မြက်ခင်းလွင်ပြင် မျိုးနွယ်စုများ
Vol. 12 Ch. 177
မျက်နှာဖုံးထောင်ချီ မျိုးနွယ်စု၏ သွေးစွန်းသော ကလဲ့စားကြောင့် ကုန်သွယ်အဖွဲ့သည် ထိုအကြောင်းအား အချိန်အတော်ကြာသည်အထိ ဆက်ပြောနေကြပြီး ပြန်လည်ထွက်ခွာသည့်အချိန်ထိပင် ထိုအကြောင်းပြောနေခြင်းအား မရပ်ကြသေးပေ။ ထိုကလဲ့စားနှင့်ဆက်စပ်ပြီး ယမန်နှစ်များအတွင်းဖြစ်ခဲ့သော အလားတူဖြစ်ရပ်များကိုလည်း ပြောနေကြရာ ရှောက်ရွှမ်အတွက် သတင်းအချက်အလက်အသစ်များကို ပိုမိုသိရှိလာစေခဲ့၏။
မျက်နှာဖုံးထောင်ချီမျိုးနွယ်စုအပြင် သားရေလိပ်ပေါ်၌ ဘိုးဘေးများ မှတ်တမ်းတင်ခဲ့သော အခြားမျိုးနွယ်စုများမှာလည်း ဤနေရာ၌ ရှိနေကြသေးသည်။
သူရရှိလာသော သတင်းအချက်အလက်အသစ်များ
ကို ရှောက်ရွှမ် ဂရုတစိုက်လျှို့ဝှက်သိမ်းထားသော သားရေလိပ်၌ မှတ်သားခဲ့လိုက်၏။ သူ မီးတောက်ဦးချိုမျိုးနွယ်စုသို့ ပြန်သောအခါ ထိုသားရေလိပ်ကို ပြန်ယူသွားရပေလိမ့်မည်။
မီးတောက်ဦးချိုမျိုးနွယ်စုသည်ရော ဤနေရာသို့ ပြန်လာသောအခါတွင် သူတို့ ယခင်ကရရှိခဲ့သော အောင်မြင်မှုမျိုးကို ပြန်လည်ရရှိပါဦးမည်လော။
ထိုနေ့သို့ပြန်လည်ရောက်ရှိရန်ကိုမူ ရှောက်ရွှမ် အတော်လေးမျှော်လင့်ထားပေသည်။
ရှောက်ရွှမ်နှင့်ယွီသည် သူတို့ မျက်နှာဖုံးထောင်ချီမျိုးနွယ်စုမှ လူနှင့် တွေ့ခဲ့သည့်အကြောင်းကို မည်သူ့ကိုမှ ပြောမပြခဲ့ချေ။ ခရီးသွားအဖွဲ့သည် သူတို့ဖောင်များအားထားခဲ့၍ လမ်းမလျှောက်ရခင်အထိ မြစ်ထဲတွင် နှစ်ရက်ကြာ ဆက်လက်ခရီးဆက်ခဲ့ကြသည်။ လမ်းတစ်နေရာသို့ ရောက်သောအခါ သူတို့ဖောင်
များအားဆက်လက်အသုံးပြုဖို့ မသင့်တော်တော့ပေ။ ချောင်းတစ်ချိ့ရှိပါသေးသော်လည်း ဤနေရာတွင် ချောင်းထဲမှ သွားခြင်းထက် လမ်းလျှောက်ခြင်းက ပိုမြန်နိုင်၏။ ထို့ကြောင့် မြစ်ကမ်းဘေးမှ လမ်းအတိုင်း သူတို့ ခြေလျင်ခရီးဆက်ခဲ့ကြသည်။
သူတို့ရှေ့ရှ်ိ မြေအနေအထားသည် ကုန်းပြင်မြင့်မြေမျိုး ဖြစ်၏။ ပြောကြသည်မှာ ဤဒေသတွင် မျက်စိတစ်ဆုံးမမြင်နိုင်သော မြက်ခင်းပြင်များနှင့် တိုင်းလို့မရအောင်မြင့်သော နှင်းတောင်များရှိသည်ဟု ဆိုကြသည်။
ကြားရသည်မှာ မီးတောက်ဦးချိုမျိုးနွယ်စု၏ အမဲလိုက်နယ်မြေနှင့်တူပုံပေါ်၏။
