← Chapters

သီချင်းအတူတူဆိုကြခြင်း

Vol. 12 Ch. 178

သီချင်းအတူတူဆိုကြခြင်း

Vol. 12 Ch. 178

နေထွက်လာချေပြီ။

အချို့အတွက် နေ့သစ်ဟူသည် နေ့ဟောင်းများနှင့်အတူတူသာ ဖြစ်ကြသော်လည်း အချို့အတွက်မူ‌ နေ့သစ်ဟူသည် တစ်မူကွဲပြားသောအရာဖြစ်ပေသည်။

ယနေ့သည် ခရီးသွားအဖွဲ့နှင့် ကုန်စည်လဲလှယ်လိုသည့် ဖုန်မျိုးနွယ်စုဝင်များအတွက် ဘာပစ္စည်းယူပြီး ဘာပစ္စည်းပြန်ပေးရမလဲဟူ၍ စဉ်းစားရင်း စိတ်လှုပ်ရှားရသည့်နေ့ဖြစ်သည်။ မျိုးနွယ်စုအတွင်း ငှက်များရန်မှ ကာကွယ်ရမည့် စစ်သည်တော်များအတွက်လည်း အနားရသည့် နေ့ဖြစ်၏။ ယနေ့တွင် ကောင်းကင်ယံ၌ သူတို့အစားကင်းစောင့်ပေးနေသော ငှက်အကြီးကြီးတစ်ကောင်ရှိနေသည် မဟုတ်ပါလား။ ထို့အတူ ဖုန်မျိုးနွယ်စုအတွင်းနေထိုင်တာကြာပြီဖြစ်သော လေလွင့်သူအဖိုးအိုများအတွက်လည်း ဤနေ့သည် ထူးခြားသောနေ့တစ်နေ့

ဖြစ်သည်။

လောင်ဟယ်အတွက် ဤနေ့သည် ထူးခြားသောနေ့တစ်နေ့ဖြစ်၏။ နှစ်တိုင်း ဤနေ့တွင် သူသည် တောင်ထိပ်ပေါ်သို့တက်ကာ အရပ်မျက်နှာတစ်ခုလို့မျက်နှာမူပြီး ၀တ်ပြုဆုတောင်းခြင်း ပြုလုပ်ရကာ တေးသီချင်းတစ်မျိုးကို သီဆိုရလေသည်။

သူ့ဘိုးဘေးများသည် ဆယ်စုနှစ်ချီဘယ်သူမှမသိတော့သော သူတို့ မျိုးနွယ်စုနာမည်ကဲ့သို့သောစကားလုံးမျိုးကို အမြဲမှတ်မိနေစေရန် နှစ်တိုင်းဧ။် ဤနေ့တွင် ထိုသို့လုပ်ရမည်ဟူသော စည်းမျဉ်းမျိုးကို ဘယ်ကတည်းက စတင်သတ်မှတ်ခဲ့မှန်း သူမသိခဲ့ပေ။ သို့သော် လောင်ဟယ်သည် သူ့ဘိုးဘေးများ၏ ဆန္ဒကိုဖြည့်ဆည်းပေးရန် နှစ်တိုင်းဤနေရာသို့လာ၍ ၀တ်ပြုဆုတောင်းခြင်းပြုလေ့ရှိသည်။

နှစ်တိုင်းဤအချိန်တွင် ထူးဆန်းသောအိပ်မက်တစ်မျိုးကိုလည်း သူမက်လေ့ရှိ၏။ တောက်လောင်နေ

သောမီးတောက်တစ်ခုနှင့် သူ့ဘေးရှိဦးချိုနှစ်ခုမှာ သူ့အိပ်မက်ထဲတွင် ရှင်းရှင်းလင်းလင်း ပေါ်လာလေ့ရှိသည်။ ထိုအရာသည် သူ့ဘိုးဘေးများပြောခဲ့သောအရာနှင့် တူညီပုံပေါ်ပေသည်။ တစ်ခါတစ်လေတွင် သူသည် ထိုအရာမှာ အိပ်မက်လား တကယ်လားဟူ၍ပင် သံသယ၀င်ရလေ့ရှိပြီး သူ့စိတ်မှပုံဖော်လိုက်သောအရာလား အပြင်တွင်တကယ်တည်ရှိသော အရာလားဆိုတာ သူသေချာမသိပေ။

