← Chapters

နတ်အမှတ်အသားဆေးမှင်ကြောင်ဆိုတာ ဒါမျိုးမဟုတ်ဘူး

Vol. 12 Ch. 172

နတ်အမှတ်အသားဆေးမှင်ကြောင်ဆိုတာ ဒါမျိုးမဟုတ်ဘူး

Vol. 12 Ch. 172

လီအစကထင်ထားသည်မှာ မျက်နှာအား တစ်ချက်လောက် ထိုးလိုက်ရုံနှင့် ပွဲသိမ်းပြီဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအခါတွင် ယန်ရှို့သည် အရင်နှင့်မတူတော့ဘဲ သူ့ပေါက်ကွဲအားမှာ အလွန်တိုးတက်လာပြီး ဓား၏အလျင်သည် အတော်လေး မြန်နေခဲ့၏။ ဓားအလင်းကို လီ ခါးအားနွဲ့လိုက်ကာ ရှောင်လိုက်ရလေသည်။

ဖန်း ဖန်း ဖန်း ဖန်း!

လေလွင့်သူများ၏ နေအိမ်များအား ကျောက်တုံးဓားထိသွားသော အသံများကို ကြားနေရ၏။

သို့သော် မည်သူမှ အနားမကပ်ရဲကြဘဲ အဝေးမှသာ ချောင်းကြည့်နေကြလေသည်။

သူတို့တွင် ခွန်အားနှင့် မျိုးနွယ်စုနောက်ခံ မရှိသည့်အတွက် လေလွင့်သူများ သတ်ဖြတ်ခံရခြင်းဆိုသည်မှာ ဘာမှဆန်းသောအရာမဟုတ်ပေ။ ယန်ရှို့တို့မိသားစုနှင့် ရင်းနှီးသောလူများဖြစ်စေ အရင်ကယန်ရှို့ကူညီခဲ့ဖူးသောလူများဖြစ်စေ ယခုအခါတွင် ကျွန်ပိုင်ရှင်၏ အမျက်ရှခံရမည်ကို ကြောက်သောကြောင့် မည်သူမှ ၀င်မပြောရဲကြချေ။

လူတိုင်းအတွက် တစ်ခုတည်းသော အံ့ဩသင့်စရာအရာမှာ ယန်ရှို့မျက်နှာပေါ်တွင် ပေါ်လာသော နတ်အမှတ်အသားကဲ့သို့ အရာများဖြစ်ကြသည်။ ထိုအရာများသည် အရင်ကမရှိခဲ့ဘဲ တိုက်ပွဲအတွင်းမှသာ ပေါ်ပေါက်လာခြင်းဖြစ်၏။ ထိုအရာများသည် စစ်သည်‌ေတာ် အယောင်‌ေဆာင်ချင်သည့် လူလိမ်များကဲ့သို့ တမင်သက်သက် ဆွဲထားပုံလည်းပေါ်မနေချေ။

စစ်သည်တော်များနှင့် ယှဉ်လျှင် ထိုအမှတ်အသား

သည် မှိန်ဖျော့သည်ဆိုပါသော်လည်း ပတ်၀န်းကျင်မှလူများအားလုံးကိုမူ အံ့ဩသင့်သွားစေခဲ့သည်။

နဂိုထဲက အသွားများပဲ့ရွဲ့နေသော ကျောက်တုံးဓားသည် ယန်ရှို့၏ ပိုတိုးပွားလာသော ပေါက်ကွဲစွမ်းအားနှင့် တွေ့သောအခါ ကျောက်သားအစများ ပဲ့ထွက်လာပြီး တစ်ချို့သည် လီ ၏မျက်နှာအား မှန်ကုန်ကြ၏။ ယန်ရှို့၏ မျက်နှာကိုကြည့်လိုက်လျှင်လည်း ထိုကျောက်စများ မှန်ထား၍ သွေးချင်းချင်းရဲနေသည်ကို တွေ့နေရသည်။ သို့သော် သူသည် ထိုဒဏ်ရာကို ရှိသည်ဟုပင် ဂရုမစိုက်ဘဲ တိုက်ပွဲတွင်း ပို၍ပင် ရဲရင့်လာလေသည်။

သူ့လက်ကောက်၀တ် ထုံကျင်သွားသည်ကို ခံစားလိုက်ရသောအခါ လီ မျက်လုံးထဲတွင် သတ်ဖြတ်ခြင်းဆန္ဒများ ပို၍ပင် များပြားလာကြ၏။ ကံကောင်းစွာဖြင့် သူယနေ့လာခဲ့မိခြင်းကြောင့်သာမဟုတ်လျှင် သူ့ခွန်အားအားတိုးတက်စေရန် ယန်ရှို့သုံးနေသော နည်းလမ်းများအရ နောက်နေ့တွင် သူ့ခွန်အားမည်မျှတိုးတက်နေမည်ကို မည်သူသိနိုင်ပါမည်နည်း။ ယန်

ရှို့ပို၍ပင် သန်မာလာနိုင်ပေသည်။ ထိုအချိန်သို့ရောက်သွားလျှင်မူ သူ့အတွက် ယန်ရှို့အား သတ်ဖြတ်ရန်မှာ ပိုခက်ခဲသွားနိုင်ပေလိမ့်မည်။

ကံကောင်းစွာဖြင့် ယနေ့တွင်မူ ယန်ရှို့ခွန်အားသည် တိုးတက်လာ‌သည်ဆိုသော်ငြား မလုံလောက်သေးချေ။

ဖန်းး!

