တုန်လှုပ်စရာကောင်းသော
Vol. 172 Ch. 2574
ဧရာမဓားငါးလက်သည် ပြန်ဝင်စားခြင်းခမ်းခြောက်သွယ်၏ ဖြည်းဖြည်းချင်းဝါးမျိုခြင်း ခံလိုက်ရသည်။
တစ်ချိန်တည်းမှာပင် ဧရာမဝဲကတော့သည် မဟာဒြပ်စင်ငါးမျိုးဓား၏ ထက်ရှမှုကို ခံနိုင်ရည်မရှိဘဲ ပျက်ပြယ်သွားခဲ့သည်။
“ပါရမီတံတား...”
ဤတစ်ခေါက်မှာ ဆူဇီမိုက အရင်စတင်တိုက်ခိုက်လိုက်ပြီး အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်သည်။
ကောင်းကင်နှင့်မြေကြီးအမြုတေချီ အဆုံးမဲ့စီးကြောင်းတစ်ခုက သူ၏ ခြေဖဝါးအောက်မှာ စုစည်းလာပြီး တစ်ခဏချင်းမှာပင် ရွှေရောင်အလင်းဖြင့်တောက်ပနေသော ရှေးဟောင်းတံတားတစ်စင်းကို ဖြစ်ပေါ်လာစေသည်။
၎င်းက အဆက်မပြတ်ဆန့်တန်းပြီး ယွင်ထင်ရှိရာသို့ ပစ်တိုက်ချလိုက်သည်။
ရှေးဟောင်းတံတားသည် ဆူဇီမို၏ ဓမ္မတာအိုကို စုဖွဲ့ထားသည့် ရှေးဟောင်းမှော်စာလုံးများဖြင့် ပြည့်နှက်နေပြီး အခြားတစ်ဘက်သို့ ရောက်ရှိလာခဲ့၏။
“လေဆင့်ခေါ်ခြင်း”
မရေမတွက်နိုင်သောဓားချီများက ယှက်ဖြာသွားပြီး ယွင်ထင်၏ လက်ဖဝါးထဲမှာ တစီစီမြည်နေသည်။
သူသည် သူ၏ လက်နှစ်ဖက်ကိုစုပြီး ဓားချီလုံးနှစ်လုံးကို ရုတ်တရက်ပစ်တိုက်ကာ ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်ထားသည့် မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေပြီး ပါရမီတံတားရှိရာသို့ တိုက်ခတ်သွားစေသည်။
ဤသည်က ရိုးရှင်းသောမုန်တိုင်းတစ်ခုမဟုတ်ပေ။ ထိုအစား မရေမတွက်နိုင်သော ဓားချီများကနေ စုဖွဲ့ထားသည့် ဓားချီ၏ ထက်ရှမှုသည် သက်ရှိများအားလုံးကို နုတ်နုတ်စင်း၍ အသက်ဓာတ်အားလုံးကို ဖျက်ဆီးပစ်ဖို့ လုံလောက်နေသည်။
ချွင်... ချွင်...