မျိုးနွယ်စုသည် တည်ရှိနေပါသေးသလော။ ထိုကဲ့သို့ ရှုပ်ထွေးမှုများအား ခံစားလာရသည့်အခါတိုင်း သူသည်ဤနေရာသို့လာ၍ ၀တ်ပြုဆုတောင်းပြီးသီချင်းဆိုကာ သူ့ယုံကြည်မှုမပျောက်ပျက်သွားအောင်လုပ်လေ့ ရှိသည်။

လေလွင့်သူများသည် သူ့အပြုအမူများအား နားမလည်ကြဘဲ တစ်ချို့ဆိုလျှင် သူ့ကိုလှောင်ပြောင်သရော်ခြင်းပင် ပြုကြ‌၏။ သို့သော် လောင်ဟယ်ဂရုမစိုက်ခဲ့ဘဲ သူလုပ်စရာရှိသည်ကိုပင် ဆက်လုပ်ခဲ့လေသည်။ ထိုပုံစံဖြင့် သီချင်းဆိုရခြင်းကိုလည်း သူ

အမှန်တကယ်သဘောကျ၏။ ထိုသို့ သီဆိုနေရသည့်အခိုက်အတန့်တွင် သူသည်ဒုက္ခများ ပြဿနာများကို မေ့လျော့ထားနိုင်ပေသည်။ ဤနေရာတွင် တစ်နေ့လုံးသီချင်းဆိုလိုက်ရပါက သူ့၀မ်းနည်းမှုများမှာလည်း လွင့်ပါးသွားရသည်သာ။

ယနေ့တွင်လည်း သူနှစ်တိုင်းလုပ်နေကြလိုပင် ကောက်ရိုးအိတ်ထဲ အသားကင်များအားထည့်ကာ ရေဘူးတဘူးကိုယူပြီး တောင်ပေါ်တက်ခဲ့လေသည်။

ဖုန်မျိုးနွယ်စုရှိ တောင်များမှာ အလွန်မြင့်သောတောင်များ မဟုတ်ကြပေ။ မကြာခင်ပင် လောင်ဟယ်တောင်ထိပ်လို့ ရောက်လာခဲ့၏။ လောင်ဟယ်သည် ဒီထက်ပိုမြင့်သောတောင်များပေါ်၌ ဆုတောင်း၀တ်ပြုမှုကို ပြုလိုသော်လည်း ထိုကဲ့သို့သော တောင်များသည် ဖုန်မျိုးနွယ်စုပိုင်နက်မှ မဟုတ်ကြပေ။ ထို့ကြောင့် သူတက်၍ ရမည်မဟုတ်ပေ။ သူတက်သွားမည်ဆိုပါက တောင်ပေါ်မရောက်ခင်ပင် ကျူးကျော်သူအဖြစ်သတ်မှတ်ခံရကာ သတ်ခံရပေလိမ့်မည်။

အစိမ်းရောင်တောင်ထိပ်ပေါ်တွင် ရပ်နေရင်း လောင်ဟယ်အသက်ပြင်းပြင်းရှူလိုက်ကာ အားယူပြီး အရင်နှစ်များက လုပ်နေကြအတိုင်း သူ့အသံအား မြှင့်၍ သီချင်းစဆိုတော့သည်။

သူ့အသံသည် တောင်ထိပ်မှတစ်ဆင့် အနီးတဝိုက်နေရာများသို့ပင် ပြန့်လွင့်သွား၏။ လူတစ်ချို့သည် သူ့အသံအား ကြားသော်လည်း ဂရုမစိုက်ခဲ့ကြပေ။ ဤဒေသ၌ လူတိုင်းသည် နေ့တိုင်းသီချင်းဆိုကြလေသည်။ ထို့ကြောင့် ထိုသို့သောသီချင်းဆိုသံကိုကြားတိုင်း ဘယ်သူမှအရေးလုပ်ကြမည် မဟုတ်ပေ။

