← Chapters

ခြောက်ကြိမ်ဆက်တိုက်

Vol. 172 Ch. 2568

ခြောက်ကြိမ်ဆက်တိုက်

Vol. 172 Ch. 2568

ကျွင်းယုက လက်မခံနိုင်သေးဘဲ သူမ၏ ဝတ်ရုံစကို ဝေ့ယမ်းကာ ကြယ်တာရာစစ်တုရင်ခုံပေါ်တွင် နောက်ထပ် စစ်တုရင်အရုပ်တစ်ရာကျော်ကျော်ကို ဖြန့်ချကာ ဒုတိယမြောက်လင်းလုံချောင်ပိတ်ကွက်ကို ခင်းကျင်းလိုက်၏။

ဤနှစ်များအားလုံးမှာ သူမသည် လင်းလုံချောင်ပိတ်ကွက်များကို ဖြေရှင်းခြင်းမှာ အာရုံစူးစိုက်ထားခဲ့သည်။ ထို့ကြောင့် သူမသည် လင်းလုံချောင်ပိတ်ကွက်ကိုးကွက်စလုံးကို အလွတ်ရနေပြီးသားဖြစ်သည်။

ဆူဇီမိုသည် ယခုတင် လင်းလုံချောင်ပိတ်ကွက်တစ်ကွက်ကို ဖြေရှင်းလိုက်ခါစဖြစ်ပြီး သူက မြင့်မားသောစိတ်ဝိညာဥ်မှာရှိနေသည်။

ကျွင်းယုက ဒုတိယမြောက်အကွက်ကို ခင်းကျင်းလိုက်သည်ကို တွေ့မြင်သောအခါ သူက တွေဝေတုံ့ဆိုင်းမနေဘဲ စစ်တုရင်ခုံကို ချက်ချင်းပင်အာရုံစိုက်၍ ကြည့်ရှုလိုက်၏။

ဒုတိယမြောက်လင်းလုံချောင်ပိတ်ကွက်မှာတော့ အနက်ရောင်စစ်တုရင်အရုပ်များ၏ အခြေအနေက ယခင်ကစားကွက်နှင့် လုံးလုံးလျားလျားကွာခြားသွားသော်လည်း အဲဒါက မျှော်လင့်ချက်ကင်းမဲ့သော အခြေအနေတစ်ခု ဖြစ်နေဆဲပင်။

ပထမဆုံး ဆူဇီမိုသည် သူ့ဘာသာသူ အဲဒါကို ဖြေရှင်းဖို့ကြိုးစားလိုက်၏။ နှစ်နာရီကြာသွားပြီး သူ့မှာ သဲလွန်စတချို့ရှိလာသော်လည်း သူသည် မသေချာသေးဘဲ အတန်ကြာသည့်အထိ လှုပ်ရှားကွက်တစ်ကွက်ကို မပြုလုပ်နိုင်ပေ။

သူ၏ မျက်လုံးနှစ်ဖက်ကို နောက်တစ်ဖန်မှိတ်ပြီး လင်းလုံချောင်ပိတ်ကွက်မှာရှိသည့် အနက်ရောင်စစ်တုရင်အရုပ်ဖြင့် သူ့ကိုယ်သူ ​ပုံဖော်ကြည့်လိုက်၏။ သူသည် ဤကဲ့သို့သောအုပ်စုဖွဲ့တိုက်ခိုက်မှုကနေ ဘယ်လို ရုန်းထွက်မလဲ။

အနက်ရောင်ဝတ်အမျိုးသမီး၏ ပုံရိပ်က သူ၏ စိတ်ထဲမှာ နောက်တစ်ဖန်ပေါ်ထွက်လာသည်။

ဆူဇီမိုသည် အနက်ရောင်ဝတ်အမျိုးသမီး၏ ခြေလှမ်းများကို ကြည့်ပြီး ထိုလှုပ်ရှားမှုကို လင်းလုံချောင်ပိတ်ကွက်နှင့် အဆက်မပြတ် တိုက်ကြည့်နေ၏။

ခဏကြာပြီးနောက် ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး နောက်ဆုံးမှာ သူ၏ စစ်တုရင်ကို နေရာချလိုက်၏။

ဖောက်...

