ဘိုးဘွားပိုင်မြေ
Vol. 12 Ch. 180
“လဲဖို့လား” ကွေ့အာ တခဏ ဆွံ့အသွားသည်။
သူမနေ့က သူ့သူငယ်ချင်းများထဲမှ တစ်ယောက်လက်ထဲတွင် အရိုးဖြင့်လုပ်ထားသော အရုပ်များကို တွေ့ခဲ့ရခြင်းဖြစ်၏။ ထိုကလေးသည် သူတို့ကလေးအဖွဲ့လေးထဲတွင် ထိုအရုပ်ကိုကိုင်ကာ ကြွားလုံးထုတ်ခဲ့လေသည်။ ထို့ကြောင့် ကွေ့အာ သစ်သားအရုပ်တစ်ရုပ်လိုချင်ခဲ့ခြင်းဖြစ်ပြီး သစ်သားအရုပ်နှင့်ယှဉ်ပါက အခြားကလေးများ၏ အရိုးအရုပ်များသည် ဘာမှဟုတ်တော့မည် မဟုတ်ပေ။
ထိုအရိုးအရုပ်များသည် ကုန်သွယ်အဖွဲ့ထံမှ လဲလှယ်လာခြင်းဖြစ်သည်ဟု ကြားသောအခါ ကွေ့အာ ထိုအရိုးအရုပ်ထွင်းသောသူကို ရှာဖွေခဲ့သည်။ ရှာမတွေ့သောအခါမှသာ သူသစ်သားပြားကိုအရင်ရှာမည်ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။
ဟုတ်ပါသည်။ ကွေ့အာသည် အရိုးများ ကျောက်တုံးများအား ထွင်းထားသော အရုပ်များကို ကြိုက်နှစ်သက်သူမဟုတ်ပေ။ ထိုအရုပ်များနှင့်ယှဉ်ပါက သစ်သားထွင်းရုပ်များကိုသာ သူပိုကြိုက်ပေသည်။ ကျောက်တုံးမှထွင်းထားသော အရုပ်များသည် အလွန်ကြွပ်ဆတ်ကြ၏။ အရင်က သူ့အဖိုးက သူ့အား သာမန်ကျောက်တုံးများကိုသုံး၍ ကျောက်တုံးအရုပ်တစ်ခု ထွင်းပေးခဲ့ဖူးသော်လည်း သူမကြာခင်တွင် ထိုအရုပ်ကို မတော်တဆဖိလိုက်မိရာ အရုပ်လည် ကျိုးကြေသွားခဲ့လေသည်။ နှိုင်းယှဉ်ကြည့်ပါက သစ်သားအရုပ်များသည်မူ ယခုအချိန်ထိ ကောင်းနေဆဲသာ ဖြစ်၏။ လူအများစုသည် သစ်သားအရုပ်များက ကျောက်တုံးအရုပ်များထက် ပျော့သည်ဟုပြောကြသော်လည်း သူကတော့ သစ်သားအရုပ်များကိုသာ ပိုကြိုက်ပေသည်။
ယနေ့တွင် ကွေ့အာအခွင့်အရေးတစ်ခုရခဲ့ပြီး သူ့အဖေကင်းလှည့်ထွက်သောအခါ သူအရှက်မရှိလိုက်ပါသွားပြီး သူ့အတွက် သစ်တစ်ပင်ခုတ်ခဲ့ပေး
ရန် ပြောခဲ့ခြင်းဖြစ်၏။ ထို့နောက် ထိုသစ်သားတံုးအား သူဆွဲလာခဲ့ခြင်းဖြစ်သည်။ ဤနေရာ၌ ရှောက်ရွှမ်ရှိနေလိမ့်မည် ဟူ၍တော့ သူထင်မထားမိခဲ့ပေ။
ကွေ့အာ အရုပ်ရှာရန် ခရီးသွားအဖွဲ့ဆီသို့သွားခဲ့စဉ်က ရှောက်ရွှမ်၏ အသွင်အပြင်နှင့် ပုံပန်းသဏ္ဍာန်ကို သေချာမေးခဲ့ပြီးဖြစ်သည်။ သူအရင်ကသံသယဖြစ်မိပါသော်လည်း ယခုသေချာကြည့်ပြီးသောအခါ သူ့ေရှ့မှလူသည် ရှောက်ရွှမ်ဖြစ်မှန်း သူသေချာသွားခဲ့ပြီး အလွန်စိတ်လှုပ်ရှားသွားမိ၏။ သို့သော် ရှောက်ရွှမ်၏ မေးခွန်းမှာ သူ့အား စွန့်အသွားစေခဲ့သည်။
