← Chapters

စစ်တုရင်ကနေတစ်ဆင့် တာအိုအမွေအနှစ်

Vol. 172 Ch. 2567

စစ်တုရင်ကနေတစ်ဆင့် တာအိုအမွေအနှစ်

Vol. 172 Ch. 2567

“စစ်တုရင်တစ်ပွဲလောက်ကစားရအောင်”

ရုတ်တရက် ယွင်ကျူးက ပြောလိုက်သည်။

“အမ်..”

ဆူဇီမိုက ခဏမျှမှင်တက်သွားပြီးနောက် ခေါင်းခါပြလိုက်၏။

“စစ်တုရင်ကို ဘယ်လိုကစားရမလဲ ကျုပ်မသိဘူး... ကျုပ် ဘယ်သူနဲ့မှ တစ်ခါမှမကစားခဲ့ဖူးဘူး”

သူသည် ငယ်ရွယ်စဥ် စာပေလေ့လာခဲ့စဥ်ကသာ စစ်တုရင်တာအိုနှင့် ထိတွေ့ခဲ့ဖူးသည်။ သို့သော်လည်း သူသည် ဤကစားနည်းမှာ စိတ်ဝင်စားမှုမရှိဘဲ အဲဒါကို ဆက်လက်၍ မလေ့လာခဲ့ပေ။

သူသည် နောက်ပိုင်း ကျင့်ကြံရေးလောကသို့ ဝင်ရောက်လာသောအခါ သူသည် အဲဒါကို ပို၍ပင် စိတ်မဝင်စားတော့ပေ။

“စည်းမျဥ်စည်းကမ်းတွေကိုတော့ နင်သိတယ်မလား”

ကျွင်းယုက ထက်မံ၍မေးလိုက်၏။

“ကျုပ်နဲနဲတော့သိတယ်”

ဆူဇီမိုက ပြန်ဖြေလိုက်၏။

ကျွင်းယုသည် ဘာကြောင့်ရုတ်တရက် သူနှင့် စစ်တုရင်ကစားချင်လာသလဲ ဆူဇီမိုက စဥ်းစားရခက်နေသည်။

ဆူဇီမို မသိသည်မှာ ကျွင်းယုက ပို၍ပင် စဥ်းစားရခက်နေလေသည်။

နတ်မိမယ်လင်းလုံသည် သူမကို လင်းလုံချောင်ပိတ်ကွက်ကိုးကွက် သင်ကြားပေးခဲ့စဥ်က သူမမှာ အခွင့်အရေးရှိမည်ဆိုလျှင် ထိုချောင်ပိတ်ကွက်များကို ဆူဇီမိုကို ပြပေးသင့်ကြောင်း သူမက ကျွင်းယုကို မှာခဲ့ဖူးလေသည်။

သူတို့နှစ်ယောက်သည် နားမလည်တာတစ်ခုခုရှိလျှင် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်ဆွေးနွေးဖလှယ်နိုင်သည်ဟုပင် နတ်မိမယ်လင်းလုံက ပြောခဲ့လေသည်။

အစကတော့ နတ်မိမယ်လင်းလုံသည် ထိုသို့ပြောခဲ့သည်ဆိုမှတော့.. ဆူဇီမိုသည် စစ်တုရင်ကစားရာမှာ သေချာပေါက်ကျွမ်းကျင်မှုရှိမည်ဟု ကျွင်းယုက တွေးထားခဲ့သည်။

သို့သော်လည်း ဆူဇီမိုသည် စစ်တုရင်အကြောင်း အနည်းအကျဥ်းမျှသာသိရှိထားပြီး အရင်တုန်းက တစ်ခါမှကစားဖူးခဲ့ခြင်း ရှိလိမ့်မည်မဟုတ်ဟု သူမက ထင်မှတ်မထားခဲ့ပေ။

“ဒါက နဲနဲတော့ထူးဆန်းနေတယ်”

ကျွင်းယုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။

မည်သို့ပင်ဆိုစေ နတ်မိမယ်လင်းလုံသည် ထိုသို့ပြုလုပ်ဖို့ သူမကိုပြောခဲ့သည်ဆိုမှတော့ သူမက အဲဒါနှင့်ပတ်သက်၍ များစွာစဥ်းစားတွေးတောမနေတော့ပေ။