အနက်ရောင်စစ်တုရင်ရုပ်က ကြယ်တာရာစစ်တုရင်ခုံပေါ်မှ နေရာတစ်နေရာမှာ ခိုင်မာစွာ ဆင်းသက်သွားသည်။

ကျွင်းယုက မျက်ခုံးအနည်းငယ်ပင့်လိုက်လေသည်။ ထိုလှုပ်ရှားကွက်သည် ဒုတိယမြောက်လင်းလုံချောင်ပိတ်ကွက်ကို ဖြေရှင်း​နိုင်သည့် သော့ချက်ဖြစ်လေသည်။

မျက်တောင်တစ်ချက်မခတ်ဘဲ ကျွင်းယုက အဖြူရောင်စစ်တုရင်ရုပ်ကို နေရာချကာ ဆူဇီမိုနှင့် ဆက်လက်၍ကစားလိုက်၏။

ဒုတိယမြောက်လင်းလုံချောင်ပိတ်ကွက်သည် ပထမအကွက်ထက် များစွာပိုမိုရှုပ်ထွေးလေသည်။

သူသည် ပထမလှုပ်ရှားကွက်ကို ပြုလုပ်လိုက်သော်လည်း သူသည် ထွက်ပေါက်မရှိသောလမ်းဆုံးကနေ ရုန်းမထွက်နိုင်သေးပေ။ ဤအချိန်အတောအတွင်း ဆူဇီမိုကို စောင့်ကြိုနေသည့် ထောင်ချောက်များစွာ ရှိနေသေးသည်။

သိပ်မကြာခင် ဆူဇီမိုက ဒုတိယမြောက်ရွှေ့ကွက်ကို ပြုလုပ်လိုက်သည်။

ဤတစ်ခေါက်မှာ ကျွင်းယုက ရင်တစ်ချက်ထိတ်သွားပြီး ဆူဇီမိုကို အဓိပ္ပါယ်ပါပါကြည့်လိုက်လေသည်။

ဆူဇီမို၏ ပထမဆုံးရွှေ့ကွက်က မတော်တဆဖြစ်ပြီး သူ၏ ဒုတိယရွှေ့ကွက်က တိုက်ဆိုင်မှုဖြစ်မည်ဆိုလျှင်တောင် ထိုကဲ့သို့သော တတိယမြောက်​အကြိမ် ရှိလာစရာအကြောင်းမရှိပေ။

“တာအိုရောင်းရင်းဆူ... ရှင်စောစောက ဟန်ဆောင်နေခဲ့တာမလား”

ကျွင်းယုက ပြုံးစစဖြင့်မေးလိုက်၏။

ထိုအခိုက်အတန့်မှာ ဆူဇီမို၏ စိတ်က လင်းလုံချောင်ပိတ်ကွက်ထဲမှာ လုံးလုံးလျားလျားနစ်မျောနေ၏။ သူသည် အဲဒါကို အနက်ရောင်ဝတ်အမျိုးသမီး၏ ခြေနင်းကွက်နှင့် တိုက်ကြည့်ပြီး ထိုချောင်ပိတ်ကွက်၏ ဓမ္မတာအိုကို နားလည်ဆင်ခြင်နေကာ ကျွင်းယု၏ စကားလုံးများကို လျစ်လျူရှုထားသည်။

သူတို့နှစ်ယောက်သည် ဆက်လက်၍ကစားလိုက်ကြပြီး ကျွင်းယုက အဖြူရောင်ဘက်ကိုယူထားကာ တဖြည်းဖြည်းအသာစီးပြန်လည်ရရှိလာ၏။

သို့သော်လည်း ဆူဇီမိုသည် အံ့အားသင့်စရာကောင်းသော ရွှေ့ကွက်နှစ်ကွက်နှင့်အတူ ဒုတိယမြောက် လင်းလုံချောင်ပိတ်ကွက်ကို ဖြေရှင်းလိုက်နိုင်ပြီဆိုတာ ကျွင်းယုက သူမ၏ ရင်ထဲမှာ သိရှိထားလေသည်။

အရင်တုန်းက သူမသည် ဒုတိယမြောက်လင်းလုံချောက်ပိတ်ကွက်ကို ဖြေရှင်းဖို့အတွက် ခုနှစ်ရက်လုံးလုံး အချိန်ယူခဲ့ရသည်။

