်လက်နားစွင့်နေမလား ဒါမှမဟုတ် အခြားသူများကဲ့သို့ မျိုးနွယ်စုတစ်ခုခုရှာပြီး လက်အောက်ခံ အဖြစ်၀င်လိုက်ရမလား ဒါမှမဟုတ် ကျွန်တစ်ယောက်ပဲ လုပ်လိုက်ရတော့မည်လား။

မလုပ်ဘူး လုံး၀မလုပ်ဘူး။

ယန်ရွှမ် လက်နှစ်ဖက်လုံးဖြင့် သူ့ခေါင်းအား ဆုပ်ကိုင်လိုက်သည်။

အရှုံးမပေးနိုင်ဘူး! မျိုးနွယ်စုက ရှိသေးတယ်လို့ အဖေကပြောခဲ့တယ် ရှိမှာသေချာတယ်!

ရှေ့ရှိ သစ်သားပြားပေါ်တွင် ထိုင်နေသောအမျိုးသမီးသည် သူ့ယောင်္ကျားထိုသို့ဖြစ်နေသဖြင့် အားပေးချင်သော်လည်း သူကိုယ်တိုင်ပင် ဤလမ်းကို ဆက်လျှောက်သင့်သေးသလား ဟု သေချာမနေခဲ့ပေ။

သို့သော် ထိုအမျိုးသမီးသူ့ယောင်္ကျားအား တစ်ခုခုပြောရန် ပြင်လိုက်သောအခါ ကိစ္စတစ်ခုဖြစ်ပေါ်လာ၏။

သူ့ယောင်္ကျား၏ ကိုယ်လုံးပေါ် တွင် မျက်နှာမှတစ်ဆင့် လည်ပင်း ထိုမှတစ်ဆင့် ပုခုံး လက်မောင်းများပေါ်တွင် မီးတောက်သဏ္ဍာန် အမှတ်အသားများ ပေါ်ပေါက်လာလေသည်။

“ဒါ ဒါ ..” အမျိုးသမီးမှာ ထိတ်လန့်သွား၍ ဘာစကားမှ ထွက်မလာနိုင်တော့ပေ။

သူ့ခေါင်းအား ဆုပ်ကိုင်ထားသော ယန်ရှို့မှာလည်း သူ့မိန်းမအသံအား ကြားလိုက်သောအခါ သူ့ခေါင်းအား ထောင်ကြည့်လိုက်သည်။ သူ့မိန်းမ၏ မျက်လုံးထဲတွင် သွေးနီရောင်အလင်းများ ပြည့်နှက်နေလေ၏။ သူ့မိန်းမမျက်လုံးထဲတွင် ထူးဆန်းသောအရာများ မြင်လိုက်ရ၍ သူစိုးရိမ်သွားပါသော်လည်း အမျိုးသမီး လက်ညှိုးထိုး၍ ညွှန်ပြနေသော နေရာသို့ ကြည့်လိုက်သောအခါ သူ့ကိုယ်ပေါ်တွင် ပြန့်ကားနေသော နတ်အမှတ်အသားများကို တွေ့လိုက်ရလေသည်။

သူမွေးသည့် အချိန်မှ စ၍ အသက်၁၀နှစ် အရွယ်တွင်သာ မပီပြင်သော ဝိုးတဝါးအမှတ်အသားများ ပေါ်လာဖူးခြင်းဖြစ်ပြီး ဤကဲ့သို့အရာမျိုး တစ်ခါမှပေါ်မလာဖူးချေ။ သို့သော် အခုအခါတွင် ပေါ်ပေါက်လာသော နတ်အမှတ်အသားများမှာ…

ဤအမှတ်အသားများသည် မီးမွှေးရန် ပြင်ဆင်ထားသည့် ထင်းများနှင့်တူကြပြီး ယခုအခါ မီးတို့လိုက်သောအခါတွင်မူ တဟုန်းဟုန်း တောက်လောက်လာကြခြင်း ဖြစ်၏။ ထိုအမှတ်အသားများသည် ပုံသဏ္ဍာန်တစ်ခု သဲသဲကွဲကွဲပေါ်မနေသေးပါသော်လည်း မျဉ်းလိုင်းများကိုတော့ ထင်ထင်ရှားရှားပင် တွေ့နေရသည်။

ယန်ရှို့ သူ့အဖေပြောစကားများကို ပြန်သတိရမိလိုက်၏။

“ငါတို့သွေးထဲမှာ စွမ်းအားတွေကိန်းအောင်းနေသေးတယ်ဆိုတာကို မင်းယုံကြည်ထားရမယ် အဲ့တာက မြုံနေရုံပဲ တစ်နေ့ ပေါက်ထွက်လာတဲ့အချိန်ကျရင်တော့ တဖြည်းဖြည်း နိုးထလာလိမ့်မယ်”

တစ်ချိန်တည်းမှာပင် ကြပ်သိပ်နေသောအခန်းကျဉ်းလေးထဲ၌ အနားယူရန် ပြင်နေသော ရှောက်ရွှမ် ရုတ်တရက် သူ့မျက်လုံးများကို ယန်ရှို့ရှိသည့် အရပ်သို့ စိုက်ကြည့်လိုက်လေသည်။

All Chapters