← Chapters

မျက်နှာဖုံး၀တ်လူ

Vol. 12 Ch. 175

မျက်နှာဖုံး၀တ်လူ

Vol. 12 Ch. 175

ပြန်လည်ထွက်ခွာလာပြီးသည့်နောက်တွင် သူတို့အဖွဲ့လူဦးရေမှာ ပိုတိုးလာခဲ့သည်။ ပုမျိုးနွယ်စုဝင်များသာမက အခြားမျိုးနွယ်စုများမှ ကုန်သွယ်အဖွဲ့များလည်း ပုမျိုးနွယ်စုကုန်သွယ်အဖွဲ့နှင့် ပူးပေါင်းခဲ့ကြ၏။

ကုန်သွယ်အဖွဲ့ လူဦးရေပိုတိုးလာသောကြောင့် သူတို့အဖွဲ့မှာ ပို၍ပင် အသက်၀င်လာလေသည်။ အခြားမျိုးနွယ်စုများမှ သတင်းများနှင့် အတင်းအဖျင်းများကိုလည်း ကြားနိုင်ပြီး အားလပ်ချိန်များတွင် ရှောက်ရွှမ် သူသိလိုသော သတင်းအချက်အလက်များကိုလည်း ထိုလူများထံမှ မေးမြန်းခဲ့၏။

ရက်အနည်းငယ်ကြာပြီးသောအခါ မြစ်ဒီဘက်ခြမ်း၏ အခြေအနေများကို ရှောက်ရွှမ် ပိုသိလာခဲ့သည်။

ဤဒေသ၏ မြေပုံအသစ်ကိုလည်း ရှောက်ရွှမ်စတင် ရေးဆွဲခဲ့၏။ ဘိုးဘေးများချန်ထားသော မြေပုံမှာမူ ဆက်လက်အသုံးပြု၍ ရတော့မည် မဟုတ်ပေ။ နှစ်ပေါင်းများစွာကြာပြီးသည့်နောက် တောင်တန်းများမှာ မြေပြန့်များ ဖြစ်လာခဲ့ကြပြီး မြေပြန့်များမှာ မြစ်ချောင်းများ ဖြစ်လာခဲ့ကြသည်။ အချိန်၏ တိုက်စားမှုမှာ ဤဒေသအပေါ် အလွန်ကြီးမားခဲ့၏။ မျိုးနွယ်စုများ၏ နယ်မြေချဲ့ထွင်မှုနှင့် ပြန့်ကားလာမှုမှာလည်း အလွန်ကြီးမား၏။ သူတို့မျိုးနွယ်စု မြစ်ဒီဘက်ကမ်းသို့ ကူးလာသောအခါ ရှုပ်ထွေးမှုများမဖြစ်ရစေရန် ရှောက်ရွှမ် ထိုမြေပုံသစ်အား မျိုးနွယ်စုသို့ ပြန်ယူသွားရပေလိမ့်မည်။

ထိုအချိန်တွင် အတွေ့အကြုံများသော ခရီးသွားတစ်ယောက်မှာ ရှောက်ရွှမ်အား သူ့တစ်ဘ၀လုံး ကြုံခဲ့ရသမျှ အတွေ့အကြုံများကို ပြောပြနေလေ၏။

“အရင်တုန်းကတော့ ငါတို့ကဒီလမ်းကို သုံးခဲ့တာ

မဟုတ်ဘူးကွ အခြားလမ်းကိုသုံးခဲ့တာ ဒါပေမယ့် အဲ့ဒီမှာ လွန်ခဲ့တဲ့တစ်နှစ်တုန်းက မျိုးနွယ်စုစစ်ပွဲဖြစ်ခဲ့ပြီးတော့ အခုထိပြန်အဆင်မပြေသေးတာနဲ့ ငါတို့က ယာယီဒီလမ်းကို သုံးနေရတာ အခြားလမ်းက ဒီလမ်းထက်ပိုကျယ်ပြီးတော့ အရောင်ကလည်း နှစ်ရောင်တောင် ရှိတယ်လေ မြစ်ကမ်းဘေးမှာလည်း မျိုးနွယ်စုတစ်ခုရှိပြီးတော့ သူတို့လုပ်တဲ့ ဖောင်တွေက တကယ့်ကို အံ့ဖွယ်ပဲ ငါမြင်ဖူးသမျှထဲမှာတော့ သူတို့လုပ်တဲ့ ဖောင်တွေက အခိုင်ခံ့ဆုံးပဲ ငါတို့မှာလည်း အဲ့လိုဖောင်မျိုးသာ ရှိ‌ေနရင် ဘယ်လောက်ကောင်းလိုက်မလဲကွာ” ထိုလူမှာပြောနေရင်း သူ့မျက်လုံးထဲ၌လည်း အားကျစိတ်များဖြင့် ပြည့်နှက်နေလေသည်။

ရှောက်ရွှမ်၏ သံသယဖြစ်နေသော မျက်နှာအား မြင်သောအခါ ထိုလူသည် လက်ဟန်တစ်ခုလုပ်လိုက်ပြီး သူလုပ်လိုက်သော လက်ဟန်အကြောင်း ရှင်းပြလိုက်၏။

“အကောင်းဆုံးနဲ့ အခိုင်ခံ့ဆုံး ဖောင်”

အခြားသူများ၏ ရှင်းပြမှုအား နားထောင်ပြီးသောအခါ ရှောက်ရွှမ်ခဏရပ်လိုက်ပြီး မေးလိုက်၏။ “အဲ့တာက လှေမဟုတ်ဘူးလား”

“ဟုတ်တယ် ဟုတ်တယ် သူတို့က အဲ့တာကို လှေလို့ခေါ်တယ်”

ထိုလူမှာ အတိတ်အားသတိရနေသည့် ပုံစံဖြင့် သူ့အတွေ့အကြုံများအား ဆက်ပြောပြလိုက်သည်။ သို့သော် နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်ရာ သူ့မှတ်ညဏ်အချို့သည် ဝေဝါးနေပြီ ဖြစ်၏။

ရှောက်ရွှမ် သူကြားသမျှ အားလုံးကို မှတ်ထားလိုက်သည်။ အချိန်သာရှိပါက သူထိုနေရာသို့ သွားရောက် စစ်ဆေးချင်သေး၏။ သူတို့ မျိုးနွယ်စု ဒီဘက်ကမ်းသို့ ကူးမည့် အချိန်သို့ရောက်သောအခါ သူတို့လှေတစ်စင်းလိုကောင်း လိုနိုင်ပေလိမ့်မည်။ လက်ရှိ

အချိန်တွင် သူတို့၌ သတ္တုပစ္စည်းများလည်း မရှိရာ လုံလောက်အောင်ကြီးသော သင်္ဘောတစ်စင်းကိုတော့ တည်ဆောက်နိုင်မည်မဟုတ်ပေ။ ထိုသို့သော လှေမျိုးကို တည်ဆောက်ရန် ရှောက်ရွှမ်၌လည်း ယုံကြည်မှုအပြည့်အ၀မရှိသေးချေ။ အကယ်၍ သူသာ ထိုမျိုးနွယ်စုဆီသွား၍ အချို့အချက်အလက်များကို သင်ယူနိုင်ခဲ့မည်ဆိုပါက အကောင်းဆုံးဖြစ်ပေလိမ့်မည်။

“အဲ့မှာလည်း လေလွင့်သူ အချို့ရှိတာကို ငါမှတ်မိသေးတယ်” အခြားခရီးသွားတစ်ယောက်မှာလည်း ၀င်ပြောလိုက်၏။

