ယန်စစ်မင်၏ ဆုံးရှုံးမှု
Vol. 28 Ch. 469
ကုန်းထျန်းဟောက်နဲ့ ရှောင်လင်းယွီတို့ စေ့စပ်ပြီးကတည်းက မိသားစုနှစ်ခုက မင်္ဂလာရက်ကို ရွေးချယ်ခဲ့ကြသည်။ တရုတ်ပြက္ခဒိန်အရ အောက်တိုဘာ ၁၈ ရက်နေ့ဖြစ်ပြီး မင်္ဂလာရှိတဲ့နေ့တစ်နေ့ပင်။
သူတို့ စေ့စပ်ပြီးနောက် မိသားစုနှစ်ခုက မင်္ဂလာပွဲအတွက် စတင်ပြင်ဆင်ကြတော့သည်။
ကုန်းမိသားစုက ရှောင်လင်းယွီကို တင်တောင်းလက်ဆောင် ၃.၆ သန်း ပေးခဲ့သည်။ ဒီသတင်းက ရွာထဲမှာ ပျံ့နှံ့သွားကာ သမီးရှိတဲ့ မိသားစုတိုင်းက မနာလိုမှုတွေနဲ့ ပြည့်နေကြတော့သည်။ တစ်ချိန်တည်းမှာပဲ တခြားရွာသားတွေက ရှောင်ကျန်းယန်နဲ့ သူ့ဇနီးကို အလွန်အမင်း မနာလိုဖြစ်ကြရသည်။ သူတို့က အရမ်းကံကောင်းပေသည်။ သူတို့မှာ အလားအလာရှိတဲ့ သမီးတစ်ယောက်ရှိပြီး ချမ်းသာတဲ့လူတစ်ယောက်နဲ့ လက်ထပ်နိုင်ခဲ့သည်။
ဟုတ်ပါတယ်၊ ရှောင်လင်းယွီက နောက်ခံကောင်းကောင်းနဲ့ မွေးဖွားလာတာပဲ။ သူမက နာမည်ကြီး တက္ကသိုလ်တစ်ခုကနေ ဘွဲ့ရပြီး လှပသည်။ ဒါကြောင့်ပဲ သူမကို ပိုးပန်းကြမည့် ထူးချွန်သည့်အမျိုးသားများ ရှိသေည်က မဆန်းပေ။
သူတို့သမီးတွေအတွက် အလွန်များပြားသည့် တင်တောင်းလက်ဆောင်နဲ့ လက်ထပ်ပေးချင်ရင််သူတို့သမီးကို ရှောင်လင်းယွီလို ထူးချွန်အောင် ပြုစုပျိုးထောင်ရုံပဲရှိသည်။
သို့ပေမယ့် ကျေးလက်ဒေသတွင် သားဦးစားပေးမှုက အတော်လေး ပြင်းထန်နေတုန်းပင်။ သူတို့သမီးတွေကို ကျောင်းပို့မယ့် မိသားစုဟူ၍ သိပ်မများပေ။ သမီးတွေက လက်ထပ်ပေးရမှာပဲ၊ ဒါကြောင့် သူတို့အပေါ်မှာ ပိုက်ဆံအများကြီး သုံးရတာ အဓိပ္ပာယ်မရှိဟုခံစားရသည်။ မိဘတွေအစား သူတို့ရဲ့ ယောက္ခမကိုပဲ အကျိုးပြုလိမ့်မည်။
ဒါကြောင့် မိန်းကလေးအများစုကို စာမသင်ဘဲ အလုပ်လုပ်ခိုင်းကြသည်။ ဒီအကြောင်းကြောင့် စာသင်ချင်တဲ့ မိန်းကလေးတော်တော်များများက ဒုက္ခရောက်ခဲ့ရလေသည်။ ထိုမိသားစုတွေကပဲ တခြားမိသားစုက သမီးတွေက ကုမ္ပဏီကြီးတွေမှာ ပိုက်ဆံအများကြီးရှာပြီး ချမ်းသာတဲ့ ခင်ပွန်းတွေနဲ့ လက်ထပ်တာကို မြင်တဲ့အခါ သူတို့က သူတို့ရဲ့သမီးတွေကို စာမတော်လို့ဆိုပြီး ပြန်အပြစ်တင်ပြန်လိမ့်မည်။