မည်သည့်စကားမှမဆိုတော့ဘဲ ကျွင်းယုက အနက်ရောင်နှင့်အဖြူရောင်စစ်တုရင်ရုပ်များကို နောက်တစ်ဖန်ဖြန့်ချကာ တတိယမြောက်လင်းလုံချောင်ပိတ်ကွက်ကို ခင်းကျင်းပေးလိုက်၏။

ဆူဇီမိုက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး စစ်တုရင်ခုံမှာ နောက်တစ်ဖန်နစ်မျောသွားလေသည်။

ယွင်ကျူးနှင့် မိုချင်က အပြင်ဘက်ကနေ စောင့်ကြပ်နေကြ၏။ တစ်ခဏချင်းမှာပင် တစ်နေ့နှင့် တစ်ညလုံးလုံးက ကုန်ဆုံးသွားခဲ့သည်။

ယွင်ကျူးသည် ကျောက်လှေခါးထစ်မှာ ဆောင့်ကြောင့်​ထိုင်ပြီး သူမက အာရုံစိုက်၍ဖတ်ရှုနေသည့်အလား သူမ၏ လက်နှစ်ဖက်ထဲမှာ ရှေးဟောင်းစာအုပ်တစ်အုပ်ကို ဆုပ်ကိုင်ထား၏။

သို့သော်လည်း တကယ်တမ်းမှာတော့... သူမလှန်ထားသည့် ရှေးဟောင်းစာအုပ်သည် တူညီသောစာမျက်နှာမှာ နာရီအနည်းငယ်ကြာရှိနေခဲ့ပြီဖြစ်သည်။

ယွင်ကျုးက သူမ၏ သိုလှောင်အိတ်ထဲတွင် စာအုပ်များစွာကို သယ်ဆောင်ထားလေသည်။

အစကတော့ သူမသည် ဤနေရာမှာ အေးအေးဆေးဆေး စာဖတ်ဖို့ရည်ရွယ်ထား၏။ မည်သို့ပင်ဆိုစေ သုံးရက်တာက ခဏမျှသာဖြစ်၏။ သို့သော်လည်း သူမအနေဖြင့် သိပ်မကြာခင်မှာ စာဖတ်ဖို့ကို လက်လျှော့လိုက်၏။

စာအုပ်က ဆိုးရွားနေသောကြောင့်မဟုတ်ဘဲ သူမ၏ စိတ်က မတည်ငြိမ်သောကြောင့်ဖြစ်သည်။

သူမ၏ အကြည့်သည် ရှေးဟောင်းစာအုပ်ထဲရှိ စာလုံးများပေါ်ကျရောက်နေသော်လည်း သူမ၏ စိတ်က အခန်းပေါ်သို့ ရောက်ရှိနေပြီး သူမ၏ အတွေးရိုင်းများက ခုန်ပေါက်ပြေးလွှားနေ၏။

သူမ၏ အခြေအနေကို နားလည်သွားပြီး ယွင်ကျူးက ညင်သာစွာသက်ပြင်းချကာ သူမ၏ လက်ထဲရှိရှေးဟောင်းစာအုပ်ကို သိမ်းဆည်းရင်း မလှမ်းမကမ်းကို ငေးကြည့်လိုက်သည်။

အခြားတစ်ဘက်မှာ အမျိုးသမီးတစ်ယောက်က တိတ်တဆိတ်မတ်တတ်ရပ်နေ၏။ သူမသည် နူးညံ့သိမ်မွေ့၍ လှပကြော့ရှင်းပြီး ခြံဝန်းထဲမှာရှိသော ပန်းပွင့်များ၊ သစ်ပင်များ၊ ​ကျောက်ဆောင်များနှင့် ရေပြင်များကို စာရွက်တစ်ရွက်ပေါ်မှာ စုတ်တံတစ်ချောင်းကိုင်ပြီး ရေးဆွဲနေလေသည်။