နှစ်ယောက်လုံး အသုံးပြုနေသော ကျောက်ဓားများ၏ အရည်အသွေးမှာ အလွန်ကောင်းသော ကျောက်သားမျိုး မဟုတ်ကြဘဲ ယန်ရှို့၏ ပေါက်ကွဲအားမှာလည်း တိုးတက်နေပေရော ထိမိလိုက်တိုင်း ကျောက်သားများပဲ့ထွက်နေကြပြီး နောက်ဆုံးတွင် နှစ်ချောင်းလုံးသည် အပိုင်းအစများ အဖြစ်သို့ ကျိုးပဲ့သွားကြသည်။

လီ လက်ထဲရှိ ဓားမှာ အရင်ကျိုးသွားခြင်းဖြစ်ပြီး ယန်ရှို့လက်ထဲရှိ ဓားမှာမူ အက်ရာများနှင့်သာ ပြည့်နှက်နေခြင်း ဖြစ်၏။ အကယ်၍ နောက်တစ်ချက်သာ ဆက်ထိပါက သူ့ဓားကျိုးပဲ့သွားတော့မည်သာ။

ဓားနှစ်လက်လုံးသည် အသုံးပြု၍ မရကြတော့ပေ။

ထိုမှသာ အဆက်မပြတ် တိုက်ခိုက်ခဲ့သောလူနှစ်ယောက် လူစုခွဲသွားကြလေသည်။

ပတ်၀န်းကျင်ရှိ ချောင်းကြည့်နေသော လေလွင့်သူများမှာလည်း ထိတ်လန့်တုန်လှုပ်နေကြ၏။ နောက်ဆုံးတွင် လီသည် ကျွန်သခင်ထံမှ စွမ်းအားများရထားသောသူဖြစ်ပြီး သူတို့ယှဉ်နိုင်သော သူမျိုးမဟုတ်ပေ။ သို့သော် အမြဲ ခပ်ကုပ်ကုပ်သာ နေတတ်သော ယန်ရှို့မှာလည်း ထိုမျှ သန်မာနေပါသည်လော။

ထိုအရာသည် မဖြစ်နိုင်ပေ။ သာမန်အားဖြင့် သူတို့

တောထဲသို့ ယန်ရှို့နှင့်အမဲလိုက်ထွက်စဉ်က ယန်ရှို့အင်အားကို သူတို့သိကြသည်။ ထိုကောင်သည် ယနေ့လောက်တော့ သန်မာမနေချေ။ ယခုအခါ သူ့ထံမှ ထွက်ပေါ်လာနေသော ပေါက်ကွဲအားမှာ ထူးဆန်းလှကာ သူ့မျက်နှာပေါ်တွင်လည်း နတ်အမှတ်အသားများ ထွက်ပေါ်နေကြသည်။

ယန်ရှို့ တိုက်ပွဲအားရပ်လိုက်ပြီးသည့်နောက် သူ့လက်မောင်းနှစ်ဖက်လုံး နာကျင်နေသည်ကို ခံစားလိုက်ရ၏။ အရင်က သူသေရေးရှင်ရေးအခြေအနေများတွင် ရောက်ရှိနေခဲ့စဉ်ကတောင် ယခုအချိန်လောက် ပေါက်ကွဲအားမျိုး ရှိမနေခဲ့ဘဲ ယခုအခြေအနေသည် သူတစ်ခါမှ မကြုံဖူးသော အခြေအနေမျိုးဖြစ်ပေသည်။ ထိုသည်မှာ သူ့ကိုယ်ထဲ၌ စွမ်းအားတစ်မျိုးရှိနေသလိုပင်။ ယခုတွင် သူ့မသိစိတ်ဖြင့် ထိုစွမ်းအားကိုအာရုံပြုလိုက်ပြီး သူတိုက်ခိုက်လိုသည့်နေရာကို အာရုံစိုက်လိုက်ကာ ကျောက်ဓားဖြင့် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

ကျောက်ဓားအကျိုးအပဲ့များကို ကြည့်နေရင်း ယန်ရှို့နှလုံးသားထဲမှပင် စိတ်လှုပ်ရှားမှုကို ခံစားနေရ