တန်းတူညီမျှမှုက အရေးကြီးတယ်လို့ ပြောနေကြပြီဆိုပေမယ့် ထိုသဘောတရားကို အမှန်တကယ်အကောင်အထည်ဖော်ဖို့ အချိန်အနည်းငယ် ယူရပေဦးမည်။
ဒါပေမဲ့ ရွာသားတချို့က ရှောင်ကျန်းယန်က ရှောင်လင်းယွီရဲ့ အိမ်ထောင်ရေးကနေ တင်တောင်းလက်ဆောင် ၃.၆ သန်း ရတယ်လို့ ကြားပြီး သူတို့ရဲ့ စိတ်တွေ ပြောင်းသွားကြပြန်သည်။ သူတို့သမီးတွေကို ကောင်းကောင်းပြုစုပျိုးထောင်ရင် သူတို့လည်း ဈေးကြီးတဲ့ တင်တောင်းလက်ဆောင်တွေ ရနိုင်တယ်မဟုတ်လား။
ကုန်းမိသားစုနဲ့ ရှောင်မိသားစုက မီတာနှစ်ရာအောက်သာ ဝေးတာကြောင့် မင်္ဂလာပွဲနေ့တွင်ပြုလုပ်ရမည့် ရိုးရာလုပ်ထုံးလုပ်နည်းတချို့ကို ဖျက်သိမ်းနိုင်သော်လည်း မိသားစုနှစ်ခုလုံးက မလုပ်ခဲ့ပေ။ ရိုးရာထုံးတမ်းစဉ်လာကို လိုက်နာဖို့က အရေးကြီးလေသည်။
ရှောင်မိသားစုက ရှောင်လင်းယွီရဲ့ ပျော်ရွှင်မှုက အရေးအကြီးဆုံးလို့ ယုံကြည်သော်လည်း ရိုးရာကိုတော့ လိုက်နာရဦးမည်။
ဟုတ်ပါတယ်၊ ဒီနေ့ခေတ် ရိုးရာတွေက အရင်ကထက် အများကြီး ပိုရိုးရှင်းလာလေပြီ။
မိသားစုနှစ်ခုက ပူးတွဲစားသောက်ပွဲတစ်ခု ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြသည်။ စားသောက်ပွဲနှစ်ခုကျင်းပခြင်းက ငွေနဲ့ စွမ်းအင်ကို ဖြုန်းတီးရာကျလေသည်။ အရေးအကြီးဆုံးကတော့ သတို့သမီးအတွက် ပင်ပန်းစေလိမ့်မည်။ သူမ ပင်ပန်းသွား၍ ကောင်းကျိုးမရှိပေ။ ဒါကြောင့် မိသားစုနှစ်စုက ဆွေးနွေးပြီးနောက် ပူးတွဲစားသောက်ပွဲတစ်ပွဲသာာ ကျင်းပကြရန် ဆုံးဖြတ်ခဲ့ကြသည်။
ရွာသားများအနေနဲ့လည်း အတော်လေး ပျော်ရွှင်သွားကြလေသည်။ အရင်က သူတို့ထဲက တော်တော်များများက ကုန်းမိသားစု ကျင်းပမည့် စားသောက်ပွဲကို တက်သင့်လား မတက်သင့်လားဆိုတာ ဆွေးနွေးနေခဲ့ကြပြီးဖြစ်သည်။ ကုန်းမိသားစုက ရွာသားတွေရဲ့ စားသောက်ပွဲတွေကို မတက်ရောက်သော်လည်း ရွားသားတွေကို အများကြီး ကူညီခဲ့တယ်ဆိုတာတော့ အမှန်ပင်။ ဒါ့အပြင် ကုန်းမိသားစုရဲ့ စားသောက်ပွဲကို တက်ရောက်ရင် လက်ဆောင်တွေ ပေးနေရဦးမည်။