ထိုအမျိုးသမီးသည် ခြံဝန်းထဲရှိ တောင်တန်းများ၊ မြစ်များနှင့် ပေါင်းစည်းနေသည်။

သူမ၏ တည်ရှိမှုသည် လောကရှိအလှပဆုံး ပန်းချီကားတစ်ချပ်ကဲ့သို့ဖြစ်နေသည်။

ယွင်ကျူးက ညင်သာစွာပြုံးလိုက်၏။

ရိုးသားသော ဤညီမမိုချင်ကတော့ သူမအနေဖြင့် သုံးရက်သုံးညကို မပြောနှင့် နောက်ထပ် သုံးနှစ် သို့မဟုတ် နှစ်သုံးဆယ် ဤနေရာမှာ ရေးဆွဲနေရမည်ဆိုလျှင်တောင် ကိစ္စမရှိပေ။

ယွင်ကျူးက မတ်တတ်ထရပ်ပြီး မိုချင်​၏ ဘေးသို့ ရောက်လာကာ သူမ၏ လက်ကို ညင်သာစွာ ဝေ့ယမ်းပြလိုက်၏။

“အစ်မယွင်ကျူး... ဘာများဖြစ်လို့လဲ”

မိုချင်က လှည့်ကြည့်ပြီး မေးလိုက်၏။

ယွင်ကျူးက ကျွင်းယု၏ အခန်းရှိရာဘက်ကို လက်ညှိုးထိုးပြလိုက်၏။

“သူတို့နှစ်ယောက်က အထဲကိုရောက်နေတာ အတော်ကြာသွားပြီ... တစ်နေ့လုံး တစ်ညလုံးကြာတာတောင် ထွက်မလာကြဘူး... ဘာပြုမူလှုပ်ရှားမှုမှလ​ည်း ရှိမလာခဲ့ဘူး”

“အင်း..”

မိုချင်က ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်သားပဲ... အဲဒါနဲနဲတော့ထူးဆန်းတယ်”

ယွင်ကျူးက လျှို့ဝှက်ဆန်းကြယ်သယောင်ဖြင့် ပြောလိုက်၏။

“သူတို့နှစ်ယောက်ဘာလုပ်နေလဲ နင်တစ်ချက်လောက် သွားမကြည့်ချင်ဘူးလား”

“အဲဒါက သိပ်တော့မသင့်လျော်ဘူး”

မိုချင်က တွေဝေတုံ့ဆိုင်းနေသောအမူအရာဖြင့် မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

“ဘာမှမဖြစ်ပါဘူး”

ယွင်ကျူးက ပြောလိုက်သည်။

“ငါတို့တွေက ဒီကိုအလည်လာကြရုံပဲ... ငါတို့က အထဲကို အတင်းအကျပ်ဝင်ရောက်မှာမှ မဟုတ်တာ”

“အင်း... ကောင်းပြီလေ”

မိုချင်က သဘောတူစွာဖြင့် ခေါင်းညိတ်ပြလိုက်၏။

ယွင်ကျုးနှင့် မိုချင်က ကျွင်းယု၏ အခန်းရှိရာသို့ ရောက်ရှိလာကြသည်။ ယွင်ကျူးက ရှေ့သို့တက်လှမ်းပြီး ကျယ်လောင်စွာ ပြောလိုက်လေသည်။

“တာအိုရောင်းရင်းကျွင်းယု... ကျွန်မက ယွင်ကျူးပါ ကျွန်မဒီကို မိုချင်နဲ့အတူ အလည်လာတယ်.. ကျေးဇူးပြုပြီး တံခါးဖွင့်ပေးပါဦး”

ခဏနေပြီးနောက် အခန်းထဲကနေ မည်သည့်တုံ့ပြန်မှုမှ ရှိမလာပေ။

ယွင်ကျူးက အသံနှိမ့်၍ ပြောလိုက်၏

“ဒီအခန်းမှာ စိတ်ဝိညာဥ်အသိစိတ်တွေနဲ့ အသံကို ပိတ်ဆို့တားဆီးပေးနိုင်တဲ့ချိပ်စည်းတစ်ခုရှိနေတယ်... ငါရှေ့ကိုတက်ပြီ တံခါးခေါက်ကြည့်လိုက်မယ်”