သည်။ သူ့တွင်သာ အချိန်ပိုရပါက သူပိုပြီး သန်မာလာနိုင်သည်ဟု ယန်ရှို့ယုံ၏။ ထိုအခါ လီပင် သူ့ပြိုင်ဘက်ဖြစ်နိုင်တော့မည် မဟုတ်ပေ။

လီ၏မျက်လုံးများ မှုန်မှိုင်းနေပြီး ဒူးပေါ်တွင် သူ့လက်မောင်းများကိုတင်ကာ အသက်ခပ်ပြင်းပြင်းရှူပြီး အနားယူနေသော ယန်ရှို့ကို စိုက်ကြည့်နေ၏။ ယ‌ေန့တွင် ထိုကောင်ကို သတ်ပစ်ရန် သူစိတ်ဆုံးဖြတ်ပြီးလေပြီ။

လီဓားကျိုးအားကိုင်ကာ ယန်ရှို့ဆီသို့ ပစ်လွှတ်လိုက်သော်လည်း ယန်ရှို့ဘေးသို့ ရှောင်ထွက်လိုက်သည်။

ဝုန်းးး!

ဓားကျိုးမှန်သွားသောအခါ သစ်သားတဲအသေးလေးသည် တစ်ခြမ်းလုံး ပြိုကျသွားကြ၏။

အိမ်ထဲတွင် ယန်ရှို့၏ ဇနီးသည် သူ့ကလေးများအား ဖက်ထားပြီး မျက်နှာပေါ်တွင် စိုးရိမ်နေမှုများ ပြည့်နှက်နေလေသည်။ သူ့လက်ထဲရှိ တစ်နှစ်သားကလေးလေးမှာမူ အပြင်မှာဘာတွေဖြစ်နေသည်ကို သိပုံမရဘဲ မျက်လုံးဝိုင်းလေးများဖြင့် သူ့အဖေကို လိုက်ကြည့်နေ၏။

တဲအိမ်ထဲမှ လူသုံးယောက်ကို တွေ့လိုက်သောအခါ လီ့မျက်လုံးထဲမှ သတ်ဖြတ်ခြင်းဆန္ဒမှာ ပို၍ နက်ရှိုင်းလာလေသည်။ ယန်ရှို့အိမ်ထဲရှိ မည်သည့်အသက်ကိုမှ သူချမ်းသာပေးတော့မည် မဟုတ်ပေ။

“ဟေ့ ဘာဖြစ်နေကြတာလဲ” ခပ်ပေါ့ပေါ့ပြောလိုက်သော အသံတစ်သံသည် သူတို့ဆီ ရောက်ရှိလာခဲ့၏။

ယန်ရှို့ ထိုအသံရှင်အား ကြည့်လိုက်ပြီး လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ လီနှင့်

ရင်ဆိုင်ရာ၌ သူ့တွင် အခွင့်အရေးတစ်ခုရှိသေးသော်လည်း ထိုလူအသစ်နှင့် ရင်ဆိုင်ရမည်ဆိုပါက သူ့တွင်ယုံကြည်မှု မရှိတော့ပေ။

နဂိုကဒေါသထွက်နေသော မျက်နှာနှင့် လီသည် ထိုအသံအား ကြားလိုက်သောအခါ သူ့မျက်နှာတွင် အပြုံးတစ်ခုပေါ်ပေါက်လာပြီး ပြောလိုက်သည်။ “အကြီးအကဲ ဘာကိစ္စရှိလို့ လာခဲ့တာလဲ”

အသစ်ရောက်လာသော သူသည် မြွေအရေခွံနှင့်တူသော ၀တ်စုံတစ်ခုကို ၀တ်ဆင်ထားပြီး သူ့၀တ်စုံသည်အနည်းငယ်ရှည်ကာ ခါးတွင်လည်း အမြီးတစ်ခုက ခါးပတ်ပုံစံ ပတ်ထားလေသည်။ သူ့ခန္ဓာကိုယ်တွင်မူ လူကြီးပေါင်လုံးခန့်ရှိသည့် မြွေတစ်ကောင် ရစ်ပတ်နေ၏။ ထိုမြွေ၏ မျက်လုံးများမှာ ခံစားချက်မဲ့နေသယောင်ရှိပြီး ပတ်၀န်းကျင်မှ လူများကို လိုက်ကြည့်နေလေသည်။

ထိုမြွေစိုက်ကြည့်ခံလိုက်ရသော လူများမှာမူ

ကြက်သီးမွှေးညှင်းပင် ထသွားကြရသည်။

အသစ်ရောက်လာသော သူမှာလည်း ကျွန်တစ်ယောက်သာ ဖြစ်သည်။ သို့သော် သူ့အဆင့်မှာ လီထက် တစ်ဆင့်မြင့်၏။ ကျွန်သခင်သည် ကိစ္စသေးသေးလေးများပေါ်တွင် စိတ်ရှုပ်မခံနိုင်သောကြောင့် မကြာခဏဆိုသလို ထိုကိစ္စများကို ပိုအဆင့်မြင့်သော ကျွန်များအား ကိုင်တွယ်ခိုင်းတတ်ကြသည်။ လီကဲ့သို့ လူမျိုးတစ်ယောက်အနေနှင့် ထိုကျွန်မျိုးကို ဖားယားရမည်မှာ သေချာပေသည်။