“ကြည့်ရတာတော့ သူတို့ကအဲ့ဒီမှာ သစ်ခုတ်တာ သစ်ဖြတ်တာ မျိုးလောက်ကိုပဲ လုပ်ရတာကွ ဟေး နောက်ပြီး ငါကြားခဲ့တာတစ်ခုက အဲ့က ကျွန်သခင်က သူထွက်သွားတုန်းက သူနဲ့အတူ ကျွန်အတော်များများကိုလည်း ခေါ်သွားခဲ့တယ် တဲ့ကွ” လူတစ်ယောက် ၀င်ပြောလိုက်သည်။

ကျွန်သခင်များသည် သူတို့လက်အောက်ရှိ ကျွန်အရေအတွက် တိုးပွားလာစေရန် နေရာအနှံ့သို့ သွားနေရမည် ဖြစ်၏။ ထိုမှသာ စစ်ရှုံးပြီး မျိုးနွယ်စုမီးတောက် ငြိမ်းသက်သွားကာ လေလွင့်သူဖြစ်လာသူများကို ကျွန်အဖြစ်စုဆောင်းနိုင်ကြမည် ဖြစ်သည်။

ကျွန်သခင်များသည် ကျွန်များများရစေရန် ကုန်းမြေအနှံ့ ခြေဆန့်နေကြရပြီး ရှောက်ရွှမ်တွေ့ခဲ့သော ကျွန်သခင်မှာလည်း အတူတူသာဖြစ်၏။ ထိုလူနှစ်ယောက်ပြောနေသာ စကားများထဲမှ ရှစ်ရှူမကြာခဏ သွားလေ့ရှိသော နေရာများကို ရှောက်ရွှမ်မှတ်ထားလိုက်သည်။

ရှောက်ရွှမ်ထိုနေရာများအား သူ့‌ခေါင်းထဲတွင် မှတ်ထားလိုက်၏။ ရှစ်ရှူသည် ယန်ရှို့ကဲ့သို့ လူမျိုး သို့မဟုတ် မီးတောက်မီးချိုအမှတ်အသားကို အရင်ကတွေ့ဖူးလိမ့်မည်ဟု ရှောက်ရွှမ် သံသယရှိ၏။ သူတွေ့သည့်နေရာမှာ ကျွန်ရှာဖွေရင်း တွေ့ခြင်းလား အခြားနေရာ၌ တွေ့ခြင်းလားကိုတော့ ရှောက်ရွှမ် မ

သိပေ။

သို့သော် ဘယ်မှာဖြစ်ဖြစ် ကိစ္စမရှိပေ။ သူသွားလေ့ရှိသည့် နေရာတိုင်းအားသွား၍ ရှာမည်ဟု ရှောက်ရွှမ်အစီအစဉ်ချပြီး ဖြစ်သည်။ ယန်ရှို့၏ ဘိုးဘေးများ ပြောစကားအရ နေရာအနှံ့တွင် ပြန့်ကျဲနေသော လေလွင့်သူအများအပြားရှိနိုင်သည်ဟု ဆို၏။ နှစ်ပေါင်းများစွာကြာသွားပြီးသည့်နောက် မျိုးဆက်တစ်ခုပြီးတစ်ခု ကျော်လွန်သွားသော်လည်း အချို့မျိုးနွယ်စု၀င်များတော့ ကျန်နေနိုင်သေးပေသည်။

မြစ်တစ်ဘက်ကမ်းရှိ မီးတောက်ဦးချိုမျိုးနွယ်စုသည် ထိုမျှ လူဦးရေမရှိဘဲ အကယ်၍ သူတို့သာ မျိုးနွယ်စုကို ကျယ်ပြန့်စေချင်သည်ဆိုပါက ဒီဘက်ကမ်းမှ လေလွင့်သူများကိုစု၍ သူတို့မျိုးနွယ်စုထဲသို့ ပြန်ခေါ်ရမည် ဖြစ်သည်။

“အဲ့ဒီနေရာတွေကလွဲရင် ငါတို့သွားမယ့် မြေပြန့်ဒေသတွေမှာလည်း လေလွင့်သူတွေအများကြီး ရှိကြ

တာပဲ ထပ်ပြောရရင် ကျွန်သခင်တွေလည်း အဲ့ကိုသွားကြတယ်” ခရီးသွားတစ်ယောက် ပြောလိုက်၏။

ရှောက်ရွှမ် သူ့မြေပုံပေါ်မှ အပြီးထိ မဆွဲရသေးသော အပိုင်းကိုကြည့်လိုက်ရာ ထိုနေရာတွင် မြက်ခင်းပြင်တစ်ခု ရှိနေလေသည်။ ကုန်သွယ်အဖွဲ့သည် ထိုနေရာအား ဖြတ်၍မသွားသော်လည်း ထိုအစား ထိုနယ်မြေ၏ နယ်စပ်မှ ပတ်သွားမည်ဖြစ်၏။ မြက်ခင်းလွင်ပြင်ဒေသတွင် မျိုးနွယ်စုအတော်များများရှိကြပြီး ထိုမျိုးနွယ်စုများမှာ အလွန်ခေါင်းမာကြသူများဖြစ်ကြသောကြောင့် ကုန်သွယ်အဖွဲ့သည် ထိုဒေသအား အတွင်းပိုင်းသို့ မသွားရဲဘဲ နယ်စပ်မှသာ ပတ်သွားခြင်း ဖြစ်သည်။

သူတို့စကားဝိုင်းကို နားထောင်နေရင်း ေဘးတွင်ထိုင်‌နေသော ယွီ ထ ပြောလိုက်သည်။

“အမြန် ရှေ့ကိုကြည့်ကြဦး”

ရေမျက်နှာပြင်ပေါ်တွင် မျောပါနေသော လူတစ်ချို့ရှ်ိနေကြ၏။ သူတို့တစ်ယောက်ချင်းစီတွင်လည်း သေစေနိုင်လောက်သော ဒဏ်ရာမျိုး ရထားကြသည်။

“ရှေ့မှာ တိုက်ပွဲတစ်ခုဖြစ်ခဲ့တာလား” တစ်ယောက်ယောက်မေးလိုက်၏။

“ဒီလောက်မျောလာတာကို ကြည့်ရတာ ခပ်‌သေးသေးတိုက်ပွဲတော့ မဖြစ်နိုင်ဘူး”

ထိုလူများသည် ဤအကြောင်းအား စတင်ဆွေးနွေးကြပြီး မြစ်ကမ်းတွင် ခဏအနားယူရန် မဆုံးဖြတ်ခင်အထိ ကုန်သွယ်အဖွဲ့ခေါင်းဆောင်အချို့သည် ငြင်းခုန်နေခဲ့ကြသည်။

“ခဏနားကြရအောင် ရှေ့ကိုစုံစမ်းဖို့ လူတချို့လွှတ်လိုက်မယ် တကယ်လို့ ရှေ့မှာမျိုးနွယ်စုတွေ

တိုက်ပွဲဖြစ်နေကြရင်တော့ ဒီတိုင်း‌သူတို့ကို ကျော်သွားရမှာပဲ မဟုတ်ရင်တော့ သူတို့တိုက်ပွဲပြီးသွားတဲ့ထိ စောင့်ပြီးမှ ဆက်ထွက်ကြမယ်” ရှေ့မှလူတစ်ယောက် ပြောလိုက်သည်။

