← Chapters

ကျွန်ပိုင်ရှင်

Vol. 12 Ch. 174

ကျွန်ပိုင်ရှင်

Vol. 12 Ch. 174

ရှောက်ရွှမ် ကျောက်တုံးကြီးအား မြစ်ကမ်းမှသယ်၍ ယန်ရှို့အိမ်ရှေ့ဆီသို့ လျှောက်လာလိုက်သည်။ သူအနားရှိ သစ်သားစများအား ကန်၍ ရှင်းလင်းပစ်လိုက်ပြီး ကျောက်တုံးကြီးအား မြေပြင်ပေါ် ပစ်ချလိုက်၏။

ဘုန်းး!

အဝေးတွင် ရပ်နေသော သူများပင် မြေပြင်ကြီးတုန်ခါသွားသည်ကို ခံစားလိုက်ရသည်။

ယန်ရှို့တို့အိမ်မှာ နဂိုကတည်းကပင် ခိုင်ခိုင်ခံ့ခံ့ အိမ်မျိုးမဟုတ်ခဲ့ပေ။ ယခု ရှောက်ရွှမ်ပစ်ချလိုက်သော ကျောက်တုံးကြီး၏ တုန်ခါအားနှင့် ကြုံလိုက်ရသောအခါ နဂိုကမှ ကျိုးပဲ့ပျက်စီးနေသော အိမ်ကလေးသည် သစ်သားစများလွင့်ထွက်ကုန်ကြပြီး ပို

စုတ်ပြတ်သွားလေသည်။

ရှောက်ရွှမ် ရှက်ရှက်နှင့် နှာခေါင်းအား လက်ဖြင့်ပွတ်လိုက်ပြီး ယန်ရှို့တို့မိသားစုအား တောင်းပန်လိုက်ရသည်။

“အာ ဒါကလေ ကျွန်တော်အိမ်ကို ပြန်ပြင်ပေးမယ် ခဏလေးပဲစောင့်” ရှောက်ရွှမ်ပြောလိုက်သည်။ မျိုးနွယ်စုထဲတွင်ဆိုပါက အိမ်တစ်လုံးဆောက်ရန် ဘာမှပင် ကြာမည်မဟုတ်ပေ။ သို့သော် ယခုတွင်ရှောက်ရွှမ် ကုန်သွယ်အဖွဲ့နှင့်လိုက်လာခဲ့ခြင်းဖြစ်ပြီး ဤနေရာ၌လည်း ၂ ရက် ၃ ရက်သာ နေမည်ဖြစ်ရာ အိမ်တစ်လုံးဆောက်ရန် မလိုအပ်ခဲ့ပေ။ ထို့အပြင် မရင်းနှီးသော သူစိမ်းနေရာဖြစ်လေရာ သူတို့စီစဉ်ပေးသော နေရာ၌ နေထိုင်ခြင်းမှာသာ အကောင်းဆုံး‌ဖြစ်ပေလိမ့်မည်။

သို့သော်လည်း ယခုတွင်မူ သူ့မျိုးနွယ်စု၀င်တစ်ယောက်အား တွေ့ခဲ့ပြီး အခြေအနေများမှာ

ပြောင်းလဲသွားခဲ့လေသည်။

စိတ်ဆိုးရမည့်အစား ယန်ရှို့မိသားစုမှာ ရှောက်ရွှမ်အား လေးစားအားကျ‌နေသော အကြည့်များဖြင့်သာ ကြည့်နေကြသည်။ ရှောက်ရွှမ်သည် အလွန်သန်မာပေသည်။ မီးတောက်ဦးချိုမျိုးနွယ်စုမှာလည်း အလွန်သန်မာသည့်လူများ ဖြစ်ကြပေလိမ့်မည်။ ဤကမ္ဘာ၌ မျိုးနွယ်စုတစ်ခုသည် သန်မာလေလေ အသက်ရှင်နိုင်စွမ်းပိုမြင့်လေဖြစ်ပြီး အချိန်ကာလအကြာကြီးထိ မပျက်သုန်းဘဲ ရှ်ိနေနိုင်ပေလိမ့်မည်။

