မီးတောက်ဦးချိုမျိုးနွယ်စု၊၊ ရှောက်ရွှမ်
Vol. 13 Ch. 187
ခြေလက်ရှစ်ဖက်မျိုးနွယ်စုမှ အဖွဲ့ခေါင်းဆောင်နှင့် ပြောဆိုပြီးသည့်နောက် ဟွမ်ယဲ့ ချွီဆဲ့ဘေးမှ အပေါက်ရာများနှင့် သားရေအင်္ကျီကို ၀တ်ဆင်ထားေသာ ရှောက်ရွှမ်ကိုကြည့်လိုက်ပြီး ချွီဆဲ့အား တစ်ခုခုမေးမိတော့မလို ဖြစ်သွားသည်။ ရှောက်ရွှမ်အား နှစ်စက္ကန့်လောက်ကြည့်ပြီးသည့်နောက် ဟွမ်ယဲ့မျက်မှောင်ကြုတ်လိုက်ပြီး ချွီဆဲ့သည်ထိုကဲ့သို့ မျိုးနွယ်စုအသေးလေးတစ်ခုမှကောင်လေးနှင့် ဘာကြောင့် သိနေရသလဲဟု တွေးမိသွား၏။
ထိုသို့တွေးမိသွားသောအခါ သူရှောက်ရွှမ်အား နောက်တစ်ခါပြန်ကြည့်မိလိုက်ပါသော်လည်း ထိုကောင်လေးကိုယ်ပေါ်၌ ထူးခြားဘာတစ်ခုမှ ရှိမနေဘဲ အ၀တ်အစားများမှာလည်း မျိုးနွယ်စုအသေးလေးများမှလူများ ၀တ်နေကျပုံစံအတိုင်းပင် ဖြစ်သည်။ ရှောက်ရွှမ် မုန့်မျိုးနွယ်စုနှင့် ခြေလက်ရှစ်ဖက်မျိုးနွယ်စုမှ နတ်စစ်သည်တော်များ၏ အ၀တ်
အစားများအား သေချာကြည့်နေသည်ကို တွေ့လိုက်ရသောအခါတွင် ထိုကောင်လေးသည် အတွေ့အကြုံနုသော မျိုးနွယ်စုအသေးလေးတစ်ခုမှ ကောင်လေးတစ်ယောက်ဆိုတာကို သူပိုသေချာသွားခဲ့လေသည်။
ထို့ကြောင့် ဟွမ်ယဲ့ ရှောက်ရွှမ်ကိုမကြည့်တော့ဘဲ သူ့လူများအားခေါ်ကာ တောင်ပေါ်တစ်ဝိုက်လှည့်ပတ်ကြည့်ရှူလိုက်၏။
ခြေလက်ရှစ်ဖက်မျိုးနွယ်စုမှ လူများမှာလည်း ရှောက်ရွှမ်အားဂရုမစိုက်ကြဘဲ သူတို့ပစ္စည်းများအား သိမ်းကာ ဤနေရာမှ ထွက်ခွာရန်သာ ပြင်ဆင်နေကြသည်။
“ရှောင်ရွှီ သွားရအောင်” ခြေလက်ရှစ်ဖက်မျိုးနွယ်စုမှ တစ်ယောက်သည် ပင့်ကူဖြူအားပိုက်ထားရင်း ဘေးတွင်ရပ်နေသော အဖြူရောင်၀တ်အမျိုးသမီးကို ပြောလိုက်လေသည်။
“နင်အရင်သွားနှင့် ငါ့မှာလုပ်စရာရှိသေးလို့”
“ကောင်းပြီလေ ငါတို့အရင်သွားတော့မယ်နော်”
မုန့်မျိုးနွယ်စုနှင့် ခြေလက်ရှစ်ဖက်မျိုးနွယ်စုနှစ်ခုလုံး ထွက်ခွာသွားသောအခါ ဤနေရာတွင် ရှောက်ရွှမ် ချွီဆဲ့ နှင့် ခြေလက်ရှစ်ဖက်မျိုးနွယ်စုမှ ရွှီ သာကျန်ရစ်ခဲ့၏။
ရှောက်ရွှမ်အား စမ်းသပ်လိုသောကြောင့် ချွီဆဲ့ ရွှီအား မျက်လုံးတစ်ဖက်မှိတ်ပြကာ အချက်ပြလိုက်ပါသော်လည်း ရွှီမှာမူ မလှုပ်မယှက်နှင့် သူ့လက်ထဲရှိပင့်ကူဖြူကို ပိုက်ထားရင်းနှင့်သာ ရှောက်ရွှမ်အား တိတ်တဆိတ်ကြည့်ရှုနေလေသည်။
ရွှီထံမှမည်သည့် တုန့်ပြန်မှုမှ မရှိသောအခါ ချွီဆဲ့ သူ့