“မင်းက လေလွင့်သူတစ်ယောက်ကိုတောင် မကိုင်တွယ်နိုင်တဲ့ အမှိုက်ပဲ ငါမင်းကိုဘာလို့ ဆက်လိုနေဦးမှာလဲ” ထိုလူ ခပ်ဖြေးဖြေးပြောလိုက်၏။

လီနှဖူးမှ ချွေးများထွက်လာပြီး အပြုံးတစ်ခုအား ဖျစ်ညှစ်ထုတ်လိုက်ကာ သူ့အမှားကိုဖုံးကွယ်ရန် ဆင်ခြေတစ်ခု ပေးလိုက်လေသည်။ “အကြီးအကဲ ကျွန်တော် မသေချာပေမယ့် ဒီယန်ရှို့က သူ့မျိုးနွယ်စု

နတ်အမှတ်အသားနိုးထနိုင်ခဲ့တာလားမသိဘူး သူ့ခွန်အားက အတော်‌ကြီးတိုးလာတယ်”

ထိုလူသည် သူ့ကိုယ်ပေါ်မှ မြွေကြီးကို ပွတ်သပ်နေရင်း ယန်ရှို့ကို တစ်ချက်မော့ကာ ကြည့်လိုက်ပြီး နှာတစ်ချက်မှုတ်လိုက်၏။ ရယ်စရာ ဟာသတစ်ခုအားကြားလိုက်ရ၍ စိတ်ပျက်သွားသည့်ပုံနှင့် “မျိုးနွယ်စုနတ်အမှတ်အသားဆေးမှင်ကြောင်လား အဲ့တာက မျိုးနွယ်စုနတ်အမှတ်အသားဆေးမှင်ကြောင် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ပြောနေရင်း သူ့လက်ဖြင့် ဆွဲမလိုက်ပြီး ကိုယ်ပေါ်မှမြွေကို ဖယ်ရှားလိုက်သည်။

ထို့နောက်တွင် ထိုလူ၏ ဂုတ်မှ လက်မောင်း ခြေထောက်နှစ်ချောင်း နှင့် တကိုယ်လုံးတွင် တစ်ခုနှင့်တစ်ခုချိတ်ဆက်‌ေန‌ေသာ ကွင်းပုံသဏ္ဍာန် နတ်အမှတ်အသားများ ပေါ်လာကြ၏။

ပတ်၀န်းကျင်တွင် ဝိုင်းကြည့်နေကြသော လေလွင့်သူများ ပိုများလာသောအခါ ထိုလူကျေနပ်နေမိပြီး သူလေလွင့်သူဖြစ်ခဲ့သော ဘ၀ကို ပြန်သတိရမိသွားသည်။ သို့သော် ကျွန်သခင်နောက်သို့ ရောက်ခဲ့ပြီးသည့်နောက် ရာထူးတိုးခံလိုက်ရကာ အာဏာပိုရလာခဲ့၏။ သူ့အဆင့်ရှိ ကျွန်များမှာသာ ကျွန်သခင်၏ အစစ်အမှန် အမှတ်တံဆိပ်ကို ရနိုင်ကြသည်။

ကျွန်တိုင်းသည် ထိုတံဆိပ်အားရရန် အဆင့်မမှီကြဘဲ ကျွန်သခင်ကိုယ်တိုင် အသိအမှတ်ပြုသော ကျွန်မှာသာလျှင် တံဆိပ်ကို ရနိုင်ကြခြင်းဖြစ်၏။ လီကဲ့သို့သော ကျွန်မျိုးပင် အမှတ်တံဆိပ် မရရှိသေးပေ။

ဆေးမှင်ကြောင်မရှိသော လေလွင့်သူများအဖို့ ဆေးမှင်ကြောင်ဟူသည် မျှော်လင့်ချက်ကြီးတစ်ခုဖြစ်ပေသည်။ ထိုအရာကို မျိုးနွယ်စုနတ်အမှတ်အသားဟု မသတ်မှတ်နိုင်ပါသော်လည်း အခြားမျိုးနွယ်စုနတ်အမှတ်အသားများနှင့် အတူတူသာ ဖြစ်၏။ ထိုအရာသည် အာဏာကိုကိုယ်စားပြုပေသည်။ ထိုလူ၏ ကိုယ်ပေါ်ရှိ တံဆိပ်အမှတ်အသားများကို မြင်လိုက်