သူတို့ဘိုးဘေးများသည် မျိုးဆက်များအား သူတို့မျိုးနွယ်စုကိုမမေ့လျော့ဘဲ ထိုနေရာသို့ သူတို့ပြန်နိုင်မည့်အချိန်ကို စောင့်ခိုင်းခဲ့သည်မှာ အံ့ဩစရာတော့ မဟုတ်ခဲ့ပေ။ သူတို့၏ စောင့်ဆိုင်းနေမှုမှာလည်း ထိုက်‌တန်ပေသည်။

ရှောက်ရွှမ်တစ်ချက်ခုန်လိုက်ကာ အခုပဲ သူပစ်ချခဲ့သော ကျောက်တုံးကြီးပေါ် တက်ထိုင်လိုက်သည်။

ထို့နောက် ယန်ရှို့နှင့် သူ့မိသားစု စိတ်တည်ငြိမ်သွားပြီး သူတို့နှင့် ဆွေးနွေးလို့ရမည့် အချိန်ကို စောင့်နေလိုက်၏။ လူတိုင်း၏ ရှေ့တွင် ကျောက်တုံးအား သယ်ပြခဲ့ခြင်းမှာမူ ထိုလူများအား ခြောက်လန့်လိုက်ခြင်းသာ ဖြစ်သည်။ ဤအကွက်သည် အခြားနေရာတွင် မသုံးမ၀င်ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဒီနေရာတွင်တော့ အလွန်အသုံး၀င်လှသည်။

သူ့ရှေ့ရှိ ပျော်ပျော်ရွှင်ရွှင် ပြန်လည်ပေါင်းစည်းနေသော မိသားစုအား ကြည့်ကာ လီ အခွင့်အရေးရတုန်း တတ်နိုင်သမျှမြန်မြန် ထွက်မပြေးခဲ့မိသည့် အတွက် နောင်တရနေမိသည်။ ရှောက်ရွှမ်၏ အပြုအမူများသည် သူ့အား လိပ်ပြာလွင့်မတတ် ကြောက်လန့်နေစေလေပြီ။

လီ သူ့ရှေ့မှ ဒူးထောက်ထားပြီး သူ့ခြေထောက်နားတွင် မြွေခေါင်းပြတ်ရှိနေသော ကျွန်အကြီးအကဲကို တစ်ချက်ခိုးကြည့်လိုက်သည်။ ထို့နောက် သူအသက်ပြင်းပြင်းရှူလိုက်ကာ ထွက်ပြေးဖို့ နောက်ပြန်လှည့်လိုက်၏။

သို့သော် သူခြေတစ်လှမ်းလှမ်းပြီးသော အချိန်တွင် သစ်သားချောင်းတစ်ချောင်းသည် သူ့နောက်‌မှ ပြေး၀င်လာပြီး သူ့ရင်ဘတ်အား ထုတ်ချင်းပေါက် ၀င်သွား၏။ သစ်သားချောင်း၏ ထိပ်ဖျားမှာ ချွန်မနေပါသော်လည်း သူ့ရင်ဘတ်အား ထုတ်ချင်းပေါက်သွားစေသည်။ သူသစ်သားချောင်းအား အာရုံခံမိသောအချိန်တွင်မူ ထိုအရာသည် သူ့ရင်ဘတ်အား ဖောက်၀င်နေလေပြီ။

လီသူခေါင်းအား လှည့်လိုက်ကာ အားကုန်သုံး၍ သူ့ကိုတိုက်ခိုက်လိုက်သည့်သူကို လှည့်ကြည့်ရန် ကြိုးစားလိုက်သည်။ သူမြင်လိုက်ရသည့် တစ်ခုတည်း‌ေသာ အရာမှာ သူ့ဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသော ရွှေရောင်အလုံးတစ်လုံးသာ ဖြစ်၏။

ထိုအရာအား ရွှေရောင်အလုံးဟု ခေါ်ရခြင်းမှာ ရွှေအလင်းများ ထွက်နေ၍ မဟုတ်ပေ။ ထိုအရာသည်