အား ပြန်ကြည့်လိုက်၏။ ယနေ့တွင် သူသည် ရှောက်ရွှမ်အား ဤနေရာသို့ခေါ်လာပြီး မုန့်မျိုးနွယ်စု၏ စွမ်းအားကြီးမားပုံကို ပြသလိုခြင်း ဖြစ်ပေသည်။ ထို့အပြင် ယနေ့ဤနေရာသို့ ရောက်လာသော အဖွဲ့ခေါင်းဆောင်သည် သူတို့မျိုးနွယ်စုမှ အကြီးတန်းနတ်စစ်သည်တော်တစ်ယောက်လည်း ဖြစ်၏။ မုန့်မျိုးနွယ်စုမှ အကြီးတန်းနတ်စစ်သည်တော်တစ်ယောက် အဖွဲ့အားဦးဆောင်ကာ တိုက်ခိုက်ခြင်းဆိုသည်မှာ ရှားပါးပြီး မြင်တွေ့ရဖို့ခက်ခဲသော မြင်ကွင်းတစ်ခုလည်း ဖြစ်ပေသည်။ မျိုးနွယ်စုအသေးလေးများမှ လူများအဖို့ ဤကဲ့သို့သော မြင်ကွင်းကို မြင်တွေ့ရသောအခါ ထိတ်လန့်သွားမည်မှာ သေချာပေ၏။
သို့သော် သိသာစွာရင် ထိုကောင်လေးမှာ ဘာမှဖြစ်သွားပုံမပေါ်ဘဲ တည်ကြည်နေလေသည်။ သူ့စိတ်ထဲဘာမှဖြစ်သွားပုံမပေါ်ဘဲ မျိုးနွယ်စုနှစ်ခုလုံးမှ နတ်စစ်သည်တော်များ၏ အ၀တ်အစားများကိုသာ စိတ်၀င်တစား လိုက်လံကြည့်ရှုနေ၏။
ရှောက်ရွှမ် အံ့ဩတုန်လှုပ်သွားတာလား မသွားတာလား ဆိုသည်ကို ချွီဆဲ့ မသိတော့ချေ။
ရှောက်ရွှမ် ရပ်နေရာမှ တောင်ပေါ်ရှိ နေရာတစ်ခုအား ထွက်သွားသည်ကို မြင်လိုက်သောအခါ သူသတိပေးစကားဆိုလိုက်၏။
“ဟေး အဲ့ကိုမသွားနဲ့ အဲ့နေရာမှာ ခြေလက်ရှစ်ဖက်မျိုးနွယ်စုက ထောင်ေချာက်တွေရှ်ိတယ်”
ချွီဆဲ့ပြောလို့ မဆုံးသေခင်ပင် ရှောက်ရွှမ် ထိုနေရာသို့ ၀င်သွားသည်ကို တွေ့လိုက်ရသည်။ ရှောက်ရွှမ်သည် သူ့အကြံပေးချက်အား ဒီတစ်ခေါက်လည်း မလိုက်နာခဲ့ပေ။
သို့သော် အချိန်အတော်ကြာ စောင့်ဆိုင်းပြီးသည့်အချိန်မှာပင် မည်သည့်လှုပ်ရှားမှုကြီးကြီးမားမားမျိုးမှ ဖြစ်မသွားသည်ကို သူတွေ့လိုက်ရသည်။ ထိုအခါ
ချွီဆဲ့ စိတ်ရှုပ်သွားပြီး သူ့ဘေးရှိ ရွှီကို မေးထိုးပြလိုက်ကာ ထိုနေရာတွင် ဘာထောင်ချောက်မှ ဆင်မထားဘူးလားလို့ မေးလိုက်၏။
ရွှီမှာလည်း အံ့ဩသင့်နေသည်သာ။ သူတို့မျိုးနွယ်စု ဤနေရာသို့ ဝိုင်းခဲ့စဉ်က ပတ်၀န်းကျင်တစ်ခုလုံးတွင် ထောင်ချောက်များ အပြည့်ဆင်ထားပြီး ဖြစ်ပြီး ထောင်ချောက်အများစုမှာ အသုံးပြုပြီးသွားပြီဖြစ်ပါသော်လည်း လူအားထိုမျှအန္တရာယ်မပေးနိုင်ဘဲ ဖမ်းချုပ်ရုံသာ လုပ်ထားသော ထောင်ချောက်များမှာတော့ ကျန်ရှိနေဆဲဖြစ်သည်။ ဤသည်မှာ သူတို့မျိုးနွယ်စု၏ ပုံစံဖြစ်၏။ သူတို့ရောက်လာသည်နှင့် များပြားလှသော သူတို့ထောင်ချောက်များနှင့် ကြောက်ရွံ့ဖွယ်ရာ အမှတ်တရဆိုးများကို ချန်ခဲ့မည်သာ ဖြစ်သည်။ သို့သော် ထောက်ချောက်နယ်မြေထဲသို့ ထိုကောင်လေး၀င်သွားသည်မှာ ကြာပြီဖြစ်သော်လည်း မည်သည့်ထောင်ချောက်မှ အသက်၀င်လာသည်ကို မတွေ့ရချေ။