ထိုသို့ပြောရင်း ယွင်ကျူးက ရှေ့ကိုတက်လှမ်းကာ တံခါးကိုညင်သာစွာခေါက်လိုက်၏။

အကြိမ်ရေအနည်းငယ်ခေါက်ပြီးနောက် တံခါးက အနည်းငယ်ပွင့်ဟသွားလေသည်။

တံခါးကို မင်းတုပ်ချမထားပေ။

ယွင်ကျူးက တံခါးကို ညင်သာစွာတွန်းဖွင့်လိုက်ပြီးနောက် အခန်းထဲတွင် ကူရှင်တစ်ခုစီပေါ်မှာ မျက်နှာချင်းဆိုထိုင်နေသော ဆူဇီမိုနှင့် ကျွင်းယုကို တွေ့မြင်လိုက်ရ၏။ သူတို့နှစ်ယောက်ကြားမှာ စစ်တုရင်ခုံတစ်ခုံရှိနေလေသည်။

သူတို့နှစ်ယောက်က စိတ်အာရုံစူးစိုက်စွာဖြင့် စစ်တုရင်ကစားနေကြခြင်းဖြစ်သည်။

ယွင်ကျူး၏ ပါးစပ်က အနည်းငယ်ပွင့်ဟ​သွားပြီး သူမက ကြက်သေသေနေ၏။

သူမသည် မရေမတွက်နိုင်သောပုံရိပ်များကို စဥ်းစားမိခဲ့သော်လည်း သူမရှေ့မှမြင်ကွင်းသည် သူမတွေးထင်ထားသည်နှင့် လုံးဝမတူပေ။

မိုချင်ကလည်း ထိုသည်ကို တွေ့မြင်သောအခါ အံ့အားသင့်သွား၏။

“ရှင်တို့နှစ်ယောက်လာလေ... တံခါးကိုပြန်ပိတ်လိုက်”

ကျွင်းယု၏ အသံက ထွက်ပေါ်လာသည်။

ယွင်ကျူးနှင့် မိုချင်က အခန်းထဲသို့ဝင်ရောက်လာပြီး တံခါးကို လှည့်ပိတ်လိုက်၏။

ဆူဇီမိုသည် စစ်တုရင်ကစားကွက်မှာ နစ်မျောနေပုံရပြီး ယွင်ကျူးနှင့် မိုချင် ရောက်ရှိလာသည်ကိုပင် သတိမထားမိပေ။

“ရှင်တို့နှစ်ယောက်က တစ်နေ့လုံးတစ်ညလုံး စစ်တူရင်ကစားနေကြတာလား”

ယွင်ကျူးက မယုံကြည်နိုင်စွာဖြင့်မေးလိုက်လေသည်။

“အင်း”

ကျွင်းယုက ခေါင်းညိတ်ပြပြီး တွေဝေရှုပ်ထွေးသောအမူအရာဖြင့် ဆူဇီမိုကိုကြည့်နေ၏။

တစ်နေ့တစ်ညမျှနှင့် စစ်တုရင်မှာ ဤလက်သင်ကောင်လေးသည် လင်းလုံချောင်ပိတ်ကွက်ခြောက်ကွက်ကို ဆက်တိုက်ဖြေရှင်းခဲ့ပြီဖြစ်သည်။

ဤသည်မှာ သူမတွေးထင်ထားသည်ထက် အပြတ်အသတ်ကျော်လွန်လာခဲ့လေပြီ။ အရင်တုန်းက သူမသည် ပထမဆုံးလင်းလုံချောင်ပိတ်ကွက်ကို ဖြေရှင်းဖို့ တစ်ရက်အချိန်ယူခဲ့ရသည်။

သူမသည် ဒုတိယမြောက်အကွက်ကို ဖြေရှင်းဖို့ ခုနှစ်ရက်အချိန်ယူခဲ့ရသည်။

သူမသည် တတိယမြောက်အကွက်အတွက် တစ်လလုံးလုံး အချိန်ယူခဲ့ရလေသည်။

သူမသည် စတုတ္ထမြောက်ချောင်ပိတ်ကွက်ကို ဖြေရှင်းပြီးသည့်ချိန်မှာ နှစ်တစ်ရာနီးနီးကြာသွားခဲ့သည်။

ထိုနှစ်တစ်ရာမှာ သူမသည် လုံးဝမကျင့်ကြံဘဲ သူမ၏ အချိန်နှင့် စွမ်းအင်အားလုံးကို လင်းလုံချောင်ပိတ်ကွက်များကို ဖြေရှင်းခြင်းမှာသာ သုံးစွဲခဲ့လေသည်။