ဟုတ်ပေသည်။ ခရီးသွားအဖွဲ့ရှိ လူများဆီမှ ပစ္စည်းအားလဲလှယ်သောအခါ တန်ကြေးတစ်ခုပေးရ၏။ ဤလူများသည် သူ့မျိုးနွယ်စုရှိလူများနှင့် မတူကြပေ။ ဘယ်အရာကိုမှ အလကားလုပ်ပေးလိမ့်မည် မဟုတ်ပေ။
သူဘာကိုယူလာပြီး လဲလှယ်ရမည်နည်း။
သိုးလား ကျွဲနွားလား အကယ်၍ သူသာ ထိုအရာများကို ယူ၍ လဲလှယ်ခဲ့ပါက အိမ်ပြန်ရောက်သောအခါ သူ့အမေရိုက်ခြင်းကို ခံရနိုင်မည်လား။ သူ့အမေရိုက်ပြီးသောအခါ သူ့အဖေပြန်လာလျှင်လည်း သူ့အဖေကထပ်ပြီး ရိုက်နှက်နိုင်မည်လား။
ထိုအရာများအား တွေးမိပြီး ကွေ့အာ အနည်းငယ်တွန့်ဆုတ်သွားသည်။ သို့သော် သူထိုသစ်သားအရုပ်အား လိုချင်နေဆဲဖြစ်ပြီး ထိုအရုပ်သည် သူ့အဖိုးထွင်းပေးသည့်အရုပ်ထက် ပိုကောင်းမှာ သေချာ၏။ ကံဆိုးစွာဖြင့် သူ့အမေဖြစ်ပစေ အဖေဖြစ်ပစေ သူတို့သည် သူ့အား သစ်သားအရုပ်တစ်ရုပ်အတွက် ဘာနှင့်မှ လဲပေးမည်မဟုတ်ပေ။ သူတို့သည် ထိုအရာအား တန်သည်ဟု မထင်ကြပေ။ ဤအရာသည် သူ သူ့သူငယ်ချင်းအား ဘာကြောင့် အလွန်အားကျနေရသနည်းဟူသော အကြောင်းပြချက်လည်း ဖြစ်ပေသည်။
ကွေ့အာ ဘာကိုမှမစဉ်းစားနိုင်တော့ဘဲ အလွန်စိတ်သောကရောက်နေကာ ရှောက်ရွှမ်ငြင်းလိုက်မည်ကို စိတ်ပူနေလေသည်။ သူ့ခေါင်းအားခါကာ သက်ပြင်းအခါခါချနေပြီး ဘာပြန်ပြောရမလဲ သူမသိတော့ချေ။
“ဒီလိုဆိုရင်ရော ဘယ်လိုလဲ” တစ်ဖက်လူတွန့်ဆုတ်နေသည်ကိုတွေ့လိုက်သောအခါ ရှောက်ရွှမ်ဆက်ပြောလိုက်သည်။ “မင်းငါ့ကိုကိစ္စတစ်ခုကတိပေး အဲ့တာကိုလည်းစိတ်ရင်းနဲ့လုပ်ရမယ် အဲ့တာဆိုမင်းအတွက် သစ်သားရုပ်တစ်ခုထွင်းပေးမယ်”
“ဘာကိစ္စလဲ” ကွေ့အာ မေးလိုက်သည်။
“လောင်ဟယ်နဲ့ သူ့မိသားစုကို ကူညီရမယ် အားနိုင်လေးကိုအခြားသူတွေ အနိုင်ကျင့်တာမခံရအောင် ကူညီတာမျိုးပေါ့ နောက်ပြီး လောင်ဟယ်တို့မိသားစုအကူအညီတစ်ခုခုလိုရင်လည်း မင်းကတတ်နိုင်သလောက် ကူညီရမယ် ဘယ်လိုလဲ” အားနိုင်သည်