မြက်ခင်းလွင်ပြင်ဒေသသည် ကြီးမားပြီး မျိုးနွယ်စု အကြီးအသေးများ ပြန့်ကျဲနေသော ဒေသဖြစ်သည်။ တစ်ခါတစ်ရံတွင် ထိုမျိူးနွယ်စုများကြား၌ အချင်းများမှုများဖြစ်တတ်ကြသောကြောင့်
ကုန်သွယ်အဖွဲ့သည် မျိုးနွယ်စုစစ်ပွဲအတွင်း ကြားမညပ်ေစရန် မြက်ခင်းလွင်ပြင်ဒေသအနက်ပိုင်းထဲမှ ဖြတ်မသွားဘဲ နယ်မြေ၏ အစပ်မှသာ ဖြတ်သွားလေ့ရှိပြီး လမ်းတစ်လျှောက်တွင် ကုန်စည်လဲလှယ်လေ့ရှိကြ၏။
ဤရာသီတွင် မြက်ခင်းလွင်ပြင်သည် စိမ်းလန်းဆဲဖြစ်သည်။
မြစ်ကမ်းတစ်လျှောက်တွင် ခေ့လျင်ခရီးသွားေနရင်း ရှောက်ရွှမ်ပတ်၀န်းကျင်တစ်ဝိုက် ကြည့်ရှုနေမိ၏။
ယနေ့တွင် ကောင်းကင်သည် ကြည်လင်နေပြီး ရာသီဥတုမှာလည်း ကောင်းမွန်နေလေသည်။ မြက်ခင်းစိမ်းများကြား၌ အမည်မသိပန်းလေးများလည်း ပွင့်လန်းနေကြပြီး လေထုထဲသို့ ခပ်သင်းသင်းရနံ့တစ်မျိုးကို သယ်ဆောင်လာနေကြ၏။
ရှေ့သို့ဆက်ကြည့်လိုက်သောအခါတွင်မူ အဆုံးမဲ့ မြက်ခင်းပြင်ကြီးကိုသာ မြင်ရလေသည်။
ရှောက်ရွှမ်တို့ဘေးရှိချောင်းများနှင့် မြက်ခင်းလွင်ပြင်ထဲသို့ ဖြတ်စီးနေကြသော ချောင်းများအပြင် ကောင်းကင်ပြာအားရောင်ပြန်ဟပ်နေကြသော ရေကန်ငယ်လေးများမှာလည်း နေရာအနှံ့ရှိနေကြ၏။
ရေကန်များကြားတွင်မူ ထိုရေကန်ကြီးငယ်များအား ကန့်လန့်ဖြတ်ဆက်သွယ်ပေးထားကြသော ချောင်းငယ်လေးများကိုလည်း တွေ့နိုင်ပြီး ရေများမှာ အလွန်ကြည်လင်ပေသည်။ တစ်ယောက်ယောက်သာထိုနေရာသို့ သွားကြည့်မယ်ဆိုပါက ရေထဲရှိ ငါးလေးများအလျင်အမြန်ကူးခတ်နေသည်ကိုပင် တွေ့ရှိနိုင်၏။
“ဒါက မြက်ခင်းလွင်ပြင်ဒေသပဲ တကယ်လို့ငါတို့
ရှေ့ဆက်သွားမယ်ဆိုရင် ဖုန်မျိုးနွယ်စုနယ်မြေထဲကို ရောက်လိမ့်မယ်” ရှောက်ရွှမ်ဘေးမှ အသက်ကြီးကြီး အတွေ့အကြုံရင့်ခရီးသွားတစ်ယောက် ရှောက်ရွှမ်အားပြောလိုက်သည်။
ဖုန်မျိုးနွယ်စုသည် မြက်ခင်းလွင်ပြင်ဒေသမှ မျိုးနွယ်တစ်ခုဖြစ်ပြီး ဤဒေသသို့ဖြတ်သန်းသွားလာသောအခါ ခရီးသွားအဖွဲ့သည် ဖုန်မျိုးနွယ်စုနယ်မြေမှ ဖြတ်ဖို့ လိုလေ၏။ ဖုန်မျိုးနွယ်စုနှင့် ခရီးသွားအဖွဲ့သည်လည်း ဆက်ဆံရေးကောင်းရှိကြသည်။ သူတို့သည် ထိုကဲ့သို့ဆက်ဆံရေးကောင်းအား နှစ်ပေါင်းများစွာကြာတည်ဆောက်ထားခြင်းဖြစ်ပြီး တစ်ယောက်နှင့်တစ်ယောက်ဘာလိုလဲ ဆိုသည်ကိုလည်း ကောင်းကောင်းသိကြသူများ ဖြစ်ကြ၏။