ဓားချီမုန်တိုင်းကို ခုခံဆန့်ကျင်ပြီးနောက် ရှေးဟောင်းတံတားက ရှေ့သို့ဆက်မတက်နိုင်တော့ဘဲ နှစ်ဖက်စလုံး၏ နတ်ဘုရားစွမ်းအားများက လျင်မြန်စွာ ထိတွေ့ရိုက်ခတ်နေသည်။
ရှေးဟောင်းတံတားပေါ်ရှိ ဓမ္မတာအိုမှော်စာလုံးများက တဖျပ်ဖျပ်ဖြစ်လာသည်။
ဓားချီမုန်တိုင်းကတော့ အဆက်မပြတ်ယိမ်းထိုး၍ အချိန်မရွေးလဲပြိုကျသွားနိုင်သည်။
အန္တိမနတ်ဘုရားစွမ်းအားနှစ်ခုကြား ထွက်ပေါ်လာမည့်ရလဒ်ကို စောင့်ဆိုင်းမနေဘဲ ယွင်ထင်က လက်နှစ်ဖက်ဖြင့် လက်ဟန်ချိပ်စည်းများကို နောက်တစ်ဖန်လှုပ်ရှားပြီး အဝေးမှာရှိသောဆူဇီမိုကို ထိုးညွှန်ကာ အော်ပြောလိုက်သည်။
“မိုးဆင့်ခေါ်ခြင်း”
သိပ်သည်းလေးလံသောမိုးပေါက်များက ကျဆင်းလာသည်။
မိုးပေါက်များက သူ့ခန္ဓာကိုယ်ပေါ်သို့ ဆင်းသက်မလာခင်မှာပင် ဆူဇီမိုသည် သူ၏ ဦးရေပြားမှ နာကျင်မှုခပ်ဖျော့ဖျော့ကို ခံစားနေရပြီဖြစ်သည်။
သူက သူ၏ ခေါင်းကို အနည်းငယ်မော့ပြီး သူ၏ မျက်လုံးကို မှေးကျဥ်းလိုက်သည်။
မိုးစက်တစ်စက်ချင်းစီတိုင်းက အပ်များနှင့်ဓားများကဲ့သို့ စူးရှနေသည်။
ဤသည်က သာမန်မိုးများမဟုတ်ဘဲ ကြောက်စရာကောင်းသောဓားမိုးတစ်ခုဖြစ်သည်။
ယွင်ထင်ထုတ်ဖော်ထားသည့်အခါ ထိုနတ်ဘုရားစွမ်းအားသည် အသွင်ပြောင်းလဲသွားပြီး ၎င်း၏ စွမ်းအားက အကန့်အသတ်ထိ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
မိုးပေါက်တစ်ပေါက်ချင်းစီသည် အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်နိုင်သည်ဟုဆိုလျှင် ချဲ့ကားရာကျလိမ့်မဟုတ်ပေ။
ဓားမိုးက ဧရာမကျောက်ဖျာတိုက်ပွဲမြေ၏ ဧရိယာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ဤကြောက်စရာကောင်းသော နတ်ဘုရားစွမ်းအားနှင့်ရင်ဆိုင်ရချိန်မှာ မည်သူကမှ ရှောင်တိမ်းဖို့အခွင့်အရေးပင်ရလိမ့်မည်မဟုတ်ပေ။
ကျင့်ကြံသူများစွာက တုန်လှုပ်သွားကြသည်။
ပြိုင်စံရှားများကြား ဤတိုက်ပွဲသည် ကမ္ဘာတုန်လောက်ဖွယ်ရာဖြစ်မည်ဟု လူတိုင်းက ခန့်မှန်းထားခဲ့ကြပြီးသားဖြစ်သည်။ သို့သော်လည်း သူတို့က တိုက်ခိုက်ဖလှယ်လိုက်သည့်ခဏမှာပင် ဤမျှထိကြောက်စရာကောင်းသော တိုက်ခိုက်မှုများ ထွက်ပေါ်လာလိမ့်မည်ဟု ထင်မှတ်မထားပေ။ မည်သူကမှ လုံးဝထိန်ချန်မထားကြပေ။
သူတို့နှစ်ယောက်ထုတ်ဖော်လိုက်သည့် ထိပ်တန်းသတ်ဖြတ်ခြင်းအန္တိမနတ်ဘုရားစွမ်းအားများက ရပ်တန့်ခြင်း သို့မဟုတ် အနားယူခြင်းမရှိဘဲ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။
အကြားအလပ်မရှိဘဲ နတ်ဘုရားစွမ်းအားများကို ဆက်တိုက်ထုတ်ဖော်ရန် အမြုတေစိတ်ဝိညာဥ်အပေါ် ခွန်အားလိုအပ်ချက်က အရမ်းကို အလွန်တရာမြင့်မားလေသည်။