သောအခါ လေလွင့်သူအများအပြား စိတ်ထဲတွင် ဒွိဟများ ဖြစ်ကုန်ကြ၏။ မည်သည့် တံဆိပ်အမှတ်အသားပဲဖြစ်ပါစေ ထိုအရာသည် စွမ်းအား၏ အမှတ်အသားဖြစ်ပြီး သူတို့အလွန်တောင့်တနေသော အရာလည်း ဖြစ်သည်။

နောက်ဆုံးတွင် ကျွန်တစ်ယောက်ဖြစ်လာခြင်းမှာလည်း အကြံဆိုးတစ်ခုတော့ မဟုတ်ဘူး မဟုတ်ပါလား။ ကျွန်ဖြစ်ရခြင်းသည် အနည်းငယ်တော့ ပိုပင်ပန်းသော်လည်း တစ်ချိန်ချိန်တွင် သူတို့သည် အမှတ်အသားရှိသော ကျွန်တစ်ယောက် ဖြစ်လာနိုင်ပေသည်။

အခြားသူများ မည်သို့တွေးနေသည်ကို ဂရုမစိုက်ဘဲ ယန်ရှို့ သူ့ရှေ့ရှိလူကိုသာ ခပ်တင်းတင်း ပြန်ကြည့်လိုက်၏။ ထိုလူကို သူအနိုင်မယူနိုင်မှန်း သူသိသည်။ သို့သော် တစ်ဖက်လူမှာ သတ်ဖြတ်ချင်စိတ်များကို ထုတ်လွှတ်နေပြီဖြစ်ရာ ဤတိုက်ပွဲကို သူရှောင်လွှဲနိုင်တော့မည် မဟုတ်မှန်း ရန်ရှို့သိ၏။

ယန်ရှို့ သေပေလိမ့်မည်။

သူသာမက သူ့မိသားစုမှာလည်း သူ့နောက်ရှိ တဲအိမ်ထဲတွင် ရှိနေကြသည်။

ပြေးရမည်လား။

ထိုကျွန်များ၏ မျက်လုံးများအောက်မှ သူလွတ်အောင် မပြေးနိုင်လောက်ပေရာ ထွက်ပြေးခြင်းမှာ မဖြစ်နိုင်ပေ။

ယန်ရှို့ ၀န်မခံချင်ပါသော်လည်း အကယ်၍ မီးတောက်ဦးချိုမျိုးနွယ်သာ ရှိနေသေးပါက ထိုကျွန်များသည် သူ့အား အဘယ်မှာ အနိုင်ကျင့်ဝံ့ပါမည်နည်း။ ထိုကျွန်များသည် ကုန်သွယ်အဖွဲ့များကို မည်သို့ ဆက်ဆံပါသနည်း။ ထို့နောက် သူတို့ လေလွင့်သူများကိုမူ မည်သို့ ဆက်ဆံပါသနည်း။

သူလုံး၀ အရှုံးမပေးချင်ခဲ့ပေ။ သူ့အတွက် ယခုကဲ့သို့ မျှော်လင့်ချက်တစ်ခု ပေါ်လာရန်မှာ မလွယ်လှချေ။ သို့သော် အခုတော့ သူအရှုံးပေးရပေတော့မည်။

ယန်ရှို့ လက်တစ်ဖက်ကို နောက်ကျောဘက်ကို ထုတ်လိုက်ပြီး သူ့မိန်းမအား လက်ဟန်တစ်ခု ပြလိုက်၏။ ဤသည်မှာ သူတို့မိသားစု၏ ဆက်သွယ်ရေးနည်းလမ်း ဖြစ်သည်။ ထိုလူများကို သူအရှေ့တွင် ထိန်းထားမည် ဖြစ်ပြီး သူ့မိန်းမအား ကလေးများကိုခေါ်၍ ထွက်ပြေးရန် အခွင့်အရေးတစ်ခု ရှာပေးလိုခြင်း ဖြစ်၏။

ယန်ရှို့ တဲအိမ်အား နောက်ကျေ‌ာပေးထားသောကြောင့် ယခုအခါ၌ ကလေးများကိုဖက်ထား‌ေသာ သူ့မိန်းမ မျက်လုံးထဲတွင် မျက်ရည်များ ပြည့်နှက်နေသည်ကို မမြင်ရချေ။ သူ့လက်တစ်ဖက်တွင်မူ ကျောက်လှံတစ်ချောင်းကို ကိုင်ထားလေသည်။ အကယ်၍ သူလွတ်နိုင်လျှင်တောင် ကလေး

များကိုရှာကျွေးနိုင်လိမ့်မည် မဟုတ်ပေ။ သူ့တွင် ယန်ရှို့ကဲ့သို့ အမဲလိုက်နိုင်သော ခွန်အားမျိုး ရှိမနေချေ။