လောင်ဟယ့်မြေးလေး၏ နာမည်ဖြစ်၏။ ကွေ့အာနှင့် ကျန်ကလေးများသည် အားနိုင်အား တန်းတူဆက်ဆံခြင်းမရှိကြရာ အားနိုင်သည် မကြာခဏအနိုင်ကျင့်ခံရလေသည်။ ရှောက်ရွှမ် ထိုကောင်လေးအား ရိုက်နှက်ဆုံးမပစ်လိုက်မည်ဟု စဉ်းစားခဲ့သော်လည်း ထိုအရာသည် လူကြီးနှင့်ကလေးဖြစ်နေလေရာ မသင့်တော်ပေ။ ထို့အပြင် လောင်ဟယ်နှင့်သူ့မိသားစုမှာလည်း ဖုန်မျိုးနွယ်စုတွင် နေထိုင်နေရဆဲဖြစ်သောကြောင့် ဖုန်မျိုးနွယ်စု၀င်များနှင့် သူပြဿနာဖြစ်၍ မဖြစ်ပေ။
“ဒါက…”
“မင်းမှာ အဲ့လောက်တောင်အစွမ်းမရှိဘူးလားကွ”
“သေချာတာပေါ့ ကျွန်တော်လုပ်နိုင်တာပေါ့” ကွေ့အာ လည်ဆန့်ကာ ပြောလိုက်သည်။
ကွေ့အာအဖေသည် မျိုးနွယ်စုထဲတွင် အာဏာအချို့
ရှိသောလူဟု လောင်ဟယ်နှင့်စကားပြောရင်း ရှောက်ရွှမ်သိခဲ့ရရာ ကွေ့အာတွင်လည်း သူတို့သူငယ်ချင်းများကြားထဲ၌ လွှမ်းမိုးမှု တစ်ချို့ရှိရပေလိမ့်မည်။ အကယ်၍ ထိုကောင်လေးသာ ကောင်းကောင်းပြုမူပြီး လောင်ဟယ်တို့ မိသားစုအား ကူညီဖေးမမည်ဆိုပါက သူတို့ မီးတောက်ဦးချိုမျိုးနွယ်သို့ မပြန်ခင်အထိ ဤနေရာတွင် ကောင်းကောင်းရှင်သန်နိုင်ပေလိမ့်မည်။
ရှောက်ရွှမ်တောင်းဆိုသောအရာသည် ခက်ခဲသောအရာဟု ကွေ့အာမထင်ခဲ့ပေ။ သို့သော်သူသည် တုံးအသောကောင်လေးမဟုတ်ဘဲ မည်သို့ညှိနှိုင်းရမည်ဆိုသည်ကို ကောင်းကောင်းသိနေ၏။ “ကျွန်တော်သဘောတူတယ် ဒါပေမယ့် အစ်ကိုထွင်းပေးမယ့်အရုပ်က အရင်ကအစ်ကိုအခြားသူတွေအတွက် ထွင်းပေးတဲ့အရုပ်တွေထက် ညံ့လို့မရဘူး”
“ကိစ္စမရှိဘူး”
“ဒါဆို ကျွန်တော်ဘေးမှာထိုင်ပြီး ထွင်းတာကိုကြည့်နေမယ်”
“ရတာပေါ့”
လမ်းတွင် ရှောက်ရွှမ် အရိုးများအားထွင်းခဲ့စဉ်က ကျောက်ဓားများကိုသာအသုံးပြု၍ ထွင်းခဲ့ခြင်းဖြစ်သည်။ ယခုတွင်လည်း သစ်သားတံုးအားထွင်းရာတွင် ကျောက်ဓားသည် လုံလောက်၏။
ကွေ့အာသည် သူ့အားဤနေရာ၌ပင် ထွင်းရန်ပြောခဲ့သောကြောင့် ရှောက်ရွှမ်ဘယ်ကိုမှ မသွားခဲ့ပေ။ ကွေ့အာယူလာသော သစ်သားမှာ မဆိုးလှချေ။ အသားကောင်းပြီး ပွယောင်းနေခြင်းမျိုးလည်းမရှိလေရာ အရုပ်ထွက်လာသောအခါ ပိုကောင်းသောအရုပ်မျိုးပင် ထွက်လာနိုင်ပေသည်။
“မင်းက ဘယ်လိုအရုပ်မျိုးကိုလိုချင်တာလဲ” ရှောက်
ရွှမ်မေးလိုက်သည်။
“ကျွန်တော်စဉ်းစားဦးမယ် …ဟမ်…ကျွန်တော်လိုချင်တာက…” သေချာစဉ်းစားပြီးသည့်နောက် ကွေ့အာ ပြောလိုက်သည်။ “ဝံပုလွေ ကျွန်တော်ဝံပုလွေတစ်ကောင်လိုချင်တယ်”