ဖုန်မျိုးနွယ်စုအတွက်မူ ခရီးသွားအဖွဲ့ရှိလူများသည် သူတို့နယ်မြေနှင့် အလွန်ဝေးကွာသောဒေသများမှ လာကြသူများဖြစ်သောကြောင့် သူတို့နယ်မြေအားလုယူမည်ကို စိတ်ပူစရာမလိုပေ။ ထို့အပြင် ခရီးသွားအဖွဲ့ဤနေရာမှ ဖြတ်သွားတိုင်း သူတို့မျိုးနွယ်စုမှပစ္စည်းများကို သူတို့လိုချင်သော ပစ္စည်းများနှင့်
လဲလှယ်ပေးလေ့ရှိကြ၏။
မျိုးနွယ်စုထဲရှိ လူအတော်များများသည် ထိုကဲ့သို့ ကုန်စည်လဲလှယ်ရခြင်းကို သဘောကျကြသည်။ မျိုးနွယ်စုထဲမှမထွက်ရဘဲ သူတို့လိုချင်သောပစ္စည်းများအား လဲလှယ်နိုင်ကြသောကြောင့် ဖြစ်၏။ ထိုအရာသည် အလွန်လွယ်ကူပြီး ဒုက္ခလည်းနည်းလှသည်။
ခရီးသွားအဖွဲ့အတွက်မူ မြက်ခင်းလွင်ပြင်ေဒသ၌ ဖုန်မျိုးနွယ်စု၏ ကာကွယ်မှုအောက်တွင် ကုန်စည်လဲလှယ်ရခြင်းမှာ နှစ်ဦးနှစ်ဖက်အကျိုးရှိသော ကိစ္စမျိုးဖြစ်၏။ ထို့ကြောင့် ကုန်စည်လဲလှယ်ရာ၌ အနည်းငယ်လျှော့ပေးရမည်ဆိုလျှင်ပင် သူတို့အတွက် ကိစ္စမရှိပေ။
“ဖုန်မျိုးနွယ်စုကလူတွေက ဘယ်မှာလဲ ကျွန်တော်သူတို့ကို မတွေ့ပါဘူး” ရှောက်ရွှမ် ပတ်၀န်းကျင်အား လှည့်ပတ်ကြည့်လိုက်ပြီး မေးလိုက်သည်။
“သူတို့က ဒီနေရာနဲ့သိပ်မဝေးတဲ့နေရာမှာ နေတယ် ဒါပေမယ့် ဒီနေရာကလည်းသူတို့ပိုင်နက်ပဲ တစ်ခါတစ်လေကျရင် ကင်းထောက်ဖို့ ဒီဘက်ကိုကင်းလှည့်တတ်ကြတယ် မင်းနည်းနည်းလောက်ဆက်လျှောက်သွားပြီးရင် သူတို့ရဲ့ ကင်းအဖွဲ့နဲ့တွေ့မှာအသေအချာပဲ” သူ့ဘေးမှလူ ဖြေလိုက်သည်။
“ဖုန်မျိုးနွယ်စုရဲ့ နယ်မြေက တကယ်ကိုကြီးတာပဲ!” ယွီ ပင့်သက်ရှိုက်လိုက်မိ၏။
“ဒီလောက်ကိုကြီးတယ်လို့ ထင်တာလား ဒီမြက်ခင်းလွင်ပြင်ဒေသက တကယ့်မျိုးနွယ်စုကြီးတွေကိုတွေ့ရင် မင်းမျက်လုံးတောင်ကျွတ်ထွက်သွားဦးမယ်” ဘေးမှလူတစ်ယောက် ရယ်ရယ်မောမော၀င်ပြောလိုက်သည်။
“ဒီက မျိုးနွယ်စုအတော်များများက နွား သိုး မြင်း လိုတိရစ္ဆာန်မျိုးတွေ မွေးကြတယ် သူတို့ကအမဲလည်းလိုက်ကြပေမယ့် ဒီမှာက သားကောင်သိပ်မများဘူး
လေ အဲ့တာကြောင့်အချိန်အတော်များများမှာ သူတို့က မွေးထားတဲ့ တိရစ္ဆာန်တွေကိုသာစားကြရတာပဲ အဲ့တိရစ္ဆာန်တွေကလည်း မြက်ကိုပဲအဓိကထားစားကြတယ် ဒီမြက်ခင်းလွင်ပြင်က မြက်တွေအကုန်လုံးက အဲ့တိရစ္ဆာန်တွေအတွက်ပဲ မြက်တွေလုံလုံလောက်လောက်မရှိရင်တော့ ဒီကောင်တွေအသက်ရှင်ကြမှာမဟုတ်ဘူး”
