ဝိုင်း၀န်းခြင်းနှင့် အမြစ်ပြတ်သုတ်သင်ခြင်း
Vol. 13 Ch. 186
ထိုဓားပြ ကျောက်စိမ်းကုန်သည်ယောင်ဆောင်၍ ရှောက်ရွှမ်အား မျှားခေါ်လာသော အချိန်နှင့် ရှောက်ရွှမ်ထိုဓားပြလေးယောက်လုံးအား သတ်ပစ်လိုက်သည့် အချိန်သည် ထိုမျှကြာသွားခြင်းမဟုတ်ဘဲ အချိန်ခဏလေးအတွင်း ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။
ရှောက်ရွှမ်အလောင်းလေးလောင်းအား ကောက်ရိုးကြိုးဖြင့် ချည်လိုက်၏။ ယခုအချိန်တွင် သူတို့နား၌ မည်သူမှမရှိသော်လည်း တိုက်ခိုက်သံများကိုကြား၍ လူများရောက်လာနိုင်ပေသည်။ ဤလူလေးယောက်၌ အခြားအဖော်များလည်း ရှ်ိနေနိုင်သေး၏။ ထို့ကြောင့် ရှောက်ရွှမ် ဤနေရာ၌ ကြာကြာနေလိုခြင်း မရှိပေ။
ရှောက်ရွှမ်အလောင်းလေးခုအား ချည်နှောင်နေ
သည့် အချိန်တွင် သူ့ဘေးရှိ ချာချာမှာတော့ဘာမှလုပ်မနေဘဲ ဘေးပတ်၀န်းကျင်ကိုသာ လှည့်ပတ်ကြည့်ရှုနေလေသည်။ ထိုသို့ကြည့်နေရင်း သူသည် ခြုံပုတ်တစ်ခုကိုလည်း မကြာခဏဆိုသလို ပြန်ပြန်ကြည့်နေခဲ့၏။ ထို့နောက် သူသည် သူ့ဘေးရှိ ဒဏ်ရာရကာ မြေပြင်ပေါ်တွင်တွန့်လိမ်နေသည့် ပျားလေးကို ကြည့်လိုက်သည်။
ထိုပျားသည် ဓားပြများမွေးမြူထားသည့် ရတနာမုဆိုးပျားလေးဖြစ်၏။ သူ့ပိုင်ရှင်အား ရှောက်ရွှမ်သတ်ပစ်လိုက်သောအခါ ထိုပျားသည် တိုက်ပွဲမှထွက်ပေါ်လာသော လေဖိအားကိုခံလိုက်ရပြီး နာကျင်သွားကာ မြေပြင်ပေါ်ပြုတ်ကျသွားပြီး သူမည်မျှကြိုးစားနေစေကာမူ သူ့အတောင်များသည် ပျံသန်းနိုင်ခြင်းမရှိတော့ဘဲ မြေပြင်ပေါ်တွင်သာ စက်ဝိုင်းပုံသဏ္ဍာန်တဝီဝီမြည်၍ လည်ပတ်နေလေသည်။
ချာချာ ထိုပျားအားစက္ကန့်အနည်းငယ်စိုက်ကြည့်နေရင်း နှုတ်သီးဖြင့်ထိုးကာ စားပစ်လိုက်၏။
“ဒီကိုလာ ချာချာ အရင်ဆုံး ဒီကောင်တွေကို မြေမြှုပ်ပစ်ဖို့နေရာအရင်ရှာရမယ်” ရှောက်ရွှမ်ပြောလိုက်ရင်း ချာချာ့ကျောပေါ်ခုန်တက်လိုက်သည်။
ချာချာမှာလည်း သူ့အတောင်များအားဖြန့်ကာ သူ့လက်သည်းတွင် ကောက်ရိုးကြိုးဖြင့်ချည်ထားသော အေလာင်းေလးေလာင်းကို ကုတ်ချီထားရင်း စတင်ပျံသန်းလေတော့၏။ ထိုလူလေးယောက်သည် အတော်လေးလေးလံပါသော်လည်း ခရီးရှည်ကြီးတစ်ခုသွားရမည်မဟုတ်ပါက ချာချာ့အတွက် ထိုမျှလောက်လေးလံမှုမှာ ပြဿနာမဟုတ်ပေ။
ထိုနေရာမှ မထွက်ခွာခင်တွင် ရှောက်ရွှမ် ခြုံပုတ်တစ်ခု၏ နောက်အား တစ်ချက်လှည့်ကြည့်ခဲ့လိုက်သေးသည်။
ထိုခြုံပုတ်နောက်တွင် တစ်ယောက်ယောက်
ပုန်းအောင်းနေသည်ကို သူသိ၏။ ဂူထဲတွင် သူမြင်ခဲ့သော လူငယ်လေးမှာလည်း ထိုခြုံပုတ်နောက်တွင် ရှ်ိနေပေသည်။ ထို့ကြောင့်ပင် ဓားပြလေးယောက်အား သူကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်ပြခဲ့ခြင်း ဖြစ်၏။ ထိုသို့ကိုင်တွယ်ပုံသည် ဦးလေးမိုင်နှင့် အခြားသူများကြမ်းကြုတ်သော သားရဲကြီးများအား အမဲလိုက်သောအခါ အသုံးပြုသည့်နည်းပင် ဖြစ်သည်။ ဥပမာအားဖြင့် တစ်ခါကဦးလေးမိုင်သည် တော၀က်သိုးကြီးတစ်ကောင်အား သူ့လက်သီးသက်သက်ကိုသုံး၍ ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူး၏။