သူ့စိတ်ထဲရှိ သံသယမှာ ပိုပိုပြီး ကြီးမားလာသောကြောင့် ရွှီသူ့လက်ထဲရှိ ပင့်ကူဖြူကိုယ်ပေါ်မှ
အမွှေးတစ်ချို့ကိုပင် ထပ်ပြီးနှုတ်မိသွားလေသည်။
ရွှီ၏ အမူအရာအား မြင်လိုက်သောအခါ ရွှီလည်းသူ့ကို တိကျသော အဖြေတစ်ခုခုပေးနိုင်လိမ့်မည် မဟုတ်ဘူးဆိုတာကို ချွီဆဲ့ သိသွား၏။ ရှောက်ရွှမ် ထောင်ချောက်နယ်မြေထဲတွင် ဘာအပူအပင်မှမရှိ သက်တောင့်သက်သာ လမ်းလျှောက်နေသည်ကို မြင်နေရခြင်းမှာ ခြေလက်ရှစ်ဖက်မျိုးနွယ်စု၀င်များ ထွက်မသွားခင်က ဤနေရာရှိ ထောင်ချောက်များအားလုံးကို ဖြုတ်သွားခဲ့ခြင်းကြောင့်ဟုသာ သူခန့်မှန်းလိုက်လေသည်။
ထို့ကြောင့် ချွီဆဲ့လည်း ရှောက်ရွှမ်နောက်မှ လိုက်သွားလိုက်၏။ ချွီဆဲ့ ထိုနေရာအား သွားနေသည်ကို တွေ့လိုက်သောအခါ ရွှီ တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း အဆုံးတွင် သူဘာမှ မပြောခဲ့ချေ။
“ဟေး မင်းနာမည်က ရှောက်ရွှမ်မလား မင်းကဘယ်
မျိုးနွယ်စုက…….အု”
ခြေနှစ်လှမ်းပင် ဆက်မလှမ်းရသေးခင်တွင် ချွီဆဲ့ သစ်ပင်ပေါ်၌ ဇောက်ထိုးချိတ်ဆွဲခံလိုက်ရလေသည်။ သူ့ခြေတစ်ဖက်မှာ သစ်ကိုင်းပေါ်တွင် ချည်နှောင်ခံထားလိုက်ရသောကြောင့် လေပေါ်တွင် တန်းလန်းကြီးဖြစ်သွားရ၏။
ထိုစဉ် ချွီဆဲ့သူ့ဓားအား ထုတ်ကာ သူ့ခြေထောက်အား ချည်ထားသော ကြိုးကိုခုတ်ဖြတ်လိုက်ရာ မြေပြင်ပေါ်ပြန်ပြုတ်ကျသွားေလသည်။ ထို့နောက် သူ့ကိုယ်ပေါ်ရှိသစ်ရွက်များကို ခါချလိုက်ရင်း အခုထိဘာစကားတစ်ခွန်းမှ မပြောသေးသော ရွှီကို လှည့်ကြည့်လိုက်၏။ ခဏကြာ ရွှီအား စိုက်ကြည့်လိုက်ပြီးနောက် တောထဲတွင် ရပ်နေသော ရှောက်ရွှမ်ကို သူပြန်ကြည့်လိုက်သည်။ ထောင်ချောက်များမှာ ဤနေရာတွင် ရှိနေသေး၏။ ဒါဆို ထိုကောင်မှာ အဘယ်ကြောင့် လုံလုံခြုံခြုံ ရှိနေရပါသနည်း။
ကံကောင်း၍လား။
