အဆက်မပြတ်ရိုက်နှက်ခံရခြင်း
Vol. 172 Ch. 2579
ဆူဇီမို၏ အကြည့်က သိပ်သည်းစုဖွဲ့လာခဲ့သည်။
မသိလိုက်မသိဘာသာနှင့်ပင် သူ၏ လက်ထဲမှာ မြင်းမြီးကျာပွတ်တစ်ခုပေါ်ထွက်လာခဲ့ပြီဖြစ်ပြီး သူ၏ လက်ကောက်ဝတ်ကို ညင်သာစွာလှုပ်ခါလိုက်၏။
ရွှစ်ခနဲမြည်သံနှင့်အတူ ငွေရောင်ချည်မျှင်သုံးထောင်က လေထုကို ဆုတ်ဖြဲကာ ဂမ္ဘီရမိုးကောင်းကင်ဓားနှင့် ယွင်ထင်ထံသို့ ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ တိုးဝင်လာလေသည်။ သူတို့သည် ကြယ်တာရာကောင်းကင်တစ်ခုအဖြစ် ပြောင်းလဲသွားသည့်အလားပင်။
“ဟမ့်...”
ယွင်ထင်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။
ဆူဇီမို၏ မြင်းမြီးကျာပွတ်က ကိုင်တွယ်ရမလွယ်ကူဘူးဆိုတာ သူပြောနိုင်သည်။
ချည်မျှင်သုံးထောင်က သူ့အတွက် ခြိမ်းခြောက်မှုများစွာမဟုတ်ပေ။
သို့သော်လည်း သူသည် ငွေရောင်ချည်မျှင်သုံးထောင်ကနေ ဆင့်ခေါ်ထားသည့် ကြာ်တာရာကောင်းကင်ထဲ ကျဆင်းသွားမည်ဆိုလျှင် သူသည် သေချာပေါက် နစ်မြုပ်သွားလိမ့်မည်ဖြစ်ပြီး သူ၏ လှုပ်ရှားမှုနည်းစနစ်များက ကန့်သတ်ခံရပေလိမ့်မည်။ သူသည် ဓားတာအို၏ အစစ်အမှန်စွမ်းပကားကို ထုတ်ဖော်နိုင်တော့မည် မဟုတ်ပေ။
အနီးကပ်တိုက်ခိုက်ရည်မှာ လက်ဦးမှုရယူဖို့က အလွန်တရာအရေးပါသည်။
ယွင်ထင်သည် အသည်းအသန်ခုခံရသောအခြေအနေသို့ ကျဆင်းမသွားလိုပေ။
ထိုသို့အတွေးဖြင့် ယွင်ထင်က သူ၏ ခန္ဓာကိုယ်ကို အနည်းငယ် ယိမ်းနွဲ့ပြီး ရုတ်တရက် ဝေဝါးသွားလေသည်။ သူ၏ ခန္ဓာကိုယ်က လေဟာနယ်ထဲသို့ တိုးဝင်သွားသည့်အလား ဤလောကမှာ ဆက်လက်၍မရှိတော့ပေ။
ထိုအရာသည် အထက်ဘုံလောက၏ ထိပ်တန်းလှုပ်ရှားမှာနည်းစနစ်လျှို့ဝှက်အတတ် လေဟာနယ်ကူးပြောင်းဓားဖြစ်သည်။
ဤလှုပ်ရှားမှုနည်းစနစ်က အရမ်းကို စွမ်းအားကြီးမားနေသည်မှာ လေဟာနယ်ကူးပြောင်းဓားသည် အာကာသ၏ ဓမ္မတာအိုနှင့် ထိတွေ့မိနေပြီဖြစ်သောကြောင့်ပင်။
လူတစ်ယောက်သည် အန္တရာယ်ကို ရှောင်လွှဲဖို့အတွက် လေဟာနယ်ထဲသို့ ကူးပြောင်းကာ သူတို့၏ အကျပ်အတည်းများကနေ ရုန်းထွက်နိုင်မည်ဖြစ်သည်။