တိရစ္ဆာန်မမွေးပါက သူတို့အတွက်စားစရာရှိလိမ့်မည် မဟုတ်ပေ။ ထိုလူ၏ ရှင်းပြချက်အား နားထောင်ပြီးသည့်နောက် ယွီ ခေါင်းငြိတ်လိုက်မိသည်။ ဤဒေသတွင် နေရာတိုင်းနီးပါးက မြက်ခင်းများသာဖြစ်ကြပြီး တောအုပ်များမရှိကြပေ။ ထို့ကြောင့် သားရဲများမှာအတော်ရှားပေလိမ့်မည်။ ပုမျိုးနွယ်စုတွင်မူ ကုန်သွယ်အဖွဲ့က ဘာစားစရာမှပါမလာဘူးဆိုရင်တောင် သူတို့အတွက်အစာရှာဖို့ သစ်တောအုပ်များ ရှိနေကြဆဲဖြစ်၏။
သူတို့ပြောသည်များကို နားထောင်နေရင်း ရှောက်ရွှမ် ထစ်ချုန်းသံများကို ကြားလိုက်ရသည်။ သူ့
အောက်ရှိ မြေပြင်မှာလည်း ကြမ်းကြမ်းတမ်းတမ်း တုန်ခါလာလေ၏။
“တစ်ခုခုလာနေတယ်”
“စိတ်မပူပါနဲ့ သူတို့က ဖုန်မျိုးနွယ်စုက ကင်းလှည့်အဖွဲ့က”
“ဟုတ်တယ် မြက်ခင်းလွင်ပြင်ဒေသက စစ်သည်တော်အတော်များများက မြင်းတွေစီးကြတယ်ဆိုတာ မင်းတို့သိကြလား”
“မြင်းတွေလား” ယွီသည် မြင်းသားအားစားဖူးသော်လည်း မြင်းတစ်ကောင်ကိုတော့ တစ်ခါမှမစီးဖူးချေ။
ရှောက်ရွှမ်နှင့် ကျန်လူများသည် ထစ်ချုန်းသံများ
ထွက်ပေါ်လာရာဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
ထိုနေရာတွင် အစိမ်းရောင်မြက်များနှင့်ပြည့်နှက်နေသော တောင်ကုန်းဝိုင်းကြီးတစ်ခု ရှိနေ၏။
ထစ်ချုန်းသံများ ရပ်တန့်သွားသောအခါတွင် ထိုတောင်ကုန်းနှင့် ကောင်းကင်ထိစပ်နေသောနေရာ၌ ပုံရိပ်များ ပေါ်ပေါက်လာလေသည်။ မကြာခင်တွင် ထိုပုံရိပ်များသည် တစ်ခုပြီးတစ်ခု ခရီးသွားအဖွဲ့၏ မြင်ကွင်းထဲသို့ ၀င်ရောက်လာကြ၏။
ကင်းထောက်အဖွဲ့သည် အဖွဲ့၀င် ဆယ်ယောက်မှ အယောက်နှစ်ဆယ်ထိသာ ရှိကြပါသော်လည်း ယခုအခါတွင် သူတို့သည် အုပ်စုလိုက်လာခဲ့ကြခြင်း ဖြစ်ပေသည်။ ရောက်လာသော သူတို့ထဲရှိအများစုသည် ကင်းထောက်အဖွဲ့၀င်များမဟုတ်ကြဘဲ မျိုးနွယ်စုထဲမနေချင်၍ မြင်းလျှောက်စီးနေကြသော မျိုးနွယ်စု၀င်များသာ ဖြစ်ကြ၏။
လူပေါင်းရာချီသည် တောင်ကုန်းစိမ်းပေါ်မှ ခရီးသွားအဖွဲ့ဆီသို့ အတန်းလိုက်စီတန်း၍ လာနေကြလေရာ သူတို့နှင့်အတူ ဆန်းကြယ်ေသာအငွေ့အသက်တစ်ခုပင် ထွက်ပေါ်နေလေသည်။
မြင်းသမားအဖွဲ့သည် ခရီးသွားအဖွဲ့အနီးသို့ ရောက်သောအခါ မြင်းကိုအရှိန်သတ်လိုက်ကြဧ။။် မြင်းများသည် အော်ဟစ်၍ ဟီလိုက်ကြပြီး ခရီးသွားအဖွဲ့အနား၌ ဖြည်းဖြည်းချင်းရပ်တန့်သွားကြသည်။