ကျွန်အကြီးအကဲ ယန်ရှို့ဆီသို့ တစ်လှမ်းချင်း လျှောက်လာနေပြီး မလွတ်နိုင်မှန်းသိနေသောကြောင့် ယန်ရှို့ထွက်ပြေးမည်ကိုလည်း သူစိတ်ပူမနေပေ။ တစ်ချိန်နည်းမှာပင် လေလွင့်သူများကိုလည်း သူတို့ကြားမှ ကွာခြားချက်ကို ပြချင်သေး၏။ လူအများကြားထဲတွင် အစွမ်းပြရခြင်းကို သူအလွန်ကြိုက်ပေသည်။

ယန်ရှို့မျက်နှာပေါ်မှ မှုန်ဝါးဝါးအမည်မသိ ဆေးမှင်ကြောင်များကို ကြည့်နေရင်း ထိုကျွန်ပြောလိုက်၏။ “ဒါမျိုးက တကယ့်မျိုးနွယ်စုနတ်အမှတ်အသားဆေးမှင်ကြောင် အစစ်မဟုတ်ဘူး”

စကားဆုံးသည့်အခါ သူအရှိန်တင်လိုက်ပြီး သူ့လက်ချောင်းများကို လက်သည်းပုံလုပ်လိုက်ကာ ယန်ရှို့လည်ပင်းအား ဆွဲကုတ်လိုက်လေသည်။

ထိုလူသည် သူနှင့် ခြေဆယ်လှမ်းလောက် ကွာသည့်နေရာတွင် ရှိနေသည်ဟု ယန်ရှို့ထင်ထားပါသော်လည်း အမှန်တကယ်တွင် သူ့ရှေ့သို့ မျက်စိတစ်မှိတ်အတွင်းပင် ရောက်ရှိလာ၏။

ထိုအခိုက်တွင် ထိုလူ့လက်မှာ သူ့လည်ပင်းဆီဦးတည်လာသဖြင့် ယန်ရှို့ အသက်ရှူကြပ်လာသလို ခံစားလိုက်ရသည်။

သို့သော် သူ့လည်ပင်းသို့ရောက်ရန် လက်ဝါးတစ်၀က်စာလောက် ဝေးသောအခါ ရပ်တန့်သွားခဲ့သည်။ ထိုလက်သည် နောက်မှ တစ်ယောက်ယောက်၏ အတင်းအကြပ်ဆွဲထားခြင်းအား ခံခဲ့ရခြင်း ဖြစ်၏။

ယန်ရှို့လည်ပင်းအား ချုပ်ကိုင်ရန် ပြင်ထားသောကျွန်သည် သူ့လက်များက အရိပ်ကိုသာ ဆုပ်ကိုင်လိုက်မိသည်ကို ခံစားလိုက်ရသည်။ မူလက သူ့လက်အား ယန်ရှို့လည်ပင်းအား ဖမ်းချုပ်ရန် ထုတ်လိုက်

ခြင်းဖြစ်သော်လည်း သူ့နောက်မှတစ်ယောက်ယောက်မှာ သူ့လက်မောင်းအား လှမ်းဆွဲထားခဲ့ခြင်း ဖြစ်၏။

ထို့‌ေနာက် မယုံနိုင်စရာ တစ်ခုခုကိုတွေ့လိုက်ရ၍ သူ့မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။

ဝိုင်းကြည့်နေသော လေလွင့်သူများမှာလည်း အံ့ဩတုန်လှုပ်သွားကြ၏။ သူတို့အကြည့်များသည် တိုက်ပွဲထဲ၀င်လာသော သူအား တစ်လှည့် ယန်ရှို့အားတစ်လှည့်ကြည့်နေပြီး နောက်ဆုံးတွင် အဖြစ်မှန်တစ်ခုကို လက်ခံလိုက်ရသည်။

သူတို့မျက်နှာရှ်ိ ဆေးမှင်ကြောင်များသည် တူညီနေကြလေသည်။

ထို အ ရာ များ သည် တူ ညီ နေ ကြ ၏။

“ပြောစမ်းပါဦး မင်းပြောတဲ့ မျိုးနွယ်စုနတ်အမှတ်အသား ဆေးမှင်ကြောင်အစစ်ကဘယ်လိုမျိုးလဲ” ထိုလူ၏ လက်မောင်းအား ချုပ်ကိုင်ထားလိုက်ရင်း ရှောက်ရွှမ် ခပ်အေးအေး မေးလိုက်သည်။

သူ့လေသံသည် အေးချမ်းနေသည်မှာ သေချာသော်လည်း ကြားရသူမှာမူ ခေါင်းပေါ်သို့ ရေခဲတုံးများ လောင်းချခံလိုက်ရသလို ခံစားလိုက်ရ၏။

ဤအရာသည် မျိုးနွယ်စုနတ်အမှတ်အသားဆေးမှင်ကြောင်အစစ်ဖြစ်ကာ ယန်ရှို့ဟာနှင့် တူနေပေသည်။ သို့သော် ကွဲပြားချက်မှာ ယန်ရှို့မျက်နှာပေါ်ရှိ ဆေးမှင်ကြောင်က မှိန်ဖျော့နေပြီး သူ့မျက်နှာပေါ်က ဆေးမှင်ကြောင်မှာမူ အသက်ဓာတ်များနှင့် ပြည့်၀နေပြီး အလွန်ထင်ရှားနေကြသည်။

မျိုးနွယ်စု တစ်ခု!

