အကုန်သေပြီ
Vol. 13 Ch. 185
ချွီဆဲ့နှင့် ၀တ်စုံဖြူ၀တ်အမျိုးသမီးသည် ရှောက်ရွှမ်မည်သည့် မျိုးနွယ်စုမှဖြစ်သည်ကို ခန့်မှန်းနေကြချိန်တွင် ရှောက်ရွှမ်ရှေ့ရှိ လူသုံးယောက်မှာတော့ ကြောက်လန့်လွန်း၍ ကြက်သေသေနေကြရာမှ ပြန်နိုးထလာကြသည်။
သူတို့အဖော်သည် အရှေ့ရှိ ရိုးအပုံပေါ်သော ကောင်လေးဆီမှ လက်သီးတစ်ချက်တည်းနှင့် သေသည်အထိ အထိုးခံလိုက်ရခြင်းသည် သူတို့အား အလွန်ကြောက်လန့်သွားစေခဲ့၏။
လက်သီးတစ်ချက်တည်း! ဓားမပါ အခြားလက်နက်များလည်းမပါ လှည့်ကွက်များလည်းမပါသော ရိုးရှင်းသည့် လက်သီးတစ်ချက်တည်း ဖြစ်သည်။
သူတို့၏ သားကောင်ဟုသတ်မှတ်ထားသော သွေးဆူလွယ်ပုံပေါ်သည့် ကောင်ငယ်လေးသည် သူတို့ဓားပြတိုက်တိုင်း ရှေ့ဆုံးမှအမြဲဦးဆောင်လေ့ရှိသော သူတို့အဖော်ကို လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်သွားခဲ့သည်။
သူတို့အစီအစဉ်မှာ ကျဆုံးသွားချေပြီ။ ထိုကောင်လေးအား သူတို့အထင်သေးမိခဲ့ကြ၏။ ထိုကောင်လေးတွင် ဤမျှကြောက်စရာကောင်းသောခွန်အားမျိုးနှင့် ရက်စက်မှုများ ရှိလိမ့်မည်ဟု သူတို့ဘယ်သူမှ ထင်မထားခဲ့ကြချေ။
ယခုအချိန်တွင် သူတို့မျက်လုံးထဲ၌ ရှောက်ရွှမ်သည် ဘာမှမသိသော လူသစ်ကောင်လေးတစ်ယောက်မဟုတ်တော့ဘဲ သွေးအေးရက်စက်သည့် သားရဲကြီးတစ်ကောင်ကဲ့သို့ မိစ္ဆာတစ်ကောင် ဖြစ်နေလေပြီ။
သူတို့သည် ရဲရင့်သူများဖြစ်ကြပါသော်လည်း သေခြင်းတရားကို မကြောက်ရွံ့သူများတော့ မဟုတ်ကြ
ပေ။
ထိုလူသုံးယောက်လုံးသည် သားရဲများကဲ့သို့ ဟိန်းဟောက်လိုက်ကြပြီး သူတို့ကိုယ်ပေါ်ရှိ နတ်အမှတ်အသားများကို အသက်သွင်းလိုက်ကြသည်။ ထို့နောက် တစ်ချိန်တည်းမှာပင် သားရဲများကဲ့သို့ အရပ်သုံးမျက်နှာခွဲ၍ ထွက်ပြေးကြတော့သည်။
“အခုမှပြေးဖို့ကြိုးစားနေတာလား နောက်ကျလွန်းသွားပြီ”