အမြုတေစိတ်ဝိညာဥ်က လုံလောက်အောင်သိပ်သည်းကျစ်လစ်မှုမရှိဘဲ ဖိအားဒဏ်ကို ခံနိုင်ရည်မရှိလျှင် ၎င်းက နေရာမှာပင် လဲပြိုကျသွားပေလိမ့်မည်။
ကျုံးဖေးယွီက သရော်ပြုံးပြုံးပြီး သူ့ဘာသာသူတွေးလိုက်သည်။
'တိုက်ကြကွာ... တိုက်ကြ... မင်းတို့နှစ်ယောက်ကြားတိုက်ပွဲက ပိုပြီးတော့ကြမ်းတမ်းလေလေ ပိုကောင်းလေပဲ... မင်းတို့က နှစ်ဦးနှစ်ဖက် ပျက်စီးထိခိုက်တဲ့ရလဒ်နဲ့အဆုံးသတ်သွားရင် အကောင်းဆုံးပေါ့'
လူအုပ်ကြားထဲမှာ စိုးရိမ်ပူပန်နေသော ကျင့်ကြံသူများစွာလည်းရှိလေသည်။
နှစ်ဦးနှစ်ဖက်က တိုက်ခိုက်ဖလှယ်လိုက်သည့်ခဏမှာပင် မည်သည့်အတိမ်းအစောင်းတစ်ခုမဆို ဒဏ်ရာအပြင်းအထန်ရရှိသွားစေဖို့ သို့မဟုတ် သေလောက်အောင်ပင် ပြင်းထန်ကြမ်းတမ်းလွန်းလေသည်။
ဧရာမကျောက်ဖျာတိုက်ပွဲမြေမှာ...။
ယွင်ထင်၏ ကောင်းကင်လွှမ်းခြုံဓားမိုးနှင့် ရင်ဆိုင်ရချိန်မှာ ဆူဇီမိုက အကြောက်အလန့်မရှိပေ။ သူက လက်နှစ်ဖက်ဖြင့် လက်ဟန်ချိပ်စည်းများကို လှုပ်ရှားပြီး ရုတ်တရက် ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်၏။
ထိုခြေလှမ်းနှင့်အတူ သူ၏ ခြေဖဝါးအောက်မှာ ဧရာမအစိမ်းရောင်ကြာပန်းတစ်ခု ပေါ်ထွက်လာသည်။
ကြာပန်းက ဖူးပွင့်၍ ပြိုးပြိုးပြက်ပြက်အရောင်တစ်ခုဖြင့်တောက်ပကာ မနှိုင်းယှဥ်သာအောင် ဂမ္ဘီရဆန်ဆန်ပုံစံဖြင့် ဆူဇီမိုကို လွှမ်းခြုံသွားသည်။
ဆူဇီမို ရှေ့သို့ ခြေတစ်လှမ်းတိုးတိုင်း ကြာပန်းတစ်ပွင့်က သူ၏ ခြေဖဝါးအောက်မှာ ပေါ်ထွက်လာတတ်သည်။
အန္တိမနတ်ဘုရားစွမ်းအား ခြေလှမ်းတိုင်းမှာကြာပန်း...။
ခြေတစ်လှမ်းချင်းစီက သန့်စင်ကုန်းမြေတစ်ခုကို ဖြစ်ပေါ်စေသည်။
ကြာပန်းများကနေ ထုတ်လွှတ်ထားသည့် အစိမ်းရောင်အလင်းတောက်တောက်က လေထဲကနေဆင်းသက်လာသော သိပ်သည်းပြင်းထန်သည့် ဓားမိုးဖြင့် ထပ်တလဲလဲထိတွေ့ရိုက်ခတ်လိုက်သည်။
ဤအန္တိမနတ်ဘုရားစွမ်းအားသည် မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေမှာ ရှားရှားပါးပါးဖြစ်သည်။
ခြေလှမ်းတိုင်းမှာကြာပန်းသည် ဗုဒ္ဓကျောင်းတော်များ၏ နတ်ဘုရားစွမ်းအားတစ်ခုဖြစ်လေသည်။
ဗုဒ္ဓဝါဒမှာ ကျွမ်းကျင်ပိုင်နိုင်သောသူများသာလျှင် ထိုအန္တိမနတ်ဘုရားစွမ်းအားကို နားလည်ဆင်ခြင်နိုင်မည်ဖြစ်သည်။
ဗုဒ္ဓကျောင်းတော်များမှာပင် ခြေလှမ်းတိုင်းမှာကြာပန်းက ထိပ်တန်းနတ်ဘုရားစွမ်းအားတစ်ခုဖြစ်ပြီး ယွင်ထင်၏ ကြောက်စရာကောင်းသော ဓားမိုးနှင့်ရင်ဆိုင်ရချိန်မှာ အရေးနိမ့်ခြင်းမရှိပေ။
ဆူဇီမိုက ယွင်ထင်ရှိရာသို့ လျှောက်လှမ်းပြီး လက်ဟန်ချိပ်စည်းများကို ဆင့်ခေါ်လှုပ်ရှားနေသည်။
ရွှစ်...