သူမမြင်ဖူးသော ဤမြက်ခင်းလွင်ပြင်ဒေသတွင် ပေါ်မလာတတ်သော သားရဲမျိုးနှင့် ယှဉ်ပါက ကွေ့အာ သစ်သား ဝံပုလွေရုပ်သာ လိုချင်ပေသည်။ ဝံပုလွေများသည် ဤဒေသတွင် သာမန်ဆန်သော သတ္တဝါများပင် ဖြစ်ကြပြီး ဖုန်မျိုးနွယ်စုပင် ထိုကောင်များကို အမဲလိုက်လေ့ရှိကြသည်။ သို့သော် သူတို့သည် ဝံပုလွေများအပေါ် လေးစားမှုတစ်ခုလည်း ထားကြ၏။ ဝံပုလွေများသာ မျိုးနွယ်စုကိုတိုက်ခိုက်ခြင်း သို့မဟုတ် သူတို့မွေးမြူရေးတိရစ္ဆာန်များအား အန္တရာယ်ပေးခြင်းမျိုးမလုပ်ပါက သူတို့မှစ၍ ထိုကောင်များကို သွားတိုက်ခိုက်တာမျိုး မလုပ်ကြပေ။
“အဲ့တာက မိုက်မှာသေချာတယ် အယ်လ်ဖာဝံပုလွေတစ်ကောင်လေ” ကွေ့အာ လိုချင်နေသော အမူအရာဖြင့် ပြောလိုက်သည်။
အယ်လ်ဖာဝံပုလွေအား ထိုကလေးဘာလို့လိုချင်နေသလဲဆိုသည်ကို ရှောက်ရွှမ်နားမလည်ခဲ့ပေ။ သို့သော် အကြောင်းပြချက်ကို သူ့ဘေးမှ လောင်ဟယ်၀င်ဖြေလိုက်၏။
မြက်ခင်းလွင်ပြင်ဒေသရှိ မျိုးနွယ်စုများကြားတွင် ပုံပြင်တစ်ပုဒ်ရှိပေသည်။ ထိုပုံပြင်ကို မည်သည့်မျိုးနွယ်စုမှ ဘိုးဘေး ဖန်တီးခဲ့လဲဆိုတာကိုတော့ ဘယ်သူမှမသိကြပေ။ ထိုပုံပြင်သည် ဝံပုလွေများ မကြာခဏတိုက်ခိုက်တာ ခံရသော မျိုးနွယ်စုတစ်ခုအကြောင်းဖြစ်၏။ ထိုမျိုးနွယ်စုမှ နတ်ဆေးဆရာသည် သူတို့မျိုးနွယ်စုရှိ စစ်သည်တော်တစ်ယောက်အိမ်သို့ ဝံပုလွေများ တိုက်ခိုက်လိမ့်မည်ဟု သတင်းကြိုရခဲ့သည်။ ထို့ကြောင့် သူသည် ကျောက်တုံးတစ်တုံးကို ဝံပုလွေပုံစံထွင်းကာ ထိုအိမ်ရှေ့၌ ချထားခဲ့၏။ ဝံပုလွေများလာသောအခါတွင် ထိုကျောက်တုံး၀ံပုေ
လွအားတွေ့သွားပြီး သူတို့ ဝံပုလွေဘုရင်ကို တွေ့သည်ဟု ထင်ကာ ကြောက်လန့်၍ ထွက်ပြေးသွားကြလေသည်။
ဤပုံပြင်အား ကလေးများသာ ယုံကြည်ကြခြင်းဖြစ်ပြီး သူတို့ကြီးလာသောအခါတွင်မူ ထိုယုံကြည်မှုသည် ပျောက်ဆုံးသွားပေလိမ့်မည်။
ယခုတွင်မူ ကွေ့အာသည်ထိုပုံပြင်အား အကြွင်းမဲ့ယုံကြည်သူဖြစ်သည်။ သို့သော် ထိုပုံပြင်ထဲမှ နတ်ဆေးဆရာကဲ့သို့ စွမ်းအားမျိုး မည်သူ့တွင်မှရှိမည်မဟုတ်ဘဲ သူယူလာသော သစ်သားမှာလည်း ထိုပုံပြင်ထဲက ကျောက်တုံးလောက်မကြီးသည်ကို သူသိ၏။ သူသည် စိတ်ကျေနပ်စေရန် ထိုပုံပြင်ထဲရှိ ဝံပုလွေပုံစံငယ်အရုပ်တစ်ခုကိုသာ လိုချင်ခြင်း ဖြစ်ပေသည်။