ရှောက်ရွှမ်၏ နတ်စွမ်းအားများသည် နောက်တစ်ကြိမ်အထွတ်အထိပ်အထိ ပြန်လည်မြင့်တက်သွားပြီး သူ့မျက်လုံးထဲတွင်လည်း တိုက်ခိုက်လိုစိတ်များ ပေါ်ထွက်လာပြီး ယခုအခါ ပေါ်ထွက်လာပုံမှ အရင်တစ်ခါထက်ပင် သန်မာနေသေးသည်။ ထို့နောက် ထွက်ပြေးသွားသော လူသုံးယောက်ထဲမှ တစ်ယောက်ကို သူကြည့်လိုက်ပြီး ပြေးလိုက်သွား၏။ အခြားနှစ်ယောက်ကိုမူ သူဂရုပင်မစိုက်ချေ။
သူ့၀တ်စုံသည် သားရဲသားရေဖြင့် ပြုလုပ်ထားခြင်းဖြစ်သောကြောင့် သူအမြန်ပြေးထွက်သွားသောအခါ လေထုနှင့်ပွတ်တိုက်မှုဖြစ်ပြီး လေတွန်သံများပင် ထွက်ပေါ်လာလေသည်။ သူ့ကိုယ်မှထွက်ပေါ်လာသော ပေါက်ကွဲအားများမှာလည်း အလွန်ပြင်းထန်လှလေရာ သူ့အား ထိုလူသုံးယောက်ပိုလျင်မြန်သွားစေခဲ့၏။ ခပ်ပြင်းပြင်းတိုက်ခတ်လိုက်သော လေကဲ့သို့ပင် သူတခဏအတွင်း ရန်သူအား လိုက်မှီသွားခဲ့သည်။
ထိုလူအားမှီသွားသောအခါ ရှောက်ရွှမ်ထိုလူ့ဆီမှ ဘာတုံ့ပြန်မှုကိုမှစောင့်မနေတော့ဘဲ သူ့လက်မောင်းအားဆန့်ထုတ်လိုက်၏။ ထို့နောက် သူ့လက်သီးကြီးဖြင့် နောက်တစ်ကြိမ်ထိုးနှက်လိုက်လေသည်။
သူ့ရှေ့မှလူသည် ရှောက်ရွှမ်လက်သီးအား သူ့လက်မောင်းဖြင့်ကာရန်ကြိုးစားခဲ့ပါသော်လည်း အသုံးမ၀င်ခဲ့ပေ။ လက်သီး သူ့လက်မောင်းအားထိ
သွားသောအခါ သူ့လက်မောင်းရိုးများ ကျိုးကြေသွားပြီး လက်သီးသည် သူ့ရင်ဘတ်ဆီသို့သာ ဦးတည်သွား၏။
ဘုန်းးး!
ဒုတိယလူမှာလည်း ပထမလူကဲ့သို့ပင် ဘာမှတုံ့ပြန်ချိန်မရလိုက်ပါဘဲ လက်သီးတစ်ချက်တည်းနှင့်ပင် သေသည်အထိ ထိုးနှက်ခံလိုက်ရလေတော့သည်။
ရန်သူနှစ်ယောက်အားသတ်ပြီးသွားသော်လည်း ရှောက်ရွှမ်မရပ်နားခဲ့ပေ။ တတိယလူနောက်သို့ ဆက်လိုက်သွားရင်း မြေပြင်ပေါ်မှ ကျောက်တုံးလေးတစ်တုံးကို ကန်ထုတ်လိုက်၏။ ထိုအခါ သေနတ်ပြောင်း၀မှ ထွက်လာသောကျည်ဆန်တစ်စင်းကဲ့သို့ပင် ထိုကျောက်တုံးသည် တတိယလူဆီသို့ ဝဲပျံသွားလေသည်။
ဖုတ်!