ရွှေရောင်သားမွှေး၀တ်စုံကို ၀တ်ဆင်ထားသော ကျွန်ပိုင်ရှင်သာ ဖြစ်‌သည်။

ရှောက်ရွှမ် ကျွန်ပိုင်ရှင်အား မနေ့ကမြင်ခဲ့ရသည်မှာ ကျားသစ်ကွက်၀တ်စုံနှင့်ဖြစ်ပြီး ယနေ့တွင်မူ ရွှေရောင်၀တ်စုံအား ပြောင်းလဲ၀တ်ဆင်ထား၏။ နေရောင်မှာလည်း ကျွန်ပိုင်ရှင်၏ ရွှေရောင်သားမွှေး၀တ်စုံအား ထိုးနေလေရာ သူ့အား ဆန်းကျယ်သည့် ခံစားချက်ကို ပေးနေလေသည်။

ကြည့်ရသည်မှာ ကျွန်ပိုင်ရှင်သည် ဤသို့သော နည်းလမ်းမျိုးကိုသုံး၍ ဤနေရာ၌ သူ၏ တော်၀င်ဆန်မှုနှင့် မြင့်မြတ်မှုကို ပြသလေ့ ရှိပုံပေါ်သည်။ သူ့တွင် ကျွန်များစွာနှင့် ငွေကြေးအင်အားလည်းရှိပေရာ တိရစ္ဆာန်သားရေများ ရရန်မှာ သူ့အတွက် မခက်ခဲလောက်ပေ။

ရှောက်ရွှမ် ပုမျိုးနွယ်စု၀င်များထံမှ ကျွန်ပိုင်ရှင်၏ အချက်အလက်အချို့ကိုလည်း သိထားပြီး ဖြစ်သည်။ သူ့နာမည်သည် ရှစ်ရှူ ဖြစ်ပြီး သူသည်ဤ

နေရာသို့ လွန်ခဲ့သည့် နှစ်အနည်းငယ်က ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။ တစ်ခါတစ်ရံတွင် သူဒီနေရာ၌ အကြာကြီးနေတတ်ပြီး တစ်ခါတစ်ရံ၌လည်း ခဏသာ နေတတ်သည်။ သူ့လက်အောက်တွင် လက်အောက်ခံအတော်များများလည်း ရှ်ိလေရာ ကျွန်များကို သူကိုယ်တိုင် တိုက်ရိုက်ကိုင်တွယ်လေ့ မရှိပေ။

သူတို့ပြောကြသည်မှာ ကုန်သွယ်အဖွဲ့ခေါင်းဆောင်နှင့် ရှစ်ရှူ၏ ဆက်ဆံရေးမှာ မဆိုးလှသောကြောင့် သူတို့ပုမျိုးနွယ်ကုန်သွယ်အဖွဲ့ကသာ အထူးအခွင့်အရေးတစ်ချို့ရသည်ဟု ပြောကြသည်။ သို့သော် ရှောက်ရွှမ်၏ အမြင်တွင် ဖန်းနင် ရှစ်ရှူအား ဆက်ဆံနေပုံမှာ သဘာ၀ကျမနေဘဲ သတိထားနေပုံပင် ပေါ်နေသေး၏။

ရှစ်ရှူသည် အလွန်အန္တရာယ်များသော လူတစ်ယောက်ဖြစ်ပေသည်။ လူတိုင်းမပြောဘဲ သိကြသည်မှာ ကျွန်ပိုင်ရှင်တစ်ယောက်အနေနှင့် ရှစ်ရှူသည် အပြင်ပိုင်းတွင် ပြုံးနေပါသော်လည်း ထိုမျှ

ပေါင်းသင်းရလွယ်ကူသူမဟုတ်ဘဲ ထိုအပြုံးထဲတွင် ဓားတစ်လက်ဝှက်ထားသည်ကို သိကြ၏။

ရွှေရောင်တလက်လက်နှင့် ရှစ်ရှူသည် တပြုံးပြုံးနှင့် ဖြည်းဖြည်းချင်း လမ်းလျှောက်လာလေသည်။ လီအား သတ်ရန် ပစ်လိုက်သော သစ်သားချောင်းကို သူ မပစ်လိုက်သလိုပင် ပြုမူနေ၏။

ရှစ်ရှူ၏ ဘေးတွင်မူ ရပ်နေကြသော ကျွန်နှစ်ယောက်လည်း ရှိနေကြသည်။ ကျွန်များကြားထဲတွင် ထိုနှစ်ယောက်သည် အလွန်မြင့်သော ရာထူးရှိသော ကျွန်များဖြစ်ကြ၏။