မီးတောက်ဦးချိုမျိုးနွယ်စုသည် များသောအားဖြင့် ထိုသို့သော အပြုအမူနှင့် ကြောက်မက်ဖွယ်ခွန်အားကို အသုံးပြုလေ့ရှိကြသည်။ ထို့ကြောင့်ပင် ရှောက်ရွှမ် အခြားလူများအား ခြောက်လှန့်ရန် လိုအပ်သောအချိန်တွင် မီးတောက်ဦးချိုမျိုးနွယ်စု၀င်ပီပီ ဤသို့သော အပြုအမူနှင့် ခွန်အားမျိုးကို အသုံးပြုဖို့ လိုပေသည်။ ထို့အပြင် သူ့ခွန်အားအား ပိုမိုထင်ရှားစေရန် သူကျောက်ဓားကိုပင် အသုံးမပြုခဲ့ဘဲ လက်သီးကိုသာ အသုံးပြုခဲ့၏။ ဤနည်းလမ်းဖြင့်သာ သူသည် ဤနေရာရှိလူများအား ခြောက်လှန့်နိုင်ပေလိမ့်မည်။
ဤနေရာ၌ ခွန်အားသည် အရာရာမဟုတ်ပါလား။
ရှောက်ရွှမ်နှင့် ချာချာထွက်သွားပြီးသည့်နောက် ခြုံပုတ်နောက်မှ ချွီစဲ့နှင့် ၀တ်စုံဖြူ၀တ်အမျိုးသမီးထွက်လာပြီး တိုက်ပွဲဖြစ်ခဲ့သော နေရာသို့သွားကာ အသေးစိတ်ကြည့်ရှုလိုက်ကြသည်။
“အတော်လေး စွမ်အားကြီးတဲ့ခွန်အားမျိုးပဲ” ထိုသို့သော အပြုအမူနှင့်စွမ်းအားသည် အတော်လေးအရိုင်းဆန်ပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုလွန်ကဲနေသည့် ပုံစံမျိုးဟု သတ်မှတ်နိုင်ပေသည်။ သို့သော် ထိုသို့သော ဟန်ပန်မျိုးရှိတတ်သည့် မျိုးနွယ်စုမျိုးကိုတော့ ချွီဆဲ့ စဉ်းစား၍ မရပေ။
အချို့မျိုးနွယ်စုများသည် သူတို့ရန်သူများကို အဆုံးစွန်သောစွမ်းအားဖြင့် ဖိနှိပ်တတ်ခြင်းများ ရှိတတ်ပါသော်လည်း ယခုကဲ့သို့ ပြုလုပ်ခြင်းမျိုးတော့ မရှိတတ်ကြပေ။ ထို့အပြင် ထိုကောင်လေးမှာလည်း အလွန်ငယ်ရွယ်သော ကောင်လေးတစ်
ယောက်သာ ဖြစ်နေသည်။
ရှောက်ရွှမ်နှင့် ချာချာသည် အလောင်းလေးလောင်းအား မုန့်မျိုးနွယ်စုနှင့်ရော ခြေလက်ရှစ်ဖက်မျိုးနွယ်စုနှင့်ရော မသက်ဆိုင်သည့် တောအုပ်တစ်ခုအတွင်းသို့ လွှင့်ပစ်ခဲ့ကြ၏။ ထိုတောအုပ်ထဲတွင် သားရဲများလည်း အများအပြားရှိလေရာ အလောင်းလေးလောင်းလုံး၀ပျောက်ကွယ်သွားဖို့ ဘာမှကြာလိုက်မည် မဟုတ်ချေ။
ထိုအလောင်းလေးလောင်းကိုယ်ပေါ်မှ ပစ္စည်းများကိုတော့ ရှောက်ရွှမ်ဖြုတ်ယူထားလိုက်ပြီ ဖြစ်ပြီး ကျောက်စိမ်းအပိုင်းအစအချို့ နှင့် အရည်အသွေးကောင်းသော တိရစ္ဆာန်သားရေအချို့ကို ရရှိခဲ့၏။
ရှောက်ရွှမ် သူ့ကိုယ်ပေါ်ရှ်ိ သွေးများကို သန့်ရှင်းရေးလုပ်လိုက်ပြီး ကျောက်စိမ်းနှင့် သားရေပြားများကိုအိတ်ထဲထည့်ကာ ကိုယ်ပေါ်ရှိ သွေးနံ့ပျောက်ရန်နှင့် စိတ်ငြိမ်သွားစေရန် မျိုးနွယ်စုထဲတွင် အမဲလိုက်ပြန်လာသောအခါ ဓားအာ းသန့်စင်သကဲ့သို့ သူ့
ကိုယ်သူအနည်းငယ် ထိန်းညှိလိုက်သည်။
တခဏအကြာတွင် ရှောက်ရွှမ်မျက်လုံးပြန်ဖွင့်လိုက်သောအခါ သူသည်အရင်ကအတိုင်းပင် သွေးဆူလွယ်သော ခပ်ရိုးရိုးကောင်လေးတစ်ယောက်အသွင်ပြန်ဖြစ်သွားပြီး
လူလေးယောက်အား သူသတ်ခဲ့သည်ဟုပြောလျှင်ပင် မည်သူမှ ယုံတော့မည် မဟုတ်ပေ။
ထို့နောက် ချာချာ ခေါင်းအားပွတ်လိုက်ရင်း ရှောက်ရွှမ်ပြောလိုက်သည်။
“ပြန်သွားကြတာပေါ့ကွာ”