ကျောက်တုံးသည် တတိယလူ၏ ပေါင်အားထိမှန်သွားသော်လည်း ဖောက်ထွက်သွားခြင်းမျိုးတော့မရှိပေ။ ဤအရာအားကြည့်ခြင်းအားဖြင့် ထိုလူ၏ ခန္ဓာကိုယ်မည်မျှသန်မာသည်ကို သိနိုင်ပေသည်။
ထိုလူသည် နာကျင်မှုကြောင့် တခဏရပ်တန့်သွားပါသော်လည်း နာကျင်မှုကို အောင့်ခံထားလိုက်ပြီး ရှောက်ရွှမ်လက်မှ လွတ်မြောက်ေစရန် ဆက်ပြေးသွားခဲ့၏။
ယခုအချိန်တွင် သူအလွန်နောင်တရနေလေပြီ။ သူတို့ဘာလို့ ထိုကဲ့သို့ သားကောင်မျိုးကို ရွေးချယ်ခဲ့မိပါသနည်း။ ထိုသားကောင်သည် မုဆိုးအဖြစ်ပြောင်းလဲသွားသောအခါ သူတို့လေးယောက်သည် ထောင်ခြောက်ထဲမှ သားကောင်များကဲ့သို့ ပြန်ပြေးနေရ၏။ ယခုအခါ ရှောက်ရွှမ်သည် အစကတည်းကပင် သူတို့အား ကြောက်ရွံ့ခြင်းလုံး၀မရှိခဲ့သည်ကို သူနားလည်သွားခဲ့ချေပြီ။
ထိုကောင်လေးသည် သူတို့ ကျောက်စိမ်းလဲလှယ်မည်ဟု လိမ်ညာ၍ ခေါ်လာကတည်းကပင် သူတို့အကြံအစည်အား ရိပ်မိနေခဲ့ပုံ ပေါ်သည်။ ထိုအချိန်ကတည်းက သူမသိချင်ယောင်ဆောင်နေခဲ့ခြင်းသာ ဖြစ်ရပေလိမ့်မည်။ မဟုတ်လျှင် သူဘာကြောင့်သူ့အဖွဲ့ကို သူနှင့်အတူလိုက်ခဲ့ဖို့ မခေါ်ခဲ့ဘဲ အနီးအနား၌သာ စောင့်နေဖို့ ပြောခဲ့ရပါသနည်း။
ထိုလူငယ်လေးသည် အစကတည်းကပင် သူတို့လေးယောက်လုံးနှင့် ရင်ဆိုင်နိုင်သည်ဟု ယုံကြည်ချက်ရှိနေခဲ့ခြင်းပင် ဖြစ်ရမည်။ ထို့ကြောင့်ပင် ဤကဲ့သို့ လူပြတ်သောနေရာကိုပင် လိုက်လာခဲ့ပုံပေါ်၏။ သူတို့လေးယောက်သည် ထိုကောင်လေးအား အရူးတစ်ယောက်ဟု ထင်ခဲ့မိခြင်းမှာ အလွန်ပင် ရှက်စရာကောင်းလှပေသည်။
ရှောက်ရွှမ်မြန်သည်ကို သူသိပါသော်လည်း သူရှောက်ရွှမ်အား အထင်သေးနေဆဲ ဖြစ်၏။
သူတောထဲမှ ထွက်သွားနိုင်တော့မည့်အချိန်တွင် တောင်ပေါ်မှ သားရဲတစ်ကောင် သားကောင်အားခုန်အုပ်လိုက်သကဲ့သို့ သူခုန်အုပ်ခံလိုက်ရလေသည်။
ဘုန်းး!
ခြေထောက်ရှိ ဒဏ်ရာနှင့်လူ လေထဲတွင် သုံးလေးပတ်ဂျွမ်းပြန်သွားပြီးမှ မြေပြင်ပေါ်သို့ ပြန်ကျသွားခဲ့၏။
“မ မ မသတ်ပါနဲ့ ငါ့ ငါ့ မှာ ရတနာတွေ အများကြီးရှိတယ် မန် မန် မျိုးနွယ်စုက ကျောက် စိမ်း တွေ ပြီးတော့ ခြေလက်ရှစ်ဖက်မျိုးနွယ်စုက ပိုး ပိုး ပိုးချည်တွေရော မင်း မင်းသာ ငါ့အသက်ကို ချမ်းသာပေးရင် မင်းကိုငါ ဝှက်ထားတဲ့ ကျောက်စိမ်းတွေဆီ ခေါ်သွားပေးမယ် ကျောက်စိမ်းတွေ အ အ အများကြီး ရှိတယ်….”