“ကမ္ဘာကြီးစတင်ကတည်းက ကျုပ်တို့ဘိုးဘေးတွေနဲ့ မျိုးနွယ်စုဟာ စတင်ကြီးထွားလာကာ အမဲလိုက်ခြင်းဖြင့် အသက်မွေးခဲ့ကြတာ နွေဦးပေါက်လို့ လေထုနွေး ရေခဲများ အရည်ပျော်ကြသည် အထိပါ ကလေးလူကြီး ခုန်ပေါက်ပျော်ရွှင်နေကာ သားရဲဟိန်းသံများကြား ငှက်ကလေးများက ကျီကျီကျာ မုဆိုး

များ အမဲလိုက်ကြရာ…..”

တောင်ထိပ်ပေါ်၌ ရပ်ကာ အရပ်မျက်နှာတစ်ခုဆီသို့ လှည့်ထားပြီး လောင်ဟယ်သီချင်းအား ဆက်လက်သီ‌ဆိုနေလေသည်။ ရုတ်တရက် သူသီဆိုနေရင်း သူနှင့်အတူ၀င်ရောက်သီဆိုလာသော ဒုတိယအသံတစ်ခုကို ကြားလိုက်ရ၏။ သူသည် ဖုန်မျိုးနွယ်စုမှ သီချင်းများကို မဆိုတတ်ဘဲ သူဆိုတတ်သော တစ်ခုတည်းသော သီချင်းမှာ ဘိုးဘေးများ သင်ကြားပေးခဲ့သော အမဲလိုက်သီချင်းသာ ဖြစ်ပေသည်။

လောင်ဟယ်သည် သီချင်းတစ်ပုဒ်ကိုသာ ဆိုတတ်ပါသော်လည်း အခြားသူများသီချင်းဆိုသည့် အခါတွင်တော့ သူနောက်မှ လိုက်ယောင်လေ့ရှိ၏။ အခြားသူများမှာလည်း တစ်ခါတစ်လေတွင် စာသားများကိုသေချာ မသိကြပါသော်လည်း သူ့သီချင်းကိုလိုက်‌ေယာင်လေ့ရှိသည်။ သို့သော် သူတို့သီဆိုပုံနှင့် လောင်ဟယ်သီဆိုပုံမှာတော့ အလွန်ကွဲပြားလေ့ရှိ၏။ သူတို့ဆိုသောအခါ သီချင်းသည် ဆက်ဆိုလေလေ ၀မ်းနည်းစရာကောင်းလေလေ ဖြစ်သွားပြီး လောင်ဟယ်ဆိုသောအခါတွင်မူ စိတ်အားတက်ကြွဖွယ်သီချင်း

အဖြစ် ပြောင်းလဲသွားလေသည်။

ဖြစ်နိုင်သည်မှာ မီးတောက်ဦးချိုမျိုးနွယ်စု၀င်များသည်သာ ထိုကဲ့သို့သော ၀မ်းနည်းဖွယ်သီချင်းကို သူရဲကောင်းဆန်ဆန် ဆိုနိုင်ကြပုံ ပေါ်ပေသည်။

ထို့ကြောင့် အခြားလူတစ်ယောက်သူနှင့်အတူ လိုက်ဆိုနေသည်ကို ကြားရသောအခါ လောင်ဟယ် ဂရုမစိုက်ခဲ့ပေ။ သူဆိုနေသော သီချင်းကိုသာ ဆက်ဆိုနေခဲ့၏။

သို့သော် မကြာခင်တွင် ထိုလူသည် သူနှင့်အတူအချိန်အတော်ကြာကြာအထိ လိုက်ဆိုနိုင်နေသည်ကို လောင်ဟယ်သတိထားမိသွားသည်။ ထိုမျှပင်မကဘဲ ထိုလူဆိုနေပုံမှာ သူ့ထက်ပင်ကောင်းနေသေး၏။ ထိုလူသီဆိုနေပုံမှာ အခြားသူများဆိုသကဲ့သို့ ၀မ်းနည်းစရာကောင်းမသွားဘဲ လောင်ဟယ်ကို ပို၍ပင် စိတ်အားတက်ကြွသွားစေခဲ့သည်။ တစ်ချို့နေရာများတွင် သီချင်းဆိုပေါက်သည် သူမှတ်မိသည့် ပုံစံဖြင့်