ယွီနှင့်အခြားလူများသည် ဈေးထဲတွင် လှည့်ပတ်ကြည့်ရှုနေရင်း သူတို့လဲလှယ်လိုသော ကုန်ပစ္စည်းများအား လဲလှယ်နေကြသည်။ သူတို့လဲလှယ်လို့ပြီး
ခါနီးတွင် ရှောက်ရွှမ်သူတို့ဆီ ပြန်လာနေသည်အား မြင်လိုက်ကြရ၏။
ရှောက်ရွှမ်ကိုယ်ပေါ်တွင် မည်သည့်ဒဏ်ရာမှ မမြင်မိလေရာ လဲလှယ်သည့်ကိစ္စ မည်သို့ဖြစ်သွားသည်ကို သူတို့သိချင်သွားကြသည်။
“ဘယ်လိုနေလဲ ရှောက်ရွှမ်”
ရှောက်ရွှမ် ဥတစ်လုံးအရွယ်ကျောက်စိမ်းအား လေပေါ်တွင် မြှောက်ပြလိုက်ပြီး ပြောလိုက်၏။
“ပြီးသွားပြီ”
“ဟေး ကျွန်တော့်ကိုပြဦး မုန့်မျိုးနွယ်စုက ကျောက်စိမ်းနဲ့ ကူမျိုးနွယ်စုက ရေလကျောက်တုံးဘာကွာလဲ သိချင်သေးတယ်” ယွီပြောလိုက်သည်။
ရှောက်ရွှမ်လည်း ဓားပြလေးယောက်ဆီမှရလာသော ကျောက်စိမ်းများထဲမှ တစ်ခုကို ထုတ်ပေးလိုက်၏။ ထိုကျောက်စိမ်းထဲတွင် စွမ်းအင်အနည်းငယ်သာပါရှိသော်လည်း ထိလိုက်ရုံနှင့်ပင် စိတ်အားအတော်လေး တည်ငြိမ်သွားစေသည်။
အချိန်ပြည့်သွားသောအခါ ရှောက်ရွှမ်အခြားလူများနှင့်အတူ ဂူဆီသို့ပြန်ခဲ့ပြီး ကုန်သွယ်ရန်အလှည့်ကျသော နောက်အဖွဲ့မှာ ဈေးထဲသို့ ထွက်ခွာသွားလေသည်။ ထိုထွက်ခွာသွားသောအဖွဲ့တွင် ရှောက်ရွှမ်နှင့် ရင်းနှီးသောသူတစ်ယောက်မှမပါလေရာ အကယ်၍ ချွီဆဲ့ထိုလူများထံမှ စုံစမ်းလျှင်ပင် ရှောက်ရွှမ်အကြောင်းဘာမှ သိရလိမ့်မည် မဟုတ်ပေ။
နှစ်ရက်ကြာပြီးသည့်နောက် ခရီးသွားအဖွဲ့သည် ပြန်လည်ထွက်ခွာရန် စတင်ပြင်ဆင်ခဲ့ကြသည်။ ဤနေ့သည် ဈေးထဲတွင် သူတို့ကုန်သွယ်ရမည့် နောက်ဆုံးနေ့ဖြစ်လေရာ ကုန်သွယ်လိုသေးသည့်လူ
များမှာလည်း အလျင်အမြန်ပင် လဲလှယ်နေကြ၏။ ဤနေရာမှ ထွက်ခွာသွားပြီးလျှင် ပြန်လာရန်မှာ နောက်နှစ်မှသာ ဖြစ်နိုင်တော့မည် မဟုတ်ပါလား။
ရှောက်ရွှမ်လည်း အဖိုးကြီးတစ်ယောက်၏ ဝိုင်ရောင်းသည့်ဆိုင်သို့သွားကာ ဝါးဝိုင်တစ်ချို့ လဲလှယ်ခဲ့၏။ သူထိုဝိုင်အား စမ်းသောက်ကြည့်ခဲ့သည်။ ဝိုင်ထဲတွင် အယ်ကိုဟောပမာဏအနည်းငယ်သာပါပြီး သောက်လိုက်သည့်အခါ လန်းဆန်းသွားစေသောခံစားချက်ကိုပေးပြီး ဆေးဖက်၀င်အရည်တစ်မျိုးနှင့်ပင် ပိုတူ၏။ ဝိုင်အား ဝါးကျည်တောက်ထဲသို့ထည့်ထားလေရာ ဝါးနံ့သင်းသင်းလေးကိုလည်း ရနေလေသည်။ သို့သော်လည်း ထိုဝိုင်သည် မြစ်တစ်ဖက်ကမ်းရှိ အစိမ်းရောင်နယ်မြေအတွင်းက အချို့အပင်များမှရသော ဖျော်ရည်မျိုးနှင့်တော့ ယှဉ်နိုင်ခြင်းမရှ်ိသေးပေ။
ဝိုင်သောက်နေစဉ်အတွင်း ရှောက်ရွှမ်ဆိုင်ရှင်အဖိုးအား အကြံတစ်ချို့လည်း ပေးခဲ့၏။ အရင်ဘ၀ကသူသည် ခြံတစ်ခုထဲတွင် စပျစ်သီးများစိုက်ကာ
ကိုယ်ပိုင်ဝိုင်ချက်ခဲ့ဖူးလေရာ ထိုအတွေ့အကြုံများအား အဖိုးကြီးကို မျှဝေနေခဲ့ခြင်း ဖြစ်သည်။
အဖိုးအိုသည် မုန့်မျိုးနွယ်စုမှပင်ဖြစ်ပြီး သူ့ခါး၌ ကျောက်စိမ်းပြားတစ်ခု ချိတ်ဆွဲထား၏။ သို့သော် ကျောက်စိမ်းပြား၏ အရွယ်အစားမှာတော့ ချွီဆဲ့၏ကျောက်စိမ်းပြားလောက် မကြီးလေရာ မုန့်မျိုးနွယ်စုတွင် အရေးပါသောလူမျိုးတော့ မဟုတ်တန်ရာပေ။ သို့သော်လည်း ဈေးထဲရှိမည်သည့်လူရမ်းကားမှ ထိုမုန့်မျိုးနွယ်စုမှ အဖိုးအိုအား ရန်မစရဲကြပေ။