ရှောက်ရွှမ်အား လိမ်ခေါ်ခဲ့သောလူမှာ မြေပြင်ပေါ်တွင် လဲကျနေလေပြီ။ သွေးများလည်း အန်နေရပြီး သူ့နှုတ်ခမ်းထောင့်တွင်လည်း သွေးစီးကြောင်းတစ်ခုရှိနေလေရာ စကားကိုပင် ခက်ခက်ခဲခဲပြောနေရသည်။ ခက်ခက်ခဲခဲပြောပြီးသည့်နောက် သူ့မျက်လုံးများသည် သူ့နောက်ဆုံးအဖော်ပြေးသွားသည့်ဘက်သို့ လှမ်းကြည့်မိလိုက်၏။ ထိုကောင်သည် အောင်အောင်မြင်မြင် လွတ်မြောက်သွားသည့်ပုံ ပေါ်ပေသည်။
ရှောက်ရွှမ်လည်း ထိုလူကြည့်ေနသည့်သူ့အေဖာ်လွတ်ေမြာက်သွားသည့်ဘက်သို့ လှည့်ကြည့်လိုက်၏။
သို့သော် ရှောက်ရွှမ်လှည့်ကြည့်လိုက်သောအခိုက်တွင် မြေပြင်ပေါ်ရှိလဲကျနေသောသူသည် သူ့ခါးမှ အရိုးဓားတစ်ချောင်းကို အသံတိတ်ထုတ်ယူကာ သတိလွတ်နေဟန်ရသော ရှောက်ရွှမ်နောက်ကျောကို
ထိုးချလိုက်လေသည်။
ထိုဓားချက်ကို ရှောင်ရန်မှာမူ ရှောက်ရွှမ် နောက်ကျော၌ မျက်လုံးများပါမှသာ ဖြစ်နိုင်ပေလိမ့်မည်။
ထိုအခိုက်တွင် သူလက်မောင်းများ ထုံကျင်သွားသည်ကိုခံစားလိုက်ရပြီး လက်ထဲရှိ အရိုးဓားမှာလည်း မြေပြင်ပေါ်သို့ လွတ်ကျသွားခဲ့၏။
ဖူးး!
ခပ်သွယ်သွယ်နှင့် ရှည်လျားသော အရိုးဓားတစ်ချောင်းသည် သူ့ခန္ဓာကိုယ်အား ဖောက်ထွင်းသွားလေသည်။
“အာ…..”
သူ့လည်ချောင်းမှ ဘာမှန်းမသိသော အသံတစ်သံထွက်ပေါ်လာပြီး သူ့မျက်လုံးမှာမှာလည်း ရှောက်ရွှမ်အား မယုံကြည်နိုင်သည့်ပုံဖြင့်ကြည့်နေကာ မြေပေါ်သို့ ဒူးထောက်ကျသွားလေတော့သည်။
သူ့ရှေ့ရှိ လူအား ကြည့်နေရင်း ရှောက်ရွှမ် သူ့ခြေထောက်အားမြှောက်လိုက်ကာ ဆောင့်နင်းချလိုက်၏။
ဘုန်းးး!
အောက်ရှိေမြပြင်သည် ရှောက်ရွှမ် ခြေဖဝါးအား ဗဟိုပြု၍ အချင်း ၂ မီတာခန့်ရှ်ိပြီး ဒက်စီမီတာအနည်းငယ်နက်သော ကျင်းတစ်ကျင်း ဖြစ်ပေါ်သွားလေသည်။
ခြုံနောက်တွင် ရပ်ကြည့်နေရင်း ချွီဆဲ့နှင့် ၀တ်စုံဖြူ၀တ်အမျိုးသမီးတို့မှာလည်း ထိုနေရာမှလာသော မြေငလျင်လှိုင်းကြောင့် အကြီးအကျယ် ထိတ်လန့်သွားကြပြီး ၀တ်စုံဖြူ၀တ်အမျိုးသမီးလက်ထဲရှိ ပင့်ကူဖြူလေးမှာမူ အမွှေးများထောင်ထနေကြကာ တုန်ရီနေ၏။
ချွီဆဲ့အား လမ်းပြခေါ်ဆောင်လာခဲ့သော ငှက်စိမ်းလေးမှာလည်း သတိအနေအထားဖြင့် ချွီဆဲ့အနားတိုးကပ်လာပြီး ကောင်းကင်ပေါ်တစ်နေရာသို့ စိုက်ကြည့်နေလေသည်။
ခြေဆောင့်ချပြီးသည့်နောက် ရှောက်ရွှမ် သူ့ရှေ့ရှိ ဒူးထောက်ကျနေသောသူကို ဂရုမစိုက်တော့ဘဲ ထွက်ပြေးသွားသော စတုတ္ထမြောက်လူဘက်သို့သာ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်၏။ သူ့ပုံစံသည် ထိုလူ့အား လိုက်ဖမ်းနေသည့်ပုံပင် မပေါ်ချေ။