“ဝံပုလွေ..” ဝံပုလွေအကြောင်းရှောက်ရွှမ်ပထမဆုံးစဉ်းစားမိသည့် အရာမှာ မျိုးနွယ်စုတွင်ကျန်ခဲ့သော ဆီဆာဖြစ်သည်။ သူ့ကလဲ့စားအကြောင်းမပြောလျှင်ပင် ဆီဆာသည် တောထဲရှိ ကြမ်းကြုတ်သော သားရဲ
များအား ရင်ဆိုင်နိုင်သူ ဖြစ်၏။ အခုချိန်တွင် သူမည်မျှကြီးပြင်းနေမည်ကို ဘယ်သူသိလိမ့်မည်နည်း။
ဆီဆာ၏ ပုံစံသွင်ပြင်နှင့် တောထဲတွင် အမဲလိုက်ခဲ့စဉ် သူ့အကြည့်များကို ပြန်တွေးတောပြီး ရှောက်ရွှမ်လက်ထဲရှိ ဓားလေးမှာ လှုပ်ရှားနေလေသည်။
ကွေ့အာသည် အရုပ်ထွင်းနည်းအား သင်ချင်ပါသော်လည်း မျှော်လင့်မထားဘဲ သူ့ရှေ့မှလူ၏ လက်ထဲရှိဓားလေးမှာ ပိုပိုမြန်လာခဲ့၏။ အစက သူသည် ဓား၏ လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းကို မြင်နိုင်ပါသော်လည်း မြန်လာသည်နှင့်အမျှ သူဘာကိုမှ မမြင်ရတော့ပေ။ သူမြင်နိုင်သည့် တစ်ခုတည်းသော အရာမှာ မိုးရွာသလိုကျလာသော သစ်သားစများသာဖြစ်ပြီး ထိုအရာများကြောင့် သူနောက်သို့ပင် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။
ကွေ့အာမေးခွန်းအနည်းငယ် မေးချင်ပါသော်လည်း သူ့ရှေ့ရှိ ပန်းပုဆရာသည် ထွင်းထုခြင်း၌ ဈာန်၀င်
နေသည်ကို သူတွေ့လိုက်ရ၏။
လောင်ဟယ်မှာလည်း မြေပြင်ပေါ်ကျနေသော သစ်သားစအချို့ကိုကောက်ကာ ရှောက်ရွှမ်ကို စိုက်ကြည့်နေလိုက်သည်။ သူသည် ရှောက်ရွှမ်လက်များ၏ ရွေ့လျားနေမှုကို သေချာမမြင်နိုင်ပါသော်လည်း ရှောက်ရွှမ်မျက်နှာပေါ်ရှိ နတ်အမှတ်အသားထွက်ပေါ်နေသည်ကိုမူ ရှင်းရှင်းလင်းလင်း မြင်နေရ၏။ ထိုအရာသည် မီးတောက်ဦးချိုမျိုးနွယ်စု၏ နတ်အမှတ်အသားဖြစ်ပေသည်။ ရှောက်ရွှမ်မျက်နှာပေါ်ရှိ ထိုအမှတ်အသားသည် သူ့အဖေမျက်နှာပေါ်တွင် ပေါ်ခဲ့စဉ်ကထက် ပိုထင်ရှားလေသည်။
အရုပ်တစ်ခုအားထွင်းရန် နတ်စွမ်းအားများအသုံးပြုရန် မလိုအပ်ပေ။ သို့သော် ရှောက်ရွှမ် အာရုံစိုက်၍ သေချာထွင်းနေသောအခါ နတ်စွမ်းအားသည် သူ့ခန္ဓာကိုယ်မှ သူ့အလိုလိုထွက်လာခြင်း ဖြစ်၏။ သူ့လက်ထဲရှိ ကျောက်ဓားများမှာ ထွင်းထုရန် ကောင်းသော ကိရိယာများမဟုတ်ကြပေ။