ကွဲပြားနေသော်လည်း ဤသီချင်းကို ထိုသို့ဆိုရတာကမှ အမှန်ဟု လောင်ဟယ် ခံစားနေရ၏။

သူ့နောက်မှလူကို ဘယ်သူလဲ ဆိုတာနှင့် ဘယ်ကလဲ ဆိုတာသိဖို့ လောင်ဟယ် နောက်တစ်ချက် လှည့်ကြည့်ပြီး မေးရန် လိုအပ်ပေသည်။ သို့သော် လောင်ဟယ်ထိုသို့ မလုပ်ခဲ့ပေ။ သူဆိုနေသော သီချင်းအား မပြီးဆုံးခင်ရပ်လိုက်ပါက ဘိုးဘေးများအား စော်ကားသလို ဖြစ်သွားမည်စိုးသောကြောင့် ဖြစ်၏။

“...သားကောင်တွေကို လိုက်ဖို့ တစ်ရက်ပြီးတစ်ရက် တောင်အနက်ပိုင်းထဲသို့ ၀င်ရောက်ကာ အိတ်အကြီးကြီးများနှင့်ပြန်၍လာ ငါတို့သည် သားရဲများကို ခြေရာခံ ဖော်ထုတ်နိုင်ကြသူများသာ..”

သီဆိုနေရင်း လောင်ဟယ် သီချင်း၌ဈာန်၀င်နေပြီး အသိစိတ်မဲ့နေခဲ့သည်။ သူ့စိတ်ထဲတွင် မီးတောက်ဦးချိုနှစ်ခုအား မြင်နေခဲ့ရသော်လည်း ထိကိုင်၍ ရမ

နေချေ။ အရေးကြီးသော တစ်စုံတစ်ခုသည် ပျောက်ဆုံးနေသလို သူခံစားနေရ၏။

သီဆိုခြင်းပြီးဆုံးသွားပါသော်လည်း လောင်ဟယ် ဈာန်၀င်နေသော အခြေအနေမှ ချက်ချင်းပြန်ကောင်းမလာခဲ့ပေ။ နာရီ၀က်ခန့်ကြာမှသာ သူအသိစိတ်ပြန်၀င်လာခဲ့လေသည်။ ထိုအခါ သူနှင့်အတူလိုက်ပါသီဆိုခဲ့သောသူကို သတိရသွားပြီး လောင်ဟယ်လှည့်ကြည့်လိုက်ရာ သူတစ်ခါမှမမြင်ဖူးသော လူငယ်လေးတစ်ယောက်ကို မြင်လိုက်ရ၏။

“ဟေး မင်းကဘယ်သူ့ကလေးလဲ ဘာလို့ဒီကိုရောက်နေတာလဲ” လောင်ဟယ် မေးလိုက်သည်။

“ဟမ်” ရှောက်ရွှမ် စိတ်ရှုပ်သွားသည်။ “အဖိုး ကျွန်တော့်လိုလူမျိုးကို မြင်ဖူးလို့လား”

“မင်းကဘယ်သူလဲ” “နာမည်ကဘယ်လိုခေါ်လဲ”

လောင်ဟယ် ရေနည်းနည်းသောက်လိုက်ပြီး မေးလိုက်၏။

“ကျွန်တော့်နာမည်က ရှောက်ရွှမ်ပါ” တခဏစဉ်းစားပြီး ရှောက်ရွှမ်ဆက်ပြောလိုက်သည်။ “မီးတောက်ဦးချိုမျိုးနွယ်စုက လာခဲ့တာ”

ဘာအဓိပ္ပာယ်မရှိတာတွေကို လာပြောနေတာလဲဟူသော အကြည့်မျိုးဖြင့် လောင်ဟယ် ရှောက်ရွှမ်ကို ကြည့်လိုက်၏။

ရေအနည်းငယ်သောက်ကာခဏအနားယူပြီးနောက် လောင်ဟယ် ရှောက်ရွှမ်ကို ထပ်ပြောလိုက်သည်။ “မင်းဘယ်ကလာလာ ကိစ္စမရှိပါဘူး မင်းအားရင် ငါနဲ့သီချင်းထပ်ဆိုပေးဦး”

ရှောက်ရွှမ် “....”