ရွာသားတွေက ငွေကြေးပိုင်းကို စိုးရိမ်ကြေတုန်းပင်။ အတိတ်က သူတို့က အရမ်းဆင်းရဲခဲ့ပြီး ပိုက်ဆံကို ပညာရှိရှိသုံးစွဲလေ့ရှိကြသည်။ အခုလိုစားသောက်ပွဲမျိုးတက်ရောက်မည်ဆိုလျှင် လက်ဆောင်ပေးရမည်က သဘာဝပင်။
သို့ပါသော်လည်း ထောင်ယွမ်ရွာသို့ ကုန်းမိသားစုရောက်ရှိလာသည်က အချိန်တိုလေးသာရှိသေးသည်။ ရှောင်လင်းယဲ့၏ အထက်တန်းကျောင်းအောင်မြင်သည့် ပွဲကလွဲ၍ တခြားစားသောက်ပွဲမပါဝင်ခဲ့ဖူးပေ။ ဒါကြောင့် ကုန်းမိသားစုက ရွာသားတွေကို ဘယ်တော့မှ လက်ဆောင်မပေးခဲ့ပေ။ သို့ပေမယ့် အခုလို သူတို့ဘက်က မင်္ဂလာပွဲကျင်းပတော့မည့်အချိန်မှာတော့ ရွာသားတချို့မှာ အတော်လေးတွက်ချက်ကုန်ကြတော့သည်။
လက်ဆောင်ပေးတာက အပြန်အလှန်ပဲဖြစ်သင့်တာ တစ်ဖက်တည်းက ပေးရတာမျိုးမဖြစ်သင့်ဘူးလေ။
ဒါကြောင့် မိသားစုနှစ်ခုက စားသောက်ပွဲတစ်ခုပဲ ကျင်းပမယ်လို့ ကြားတော့ လူတော်တော်များများက တိတ်တဆိတ် သက်ပြင်းချလိုက်ကြသည်။
တော်သေးတာပေါ့။ မင်္ဂလာစားပွဲကို တစ်ခါပဲ တက်ဖို့လိုတော့တယ်။
ကုန်းနဲ့ ရှောင်မိသားစုက ဒီရွာသားတွေရဲ့ အတွေးတွေကို အာရုံမထားခဲ့ကြပေ။ တကယ်ကို ဂရုမစိုက်ကြတာဖြစ်သည်။
ယန်လုပ်ငန်းစု၏ ရုံးခန်းထဲတွင်
ရှောင်လင်းယွီ၏မင်္ဂလာဖိတ်စာကို လက်ခံရရှိခါစဖြစ်သော ယန်စစ်မင်တစ်ယောက် ဖိတ်စာပေါ်တွင် ရေးထိုးထားသော နာမည်များကို စိုက်ကြည့်လို့နေလေသည်။ သူ့မျက်လုံးများကနေပြီး လျှပ်စီးများပင် ထွက်လာတော့မလိုပင်။ နောက်တော့ မျက်လုံးတွေက နီရဲလာခဲ့သည်။
သူက ကုန်းထျန်းဟောက်နဲ့ ရှောင်လင်းယွီတို့ ဒီလောက်မြန်မြန် ပေါင်းသင်းသွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူးပေ။ ဘယ်လောက်များကြာသွားလို့လဲ။ နှစ်လလား? အခုကျ လက်တောင်ထပ်တော့မှာလား။
ယန်စစ်မင်က သူတို့နှစ်ယောက် လက်ထပ်ပြီးသားဆိုတာ မသိခဲ့ပေ။ သူတို့က မင်္ဂလာပွဲကို တရားဝင်ဖြစ်အောင် ကျင်းပခြင်းသာဖြစ်သည်။ သူသာသိရင် သူ့နှလုံးသားက ပိုပြီး နာကျင်လိမ့်ဦးမည်။
