တောထဲမှ ထောင်ချောက်များ
Vol. 13 Ch. 192
မနက်စောစောအချိန်တွင် ခပ်မြင့်မြင့်ကျောက်ဖျာတစ်ချပ်ပေါ်၌ ရှောက်ရွှမ်နိုးလာခဲ့ပြီး ထထိုင်လိုက်သည်။ ထို့နောက် သူ ဝါးကနဲ သမ်းလိုက်ပြီး အကြောဆန့်လိုက်၏။
တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် သူ့ပတ်၀န်းကျင်မှာ မနေ့ကအတိုင်းပင် ရှ်ိနေဆဲဖြစ်မှန်း သူတွေ့လိုက်ရသည်။ သို့သော် သူသေချာသတိထား ကြည့်မိသောအခါ ခြုံပုတ်များအောက်မှ အရပ်မျက်နှာခြောက်ခုဆီသို့ ဖြတ်သန်းသွားပုံရသော မျဉ်းကြောင်းကြီးများကို တွေ့ခဲ့ရ၏။
ရှောက်ရွှမ် ကျောက်ဖျာပေါ်မှ ခုန်ဆင်းလိုက်ပြီး လုမျိုးနွယ်စုသူ့အား လက်ဆောင်ပေးခဲ့သော အသားငှက်ဥကို စားလိုက်လေသည်။
ချာချာမှာလည်း မနက်စောစောအချိန်တွင် မနက်စာကိုသူ့ဖာသာ ရှာဖွေစားသောက်ပြီးသည့်နောက် ပတ်၀န်းကျင်တစ်ဝိုက် လှည့်ပတ်ပျံသန်းနေကာ အန္တရာယ်ရှိမရှိ ကင်းလှည့်နေခဲ့၏။
မီးဖိုကြီးမှာမူ ယခုအခါ မနေ့ကနှင့် ကွာခြားနေပြီ ဖြစ်ပြီး ထိုတွင်းပေါ်တွင် ရွှံ့များ ကျောက်တုံးများ ဖုံးအုပ်နေလေသည်။ ရှောက်ရွှမ် ထိုအရာများအား ဖယ်ရှားပစ်ဖို့ စဉ်းစားမိပါသော်လည်း ထိုအရာများရှိနေနေ မနေနေ မီးဖိုကြီးမှာ ဘာမှထူးခြားသွားမည် မဟုတ်သောကြောင့် သူမလုပ်ရန်သာ ဆုံးဖြတ်လိုက်သည်။
ထို့နောက် ရှောက်ရွှမ် မနေ့ညကသူမြင်ခဲ့သော မြင်ကွင်းကို ပြန်ပုံဖော်လိုက်ပြီး မီးဖိုကြီးတဝိုက် လှည့်ပတ်သွားခဲ့၏။
ထိုနေရာသည် အတော်လေးပြောင်းလဲသွားခဲ့လေသည်။ အကယ်၍သူသာ မနေ့ညက မြင်ကွင်းမျိုးကို မြင်တွေ့ခဲ့ခြင်းမရှိပါက ထိုနေရာတွင် ခမ်းနားလှ
သော ကျောက်တုံးအိမ်မျိုး ရှ်ိခဲ့မည်ဟု ယုံနိုင်စရာပင် မရှ်ိတော့ချေ။
ရှောက်ရွှမ် လှည့်ပတ်သွားရင်း မနေ့ညက သူတွေ့ခဲ့သော ထူးခြားသည့်ပစ္စည်းတစ်ချို့ကို ပြန်လည်ရှာဖွေနေမိသော်လည်း ဘာမှမတွေ့ရတော့ပေ။ နှစ်ကာလများစွာ ကြာသွားပြီးသည့်နောက် ထိုပစ္စည်းများမှာ မြေအောက်တွင် နစ်မြုပ်သွားခဲ့ပြီး ဖြစ်လိမ့်မည်။ တချို့မှာတော့ ပျက်ဆီးသွားကြပြီးသာ ဖြစ်နိုင်ပြီး တချို့မှာလည်း မီးတောက်ဦးချိုမျိုးနွယ်စု၀င်များ ယူဆောင်သွားပြီး ဖြစ်နိုင်ပေသည်။
ရှောက်ရွှမ် ထိုပစ္စည်းများ ကျန်သေးလို ကျန်သေးငြား ဂရုတစိုက်ရှာဖွေနေရင်း လင်းယုန်အော်သံတစ်ခုကို ကြားလိုက်ရ၏။
ထိုအခါ သူရှာတွေ့ထားသော ကရားတစ်ခုကို အိတ်ထဲကောက်ထည့်လိုက်ပြီး အသံထွက်ပေါ်လာရာ တောထဲသို့ ၀င်သွားလိုက်သည်။
