သေခြင်းရှင်ခြင်း၏ မတည်မြဲမှု
Vol. 172 Ch. 2578
“ဟမ့်”
ဆူဇီမိုသည် အရှုံးကို ဝန်မခံလိုသည်ကို တွေ့ရသောအခါ ယွင်ထင်က အနည်းငယ် စိတ်ပျက်သွားသည်။
သူသည် သူ့အစ်မမျက်နှာကို ထောက်ထားပြီး ဆူဇီမိုကို ထွက်လမ်းတစ်ခု ပေးထားခြင်းဖြစ်သည်။ ယခု ဆူဇီမိုက အဲဒါကို မသိတတ်ပေ။
ထို့သို့ဆိုမှတော့ သူသည် ဆူဇီမိုကို သင်ခန်းစာတစ်ခု ပေးရပေတော့မည်။
“ခုတ်ပိုင်းလိုက်စမ်း”
ယွင်ထင်၏ စိတ်ဝိညာဉ်အသိစိတ်က လှုပ်ရှားသွားပြီး ဆူဇီမိုရှိရာဘက်ကို ထိုးညွှန်လိုက်၏။
သူ့နောက်မှာရှိသော အင်မော်တယ်နှိမ်နင်းဓားက သွေးအလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး ရှေ့သို့ခုတ်ပိုင်းချလိုက်၏။
ဆူဇီမို၏ အမူအရာက တည်ငြိမ်နေသည်။ သူက ရှောင်တိမ်းခြင်း သို့မဟုတ် နောက်ဆုတ်ခြင်း မရှိဘဲ သူ၏ လက်နှစ်ဖက်ကို လျင်မြန်စွာ လှုပ်ရှားလိုက်၏။
“အရာရာတိုင်းက မတည်မြဲကြ…
ဖြစ်ပြီးရင် ပျက်တဲ့နိယာမ..
အနိစ္စတရားရဲ့........”
ဆူဇီမိုသည် လျှို့ဝှက်နက်နဲသော သုတ္တန်တစ်ချို့ကို ရွတ်ဆိုပြီး ဗုဒ္ဓအလင်းရောင်ဖြင့် ပြည့်နှက်နေသည့် မနှိုင်းယှဉ်သာအောင် ဂမ္ဘီရဆန်သော ဓမ္မချိပ်စည်းတစ်ခုကို ထုတ်လွှတ်လိုက်၏။
ထိုအရာသည် တဗူးဂမ္ဘီရကျင့်စဉ် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်၏ လျှို့ဝှက်အတတ်သုံးခုထဲမှ တစ်ခုဖြစ်သော အနိစ္စချိပ်စည်းဖြစ်သည်။
လောကမှာရှိသော အရာရာတိုင်းက မတည်မြဲကြဘဲ အသက်ဓာတ်ဝင်ခြင်း၊ ရှင်သန်ခြင်း၊ ကွဲလွဲဆန့်ကျင်ခြင်းနှင့် ပျက်စီးခြင်းတို့က လှည့်ပတ်နေသည်။
နတ်ဘုရားစွမ်းအားများဖြစ်စေ… လျှို့ဝှက်အတတ်များ သို့မဟုတ် ယွင်ထင် ထုတ်ဖော်လိုက်သော မျိုးဆက်သွေးနယ်မြေပင်ဖြစ်စေ… သူတို့သည် အရာရာတိုင်း၏ အောက်မှာ ရှိနေကြသည်။
အရာရာတိုင်းက အနိစ္စသဘောဖြစ်သည်။
အနိစ္စချိပ်စည်းက ယွင်ထင်၏ မျိုးဆက်သွေးနယ်မြေနှင့် ထိတွေ့ရိုက်ခတ်မိသည့် ခဏမှာပင် အင်မော်တယ်နှိမ်နင်းဓား၏ သေခြင်းရှင်ခြင်းကို အတွေးတစ်ချက်ဖြင့် ဆုံးဖြတ်နိုင်မည်ဖြစ်သည်။
အနိစ္စချိပ်စည်းသည် အစစ်အမှန် တဗူးဂမ္ဘီရကျင့်စဉ်တစ်ခုကနေ လာပြီး ဗုဒ္ဓကျောင်းတော်များ၏ ပင်မဓမ္မချိပ်စည်းသုံးခုထဲမှ တစ်ခုဖြစ်လေသည်။
ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်မှာ ဗုဒ္ဓကျမ်းတော်များ၏ ကျန်ရှိနေသော ဓမ္မချိပ်စည်းနှစ်ခုကိုလည်း မှတ်တမ်းတင်ထားသည်။
သို့သော်လည်း ဆူဇီမို၏ လက်ရှိကျင့်ကြံမှုနယ်ပယ်နှင့် ဗုဒ္ဓဝါဒအပေါ် နားလည်ဆင်ခြင်မှုအရ သူသည် ဗောဓိစေ့နှင့်ပင်လျှင် အဲဒါကို နားလည်ဆင်ခြင်နိုင်ခြင်း မရှိပေ။
ကျန်ရှိနေသော ဓမ္မချိပ်စည်းနှစ်ခုက ပို၍အဆင့်မြင့်ပြီး သူက ထိုပညာရပ်များနှင့် ထိတွေ့နိုင်ခွင့် မရသေးပေ။
ရွှစ်…
အင်မော်တယ်နှိမ်နင်းဓားက ခုတ်ပိုင်းကျဆင်းလာပြီး အနိစ္စချိပ်စည်းနှင့် ထိတွေ့ရိုက်ခတ်သွား၏။ အားလုံး၏ အကြည့်အောက်မှာ သွေးရောင်ဓားက ချက်ချင်းပင် ပျက်ပြယ်ပြီး သိပ်မကြာခင် ပျောက်ကွယ်သွားသည်။
ဂမ္ဘီရမိုးကောင်းကင်ခန်းမတစ်ခုလုံးက ရုတ်ရုတ်သဲသဲဖြစ်သွားကြလေသည်။
ယွင်ထင်၏ မျိုးဆက်သွေးနယ်မြေသည် ယခုတွင် ဆူဇီမို၏ နတ်ဘုရားစွမ်းအားနှင့် လျှို့ဝှက်အတတ်နှစ်ခုဖြင့် အလွယ်တကူ ဖျက်ဆီးခံလိုက်ရ၏။
အဲဒါကို လျှို့ဝှက်ဆန်းကြယ်သော ဓမ္မချိပ်စည်းတစ်ခုက ဖြေရှင်းလိုက်နိုင်လေပြီ။
ယွင်ကျူး၏ အမူအရာက ပြောင်းလဲကာ သူမက အလေးအနက် စဉ်းစားတွေးတောသွားသည်။
ဆူဇီမိုသည် ငရဲဖိနှိမ်မီးဖိုကို တစ်ခါက ရထားခဲ့ပြီး ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို ကျင့်ကြံထားသည်ဆိုတာ သူမ သိရှိထားသည်။
ထိုတဗူးဂမ္ဘီရကျင့်စဉ်မှာ ဗုဒ္ဓကျောင်းတော်များ၏ ပင်မဓမ္မချိပ်စည်းသုံးခု ရှိနေသည်ကိုလည်း သူမ သိထားသည်။
“ဒါက အနိစ္စချိပ်စည်း ဖြစ်ရမယ်… တဗူးဂမ္ဘီရကျင့်စဉ်တစ်ခုဆိုတဲ့အတိုင်းပဲ”
ယွင်ကျူးက သူမဘာသာသူမ အသိအမှတ်ပြု ခေါင်းညိတ်လိုက်၏။
ယွင်ထင်၏ မျိုးဆက်သွေးနယ်မြေက အစစ်အမှန် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခု၏ အဆင့်ထိ ရောက်ရှိနေမည်ဆိုလျှင် အနိစ္စချိပ်စည်းအနေဖြင့် ၎င်းကို ချေဖျက်နိုင်ဖို့ လွယ်ကူလိမ့်မည် မဟုတ်ပေ။
ကံဆိုးစွာနှင့်ပင် ယွင်ထင်သည် ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားပညာရပ်တို့ကို ရရှိမထားသေးပေ။