ခြေလက်ရှစ်ဖက်မျိုးနွယ်စု လုပ်တတ်သည့်အကျင့်အရ သူတို့သည် ထောင်ချောက်တိုင်းကို ပြန်သိမ်းသွားမည်မဟုတ်ဘဲ ဖုံးကွယ်ထားသော ကြိုးများ ပိုက်ကွန် များကဲ့သို့သော ထောင်ချောက်များမှာ တောအုပ်ထဲတွင် ရှိနေရဆဲသာ ဖြစ်ပေလိမ့်မည်။ ခြေလက်ရှစ်ဖက်မျိုးနွယ်စုဝင်များအတွက် ထိုထောင်ချောက်လောက်မှာ အသေးစားထောင်ချောက်များလောက်သာ ဖြစ်သည်ဆိုပါသော်လည်း အပြင်လူများ အတွက်မူ ထိုထောင်ချောက်လေးများထဲ၌ပင် မိသွားနိုင်ချေများ၏။ ဥပမာအားဖြင့် ချွီဆဲ့ ဂရုမပြုမိသောကြောင့် လေပေါ်တွင် တွဲလောင်းချိတ်ခံလိုက်ရသကဲ့သို့ ဖြစ်သည်။
ထိုအခိုက်တွင် ဓားပြလေးယောက်အား တခဏအတွင်း အလျင်အမြန်ရှင်းပစ်နိုင်ခဲ့ပြီး ခြေလက်ရှစ်ဖက်မျိုးနွယ်စု၏ ထောင်ချောက်နယ်မြေထဲတွင်ပင် အေးအေးဆေးဆေးလမ်းလျှောက်သွားနေနိုင်သော ရှောက်ရွှမ်ကို သူအထင်သေးမိနေဆဲဖြစ်သည်ဟု ချွီ
ဆဲ့ ခံစားမိလိုက်ရသည်။ ထိုကောင်၏ နောက်ခံမှာ ဘယ်မျိုးနွယ်စု ဖြစ်နိုင်သနည်း။ တိုက်ပွဲအတွင်း၌ ရှောက်ရွှမ်ကိုယ်ပေါ်တွင် ပေါ်လာခဲ့သော နတ်အမှတ်အသားမျိုးကိုလည်း သူတစ်ခါမှ မမြင်ဖူးပေ။
ဤအချိန်တွင်တော့ ချွီဆဲ့အထဲသို့ ဆက်၀င်မသွားတော့ဘဲ အပြင်၌သာရပ်စောင့်နေရင်း လှည့်ပတ်သွားနေသော ရှောက်ရွှမ်ကိုပဲ စောင့်ကြည့်နေလိုက်သည်။
ရှောက်ရွှမ် ခြေလက်ရှစ်ဖက်မျိုးနွယ်စု၏ ထောင်ချောက်များကို အတော်လေးစိတ်၀င်စားမိနေ၏။ ရှုပ်ထွေးသော ထောင်ချောက်အကြီးများကို ပြန်ဖြုတ်သိမ်းသွားပြီးပြီဆိုပါသော်လည်း ကျန်ခဲ့သော ရိုးရှင်းသည့်ထောင်ချောက်လေးများကို ကြည့်ရသည်မှာပင် အတော်လေး အဆင့်မြင့်သောထောင်ချောက်ပညာဟု ရှောက်ရွှမ်ခံစားနေရသည်။ ထို့အပြင် ထောင်ချောက်များ၌ အသုံးပြုထားသော ကြိုးမျှင်လေးများမှာလည်း သူတို့မျိုးနွယ်စု၏ ပင့်ကူပိုးကြိုးများသာ ဖြစ်ရပေလိမ့်မည်။ ခြေလက်ရှစ်ဖက်မျိုးနွယ်စုသည် ထောင်ချောက်အတော်များ
များကို ဖြုတ်သိမ်းသွားပြီး ဖြစ်ပါသော်လည်း ထောင်ချောက်လေးများကိုတော့ သစ်ကိုင်းများနှင့် အရွက်များပေါ်တွင် ထားခဲ့ကြ၏။
ရှောက်ရွှမ် တောထဲမှ ပြန်ထွက်လာသောအခါတွင်မူ ချွီဆဲ့ သူ့အား ရင်းရင်းနှီးနှီးပြုံးပြလိုက်ပြီး မိတ်ဆက်လိုက်သည်။
“မုန့်တောအုပ်က ချွီဆဲ့ပါ”
မုန့်မျိုးနွယ်စုမှ လူများသည် သူတို့ကိုယ်သူတို့မိတ်ဆက်သည့်အခါ မုန့်တောအုပ်မှ မည်သူဟူ၍သာ မိတ်ဆက်လေ့ရှိကြသည်။ မုန့်တောအုပ်ဆိုသည်မှာ မုန့်မျိုးနွယ်စုထဲရှိ တောအုပ်ကြီးကို ခေါ်ခြင်းဖြစ်၏။ ထိုတောအုပ်ထဲတွင် များပြားလှသော ရတနာများရှိသလို တောအုပ်ထဲတွင် မွေးဖွားသည့် သူများကိုလည်း ကောင်းချီးပေးသောတောအုပ်ဖြစ်ပေသည်။ ထိုတောအုပ်ထဲ၌ မွေးဖွားသူများတွင် မွေးရာပါလက်ဆောင်များပါလာကြပြီး အဆင့်တူခြင်းတွင် သူတို့မျိုးနွယ်စုမှ နတ်စစ်သည်တော်များသည်