ထိုနေ့ မနက်စောစောအချိန်တွင် ၀မ်ရှစ်မျိုးနွယ်စုသည် လူပေါင်း ၁၀၀ ကျော်ကို အခြားမျိုးနွယ်စုများအား ရှာဖွေရန် တောထဲသို့ စေလွှတ်ခဲ့၏။ ထိုလူများကို အဖွဲ့ငါးဖွဲ့ခွဲ၍ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ နတ်ဆေးဆရာနှင့် မျိုးနွယ်စုခေါင်းဆောင်မှာလည်း ထိုလူ ၁၀၀ ကျော်အား သူတို့မျိုးနွယ်စုချင်းမှလွဲ၍ တောထဲတွင်တွေ့သမျှလူမှန်သမျှကို သတ်ပစ်ရန် မှာကြားခဲ့၏။
အကယ်၍ သူတို့သာ ထိုလူများ၏ ဦးခေါင်းကို မျိုးနွယ်စုထံ ပြန်ယူလာနိုင်ခဲ့ပါက ဆုလဒ်များချီးမြှင့်မည် ဟူ၍လည်း မက်လုံးပေးခဲ့သည်။
ထို့ကြောင့်ပင် နတ်ဆေးဆရာနှင့် ခေါင်းဆောင်မှာ သူတို့အား တောထဲတွင် လူမည်မျှရှိနိုင်သည်ကို မပြောခဲ့ဘဲနှင့်ပင် ထိုလူများသည် တွေ့သမျှလူများအား သတ်ဖြတ်ပစ်ရန် အတော်လေး စိတ်အားတက်ကြွနေခဲ့ကြ၏။
၀မ်ရှစ်မျိုးနွယ်စုတွင် တောထဲသို့ စေလွှတ်ခြင်းမခံခဲ့ရဘဲ မျိုးနွယ်စုအစောင့်များအဖြစ် ကျန်ခဲ့ရသူများလည်း ရှိကြသေးပေသည်။ နတ်ဆေးဆရာနှင့် ခေါင်းဆောင်မှာ ထိုကိစ္စအား အချိန်တော်တော်ကြာ ဆွေးနွေးခဲ့ပြီး နောက်ဆုံးတွင် လူ ၁၀၀ ကျော်သာ စေလွှတ်ရန် ဆုံးဖြတ်ခဲ့ပြီး ကျန်လူများကို မျိုးနွယ်စု၌ အစောင့်များအဖြစ် ထားရှိခဲ့သည်။
ထိုကျန်လူများမှာ တောထဲသို့ စေလွှတ်ခံရသူများကို မနာလိုအားကျနေသည့် မျက်၀န်းများဖြင့်သာ ကြည့်ရှုနေရင်း ကျန်ခဲ့ရ၏။ သူတို့အမြင်တွင် ထိုခရီးမှာ လူပေါင်းများစွာစုသွားကြေသာ ခရီးဖြစ်ခြင်းကြောင့် ဘာမှအန္တရာယ်ရှိနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် မနာလိုနေကြခြင်း ဖြစ်၏။
ထိုကျန်ခဲ့သူများ မနာလိုဖြစ်ေနကြချိန်တွင် တောထဲသို့ ၀မ်ရှစ်သားရဲများနှင့် စေလွှတ်ခံရသူများမှာတော့ အောင်ပွဲခံနေခဲ့ကြသည်။
၀မ်ရှစ် မျိုးနွယ်စု၌ နွားများ ဆိတ်များ မြင်းများ မွေးမြူခြင်း မရှိကြပေ။ ပထမအချက်မှာ ထိုသတ္တဝါများ မွေးမြူရခြင်းကို သူတို့စိတ်မ၀င်စားကြ၍ ဖြစ်၏။ သို့သော် ပိုအရေးကြီးသည့်အချက်မှာ သူတို့သည် ၀မ်ရှစ်သားရဲ များမွေးမြူရခြင်းတွင်သာ ပိုအာရုံစိုက်လိုကြသောကြောင့် ဖြစ်သည်။
သူတို့ ၀မ်ရှစ်သားရဲဟု ခေါ်သော သားရဲများသည် မူလကတည်းက တည်ရှ်ိသော သားရဲမျိုးများ မဟုတ်ကြပေ။ ထိုသားရဲများကို ၀မ်ရှစ်မျိုးနွယ်စုက ရွေးချယ်၍ သားဖောက်ပေးကြခြင်း ဖြစ်၏။ ထိုသားရဲများသည် တောရိုင်းကောင်များနှင့် သားရဲများကို မျိုးစပ်၍ သားဖောက်ပေးထားကြခြင်းဖြစ်သောကြောင့် သာမန်သားရဲများထက် ပို၍ သန်မာကြပေသည်။ သန္ဓေပြောင်းသားရဲများဖြစ်သောကြောင့် ထိုသားရဲများသည် မျိုးဆက်တစ်ဆက်နှင့်တစ်ဆက်လည်း တူညီခြင်း မရှိကြပေ။ ထို့ကြောင့် ထိုသတ္တဝါများ၏ အမည်အားမှတ်မိနေစေရန်နှင့် ထိုသတ္တဝါများကို မြင်သည်နှင့် သူတို့မျိုးနွယ်စုကို အမှတ်ရကြစေရန် ၀မ်ရှစ်မျိုးနွယ်စုသည် ထိုသားရဲများကို ၀မ်