အဖိုးအို၏ သွင်ပြင်သည် အတော်လေးမာနကြီးသည့်ပုံပေါက်သော်လည်း ရှောက်ရွှမ်နှင့်ဝိုင်အကြောင်းဆွေးနွေးသောအခါတွင်မူ အတော်လေးဧည့်၀တ်ကြေနေဟန် ပေါက်နေလေသည်။ အဖိုးအိုသည် သူ့တစ်ဘ၀လုံးအား ဝိုင်ချက်လုပ်ခြင်းပေါ်တွင် မြုပ်နှံထားခြင်းဖြစ်ပြီး ယခုကဲ့သို့ သူအကြိုက်ဆုံးအရာကိုပြောနေရသောအခါ ယခင်ကကဲ့သို့တင်းမာနေသော အပြုအမူမျိုးမရှိတော့ဘဲ ရှောက်ရွှမ်သောက်ဖို့ ဝိုင်များပင် ထပ်ယူလာပေးနေတော့သည်။
သူတို့စကားပြောနေစဉ်အတွင်း သူတို့၏ ယာယီတဲလေးရှေ့တွင် လူတစ်ယောက်ရောက်လာပြီး လှမ်းခေါ်လိုက်ဧ်။။
“ဟေး မင်း”
အဖိုးအိုသည် သူတို့စကားဝိုင်းအား နှောက်ယှက်ခံလိုက်ရသောကြောင့် အတော်လေးစိတ်တိုသွားလေသည်။ ထိုနှောင့်ယှက်သောသူများ ပြန်ပြောရန် သူဒေါသတကြီးထလိုက်ပါသော်လည်း ထိုလူ့ခါးရှိ ကျောက်စိမ်းပြားအား မြင်လိုက်သောအခါ ဒေါသထွက်နေသောသူ့မျက်နှာပေါ်တွင် အပြုံးလေးတစ်ခုကိုသာ အစားထိုးလိုက်၏။
သို့သော် ထိုလူသည်အဖိုးအိုအား လစ်လျူရှူလိုက်ပြီး ရှောက်ရွှမ်ကိုပဲ ထပ်ပြောလိုက်သည်။ “ဟေး မင်းဒီကိုလာ ငါမင်းကိုပြောစရာရှိတယ်”
ရှောက်ရွှမ်သူ့အား ဂရုပင်မစိုက်ခဲ့ဘဲ သောက်လက်စဝါးကျည်တောက်ထဲမှ ဝိုင်ကိုသာ ဆက်သောက်နေခဲ့၏။
ရှောက်ရွှမ်အပြုအမူအား မြင်လိုက်သောအခါ ချွီစဲ့ထိုအကောင်ကို ကျိန်ဆဲချင်မိသွားသည်။ သို့သော် အနည်းငယ်တွေးပြီးသည့်နောက် သူသာရှောက်ရွှမ်အနား လျှောက်လာလိုက်ပြီး ဘေးရှိအဖိုးအို လက်ကာပြလိုက်သည်။
အဖိုးအိုသည် ခပ်ပြုံးပြုံးနှင့်ပင် သူတို့နှင့်အတော်လေးလှမ်းသော နေရာသို့ ဆုတ်ခွာသွား၏။
အနားတွင် အဖိုးအိုမရှိတော့သောအခါ ချွီဆဲ့ သူ့အသံအားနှိမ့်လိုက်ပြီး ပြောလိုက်သည်။ “မင်းကိုဒီနေ့ ဓားပြတိုက်ဖို့ကြိုးစားခဲ့တဲ့ကောင်တွေရဲ့ အဖော်တွေရဲ့ အဆုံးသတ်ကို မင်းကြည့်ချင်လား”
အနည်းငယ်စဉ်းစားပြီးသည့်နောက် ရှောက်ရွှမ် ထရပ်လိုက်ကာ “ဘယ်မှာကြည့်ရမှာလဲ”
ရှောက်ရွှမ်ထိုဓားပြများအကြောင်း ထိုမျှစိတ်၀င်စားခြင်း မရှ်ိခဲ့ပေ။ သူမြင်ချင်သည်မှာ မုန့်မျိုးနွယ်စုသည် ထိုဓားပြများအား မည်သို့ကိုင်တွယ်မည်ကို သိလိုခြင်းဖြစ်သည်။ မုန့်မျိုးနွယ်စု၀င်များသည် မည်မျှအစွမ်းထက်ပါသနည်း။
ယွီနှင့်အခြားသူများအား ပြောပြီးသည့်နောက် ရှောက်ရွှမ် ချွီဆဲ့နှင့်အတူ ဈေးနှင့်အတော်လေးလှမ်းသော တောင်တစ်လုံးဆီသို့ ထွက်ခွာလာခဲ့သည်။
ထိုတောင်သည် မုန့်မျိုးနွယ်စု၏နယ်မြေထဲတွင် မဟုတ်သလို ခြေလက်ရှစ်ဖက်မျိုးနွယ်စု၏နယ်မြေထဲတွင်လည်း မဟုတ်ချေ။
တောင်၏တစ်နေရာတွင် တစ်ဒါဇင်ခန့်ရှိသောလူများမှာ သစ်သားအိမ်တစ်လုံးထဲတွင် စုဝေးနေကြ၏။ ထိုလူအုပ်၏ ခေါင်းဆောင်သည် အတော်လေးကြီးမားသောခန္ဓာကိုယ်ရှိပြီး ကောက်ကွေးနေသော ပသိုင်းမွှေးများဖြင့် လူတစ်ယောက်ဖြစ်ပေသည်။ ထိုလူသည် ရေအပြည့်ပါသော ကရားတစ်ခုကိုကိုင်ကာ ရေအများအပြားအား ကရားလိုက်မော့ချလိုက်ပြီးသည့်နောက် ကရားကိုမြေပြင်ပေါ် ပစ်ခွဲချလိုက်၏။
ဘုန်းး!