ယန်စစ်မင်က ဖိတ်စာကို တစ်ချက်ကြည့်ပြီး သူ့ဖုန်းကို ကောက်ကိုင်လိုက်သည်။ သူ့လက်ချောင်းတွေက မျက်နှာပြင်ကို ထိပြီး အကြိမ်အနည်းငယ် ပွတ်ဆွဲလိုက်ပြီးနောက် နာမည်တစ်ခုကို ထိနေခဲ့သည်။ ထိုနာမည်ကို နှိပ်လိုက်ချင်သော်လည်း တုံ့ဆိုင်းစိတ်က များနေပြန်သည်။ သူ့နှလုံးသားထဲက မဆုံးဖြတ်ရသေးတဲ့ စိတ်လှုပ်ရှားမှုနဲ့ ကြောက်ရွံ့မှုကြောင့်လည်း ဖြစ်နိုင်သည်။
ရှောင်လင်းယွီက သူကြိုက်တဲ့ ပထမဆုံးအမျိုးသမီးပဲ။ သူမကို လက်ထပ်ဖို့ စဉ်းစားခဲ့ပေမယ့် သူ့မိသားစုက သူ့ကို အကြိမ်တိုင်း တားဆီးခဲ့တယ်။ သူ့မိသားစုကို မစည်းရုံးနိုင်ခင်မှာပဲ သူမရဲ့ မင်္ဂလာပွဲသတင်းကို သူရနေပြီ။ အဲဒါက အရမ်းရုတ်တရက်ကြီး ရောက်လာတာပဲ။
ထိုသတင်းက သူ့ကို အကြီးအကျယ် ထိုးနှက်ခဲ့လေသည်။ ယန်စစ်မင်တစ်ယောက် သူ့အတွေးထဲတွင် အချိန်အတော်ကြာ လမ်းပျောက်နေခဲ့သည်။အဆုံးမှာတော့ ထိုနာမည်ကို သူမနှိပ်ခဲ့ပေ။ ထိုအစား သူက ထရပ်ပြီး ချိတ်ထားတဲ့ ကုတ်အင်္ကျီကို ကောက်ကိုင်ကာ ရုံးခန်းကနေ ထွက်သွားခဲ့သည်။
သူ ရုံးခန်းကနေ ထွက်ခါနီးမှာပဲ အတွင်းရေးမှူးဝမ်က စာရွက်စာတမ်းကို ကိုင်လျက် စိုးရိမ်စွာဖြင့် ပြောလာခဲ့သည်။ "ဥက္ကဋ္ဌ၊ ဆယ်နာရီမှာ အစည်းအဝေးကြီးတစ်ခုရှိတာ ကိုယ်တိုင်တက်ဖို့လိုတယ်လေ။ အခု ဘယ်သွားမလို့လဲ?"
ယန်စစ်မင်က ခေါင်းမလှည့်ဘဲ "မင်းနဲ့ ဒုဥက္ကဋ္ဌကွမ်း ငါ့ကိုယ်စား တက်ရောက်လိုက်" ဟုပြောပြီး ခြေလှမ်းကျဲကြီးတွေနဲ့ ထွက်သွားလေသည်။
အတွင်းရေးမှူးဝမ်က ယန်စစ်မင် ထောင့်ချိုးနားမှာ ပျောက်ကွယ်သွားတာကို ကြည့်ရင်း အတွင်းရေးမှူးဝမ်တစ်ယောက် သက်ပြင်းချကာ ဒုဥက္ကဋ္ဌကွမ်းကို သွားရှာရတော့သည်။
ယန်စစ်မင်သည် မြေအောက်ကားပါကင်သို့ဆင်းလာကာ ကားကိုဒုန်းဆိုင်းမောင်းထွက်သွားတာကြောင့် ကားပါကင်တွင် တာဝန်ကျနေသည့် အစောင့်များကိုပင် ထိတ်လန့်သွားစေခဲ့သည်။
"အဲဒါ ဥက္ကဋ္ဌလား?"