ထိုမြင်ကွင်းအား ကြည့်ပြီး လူတိုင်းစိတ်ထဲတွင် ပေါ်လာသည်မှာ ထိုအတွေးတစ်ခုတည်းသာဖြစ်၏။

ရှောက်ရွှမ် ထိုလူအား လက်မောင်းမှ ကိုင်ကာ ဆွဲလွှတ်ပစ်လိုက်လေသည်။ ထို့နောက် သူပြန်ထလာမည့်အချိန်ကိုစောင့်နေရင်း ယန်ရှို့အား ထိုလူလုပ်ခဲ့သလိုပင် သူ့ဆီသို့ တစ်လှမ်းခြင်း သွားနေလေသည်။

သူလှမ်းလိုက်သော ခြေတစ်လှမ်းခြင်းတိုင်းသည် မြေပြင်ပေါ်တွင် ခြေရာနက်နက်တစ်ခုအား ချန်ထားခဲ့၏။ ခြေတစ်လှမ်းလှမ်းလိုက်တိုင်းတွင်လည်း မြေပေါ်တွင် ဖုန်များပင် ထသွားကြသည်။

“မဟုတ်ဘူးး…..”

ထိုကျွန်သည် တစ်ခုခုပြောချင်နေပုံပေါ်သော်လည်း

ရှောက်ရွှမ် ရုတ်တရက်အရှိန်မြှင့်လိုက်၏။ မျက်စိတစ်မှိတ်အတွင်းပင် သူထိုလူ့ရှေ့သို့ ရောက်ရှိသွားလေသည်။ လက်ထဲတွင် မည်သည့်လက်နက်ကိုမှ ကိုင်မထားသော်လည်း သူ၏ လက်သက်သက်မှာပင် ကျောက်ပုဆိန်တစ်လက်ကဲ့သို့ သန်မာလှကာ ထိုလူအား လက်ဖြင့် လွှဲခုတ်လိုက်၏။

မျိုးနွယ်စုနတ်ဆေးမှင်ကြောင်အား အသက်သွင်းထားသောကြောင့် မီးတောက်သဏ္ဍာန်နတ်အမှတ်အသားများမှာ သူ့တံတောင်ဆစ်ထိ ပြန့်ကားလာပြီး ဆိုလိုသည်မှာ ဤရိုက်ချက်သည် ကြောက်စရာကောင်းလောက်အောင် အားကောင်းနေပေသည်။

ထိုလူ စကားပြောချိန်ပင် မရခဲ့ဘဲ ရှောက်ရွှမ်တိုက်ကွက်အား သူ့လက်မောင်းများကို မြှောက်၍ ကာပြီး ခုခံလိုက်ရသည်။

ဘုန်းး ကနဲမြည်သံတစ်ခု လေထဲ၌ ထွက်ပေါ်လာ၏။

ထိုလူ၏ ရှောက်ရွှမ်တိုက်ကွက်အား ခုခံမှုမှာ ကျဆုံးခဲ့ရပြီး သူ့ခြေနှစ်ချောင်းလုံးသည် မခံနိုင်တော့ဘဲ မြေပြင်ပေါ်ဒူးထောက် ကျသွားခဲ့ရသည်။ ကျသွားရာ မြေပြင်ပေါ်တွင် ဒူးအရာကြီးတစ်ခုပင် ပေါ်ပေါက်လာခဲ့၏။ ထိုတိုက်ကွက်တစ်ခုတည်းနှင့်ပင် သူ့လက်မောင်းနှစ်ဖက်လုံးမှာလည်း ကျိုးသွားခဲ့ရလေသည်။

ဤအချိန်တွင် ထိုကျွန်နှင့် ပါလာသော မြွေမှာ ရှောက်ရွှမ်ဆီသို့ သူ့ပါးစပ်အားဟကာ ပြေး၀င်လာ၏။ ထိုကောင်သည်လည်း အတော်လေး အဆိပ်ပြင်းသော မြွေတစ်ကောင် ဖြစ်ပေသည်။

သို့သော် ရှောက်ရွှမ် ထိုကောင်အား ဂရုပင်စိုက်ပုံမပေါ်ဘဲ ဘာမှပြန်မတုန့်ပြန်ခဲ့ပေ။

ယန်ရှို့စိတ်ပူသွားကာ ၀င်တားဖို့ ပြင်လိုက်

သော်လည်း ထိုအချိန်တွင် ကောင်းကင်မှ အရိပ်ကြီးတစ်ခုပျံဆင်းလာပြီး သူတို့အလွန်အန္တရာယ်များသည်ဟု ထင်ရသော မြွေကို ချီသွားပြီး ပျံတက်သွားလေသည်။

လီ ကောင်းကင်သို့ မော့ကြည့်လိုက်ရာ မြွေသွေးများ သူ့မျက်နှာပေါ်သို့ ကျလာကြ၏။

ဖက်!