လူတိုင်းသည် ရွှေရောင်တဖျတ်ဖျတ်လက်နေသော ရှစ်ရှူကို ကြည့်နေကြချိန်တွင် ရှောက်ရွှမ် လေထဲအား ကြည့်နေလေသည်။ အမှန်တွင် ကျွန်ပိုင်ရှင် ပစ်လွှတ်လိုက်သော သစ်သားချောင်းမှာ တစ်ချောင်းထက် ပို၏။

ထိုအချိန်တွင် ရှည်မျောမျော အရိပ်တစ်ခုသည် ကောင်းကင်ပေါ်မှ ကျလာလေသည်။

ရှောက်ရွှမ်ရိုက်နှက်ခြင်းအား ခံထားရသော ကျွန်မှာမူ အခုချိန်ထိ မြေပြင်ပေါ်မှ မထနိုင်သေးချေ။ ရုတ်တရက်ပင် ဒုတိယသစ်သားချောင်းမှာ ဒေါင့်ချိုးတစ်ခုမှ ၀င်လာပြီး ထိုကျွန်၏ လည်ပင်းအား ဖောက်ထွက်သွားလေ၏။

သူသည် သူ့သွေးများ သစ်သားချောင်းမှတစ်ဆင့် စီးနေသည်ကို ကြည့်နေမိသည်။ သူတစ်ခုခုပြောချင်နေပါသော်လည်း သူ့လည်ချောင်းမှ ဘာသံမှ ထွက်မလာခဲ့ပေ။ သူ့လည်ပင်းပေါ်ရှိ သံကွင်းဆက်ပုံ ဆေးမှင်ကြောင်များမှာလည်း လည်ပင်း‌ေပါ်ရှိ ဒဏ်ရာမှတစ်ဆင့် မှေးမှိန်ပျောက်ကွယ်သွားလေသည်။

သူ့လက်မောင်းများအား ဆန့်ကာ သူ့ဘေးမှ ဖြတ်သွားသည့်သူကို သူလှမ်းဆွဲချင်နေ၏။ သို့သော် ငါး

လှမ်းစာပင်မရှိသော အကွာအဝေးမှာ ယခုအခါတွင် ယန်ဇီမြစ်ကြီးကဲ့သို့ပင် ဝေးကွာနေသည်ကို သူသိလိုက်ရသည်။ သူ့ဘေးနားမှ ဖြတ်သွားသော ရွှေရောင်၀တ်စုံနှင့် ကျွန်ပိုင်ရှင်ကို သူကြည့်နေရုံမှအပ ဘာမှမလုပ်နိုင်ခဲ့ပေ။

ဤအရာများ မတိုင်ခင်က သူသည် လေလွင့်သူများ၏ နယ်မြေသို့ လာ၍ ထိုလူများအား သူ့ခွန်အားကိုပြ၍ ကြွားဝါတတ်လေသည်။ သို့သော် ယခုတွင် သူ့ကိုယ်ပေါ်ရှိ သံကွင်းဆက်ဆေးမှင်ကြောင်များမှာ ပျောက်ကွယ်သွားပြီး သူကိုယ်တိုင်သည်လည်း အသက်ရှူရပ်တန့်သွားခဲ့ရတော့သည်။

ဘေးရှိရပ်ကြည့်နေသောသူများသည် သူတို့ရှေ့ရှိ ကျွန်ပိုင်ရှင်အား ကြည့်‌ေနရင်း ကျောရိုးတစ်လျှောက် ကြက်သီးမွှေးညှင်းများ ထသွားရ၏။

ရှောက်ရွှမ် သူဆီသို့ ဦးတည်၍ လျှောက်လာနေသော ကျွန်ပိုင်ရှင်ကို ကြည့်နေလိုက်သည်။ သူသည် ပုမျိုး