ဖောင်၏ဘေးဘက်မှာ လူများမှာ တက်များဖြင့် လှော်ခတ်နေကြပြီး ဖောင်များ မြစ်ကမ်းသို့ရောက်သောအခါ ရှောက်ရွှမ်နှင့် အခြားလူများသည် အနီးရှိ ကျောက်တုံးများ သစ်ပင်များနှင့် ဖောင်များကို ချည်လိုက်ကြကာ သူတို့ကိုယ်ပိုင်သားရေအိတ်နှင့်ပ စ္စည်းများကို ယူခဲ့ကြ၏။ ဖောင်ပေါ်တွင် ဘယ်သူမှဘာမှ မထားခဲ့ကြပေ။ ထိုဖောင်များအား ထားခဲ့၍ ကိုယ်လွတ်ရုန်းကြရမည့် အချိန်မျိုးရောက်လာ မလာ ကို မည်သူမှ မပြောနိုင်ကြခြင်းကြောင့် ဖြစ်၏။ နောက်ဆုံးတွင် ဤနေရာသည် သူတို့မျိုးနွယ်စုမဟုတ်ခဲ့ပေ။ အထူးသဖြင့် အနီးနား၌ တိုက်ပွဲဖြစ်နေရာ နေရာ၌ ဖြစ်၏။ နေရာတိုင်းသည် အန္တရာယ်ရှိနေပြီး အလွယ်တကူပင် ဒုက္ခရောက်သွားနိုင်ပေသည်။

ခေါင်းဆောင်များမှာ ရှေ့ရှိအခြေအနေအား ထောက်လှမ်းရန် တစ်ဖွဲ့လျှင် လူဆယ်ယောက်စီ လွှတ်ခဲ့ကြ၏။

“ရှောက်ရွှမ် အနီးနားမှာ သားရဲတွေ ရှိမရှိ သွားစစ်ဆေးရအောင် ရှ်ိနေရင် အမဲလိုက်ပြီး စားကြမယ်” ယွီ ပြောလိုက်သည်။

နားချိန်အတွင်း သူတို့သည် အနီးပတ်၀န်းကျင်၌ အမဲလိုက်နိုင်ကြ၏။ သို့သော် ခပ်ဝေးဝေးသို့တော့ သွားလို့မရချေ။ အကယ်၍ ကင်းထောက်အဖွဲ့ပြန်လာပြီး ရှေ့တွင် ဘာမှမဖြစ်ဘူးဆိုပါက သူတို့ထပ်စောင့်နေစရာ လိုတော့မည် မဟုတ်ပေ။

“ကောင်းပြီ” ရှောက်ရွှမ် သူ့ဘေးမှလူကို ကုန်သွယ်အဖွဲ့ပြန်လည်ထွက်ခွာပါက သူအားအကြောင်းကြားရန် မှာခဲ့လေသည်။

မျိုးနွယ်စုမှ ထွက်လာပြီးသည့်နောက် ရှောက်ရွှမ်

သားရဲအသားအနည်းငယ်သာ စားခဲ့ရ၏။ သူအမဲလိုက်သော သားရဲများနှင့် ထိုသားရဲများနေသောနေရာများသည် သာမန်အားဖြင့် လူတို့မသွားကြသော နေရာများသာ ဖြစ်ပေသည်။

ထိုသားရဲအသားများ၏ အရသာကို ရှောက်ရွှမ်အတော်လေး လွမ်းနေခဲ့မိသည်။

“အမြန် ကြည့် အဲ့မှာသမင်တစ်ကောင်ရှိတယ်” ယွဲ့ နေရာတစ်ခုအား ညွှန်ပြပြီး ပျော်ရွှင်စွာပြောလိုက်၏။ ထို့နောက် သူ့အဆိပ်ပြောင်းအား အမြန်ထုတ်လိုက်ကာ ဂရုတစိုက် ချဉ်းကပ်လိုက်၏။

သူအလျင်စလို မလုပ်ချင်ပါသော်လည်း ထိုသို့မလုပ်ပါက အဖွဲ့မှ တခြားသူများက ထိုကောင်ကို ခြောက်လှန့်မိကာ ထွက်ပြေးသွားပေလိမ့်မည်။ ထိုအခါ သူတို့ဘာမှစားစရာ ကျန်တော့မည် မဟုတ်ပေ။

ယွီ ရှောက်ရွှမ်နောက်မှလိုက်ကာ ဖြည်းဖြည်းချင်း ချဉ်းကပ်နေလေသည်။ သို့သော် ထိုအချိန်တွင် ပတ်၀န်းကျင်၌ တစ်ခုခုမှားနေသည်ဟု ရှောက်ရွှမ်ခံစားလိုက်ရ၏။ ဘာမှားနေလဲဆိုသည်ကို သူသေချာမသိပါသော်လည်း ဤနေရာတွင် တစ်ခုခုဖြစ်ခဲ့ပုံ ပေါ်လေသည်။ ထို့ကြောင့် နီးကပ်လာသောအခါ သူပို၍ပင် သတိကြီးကြီးထား၍ ဂရုစိုက်နေ၏။

သူတို့ သမင်နှင့် မဝေးတော့သောအခါ ယွဲ့ အဆိပ်ပြောင်းအား ထုတ်ကာ နှုတ်ခမ်းတွင်တေ့၍ သမင်ရှိသည့်ဘက်သို့ ချိန်လိုက်ပြီး သူ့ပါးများကိုဖောင်းလိုက်ကာ မှုတ်ထုတ်လိုက်လေသည်။

ဝှစ်!

အဆိပ်ဆူးလေးများသည် သမင်အားအတိအကျပင် ထိမှန်သွား၏။

အဆိပ်ဆူးပေါ်ရှိ အဆိပ်သည် သေစေနိုင်သောအဆိပ်မဟုတ်ဘဲ အကြောသေစေသော အဆိပ်မျိုးဖြစ်ပေသည်။ ဆူးလေးများ သမင်အားထိသွားသော အခါ သူ့အရေပြားအား ဖောက်၀င်သွားပြီး အဆိပ်များ စတင်ပြန့်နှံ့သွားကြ၏။

တိုက်ခိုက်ခံရပြီဟု ခံစားလိုက်ရသောအခါ သမင်ထွက်ပြေးဖို့ ကြိုးစားလိုက်ပါသော်လည်း ခြေနှစ်လှမ်း လှမ်းပြီးသည့်နောက် တစ်ချက်တုန်သွားလေသည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးသည့်နောက်တွင်တော့ ထိုကောင်သည် မြေပြင်ပေါ်သို့ လဲကျသွားတော့၏။

“ဟေးးးး ပြီးပြီကွ”

စိတ်လှုပ်ရှားစွာဖြင့် ယွီသူ့သားကောင်အား သွားယူရန် ပြင်လိုက်ပါသော်လည်း ရှောက်ရွှမ်ဆွဲထားခြင်းအား ခံလိုက်ရ၏။

“ဘာဖြစ်လို့လဲ” ယွီ ရှောက်ရွှမ်အား မရေမရာဖြင့် မေးလိုက်သည်။

ရှောက်ရွှမ်ဘာမှ ပြန်မဖြေခဲ့ဘဲ သူ့မေးစိအား မလိုက်ကာ အရပ်မျက်နှာတစ်ခုဘက်သို့ ဆွဲလှည့်ပေးလိုက်၏။

ယွီ ကြည့်လိုက်သည်။

တောအုပ်ထဲရှိ သမင်နှင့် အရမ်းမဝေးသော နေရာ၌ ငှက်များ ပျံထွက်သွားကြ၏။ သမင်၏ ပြေးသည့်ခြေသံကြောင့် သူတို့လန့်ပြီး ထွက်ပြေးကြခြင်း ဖြစ်နိုင်ပေသည်။