ချည်မျှင်သုံးထောင်ကနေ ဆင့်ခေါ်ထားသော ကြယ်တာရာကောင်းကင်သည် ယွင်ထင်ရှိရာဘက်ကို ဖြတ်သန်းသွားသည်။ သို့သော်လည်း ယွင်ထင်နှင့် ဂမ္ဘီမိုးကောင်းကင်ဓားက ထူးဆန်းစွာ ပျောက်ကွယ်သွားလေသည်။
ထိုသည်က တည်နေရာခုန်ကူးခြင်း မဟုတ်ပေ။
ထိုအစား သူသည် တိုက်ပွဲမြေမှာရှိသော ပါးလွှာသောလေဟာနယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားပြီး အကျပ်အတည်းကနေ ရုန်းထွက်သွားလေသည်။
ထိုလှုပ်ရှားကွက်က အလွန်တရာမှင်တက်စရာကောင်းနေသည်။
ချည်မျှင်သုံးထောင်က အားအင်ကုန်ခန်း၍ ကြယ်တာရာကောင်းကင်က အားပျော့လာသည့်အခါ ယွင်ထင်သည် ဂမ္ဘီရမိုးကောင်းကင်ဓားနှင့်အတူ ရုတ်တရက်ပေါ်ထွက်ပြီး ဆူဇီမိုကို တုံ့ပြန်တိုက်ခိုက်ပေလိမ့်မည်။
ထိုစဥ်မှာပင် ဆူဇီမို၏ မျက်လုံးထဲမှာ ထူးဆန်းသောအကြည့်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာသည်။
သူ၏ စိတ်ထဲမှာ လျှို့ဝှက်ဆန်းကြယ်သော လင်းလုံချောင်ပိတ်ကွက်များက တစ်ခုပြီးတစ်ခုထင်ဟပ်လာသည်။
သူ့မျက်လုံးရှေ့မှာ စစ်တုရင်ကွက်များက တစ်ခုပြီးတစ်ခုပြောင်းလဲသွားပြီး နောက်ဆုံး အဋ္ဌမမြောက်လင်းလုံချောင်ပိတ်ကွက်မှာ ရပ်တန့်သွားသည်။
အဋ္ဌမမြောက်လင်းလုံချောင်ပိတ်ကွက်ကို ဖြေရှင်းမည့်သော့ချက်က အာကာသဓမ္မတာအိုဖြစ်လေသည်။
ထိုစဥ်တုန်းက ဆူဇီမိုသည် စိတ်ဝိညာဥ်ပနံသင့်ပညာရပ်ကို အသုံးချကာ သိုင်းတာအိုပင်မခန္ဓာ၏ စွမ်းအားနှင့်အတူ အဋ္ဌမမြောက်လင်းလုံချောင်ပိတ်ကွက်ကို ဖြေရှင်းခဲ့သည်။
သူသည် ထိုစွမ်းအားကို ယခုအချိန်ထိ မထိန်းချုပ်နိုင်သေးသော်လည်း အခြေအနေကနေ ဖောက်ထွက်သည့် ထိုနည်းလမ်းက သူ၏ စိတ်ထဲမှာ စွဲထင်နေခဲ့ပြီဖြစ်သည်။
လူတိုင်း၏ ရှေ့မှောက်မှာ ယွင်ထင်သည် ဓားတာအိုကိုအသုံးချကာ လေဟာနယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။