ရှစ်သားရဲဟု အမည်ပေးခဲ့လေသည်။
၀မ်ရှစ်သားရဲများသည် သေချာရွေးချယ်၍ မျိုးစပ်ပေးထားသော သားရဲများဖြစ်ကြသောကြောင့် လွန်ခဲ့သော နှစ်ပေါင်းရာချီက သားရဲမျိုးစိတ်ဗီဇများမှာပင် ထို၀မ်ရှစ်သားရဲများ၌ ပါရှိနေတတ်၏။ သူတို့အား သားစပ်ရန်မှာ အရင်ဆုံး စွမ်းအားကြီးသော သားရဲမျိုးကို လိုအပ်ကြပြီး ထိုသားရဲအား သူတို့၏မူလစံနှုန်းအဖြစ် သတ်မှတ်၍ သားဖောက်ကြခြင်း ဖြစ်ပေသည်။
ထို၀မ်ရှစ်သားရဲများသည် အခြားမျိုးနွယ်စုများမွေးမြူထားကြသော လေ့ကျင့်ပေးထားသော သားရဲများထက် ပိုကြီးကြပြီး ပုံသဏ္ဍာန်မှာလည်း ကွဲပြားလှသည်။ အချို့မှာ ခွေးများနှင့်တူကြပြီး အချို့မှာတော့ ကြောင်များနှင့် တူကြ၏။ သူတို့၏ အသွင်အပြင်မှာ မျိုးစုံပင်ဖြစ်သော်လည်း သူတို့၌တူညီသော အရာတစ်ခုတော့ ရှိကြသည်။ ထိုအရာမှာ သူတို့ဖမ်းဆီးကိုက်ဖြတ်လိုသော သားကောင်အား တွေ့သည့်အခါ ဖြစ်ပေါ်သွားကြ
သည့် သူတို့၏ ရက်စက်ကြမ်းကြုတ်သည့် မျက်လုံးအကြည့်များ ဖြစ်ကြ၏။
၀မ်ရှစ်မျိုးနွယ်စု အခြားမျိုးနွယ်စုများနှင့် စစ်ပွဲဖြစ်သောအခါ သူတို့သည် ထိုမျိုးနွယ်စုများအား နောက်မှလိုက်၍ ခြောက်လန့်ရန်နှင့် သတ်ဖြတ်ရန်အတွက် ၀မ်ရှစ်သားရဲများကို စေလွှတ်လေ့ရှိလေသည်။
ထို၀မ်ရှစ်သားရဲများကို ထိန်းချုပ်ရာတွင်မူ သန်မာပြီး အထူးအရည်အချို့စိမ်ထားသော နွယ်ကြိုးများဖြင့် ချည်နှောင်၍ ထိန်းချုပ်ကြခြင်း ဖြစ်၏။ မျိုးနွယ်စုရှိ သန်မာသော စစ်သည်တော်များသည်သာ ထိုကြိုးအားသုံး၍ ထိုကောင်များကို ဆွဲနိုင်ကြပြီး ကြိုးများအား သူတို့သွားများဖြင့် ကိုက်ဖြတ်ပစ်မည့်ရန်မှလည်း ကာကွယ်ထားနိုင်ကြသည်။
တောထဲသို့ စေလွှတ်လိုက်သော လူပေါင်း ၁၀၀ ကျော်ပါသည့် အဖွဲ့တွင်မူ အဖွဲ့တစ်ဖွဲ့၌ ၀မ်ရှစ်သားရဲ
သုံးကောင် လေးကောင် ထည့်ပေးလိုက်ပြီး ထိုအဖွဲ့များမှာလည်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ အလွန်ဝေးသည့်နေရာသို့ မသွားကြပေ။ သူတို့မှာ တောထဲတွင် ခပ်လှမ်းလှမ်းမှသာ သွားလာကြခြင်းဖြစ်ပြီး တစ်ဖွဲ့က သာမန်မဟုတ်သောအရာတစ်ခုခုကို တွေ့မိ၍ အချက်ပေးပါက အခြားအဖွဲ့များလည်း ချက်ချင်းရောက်လာနိုင်လောက်သည့် အကွာအဝေးဖြစ်ပေသည်။