ထို့ကြောင့် အကြိမ်ပေါင်းများစွာ တိတိကျကျထွင်းနိုင်ရန် ခွန်အားနှင့် အလျင်ကို တိတိကျကျထိန်းချုပ်နိုင်ရသည်။ မည်သည့်အမှားမှ လုပ်၍ မဖြစ်ပေ။
ရှောက်ရွှမ်အနားရှိ လူလေးယောက်သည် ရှောက်ရွှမ် ထွင်းနေသည်ကို စိုက်ကြည့်နေကြရုံသာ တတ်နိုင်ကြသည်။
သစ်သားစများ ထွက်လာသည်နှင့်အမျှ ရှောက်ရွှမ်လက်ထဲရှိ သစ်သားလေးမှာလည်း တဖြည်းဖြည်းနှင့် ပုံစံတစ်ခု ပေါ်လာနေ၏။
ကွေ့အာ အသက်ရှူသံများ မြန်လာနေသည်။ သူအရင်က ဒီလို အရုပ်ထွင်းသောသူမျိုးကို မတွေ့ခဲ့ဖူးပေ။ တစ်ချိန်တည်းမှာပင် ဤအရုပ်သည် သူလိုချင်သောအရာဖြစ်သည်ဟု ခံစားလိုက်ရသည်။ ဖြစ်နိုင်သည်မှာ ဤအရုပ်သည် သူစိတ်ကူးထားသည်ထက် ပိုကောင်းလောက်သေး၏။
ရှောက်ရွှမ်လက်များရပ်တန့်သွားသောအခါ အရုပ်အား လက်တစ်ဖက်ဖြင့် ကိုင်ထားလိုက်ပြီး အရုပ်ပေါ်ရှိ သစ်သားစများကို လေဖြင့်မှုတ်ထုတ်လိုက်လေသည်။
သစ်သားရုပ်ပေါ်တွင် တင်နေသော သစ်သားမှုန်များသည် ရွှေမှုန်များကဲ့သို့ လွင့်ထွက်သွားသောအခါ နောက်ဆုံးတွင် သစ်သားရုပ်လေး ပေါ်ပေါက်လာတော့သည်။
ထိုအရုပ်သည် အလွန်သန်မာသော ဝံပုလွေတစ်ကောင်ပုံဖြစ်ပြီး ကြွက်သားမြှောင်းများကိုပင် သူ့အမွှေးများအောက်၌ မြင်နေရ၏။ သူ့ပုံသဏ္ဍာန်မှာ သွားဖြဲထားခြင်းမျိုး မာန်ဖီနေခြင်းမျိုး မရှိဘဲ မတ်မတ်ရပ်နေသော ဝံပုလွေတစ်ကောင်ပုံသာ ဖြစ်သည်။ သူ့ခေါင်းအား အနည်းငယ်စောင်းကာ မတ်မတ်ရပ်နေသော ပုံသဏ္ဍာန်ရှိ၏။ သူသည် တစ်စုံတစ်ခုအား ကြည့်ဖို့ပင်မတန်ဘူးဟူသော အကြည့်မျိုးနှင့် ကြည့်နေခြင်းဖြစ်ပြီး သူ့ခန္ဓာကိုယ်မှ
လည်း ကွေ့အာရှင်းမပြတတ်သော အငွေ့အသက်တစ်မျိုး ထွက်ပေါ်နေလေသည်။ သူ့ရှေ့ရှိ တစ်စုံတစ်ခုသည် သူ့အားကျော်ဖြတ်သွားရန်မဖြစ်နိုင်ဘဲ နောက်သို့သာ ပြန်ဆုတ်သွားရမည့် အကြည့်မျိုးဖြစ်ပေသည်။
သစ်သားရုပ်၏ အရွယ်အစားသည် ထိုမျှမကြီးဘဲ ခွေးပေါက်လေးတစ်ကောင်အရွယ်လောက်သာ ရှိ၏။ သို့သော် သူ့ဆီမှထွက်ပေါ်နေသော အငွေ့အသက်မှာမူ အခြားအရုပ်များနှင့် လုံး၀ကွဲထွက်နေသောအရာဖြစ်သည်။
“ဒီဟာပဲ မင်းစိတ်ကျေနပ်ရဲ့လား” ရှောက်ရွှမ်သစ်သားရုပ်အားကိုင်ထားရင်း ကွေ့အာကို မေးလိုက်၏။
“ကျေ ကျေ ကျေနပ်ပါတယ်” ကွေ့အား စိတ်လှုပ်တရှားပြောလိုက်ပြီး လက်ဆန့်လိုက်ကာ အရုပ်ကို ဂရုတစိုက်ကိုင်လိုက်သည်။