“အဲ့ဒီငှက်တွေက ဘာဖြစ်လို့လဲ” ယွီ နားမလည်ခဲ့ဘဲ

ရှောက်ရွှမ်အား ပြန်မေးလိုက်သည်။ “ခင်ဗျား အဲ့ငှက်တွေကို စားဖို့တွေးနေတာတော့ မဟုတ်ဘူးမလား သူတို့က အတော်လေးသေးတယ်‌ဆိုပေမယ့် ဖမ်းဖို့မလွယ်ဘူးဗျ ဒီသမင်ရှိနေတာပဲကို ခင်ဗျားက ဘာလို့အဲ့ငှက်ကို စားချင်နေသေးတာလဲ”

ရှောက်ရွှမ် ယွီအား စက္ကန့်အနည်းငယ်ကြာ ကြည့်နေလိုက်ပြီး ပြောလိုက်၏။ “သူတို့က အ‌လောင်းစားငှက်တွေ”

“အလောင်းစားငှက်”

“သူတို့က အလောင်းတွေကိုစားနေကြတာ” ရှောက်ရွှမ် ဟိုဘက်ခြမ်းသို့ ညွှန်ပြလိုက်ကာ “အရေအတွက်ကလည်း မနည်းဘူး”

ထိုငှက်များသည် သမင်ကြောင့် လန့်၍ ပျံပြေးသွားကြသော်လည်း ကိစ္စများသည် ထိုမျှရိုရှင်းလိမ့်မည်

ဟု ရှောက်ရွှမ်မထင်ခဲ့ပေ။ ထို့နောက် ခဏအကြာတွင် ထိုကောင်များ ပြန်လာခဲ့ကြသည်။

အကယ်၍ မြေပြင်တွင်သာ သူတို့အား ဆွဲဆောင်နေသော အရာတစ်ခုခုမရှိပါက ထိုကောင်များ မြေပြင်ပေါ်တွင် အဘယ်ကြောင့် ထိုမျှကြာကြာ နေနေရပါမည်နည်း။

ယွီလည်း အလျင်အမြန် သတိထားမိသွားပြီး သူ့လက်ထဲရှိ အဆိပ်ပြောင်းအား ဆုပ်ကိုင်လိုက်မိသည်။ သမင်အကြောင်းလည်း သူဂရုမစိုက်တော့ပေ။ သူ့အသက်လေးသည် သမင်ထက် ပိုအရေးကြီးသည် မဟုတ်ပါလား။ အစားသည် မသေသေးလျှင် နောက်မှစား၍ ရပေသည်။

လေလမ်းကြောင်း မသင့်ခြင်းကြောင့် သူတို့ဤနေရာသို့ ၀င်လာသောအခါက ဘာအနံ့မှ မရခဲ့ခြင်းဖြစ်၏။ ထို့အပြင် မြစ်ကမ်းတစ်လျှောက်တွင် ပန်းပင်များစွာရှိ‌ေနေခြင်းကြောင့် ပန်းနံ့များက သူတို့အနံ့ခံအာရုံကို နှောင့်ယှက်နေလေရာ ထူးဆန်းတာ

ဘာမှမရှိဟု သူတို့ထင်ခဲ့ကြခြင်း ဖြစ်ပေသည်။

“သွားစစ်ဆေးကြည့်ကြမလား” ယွီ မေးလိုက်သည်။

ယွီ ရှောက်ရွှမ်၏ အဖြေအားမစောင့်တော့ဘဲ ကျောက်ဓားကိုကိုင်ကာ ရှေ့ဆက်သွားလိုက်၏။

ရှောက်ရွှမ်ပတ်ဝန်းကျင်ကို တစ်ချက်စစ်ဆေးလိုက်ပြီး ဘာကိုမှ မတွေ့မှသာ နောက်မှ လိုက်သွားလေသည်။

သူတို့ထိုနေရာနှင့် ပိုနီးလာပါသော်လည်း ထူထဲနေသော သစ်ပင်များကြောင့် ရှေ့သို့ ဘာမှမမြင်ရသေးပေ။ သို့သော် နီးလာသောအခါ ရှောက်ရွှမ် လေထဲ၌ ဆိုးရွားသော အနံ့အသက်တစ်မျိုးကို ရလိုက်မိသည်။

အလောင်းစားငှက်များ၏ လှုပ်ရှားမှုများမှ အပ ဤနေရာတွင် မည်သည့်အရာမှ မရှ်ိခဲ့ပေ။ ထိုကောင်များမှာလည်း အစားအစာအတွက် ရောက်လာသည်မှာ သေချာနေပြီး တစ်ကောင်နှင့်တစ်ကောင်ပင် တိုက်ခိုက်နေကြသည်။

သူတို့လမ်းအားပိတ်နေသော သစ်ကိုင်းများအား ဂရုတစိုက်ဆွဲဖယ်ပြီးသောအခါတွင်မူ ရှောက်ရွှမ် ထိုထူးဆန်းသောအနံ့၏ ဇစ်မြစ်ကို မြင်လိုက်ရလေတော့သည်။

လူသေများ အလွန်များသော လူသေများ ဖြစ်ကြ၏။ ရေပေါ်တွင် မျောနေသော လူများနှင့်ယှဉ်ရင် ဤနေရာက အများကြီးပိုများကြသည်။ မြစ်လို ဆေးကြောပေးနေခြင်းလည်း မရှိရာ ဤနေရာရှိ မြေပြင်ပေါ်တွင် အနီရဲရဲသွေးများလည်း စီးဆင်းနေကြ၏။

သူတို့အ၀တ်အစားများမှာ မြစ်ထဲတွင် မျောလာကြ

သော လူများနှင့် အတူတူသာဖြစ်ကြပြီး မျိုးနွယ်စုတစ်ခုတည်းမှ ဖြစ်ကြပုံပေါ်သည်။ ဤမြင်ကွင်းအရ ထိုလူများ အသတ်ခံရခြင်းဖြစ်သည်မှာလည်း သေချာ၏။

“ဒီလူတွေက….”

ယွီတစ်ခုခုပြောဖို့ ပြင်လိုက်သော်လည်း အလောင်းများကြားထဲမှ လက်မောင်းတစ်ဖက်လှုပ်လာသည်ကို မြင်လိုက်ရသည်။

“အသက်ရှင်နေတဲ့ တစ်ယောက်ယောက်ရှိနေသေးတာလား”

ယွီ အသံအားကြားသောအခါ ထိုလူသည် သူ့အပေါ်မှ လူသေကောင်များကို တွန်းဖယ်လိုက်ရာ သွေးအလိမ်းလိမ်းနှင့် မျက်နှာတစ်ခုပေါ်ပေါက်လာလေ

သည်။ သူ့ခန္ဓာကိုယ်တွင်မူ ဒဏ်ရာတစ်ခုသာ ရှိနေပြီး ထိုဒဏ်ရာမှာတော့ သေစေလောက်သည်အထိ ပြင်းထန်၏။ အခြားလူများတွင်လည်း ထိုသို့ဒဏ်ရာရှိနေပြီး ထိုလူများမှာတော့ သေနေလေပြီ။

မြေပေါ်တွင် အလောင်းများအား စားသောက်နေသော ငှက်များမှာ အသက်ရှင်နေသူတစ်ယောက်ရှိသေးသည်ဟု သိလိုက်ရသောအခါ ပျံပြေးသွားကြသည်။ သို့သော် လောဘကြီးသော အကောင်များမှာတော့ မြေပြင်ပေါ်တွင် ကျန်နေခဲ့သေး၏။

“ကယ်ပါ….ငါ့ကိုကယ်ပါ” ထိုလူသည် သူ့ပတ်၀န်းကျင်မှ ငှက်များ၏ နှုတ်သီးများကို ဂရုမစိုက်ခဲ့ဘဲ ရှောက်ရွှမ်နှင့် ယွီဆီသို့ တွားသွားလာနေလေသည်။