“ငါနင့်ကိုသင်ပေးမယ်”

သူမသည် လင်းလုံချောင်ပိတ်ကွက်များကို ဆူဇီမိုကို ပြပေးလိုသည်ဆိုမှတော့ သူမက သူ့ကို အရင်ဆုံး စည်းမျဥ်းစည်းကမ်းများ သင်ပေးရပေမည်။

ဆူဇီမိုအနေဖြင့် စစ်တုရင်ကိုစတင်ဖို့က အခက်အခဲမရှိပေ။ ကျွင်းယုသည် အချက်အလက်တချို့ကို သာမန်​ကာလျှံကာသာ ရှင်းပြလိုက်၏။ သူ၏ ပါရမီအရည််အချင်းအရ ဆူဇီမိုသည် ဆယ်မိနစ်မကြာခင် အဲဒါကို တတ်မြောက်သွားခဲ့ပြီဖြစ်သည်။

ကျွင်းယုက သူတို့နှစ်ယောက်ကြားမှာ ကြယ်တာရာစစ်တုရင်ခုံကိုချပြီး သူမ၏ ဝတ်ရုံစကို ဝေ့ယမ်းလိုက်၏။ အနက်ရောင်နှင့် အဖြူရောင် အရုပ်များက စစ်တုရင်ခုံပေါ်သို့ ပြန့်ကျဲကျဆင်းသွားပြီး ချောင်ပိတ်ကွက်တစ်ကွက်ကို ဖြစ်ပေါ်လာစေသည်။

“ဒါက... ပထမဆုံးလင်းလုံးချောင်ပိတ်ကွက်ပဲ... နင်က အနက်ကို ယူထားမယ်ဆိုရင် အဲဒီကနေ ဘယ်လိုဖောက်ထွက်မလဲ”

အစကတော့ ကျွင်းယုသည် ဆူဇီမိုနှင့် အချီရေအနည်းငယ် လက်ရည်စမ်းလိုခဲ့၏။

သို့သော်လည်း သူက စစ်တုရင်အကြောင်းများစွာမသိရှိသည်ကို သူမတွေ့ရသောအခါ သူမက စိတ်ဝင်စားမှုမရှိတော့ဘဲ ချောင်ပိတ်ကွက်ကို တိုက်ရိုက်ခင်းကျင်းပြသလိုက်၏။

သူမသည် ဆူဇီမိုကို ကစားပွဲ၏ စည်းမျဥ်းစည်းကမ်းများ ရှင်းပြပြီးနောက် ဆူဇီမိုအတွက် လင်းလုံချောင်ပိတ်ကွက်ကို ခင်းကျင်းပေးကာ ပုံဖော်ခိုင်းလိုက်သည်။

ဆူဇီမိုက အဲဒါကို ဖြေရှင်းနိုင်သည်ဖြစ်စေ မ​ဖြေရှင်းနိုင်သည်ဖြစ်စေ သူမသည် နတ်မိမယ်လင်းလုံ၏ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးရာ ရောက်သွားပေလိမ့်မည်။

ဆူဇီမိုသည် သူ့ရှေ့မှာရှိသော စစ်တုရင်ခုံကိုကြည့်ကာ အလေးအနက်စဥ်းစားတွေးတောသွားသည်။

အဲဒါကို ချောင်ပိတ်ကွက်တစ်ကွက်ဟု ခေါ်ဆိုရမည်ထက် အဲဒါက အပ်ကွက်တစ်ကွက်နှင့် ပိုတူနေလေသည်။

သူထိန်းချုပ်ရမည့် အနက်ရောင်စစ်တုရင်ရုပ်များသည် သစ်တုရင်ခုံပေါ်တွင် နေရာတိုင်းမှာ ကန့်သတ်ခံထားရပြီး သူတို့ကို အဖြူရောင်စစ်တုရင်အရုပ်များက ဝိုင်းပတ်ထားလေသည်။

အဟန့်အတားများက တစ်ခုပေါ်တစ်ခုထပ်ဆင့်နေ၏။ ဤအရာသည် ရှင်သန်ဖို့အတွက် မည်သည့်အခွင့်အရေးမှမရှိသော ထွက်ပေါက်မရှိသည့် လမ်းဆုံးကွက်ဖြစ်နေသည်။