သူသည် မီးတောက်ဦးချိုမျိုးနွယ်စုမှဟု သိသွား‌ေသာ အခါ ယန်ရှို့ဖြစ်သွားသော စိတ်လှုပ်ရှားမှုနှင့် ပြင်းထန်သော ခံစားချက်များကို မြင်ခဲ့ဖူးသော ရှောက်ရွှမ်သည် ယခုအဖိုးအို၏ အမူအရာကိုတွေ့သောအခါ မည်သို့ပြန်လည်တုံ့ပြန်ရမည်ကို မသိတော့ပေ။ ထို့ကြောင့် သူအဖိုးအိုနှင့် ထပ်ပြီးသာ သီချင်းအတူတူဆိုလိုက်တော့သည်။

ဆိုပြီးသည့်နောက် လောင်ဟယ် မြေပေါ်ထိုင်ကာ အနားယူလိုက်၏။

“မင်းကဘယ်ကလာတာလဲ” လောင်ဟယ် ထပ်မေးလိုက်သည်။

“ကျွန်တော်ဒီကို ခရီးသွားအဖွဲ့နဲ့လိုက်လာတာ” ရှောက်ရွှမ် ဖြေလိုက်၏။

“အာ မင်းမကြောက်ဘူးလား ခရီးသွားအဖွဲ့ကလူတွေက ကောင်းတဲ့လူတွေမဟုတ်ဘူး မင်းဂရုစိုက်သင့်တယ်”

“ဘာလို့အဖိုး သီချင်းဆိုရင် အဲ့ဘက်ကိုလှည့်ပြီး ဆိုရတာလဲ” ရှောက်ရွှမ် မေးလိုက်သည်။

“မင်းမသိဘူးလား” လောင်ဟယ် ရှောက်ရွှမ်အား ကြည့်လိုက်ကာ “အဲ့တာက ငါတို့မျိုးနွယ်စု တည်ရှိခဲ့တဲ့နေရာကွ အဲ့တာကိုမှတ်ထား နောက်လည်းမမေ့စေနဲ့”

လောင်ဟယ်နှင့်စကားအနည်းငယ်ပြောပြီးသည့်နောက် အဖိုးအိုဘာလို့ ဤနေရာသို့လာ၍ သီချင်းဆိုနေသလဲ ဆိုသည်ကို ရှောက်ရွှမ်နားလည်သွား၏။

ကြည့်ရသည်မှာ မီးတောက်ဦးချိုမျိုးနွယ်စု၀င်

များသည် ကိုယ်ပိုင်နည်းလမ်းများနှင့် ဆက်လက်ရှင်သန်နေရန် ကြိုးစားနေရင်း သူတို့ရင်ထဲရှိ ယုံကြည်မှုကိုလည်း မပျောက်ပျက်သွားစေရန် ထိန်းသိမ်းထားကြပုံပေါ်ပေသည်။

လောင်ဟယ့်သားသည် သေသွားပြီးဖြစ်ကာ သူ့ချွေးမမှာလည်း ထွက်ပြေးသွားပြီး သူ့မိန်းမသည် အိမ်၌ သူတို့၏ နာမကျန်းသော မြေးလေးများကို ဂရုစိုက်နေရ၏။ အရင်နှစ်က သူသည် ဤနေရာသို့ သူ့မြေးအကြီးဆုံးလေးနှင့် အတူလာခဲ့ခြင်းဖြစ်သည်။ သို့သော် ကံဆိုးစွာဖြင့် ဤနှစ်တွင် သူ့မြေးအကြီးဆုံးသည် အပြင်းအထန်နာမကျန်းဖြစ်နေလေရာ သူတစ်ယောက်ထဲသာ လာခဲ့ရ၏။ သူသီဆိုနေရင်းလည်း ဘိုးဘေးများထံတွင် သူ့မြေးလေးအား ပြန်လည်ကျန်းမာလာစေရန် ဆုတောင်းနေခဲ့ခြင်း ဖြစ်သည်။ မြက်ခင်းလွင်ပြင်ဒေသ၌ လူအတော်များများမှာ သူ့မြေးလေးခံစားနေရသော နာမကျန်းမှုဖြင့်ပင် သေဆုံးသွားကြရခြင်း ဖြစ်၏။