ရုတ်တရက် သူ၏ ဘေးမှာ အရောင်မတူသော မီးတောက်လုံးလေးလုံးက ပေါ်ထွက်လာသည်။
သူ၏ လမ်းညွှန်မှုအောက်မှာ မီးတောက်လုံးများက လျင်မြန်စွာပေါင်းစုပြီး ပို၍ပင်ကြီးမားသော မီးလုံးတစ်လုံးကို ဖြစ်ပေါ်လာစေသည်။ ၎င်းသည် အလျှံညီးညီးနေတစ်စင်းနှင့်တူပြီး ချောက်ချားစရာကောင်းသော အပူလှိုင်းတစ်ခုကို ဖြာထုတ်ပေးနေလေသည်။
“အဲဒါ ဟိုလျှို့ဝှက်အတတ်ပဲ”
မဟာကျင်းအင်မော်တယ်နိုင်ငံ၏ လူအုပ်ကြားထဲမှာ ကောင်းကင်အင်မော်တယ်တစ်ယောက်က ထိတ်လန့်တကြားရေရွတ်လိုက်သည်။
ဤလူသည် ပကတိမိုးကြိုးမြို့တော်မှာ သေဘေးကနေ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ထိုမီးတောက်လျှို့ဝှက်အတတ်၏ စွမ်းပကားကို သူ့မျက်လုံးနှင့် ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။ ၎င်းက လောကကို ဖျက်ဆီးပစ်နိုင်သည်။
ထိုကောင်းကင်အင်မော်တယ်သည် အတိတ်ကာလတုန်းက မြင်ကွင်းကို ပြန်လည်မြင်ယောင်မိပြီး သူ၏ ခန္ဓာကိုယ်က အထိန်းအကွပ်မဲ့စွာ တုန်ယင်လာသည်။
“အဲဒီလျှို့ဝှက်အတတ်က ပကတိမိုးကြိုးမြို့တော်ကို မီးလောင်တိုက်သွင်းခဲ့တဲ့လျှို့ဝှက်အတတ်ပဲ... မီးတောက်ပင်လယ်ထဲမှာ လူတိုင်းက မြှုပ်နှံခံရပြီး သူတို့ရဲ့အမြုတေစိတ်ဝိညာဥ်တွေက ပျက်စီးသွားခဲ့တယ်”
ယန်ယန်းအင်မော်တယ်နိုင်ငံဘက်မှာ ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်တွင် အဆင့်-၅ ဝင်သော လေ့ရွှမ်က တိတ်တဆိတ်ဆွံ့အသွားသည်။
သူသည် ထိုလျှို့ဝှက်အတတ်နှင့်အရင်က ရင်ဆိုင်ခဲ့ဖူးပြီး ၎င်းက ဘယ်လောက်ကြောက်စရာကောင်းသလဲ သိထားလေသည်။
အရင်တုန်းက သူသည် ထိုလျှို့ဝှက်အတတ်ပေါ်မှီခိုပြီး မဟာနေမင်းသုတ္တန်ကို ၎င်း၏ အကန့်သတ်ထိ နားလည်ဆင်ခြင်နိုင်ခဲ့သည်။