ခရီးသွားအဖွဲ့၏ ခေါင်းဆောင်များသည် ကင်းထောက်အဖွဲ့ခေါင်းဆောင်အား မှတ်မိကြပြီး မျက်နှာပေါ်တွင် အပြုံးများကိုဆင်မြန်းကာ သူ့ဆီသို့ သွား၍ စကားပြောကြလေသည်။ သူတို့သည် ကြည်ကြည်ဖြူဖြူပင် မြက်ခင်းလွင်ပြင်ဒေသ၌ရှားပါးသော ပစ္စည်းများကိုလည်း ထိုခေါင်းဆောင်အား လက်ဆောင်အဖြစ် ပေးလိုက်ကြ၏။
ဖုန်မျိုးနွယ်စုအား ဦးဆောင်လာသောသူသည်လည်း လက်ဆောင်များကိုလက်ခံပြီး ပြောလိုက်သည်။
“ကျုပ်တို့မျိုးနွယ်စုကလူတွေက ခင်ဗျားတို့ကိုစောင့်နေရတာ ရက်တချို့တောင်ရှိပြီဗျ တချို့ဆို ခဗျားတို့ဘယ်တော့ရောက်မလဲတောင် မေးနေကြတာ ဒီနေ့တော့ ကျုပ်တို့တွေ့ရပြီပေါ့ဗျာ”
ခရီးသွားအဖွဲ့ကိုမြင်သောအခါ မျိုးနွယ်စုရှိလူများလည်း စိတ်လှုပ်ရှားနေကြသည်။ တစ်ချို့မှာ မျိုးနွယ်စုသို့အမြန်ပြန်ကာ ကုန်ပစ္စည်းများလဲလှယ်ရန်အတွက် ကြိုတင်ပြင်ဆင်နေကြပြီး တစ်ချို့မှာခရီးသွားအဖွဲ့နောက်မှလိုက်ရန် မြင်းများကိုအရှိန်လျှော့ထားကြ၏။ သူတို့မျိုးနွယ်စုသို့ သွားနေစဉ်တွင် ခရီးသွားအဖွဲ့၌ သူတို့နှင့်လဲလှယ်ရန် မည်သည့်ပစ္စည်းများပါသည်ကိုလည်း မေးမြန်းနေကြလေသည်။ တချို့လူငယ်လေးများဆိုလျှင် ယွီ၏ ဖားအဆိပ်ကိုအလွန်စိတ်၀င်စားနေကြပြီး ထိုအဆိပ်အသုံးပြုနည်းသူတို့ကိုသင်ပေးစေချင် နေကြ၏။
ရှောက်ရွှမ်မှာလည်း ချာချာ့ကိစ္စနှင့်ပတ်သက်၍ ကင်းအဖွဲ့ခေါင်းဆောင်ကို စကားအနည်းငယ်ပြောခဲ့ရသည်။
ကင်းအဖွဲ့၏ ခေါင်းဆောင်သည် ယိပိုင်ဟုခေါ်သောသူဖြစ်ပြီး သူသည် ကောင်းကင်ပေါ်၌ ဝဲပျံနေသော လင်းယုန်အားကြည့်ကာ ထိုလင်းယုန်အား သူတို့ နယ်မြေတွင် ပျံသန်းခ္ငင့်ပြုလိုက်၏။
သူတို့သည် ပုမျိုးနွယ်စုကဲ့သို့ ငှက်များကိုမကြောက်ကြပေ။ ယိပိုင်နှင့်အခြားသူများသည် ထိုကဲ့သို့သော ငှက်ကြီးကိုပင် ငြင်းဆန်ခြင်းမပြုခဲ့ကြပေ။ သူတို့လိုချင်သည်မှာ ထိုငှက်သည် သူတို့အိမ်မွေးတိရစ္ဆာန်များအား အန္တရာယ်မပြုစေရန်သာဖြစ်ပြီး ချာချာ သူတို့မျိုးနွယ်စုကောင်းကင်၌ ပျံသန်းနေခြင်းကို ကျေးဇူးပင်တင်နေကြသေးသည်။
ငှက်များသည် သူတို့အိမ်မွေးတိရစ္ဆာန်များအား