ကရားသည် တစ်စစီကွဲကြေသွားလေသည်။
“အခုထိ ဒီကောင်တွေအကြောင်းသဲလွန်စမရသေးဘူးလား” ဆံပင်ကောက်ကောက်နှင့်လူမေးလိုက်ပြီး အိမ်ထဲရှိလူများအား ဓားတစ်လက်ကဲ့သို့ စူးရှသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ထိုလူနှင့် အနီးဆုံးမှ လူတစ်ယောက်သည် ကြောက်လန့်နေသည့် ပုံစံဖြင့် ဂရုတစိုက်ပြန်ဖြေလိုက်၏။
“မတွေ့သေးပါဘူး”
“ရတနာမုဆိုးပျားတောင် ပြန်မလာဘူးလား” ဒေါသအားဖိနှိပ်ထားရသောကြောင့် ဆံပင်ကောက်ကောက်နှင့်လူ၏လေသံမှာ အတော်လေးတင်းမာနေလေသည်။
ရတနာမုဆိုးပျားသည် သူတို့အားအတော်လေး အလုပ်လုပ်ပေးခဲ့သော ကောင်လေးဖြစ်၏။ ထိုငတုံးလေးကောင်မှာ ပျားအားယူသွားပြီး မီးလျှံသလင်းကျောက်ကို တွေ့ခဲ့သည်ဟု သတင်းပို့ခဲ့သည်။ ထို့နောက်တွင်တော့ မီးလျှံသလင်းကျောက်တင်မက ထိုလေးကောင်ရော ပျားလေးပါ ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့၏။ သူလူတစ်ချို့အားလွှတ်၍
စုံစမ်းခိုင်းသောအခါတွင် နေရာတစ်ခု၌ သွေးစက်များကိုသာ ရှာတွေ့ခဲ့လေသည်။ သူတို့လေးယောက်လုံး အသတ်ခံလိုက်ရသည်မှာ သေချာပေသည်။ ယခုအချိန်အထိ ပြန်မလာသေးပါက သူတို့ဘယ်တော့မှ ပြန်လာတော့မည်လည်း မဟုတ်တော့ပေ။
“အစ်ကို မုန့်မျိုးနွယ်စုနဲ့ ခြေလက်ရှစ်ဖက်မျိုးနွယ်စုကလူတွေ တစ်ခုခုရှာတွေ့သွားတာ ဖြစ်နိုင်မလား” လူတစ်ယောက်သည် တုန်တုန်ရီရီနှင့် ပြောလိုက်သည်။
“မင်းပြောချင်တာက ငါတို့သူတို့ပစ္စည်းတွေခိုးတာကို သိသွားတာလို့ပြောချင်တာလား” အခြားတစ်ယောက်မှာ စိတ်ပူနေသည့်ပုံဖြင့် ၀င်ပြောလိုက်၏။
“ဒါဆို ငါတို့နေရာရွှေ့မှရမယ်” တစ်ယောက်ယောက် အကြံပေးလိုက်သည်။ “အဲ့တာမှသာ သူတို့လာရင် ငါတို့လွတ်ဖို့အခွင့်အရေးလေးနည်းနည်းရှိနေဦးမှာ”
သူ့လူများ၏စကားများအား နားထောင်နေရင်း ဆံပင်ကောက်ကောက်နှင့်လူ ပို၍ပင်ဒေါသထွက်လာလေသည်။ မီးတောက်မတတ်ဖြစ်နေသော မျက်လုံးများနှင့် သူ့ရှေ့မှ ကျောက်စားပွဲကို ထိုးချလိုက်၏။ ထိုအခါ ကျောက်စားပွဲသည် အပိုင်းပိုင်းကျိုးသွားခဲ့ပြီး ကျောက်စများမှာ အခန်းအပြင်သို့ပင် လွင့်ထွက်သွားလေတော့သည်။
“မင်းတို့ဒီနေ့ ဒီနေရာကနေဘယ်မှထွက်မသွားကြနဲ့” ခဏရပ်ပြီးသည့်နောက် အသက်ပြင်းပြင်းရှူလိုက်ကာ သူဆက်ပြောလိုက်သည်။ “အထုပ်အပိုးတွေပြင်ထား မနက်ဖြန်ငါတို့ဒီကနေ ရွှေ့ကြမယ်”
သူ့စကားဆုံးသွားသည်နှင့် အရပ်လေးမျက်နှာလုံးမှ လေတွန်သံများ ထွက်ပေါ်လာလေသည်။
ပါးလျသော်လည်း မာကျောလှသော ဝါးအပ်များမှာ အစည်းအဝေးလုပ်နေသော လူအုပ်ထဲသို့ မိုးေပါက်
များပမာ ပြေး၀င်လာကြ၏။
လျင်မြန်သောသူများမှာ ဝါးအပ်များပြေး၀င်လာသည်နှင့် သူတို့လက်ထဲတွင်ရှိသော ကိရိယာများနှင့် ကာကွယ်လိုက်ကြသော်လည်း နှေးကွေးနေသောသူများမှာတော့ ဖြူကောင်များကဲ့သို့ ဝါးအပ်များ ထိမှန်ခြင်းခံလိုက်ကြရသည်။ သို့သော်လည်း ထိုသို့သောအခြေအနေမှာပင် ထိုလူများသေမသွားကြဘဲ သတိရှိနေဆဲဖြစ်၏။ သူတို့ လှုပ်ရှား၍တော့ လုံး၀မရတော့ပေ။ အနည်းငယ်လှုပ်ရှားရန် ကြိုးစားလိုက်ရုံနှင့် သူတို့ကြွက်သားများ အပြင်းအထန်နာကျင်သွားကြပြီး ဝါးအပ်များမှတဆင့် သွေးများစီးကျလာလေသည်။
ထိုသို့သော သေးသွယ်ပြီးမာကျောလှသော ဝါးအပ်များကိုမူ မုန့်မျိုးနွယ်စု၏ ဝါးတောထဲမှာ ရရှိနိုင်ပေသည်။
မုန့်မျိုးနွယ်စုဝင်များ!