ဆူဇီမိုသည် အနက်ရောင်စစ်တုရင်ရုပ်ကို သူလက်​နှစ်ချောင်းဖြင့် ညှုပ်ကိုင်ပြီး အဲဒါကို နေရာချခြင်းမရှိဘဲ ကြယ်တာရာစစ်တုရင်ခုံကို အတန်ကြာသည့်အထိ ငေးကြည့်နေလေသည်။

အဲဒါနှင့်ပတ်သက်၍ သူကဘယ်လိုပင်စဥ်းစားတွေးတောသည်ဖြစ်စေ သူက အဖြေတစ်ခုကို ရှာမတွေ့နိုင်သောကြောင့်ဖြစ်သည်။

သူသည် အနက်ရောင်စစ်တုရင်ရုပ်ကို မည်သည့်နေရာမှာချသည်ဖြစ်စေ ထွက်ပေါက်မရှိပေ။

စစ်တုရင်တာအိုက ကြိုတင်ခန့်မှန်း၍မရနိုင်ဘဲ လှုပ်ရှားကွက်တစ်ကွက်သည် မရေမတွက်နိုင်သော အပြောင်းအလဲများကို ဖြစ်စေနိုင်သည်။

ထိုသို့ပြုလုပ်ဖို့အတွက် လူတစ်ယောက်၏ စိတ်ခွန်အားကိုလည်း အလွန်တရာမြင့်မားစွာ လိုအပ်လေသည်။

တစ်နာရီကုန်ဆုံးသွားပြီး သူသည် ​ထိုနေရာမှာ မလှုပ်မယှက်ထိုင်နေမိ၏။ သူက ပို၍စဥ်းစားတွက်ချက်လေလေ သူ၏ စိတ်က ပို၍ရှုပ်ထွေးနောက်ကျိလာလေပင်။ သူ၏ ရင်ဘတ်က လေးလံလာပြီး သူက စတင်၍ခေါင်းကိုက်လာခဲ့ပြီဖြစ်သည်။

ဆူဇီမိုသည် သူ၏ မျက်လုံးနှစ်ဖက်ကို ကပျာကယာမှိတ်ချပြီး သူ့ကိုယ်သူဣန္ဒြေဆယ်ကာ အနည်းငယ်မောဟိုက်နေ၏။

ကျွင်းယုက လုံးဝအံအားသင့်သွားခြင်းမရှိဘဲ ဘေးကနေခပ်ယဲ့ယဲ့ ပြုံးနေသည်။

စစ်တုရင်တာအိုသည် တတ်မြောက်ဖို့လွယ်ကူသော်လည်း ကျွမ်းကျင်ဖို့ ခက်ခဲလေသည်။ စစ်တုရင်ကစားပွဲတစ်ခုမှာ လျှို့ဝှက်ဆန်းကြယ်သော ဓမ္မတာအိုများပါဝင်နေသည်။

ကောင်းကင်ဘုံစက်ဝန်းဖြင့် လွှမ်းခြုံထားသော ကောင်းကင်နှင့်မြေကြီးအတွင်းရှိ အရာရာတိုင်းကို နှစ်ပေပတ်လည် စတုရန်းပုံစံ ဤစစ်တုရင်ခုံပေါ်မှာ ရောင်ပြန်ဟပ်ပေးနိုင်လေသည်။ စစ်တုရင်ခုံက ကောင်းကင်နှင့်မြေကြီး၊ ကြယ်တာရာကောင်းကင်များနှင့် စကြာဝဠာဖြစ်နေသည်။ ၎င်းက အရာရာတိုင်းကို ခြုံငုံမိပြီး မည်သည့်အရာကိုမဆို ဝင်ဆံ့စေနိုင်သည်။

ဆူဇီမိုသည် စစ်တုရင်ကို ဘယ်လိုကစားရမလဲ ယခုတင်သင်ယူထားခါစဖြစ်သည်။ သူသည် ဤကဲ့သို့ပြောင်မြောက်သော လင်းလုံချောင်ပိတ်ကွက်ကို ​ဖြေရှင်းဖို့ ဘယ်လိုလုပ်သိနိုင်ပါ့မလဲ။