နေ့စဉ် သုတ်ချီနေကြသော်လည်း ဖုန်မျိုးနွယ်စု၌ ထိုငှက်များရန်မှကာကွယ်ရေးအတွက် အသုံးပြုရန် အိမ်မွေး လင်းယုန်မျိုးမရှိကြပေ။ ပုံမှန်အားဖြင့် သူတို့သည် ကာကွယ်ရေးအတွက် လူများကိုသာအသုံးပြုရ၏။ ယခုအခါ ကုန်သွယ်ရေးအဖွဲ့က လူတစ်ယောက်သည် လင်းယုန်ကြီးတစ်ကောင်အားခေါ်လာသောအခါ သူတို့ရှောက်ရွှမ်အေပါ် အတော်လေးအမြင်ကြည်သွားကြလေသည်။
ရှောက်ရွှမ်နှင့်ပုမျိုးနွယ်စုများ ရင်းရင်းနှီးနှီးစကားပြောနေကြသည်ကို မြင်သောအခါ သူ့မျက်လုံးတစ်ဝိုက်၌ ဆေးမှင်ကြောင်များမပါရှိပါသော်လည်း ယိပိုင် ရှောက်ရွှမ်ကို ပုမျိုးနွယ်စုမှဟုသာ ထင်လိုက်မိ၏။ ဖုန်မျိုးနွယ်စုသည် အခြားမျိုးနွယ်စုများအကြောင်းထိုမျှ စိတ်၀င်စားမှုမရှိပေ။ အဖွဲ့ထဲတွင်လည်း ရှောက်ရွှမ်ကဲ့သို့ လူများ ရှိနေကြသည်။ ထိုလူများသူတို့နှင့် အဆင်ပြေနေရန်သာလိုပြီး ကျန်တာကိုထိုမျှစိတ်မ၀င်စားကြပေ။ နောက်ဆုံးတွင် သူတို့သည် ဖြတ်သွားဖြတ်လာများသာ မဟုတ်ပါလား။
ခရီးသွားအဖွဲ့မှ ပုမျိုးနွယ်စု၀င်အချို့သည်လည်း မျိုးနွယ်စုမှ ထွက်မလာခင် သူတို့မျက်လုံးတစ်ဝိုက်မှ ဆေးမှင်ကြောင်များကို ဖျက်လာကြ၏။ ထို့ကြောင့်ပင် ရှောက်ရွှမ်မှာ သူတို့ကြားထဲ၌ ထိုမျှထင်ရှားနေခြင်း မရှိပေ။
ခရီးသွားအဖွဲ့နှင့် ဖုန်မျိုးနွယ်စု၀င်များသည် ဖုန်မျိုးနွယ်စု အခြေစိုက်ရာဒေသသို့ အတူတူသွားခဲ့ကြသည်။ ပတ်၀န်းကျင်မှာ မှောင်လာခဲ့ပြီဖြစ်ရာ ကုန်သွယ်အဖွဲ့သည် ဖုန်မျိုးနွယ်စုနှင့် ကုန်စည်လဲလှယ်ပြီးရုံနှင့် တန်းထွက်ခွာသွား၍ မရတော့ပေ။ သူတို့သည် လမ်းလျှောက်လာခဲ့ရသည်မှာလည်း အတော်ကြာခဲ့ပြီဖြစ်သောကြောင့် ဖုန်မျိုးနွယ်စုတွင် ၂ရက်လောက် အနားယူရန် တွေးထားကြ၏။ မြက်ခင်းလွင်ပြင်အားဖြတ်ပြီး အနည်းငယ်ဆက်သွားလျှင် ဗဟိုမျိုးနွယ်စုများဆီသို့ သူတို့ ရောက်ကြပေလိမ့်မည်။ ထိုအခါ နားချိန်ရှိတော့မည်မဟုတ်ပေ။
မြက်ခင်းလွင်ပြင်ဒေသသည် စိတ်ကူးမယဉ်နိုင်
လောက်အောင်ပင် လှပသော ဒေသဖြစ်၏။ ရေကန်နှင့် ချောင်းဘေးများတွင် ကလေးများ သီချင်းဆိုနေကြသော အသံများကိုကြားနိုင်ပြီး ငါးဖမ်းကာ ဆော့ကစားနေကြေသာ ကလေးများကိုလည်း တွေ့နိုင်လေသည်။ မြက်ခင်းပြင်ပေါ်တွင်မူ လူကြီးများရော ကလေးများပါ မြင်းစီးနေကြ၏။ သူတို့ကိုကြည့်ရသည်မှာ အခြားမည်သည့်မျိုးနွယ်စုနှင့်မှ စစ်ဖြစ်မည့်ပုံမပေါ်သော အလွန်ငြိမ်းချမ်းသည့်မျိုးနွယ်စုတစ်ခုဟူသော ခံစားချက်ကို ပေးလေသည်။