ယွီ မျက်မှောင်ကြုတ်လိုက်ပြီး နောက်တစ်လှမ်း ဆုတ်လိုက်၏။ ပထမအချက်အနေနှင့် သူဒီလူကို မသိပေ။ ဒုတိယအချက်အနေနှင့် မျိုးနွယ်စုစစ်ပွဲတစ်ခုအတွင်း သူ၀င်မပါချင်ပေ။ သူသည် ခရီးသွားတစ်

ယောက်သာဖြစ်ပြီး ဤနေရာသို့ ဒုက္ခရှာဖို့ ရောက်နေသူမဟုတ်ပေ။

“ထွက်သွားရအောင်….” ယွီစကားမဆုံးခင်မှာပင် ဝှစ် ကနဲအသံတစ်သံအား ကြားလိုက်ရသည်။

ရှောက်ရွှမ်တို့ဆီသို့ တွားသွားလာနေသော သူမှာ သူ့ကိုယ်ကို လှံတစ်ချောင်းစိုက်၀င်ခံလိုက်ရပြီး ချက်ချင်းပင် အသက်ထွက်သွားလေ၏။

ရှောက်ရွှမ်၏ အကြည့်မှာ တစ်နေရာသို့ ရောက်ရှိသွားလေသည်။ ထိုနေရာသည် သစ်ပင်တစ်ပင်အပေါ်ဖြစ်ပြီး လူတစ်ယောက်ထိုနေရာ၌ ရပ်နေ၏။

မျက်နှာဖုံး၀တ် လူတစ်ယောက် ဖြစ်သည်။

အပိုင်း (၁၇၆) မျက်နှာဖုံးထောင်ချီ

သစ်ကိုင်းတစ်ကိုင်းပေါ်တွင် သားရေဗြောင်၀တ်စုံကို ၀တ်ထားသော လူတစ်ယောက် ရပ်နေ၏။ တိရစ္ဆာန်သားရေအား အမွှေးချွတ်သည့် လုပ်ငန်းစဉ်သည် လွယ်ကူသောလုပ်ငန်းတော့ မဟုတ်ပေ။ သားရေပေါ်တွင်မူ သစ်တောအရောင်နှင့်တူသော အစိမ်းရင့်ရောင် အစိမ့်ဖျော့ရောင် အစင်းကြားများ ရှောယှက်နေလေရာ သစ်တောထဲတွင် ဆိုပါက ထိုလူကို သတိထားမိရန် အတော်လေးခက်ပေလိမ့်မည်။

ထိုအရာသည် သိပ်ထူးဆန်းသော အရာတော့မဟုတ်ပေ။ ရာသီဥတုပူလာသော အခါ ထိုသို့သော၀တ်စုံမျိုးကို၀တ်ကြသည့် လူအတော်များများကို ရှောက်ရွှမ်မြင်ဖူး၏။ ထိုလူအား ပိုထူးခြားနေစေသော အရာမှာ သူ၀တ်ထားသော မျက်နှာဖုံးဖြစ်သည်။

ရုတ်တရက်ကြည့်လိုက်လျှင် ထိုလူ့မျက်နှာဖုံးမှာ

ပန်းပွင့်ပုံသဏ္ဍာန်မျက်နှာဖုံးဟု ထင်ရဖွယ်ရှိ၏။ သို့သော် အမှန်တကယ်တွင် ထိုမျက်နှာဖုံးသည် သူတို့မျက်နှာအစိတ်အပိုင်းများ၏ အထူးပြောင်းလဲမှုတစ်ခု ဖြစ်သည်။ မျက်နှာဖုံးပေါ်ရှိ အမှတ်အသားများမှာလည်း နတ်စွမ်းအားများပါ၀င်နေသည့် နတ်အမှတ်အသားများ ဖြစ်ကြ၏။

သတ်ဖြတ်ခြင်းအရှိန်အဝါတစ်ခုထွက်ပေါ်လာရာ အနားတွင် လူသေများအား စားသောက်နေကြသည့် လက်ကျန်ငှက်များမှာလည်း ပျံပြေးကုန်ကြတော့သည်။

လူသေများအားစားသောက်နေကြသည့် ငှက်ပမာဏမှာလည်း မနည်းလေရာ သူတို့ပျံ‌ေပြးသွားသောအခါ လူသေအလောင်းများပေါ်၌ အနက်ရောင်ခန်းစီးတစ်ခု ဖြတ်ပြေးသွားသလိုပင် ဖြစ်သွားကြ၏။

တစ်ဖက်လူဘယ်အချိန်ခုန်ဆင်းလာမည်ကို မသိရ

သောကြောင့် ယွီ အသက်ပြင်းပြင်းရှူလိုက်ပြီး လက်ထဲရှိ ကျောက်တုံးဓားအား ဆုပ်ကိုင်လိုက်ကာ အလိုအလျောက်ပင် တစ်ဖက်လူရှိရာဖက်လို့ ဓားဦးကိုချိန်ထားလိုက်မိသည်။

တစ်ချိန်တည်းမှာပင် ထိုလူမှာလည်း သစ်ကိုင်းပေါ်မှ ခုန်ဆင်းလာ၏။ လျှပ်တပျက်ပင် ငှက်များ‌ေကြာင့်ဖြစ်‌ပေါ်နေ‌သော အနက်ရောင်ခန်းစီးစကို ကျော်၍ ယွီဆီသို့ ဓားတစ်ချက် ခုတ်ပိုင်းလိုက်လေ၏။

ဓားတစ်ချက်သာ ခုတ်ပိုင်းလိုက်ခြင်းဖြစ်သော်လည်း ယွီ သူ့ဆီသို့ ဓားပေါင်းများစွာ ပျံသန်းလာနေသလို ခံစားလိုက်ရသည်။ သူဘယ်ကိုပဲပြေးပြေး ထိုဓားများသည် သူ့ကိုအလွတ်ပေးတော့မည် မဟုတ်ပေ။

ယွီ နွံအိုင်ထဲတွင် နစ်နေသလိုခံစားလိုက်ရပြီး တစ်ကိုယ်လုံး တောင့်တင်းသွာ‌ေလသည်။ ထိုအခိုက်တွင် သူ့ခန္ဓာကိုယ်မှာလည်း သူ့စကားအား နားမ

ထောင်တော့ပေ။ သူလှုပ်ရှားနိုင်မည့် အချိန်ရောက်သည့်အခါတွင်လည်း အရာရာသည် နောက်ကျသွားတော့မည်သာ။

ထိုအချိန်တွင် ယွီစတင်နောင်တရလာမိသည်။

သူဤနေရာသို့ ဘာကြောင့်လာခဲ့မိပါသလဲ။

သမင်ကိုပစ်ပြီးပြီးချင်း သူဘာလို့ ထွက်မသွားမိခဲ့ပါသလဲ။

မျိုးနွယ်စုမှ ထွက်မလာခင်တွင် သူ့အဖိုးက သူ့ကို အရမ်းမစပ်စုဖို့နဲ့ ထူးဆန်းတာတစ်ခုခုအားတွေ့ပါက အဝေးဆုံးတွင်နေဖို့ မှာခဲ့သည် မဟုတ်ပါလား။

ယခုတွင်မူ မကြာခင်တွင် သူသည် မြေပြင်ပေါ်ရှိအလောင်းများကဲ့သို့ ခုတ်ပိုင်းခံလိုက်ရကာ