“ဒါဆို မင်းခုနကပေးထားတဲ့ကတိကိုရော မှတ်မိလား”
ရှောက်ရွှမ် ထပ်မေးလိုက်သည်။
“ဘာကိုလဲ အာ ကျွန်တော်မှတ်မိတယ် ဒါပေါ့ ကျွန်တော်မှတ်မိတာပေါ့ လောင်ဟယ်နဲ့သူ့မိသားစုကိုဂရုစိုက်ရမှာ” သူ့လက်ထဲရှိ သစ်သားရုပ်လေးကိုကြည့်နေရင်း ထိုအရာသည် အလွန်စိတ်ကျေနပ်စရာကောင်းသည်ဟု ကွေ့အာ ခံစားနေရသည်။
“စကားတစ်ခွန်းထွက်ပြီးရင် မြင်းတစ်ကောင်နဲ့တောင်လိုက်လို့မရဘူး”
“အာ” ကွေ့အာ ရှောက်ရွှမ်ပြောသာစကားကို နားမလည်ခဲ့ပေ။
“ဆိုလိုချင်တာက မင်းစကားတစ်ခွန်းပြောထွက်ပြီးသွားရင် မင်းတို့မျိုးနွယ်စုက အမြန်ဆုံးမြင်းတစ်ကောင်နဲ့တောင် အဲ့ဒီစကားကိုပြန်လိုက်ပြီး ယူလို့မရဘူး မင်းကတိပေးပြီးရင် ပြန်ရုတ်သိမ်းလို့မရဘူး နောက်ပြီး အဲ့ကတိကိုလည်း တည်ကိုတည်ရမယ်” ရှောက်ရွှမ် ရှင်းပြလိုက်သည်။
“ဒါပေါ့”
ကွေ့အာ လက်ရှိတွေးနေသည်မှာ ထိုအရုပ်အားယူကာ ပြန်ရန်သာဖြစ်ပြီး ဘာမှဆက်တွေးနေခြင်းမရှိခဲ့ပေ။
ကွေ့အာပြန်သွားမှ ရှောက်ရွှမ် လောင်ဟယ်တို့ဘက်သို့ ပြန်လှည့်လိုက်သောအခါ အားနိုင်၏မျက်လုံးများကို ကြည့်လိုက်မိသည်။
“မင်းလည်း တစ်ခုလိုချင်လို့လား” ရှောက်ရွှမ်မေး
လိုက်သည်။
“ဟုတ်” အားနိုင် သူ့ခေါင်းအား အကြိမ်ကြိမ်ငြိမ့်ပလိုက်မိ၏။
“မင်းက ဘယ်လိုအရုပ်မျိုးလိုချင်တာလဲ”
“ကျွန်တော်လည်း ဝံပုလွေပဲလိုချင်တာ”
“မလိုပါဘူး” ရှောက်ရွှမ် အားနိုင်ခေါင်းအားပွတ်လိုက်ကာ ပြောလိုက်သည်။ “အနာဂတ်မှာ မင်းကတကယ့်ဝံပုလွေအစစ်တစ်ကောင်ကို တွေ့ရမှာ အဲ့တာကို ထွင်းထားတာထက် စာရင် အစစ်ကပိုပြီး အံ့ဩစရာကောင်းတယ် ဝံပုလွေတင်မကဘူး ဂူအောင်းခြင်္သေ့တစ်ကောင်လည်းရှ်ိတယ် နောက်ပြီး ခေါင်းကြီးကြီးနဲ့ ကြိုးကြာရော အခြားအကောင်တွေရောပေါ့ကွာ”
ရှောက်ရွှမ် လောင်ဟယ်နှင့် သူမိသားစုအား မျိုးနွယ်စုအကြောင်း ပုံပြင်ဇာတ်လမ်းများကို ပြောပြခဲ့ပြီး သူတို့မျိုးနွယ်စုနတ်အမှတ်အသားဖြစ်သော မီးတောက်ဦးချိုများအား ကျောက်တုံးတစ်ခုပေါ်တွင် ထွင်းပေးခဲ့လေသည်။