အခြားမျိုးနွယ်စုမှ နတ်စစ်သည်တော်များနှင့် ယှဉ်ပါက အတော်လေး သန်မာကြ၏။
ဤအကြောင်းကို ရှောက်ရွှမ် ပုမျိုးနွယ်စု ခရီးသွားများထံမှ ကြားဖူးခဲ့ပြီး ဖြစ်သည်။ ထိုအကြောင်းအရာများသည် အနည်းငယ်ချဲ့ထွင်ထားပုံ ပေါ်ပါသော်လည်း အမှန်တရားနှင့်တော့ နီးစပ်ပုံပေါ်၏။ သို့သော်လည်း မီးတောက်ဦးချိုမျိုးနွယ်စု၀င်များသည် ပုမျိုးနွယ်စုထက်ရော ကူမျိုးနွယ်စုထက်ပါ အတော်လေး သန်မာကြသည်ဖြစ်ရာ သူတို့ကြား၌ သန်မာသည်ဟူသော စကားကို အဓိပ္ပာယ်ဖွင့်ပုံမှာ ကွဲလွဲနေနိုင်ပေသည်။
မည်သို့ပင်ဆိုစေကာမူ မုန့်မျိုးနွယ်စုမှလူသည် သူ့အားရင်းရင်းနှီးနှီး နှုတ်ဆက်လာလေရာ ရှောက်ရွှမ်လည်း ရင်းရင်းနှီးနှီးပင် ပြန်နှုတ်ဆက်ရပေလိမ့်မည်။
တောအုပ်ထဲမှ သူခူးလာသော သစ်ရွက်များကို အိတ်
ထဲထည့်လိုက်ပြီး ရှောက်ရွှမ် ပြန်နှုတ်ဆက်လိုက်သည်။
“မီးတောက်ဦးချိုက ရှောက်ရွှမ်ပါ”
မီးတောက်ဦးချိုလား။ ထိုနာမည်သည် သူ့အတွက် အတော်လေးနားယဉ်နေသော နာမည်မျိုးဖြစ်၏။ ထို့ကြောင့် ချွီဆဲ့ မှတ်မိစေရန် ကြိုးစား၍ စဉ်းစားကြည့်နေမိလေသည်။
ချွီဆဲ့တင်မဟုတ်ဘဲ သူ့ဘေးရှ်ိ ၀တ်စုံဖြူ၀တ်အမျိုးသမီးမှာလည်း ထိုနာမည်ကို ရင်းရင်းနှီးနှီးကြားဖူးနေသလို ခံစားနေရ၏။
ထိုအချိန်တွင် ရှောက်ရွှမ် ကောင်းကင်အား မော့ကြည့်လိုက်ပြီး ပြောလိုက်သည်။ “နောက်ကျနေပြီဆိုတော့ ကျွန်တော်အရင် ပြန်လိုက်ပါဦးမယ်”
“ဟုတ်ကဲ့ သွားနိုင်ပါတယ်”
ချွီဆဲ့ မီးတောက်ဦးချိုဟူသော နာမည်အား သူဘာလို့အဲ့လောက် တရင်းတနှီးကြားဖူးနေရပါသနည်းဟု တွေးနေမိသောကြောင့် ရှောက်ရွှမ်ကို ဘာမှ ထပ်မပြောခဲ့ချေ။ ရှောက်ရွှမ် ထွက်သွားသည့်အချိန်ထိပင် သူနေရာ၌ရပ်၍ စဉ်းစားမိနေသေးသည်။
“ရွှီ မင်းရော မီးတောက်ဦးချိုမျိုးနွယ်စု ဆိုတဲ့နာမည်ကို အရင်က ကြားဖူးလား” ချွီဆဲ့ မေးလိုက်သည်။
“ငါလည်း ကြားဖူးတယ် ဒါပေမယ့် ကြားဖူးတာကြာပြီဆိုတော့ မမှတ်မိတော့ဘူး” လက်ထဲရှိ ပင့်ကူကိုပွတ်သပ်နေရင်း ရွှီ ထိုနာမည်အား မည်သည့်အချိန်က ကြားဖူးခဲ့ခြင်းဖြစ်သည်ကို စဉ်းစားနေမိ၏။