အလောင်းစားငှက်များ၏ စားသောက်ခြင်းကို ခံရပေတော့မည်။

ရုတ်တရက် ယွီ သူ့ပုခုံးအား လက်တစ်ဖက်က ဆွဲခေါ်သွားသည်ကို ခံစားလိုက်ရသည်။ ချွန်ထက်နေသာ ဓားတစ်လက်သူ့ခေါင်းပေါ်တွင် ပေါ်ပေါက်လာပြီး အခြားတစ်ခုနှင့် ရင်ဆိုင်မိသွား၏။ ကျောက်ဓားနှစ်လက် ထိပ်တိုက်တွေ့သွားသောအခါတွင် မီးပွားများထွက်လာခြင်းမျိုးမဖြစ်ဘဲ ကျောက်စများသာ ပဲ့ထွက်ကုန်ကြ‌သည်။

ထိုဓားချီများ ကြားတွင်မူ သေဘေးမှအခုပဲလွတ်မြောက်လာရခြင်းကြောင့် ယွီအလွန်ရင်တုန်နေ‌၏။ သို့သော် ယခုအချိန်သည် တွေးနေရမည့် အချိန်မဟုတ်သည်ကို ယွီသိသည်။ အကယ်၍ ရှောက်ရွှမ်သာ မကယ်ခဲ့ပါက သူသည် အခုချိန် မြေပြင်ပေါ်၌ လဲလျောင်းနေရပြီး ဖြစ်လိမ့်မည်။ သူဤနေရာတွင် ရပ်နေ၍လည်းတိုက်ခိုက်ရာ၌ ဘာအကူအညီမှ မဖြစ်နိုင်သည်ကို သိသောကြောင့် ရှောက်ရွှမ်လွတ်လွတ်လပ်လပ် တိုက်ခိုက်နိုင်‌ေစရန် ခြေလှမ်း

အနည်းငယ် ဆုတ်ပေးလိုက်သည်။

တစ်ဖက်လူ၏ ဓားချီသည် အလွန်သန်မာလှပြီး ယွီအား မလှုပ်နိုင်အောင်ပင် ဖြစ်စေနိုင်သော်လည်း ရှောက်ရွှမ်ကဲ့သို့ တောထဲတွင်ကြီးပြီး သားရဲများနှင့် တိုက်ခိုက်ခဲ့ရသော သူအဖို့တော့ သူမကိုင်တွယ်နိုင်သော အရာမျိုးမဟုတ်ပေ။

ယခုအခါတွင်လည်း လက်တစ်ဖက်တွင် ကျောက်ဓားအားကိုင်ပြီး တစ်ဖက်ဖြင့် ယွီအားကယ်လိုက်ပြီး တစ်ဖက်မှ၀င်လာသော ဓားချက်ကို သူ့ကျောက်ဓားဖြင့် ခုခံလိုက်ခြင်း ဖြစ်၏။

အကယ်၍ သူ့ဓားသည် သာမန်ကျောက်ဓားသာဖြစ်ပါက ချက်ချင်းပင် ကျိုးပဲ့သွားမည် ဖြစ်သော်လည်း ယခုအခါ သူ့လက်ထဲရှိဓားမှာ နတ်ဆေးဆရာပေးထားသော ဓားဖြစ်ပေသည်။ ထိုဓားသည် သူဘိုးဘေးများအား ရှာစဉ်အခါက ကျောက်တီကောင်ဘုရင်၏ အသိုက်မှ ယူလာသော ဓားလည်းဖြစ်၏။ သူမျိုးနွယ်စုမှ မထွက်ခင်တွင် နတ်ဆေးဆရာကထို

ဓားအား အသေးစိတ်ပြန်လည်သန့်စင်ပြီး သူ့အားပေးလိုက်ခြင်း ဖြစ်သည်။

သူမျိုးနွယ်စုမှ ထွက်ခွာစဉ်က လောင်ခဲ့သန့်စင်ပေးခဲ့သော ပိုင်ယာ့ဓားအပြင် ထိုကျောက်ဓားကိုလည်း သူယူလာခဲ့၏။ ရေတွက်၍တောင်မရသော တိုက်ခိုက်မှုများစွာနှင့်ကြုံပြီးသောအခါတွင်မူ သူ့ကျောက်ဓားလေးသည် အရင်နှင့်ယှဉ်ပါက အနည်းငယ်ပင် သေးသွားခဲ့သည်။

ပထမဆုံးတိုက်ခိုက်မှုတွင် တစ်ဖက်လူ၏ ဓားချီသည် ကျောက်ဓားကိုဖြတ်ကာ သူ့လက်မောင်းများကိုတုန်ခါသွားစေသော်လည်း ရှောက်ရွှမ်မကြောက်မိချေ။ သူ့လက်မောင်းရှိ နတ်အမှတ်အသားသည် ထိုအရာအား ခုခံရုံသာမက ပြန်လည်တိုက်ခိုက်ရန်ပင် ခွန်အားရှိနေသေးသည် မဟုတ်ပါလား။

လူနှစ်ယောက်သည် ပထမတိုက်ကွက်ပြီးသည့်နောက် ပြန်ခွာသွားကြပြီး မျက်နှာဖုံး၀တ်လူ

သည် သူရပ်နေခဲ့သော သစ်ကိုင်းပေါ်သို့ပင် ပြန်တက်သွား၏။ မျက်နှာဖုံးအောက်ရှိ သူ့မျက်လုံးများမှာလည်း တစ်ဖက်လူအား အကဲခတ်နေရင်း အံ့ဩသင့်နေသည့် အရိပ်အယောင်များ ထွက်ပေါ်နေလေသည်။

ယွီသူ့အိတ်ထဲမှ အဆိပ်အပ်များအား ထုတ်လိုက်သောအခါတွင်မူ ထိုလူသည် ချက်ချင်းပင်ထွက်ပြေးသွားပြီး သူတို့နှင့် ဆက်မတိုက်ခိုက်တော့ပေ။

ယွီ ပတ်၀န်းကျင်အား တစ်ချက်စစ်ဆေးကြည့်လိုက်ပြီး သက်ပြင်းချလိုက်မိသည်။

ရန်သူစတင်တိုက်ခိုက်လိုက်သည့်အချိန်နှင့် ရှောက်ရွှမ်သူ့တိုက်ကွက်အား ခုခံကာ ရန်သူပြန်ပြေးသွားသောအချိန်သည် အသက်ရှူကြိမ်တစ်ခုစာလောက် အတွင်းတွင်ပင် ဖြစ်‌ပျက်သွားခဲ့ခြင်းဖြစ်၏။

အရင်က သူတွေးထားသည်မှာ ဖားအဆိပ်အားသုံး၍ သူ့ကိုယ်သူကာကွယ်နိုင်လိမ့်မည်ဟု ထင်ထားခဲ့ပါသော်လည်း ယခုမှသာ သူဘယ်လောက်ပျော့ညံ့ခဲ့မှန်း ယွီနားလည်သွားသည်။ စစ်မှန်သော ခွန်အားသည် ထိုကဲ့သို့သောအရာများကို ဖိနှိပ်ပစ်နိုင်ပြီး သူ့တွင်တုန့်ပြန်ရန်ပင် အချိန်မရခဲ့ပေ။

ယခုမှသာ သူ့သွေးများအားအေးခဲသွားစေပြီး မလှုပ်နိုင်ဖြစ်ကာ ပြေးစရာမြေပင်မရှိတော့လောက်အောင် သူရင်ဆိုင်ခဲ့ရသော ဓားချက်အကြောင်းကို ပြန်စဉ်းစားနေမိသည်။

“ကျွန်တော် သေမတတ်ကြောက်သွားခဲ့တာ” ယွီ အသက်ပြင်းပြင်းရှူလိုက်ရင်း ပြောလိုက်သည်။ ပတ်၀န်းကျင်ရှိ ဆိုးရွားသောအနံ့အသက်များကိုပင် ဂရုမစိုက်နိုင်တော့ဘဲ သူရှူသွင်းလိုက်ခြင်းဖြစ်၏။ အနံ့သည် အခုထက်ပိုဆိုးနေလျှင်ပင် ကိစ္စမရှိပေ သေဆုံးခြင်းထက်တော့ မဆိုးနိုင်ဘူး မဟုတ်ပါလား။