"ဟုတ်တာပေါ့။ အဲဒါ ဥက္ကဋ္ဌရဲ့ ကားပဲ။ အတွင်းမှာ မောင်းနေတဲ့လူက ဥက္ကဋ္ဌပဲဖြစ်ရမယ်။"
ဝန်ထမ်းအားလုံး သူတို့ရဲ့ ဥက္ကဋ္ဌက သန့်ရှင်းမှုကို စွဲလမ်းပြီး တခြားသူတွေ သူ့ကားကို ထိတာကို မကြိုက်မှန်း သိထားကြလေသည်။
"ဥက္ကဋ္ဌ မောင်းတာ အရမ်းမြန်လွန်းတယ်။ အဆင်ရောပြေပါ့မလား?" ဝန်ထမ်းတစ်ယောက်က စိုးရိမ်စွာဖြင့် ပြောလိုက်သည်။
"အဆင်ပြေမှာပါ" တခြားဝန်ထမ်းက "ငါတို့ ဥက္ကဋ္ဌက ပြိုင်ကားမောင်းသမားတစ်ယောက်လို တော်တယ်လေ"
ထို့နောက် ဝန်ထမ်းတွေက ခဏအတင်းအဖျင်းပြောရင်း အပေါ်ထပ်ကို တက်သွားကြလေသည်။
.....
နှစ်နာရီကြာပြီးနောက် ယန်စစ်မင်တစ်ယောက် ထောင်ယွမ်ရွာဝင်ပေါက်သို့ရောက်လာကာ ကားကိုထိုးရပ်လိုက်သည်။
ယန်စစ်မင်က သူ့ထိုင်ခုံရဲ့ နောက်ကျောကို မှီရင်း ရှေ့ကိုကြည့်လိုက်သည်။
သူ့ရှေ့မှာ ထောင်ယွမ်ရွာ၊ ရှောင်လင်းယွီရဲ့ အိမ်ပဲ။
စီးပွားရေးစစ်မြေပြင်မတောင် အပြည့်အဝ စိတ်အေးလက်အေးရှိသည့် လူက ယခုအချိန်တွင်တော့ ကြောက်ရွံ့မှုကို ခံစားနေရလေသည်။
အသက် ၂၀ ကျော်မှာ ပထမဆုံးအကြိမ် အမျိုးသမီးတစ်ယောက်ကို ချစ်မိခဲ့သည်။ အဲဒါက သူ့နှလုံးသားထဲမှာ တကယ်ထည့်ပြီး ပိုးပန်းချင်တဲ့ ပထမဆုံးအကြိမ်လည်း ဖြစ်သည်။ သို့ပါသော်လည်း သူမက တခြားတစ်ယောက်ရဲ့ သတို့သမီး ဖြစ်လာတော့မယ်တဲ့။ ဘယ်လောက်တောင် ဝမ်းနည်းစရာကောင်းလိုက်လဲ?
သူ ဘာလုပ်နိုင်မှာလဲ? ရှောင်လင်းယွီကို ဖြေရှင်းချက်တောင်းရမှာလား? သူ့မှာ ဘာအခွင့်အရေးရှိလို့လဲ?
သူနဲ့ ရှောင်လင်းယွီဆိုတာ မိတ်ဆွေသူငယ်ချင်းတွေသာဖြစ်သည်။ သူက သူမရဲ့ ရည်းစားလည်းမဟုတ်သလို သူမရဲ့ ခင်ပွန်းလည်းမဟုတ်ပေ။ ဒီတော့ သူ ဘာလုပ်နိုင်မှာလဲ?