ထိုမျိုးဆက်သွေးနယ်မြေသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခု၏ ကနဦးပုံစံနှင့် ထိတွေ့နိုင်ရုံမျှသာဖြစ်ပြီး နောက်ဆုံး ယနေ့အချိန်ထိ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခု အမှန်တကယ် ဖြစ်မလာသေးပေ။
“ဟမ့်”
ဧရာမ ကျောက်ဖျာတိုက်ပွဲမြေမှာ ယွင်ထင်က မျက်မှောင်ကြုတ်လိုက်သည်။
ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲမှာတုန်းက ဆူဇီမိုသည် ဖုန်းယင်၏ နတ်ဘုရားစွမ်းအားကို ချေဖျက်ဖို့ ဗုဒ္ဓကျောင်းတော်များ၏ ဤဓမ္မချိပ်စည်းကို ထုတ်ဖော်ခဲ့သည်ကို သူတွေ့မြင်ထားခဲ့၏။ သို့သော်လည်း သူက အဲဒါကို စိတ်ထဲမှာ ထည့်မမှတ်ထားခဲ့ပေ။
ယခု ဗုဒ္ဓကျောင်းတော်များ၏ ဤဓမ္မချိပ်စည်းက သူ၏ မျိုးဆက်သွေးနယ်မြေကိုပင် ချေဖျက်နိုင်သည်ဆိုတော့…။
မင်း…
ယွင်ထင်က ဒေါသချောင်းချောင်းထွက်သွားသည်။
သူသည် အနိုင်ရရှိတော့မည်ဟု မှတ်ထင်ပြီး ယခုတွင် စကားများစွာကို ပြောဆိုထားခဲ့သည်။ သို့သော်လည်း တစ်ခဏချင်းမှာပင် အခြေအနေက ပြောင်းလဲသွားပြီး သူ၏ မျက်နှာက ပူစပ်ပူလောင် ဖြစ်လာသည်ဟု ခံစားလိုက်ရသည်။
“ကောင်းတယ်ကွာ… ကောင်းတယ် ကောင်းတယ်”
ယွင်ထင်က အေးစက်စွာ နှာတစ်ချက်မှုတ်ပြီး အံကိုကြိတ်ကာ ပြောလိုက်သည်။
“မင်းက အရှုံးကို ဝန်မခံချင်ဘူးဆိုမှတော့ ငါကလည်း ထိန်ချန်မနေတော့ဘူး… ငါ့ရဲ့ အစစ်အမှန်ဝှက်ဖဲကို မင်းကို ငါပြပေးမယ်”
ဇီ….
ယွင်ထင်၏ စိတ်ဝိညာဉ်အသိစိတ်က လှုပ်ရှားသွားပြီး သူ၏ လက်ဖဝါးထဲမှာ မိုးကြိုးလျှပ်စီးများဖြင့် တဖျပ်ဖျပ်လက်နေသည့် ဓားရှည်တစ်လက် ပေါ်ထွက်လာသည်။
ထိုဓားကို မိုးကြိုးလျှပ်စီးများက လွှမ်းခြုံထားသော်လည်း ၎င်းသည် ထုတ်ဖော်ထားသော ဓား၏ ထက်ရှမှုကို ဖုံးကွယ်မထားနိုင်ပေ။
ထိုဓားက အလွန်တရာ ထက်ရှနေပြီး တဇီဇီအော်မြည်၍ တုန်ခါကာ ဆူဇီမိုသည် သူ၏ မျက်နှာမှ ခပ်ဖျော့ဖျော့ နာကျင်မှုတစ်ခုကိုပင် ခံစားလိုက်ရသည်။
“ဒီဓားရဲ့နာမည်က ဂမ္ဘီရမိုးကောင်းကင်ပဲ… သူက ငါ့နောက်ကို လိုက်လာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ… တစ်ခါမှ မရှုံးနိမ့်ဖူးဘူး”
ယွင်ထင်သည် သူ၏ ဓား ဂမ္ဘီရမိုးကောင်းကင်ကို သူကိုယ်တိုင် နာမည်ပေးထားသည်။