သို့သော်လည်း ဆူဇီမို၏ အကြည့်အောက်မှာ ဧရာမကျောက်ဖျာတိုက်ပွဲမြေသည် လင်းလုံချောင်ပိတ်ကွက်တစ်ကွက်နှင့်အတူ စစ်တုရင်ခုံတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။ ယွင်ထင်၏ တည်နေရာကို ရှင်းလင်းစွာတွေ့မြင်လာရပြီး သူက ပုန်းစရာနေရာမရှိတော့ပေ။
ယွင်ထင်သည် လေဟာနယ်ထဲသို့ တိုးဝင်ပြီး တုံ့ပြန်တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေသည်။
သို့သော်လည်း လေဟာနယ်ထဲမှာ ဆူဇီမိုက သူ့ကို မမှိတ်မသုန်စိုက်ကြည့်လာသည်ကို သူက ရုတ်တရက် နားလည်သိရှိသွားသည်။
ထိုမျက်လုံးများက လေဟာနယ်ကို ထိုးဖောက်ပြီး သူရှိရာနေရာကို တွေ့မြင်နေပုံရသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
ယွင်ထင်သည် ဆူဇီမို၏ အကြည့်အောက်မှာ သက်တောင့်သက်သာမရှိမှုကို ခံစားလာရသည်။ သူသည် သူ၏ လှုပ်ရှားမှုနည်းစနစ်ကို နောက်တစ်ဖန်အသုံးပြုပြီး နောက်ထပ် လေဟာနယ်အလွှာတစ်ခုထဲသို့ တိုးဝင်လိုက်သည်။ သို့သော်လည်း သူ့ကိုယ်သူမတည်ငြိမ်နိုင်ခင်မှာပင် ဆူဇီမို၏ အကြည့်ကလည်း လိုက်ပါလာပြီး ထူးဆန်းသောအမူအရာတစ်ခုနှင့်အတူ သူ့ကို ပြုံးစစဖြင့်ကြည့်နေသည်။
“ဘာလဲဟ”
ယွင်ထင်က ဆူဇီမို၏ အကြည့်ကနေ ကြက်သီးမွေးညင်းများ ထလာခဲ့သည်။
သူသည် သူ၏ လှုပ်ရှားမှုနည်းစနစ်ကို ဆက်တိုက်ထုတ်ဖော်ပြီး လေဟာနယ်ထဲမှာ ကူးပြောင်းလိုက်သည်။ သို့သော်လည်း ဆူဇီမို၏ အကြည့်က သူ့နောက်သို့ အရိပ်တစ်ခုပမာ မမှိတ်မသုန်လိုက်ပါလာခဲ့သည်။
ယွင်ထင်သည် ချက်ချင်းပင် ကျီစားခံနေရသော မျောက်တစ်ကောင်လို သူ့ကိုယ်သူခံစားလာရသည်။
ရုတ်တရက်ဆိုသလို...။
ငွေရောင်လှံတစ်လက်က ရုတ်တရက်လေထုကိုဆုတ်ဖြဲပြီး သူ့ရှေ့သို့ ချက်ချင်းပင်ရောက်ရှိကာ သူ၏ ဦးခေါင်းကို ပစ်ထိုးလိုက်သည်။
ထိုအခိုက်အတန့်မှသာ ဆူဇီမိုသည် သူ၏ လှုပ်ရှားမှုနည်းလမ်းကြောင်းများကို တွေ့မြင်နိုင်သည်ဆိုတာ ယွင်ထင်က အမှန်တကယ်ယုံကြည်သွားသည်။
သူက လက်ပြန်ခုတ်ပိုင်းပြီး ဝင်ရောက်လာသောလှံနှင့် ထိတွေ့ရိုက်ခတ်သွားလေသည်။
ချွင်....