လောင်ဟယ်သည် အသက်အရွယ်ကြီးရင့်လှပြီဖြစ်သောကြောင့် ဘ၀၏ အနိမ့်အမြင့် အတက်အကျများစွာကိုလည်း ကြုံတွေ့ခဲ့ရပြီးသားဖြစ်၏။ ထို့ကြောင့် ယန်ရှို့နှင့်ယှဉ်လျှင်မူ သူသည်အတော်လေးတည်ငြိမ်လှသည်။ သို့သော် သူ့လက်ထဲရှိ မျိုးနွယ်စုအမှတ်အသားပါသော ကျောက်တုံးတံဆိပ်ပြားလေးအား ကိုင်လိုက်ရသောအခါတွင်မူ သူ့လက်များသည် တုန်ခါနေကြလေသည်။ နေ့တစ်၀က်ကုန်သွားသည်အထိပင် ထိုတုန်ခါမှုမှာ ပျောက်မသွားသေးပေ။
တခဏကြာပြီးသောအခါတွင် လောင်ဟယ် ထိုကျောက်တုံးတံဆိပ်ပြားအား တရိုတသေကိုင်လိုက်
ပြီး အရပ်မျက်နှာတစ်ခုဘက်လှည့်ကာ ထိုတံဆိပ်ပြားကို သူ့ရှေ့တွင်ချ၍ ၀တ်ပြုလေသည်။ သူလှည့်လိုက်သောဘက်မှာ မီးတောက်ဦးချိုမျိုးနွယ်စုရှိသော အရပ်ဒေသဖြစ်၏။ သူ့မြေးလေးနှင့် သူ့ဇနီးမှာလည်း သူ့ကဲ့သို့ပင် ဒူးထောက်၍ ၀တ်ပြုလိုက်ကြသည်။
၀တ်ပြုရှိခိုးခြင်းပြီးသောအခါ လောင်ဟယ် ပြန်ထလိုက်၏။
“မျိုးနွယ်စုက တစ်ခါတုန်းက အဲ့ဒီဘက်မှာရှိခဲ့တာ ဒါပေမယ့် သူတို့ထွက်သွားပြီးတဲ့အခါမှာတော့ ဘယ်မှာရှိနေလဲဆိုတာ ငါအတိအကျမသိတော့ဘူး ငါအဲ့ဒီကိုတစ်ခါမှမရောက်ဖူးဘူး ငါသိတဲ့တစ်ခုတည်းသောအရာက ငါတို့ဘိုးဘွားပိုင်မြေက အဲ့ဘက်မှာရှိနေတယ်ဆိုတာပဲ အဲ့တာက ငါ့အဖေငါ့ကိုပြောပြခဲ့တာ သူ့ကိုလည်း ငါ့အဖိုးကပြောပြခဲ့တာ ငါတို့မျိုးဆက်တွေ တစ်ဆင့်ပြီးတစ်ဆင့် လက်ဆင့်ကမ်းပြောကြားခဲ့ကြတယ် သူတို့ကပြောတယ် ငါတို့ဘိုးဘေးတွေက အဲ့ဒီနေရာကထွက်ခွာသွားခဲ့ကြပေမယ့် ငါတို့ရဲ့ မူလ
ဇစ်မြစ်ကတော့ အဲ့နေရာမှာရှိနေတုန်းပဲတဲ့ တကယ်လို့များ မျိုးနွယ်စုကတည်ရှိနေသေးရင် တစ်နေ့မှာ အဲ့ဒီနေရာကိုပြန်လာပြီး နတ်မီးတောက်ကိုနောက်တစ်ကြိမ် ထွန်းညှိကြလိမ့်မယ်တဲ့”
“ရှောက်ရွှမ် မင်းပြန့်ကျဲနေတဲ့ ငါတို့မျိုးနွယ်စု၀င်တစ်ယောက်ချင်းစီကို လိုက်ရှာနေစရာမလိုပါဘူး မီးတောက်ဦးချိုမျိုးနွယ်စုက လေလွင့်သူတွေက အရမ်းများလွန်းတယ် သူတို့ကိုယ်သူတို့ ဘယ်သူမှန်းမသိကြတဲ့လူတွေတောင် ရှိပြီး တစ်ချို့ကျလည်း ရှေ့ဆက်ဘာဆက်လုပ်လို့ လုပ်ရမယ်မှန်း မသိတဲ့လူတွေရှိကြတယ် ဒါပေမယ့် မျိုးနွယ်စုနတ်မီးတောက်သာ နောက်တစ်ကြိမ်ပြန်ထွန်းတောက်လာခဲ့မယ်ဆိုရင်တော့ အဲ့ဒီအချိန်မှာ ပြန့်ကျဲနေတဲ့ မျိုးနွယ်စု၀င်တိုင်းဟာ သူတို့အိမ်ကို ပြန်လာကြလိမ့်မယ်”