၎င်းသည် သူ၏ ရည်ရွယ်ချက်နှင့် ရဲဝံ့မှုကို ပြသဖို့ လုံလောက်လေသည်။
“ဂမ္ဘီရမိုးကောင်းကင်… အရင်တုန်းက ငါက ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုကို အမှတ်တမဲ့ဝင်ရောက်မိပြီး မိုးကြိုးလျှပ်စီးပင်လယ်ထဲကို တိုးဝင်သွားခဲ့တယ်… ငါက အဲဒီကနေ ဂမ္ဘီရကျောက်တုံးတစ်တုံးကို ရလာပြီး ၄၉နှစ်ကြာအောင် အဲဒါကို အရည်ဖျော်ချပြီးမှ ဒီဓားကို ရလာတာပဲ”
ဆူဇီမိုက အာရုံစိုက်၍ ကြည့်လိုက်သည်။
ဂမ္ဘီရမိုးကောင်းကင်ဓားပေါ်မှာ ပကတိအင်မော်တယ်ပညာရှင်များ အသုံးပြုသည့် အသိစိတ်ရှိ ဓမ္မရတနာများနှင့် အလွန်တရာ ဆင်တူသော မိုးကြိုးလျှပ်စီး လောင်ကျွမ်းရာ အမှတ်အသားတချို့ ရှိနေသည်။
ပုံမှန်အခြေအနေမှာဆို ကျင့်ကြံသူများသည် ပကတိဧကနယ်ပယ်သို့ တက်လှမ်းပြီး ပကတိဧက ကောင်းကင်ဘုံကပ်ဘေးကို ဖြတ်ကျော်မှသာ သူတို့၏ ဓမ္မရတနာများကို အသိစိတ်ရှိ ဓမ္မရတနာများအဖြစ် အသွင်ပြောင်းလဲနိုင်မည်ဖြစ်သည်။
ထိုအခါ အသိစိတ်ရှိ ဓမ္မရတနာများပေါ်တွင် မိုးကြိုးလျှပ်စီး လောင်ကျွမ်းရာ အမှတ်အသားတချို့ ရှိလာပေလိမ့်မည်။
ကောင်းကင်ဘုံကပ်ဘေး ကိုးခုစလုံးကို ဆွဲဆောင်နိုင်ပြီး ၎င်းကို တွေ့ကြုံဖြတ်ကျော်ပြီးနောက် ဓမ္မရတနာက ပျက်စီးသွားခြင်း မရှိလျှင် ၎င်းကို ကပ်ဘေးကိုးခု စိတ်ဝိညာဉ်ရတနာဟု ခေါ်ဆိုလေသည်။ အဲဒါကို သန့်စင်ယန်စိတ်ဝိညာဉ်ရတနာဟုလည်း ခေါ်ဆိုကြသည်။
ယွင်ထင်၏ ဓားကို အစကတည်းက မိုးကြိုးလျှပ်စီးပင်လယ်ဖြင့် အားဖြည့်ထောက်ပံ့ပေးထားသည်။
ဂမ္ဘီရမိုးကောင်းကင်ဓားက အဆင့်မြင့်ကျွမ်းကျင်မှုကို ရရှိလာသောအခါ ၎င်းသည် လောင်ကျွမ်းရာ အမှတ်အသားတချို့ကို ရရှိပြီး အသိစိတ်ရှိ ဓမ္မရတနာများနှင့် ယှဉ်နိုင်သော စိတ်ဝိညာဉ်အသိစိတ်ကို ပိုင်ဆိုင်လာခဲ့သည်။
ထို့ကြောင့်ပင် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် ဂမ္ဘီရမိုးကောင်းကင်ဓားနှင့် မထိတွေ့ရသေးခင်မှာပင် ခပ်ဖျော့ဖျော့ နာကျင်မှုတစ်ခုကို ခံစားလာရခြင်းဖြစ်သည်။
ဂမ္ဘီရမိုးကောင်းကင်ဓားသည် တကယ့်ပင် ရှားရှားပါးပါး ရတနာတစ်ခုဖြစ်ပြီး အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာပင် သူ၏ ကိုယ်ကာယနှင့် အဲဒါကို ထိပ်တိုက် ရင်မဆိုင်နိုင်ပေ။