နွယ်စု၌ ရနိုင်သော လီနင်သားအ၀တ်စများထက်ပိုအရည်အသွေးကောင်းသော ၀တ်စုံအား ၀တ်ဆင်ထား၏။ သူ့ခါးရှိ သားရေအိတ်ထဲတွင်မူ ပြောင်လက်နေအောင်တိုက်ထားသော စစ်ပွဲသုံး ကျောက်ပုဆိန်တစ်လက်ကို ထိုးထည့်ထားသည်။ ပုဆိန်သည် ထိုမျှမကြီးဘဲ ပြားချပ်သော ကိုယ်ထည်နှင့် ချွန်ထက်နေသော အသွားများ ရှိကြသည်။ အသွားကို မျဉ်းကွေးသဏ္ဍာန်ဖော်ထားပြီး အသွား၏ ထောင့်များမှာမူ အပေါ်သို့ ထောင်တက်နေကြ၏။ ထိုကဲ့သို့သော ပုဆိန်များမှာ သစ်ပင်ခုတ်သော ပုဆိန်မဟုတ်ဘဲ အထက်တန်းစားပုဂ္ဂိုလ်များ၏ အဆောင်အယောင်ပစ္စည်းသာ ဖြစ်ပေသည်။

ထို့အပြင် ရှောက်ရွှမ် ရှစ်ရှူထံမှ အမွေခံစွမ်းအားတစ်ချို့ကိုလည်း အာရုံခံမိခဲ့၏။ ကျွန်ပိုင်ရှင်များသည် မျိုးနွယ်စုတစ်ခု၏ မျိုးနွယ်စုခေါင်းဆောင်နှင့် နတ်ဆေးဆရာပေါင်းစပ်ထားသလိုမျိုးလူများ ဖြစ်ကြပြီး သူတို့လူများအပေါ်၌ အကြွင်းမဲ့အာဏာရှိကြသလို ဝိညဉ်စွမ်းအားအချို့လည်းရှိကြသည်။ သို့သော် သူတို့ကျွန်များမှာတော့ မျိုးနွယ်စုထဲရှိ စစ်သည်တော်များလောက် ကံမကောင်းခဲ့ပေ။

ရှစ်ရှူသည် ချာချာအား တစ်ချက် လှည့်ကြည့်လိုက်ပြီး ရှောက်ရွှမ်ကို ပြောလိုက်သည်။ “တောင်းပန်ပါတယ် ငါ့လက်အောက်က ကျွန်တချို့က အမိန့်မနာခံတတ်ကြဘူး”

ကျွန်ပိုင်ရှင်သည် ဇာတ်ကြောင်းတစ်ခုလုံးအား သိပြီးသားဖြစ်မည်မှာ သေချာလှသည်။ သူသည် သူ့ကျွန်များအား တိုက်ခိုက်သလို ရှောက်ရွှမ်အား မတိုက်ခိုက်ခဲ့သော်လည်း ကောင်းကောင်းတော့ မတောင်းပန်ခဲ့ပေ။ သူ့အာရုံမှာ မြွေအားတစ်စစီလုပ်ပစ်ပြီး စားသောက်နေသော ချာချာအပေါ်တွင် ရောက်ရှိနေလေသည်။

ရှစ်ရှူ တခဏကြည့်ပြီးသည့်နောက် သူ့လူများအားခေါ်ကာ ပြန်ထွက်သွားခဲ့၏။ သူ့ပုံစံမှာ ဤနေရာသို့ အမိန့်မနာခံသော ကျွန်နှစ်ယောက်အား သတ်ရန် လာခဲ့သလိုပင်။ သို့သော် ချာချာ၏ လက်သည်းများအား ကြည့်နေသော သူ့အကြည့်ကို သတိထားမိသော ရှောက်ရွှမ်မှာ ထိုမျှမရိုးရှင်းသည်ကို တွေးမိ

လေသည်။

သူသည် ချာချာ့ခြေထောက်ရှိ မျိုးနွယ်စုအမှတ်အသားကို တွေ့သွားမည်မှာ သေချာပေသည်။

သူသည် မီးတောက်ဦးချိုမျိုးနွယ်စု၏ အခြေအနေအား သိရှိထားခြင်း ဖြစ်နိုင်ပါသလော။

ကျွန်ပိုင်ရှင်များသည် ကုန်းမြေအနှံ့ခရီးထွက်နေကြသူများ ဖြစ်သောကြောင့် သူတစ်ခုခုသိထားခြင်းမှာ ဖြစ်နိုင်ပေသည်။ သူသိထားသော်လည်း မသိချင်ယောင်ဆောင်သွားခြင်းလည်း ဖြစ်နိုင်၏။