ထိုညှင်းပန်းနှိပ်စက်မှုက သူမ၏ မှတ်ဉာဏ်များထဲမှာ သစ်လွင်နေဆဲဖြစ်သည်။

သူမသည် ပထမဆုံး လင်းလုံချောင်ပိတ်ကွက်ခြောက်ကွက်ကို ဖြေရှင်းဖို့အတွက် နှစ်တစ်ရာကျော်အချိန်ယူခဲ့ရသည်။

သို့သော်လည်း တက္ကသိုလ်မှ ဤတပည့်ဂိုဏ်းသားက တစ်ရက်နှင့်တစ်ညသာ အချိန်ယူခဲ့ရလေသည်။

ယခုအချိန်မှာ ဆူဇီမိုသည် သတ္တမြောက်လင်းလုံရှောင်ပိတ်ကွက်ကို ဖြေရှင်းဖို့ ကြိုးပမ်းနေပြီဖြစ်သည်။

အရင်တုန်းက သူမပင်လျှင် သတ္တမမြောက်လင်းလုံချောင်ပိတ်ကွက်ကို ဖြေရှင်းဖို့အချိန်များစွာယူခဲ့ရပြီး နှစ်ငါးရာနီးပါးကြာသွားခဲ့သည်။

ဆူဇီမိုသည် သတ္တမမြောက်လင်းလုံချောင်ပိတ်ကွက်ကိုဖြေရှင်းဖို့ အချိန်ဘယ်လောက်များများယူရမလဲ ကျွင်းယုက ခန့်မှန်းမကြည့်ရဲပေ။

သို့သော်လည်း ထိုအခိုက်အတန့်မှာ နတ်မိမယ်လင်းလုံသည် သူတို့နှစ်ယောက်ကို ဘာ့ကြောင့်အပြန်အလှန်ဆွေးနွေးဖလှယ်စေချင်ခဲ့သလဲ သူမက နောက်ဆုံး နားလည်သဘောပေါက်လာသည်။

စစ်တုရင်မှာ ဤလက်သင်သည် သူမနှင့် အပြန်အလှန်ဆွေးနွေးဖလှယ်ဖို့ တကယ်ပင်အဆင့်မီလေသည်။

တကယ်တမ်းမှာတော့ နတ်မိမယ်လင်းလုံသည် ဤအကဲဖြတ်မှုကို ပြုလုပ်နိုင်ခဲ့သည်မှာ ဆူဇီမိုသည် နန်းတော်ကိုးဆောင်လှပသိမ်မွေ့ခြေလှမ်းများကို အမှတ်တမဲ့ထုတ်ဖော်မိခဲ့ပုံရသည်ဟု လင်းလောက သူမကို ပြောပြခဲ့သောကြောင့်ဖြစ်သ​ည်။

နတ်မိမယ်လင်းလုံသည် ထိုစဥ်တုန်းက အလွန်တရာ အံ့အားသင့်သွားခဲ့ရ၏။

ဆူဇီမိုသည် နန်းတော်ကိုးဆောင်လှပသိမ်မွေ့ခြေလှမ်းများနှင့် ထိတွေ့ခွင့်ရကောင်းရနိုင်ခဲ့သော်လည်း သူက အဲဒါကို အမှန်တကယ် မကျွမ်းကျင်သေးကြောင်း သူမက ခန့်မှန်းမိခဲ့သည်။

ထို့ကြောင့်ပင် နတ်မိမယ်လင်းလုံသည် နန်းတော်ကိုးဆောင်လှပသိမ့်မွေ့ခြေလှမ်းများ၏ ဓမ္မတာအိုကို လင်းလုံချောင်ပိတ်ကွက်ကိုးကွက်ထဲမှာ ဖုံးကွယ်ထားခဲ့ခြင်းဖြစ်သည်။ သူမသည် ထိုချောက်ပိတ်ကွက်ကိုးကွက်ကို အသုံးချကာ စစ်တုရင်ကနေတစ်ဆင့် ဓမ္မတာအိုကို သင်ကြားပေးချင်သည်။ ထိုသို့ဖြင့် လင်းလေနှင့်လင်းလောကို ကယ်တင်ပေးခဲ့သည့်အတွက် အထီးကျန်သိုင်းသခင်ကို ကျေးဇူးပြန်ဆပ်ရာကျပေမည်။

All Chapters