ထိုအခိုက်တွင် ဆံပင်ကောက်ကောက်နှင့်လူပင်ဘာမှပြောစရာမလိုပေ။ဓားပြများမှာ ထိုသို့ဝိုင်းခံထားရသောအခြေအနေတွင် လူစုခွဲ၌ ပြေးခြင်းသည်သာ လွတ်မြောက်နိုင်ရန် အခွင့်အရေးရှိမည်ကို သိထားကြပြီး တစ်ကွဲတစ်ပြားစီ ထွက်ပြေးသွားကြ၏။
သို့သော် သူတို့ဝေးဝေးသို့ မပြေးနိုင်ခင်မှတွင် ပိုးကြိုးများဖြင့် တုပ်နှောင်ခြင်းကို ခံလိုက်ရလေသည်။ ထိုကြိုးများမှ လွတ်အောင်မရုန်းနိုင်ခင်မှာပင် တုပ်နှောင်ခံရသောသူများမှာ သတ်ဖြတ်ခံလိုက်ကြရ၏။ အဝိုင်းခံရထားရသည့်နေရာမှ အားကုန်သုံး၍ ရုန်းကန်ကာ ထွက်ပြေးသွားကြသောသူများမှာလည်း သစ်ပင်ကြီးနှစ်ပင်ကြားနေရာအား ဖြတ်သွားသောအခါ သူတို့ခန္ဓာကိုယ်မှာ တစ်စစီအပိုင်းခံလိုက်ကြရသည်။
ရှောက်ရွှမ် ကြိုးတုန်ခါသံများကို ကြားလိုက်ရ၏။ ထိုကြိုးများသည် ဖြတ်ပြေးသွားသော ဓားပြများ
အား အပိုင်းပိုင်းဖြတ်သွားစေပုံ ပေါ်ပေသည်။
မုန့်မျိုးနွယ်စုတင်မက ခြေလက်ရှစ်ဖက်မျိုးနွယ်စုသည်လည်း ဤနေရာသို့ ရောက်နေချေပြီ။
မျိုးနွယ်စုကြီးနှစ်ခု၏ ပစ်မှတ်ထားအဝိုင်းခံထားရသော ဓားပြများစိတ်ထဲတွင် ကြောက်ရွံ့မှုများ တဟုန်ထိုး ထိုးတက်လာကြ၏။ သို့သော် သူတို့ကဲ့သို့သော သာမညောင်ညဓားပြလေးများကို မျိုးနွယ်စုကြီးနှစ်ခုမှာအဘယ်ကြောင့် နှစ်ဖွဲ့ပေါင်း၍ပင် နှိမ်နှင်းနေသလဲ ဆိုသည်ကို သူတို့နားမလည်ခဲ့ပေ။ သူတို့ခိုးယူခဲ့သည်မှာ အရည်အသွေးနိမ့်သော ကျောက်စိမ်းအနည်းငယ်နှင့် ပင့်ကူပိုးကြိုးအနည်းငယ်သာ မဟုတ်ပါလား။ ထိုမျှလောက်လေး ခိုးမိရုံနှင့် ဤမျိုးနွယ်စုကြီးနှစ်ခုလုံးကို ထိုမျှစိတ်အနှောင့်အယှက်ဖြစ်သွားစေသည်မှာ ဖြစ်နိုင်သည့်အရာ မဟုတ်ပေ။
ဆံပင်ကောက်ကောက်နှင့်လူမှာလည်း ထွက်ပြေးရန်
ကြိုးစားနေစဉ်အတွင်း ပိုးကြိုးများနှင့် တုပ်နှောင်ခြင်း ခံလိုက်ရ၏။ ထိုအခါ သူသည်ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်တွင်အနက်ရောင် ဆေးမှင်ကြောင်အမှတ်အသားများပေါ်ပေါက်လာကာ ခန္ဓာကိုယ်ထဲမှ စွမ်းအားများပေါက်ကွဲထွက်လုမတတ် ဖြစ်သွားလေသည်။
နောက်တစ်ကြိမ်သူထိုကဲ့သို့ ဟိန်းဟောက်လိုက်သောအခါတွင်မူ သူ့အားတုပ်နှောင်ထားသော ပိုးကြိုးများမှာ ထောင်းကနဲမြည်သံနှင့်အတူ ပြတ်တောက်သွားကြ၏။ သူသည် ထိုကြိုးများအား သူ့ကိုယ်ပိုင်ခွန်အားကို သုံး၍ ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။
သူ့ကိုယ်ပေါ်တွင် ပြတ်ရှရာ တစ်ချို့ဖြစ်ပေါ်သွားသော်လည်း ထိုမျှလောက်က သူ့အတွက် ဘာမှဟုတ်မနေချေ။ သို့သော် သူကြိုးများအား ဖြတ်တောက်ပြီးသောအချိန်တွင် သူ့ညာဘက်ဆီမှ ခပ်တိုးတိုးလေတိုးသံတစ်ခုကို ကြားလိုက်ရ၏။