သို့သော်လည်း ဆူဇီမို၏ အမူယာက တည်ငြိမ်နေသည်။
သူ့မှာလည်း ဓမ္မရတနာများစွာရှိပြီး သူတို့က ဂမ္ဘီရမိုးကောင်းကင်ဓားထက် သေချာပေါက် အားမနည်းပေ။
“ငါ့ရဲ့အကြီးမားဆုံး မှီခိုအားထားရာက ဓားတာအို ဖြစ်တယ်ဆိုတာကို မင်းနားလည်ထားသင့်တယ်”
ယွင်ထင်က ဂမ္ဘီရမိုးကောင်းကင်ဓားကို ကိုင်စွဲပြီး သူ၏ လက်ညှိုးဖြင့် ဓားနှောင့်ကို ညင်သာစွာ သပ်လိုက်၏။
ဓားကို ဖြည်းဖြည်းချင်း ပွတ်သပ်ပြီး သူက ဝင့်ကြွားစွာ ပြောလိုက်သည်။
“အစကတော့ ငါက ဂမ္ဘီရမိုးကောင်းကင်ဓားကို မထုတ်ချင်ခဲ့ဘူး… ဒါပေမဲ့ မင်းနဲ့ငါက ဒီအခြေအနေထိရောက်အောင် တိုက်ခိုက်လာခဲ့ပြီဆိုမှတော့… ကောင်းပြီလေ… ဂမ္ဘီရမိုးကောင်းကင်ဓားရဲ့ ထက်ရှမှုကို ငါ မင်းကို ပြပေးမယ်”
ထိုသို့ သူပြောလိုက်သည် ခဏမှာပင် ယွင်ထင်က သူ၏ ဓားကို ညင်သာစွာ လှုပ်ခါလိုက်၏။
ချွင်… ချွင်…
ဂမ္ဘီရမိုးကောင်းကင်ဓားက အော်မြည်၍ တုန်ခါလာသည်။ ဓားချီက သိပ်သည်းစုဖွဲ့လာပြီး သူ၏ ခန္ဓာကိုယ်က လျှပ်စီးလျှပ်ပန်းများဖြင့် တောက်ပလာခဲ့သည်။ ချက်ချင်းပင် ၎င်းသည် နေရာကနေ ပျောက်ကွယ်ပြီး ဆူဇီမိုရှိရာသို့ ပစ်ဝင်လာခဲ့သည်။
ဂမ္ဘီရမိုးကောင်းကင်ဓား၏ အလျင်အဟုန်က အရမ်းကို မြန်ဆန်ပြီး သာမန်မျက်လုံးဖြင့် တွေ့မြင်ရဖို့ မလွယ်ကူပေ။
သတ်ဖြတ်ခြင်းအပြင် ဓားတာအို၏ အလျင်အဟုန်ကလည်း ဓမ္မတာအိုများစွာကြားတွင် ထိပ်တန်းအဆင့်မှာ ရှိလေသည်။
ဂမ္ဘီရမိုးကောင်းကင်ဓားမှာ ဓားတာအို၏ အလျင်အဟုန်နှင့်အတူ မိုးကြိုးတန်ခိုး၏ အားဖြည့်ထောက်ပံ့မှုပါ ရှိနေသည်။ မိုးကြိုးစွမ်းပကားနှင့်အတူ ၎င်းက ပို၍ပင် မြန်ဆန်လာခဲ့သည်။
ဓားတေးသံ ထွက်ပေါ်လာသည့် ခဏမှာပင် ဂမ္ဘီရမိုးကောင်းကင်ဓားက ဆူဇီမိုရှေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ယွင်ထင်၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားသည်ဟု ထင်ရသည်။
သူ့ရှေ့တည့်တည့်မှာ မတ်တတ်ရပ်နေသော ဆူဇီမိုကို မပြောနှင့် ဘေးကနေ စောင့်ကြည့်နေသော ကျင့်ကြံသူအများစုပင်လျှင် ယွင်ထင်၏ ပုံရိပ်ကို ဖမ်းမမိနိုင်တော့ပေ။