ဓားနှင့်လှံက ထိတွေ့ရိုက်ခတ်ပြီး မီးပွားများက စင်ထွက်သွားသည်။
လှံက သူ့ဓားချက်ဖြင့် ငွေရောင်ချည်မျှင်များအဖြစ် ကြေမွသွားလေသည်။
လှံဟုခေါ်သောအရာသည် အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်၏ ငွေရောင်ချည်မျှင်သုံးထောင်ကနေ စုဖွဲ့ထားခြင်းဖြစ်သည်။
အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်၏ တိုက်ခိုက်ရေးနည်းလမ်းများက အလှည့်အပြောင်းများပြီး ခန့်မှန်းရမလွယ်ကူပေ။ ၎င်းသည် ယင်နှင့်ယန်ကို ပေါင်းစည်းပေးပြီး မာကြောနိုင် နူးညံ့သိမ်မွေ့နိုင်လေသည်။
၎င်းက မာကြောနေစဥ် ချည်မျှင်များသည် ဖျက်ဆီး၍မရနိုင်သော လှံတစ်လက်အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
၎င်းက နူးညံ့ပျော့ပြောင်းသွားသည့်အခါ ချည်မျှင်များသည် ရေကဲ့သို့ ပျော့ပျောင်းပြီး အဆက်မပြတ်အလိုက်သင့်လှုပ်ရှားနိုင်လေသည်။
ဝင်ရောက်လာသောလှံက ပျက်ပြယ်သွားသော်လည်း ယွင်ထင်သည် လှံမှာပါဝင်သော ကြမ်းကြုတ်စွမ်းအားဖြင့် လေဟာနယ်ထဲကနေ တွန်းထုတ်ခံလိုက်ရပြီး ဧရာမကျောက်ဖျာတိုက်ပွဲမြေသို့ နောက်တစ်ဖန်ပြန်လည်ဆင်းသက်လာရသည်။
သူတို့နှစ်ယောက်ကြားတိုက်ပွဲက ရှည်လျားသည်ဟု ထင်ရသည်။
သို့သော်လည်း စောင့်ကြည့်နေသော ကျင့်ကြံသူများစွာအတွက်တော့ အသက်ရှုချိန်အနည်းငယ်မျှသာ ကြာမြင့်လေသည်။
ရုတ်တရက် ယွင်ထင်က ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် ဆူဇီမိုက ဧရာမကျောက်ဖျာတိုက်ပွဲမြေရှိ လေဟာနယ်ထဲကို စိုက်ကြည့်ပြီး သူ၏ အကြည့်က နေရာအနည်းငယ်ဆက်တိုက်ကူးပြောင်းသွားခဲ့သည်။ ရုတ်တရက် သူက သူ၏ မြင်းမြီးကျာပွတ်ကို ဝေ့ယမ်းပြီး ယွင်ထင်ကို လေဟာနယ်ထဲကနေ ရိုက်ချလိုက်သည်။
ယွင်ထင်သည် ကောင်းကောင်းမတ်တတ်မရပ်နိုင်ခင်မှာပင် သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးက လေထဲကနေ ဆင်းသက်လာသည်။
ယွင်ထင်က ခုခံဖို့အတွက် သူ၏ ဓားကို အလောတကြီးပင့်မြှောက်လိုက်ရသည်။
ချွင်...
သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးက လွင့်စင်ထွက်သွားသော်လည်း ယွင်ထင်၏ ခန္ဓာကိုယ်က အနည်းငယ်တုန်ခါသွားသည်။
ဂမ္ဘီရမိုးကောင်းကင်ဓားပေါ်ရှိ မိုးကြိုးစွမ်းအားသည်လည်း သိသိသာသာပျက်ပြယ်သွားပြီးနောက် နောက်တစ်ဖန်ပြန်လည်စုဖွဲ့လာခဲ့သည်။
ဝေါ...
ထို့နောက် ချက်ချင်းပင် ချည်မျှင်သုံးထောင်က ဒေါသူပုန်ထနေသော ဒီရေလှိုင်းများနှင့်အတူ ကြယ်တာရာကောင်းကင်တစ်ခုအဖြစ်ပြောင်းလဲပြီး ယွင်ထင်ကို ဆွဲယူနှစ်မြှုပ်လိုက်၏။
“ပျက်စမ်း”
ယွင်ထင်၏ အသံက ကြယ်တာရာကောင်းကင်ထဲကနေ ထွက်ပေါ်လာ၏။
ထို့နောက်ချက်ချင်းပင် အလွန်တရာထက်ရှသော အလင်းတန်းတစ်ခုက ကောင်းကင်ထက်သို့ တလိပ်လိပ်ထိုးတက်ပြီး ကြယ်တာရာကောင်းကင်ကို နှစ်ပိုင်းထိုးခွဲလိုက်၏။
ယွင်ထင်သည် ပြန်လည်ပေါ်ထွက်လာပြီး သိပ်သည်းပြင်းထန်သောအော်ရာတစ်ခုနှင့်အတူ ကြယ်တာရာကောင်းကင်ပေါ်မှာ မတ်တတ်ရပ်နေသည်။ ထိုစဥ်မှာပင် သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးက နောက်တစ်ဖန်ဖိခြေကျဆင်းလာ၏။
ချွင်...