ဆံပင်ကောက်ကောက်နှင့်လူ ရုတ်တရက်အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရပြီး အထူးသဖြင့် သူ့လည်ပင်းမှဖြစ်ပေသည်။ ထိုအခိုက်အတန့်တွင် ရုတ်တရက်ဖြစ်ပေါ်လာသော အပြောင်းအလဲကြောင့် သူအတော်လေးထိတ်လန့်သွား၏။ သိသာစွာပင် ဤနေရာသို့ေရာက်လာကြသော မုန့်မျိုးနွယ်စု၀င်များသည် သာမန်မန်မျိုးနွယ်စု၀င်များ မဟုတ်ကြပေ။
ထက်ရှသော အသွားနှင့် ဗျက် လက်နှစ်လုံးခန့်ရှိပြီး လက်တံတစ်၀က်စာလောက်ရှည်သော ဝါးဓားတစ်ချောင်းသည် ဆံပင်ကောက်ကောက်နှင့်လူ၏ လည်ပင်းတွင် ရုတ်တရက်ပေါ်ပေါက်လာလေသည်။
ဝါးဓားသည် အလွန်လျင်မြင်လှသောအရှိန်ဖြင့် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်၏။ ဓားနှင့်လည်ပင်းကြားရှိ အကွာအဝေးမှာအတော်လေး နီးနေပြီဖြစ်ရာ တခဏအတွင်းပင် ဓားသည် ဆံပင်ကောက်ကောက်နှင့်လူ၏ လည်ပင်းကို ပိုင်းဖြတ်သွားခဲ့သော်လည်း အပိုင်းခံရသူအား သူ့တွင်ထိုဓားချက်အောက်မှ
လွတ်မြောက်ရန် အချိန်များစွာရှိသေးသည်ဟု ထင်ယောင်ထင်မှားဖြစ်သွားစေ၏။
သို့သော်လည်း ထင်ယောင်ထင်မှားဖြစ်မှုသာ ဖြစ်သည်။ ထိုဓားချက်အောက်မှ လွတ်မြောက်ရန်မှာ မဖြစ်နိုင်ပေ။
ဖူးး~~
လည်ပင်းမှ သွေးများ ပန်းထွက်လာလေသည်။
ဆံပင်ကောက်ကောက်နှင့်လူ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သေးသော အမူအရာမျိုးရှိနေဆဲဖြစ်ပြီး တစ်ခဏအကြာတွင် မြေပြင်ပေါ်သို့ လဲကျသွားလေတော့သည်။
သူ့ဘေးတွင်မူ လူတစ်ယောက်ရပ်နေလေသည်။
ဆံပင်ကောက်ကောက်နှင့်လူ မသေခင်တွင် ကြိုးစားပြီးသူ့မျက်လုံးများကို ဖွင့်ကာ ထိုလူ၏ခါးအား ကြည့်လိုက်မိ၏။
ထိုနေရာတွင် ကျောက်စိမ်းဝိုင်းတစ်ခု၏ သုံးပုံနှစ်ပုံခန့်ပင်ရှိသော ကျောက်စိမ်းပြားတစ်ခုကို ချိတ်ဆွဲထားပေသည်။
ဘာကြောင့်လဲ ဘာကြောင့်ထိုကဲ့သို့ လူတစ်ယောက်မှာ သူတို့ဓားပြအဖွဲ့လေးအား သုတ်သင်ရာတွင် ပါလာခဲ့ပါသလဲ။
သူတို့အဖွဲ့သည် လူအမြောက်အများအား သတ်ဖြတ်ကာ ထိုမျိုးနွယ်စုကြီးများထဲမှ လူအချို့ကိုပင် ထောင်ချောက်ဆင် လိမ်လည်ခြင်းမျိုးများ ပြုလုပ်ဖူးပါသော်လည်း ထိုမျိုးနွယ်စုကြီးနှစ်ခုမှ မည်သူ့ကိုမှ မသတ်ခဲ့ဖူးပေ။
သို့သော် ယနေ့တွင် မုန့်မျိုးနွယ်စုသည် သူတို့အား ရှင်းလင်းပစ်ရန် ထိုကဲ့သို့သော စွမ်းအားကြီးပုဂ္ဂိုလ်မျိုးကိုပင် စေလွှတ်ခဲ့၏။ ပုံမှန်အားဖြင့် ထိုသို့သောလူမျိုးသည် သူတို့ေလာက်ကိုဂရုပင်စိုက်မည်မဟုတ်သော လူမျိုးဖြစ်ပေသည်။ သူတို့မှာ အလွန်ပင်မာနကြီးကြသူများ ဖြစ်ကြ၏။ ယခုတွင်မူ အဘယ်ကြောင့်ထိုသို့ လုပ်ခဲ့ပါသနည်း။