ရှောက်ရွှမ်နောက်တွင်မူ ခန္ဓာကိုယ်ပေါ်တွင် အပေါက်
ကြီးတစ်ခုဖြစ်နေပြီး သွေးများလည်းတရဟောစီးကျနေသောသူမှာ ဒူးလောက်လျှက်ပင် ကျန်ခဲ့လေသည်။
ရှောက်ရွှမ် ပြသခဲ့သော ကြမ်းတမ်းပြီး သန်မာသော အပြုအမူများကို မြင်လိုက်သောအခါ ချွီဆဲ့သူ့ကိုယ်သူ မျက်ကန်းတစ်ယောက်ဟု ခံစားလိုက်ရသည်။ ထိုလူငယ်လေးအကြောင်း ဘာမှသိမထားဘဲ သူဘာလို့ထိုလူငယ်အား ငတုံးတစ်ကောင်ဟု သတ်မှတ်ခဲ့ပါသနည်း။ အမှန်တကယ်တွင် ထိုလူငယ်၏ သန်မာမှုကို သတိမပြုမိခဲ့သော သူသည်သာ အရူးတစ်ယောက် ဖြစ်ပေသည်။
ရှောက်ရွှမ်အား ဝိုင်းထားခဲ့သော လူလေးယောက်တွင် သုံးယောက်မှာ ရှောက်ရွှမ်လက်ဖြင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီးဖြစ်ပြီး နောက်ဆုံးတစ်ယောက်ကိုတော့ လိုက်ဖမ်းနိုင်တော့မည့်ပုံ မပေါ်ချေ။ ထိုသို့ဆိုလျှင် သူအဘယ်ကြောင့် ထိုလူ့ဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားနေပါသနည်း။
ထိုသို့ တွေးနေမိရင်း သူ့လက်မောင်းထဲမှ ငှက်စိမ်းလေး တချက်ထခုန်လိုက်သည်ကို ချွီဆဲ့ မြင်လိုက်ရသည်။
“ဘာဖြစ်လို့လဲ”
ချွီဆဲ့ စိတ်ရှုပ်သွား၏။
ငှက်စိမ်းလေးမှာ သူ့လက်မောင်းထဲတွင် ပုန်းနေရင်း ကောင်းကင်တစ်နေရာသို့ ကြည့်နေကော အတော်လေးကြောက်လန့်နေပုံ ပေါ်နေသည်။
“ကောင်းကင်လား”
ချွီဆဲ့ ခေါင်းမော့ကာ ကောင်းကင်ပေါ် မော့ကြည့်လိုက်၏။ ထိုအခါ လင်းယုန်ငှက်ကြီးတစ်ကောင်
သည် လူတစ်ယောက်အားချီကာ လူငယ်လေးဆီသို့ ပျံသန်းလာနေသည်ကို မြင်လိုက်ရသည်။
ဘုန်းး!
လင်းယုန်ငှက်ကြီးသည် သူချီလာသော လူကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး ထိုလူသေသည်ရှင်သည်ကိုတော့ မသိရသေးပေ။ သို့သော် ထိုလူ့အခန္ဓာကိုယ်အား မြင်လိုက်ရသောအခါ တစ်စစီစုတ်ဖြဲခံထားရသည်ကို တွေ့လိုက်ရသောကြောင့် သေဆုံးသွားပြီးဖြစ်သည်မှာ သေချာပေသည်။
လူလေးယောက်သည် ထိုမျှအချိန်တိုလေးအတွင်း အကုန်အသတ်ခံခဲ့ရ၏။
ဤနေရာတွင် သန်မာသည့်လူကသာ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သည်။ ထိုသို့သော သန်မာသည့်သူများမှာလည်း သူတို့ခွန်အားကို လူအများ
ရှေ့၌ ထုတ်ဖော်ပြသလိုသူများ မဟုတ်ကြပေ။
ဤလူငယ်လေးသည် မည်သူဖြစ်သနည်း။ သူသည် မည်သည့်မျိုးနွယ်စုမှ လာသူဖြစ်သနည်း။
ချွီဆဲ့နှင့် ၀တ်စုံဖြူ၀တ်အမျိုးသမီး တို့စိတ်ထဲတွင် ထိုလူငယ်လေးအကြောင်း သူတို့ပြန်ရောက်သောအခါ တစ်ယောက်ယောက်အား စုံစမ်းမေးမြန်းသင့်သည်ဟု တွေးထားလိုက်ကြသည်။