ဂမ္ဘီရမိုးကောင်းကင်ဓားပေါ်ရှိ မိုးကြိုး၏ ထက်ရှမှုသည် စတင်စုဖွဲ့လာသည့်ခဏမှာပင် ပျက်ပြယ်သွားပြန်သည်။
ယွင်ထင်သည် ပြိုင်ဘက်ကင်းဓားတာအိုကို ပိုင်ဆိုင်ထားလျှင်တောင် သူက အဲဒါကို မထုတ်ဖော်နိုင်တော့ပေ။
သူ့ဓားတာအိုက ထွက်ပေါ်လာသည့်ခဏမှာပင် ၎င်းသည် သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးနှင့် အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်ကြောင့် ကြေမွပျက်ပြယ်သွားရသည်။
“ခေါင်းသုံးလုံးလက်ခြောက်ဖက်”
ထို့နောက်ချက်ချင်းပင် ဆူဇီမိုက အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်သည်။ လက်တစ်ဖက်မှာ အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်၊ အခြားလက်တစ်ဖက်မှာ သုံးပါးရတနာမြင်းမြီးကျာပွတ်နှင့် နောက်ထပ်လက်တစ်ဖက်မှာ အမြီးခုနှစ်ချောင်းဖီးနစ်ငှက်မွေးယပ်တောင်ကို ကိုင်ဆွဲပြီး သူက ယွင်ထင်ရှိရာသို့ ပြေးဝင်သွားလေသည်။
ချွင်... ချွင်... ချွင်...
ဆူဇီမို၏ ခန္ဓာကိုယ်က အဆက်မပြတ်လည်ပတ်နေပြီး အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်၊ သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးနှင့် အမြီးခုနှစ်ချောင်းဖီးနစ်ငှက်မွေးယပ်တောင်တို့က ယွင်ထင်ကို တစ်လှည့်စီ အဆက်မပြတ်တိုက်ခိုက်နေလေသည်။
ထိုမျှသာမက ဆူဇီမို၏ ကျန်ရှိနေသောလက်သုံးဖက်ကလည်း ထိုးချက်များ လက်ဝါးရိုက်ချက်များနှင့် လက်ညှိုးထိုးချက်များအဖြစ် ယွင်ထင်ကို ဆက်လက်တိုက်ခိုက်လာခဲ့သည်။
ယွင်ထင်၏ ဓားတာအိုက အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်နှင့် သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးကြောင့် ကြေမွပျက်ပြယ်သွားခဲ့ပြီဖြစ်သည်။
ယခုအချိန်မှာ သူသည် အမြီးခုနှစ်ချောင်းဖီးနစ်ငှက်မွေးယပ်တောင်နှင့် ဆူဇီမို၏ လက်သုံးဖက်ဖြင့် အနီးကပ်တိုက်ခိုက်မှုကို ရင်ဆိုင်နေရလေသည်။
လက်နှစ်ဖက်က လက်လေးဖက်ကို မယှဥ်နိုင်ဟူသော ဆိုရိုးစကားရှိလေသည်။
ယခုအချိန်မှာ ယွင်ထင်သည် လက်ခြောက်ဖက်ကို ရင်ဆိုင်နေရလေသည်။
ဆက်တိုက်တိုက်ခိုက်မှုများအောက်မှာ ဆူဇီမို၏ လက်သီးများ၊ နတ်ဘုရားလက်နက်များနှင့် ဓမ္မရတနာများသည် သူ၏ မြင်ကွင်းတစ်ခုလုံးကို ပိတ်ဆို့တားဆီးနေသည်။