ရှစ်ရှူထွက်သွားသောအခါ သူ့ဘေးရှိ ကျွန်နှစ်ယောက်မှာလည်း အလောင်းများအား ဆွဲယူသွားကြသည်။ သို့သော် သွေးစီးကြောင်းများမှာတော့ ထိုနေရာတွင် ထင်ထင်ရှားရှား ကျန်နေခဲ့၏။

သူတို့ လေလွင့်သူ နယ်မြေမှ ထွက်သွားသော အခါ ကျွန်များထဲမှတစ်ယောက်သည် လစ်လပ်‌သွားသော ရာထူးများအကြောင်းကို မေးမြန်းလိုက်လေသည်။

“ငါသူတို့ကို သတ်လိုက်တာပဲလေ အဲ့တော့ထားလိုက်တော့ နောက်မှတစ်ယောက်ယောက်ကို အသစ်ခန့်လိုက်မယ်” ရှစ်ရှူ ဘာမှမထူးခြားသည့်ပုံစံဖြင့် ပြန်ပြောလိုက်၏။

သူ့ဘေးရှိကျွန်မှာ ခါးအားကိုင်းလိုက်ပြီး သဘောတူသည့် အသံတစ်သံပြုလိုက်လေသည်။ ကျွန်ပိုင်ရှင်၏ တုန့်ပြန်မှုမှာ သူထင်ထားသည့် အတိုင်းပင် ဖြစ်၏။ ကျွန်ပိုင်ရှင်သည် ထိုကျွန်များ၏ နာမည်ကိုပင် မသိခဲ့ပေ။

ကျွန်များကို လီ လျောင် ပု ထိုက် နှင့် အခြားအဆင့်တချို့ဖြင့် အဆင့်ခွဲ သတ်မှတ်ပေးထားပေသည်။ ထိုက် အောက်ရှိအဆင့်များမှာမူ အနိမ့်ဆုံးထဲမှ အနိမ့်

ဆုံးအဆင့်များဖြစ်ကြ၏။ မြွေနှင့်ကျွန် အစွမ်းအနည်းငယ်ရှ်ိနေရခြင်းမှာ ထိုကောင်သည် ကျွန်ပိုင်ရှင်အား ထိုမြွေကို စောင့်ရှောက်ပေးထား၍ အနည်းငယ်ပိုစွမ်းနေခြင်း ဖြစ်သည်။ အမှန်တွင်မူ သူ့အဆင့်သည် ထိုက်အဆင့်အောက် တစ်ဆင့်သာ ဖြစ်၏။ ထိုသို့အဆင့်များကို ကျွန်ပိုင်ရှင်မမှတ်မိသည်မှာ မဆန်းလှပေ။ သူသည် ထိုသို့သောကျွန်များ၏ သေခြင်းရှင်ခြင်းကို ဂရုပင် မစိုက်ချေ။

ရှစ်ရှူထွက်သွားပြီးသည့်နောက် ရှောက်ရွှမ် ယန်ရှို့နှင့် စကားစတင်ပြောခဲ့သည်။

ရှောက်ရွှမ်သည် သတင်းပိုမိုရရှိရန် မကြာခင်တွင် ဗဟိုမျိုးနွယ်စုဒေသများသို့ ထွက်ခွာရမည်မှာ သေချာ၏။ သို့သော် ယန်ရှို့၏ လက်ရှိခွန်အားနှင့်လည်း ဤနေရာ၌ ဆက်လက်ရှိနေခြင်းမှာ အန္တရာယ်များလှပေသည်။ ရှောက်ရွှမ် ယန်ရှို့နှင့် သူ့မိသားစုအား သူနှင့်အတူ ခေါ်မသွားချင်ခြင်းတော့ မဟုတ်ခဲ့ပေ။ သူသည်လည်း ဗဟိုမျိုးနွယ်စုများတွင် လူအများကြီးရှိသည်ဟူသော အချက်မှလွဲ၍ ဘာကိုမှ

သေချာသိမထားပေ။ ထို့ကြောင့် ဘာမှမသိသော ဒေသသို့ ယန်ရှို့တို့ကို ခေါ်မသွားခြင်းကသာ ပိုကောင်းပေလိမ့်မည်။