လင်းလုံချောင်ပိတ်ကွက်ကိုးကွက်သည် တစ်ကွက်ထက်တစ်ကွက် ပိုမို၍ရှုပ်ထွေးပွေလီပြီး လျှို့ဝှက်ဆန်းကြယ်လာသည်။

သူမသည် စစ်တုရင်တာအိုကို နှစ်ပေါင်းများစွာကျင့်ကြံခဲ့သော်လည်း နတ်မိမယ်လင်းလုံကို ရှုံးနိမ့်ခဲ့ရသည်။

စစ်တုရင်ပေါ် သူမ၏ နားလည်ဆင်ခြင်မှုနှင့်ပင် သူမအနေဖြင့် ပထမဆုံး လင်းလုံချောင်ပိတ်ကွက်ကို​ ဖြေရှင်းဖို့ တစ်ရက်လုံးလုံးအချိန်ယူခဲ့ရသည်။

ထိုစဥ်မှာပင် ဆူဇီမို၏ အသက်ရှုသံက တဖြည်းဖြည်တည်ငြိမ်လာခဲ့သည်။

သို့သော်လည်း သူက သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်မလာခဲ့ပေ။ သူ၏ လက်နှစ်ချောင်းကြားမှာ အနက်ရောင်စစ်တုရင်ရုပ်ကို ဆုပ်ကိုင်ထားပြီး သူက အဲဒါကို ကြယ်တာရာစစ်တုရင်ခုံပေါ်သို့ နေရာချလိုက်သည်။

ထို့နောက် ဆူဇီမိုက သူ၏ မျက်လုံးနှစ်ဖက်ကိုဖွင့်ပြီး သူ့ရှေ့မှာရှိသော လင်းလုံချောင်ပိတ်ကွက်ကို ကြည့်လိုက်၏။ သူက စိတ်သက်သာစွာ သက်ပြင်းချ၍ ပြုံးလိုက်သည်။

“အမ်..”

အခြားတစ်ဘက်မှာ ကျွင်းယုသည် ဆူဇီမို၏ ရွှေ့ကွက်ကိုတွေ့မြင်သောအခါ သူမက အံ့အားသင့်စွာဖြင့် ရေရွတ်မိသွား၏။

ဤရွှေ့ကွက်သည် ပထမဆုံး လင်းလုံချောင်ပိတ်ကွက်ကို ဖြေရှင်းဖို့အတွက် သော့ချက်ဖြစ်နေသောကြောင့်ပင်။

ထို့ရွှေ့ကွက်သည် အနက်ရောင်စစ်တုရင်အရုပ်များ၏ တချို့တစ်ဝက်ကို သေဆုံးစေမည့်ပုံရှိသော်လည်း တကယ်တမ်းမှာတော့ တစ်ဘက်လူ၏ စစ်တုရင်အရုပ်များကို ပြန်လည်ဖမ်းဆီးခြင်းဖြင့် ထွက်ပေါက်တစ်ခုကို ဖွင့်လှစ်လိုက်လေသည်။

အဲဒါက လျှို့ဝှက်ဆန်းကြယ်သော ရွှေ့ကွက်တစ်ကွက်ဖြစ်ပြီး သေဆုံးမှုအတွင်းကနေ အသက်ဓာတ်ကို ရှာဖွေရခြင်းဖြစ်သည်။

“အဲဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

မျက်မှောင်အနည်းငယ်ကြုတ်ပြီး ကျွင်းယုက ဆူဇီမိုသည် အဲဒါကို အမှတ်တမဲ့ပြုလုပ်မိသွားသည်ဟု တွေးလိုက်သည်။

သူမက စကားများစွာမပြောဆိုဘဲ သူမလက်ထဲရှိ အဖြူရောင်စစ်တုရင်အရုပ်နှင့်အတူ ဆက်လက်၍ကစားပေးလိုက်သည်။

ဆူဇီမိုသည် သူ၏ အနက်ရောင်စစ်တုရင်အရုပ်နှင့်အတူ ကိုယ့်သေတွင်းကိုယ်တူးပုံရသော ရွှေ့ကွက်အပြီး၌ အ​​ခြေအနေက သိသိသာသာပြောင်းလဲသွားခဲ့သည်။ သူ့ဘက်ခြမ်းမှာရှိသောနေရာလွတ်က အတော်လေးကျယ်ပြန့်သွားပြီး သူက မည်သည့်ကန့်သတ်မှုမှမရှိဘဲ လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်ပြီ ဖြစ်လေသည်။