သူတို့နှစ်ယောက်လုံးသည် ထိုနာမည်အား အသည်းအသန်ပြန်စဉ်းစားနေမိသဖြင့် တိတ်ဆိတ်နေကြသည်။
“အာ ငါသိပြီ” ချွီဆဲ့ အံ့ဩလွန်း၍ ထခုန်မိသွားပြီး သူ့ကိုယ်သူ ပြန်ပြောလိုက်၏။ “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ အဲ့တာကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
“ဘာဖြစ်လို့လဲ” ရွှီ မေးလိုက်သည်။
“အဲ့ဒီတစ်ခုလေ အဲ့မျိုးနွယ်စုပဲ”
“ဘယ်တစ်ခုလဲ”
“အဲ့ဒီမျိုးနွယ်စုက သန်မာတဲ့ခန္ဓာကိုယ်နဲ့မွေးလာပေမယ့် ရိုးရှင်းတဲ့အတွေးတွေပဲရှိတယ် အကြမ်းဖက်ကြ
တယ် ကြမ်းတမ်းကြတယ် အကျိုးအကြောင်းမသင့်ဘူး ဆိုတဲ့မျိုးနွယ်စုလေ နင်ငယ်ငယ်တုန်းက အဲ့ဒီ မီးတောက်ဦးချိုမျိုးနွယ်စုအကြောင်း မကြားဖူးဘူးလား”
ချွီဆဲ့ စကားအားကြားသောအခါ ရွှီလည်း ရုတ်တရက် တုန်လှုပ်သွားသည်။
“အဲ့ဒီ မီးတောက်ဦးချိုမျိုးနွယ်စုက ပျောက်ကွယ်သွားပြီလို့ ပြောခဲ့ကြတယ်မလား”
ခြေလက်ရှစ်ဖက်မျိုးနွယ်စုတွင် ဖြစ်စေ မုန့်မျိုးနွယ်စုတွင်ဖြစ်စေ ကလေးများမှာ ငယ်ငယ်ကတည်းက ပညာသင်ကြားကြရသည်။ ထိုသို့သင်ကြားရာတွင် ဆရာများသည် သူတို့အား ပုံပြင်အချို့ပြောပြတတ်ကြပြီး အချို့ပုံပြင်များမှာ ဖြစ်ရပ်မှန်များဖြစ်ပြီး အချို့မှာ ဖြစ်ရပ်မှန်အား အနည်းငယ်ပြုပြင်ထားသော ပုံပြင်များဖြစ်ကာ အချို့မှာတော့ စိတ်ကူးယဉ်ပုံပြင်များ ဖြစ်ကြ၏။ မီးတောက်ဦးချိုမျိုးနွယ်စုပုံ
ပြင်သည် ထိုပုံပြင်များထဲမှ တစ်ခုဖြစ်ပေသည်။
ဆိုကြသည်မှာ အတိတ်တုန်းက မီးတောက်ဦးချိုမျိုးနွယ်စုသည် မုန့်မျိုးနွယ်စု ခြေလက်ရှစ်ဖက်မျိုးနွယ်စုနှင့် မျက်နှာဖုံးထောင်ချီမျိုးနွယ်စုများကဲ့သို့ ဗဟိုဒေသတွင်ရှ်ိသော ကျော်ကြားသည့်မျိုးနွယ်စုကြီး တစ်ခုဖြစ်ပေသည်။ သို့သော် ထိုမျိုးနွယ်စုသည် အလွန်အရိုင်းဆန်ကြ၏။ မျိုးနွယ်စုနတ်ဆေးဆရာသည် ဘာမှမသိသောသူဖြစ်ပြီး မျိုးနွယ်စုခေါင်းဆောင်မှာ ခေါင်းမာသောသူဖြစ်ကာ မျိုးနွယ်စု၀င်များမှာတော့ တုံးအကာ သန်မာကြပြီး ထိုသန်မာမှုကြောင့်ပင် မောက်မာကြသူများ ဖြစ်ကြသည်။ ဤသည်မှာ သဘာ၀ကပ်ဘေးကြီးများ ကျရောက်လာချိန်အထိ ဖြစ်၏။ ထိုကပ်ဘေးကြီးများ ကျရောက်လာသောအခါ မျိုးနွယ်စုခေါင်းဆောင်နှင့် နတ်ဆေးဆရာသည် ကောလာဟလများကို နားယောင်ပြီး မျိုးနွယ်စုကို နှစ်ခြမ်းခွဲသော နည်းလမ်းကို ရွေးချယ်ခဲ့သည်။ ထို့နောက် မျိုးနွယ်စုမှာ သေဆုံးသွားပြီး ဗဟိုဒေသတွင် အင်အားကြီးသောမျိုးနွယ်စုတစ်ခု လျော့သွားခဲ့ရသည်။