သူ သို့မဟုတ် အခြားတစ်ယောက်က တူညီသောနေရာမှာရှိနေမည်ဆိုလျှင် သူတို့သည် ထိုအခိုက်အတန့်မှာ ဆက်လက်၍ တောင့်ခံနိုင်တော့မည် မဟုတ်ပေ။
ဆူဇီမို၏ ရှေ့မှာ ဧရာမမီးလုံးဖြစ်ပေါ်လာပြီးနောက် ကောင်းကင်ထက်မှကျဆင်လာသော ဓားမိုးကပင် ချက်ချင်းအငွေ့ပျံလာသည်။
“သွား”
ဆူဇီမိုက သူ၏ လက်ထဲရှိ မီးလုံးကို ယွင်ထင်ရှိရာဘက်သို့ တွန်းထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် စိတ်ဝိညာဥ်အသိစိတ်မီးတောက်တစ်ခုက မီးလုံးထဲသို့ ဝင်ရောက်သွားသည်။
ပဉ္စဝဏ္ဏတာအိုမီး...။
ဝုန်း...
မီးလုံးက ယွင်ထင်ရှေ့သို့ ရောက်ရှိလာသောအခါ ၎င်းက ချက်ချင်းပင်ပေါက်ကွဲထွက်ပြီး ဧရာမ ကျောက်ဖျာတိုက်ပွဲမြေက မီးတောက်များဖြင့် လွှမ်းခြုံခံလိုက်ရသည်။
ဂမ္ဘီရမိုးကောင်းကင်ခန်းမတစ်ခုလုံး၏ အပူချိန်က လျင်မြန်စွာမြင့်တက်လာနေသည်။
“လေးဆဖြစ်စဥ် ဓားဝင်္ကပါ”
မီးတောက်များကြားမှာ ယွင်ထင်က အော်ဟစ်လိုက်သည်။
ထို့နောက်ချက်ချင်းပင် ကျိန်းစပ်နေသော ဓားချီလေးခုက မီးတောက်များထဲမှာလျင်မြန်စွာ စုစည်းပြီး ဘေးပတ်လည်ကို စောင့်ကြပ်နေသည့် အထွတ်အမြတ်တောကောင်လေးကောင်အဖြစ် အသွင်ပြောင်းလဲသွားသည်။
မိုးပြာနဂါးအထွတ်အမြတ်တောကောင်က မိုးများကို ရွာသွန်းစေသည်။
ကျားဖြူအထွတ်အမြတ်တောကောင်က သိပ်သည်းပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုကို ထုတ်ဖော်ထားသည်။
ဟင်္သပြဒါးငှက်အထွတ်အမြတ်ဝိညာဥ်က မီးတောက်များထဲကနေ မွေးဖွားပေါ်ထွက်လာသည်။
မဟူရာကုန်းလိပ်အထွတ်အမြတ်ဝိညာဥ်က မြစ်များနှင့် ပင်လယ်များကို မှောက်လှန်ပစ်သည်။
အထွတ်အမြတ်တောကောင်လေးကောင်သည် ပဉ္စဝဏ္ဏတာအိုမီးကို ခုခံဖို့အတွက် မတူညီသော စွမ်းအားများကို ထုတ်ဖော်လိုက်ကြသည်။ ထိုသို့ဆိုလျှင်တောင် ပဉ္စဝဏ္ဏတာအိုမီးက ငြိမ်းသေမသွားပေ။
ဝေါ...