ဆူဇီမို၏ အရည်အချင်းအရ သူ့အနေဖြင့် အကျပ်အတည်းရွှေ့ကွက်ကို ဖြတ်ကျော်ပြီးနောက် ဝိုင်းပတ်ပိတ်ဆို့မှုကနေ ဖောက်ထွက်ဖို့ သိပ်မကြာလိုက်ပေ။ သူသည် အဖြူရောင်စစ်တုရင်အရုပ်များနှင့် အချေအတင်နေရာချပြီး လင်းလုံချောင်ပိတ်ကွက်ကို ပြီးပြည့်စုံစွာ ချေဖျက်လိုက်သည်။

ဤကစားပွဲကို ဆက်လက်ကစားဖို့က အဓိပ္ပါယ်မရှိတော့သည်ကို ကျွင်းယုက သိရှိလိုက်ပြီး အနင်ရောင်နှင့် အဖြူရောင် စစ်တုရင်အရုပ်များကို ရုပ်သိမ်းလိုက်၏။ သူမက ဆူဇီမိုကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

“တာအိုရောင်းရင်းဆူ... ရှင်က စစ်တုရင်မှာ အတော်လေးပါရမီပါပြီး နားလည်ဆင်ခြင်နိုင်စွမ်းရှိတာပဲ... အဲဒါက တကယ့်ကို ရှားရှားပါးပါးပဲ”

သူမက ထိုသို့ပြောလိုက်သော်လည်း သူမသည် ဆူဇီမိုအပေါ် သံသယများရှိနေဆဲဖြစ်သည်။

စောစောက ဆူဇီမို၏ လှုပ်ရှားကွက်သည် ကံကောင်းတိုက်ဆိုင်မှုတစ်ခုမျှသာဖြစ်သည်ဟု သူမက ခံစားနေရဆဲဖြစ်သည်။

ဒါ့အပြင် ​ဤအခြေအနေကို ဖြေရှင်းဖို့ သူမသည် တစ်ရက်လုံးလုံးအချိန်ယူခဲ့ရသည်။

လက်သင်တစ်ယောက်အနေဖြင့် ဆူဇီမိုသည် တစ်နာရီကျော်ကျော်သာအချိန်ယူခဲ့ရသည်။ အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

တကယ်တမ်းမှာတော့... ပုံမှန်အခြေအနေအောက်မှာ ဆူဇီမိုသည် ဦးနှောက်ခြောက်မတတ်စဥ်းစား၍ သူ့မှာရှိသမျှ အကုန်ထုတ်ဖော်မည်ဆိုလျှင်တောင် သူသည် လင်းလုံချောင်ပိတ်ကွက်ကို ချေဖျက်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း သူ၏ မျက်လုံးနှစ်ဖက်ကိုမှိတ်၍ သူ့ကိုယ်သူ တဖြည်းဖြည်းဣန္ဒြေဆယ်လိုက်စဥ် သူ၏ စိတ်ထဲမှာ အတွေးတစ်ခုက ဖျတ်ခနဲပေါ်ထွက်လာသည်။ ​မြင်းမြီးကျာပွတ်ကို ကိုင်ဆွဲထားပြီး ထူးဆန်းသောခြေနင်းကွက်ကို အသုံးချနေသည့် အနက်ရောင်ဝတ်အမျိုးသမီးတစ်ဦး၏ ပုံရိပ်က သူ၏ စိတ်ထဲမှာ ပေါ်ထွက်လာခဲ့လေသည်။

အနက်ရောင်ဝတ်အမျိုးသမီးသည် ဒသမမြောက်ကပ်ဘေးအတွင်း သိုင်းတာအိုပင်မခန္ဓာတွေ့မြင်ခဲ့ရသော ပုံရိပ်ယောင်ဖြစ်လေသည်။ ထိုအခိုက်အတန့်မှာ ဆူဇီမို၏ ရင်ထဲတွင် ထူးဆန်းသောခံစားချက်တစ်ခု လှိုက်တက်လာခဲ့သည်။