ယောက်ျားလေးဘက်ရော မိန်းကလေးဘက်ရော နှစ်ယောက်စလုံးက လူလွတ်တွေပဲ။ သူတို့ လက်ထပ်နိုင်တယ်လေ။ ဒါ့အပြင် သူတို့က အချင်းချင်းချစ်နေကြတဲ့လူတွေပဲ။
ဒါပေမဲ့ သူ့နှလုံးသားက အရမ်းနာကျင်နေတယ်!
ဒါက သူ ဘယ်တုန်းကမှ မကြုံဖူးတဲ့ နှလုံးသားနာကျင်မှုပဲ။
သူ ဝမ်းနည်းတယ်။ ဒီဝမ်းနည်းမှုက သူ တန်ဖိုးထားတဲ့ အရာတစ်ခုကို ဆုံးရှုံးလိုက်ရသလိုပဲ။ သူ အချစ်ကိုတောင် မကြုံဖူးသေးဘူး၊ ဒါပေမဲ့ သူက အချစ်ကို ဆုံးရှုံးရတဲ့ ဝေဒနာကို ခံစားနေရပြီ။ တကယ်ကို ခံစားလို့မကောင်းဘူး။
ယန်စစ်မင်တစ်ယောက် သူ့လက်တွေကို စတီယာရင်ဘီးပေါ်မှာ တင်ထားပြီး သူ့နှုတ်ခမ်းထောင့်တွင်တော့ ခပ်ရေးရေး ခါးသီးတဲ့ အပြုံးတစ်ခု ပေါ်လာလေသည်။
သူကြိုက်တဲ့ မိန်းကလေးက လက်ထပ်တော့မယ်၊ ဒါပေမဲ့ သတို့သားက သူ ဟုတ်မနေဘူး။
သူ ဘယ်သူ့ကို အပြစ်တင်နိုင်မှာလဲ? ကုန်းထျန်းဟောက်လား ဒါမှမဟုတ် သူ့အဘိုးလား? ဒါပေမဲ့ ဒါတွေအားလုံးက ဆင်ခြေတွေပဲ။ အမှားလုပ်တဲ့သူက သူကိုယ်တိုင်ပဲ။
သူက စီးပွားရေးလောကမှာ ဩဇာလွှမ်းမိုးပြီး ပြတ်သားပေမယ့် သူ့ရဲ့ အချစ်ရေးမှာတော့ မပြတ်သားဘဲ တုံ့ဆိုင်းနေသည်။
သူက ကိုယ့်ကိုယ်ကို အရမ်းယုံကြည်လွန်းလို့လည်း အပြစ်တင်ရမည်။ သူက သူ့အရည်အချင်းတွေနဲ့ဆိုရင် ရှောင်လင်းယွီကို အနည်းငယ်လိုက်လိုက်တာနဲ့ ရှောင်လင်းယွီက သူ့ရင်ခွင်ထဲကို လိမ်လိမ်မာမာ ပစ်ဝင်လာလိမ့်မယ်လို့ ထင်ခဲ့သည်။
ဒါပေမဲ့ သူက ရှောင်လင်းယွီက အဲဒီလိုမိန်းမမျိုး မဟုတ်ဘူးဆိုတာကို မေ့နေခဲ့လေသည်။ သူ့ရဲ့ အချစ်ပြိုင်ဘက် ပေါ်လာပြီးမှ သူက အန္တရာယ်ကို ခံစားမိခဲ့သည်။ သို့သော်လည်း ရှောင်လင်းယွီ၏ကိုယ်ဝန်ကို မြင်လိုက်တာနဲ့ သူက စိတ်သက်သာရာရသွားပြန်သည်။ ကုန်းထျန်းဟောက်က အဖေမပေါ်သည့်ကလေးတစ်ယောက်ကို ကိုယ်ဝန်ဆောင်ထားသည့် အမျိုးသမီးတစ်ယောက်ကို တကယ်လက်ထပ်လိမ့်မယ်လို့ မထင်ခဲ့ပေ။ အကြောင်းကတော့ ကုန်းထျန်းဟောက်ရဲ့ အဆင့်အတန်းနဲ့ မိသားစုနောက်ခံက သူ့ကို အဲဒီလိုလုပ်ခွင့်မပေးလို့ပဲ။