ဤအချက်ကို ယန်ရှို့လည်းသိ၏။ ရှောက်ရွှမ်နောက်လိုက်၍ ဗဟိုမျိုးနွယ်စုများဆီသို့ သူတို့လည်း မသွားချင်ကြပေ။ ထို့ကြောင့် ဤနေရာတွင်သာနေပြီး ရှောက်ရွှမ်ဗဟိုမျိုးနွယ်စုများမှ ပြန်လာသောအခါမှသာ သူနှင့်အတူ မျိုးနွယ်စုကို ပြန်မည်ဟု ဆုံးဖြတ်ခဲ့သည်။

ရှောက်ရွှမ်မှာမူ ယန်ရှို့အား အခြားနေရာသို့ ပြောင့်ရွှေ့နေထိုင်ရန် စီစဉ်ပေးချင်ခဲ့၏။ ကျွန်ပိုင်ရှင်သည် လွယ်ကူသည့်လူမျိုးမဟုတ်ဘဲ သူတို့အား သူထွက်သွားသောအခါ ဒီတိုင်းထားမည်မဟုတ်ပေ။ သို့သော် သူ့အစီအစဉ်အား ယန်ရှို့ ငြင်းပယ်ခဲ့၏။

“ပြောင်းဖို့မလိုပါဘူး အဆင်ပြေပါတယ် တကယ်လို့

ကျွန်ပိုင်ရှင်ကသာ ငါတို့ကိုသတ်ချင်ရင် ဘာလို့အချိန်ဆွဲနေမှာလဲ သူလီကို သတ်ပစ်သလိုမျိုး ငါတို့ကိုလည်း အခုကတည်းက သတ်ပစ်လိုက်လို့ ရနေတာပဲ အခု‌ေတာင် သူငါတို့ကို ဂရုမစိုက်ဘူးဆိုတော့ အချိန်တစ်ခုထိလည်း သူဘာမှလုပ်ဦးမှာ မဟုတ်ဘူး” ၏ရှို့ပြောလိုက်သည်။

သူသည် ကျွန်ပိုင်ရှင်၏ လုပ်ရပ်များနှင့် အကျွမ်း၀င်နေပြီး ဖြစ်၏။

“နောက်ပြီး ငါကဒီနေရာအကြောင်းကို နောကျေနေပြီ ဒီကလူတွေ ဘယ်လိုပြုမူတတ်တယ်ဆိုတာကိုလည်း သိနေပြီ တကယ်လို့ ငါပြောင်းခဲ့မယ်ဆိုရင် ဒီမှာ‌ေလာက် အဆင်ပြေနိုင်မှာမဟုတ်ဘူး” ယန်ရှို့ထပ်ပြောလိုက်၏။

ရှောက်ရွှမ်တစ်ချက် တွေးလိုက်သည်။ ယန်ရှို့ပြောတာလည်း မှန်ပေသည်။ သူသိသည်မှာ ကူမျိုးနွယ်စုနှင့် ပုမျိုးနွယ်စုသာ ရှိ၏။ ပုမျိုးနွယ်စုမှာလည်း အပြင်လူများကို အကြာကြီး လက်မခံကြချေ။ ကူမျိုးနွယ်စုသို့ သွားရန်မှာကလည်း လမ်းခရီးမှာ

အလွန်ဝေးလေရာ ယန်ရှို့တို့မိသားစုအဖို့ အန္တရာယ်ရှိနိုင်၏။

အချက်များစွာအား ထည့်တွက်စဉ်းစားပြီးသည့်နောက် ယန်ရှို့၏ အတွေးမှာ ပို၍ လက်တွေ့ဆန်နေလေသည်။

“ဒါဆိုရင်လည်း ဒီမှာပဲအချိန်တစ်ခုထိနေလိုက်ပေါ့ ကျွန်တော်ခင်ဗျားကို အိမ်တစ်လုံးကူဆောက်ပေးမယ်”