အချိန်အနည်းငယ်အနားယူပြီးနောက် လောင်ဟယ်

ရှောက်ရွှမ်အားခေါ်ကာ နောက်တစ်ကြိမ် ထပ်မံသီ‌ဆိုကြပြန်သည်။ ရှောက်ရွှမ်နှင့်အတူသီဆိုရခြင်းမှာ သူ့အားအလွန်စိတ်လှုပ်ရှားစေပြီး အမဲလိုက်ရန်ပြင်ဆင်နေသော စစ်သည်တော်တစ်ယောက်လို ခံစားသွားရစေ၏။

အချိန်အတော်ကြာထိ ရှောက်ရွှမ် လောင်ဟယ်နှင့်အတူ သီဆိုခဲ့လေသည်။

မှောင်စပျိုးသောအချိန်မှသာ လောင်ဟယ် သီဆိုခြင်းအား ရပ်နားခဲ့၏။

အိမ်ပြန်ဖို့ အချိန်ရောက်လာလေပြီ။

လောင်ဟယ် ရှောက်ရွှမ်နှင့်အတူ တောင်ပေါ်မှ ဆင်းလာခဲ့၏။ လမ်းတွင်လည်း ရှောက်ရွှမ်၏ အနာဂတ်အစီအစဉ်များကိုမေးမြန်းခဲ့ပြီး ရှောက်ရွှမ် ဗဟိုမျိုး

နွယ်စုတွေဆီသို့ သွားမည်ဟု ကြားသောအခါ သူသဘောမတူခဲ့ပေ။

“အဲ့နေရာက အရမ်းဝေးပြီး အန္တရာယ်လည်းအရမ်းများတယ် မင်းလို ဘာစွမ်းအားမှမရှိတဲ့ ကောင်လေးတစ်ယောက်က ခရီးသွားအဖွဲ့နဲ့ဘယ်လိုလုပ် အဲ့ရောက်တဲ့ထိလိုက်နိုင်မှာလဲ အဲ့ဒီဒေသက တခြားနေရာတွေထက် ပိုပြီးကို အန္တရာယ်များတယ်ကွ ငါမင်းကို မင်းအရင်နေတဲ့နေရာကိုပဲ ပြန်ဖို့ အကြံပေးလိုက်မယ် အဲ့နေရာကလည်း ဆိုးရွားနေနိုင်တယ်ဆိုပေမယ့် အနည်းဆုံးတော့ မသေဘူးပေါ့ကွာ မင်းက ခေါင်းမာတဲ့ပုံပါပဲ တကယ်လို့ မင်းနေစရာရှာမရဘူးဆိုရင်လည်း ငါနဲ့အတူဒီမှာနေလို့ရတယ် မြက်ခင်းလွင်ပြင်ဒေသမှာ ရှင်သန်နေထိုင်ဖို့ကလည်း ခက်ခဲတယ်ဆိုပေမယ့် ဦးတည်ရာမဲ့ လျှောက်သွားနေတာထက်တော့ သာတာပေါ့ကွာ” လောင်ဟယ် ရှောက်ရွှမ်အား နားချဖို့ ကြိုးစားလိုက်သည်။

“အဆင်ပြေပါတယ် အဖိုးမစိုးရိမ်ပါနဲ့ ကျွန်တော်က ကိုယ့်ကိုကိုယ်ကာကွယ်နိုင်ပါတယ်” ရှောက်ရွှမ် ပြော

လိုက်၏။

“ကောင်လေးမင်းမှာ သင့်တော်တဲ့ခွန်အားလေးရှိတယ်ဆိုပြီး သွားချင်တဲ့နေရာသွားလို့ရပြီ မထင်လိုက်နဲ့ကွ ငါတို့ကသန်မာ‌ကောင်းသန်မာနိုင်တယ်ဆို‌ေပမယ် နတ်စစ်သည်တော်တွေနဲ့တော့ ယှဉ်လို့ရတာမဟုတ်ဘူး”

“ဒါပေမယ့် ကျွန်တော်က မျိုးနွယ်စုနတ်စစ်သည်တော်လေ”

“ဘယ်လို!”