သူသည် အသက်ပင်ကောင်းကောင်းမရှုနိုင်တော့ပေ။
ယွင်ထင်အတွက်တော့ ခေါင်းသုံးလုံးလက်ခြောက်ဖက်သည် ကျင့်ကြံဖို့မခက်ခဲသော နတ်ဘုရားစွမ်းအားတစ်ခုဖြစ်လေသည်။
သို့သော်လည်း သူသည် ထိုနတ်ဘုရားစွမ်းအားကို အထင်အမြင်သေးပြီး ဘယ်တုန်းကမှ မကျင့်ကြံခဲ့ပေ။
သူ၏ အမြင်မှာ သူ့လက်ထဲရှိဓားသည် သန်မာသောရန်သူများအားလုံးကို ကိုင်တွယ်နိုင်ပြီး သက်ရှိများအားလုံးကို သတ်ဖြတ်ဖို့အတွက် လုံလောက်လေသည်။
သူသည် ယနေ့မှာ ဆူဇီမို၏ လွန်လွန်ကဲကဲ တိုက်ခိုက်သည့်ပုံစံဖြင့် ကြုံတွေ့ရလိမ့်မည်ဟု ထင်မှတ်မထားပေ။
ဆူဇီမိုသည် ထူးခြားသော မည်သည့်လှုပ်ရှားကွက်ကိုမှ လုံးဝအသုံးမပြုပေ။ သူသည် အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်နှင့် သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးနှင့်အတူ ယွင်ထင်ကို ပြင်းထန်ကြမ်းတမ်းစွာ ပစ်ရိုက်နေရုံမျှသာဖြစ်ပြီး ထိုသူက မရှူနိုင်မကယ်နိုင်ဖြစ်လာခဲ့လေသည်။
တစ်ခဏချင်းမှာပင် သူတို့နှစ်ယောက်သည် တိုက်ကွက်ပေါင်းရာချီဖလှယ်ပြီးသွားလေပြီ။ ယွင်ထင်သည် ချွေးများဖြင့်စိုရွှဲ၍ တုန်လှုပ်မှုနှင့် အမျက်ဒေါသနှင့်အတူ ရှုံးနိမ့်ကာ နောက်သို့ ဆုတ်ပေးလာရသည်။
သူသည် ဆူဇီမို၏ ဖိနှိမ်ခြင်းခံနေရပြီး ကျိန်ဆဲဖို့ပင် အခွင့်အရေးမရပေ။
ထိုမြင်ကွင်းသည် ဆူဇီမိုသုံးယောက်က ယွင်ထင်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်နေခြင်းနှင့် တူညီလေသည်။
ယွင်ထင်၏ ဓားနည်းစနစ်က ဘယ်လောက်ပင်သန်မာသည်ဖြစ်စေ သူက အဲဒါကို ခံနိုင်ရည် မရှိတော့ပေ။ ဆူဇီမိုကတော့ သူသည် အတန်ကြာပြီးတာတောင် ယွင်ထင်ကို လှဲချနိုင်ခြင်းမရှိသေးပေ။ ယွင်ထင်က အံကိုကြိတ်၍ တောင့်ခံနေသေးသည်ကို တွေ့မြင်ရသောအခါ သူက ထူးဆန်းသောအပြုံးတစ်ခုနှင့်အတူ လှောင်ပြုံးပြုံးလိုက်လေသည်။
ရုတ်တရက် သူ၏ နှာရောင်ထဲကနေ ကျောက်စိမ်းကျမ်းတစ်ခုက ပစ်လွင့်ထွက်ပေါ်လာသည်။
ထို့နောက် ချက်ချင်းပင် ကျောက်စိမ်းကျမ်းက ဘေးတစ်ဘက်မှာ ပုံရိပ်တစ်ခုအဖြစ် အသွင်ပြောင်းလဲသွားသည်။
ရတနာသူတော်စင်ကျောက်စိမ်း၊ ကမ္ဘာဦးခန္ဓာ။
“ငါ့...ချီးတဲ့မှပဲ”
ယွင်ထင်က သူ၏ မြင်ကွင်းထဲမှာ ထိုသည်ကို တွေ့မြင်သောအခါ ဒေါသထွက်လွန်းသောကြောင့် သတိလစ်တော့မည့်မတတ်ပင်။