“ကျေးဇူးပါ ရှောက်ရွှမ် တကယ်လို့ခင်ဗျားသာမကယ်ခဲ့ရင် ကျွန်တော်လည်းမြေပြင်ပေါ်က လူတွေလိုမျိုးဖြစ်နေလောက်ပြီ” ယွီပြောလိုက်သည်။ ရှောက်ရွှမ်အား သာမန်မျိုးနွယ်စု၀င်တစ်ခုဟုသာ သူထင်ထားခဲ့ခြင်းဖြစ်ပြီး ထိုမျှသန်မာလိမ့်မည်ဟု သူထင်မထားခဲ့ပေ။ အမှန်တရားမှာ ရှောက်ရွှမ်သည် သူ့ထက်ငယ်သော်လည်း သူ့ထက်အတော်လေးပင် သန်မာလှသည်။ မျိုးနွယ်စုမှထွက်မလာခင်က သူ့အဖိုးက သူ့အား အခြားသူများနောက်မှမလိုက်ဘဲ ရှောက်ရွှမ်နောက်သို့သာ လိုက်ရန်မှာထားခဲ့ခြင်းမှာ အံ့ဩစရာမဟုတ်တော့ပေ။ သူ့အဖိုးသည် ရှောက်ရွှမ်အတော်လေးသန်မာမှန်း သိထားခဲ့ပုံရသည်။ သူ့အဖိုး၏ အမြင်မှာအမှန်တကယ်ပင် စူးရှလှပြီး ထိုနေရာ၌ သူ့အဖိုးအားသူမယှဉ်နိုင်ပေ။

“အမြန်ထွက်သွားကြစို့” ရှောက်ရွှမ် ပတ်၀န်းကျင်အား တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ဟုတ်တယ် အမြန်ထွက်သွားနိုင်လေ ကောင်းလေ

ပဲ” ယွီပြန်ပြောလိုက်ပြီး အမြန်နောက်လှည့်ပြေးလေတော့သည်။

မြစ်ကမ်းရှိ အနားယူနေသော ကုန်သွယ်အဖွဲ့ကိုတွေ့မှပင် ယွီအရှိန်လျှော့ခဲ့၏။ ထိုခါမှသာ သူတွေ့ခဲ့သောလူအကြောင်းပြန်တွေးမိပြီး ရှောက်ရွှမ်ဘက်သို့လှည့်ကာ မေးလိုက်သည်။

“အဲ့ဒီလူက ဘယ်မျိုးနွယ်စုကလို့ထင်လဲ သူကအတော်လေးသန်မာတယ်”

ရှောက်ရွှမ်တစ်ဖက်လူ၏ မျက်နှာဖုံးအားပြန်စဉ်းစားကြည့်ပြီး ပြောလိုက်သည်။

“မျက်နှာဖုံးထောင်ချီ မျိုးနွယ်စု”

ရှောက်ရွှမ်သိသမျှထဲတွင် ထိုမျက်နှာဖုံးပုံစံမျိုးနှင့် မျိုးနွယ်စုတစ်ခုသာ ရှိ၏။ ထိုအရာသည် ဘိုးဘေး

များမှတ်တမ်းတင်ထားခဲ့သော သားရေလိပ်ထဲတွင်ပါသော မျိုးနွယ်စုတစ်ခုအား သူပထမဆုံးအကြိမ်တွေ့ခဲ့ရခြင်းလည်း ဖြစ်သည်။

ဘိုးဘေးများပြောခဲ့သည်မှာ ထိုမျိုးနွယ်စုသည် သူတို့နတ်ရုပ်နိုးထလာသောအခါ မျက်နှာပေါ်တွင် မျက်နှာဖုံးတစ်ခုပေါ်လာသည်ဟု ဆို၏။ ထို့နောက် သူတို့နတ်စွမ်းအားအား သုံးသည့်အခါတွင် ထိုမျက်နှာဖုံးသည် မျက်နှာတစ်ခုလုံးအားဖုံးအုပ်သွားပေလိမ့်မည်။

မျက်နှာဖုံးထောင်ချီမျိုးနွယ်စု၀င်တိုင်းတွင် မတူညီသော မျက်နှာဖုံးများ ရှိကြသည်။ တူညီသည်ဟုထင်ရသော်လည်း အမှန်တကယ်တွင် သူတို့ကြား၌ မတူညီသော အသေးစိပ်အရာလေးများ ရှိတတ်ကြ၏။ ထိုသည်မှာ လူတိုင်းတစ်ယောက်မျက်နှာနှင့်တစ်ယောက် မတူညီသလိုဖြစ်ပေသည်။

မျက်နှာဖုံးထောင်ချီမျိုးနွယ်စုတွင် တစ်ချို့မျက်နှာဖုံး

များသည် နတ်ဆိုးများ သရဲများကဲ့သို့ အလွန်ကြမ်းကြုတ်ပုံပေါ်ပြီး တစ်ချို့သည် သာမန်သာဖြစ်ကာ တစ်ချို့သည် ငြိမ်းချမ်းသည့်ပုံပေါ်တာမျိုးပင် ရှိတတ်ကြ၏။ လူပေါင်းထောင်ချီတွင် မတူညီသော မျက်နှာဖုံးပေါင်းထောင်ချီ ရှိကြခြင်းဖြစ်သည်။ ထိုအရာသည် မျက်နှာဖုံးထောင်ချီ မျိုးနွယ်စု ဖြစ်၏။

ထို့အပြင် မျက်နှာဖုံးထောင်ချီမျိုးနွယ်စု၏ နတ်အမှတ်အသားသည်လည်း ထိုထူးဆန်းသောမျက်နှာဖုံးများ ဖြစ်ကြသည်။ ရှောက်ရွှမ်ထိုအရာအား မီးတောက်ဦးချိုမျိုးနွယ်စုရှိ ကျောက်တုံးနံရံပေါ်၌ အရင်က မြင်ဖူး၏။

“မျက်နှာဖုံးထောင်ချီ လား” ထိုစကားအား ကြားလိုက်သောအခါ ယွီချက်ချင်း မတုံ့ပြန်ခဲ့ပေ။ တခဏကြာစဉ်းစားမိပြီးသောအခါ မှသာ သူ့မျက်နှာပေါ်တွင် ကြောက်လန့်သည့် အမူအရာများဖြင့် ပြည့်နှက်သွား၏။

“မျက်နှာဖုံးထောင်ချီ မျိုးနွယ်စုလား”

မျိုးနွယ်စု၏ အစွန်အဖျားတွင်သာနေတတ်သာ ပုမျိုးနွယ်စုတစ်ယောက်အနေဖြင့် ထို မျက်နှာဖုံးထောင်ချီမျိုးနွယ်စုသည် သူနှင့်အလှမ်းဝေးသော အရာဖြစ်သည်။ သို့သော် မျိုးနွယ်စုထဲရှိ လူတစ်ချို့ ထိုအကြောင်းဆွေးနွေးနေကြသည်ကိုတော့ သူကြားဖူးသည်။ သူတို့ပြောသောအကြောင်းအရာအများစုသည် ချဲ့ကားထားသော ထင်မြင်ချက်များသာဖြစ်ကြသော်လည်း မျက်နှာဖုံးထောင်ချီ မျိုးနွယ်စုသည် ဖြုံလောက်စရာ မျိုးနွယ်စုတစ်ခုဖြစ်သည်ကိုတော့ ငြင်း၍မရပေ။