တခဏဆက်သွားပြီးသည့်နောက် သားရေများ မြက်များ သစ်သားများနှင့် ဆောက်ထားသောအိမ်များကို ရှောက်ရွှမ် သတိပြုလိုက်မိသည်။ သူတို့ထဲမှ တစ်ချို့မှာ ရွက်ဖျင်တဲများနှင့်ပင် တူကြ၏။
“ဒီည ခင်ဗျားတို့ဒီမှာ အနားယူလို့ရတယ် ဒါတွေအကုန်လုံး ခင်ဗျားတို့နေဖို့ပဲ” ယိပိုင် ရှေ့ရှိ အတန်းလိုက်ဆောက်ထားသော ခပ်ရိုးရိုးသစ်သားအိမ်များကို လက်ညှိုးထိုးရင် ပြောလိုက်သည်။
ထိုနေရာတွင် သစ်သားအိမ်အများအပြားရှိပါသော်လည်း ခရီးသွားအဖွဲ့ရှိလူများမှာ ပို၍ပင် များနေေသး၏။ သူတို့ ထပ်ပြီး ကြပ်ကြပ်သပ်သပ်နေကြရပေတော့မည်။
ရှောက်ရွှမ် ယွဲ့နှင့် ကျန်လူများသည် အိမ်ထဲသို့ ၀င်လိုက်ကြပြီး အိမ်အတွင်းပိုင်းအား အနည်းငယ်ရှင်းလင်းလိုက်ကြသည်။ ထို့နောက် ရှောက်ရွှမ် ပြတင်းပေါက်မှတစ်ဆင့် ဖုန်မျိုးနွယ်စုရှိ ရှုခင်းများကို ကြည့်ရှုလိုက်၏။
အပြင်ဘက်တွင် ထူးဆန်းသည့်ပုံသဏ္ဍာန်ရှိသည့် သိုးနှင့် ကျွဲ နွားများကို ခြံခတ်ထားသည့် ခြံစည်းရိုးတစ်ခုကို မြင်နေရသည်။ ရှောက်ရွှမ်မြင်ဖူးနေကျ ကျွဲနွားများနှင့် မတူလေရာ ထိုကောင်များသည် ဤဒေသရှိ အထူးမွေးမြူရေးတိရစ္ဆာန်များ ဖြစ်ကြပုံပေါ်၏။ ခပ်လှမ်းလှမ်းတွင်မူ ထိုကျွဲနွားများကို ထိန်းကျောင်းနေသည့် လူတစ်ချို့ကိုလည်း တွေ့ရေလသည်။
“ဟုတ်သားပဲ မြက်ခင်းလွင်ပြင်ေဒသကမျိုးနွယ်စုတွေက လေလွင့်သူတွေကိုလည်း လက်ခံတယ်လို့ ခင်ဗျားပြောခဲ့တယ်မဟုတ်လား သူတို့ကဘယ်မှာနေတာလဲ” ရှောက်ရွှမ်သူ့ဘေးရှိ အတွေ့အကြုံရင့် ခရီးသွားတစ်ယောက်ကို မေးလိုက်၏။
“လေလွင့်သူတွေက ဒီမှာမနေဘူး ဒီနေရာက ဖုန်မျိုးနွယ်စု၀င်တွေအတွက်သက်သက်ပဲ တစ်ချို့ဧည့်သည့်တွေကိုလည်း ဒီနေရာမှာထားတယ်လေ လေလွင့်သူတွေကတော့ ဟိုဘက်မှာနေရတယ်” ထိုလူ ပြန်ဖြေလိုက်ပြီး သူတို့ရှေ့ဘက်တစ်နေရာသို့ လက်ညှိုးထိုးပြလိုက်သည်။
ရှောက်ရွှမ်လည်း ထိုလူညွှန်ပြသော နေရာသို့ ကြည့်လိုက်၏။ ထိုနေရာတွင် တောင်ကုန်းဝိုင်းတစ်ချို့ရှိနေပြီး ထိုတောင်ကုန်းများ၏ အခြားတစ်ဘက်တွင်မူ လေလွင့်သူများ နေထိုင်ကြသည်။