မြွေခေါင်းသည် မြေပြင်ပေါ် ပြန်ပြုတ်ကျလာခဲ့လေသည်။

သူ့ခြေထောက်နားသို့ လိမ့်လာသော မြွေခေါင်းအား ကြည့်နေမိသောကြောင့် လီ သူ့မျက်နှာပေါ်ရှိ မြွေသွေးများကို ပြန်မသုတ်မိခဲ့ချေ။ သူ့ခြေထောက်သည် ရုတ်တရက်ပျော့ခွေသွားပြီး သူ့ခန္ဓာကိုယ်အား သယ်မထားနိုင်တော့သလို သူခံစားလိုက်ရသည်။

ဟူးးး!

အရိပ်ကြီးမှာ လူတစ်ယောက်ထက်ပင် သိသိသာသာကြီးမားသော သူ့အတောင်ကြီးများကို ခပ်လိုက်ကာ မြေပြင်ပေါ် ဆင်းသက်လာခဲ့၏။ မြွေကြီးမှာမူ ခေါင်းပြတ်ပြီးသည့်နောက်တွင်ပင် သူ့တစ်ကိုယ်လုံးကို တစ်စစီ စုတ်ဖြဲခံခဲ့ရသည်။

ငှက်လက်သည်းများမှာ သူ့ခန္ဓာကိုယ်အား တစ်စစီ စုတ်ဖြဲပစ်လိုက်ပြီး သူ့ဗိုက်ကိုပင် ဆွဲဖွင့်ထားလေရာ သွေးများသည် နေရာအနှံ့ပြန့်ကျဲနေကြ၏။

ချာချာသည် အရင်ကလည်း ထိုသို့ မြွေများအား ကောင်းကင်ပေါ် ဆွဲခေါ်သွားပြီး အနိုင်ကျင့်ဖူးသော အတွေ့အကြုံရှိပြီး ထိုကောင်များသည် သူအမုန်းဆုံးသတ္တဝါများ ဖြစ်ကြသည်။ ထို့ကြောင့်ပင် ထိုမြွေအား စုတ်ဖြဲပစ်ရသောအခါ သူဘာသနားစိတ်မှ မခံစားရချေ။

ယန်ရှို့ သူ့အားကယ်တင်ခဲ့သော လူငယ်လေးကို ကြည့်ရှုနေမိပြီး ထိုကောင်လေးလက်မောင်းပေါ်တွင်ရှိနေသော ဆေးမှင်ကြောင်များမှာ မနေ့ညက သူ့လက်မောင်းပေါ်တွင် ပေါ်လာခဲ့သော ဆေးမှင်ကြောင်များ ဖြစ်သည်ကို သူမှတ်မိသွားသည်။

ထို့နောက် မြွေအားစုတ်ဖြဲပစ်ကာ မြေပြင်ပေါ် ဆင်းသက်လာသော ငှက်ကြီးကို မြင်လိုက်ရသောအခါတွင်မူ သူ့အသက်ရှူသံများမြန်လာပြီး ပုံသဏ္ဍာန်တစ်ခုသည် ယန်ရှို့စိတ်ထဲ ပေါ်လာလေသည်။

မျိုးနွယ်စု နတ်ရုပ်တစ်ခု…..

မီးတောက်ဦးချိုမျိုးနွယ်ရဲ့ နတ်ရုပ်….

ယန်ရှို့သူ့တစ်ကိုယ်လုံးရှိ သွေးများဆူပွက်လာသလို ခံစားလိုက်ရပြီး သူ့တစ်ကိုယ်လုံးမှာလည်း တုန်ခါနေ၏။ သူဒီနေ့မှ တွေ့ဖူးသော လူငယ်လေးအား ပြန်ကြည့်လိုက်သောအခါတွင်မူ ထိုကောင်လေးသည် သူ့ဆီသို့ တစ်လှမ်းခြင်းလျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

ရှောက်ရွှမ် ယန်ရှို့ရှေ့တွင် ရပ်လိုက်ပြီး ပြုံးပြလိုက်ကာ ပြောလိုက်သည်။ “ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပါရစေ မီးတောက်ဦးချိုမျိုးနွယ်စုကလာတဲ့ ရှောက်ရွှမ်ပါ”

All Chapters