“ဒါဆို အဲ့လူတွေက မျက်နှာဖုံးထောင်ချီမျိုးနွယ်စုသတ်တာ ခံခဲ့ရတာလား ကျွန်တော်မှတ်မိသလောက်ဆိုရင် ခရီးသွားအဖွဲ့ရဲ့မြေပုံအရ မျက်နှာဖုံးထောင်ချီမျိုးနွယ်စုနယ်မြေက ဒီနေရာနဲ့ အတော်လေးဝေးတယ် ကိစ္စကြီးတစ်ခုခုကြောင့်ဟာမဟုတ်ရင် သူတို့ဒီကိုမလာလောက်ဘူး” မျိုးနွယ်စုစစ်ပွဲဆိုသော်လည်း ထိုအရာသည် တစ်ဖက်ထဲက အစုလိုက်အပြုံလိုက်

သတ်ဖြတ်နေခြင်းဟု ယွီ ယူဆမိလေသည်။

“ဘယ်သူသိမှာလဲ” ရှောက်ရွှမ်မရေမရာ ဖြေလိုက်၏။

ဘိုးဘေးများမှတ်တမ်းထဲ၌ မှတ်တမ်းတင်ထားပြီး ကျောက်နံရံ၌ပင်ရေးဆွဲခံထားရခြင်းအား ကြည့်ခြင်းဖြင့် ထိုမျိုးနွယ်စုသည် ထိုအချိန်က မီးတောက်ဦးချိုမျိုးနွယ်စုနှင့် အဆင့်တူမျိုးနွယ်စုတစ်ခုဖြစ်မှန်း သိသာပေသည်။ အကယ်၍ ခွန်သားကွာခြားချက်သာ အလွန်ကြီးပါက ဘိုးဘေးများသည် သူတို့အား ထိုမျှအလေးပေး၍ မှတ်တမ်းတင်ထားလိမ့်မည် မဟုတ်ပေ။

ယွီပြောပုံအရ မျက်နှာဖုံးထောင်ချီမျိုးနွယ်စုသည် အလွန်သန်မာပြီး နာမည်ကျော်သည့် မျိုးနွယ်စုတစ်ခုဖြစ်လေရာ မီးတောက်ဦးချိုမျိုးနွယ်စုသည်လည်း တစ်ချိန်က ထိုသို့ မျိုးနွယ်မျိုး ဖြစ်ခဲ့ပါသလော။

ယခုအချိန်တွင် ရှောက်ရွှမ်အဖြေအား မသိသေးပေ။ နှစ်ပေါင်းထောင်ချီ ကြာလာပြီးသည့်နောက် မျိုးနွယ်စုအသစ်များ ပေါ်ပေါက်လာသလို မျိုးနွယ်စုအဟောင်းများမှာလည်း ဖျက်ဆီးခြင်းရခြင်းများ ရှိတတ်ကြ၏။ သို့သော် မျက်နှာဖုံးထောင်ချီ မျိုးနွယ်စုကဲ့သို့ အင်အားတောင့်တင်းနေဆဲဖြစ်သော မျိုးနွယ်စုများလည်း ရှိကြသည်။ မီးတောက်ဦးချိုမျိုးနွယ်စုမှာမူ ယခုအချိန်တွင် မျိုးနွယ်စုနာမည်အား မှတ်မိသည့်လူပင် မရှ်ိသလောက် ဖြစ်နေလေပြီ။

ဤအရာသည် အမှန်တကယ်၀မ်းနည်းစရာဖြစ်ရပ် ဖြစ်သည်။ ဘိုးဘေးများသာ ထိုအရာအား သိရှိခဲ့ပါက သေရာမှ ပြန်ရှင်လာပြီးပင် ငိုကြွေးနေ‌လောက်ကြ၏။

ရှောက်ရွှမ်တို့ ပြန်ရောက်ပြီးမကြာခင်တွင် အဖွဲ့မှ ကင်းထောက်လွှတ်လိုက်သော သူများပြန်ရောက်လာကြသည်။

“မျိုးနွယ်စုတစ်ခုက မျက်နှာဖုံးထောင်ချီမျိုးနွယ်စုရဲ့ သလင်းကျောက်တွေကိုခိုးလာပြီး သူတို့မျိုးနွယ်က ကလေးတစ်ချို့ကိုလည်း သတ်ခဲ့လို့ မျက်နှာဖုံးထောင်ချီမျိုးနွယ်က လိုက်လာပြီး သူတို့မျိုးနွယ်စုတစ်ခုလုံးကို အစုလိုက်အပြုံလိုက်သတ်နေတာလို့ ကြားခဲ့တယ် သူတို့က ဒီအထိ လိုက်လာပြီး မျိုးနွယ်စုတစ်ခုလုံးကိုအမြစ်ပြတ် သုတ်သင်ခဲ့ကြပြီးတော့ အဲ့ဒီမျိုးနွယ်စုရဲ့ နတ်မီးတောက်ကိုလည်း ငြှိမ်းသတ်ပစ်လိုက်ခဲ့တယ်တဲ့”

“ဒီကောင်တွေက ဘယ်လိုများ မျက်နှာဖုံးထောင်ချီမျိုးနွယ်စုကိုတောင် ရန်စရဲကြတာလဲ”

“ဟုတ်တယ် ဒီကောင်တွေ သေချင်နေကြတာပဲ ငါတို့မျိုးနွယ်စုကြီးတွေနဲ့ တွေ့တဲ့အခါဆိုရင် အဲ့ဒီမျိုးနွယ်စုက ကလေးတွေကိုတောင် အပြစ်မပြုရဲဘူး”

သူခိုးများသည် သူတို့ကိုယ်သူတို့လုံအောင် ပုန်းနိုင်ပြီထင်ပြီး မျိုးနွယ်စုဆီကိုတော့ ကပ်ဘေးတစ်ခု

ရောက်လာလိမ့်မည် မဟုတ်ဟု တွေးထားခဲ့ခြင်း ဖြစ်နိုင်ပေသည်။ သို့မဟုတ် အကျိုးဆက်ကိုသိသော်ငြား လောဘကသူတို့အား မျက်ကန်းဖြစ်စေခဲ့ခြင်းလည်း ဖြစ်နိုင်၏။

ဆွေးနွေးပြောဆိုနေကြသည်အား နားထောင်ရင်း ရှောက်ရွှမ်လည်း အတွေ့အကြုံတစ်ခု ရလိုက်လေသည်။ ထိုအရာမှာ မျိုးနွယ်စုကြီးများမှ ဆိုပါက တိုက်ခိုက်နိုင်စွမ်းမရှ်ိသော ကလေးတစ်ယောက်ကိုပင် အပြစ်ပြု၍ မရခြင်းဖြစ်၏။ ယနေ့ကဲ့သို့ အဖြစ်အပျက်မျိုးသည် အမြဲတန်းဖြစ်ပွားနေသည် မဟုတ်ပါသော်လည်း ခရီးသွားအဖွဲ့ရှိ လူတိုင်း၏ စိတ်ထဲတွင်တော့ အတွေးတစ်ခုတည်းကိုသာ တွေးမိနေကြလေသည်။

ထိုအရာမှာ မျိုးနွယ်စုကြီးများသည် မည်မျှလွှမ်းမိုးနိုင်ကြသလဲ ဆိုသည်ပင်ဖြစ်၏။ သူတို့၏ မျိုးနွယ်စုနာမည် သို့မဟုတ် မျိုးနွယ်စုနတ်အမှတ်အသားအား မြင်ရုံနှင့်မျှပင် လူတိုင်းအား ကြောက်ရွံ့သွားစေလေသည်။

All Chapters