ယွင်ထင်၏ ခန္ဓာကိုယ်ကနေ ဆူနာမီသံတစ်သံက ထွက်ပေါ်လာသည်။
စွမ်းအားကြီးမားသော မီးတောက်များ၏ ဖိအားအောက်မှာ ယွင်ထင်သည် ဆင်လက်၍မခုခံနိုင်တော့ဘဲ သူ၏ သွေးချီကို အရင်ဆုံးလှည့်ပတ်လိုက်သည်။ သူသည် ထက်ရှသောအနားစောင်းတစ်ခုနှင့်အတူ ထုတ်ဖော်ထားသော ဓားတစ်လက်ကဲ့သို့ဖြစ်လာသည်။
ယွင်ထင်၏ သွေးချီက အရမ်းကိုသန်မာသည်။
မျိုးဆက်သွေးတစ်စက်ချင်းစီမှာ အဖျက်စွမ်းအားမြင့်မားသော ဓားစိတ်ဆန္ဒတစ်ခုပါဝင်နေလေသည်။
ယွင်ထင်သည် နေရာမှာပင် မလှုပ်မယှက်မတ်တတ်ရပ်နေရုံမျှသာဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှာ တလိပ်လိပ်ထိုးတက်လာသောသွေးချီက လေးဆဖြစ်စဥ်ဓားဝင်္ကပါနှင့် ပေါင်းစည်းပြီး ပဉ္စဝဏ္ဏတာအိုမီးကို လုံးလုံးလျားလျားဖိနှိမ်လာနိုင်ခဲ့သည်။
ပဉ္စဝဏ္ဏတာအိုမီးက လုံးဝငြိမ်းသေမသွားသော်လည်း ၎င်းသည် ယွင်ထင်ကို ဆက်လက်၍မခြိမ်းခြောက်နိုင်တော့ပေ။
“ကောင်းတယ်ကွာ... ကောင်းတယ် ကောင်းတယ်”
ဆူဇီမို ညင်သာစွာခေါင်းညိတ်ပြီး ထပ်တလဲလဲ ချီးကျူးလိုက်သည်။
ယွင်ထင်၏ ခွန်အားနှင့်ပတ်သက်၍ သံသယရှိနေစရာမလိုပေ။ သူသည် ပဉ္စဝဏ္ဏတာအိုမီး၏ တိုက်ခိုက်မှုကို ကောင်းကောင်းခုခံနိုင်လေသည်။
ဒါ့အပြင် ယွင်ထင်၏ ဓားသွေးသည် လွန်ခဲ့သည့် နှစ်ပေါင်းထောင်ချီကထက် ပို၍ကြမ်းကြုတ်ခက်ထန်ပြီး ပို၍စွမ်းအားကြီးမားလာသည်ကို ဆူဇီမိုက ရှင်းလင်းစွာအာရုံခံမိနိုင်၏။
“မင်းလည်းမဆိုးပါဘူး”
ယွင်ထင်၏ မျက်လုံးထဲရှိ တိုက်ပွဲဝင်စိတ်ဝိညာဥ်က လုံးဝအားပျော့မသွားဘဲ သိပ်သည်းစုဖွဲ့လာခဲ့သည်။
ဓားသွေး၏ စွမ်းအားနှင့်အတူ သိပ်သည်းပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုနှင့် တားဆီးမရနိုင်သော ကြောက်စရာကောင်းသည့် ဓားစိတ်ဆန္ဒတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲကနေ ပစ်လွင့်ထွက်ပေါ်လာသည်။ ၎င်းသည် လောကကိုဆုတ်ဖြဲပြီး လေဟာနယ်ကို ဖြတ်တောက်ပစ်တော့မည့်အလားပင်။ ယွင်ထင်၏ အော်ရာက ဆက်လက်၍မြင့်တက်လာနေဆဲဖြစ်သည်။
ထိုဓားစိတ်ဆန္ဒနှင့် ရင်ဆိုင်ရချိန်မှာ လောကက ကျွမ်းထိုးမှောက်ခုံဖြစ်သွားနိုင်လေသည်။