သူမသည် ကြယ်တာရာစစ်တုရင်ခုံပေါ်သို့ ရောက်ရှိလာသည့်အလား အနက်ရောင်ဝတ်အမျိုးသမီးသည် သူ့လက်ထဲရှိ အနက်ရောင်စစ်တုရင်အရုပ်အဖြစ် အသွင်ပြောင်းလဲသွားပြီး ထွက်ပေါက်မရှိသောအ​ခြေအနေမှာ အဘက်ဘက်ကနေတိုက်ခိုက်လာသော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရသည်။ သို့သော်လည်း အနက်ရောင်ဝတ်အမျိုးသမီးသည် လုံးဝထိတ်ထိတ်ပျာပျာဖြစ်မသွားဘဲ တုန်လှုပ်စရာကောင်းသော ခြေလှမ်းတစ်လှမ်းကိုယူကာ ထိုအခြေအနေကနေ ချက်ချင်းပင် ဖောက်ထွက်လိုက်သည်။

ထိုခံစားချက်​နောက်ကိုလိုက်ပြီး ဆူဇီမိုက အနက်ရောင်စစ်တုရင်အရုပ်ကို နေရာချခဲ့သည်။

စစ်တုရင်အရုပ်ကို သူနေရာချလိုက်သည့်နေရာသည် အနက်ရောင်ဝတ်အမျိုးသမီးခြေလှမ်း လှမ်းလိုက်ရာဘက်ဖြစ်လေသည်။

ထို့နောက် သူ၏ မျက်လုံးနှစ်ဖက်ကိုဖွင့်ပြီး ကြည့်လိုက်၏။ ထိုစဥ်မှာပင် လင်းလုံချောင်ပိတ်ကွက်၏ အခြေအနေက ​ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

ရှင်သန်ရာလမ်းကြောင်းတစ်ခုက အနက်ရောင်စစ်တုရင်ရုပ်များအတွက် ပွင့်လှစ်သွားခဲ့ပြီဖြစ်၏။

ဆူဇီမိုက အနည်းငယ်စိတ်လှုပ်ရှားလာ၏။ သူသည် စောစောက လင်းလုံချောင်ပိတ်ကွက်ကို ပြန်လည်စဥ်းစားပြီး အဲဒါကို အနက်ရောင်ဝတ်အမျိုးသမီးပြသခဲ့သည့် ခြေနင်းကွက်နှင့် ယှဥ်ကြည့်နေ၏။ သူသည် တစ်စုံတစ်ရာကို တဖြည်းဖြည်း နားလည်သဘောပေါက်လာသည့်အလား သူ၏ စိတ်ထဲတွင် အသိတရားတစ်ခု ဖျတ်ခနဲပေါ်ထွက်လာသည်။

အနက်ရောင်ဝတ်အမျိုးသမီး ထုတ်ဖော်ပြသခဲ့သည့် ခြေနင်းကွက်သည် တကယ်တော့ နန်းတော်ကိုးဆောင်လှပသိမ်မွေ့ခြေလှမ်းများဖြစ်လေသည်။

သို့သော်လည်း ဆူဇီမိုသည် အနက်ရောင်ဝတ်အမျိုးသမီး၏ ခြေနင်းကွက်မှ ပုံသဏ္ဌာန်နှင့်ဖြစ်စဥ်ကိုသာ တွေ့မြင်ရလေသည်။ သူ့အနေဖြင့် ထိုခြေနင်းကွက်ကို အမှန်တကယ်နားလည်ဆင်ခြင်ဖို့က မဖြစ်နိုင်သလောက်နီးပါးပင်။

သို့သော်ယခု နတ်မိမယ်လင်းလုံသည် လှပသိမ်မွေ့ခြေလှမ်းများ၏ ဓမ္မတာအိုကို လင်းလုံချောင်ပိတ်ကွက်ထဲမှာ ထည့်သွင်း​ပေါင်းစည်းပေးထားခဲ့သည်။

အပေါ်ယံမှာကြည့်လျှင် သူမသည် ချောင်ပိတ်ကွက်က်ိုဖြေရှင်းဖို့ သူတို့ကို အသုံးချနေခြင်းနှင့် တူလေသည်။ သို့သော်လည်း တကယ်တမ်းမှာတော့ သူမသည် ထိုအရာကို အသုံးချ၍ တာအိုကို သင်ကြားပေးနေခြင်းဖြစ်သည်။

All Chapters