သစ်သားအိမ်သစ်လေးမှာ ရှောက်ရွှမ်၏ အကူအညီဖြင့် အမြန်ပင် ပြီးသွားခဲ့၏။ ထိုညကယန်ရှို့ဆီလာခဲ့သော လူမှာမူ ထိုညကတစ်ညလုံး ဒဏ်ရာရှိန်ကြောင့် သူမူးဝေရာ မထနိုင်ခဲ့ပေ။ မနက်တွင်လည်း နောက်ကျမှသာ နိုးလာခဲ့ပြီး နိုးနိုးချင်း ယန်ရှို့၏ အဖြစ်အပျက်အား ကြားလိုက်ရ၏။ ထိုအခါ သူယန်ရှို့ကို အမြန်ပြေးရှာတော့သည်။

သူသည် တစ်ချိန်က ယန်ရှို့၏ ရဲဘော်ရဲဘက်ဖြစ်ခဲ့ပြီး ယန်ရှို့သည်သူ့အား ဤနေရာမှ ထွက်သွားရန်လည်း ကူညီချင်ခဲ့၏။ ယခုတွင် သူ ကျွန်ပိုင်ရှင်ဆီသို့လည်း မသွားရသေးလေရာ ယန်ရှို့မိသားစုနှင့် အတူတူနေကောင်း နေနိုင်ပေလိမ့်မည်။

အသစ်ဆောက်လိုက်သောအိမ်ကလေးမှာ အရင်အိမ်ကလေးထက် ပိုကြီးပေ၏။ နောက်လူတစ်ယောက် ထိုအိမ်ထဲ၌ နေခြင်းသည် လုံး၀ ပြဿနာရှိလိမ့်မည် မဟုတ်ပေ။

တစ်ယောက်နှင့်တစ်ယောက်စောင့်ရှောက်နိုင်သောကြောင့် ဤသို့အတူတူနေခြင်းသည် ကောင်းသည့်အရာဟု ရှောက်ရွှမ်လည်း ထင်ပေသည်။

“ကျွန်တော် ဗဟိုမျိုးနွယ်စုတွေကနေ ပြန်လာမယ့်အချိန်ကို စောင့်နေပေးကြပါ ကျွန်တော်ပြန်လာရင် အားလုံးကို မျိုးနွယ်စုကိုခေါ်သွားမယ်” ရှောက်ရွှမ်

ယန်ရှို့အား ရေလကျောက်တုံးအချို့ ပေးခဲ့လေသည်။ ကျောက်တုံးကြိယာအချို့ကိုအား သူတို့အား ထွင်းပေးခဲ့၏။

ယန်ရှို့၏ ခွန်အားသည် အရင်ကနှင့်ယှဉ်လျှင် အနည်းငယ် တိုးတက်လာပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့မိသားစု ရှင်သန်နိုင်ရန်မှာမခက်ခဲတော့ပေ။ မည်သူပြောနိုင်မည်နည်း။ သူသည် အမဲကောင်များကိုပင် လိုက်ကောင်းလိုက်နိုင်မည် မဟုတ်ပါလား။

ထိုသို့နှင့် ကုန်သွယ်အဖွဲ့ ထွက်ခွာမည့် အချိန်သို့ ရောက်ရှိလာခဲ့သည်။ ရှောက်ရွှမ် ယန်ရှို့နှင့် သူ့မိသားစုကို နှုတ်ဆက်လိုက်၏။ ထို့နောက် လူသစ်များတိုးလာသော ကုန်သွယ်အဖွဲ့နှင့်အတူ ရှောက်ရွှမ် ဗဟိုမျိုးနွယ်စုများဆီသို့ ထွက်ခွာလာခဲ့တော့သည်။

ယန်ရှို့၏ ပြောစကားအရ မီးတောက်ဦးချိုမျိုးနွယ်စု ဘာဖြစ်သွားခဲ့လဲ ဆိုသည်ကို သူလည်းရှင်းရှင်းလင်းလင်း မသိခဲ့ပေ။ သို့သော် သူသိ

သည်မှာ သူ့လိုလေလွင့်သူ မျိုးနွယ်စု၀င်များ အများအပြားရှိ‌ေနနိုင်ခြင်း ဖြစ်၏။

အကယ်၍ ရှောက်ရွှမ်သာ ထိုသူများကို ရှာတွေ့ခဲ့ပါက သူတို့ကိုလည်း မျိုးနွယ်စုသို့ ပြန်ခေါ်သွားမည် ဖြစ်သည်။

All Chapters