သူ့ဘ၀၏ နောက်ဆုံးထွက်သက်အထိ စက်ဝိုင်းသုံးပုံနှစ်ပုံကျောက်စိမ်းပြားရှိသော လူတစ်ယောက်ကို သူမည်ကဲ့သို့ ရန်စမိခဲ့သလဲ ဆိုသည်ကို သိမသွားခဲ့ချေ။
သုံးပုံနှစ်ပုံခန့်ရှိသောကျောက်စိမ်းပြားကို ချွိတ်ဆွဲထားသူသည် သူ၏ဝါးဓားပေါ်ရှိ သွေးများကို ခါချလိုက်ပြီး သူ့အနားရှိ သွေးကွက်များကိုမူ ဂရုပင်မစိုက်ခဲ့ပေ။ ဤနေရာရှိ အဝိုင်းခံထားရသော ဓားပြတိုင်းသည် သေလျှင်သေ မသေလျှင်လည်း မလှုပ်နိုင်လောက်အောင် ချုပ်နှောင်ခံထားရပြီး ဖြစ်ကြသည်။
သေဆုံးသွားပြီဖြစ်သော ဆံပင်ကောက်ကောက်နှင့်လူတင်မဟုတ်ဘဲ ရှောက်ရွှမ်သည်လည်း ဤနေရာရှိ အဖြစ်အပျက်များကို နားမလည်သေးပေ။ ထိုကဲ့သို့သော စွမ်းအားချင်းကွာခြားလှသော အဖွဲ့နှစ်ခုအနေနဲ့ အဘယ်ကြောင့် ဓားပြအဖွဲ့သေးသေးလေးကို ဤသို့ လုပ်ခဲ့ရပါသနည်း။ မီးတောက်ဦးချိုမျိုးနွယ်စုအနေနဲ့ဆိုလျှင် သူတို့အားရှင်းပစ်ရန် ခဲ့ခဲ့နှင့် ထွော်နှစ်ယောက်ကိုသာ လိုပေလိမ့်မည်။
“ဦးလေး ဟွမ်ယဲ့ ဘာရှာတွေ့ခဲ့လဲ” ချွီဆဲ့မေးလိုက်သည်။
စက်ဝိုင်းသုံးပုံနှစ်ပုံကျောက်စိမ်းပြားကို ချိတ်ဆွဲထားသောသူ ခေါင်းခါပြလိုက်၏။
“သူတို့ မဟုတ်ဘူး”
“သူတို့ မဟုတ်ဘူးလား” ချွီဆဲ့ ပဟေဌိဖြစ်သွားသည်။
“သူတို့မဟုတ်ရင် ဘယ်သူဖြစ်နိုင်မလဲ မုန့်မျိုးနွယ်စုတောအုပ်ထဲကို ၀င်လာတာသူတို့ပဲမလား ကျွန်တော့်ရဲ့ ဝါးကြွက်တွေကိုလည်း သူတို့ပဲစားသွားကြတာလေ”
“သူတို့မှာ အဲ့လောက်အစွမ်းအစမရှိဘူး” ဟွမ်ယဲ့ ပြန်ပြောလိုက်သည်။ ထိုသူများသည် သူတို့လိုချင်သောသူ မဟုတ်သည်ကို သေချာသောကြောင့်ပင် စစ်ဆေးမေးမြန်းရန် ချန်မနေဘဲ ထိုဓားပြများအား သူမျက်တောင်မခတ် သတ်ပစ်ခဲ့ခြင်း ဖြစ်၏။
“ဒါဆို ဘယ်သူတွေဖြစ်နိုင်လဲ” ချွီဆဲ့တွေးနေရင်း ရှောက်ရွှမ်အား တစ်ချက်ကြည့်လိုက်မိသည်။ သို့သော် ထိုအတွေးအား ပယ်ချပစ်လိုက်၏။ ထိုကောင်လေးလည်း မဖြစ်နိုင်ချေ။ သူသည် အတော်လေးသန်မာပါသော်လည်း မုန့်မျိုးနွယ်စုတောအုပ်
အနက်ပိုင်းထဲသို့ ခိုး၀င်လာကာ ကျောက်စိမ်းအမြောက်အများအား မည်သူမှမသိဘဲ ခိုးသွားရန်မှာတော့ မဖြစ်နိုင်ချေ။ ဤကိစ္စကြောင့် သူတို့ခေါင်းဆောင်ပင် အတော်လေးဒေါသထွက်နေခဲ့လေသည်။
“ဖြစ်နိုင်တာက…” အမည်တစ်ခု ချွီဆဲ့စိတ်ထဲတွင် ပေါ်လာခဲ့၏။
ဟွမ်ယဲ့လည်း အသံခပ်တိုးတိုးဖြင့် ပြောလိုက်၏။
“အဲ့တာက ဒုစရိုက်အဖွဲ့အစည်း ဖြစ်နိုင်တယ်”
ချွီဆဲ့လည်း စိတ်ဓာတ်ပင်ကျသွားသလို ခံစားလိုက်ရသည်။ ဒုစရိုက်အဖွဲ့အစည်း သာဖြစ်ပါက ဤကိစ္စသည် လွယ်ကူတော့မည် မဟုတ်ပေ။
“ဒီနေရာကိုရှင်းလိုက်တော့ ငါတို့ပြန်ကြရအောင်” ဟွမ်ယဲ့ အခြားသူများအား အမိန့်ပေးလိုက်လေသည်။