ယွင်ထင်က ဂမ္ဘီရမိုးကောင်းကင်ဓားနှင့် ပြီးပြည့်စုံစွာ ပေါင်းစည်းသွားခဲ့ပြီဖြစ်သည်။
သူသည် ဓားနောက်သို့ လိုက်ပါပြီး ၎င်းနှင့် တစ်သားတည်းကျလာခဲ့သည်။
သာမန်မျက်လုံးမပြောနှင့် စိတ်ဝိညာဉ်အသိစိတ်ပင်လျှင် ယွင်ထင်ကို ထောက်လှမ်းနိုင်ဖို့ ခက်ခဲလေသည်။
ယွင်ထင်၏ ဓားတာအိုက တကယ့်ကို ကြောက်စရာကောင်းနေပြီဖြစ်သည်။
ထိုနေရာမှာ အခြားတစ်ယောက်သာဆိုလျှင် သူတို့သည် ထိုဓားချက်ကို မည်သို့မှ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ဆူဇီမို၏ တုံ့ပြန်မှုက အလွန်တရာ မြန်ဆန်သည်။ သူက အာရုံငါးပါးကို ပိတ်ဆို့ပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ချက်ချင်းပင် ရုပ်သိမ်းကာ အန္တရာယ်လာရာဘက်ကို အာရုံခံဖို့ သူ၏ အာရုံခံသတိစိတ်အပေါ်သာ မှီခိုလိုက်သည်။
ချွင်….
ရုတ်တရက် ဆူဇီမို၏ နှာရောင်ကနေ အစိမ်းရောင်အလင်းတောက်တောက်တစ်ခု ပစ်လွင့်ထွက်ပေါ်လာသည်။
ကျောက်စိမ်းတောင်ဝှေးတစ်လက်က ပစ်လွင့်ထွက်ပေါ်လာပြီး ဂမ္ဘီရမိုးကောင်းကင်ဓား၏ ထက်ရှမှုနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်း မရှိပေ။ ထိုအစား ၎င်းသည် ဂမ္ဘီရမိုးကောင်းကင်ဓား၏ ဓားနှောင့်ကို အလွန်တရာ တိကျစွာဖြင့် ရိုက်ခတ်ပြီး ကျွပ်ဆတ်ဆတ်အသံတစ်ခုကို ထွက်ပေါ်လာစေသည်။
ဂမ္ဘီရမိုးကောင်းကင်ဓားက ဆတ်ခနဲ တုန်ခါသွားသည်။
ပုံမှန်အခြေအနေအောက်မှာ သုံးပါးရတနာ ကျောက်စိမ်းတောင်ဝှေးသည် ဓမ္မရတနာများ၊ နတ်ဘုရားလက်နက်များနှင့် စိတ်ဝိညာဉ်အသိစိတ်များပေါ်ရှိ အမြုတေချီကို ချေဖျက်နိုင်လေသည်။
မည်သည့် ဓမ္မရတနာမဆို ၎င်းနှင့် ထိတွေ့ရိုက်ခတ်မိသည်နှင့် အောက်ကို ရိုက်ချခံရပေလိမ့်မည်။
ယွင်ထင်ကတော့ သူသည် ဂမ္ဘီရမိုးကောင်းကင်ဓားနှင့် ပေါင်းစည်းနေလေသည်။ ဂမ္ဘီရမိုးကောင်းကင်ဓား၏ ဘေးပတ်လည်ရှိ မိုးကြိုးလျှပ်စီးနှင့်အတူ သုံးပါးရတနာ ကျောက်စိမ်းတောင်ဝှေး၏ ရိုက်ခတ်မှုက ဂမ္ဘီရမိုးကောင်းကင်ဓားကို အောက်သို့ ရိုက်မချနိုင်ခဲ့ပေ။
ထိုသို့ဆိုလျှင်တောင် ဂမ္ဘီရမိုးကောင်းကင်ဓားသည် လေထဲမှာ အနည်းငယ်ရပ်တန့်သွားပြီး ဟာကွက်တစ်ခုက ပေါ်ထွက်လာသည်။