ကုန်းထျန်းဟောက်က ရှောင်လင်းယွီကို လိုက်ရင်တောင် အဲဒါက ယာယီစိတ်ဝင်စားမှုတစ်ခုပဲ ဖြစ်နိုင်သည်။
ရှောင်လင်းယွီလို စရိုက်ပြင်းထန်တဲ့လူတစ်ယောက်က ကုန်းထျန်းဟောက်ရဲ့ အဆင့်အတန်းနဲ့ အာဏာကို သေချာပေါက် ဦးမညွှတ်ဘူး။
ကုန်းထျန်းဟောက်နဲ့ ယှဉ်ရင် သူက အားသာချက်ရှိတယ်လို့ ခံစားခဲ့ရသည်။
ယန်စစ်မင်က တစ်ခုခုကို စဉ်းစားမိပြီး မယုံကြည်နိုင်စွာ မျက်လုံးကျဉ်းလိုက်သည်။ သူ အရမ်းအရေးကြီးတဲ့ အရာတစ်ခုကို သတိရသွားတာပဲ။ ကုန်းထျန်းဟောက်ရဲ့ အဘိုးရဲ့ ရှောင်လင်းယွီအပေါ် သဘောထားက သူ့အဘိုးရဲ့ သဘောထားနဲ့ ဆန့်ကျင်ဘက်ပဲ။
အဘိုးကုန်းက ရှောင်လင်းယွီကို အရမ်းကြိုက်ပုံရပြီး ရှောင်လင်းယွီရဲ့ ဗိုက်ထဲက ကလေးကို လုံးဝဂရုမစိုက်ပေ။ တကယ်တော့ သခင်ကြီးကုန်းက ကုန်းထျန်းဟောက်ကိုတောင် ရှောင်လင်းယွီကို လိုက်ဖို့ ကူညီပေးခဲ့သည်။
ယန်စစ်မင်က မျက်ခုံးကို တင်းတင်းကျပ်ကျပ် တွန့်ပြီး သူ့နှလုံးသားထဲမှာ နက်ရှိုင်းတဲ့ သံသယတစ်ခုရှိလာခဲ့သည်။
သခင်ကြီးကုန်းက ဘယ်လောက်ပဲ စိတ်သဘောထားကြီးပါစေ အဖေမပေါ်တဲ့ကလေးတစ်ယောက်ကို လက်ခံဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး မဟုတ်လား?
မြို့တော်က ကောလာဟလတွေက မှန်နေတာလား? ကုန်းထျန်းဟောက်က ကလေးမရနိုင်ဘူးလား?
ရှောင်လင်းယွီက ဒီအမှန်တရားကို ဖုံးကွယ်ဖို့ အကောင်းဆုံးဆင်ခြေပဲ။ ဒီတော့ ကုန်းမိသားစု တကယ်သဘောကျတာက ရှောင်လင်းယွီမဟုတ်ဘဲ သူမရဲ့ ဗိုက်ထဲက ကလေးလား?