“ကျွန်တော်ပြောတာက ကျွန်တော်က မျိုးနွယ်စုနတ်စစ်သည်တော်လို့ နောက်ပြီး အလယ်အလတ်အဆင့်..”

“ဟေးး သတိထား !”

ရှောက်ရွှမ် စကားမဆုံးမှီတွင် အဖိုးအိုသည် တောင်ပေါ်မှ ချော်ကျတော့မလို ဖြစ်သွားသည်ကို မြင်လိုက်ရသည်။ ရှောက်ရွှမ်သာ သူ့ကိုအမြန်ဆွဲမထားလိုက်ပါက သူသည် တောင်ပေါ်မှပြုတ်ကျသွားတော့မည်သာ။

လောင်ဟယ် အိမ်သို့ရှောက်ရွှမ်ကျောပေါ်မှသာ ပြန်ခဲ့ရလေသည်။ ချော်လဲစဉ်က သူ့ခြေကျင်း၀တ်ခေါက်သွားပြီး သူလမ်းမလျှောက်နိုင်တော့သောကြောင့် ဖြစ်၏။ ကံကောင်းစွာဖြင့် အခြားဘာဒဏ်ရာမှတော့ မရခဲ့ပေ။

လောင်ဟယ့် ဇနီးသည် သူ့မြေးလေးအား ပြုစုနေလေသည်။ ထိုစဉ် ရှောက်ရွှမ်ကျောပေါ်မှ သူ့ယောင်္ကျားအား မြင်လိုက်သောအခါ အမြန်ပြေးလာပြီး လောင်ဟယ်၏ ဒဏ်ရာအား ကြည့်ရှုစစ်ဆေးလိုက်၏။

“ငါအဆင်ပြေပါတယ် ခြေကျင်း၀တ်ပဲလည်သွားတာ ဟေးး ရှောက်ရွှမ် လာပါဦးကွ ခုနကပြော‌ေနတာကို ဘာလို့ရပ်လိုက်တာလဲ ဆက်ပြောရအောင်ပါ မျိုးနွယ်စုထဲမှာ ဘယ်သူတွေရှိလဲ နတ်ဆေးဆရာကရော မင်းတို့ကို ဘာတွေသင်ပေးလဲ” လောင်ဟယ် သူ့ဇနီး၏ မေးခွန်းများကို မဖြေနိုင်သေးသလို သူ့ခြေကျင်းဝတ်ဒဏ်ရာကိုလည်း ဂရုမစိုက်နိုင်သေးပေ။ ရှောက်ရွှမ်အား မီးတောက်ဦးချိုမျိုးနွယ်စုအကြောင်းမွေးခွန်းများကိုသာ ဆက်မေးနေလေသည်။

လောင်ဟယ်အား သစ်သားအိပ်ယာပေါ်တွင်တင်လိုက်ပြီး ဆေးစည်းပေးပြီးသောအခါမှသာ ရှောက်ရွှမ် ပြန်ဖြေလိုက်၏။

“ကျွန်တော်က အဖိုးရုပ်တည်ကြီးနဲ့ ဆက်ပြောနေတာ‌တွေ့‌တော့ အဖိုးအကုန်သိပြီးသားထင်နေတာ”

“မင်းက တကယ်ကြီး မီးတောက်ဦးချိုမျိုးနွယ်စုက

ဆိုတာ ငါဘယ်လိုလုပ်သိမှာလဲကွ ငါကမင်းကို လေလွင့်သူတစ်ယောက်လို့ပဲ ထင်ထားတာ” ပြောနေရင်း လောင်ဟယ် သူအထင်လွဲခဲ့မိသည့်အတွက် အနည်းငယ် ရှက်နေလေသည်။