ချွီဆဲ့နှင့် ရွှီတို့နှစ်ယောက်လုံး ထိုသို့ သင်ကြားခံခဲ့ရခြင်း ဖြစ်၏။ ဤကိစ္စမတိုင်ခင်တွင်လည်း သူတို့ထိုသို့သာ တွေးခဲ့ခြင်း ဖြစ်သည်။ သို့သော်ယခုတွင်မူ သူ့ကိုယ်သူ မီးတောက်ဦးချိုမှ ရှောက်ရွှမ်ဟု ပြောနေသော လူငယ်၏ ဇာတ်လမ်းမှာ မည်သို့ဖြစ်လာရသနည်း။
ထိုလူငယ်တိုက်ခိုက်သည့် အချိန်က သူ့ကိုယ်ပေါ်မှ ထွက်ပေါ်လာသော နတ်အမှတ်အသားသည် သူတို့မြင်ဖူးသော မည်သည့်နတ်အမှတ်အသားနှင့်မှ မတူချေ။ ထို့အပြင် သူသည် အနည်းဆုံး အလယ်အလတ်အဆင့်နတ်စစ်သည်တော်တစ်ယောက်ဖြစ်နိုင်ပြီး ယခုပင် အလယ်အလတ်အဆင့်သို့ ၀င်ရောက်ထားသော ချွီဆဲ့ကိုပင် မရှုံးနိုင်လောက်ပေ။
ကြမ်းတမ်းပြီး အားအပြည့်ပါသော ထိုလူငယ်၏ အပြုအမူများမှာ သူတို့ကြားထားသည်နှင့် တူပါသော်လည်း မိုက်မဲပြီး မောက်မာသည် ဟူသော အချက်မှာရော မည်သို့ဖြစ်ရသနည်း။
ထိုသည်မှာ မဖြစ်နိုင်ပေ။ ထိုကောင်လေးသည် ဓားပြလေးယောက်ကိုပင် လှည့်စားခဲ့သည် မဟုတ်ပါလား။
မျိုးနွယ်စုကြီးနှစ်ခုတွင် ထိုသို့သော အမှားများမပြုလုပ်မိစေဖို့ ဥပမာယူရန်သုံးသော ထိုပုံပြင်သည် သူတို့သိထားသည်နှင့် ကွဲလွဲနေပုံ ပေါ်ပေသည်။ သူတို့ငယ်စဉ်က ဆရာများသည် မီးတောက်ဦးချိုမျိုးနွယ်စုအကြောင်းပြောသည့်အခါ သက်ပြင်းချ၍ ထိုမျိုးနွယ်စုသာ ယခုထိရှိနေသေးပါက ဗဟိုဒေသရှိ အခြေအနေများမှာ လက်ရှိအချိန်ကဲ့သို့ ဖြစ်နေမည် မဟုတ်ဟု ပြောခဲ့ကြ၏။
ထိုသို့တွေးမိသွားသောအခါ ချွီဆဲ့ ရွှီအား ဘာမှဆက်မပြောတော့ချေ။ သူ့မျိုးနွယ်စု၀င်များအား အမြန်ပြန်ပြောရန်သာ ပြင်လိုက်ပြီး မီးတောက်ဦးချိုမျိုးနွယ်အကြောင်း အစစ်အမှန်မှာ မည်သို့ဖြစ်သည်ကို မေးမြန်းမည်ဟု ဆုံးဖြတ်လိုက်သည်။ ထိုမျိုးနွယ်စု၀င်များသည် မိုက်မဲသည်ဖြစ်စေ ညဏ်ကောင်းသည် ဖြစ်စေ သူတို့၏ ခွန်အားမှာတော့ မျက်ကွယ်
ပြုထားနိုင်လောက်သည့် အရာမျိုး မဟုတ်ကြချေ။
အကယ်၍ မီးတောက်ဦးချိုမျိုးနွယ်စု တည်ရှိနေသေးခြင်း သို့မဟုတ် ပြန်လာမည်ဆိုပါက သူတို့ဘာလုပ်သင့်ပါသနည်း။
ချွီဆဲ့ ထွက်သွားသောအခါ ရွှီလည်းအလျင်အမြန်ပင် အခြားသူများအား ထိုအကြောင်းသတင်းပေးရန် ပြန်ခဲ့လိုက်သည်။