ဖုန်မျိုးနွယ်စု၀င်များသည် လေလွင့်သူများအား အကူအညီအချို့ပေး၍ နေထိုင်ခွင့်ပြုထားသော်လည်း ပုံမှန်အားဖြင့် လေလွင့်သူများကို သတိထားနေဆဲဖြစ်၏။
တောင်ကုန်းလေးများအပေါ်အား ထပ်ကြည့်လိုက်သောအခါ ရှောက်ရွှမ် သိပ်မမြင့်သော တောင်များကိုလည်းမြင်လိုက်ရသည်။ ထိုတောင်များ၏ တောင်ထိပ်များသည် အစိမ်းရောင်များနှင့် ဖုံးလွှမ်းနေသော်လည်း သစ်ပင်ကြီးများရှိခြင်းမျိုးမဟုတ်ဘဲ တောင်ထိပ်တွင် မြက်နှင့် ကျောက်တုံးများသာရှိခြင်း ဖြစ်၏။
ထိုတောင်များအား ကျော်၍ကြည့်လိုက်မည်ဆိုလျှင်မူ အဖြူရောင်အစက်ကလေးများနှင့် တူေနကာ သဲသဲကွဲကွဲမမြင်ရသော တောင်များကို မြင်ရမည်ဖြစ်သည်။ ထိုတောင်များ၏ အလွန်သည် အခြားမျိုးနွယ်စုများ၏ နယ်မြေဖြစ်၏။
ခရီးသွားအဖွဲ့ရောက်သည်ဟုကြားသောအခါ ဖုန်မျိုးနွယ်စု၀င်များသည် သူတို့ပစ္စည်းများအားယူလာကြပြီး ခရီးသွားအဖွဲ့နှင့် ကုန်စည်လဲလှယ်ခွင့်ရရန် မျှော်လင့်နေကြလေသည်။ ရှောက်ရွှမ်တွင်အစက ကုန်လဲရန် စိတ်ကူးမရှိခဲ့ပေ။ အစားအစာအတွက်မူ လမ်းတွင်သူအမဲလိုက်ခဲ့သော ကျွဲတစ်ကောင်ရှိနေပြီး ထိုကျွဲသားခြောက်များသည် သူ့အိတ်ထဲတွင်ရှိနေဆဲဖြစ်ကာ စိတ်ပူစရာမလိုပေ။ ထို့အပြင် ရေလကျောက်တုံးများကိုလည်း အဓိကမျိုးနွယ်စုကြီးများသို့ ရောက်သည့်အချိန်ထိ သူသိမ်းထားချင်သေး၏။
သို့သော် ဖောင်ပေါ်တွင် သူပျင်းနေစဉ်က တိရစ္ဆာန်အရိုးများနှင့် ဦးချိုများကိုသုံးကာ ထွင်းထားသော ပစ္စည်းတစ်ချို့ရှ်ိနေလေသည်။
သူ့တွင် အရိုးဓားနှစ်ချောင်းနှင့် အရိုးများကိုထွင်းထားသော သားရဲအရုပ်များလည်းရှိနေရာ ထိုအရာများကို သက်လတ်ပိုင်းလူကြီးတစ်ယောက်၏ သိုးခြေထောက်တစ်ချောင်းနှင့် လဲခဲ့၏။ ထိုလူသည် သူ့လက်ရာကိုကြိုက်သည်ဟုဆိုပြီး အရိုးအဆင်တန်ဆာအရုပ်များကို သူ့အိမ်ရှိကလေးများ
အတွက် ယူသွားလေသည်။
တဖြည်းဖြည်းနှင့် ညမှောင်လာသောအခါတွင် ကုန်လာလဲကြသော လူအရေအတွက်မှာလည်း တဖြည်းဖြည်း လျော့လာလေ၏။ ထိုအခါ ခရီးသွားအဖွဲ့သည်လည်း ညစာစားပြီး အနားယူရန် ပြင်ဆင်ကြသည်။
အနက်ရောင်ကောင်းကင်ကြီးအား ကြည့်နေရင်း ရှောက်ရွှမ် လေလွင့်သူများနေထိုင်ရာနေရာသို့ တစ်ချက်သွားကြည့်မည်ဟု ဆုံးဖြတ်လိုက်၏။ ထိုနေရာတွင် သူ့မျိုးနွယ်စု၀င်များအား ရှာတွေ့နိုင်ဦးမည်ဟု သူခံစားနေရလေသည်။