အတိတ်တုန်းက မြက်ခင်းလွင်ပြင်ဒေသရှိ မျိုးနွယ်စုများသည် ကောင်းမွန်သော ဆက်ဆံရေး ရှိကြပြီး သူလည်း ထိုမျိုးနွယ်စုများသို့ သွားရောက်ခဲ့ကာ ရှောက်ရွှမ်ကဲ့သို့သော လေလွင့်သူများကို မြင်ခဲ့ဖူး၏။ သူတို့သည် သူတို့‌၏‌ဒုက္ခများအား တစ်ယောက်နှင့် တစ်ယောက် မျှဝေပြောပြလေ့ရှိကြပြီး ပြောပြီးလျှင်တော့ အိမ်ပြန်ပြီး ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ကြရသည်သာ။

လူတိုင်းသည် သူတို့မျိုးနွယ်စုဆီသို့ ပြန်ချင်ကြသူများသာဖြစ်ကြသော်လည်း မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်သာ ပြောင်းလဲသွားသော်လည်း သူတို့ဆန္ဒမှာ ပြည့်၀မလာခဲ့ကြပေ။

တစ်ချိန်က လောင်ဟယ်သည်လည်း သူ့ဘ၀က ထိုသို့ပင် ဖြစ်လာလိမ့်မည်ဟု တွေးထင်ခဲ့၏။ သူ့အဖေ သူအဖိုး သူ့အဘေး နှင့် ဘိုးဘေးများသည် ဤမြက်ခင်းလွင်ပြင်ဒေသတွင်ပင် ကြိုးစားရှင်သန်ခဲ့ကြပြီး မျိုးနွယ်စုအား စောင့်ဆိုင်းနေခဲ့ကြသည်။ မျိုးဆက်များအား သူတို့ချန်ခဲ့သော တစ်ခုတည်းသော အရာမှာ သီချင်းတစ်ပုဒ်နှင့် သူတို့သိရန်လိုအပ်သောအရာများသာဖြစ်ကြပြီး ထိုအရာများအား နှုတ်တိုက်လက်ဆင့်ကမ်းခဲ့ကြ၏။

“ငါတို့ ဒီမှာနေခဲ့တာ အချိန်အတော်ကြာခဲ့ပြီကွ ငါတို့မှာ ကောင်းမွန်တဲ့စိတ်ထား သန်မာတဲ့ခွန်အားနဲ့ ကြိုးစားချင်စိတ်တွေရှိကြတယ် အခြားမျိုးနွယ်စုတွေကလည်း ငါတို့ကို သူတို့နယ်မြေမှာ ခေါ်ထားချင်ကြတယ် ဥပမာ ဖုန်မျိုးနွယ်စုကိုပဲကြည့် သူတို့က တစ်ခါတစ်လေဆို ငါ့ကို သိုးတွေ နွားတွေ ကျောင်းဖို့တောင် လာခေါ်တတ်ကြတယ် အဲ့တာကြောင့် ငါတို့ကိုစိတ်မပူဖို့ မျိုးနွယ်စုကိုပြောလိုက် ငါတို့က ဒီလိုပဲ ဆက်နေပြီး မျိုးနွယ်စု ပြန်လာမယ့်အချိန်ကို စောင့်

နေမယ်”

“အဖိုးက သိုးတွေ နွား‌တွေကျောင်းတတ်တယ်လား” ရှောက်ရွှမ်မေးလိုက်သည်။

“ကျောင်းတတ်တာပေါ့”

“ခြံမွေးတိရစ္ဆာန်တွေ ဘယ်လိုမွေးရမလဲ ဆိုတာလည်း သိတယ်လား”

“သိတာပေါ့ကွ မြက်ခင်းလွင်ပြင်ဒေသမှာနေတဲ့လူတိုင်း မွေးမြူရေးလုပ်တတ်ကြတယ်”

သူတို့သည် အလွန်ပါရမီရှိကြသည်ဟု ရှောက်ရွှမ်ထင်မိသည်။ သူလာခဲ့သော မြစ်တစ်ဖက်ကမ်းတွင်ဆိုပါက ထိုလူများလက်ထဲသို့ မွေးမြူရေးတိရစ္ဆာန်တစ်ကောင်ကောင်ပေးလိုက်မည်ဆိုလျှင် မကြာခင်

တွင် အိုးထဲရောက်သွားမည်မှာ သေချာပေ၏။

All Chapters