ဒီအကြောင်းကို စဉ်းစားမိတော့ ယန်စစ်မင်က အနည်းငယ် စိတ်လှုပ်ရှားလာပြီး သူ့မျက်နှာအမူအရာကတော့ အနည်းငယ် ဒေါသထွက်နေဟန်ပြသည်။
'မဟုတ်ဘူး၊ သူတို့ ရှောင်လင်းယွီကို ဒီလိုအသုံးချလို့မရဘူး။'
ယန်စစ်မင်က ချက်ချင်းကားကို စက်နှိုးပြီး ထောင်ယွမ်ရွာထဲကို မောင်းဝင်သွားခဲ့တော့သည်။
မကြာခင်မှာပဲ ကားက ရှောင်လင်းယွီရဲ့ အိမ်ကို ရောက်လာခဲ့သည်။
ရှောင်မိသားစုက အလုပ်ရှုပ်နေလေပြီ။
သန်ဘက်ခါက ရှောင်လင်းယွီနဲ့ ကုန်းထျန်းဟောက်တို့ရဲ့ မင်္ဂလာဆောင်နေ့ပဲ။ စားသောက်ပွဲက ဟင်းကြီးတွေအတွက် ပါဝင်ပစ္စည်းများကိုလည်း ပြင်င်ဖို့လိုသည်။ အိမ်ကိုအလှဆင်ဖို့နဲ့ တခြားအရာတွေအတွက်လည်း လူတွေလိုအပ်သည်။
ဒါက ယန်စစ်မင်က ကျေးလက်စားသောက်ပွဲကို ပထမဆုံးအကြိမ် လာရောက်လည်ပတ်ဖူးတာပင်။ သူက ခြံဝင်းထဲက စည်ကားမှုကို မြင်တော့ အနည်းငယ် ကြောင်သွားခဲ့သည်။
လေထုက သက်ဝင်လှုပ်ရှားပြီး ငြိမ်းချမ်းနေသည်။
အခြေအနေက ဟိုတယ်စားသောက်ပွဲနဲ့ မတူပေ။ ဟိုတယ်မှာဆို ဟိုတယ်ဘက်က အရာအားလုံးကို ပြင်ဆင်ပေးထားကာ သူတို့က ထွက်မသွားခင်မှာ ကောင်းကောင်းစားသောက်ဖို့ပဲ လိုသည်။ ဟင်းတွေ ဘယ်လိုဖြစ်လာလဲဆိုတာကိုတော့ ဧည့်သည်တွေက လုံးဝဂရုစိုက်စရာမလိုပေ။
ယန်စစ်မင်သည် ခြံဝင်းအဝင်ဝတွင် ကြောင်တောင်တောင် ရပ်နေစဉ် အမေရှောင်က သူ့ကို သတိပြုမိလိုက်သည်။
အမေရှောင်က ယန်စစ်မင်ကို မြင်သောအခါ အနည်းငယ် နားမလည်ဖြစ်သွားသည်။ သူမက "စစ်မင်၊ ဘာလို့ ဒီလောက်စောစော ရောက်နေတာလဲ?" ဟု မေးလိုက်သည်။
မင်္ဂလာပွဲက သန်ဘက်ခါမှ ကျင်းပမည်ဖြစ်သည်။
"ဒေါ်လေး" ယန်စစ်မင်က ခေါ်လိုက်ပြီး ပြုံးလိုက်သည်။ "ဒီမှာ အရမ်းစည်ကားနေတာပဲ။"
အမေရှောင်က ပြုံးပြီး ရှင်းပြသည်၊ "ကျေးလက်မှာ စားသောက်ပွဲလုပ်ရင် ဒီလိုပဲ။ အများကြီး ပြင်ဆင်ရတယ်။ လာ၊ စစ်မင်၊ ဝင်ထိုင်!"
ယန်စစ်မင်က ခေါင်းညိတ်ပြီး ဧည့်ခန်းထဲသို့ လျှောက်ဝင်သွားသည်။ သူက ပတ်ပတ်လည်ကို ကြည့်ပြီး "ဒေါ်လေး၊ လင်းယွီ ဘယ်မှာလဲ?" ဟု မေးလိုက်သည်။
အမေရှောင်က ပြုံးပြီး "ဒီကလေးက ကုန်းထျန်းဟောက်နဲ့ ရေလှောင်ကန်ဘက်မှာ တခြားသူတွေ ငါးမျှားတာ သွားကြည့်နေတယ်"
ယန်စစ်မင်၊ "..."
***