မုန့်မျိုးနွယ်စု၏ အကြီးတန်းနတ်စစ်သည်တော်များသည် သူတို့ မုန့်မျိုးနွယ်စုတောအုပ်ထဲသို့ ဒုစရိုက်အဖွဲ့အစည်းမှလူများ ၀င်လာသည့် ကိစ္စအား စိတ်ပူနေကြဆဲဖြစ်သည်။ သူတို့ထိုအကြောင်းအား ဆွေးနွေးနေကြသည့်အချိန်တွင် ချွီဆဲ့ အလောတကြီးပြေး၀င်လာပြီး ရှောက်ရွှမ်အကြောင်း ပြောပြလိုက်၏။
သူတို့အစည်းအဝေးအား လာနှောင့်ယှက်သောကြောင့် ချွီဆဲ့အား မာန်မဲတော့မည့်သူတို့စိတ်သည် ချွီဆဲ့ပြောသော အကြောင်းအရာကြောင့် ပျောက်ကွယ်သွားကြရသည်။
“မီးတောက်ဦးချိုက ရှောက်ရွှမ်လား”
“အဲ့တာကတကယ်ပဲ အဲ့ဒီမျိုးနွယ်စုလား”
“မဖြစ်နိုင်တာ မီးတောက်ဦးချိုမျိုးနွယ်စုက မရှိတော့ဘူးလို့ ပြောခဲ့ကြတယ်မလား”
သူတို့အားလုံးသည် ထိုစကားများအား တစ်ပြိုင်တည်း ပြောမိခဲ့ကြခြင်း ဖြစ်သည်။ ဆွေးနွေးချက်များအရ ထိုအရာသည် မီးတောက်ဦးချိုမျိုးနွယ်စုဖြစ်မှန်း သေချာသည်ဟူသော အထောက်အထားမျိုး မတွေ့ခဲ့ကြချေ။ သို့သော် သူတို့အံ့ဩသင့်မိနေကြဆဲ ဖြစ်၏။
ထို့နောက် မျိုးနွယ်စုခေါင်းဆောင်သည် သူတို့အားလုံးအား ပြန်လွှတ်လိုက်ပြီး အကြောင်းအရာအသေးစိတ်ကို ချွီဆဲ့ထံမှ မေးမြန်းလိုက်သည်။ ထို့နောက်တွင် မုန့်မျိုးနွယ်စုဘိုးဘေးများအား မြှပ်နှံရာ ကျောက်တုံးအိမ်တော်တွင်နေသော နတ်ဆေးဆရာထံသို့ သွားခဲ့၏။
သူတို့သည် အခန်းထောင့်တွင် ဝါးသေတ္တာတစ်ခုပွင့်နေပြီး ထိုအထဲတွင် ဝါးပေလွှာများနှင့် ပြည့်နေသော နေရာတစ်ခုသို့ ရောက်လာခဲ့ကြသည်။ သေတ္တာထဲတွင် အထူးဝါးများဖြင့် ပြုလုပ်ထားသော ဝါးပေလွှာများနှင့် ပြည့်နှက်နေ၏။
ဝါးသေတ္တာ၏ အောက်ခြေတွင်မူ နှစ်ပေါင်းရာချီမဖတ်ရသေးဟန်တူသော ဝါးပေလွှာများ ရှိကြသည်။
မုန့်မျိုးနွယ်စု၏ နတ်ဆေးဆရာသည် ထိုသေတ္တာ၏ အောက်ခြေထောင့်မှ ဝါးပေလွှာတစ်ခုကို ယူလိုက်၏။ ထိုပေလွှာတွင် အထူးဝါးများပင် အရောင်လွင့်နေပြီဖြစ်ပြီး ရှေးဟောင်းပစ္စည်းများမှ ရတတ်သော ရှေးဟောင်းရနံ့ပင် ထွက်ပေါ်နေလေသည်။
ထိုဝါးပေလွှာအား ဖွင့်လိုက်သော အခါတွင်မူ ထွက်ပေါ်လာသည်မှာ မီးတောက်များနှင့် ၀န်းရံထားသော ဦးချိုနှစ်ချောင်းပုံ ဖြစ်ပေသည်။
“မီးတောက်ဦးချို မျိုးနွယ်စု….”
နောက်တစ်နေ့တွင် မုန့်မျိုးနွယ်စုသည် ထိုဂူထဲမှ ခရီးသွားအဖွဲ့ကိုရှာရန် လူတစ်ချို့လွှတ်လိုက်သော်လည်း ခရီးသွားအဖွဲ့မှာ ထိုမနက်အစောကြီးကတည်းပင် ထိုနေရာမှ ထွက်ခွာသွားခဲ့လေပြီ။