သူတို့မျိုးနွယ်စုထဲမှ စတင်ထွက်ခွာလာခဲ့ချိန်က နတ်ဆေးဆရာနှင့် ခေါင်းဆောင်ပြောခဲ့သော စကားများကြောင့် စိတ်အားတက်ကြွခဲ့ကြပါသော်လည်း တောထဲသို့ ရောက်သောအခါတွင်မူ သူတို့အတော်လေး စိတ်ရှုပ်လာခဲ့ကြ၏။
ထိုတောထဲတွင် အရာရာမှာ တိတ်ဆိတ်နေပြီ သူတို့နှင့်ပါလာသော ၀မ်ရှစ်သားရဲများ၏ ဟိန်းဟောက်သံမှလွဲ၍ မည်သည့်အသံကိုမှ မကြားရချေ။ သူတို့သည် သာမန်မဟုတ်သည့် မည်သည့်အရာကိုမှလည်း ရှာမတွေ့ခဲ့ဘဲ လူသူတစ်ယောက်ယောက်ရှိနေ
သည့် သဲလွန်စမျိုးကိုလည်း ရှာမတွေ့ခဲ့ချေ။ သူတို့တောထဲသို့ မ၀င်ခင်က တွေးခဲ့သည်မှာ ပစ်မှတ်အားရှာဖွေ၍ သတ်ဖြတ်ကာ ဆုလဒ်အားရယူမည်ဟု တွေးခဲ့ကြခြင်းဖြစ်ပါသော်လည်း တောထဲသို့ရောက်သည့်အခါတွင်မူ အချိန်အတော်ကြာကြာ ရှာဖွေခဲ့ကြပါသော်လည်း သားရဲများမှအပ မည်သည့် သဲလွန်စမျိုးကိုမှ ရှာမတွေ့ခဲ့ကြချေ။
ရှောက်ရွှမ်သည် ယခင်ကတည်းက တောထဲ၌ အမဲလိုက်ထွက်နေကြဖြစ်သောကြောင့် တောထဲတွင် သဲလွန်စမကျန်အောင် မည်သို့သွားလာရမည်ကို သိရှိထားပြီး ဖြစ်သည်။ တောထဲတွင် ခြေရာခံကောင်းသော သားရဲများစွာရှိသော်လည်း သူ့အား မည်သည့်သားရဲမှ ရှာမတွေ့ခဲ့ကြပေ။ ထိုသည်မှာ ၀မ်ရှစ်သားရဲများ သူ့အား ရှာမတွေ့နိုင်ခဲ့သည့် အကြောင်းရင်းလည်း ဖြစ်၏။
တောထဲသို့ ၀င်ရောက်ရှာဖွေနေကြသောအဖွဲ့မှာ တစ်မနက်လုံးရှာဖွေပြီးသည့်နောက်တွင် မွန်းတည့်ချိန်သို့ ရောက်သောအခါ အတော်လေးပင်ပန်းနွမ်းနယ်နေ
ကြလေသည်။ သူတို့တောထဲတွင် ဘာမှရှာမတွေ့ခဲ့ကြဘဲ နွယ်ပင်များနှင့် သားရဲများ၏ တိုက်ခိုက်ခြင်းကိုသာ ခံခဲ့ကြရ၏။ သူတို့မှာ ရှောက်ရွှမ်လို ခြေရာဖျောက်၍ သွားလာနိုင်သူများ မဟုတ်ကြလေရာ သားရဲများ၏တိုက်ခိုက်ခြင်းကို ခံခဲ့ကြရပြီး ယခုအခါတွင် သူတို့အဖွဲ့များထဲ၍ ၀မ်ရှစ်သားရဲများနှင့် လူနှစ်ဆယ်ကျော်လောက်သာ ကျန်လေတော့သည်။
“ငါတို့ဘာလို့ လူတစ်ယောက်မှ ရှာမတွေ့တာလဲ” စစ်သည်တော်တစ်ယောက် အနားယူနေရင်း မေးလိုက်၏။
“ငါတော့ တစ်ယောက်ယောက်ကိုမကြာခင်ရှာတွေ့ပြီး သူ့ခေါင်းကိုဖြတ်ပြီး ခေါင်းဆောင်ဆီမှာ ဆုသွားထုတ်နိုင်ဖို့ မျှော်လင့်တယ်ကွာ” အခြားစစ်သည်တော်တစ်ယောက်လည်း ပြန်ပြောလိုက်သည်။
“အဲ့တာကတော့ မင်းဘယ်လောက်လျင်သလဲ ဆိုတာအပေါ်မူတည်တာပဲ ငါကတော့သားကောင်ပစ်မှတ်ကို တွေ့ရင် မင်းကိုပေးမှာမဟုတ်ဘူး”
“ဒီတောထဲမှာ လူတစ်ယောက်တည်းပဲရှိတာဖြစ်နိုင်သလို လူအများကြီးရှိတာလည်း ဖြစ်နိုင်တယ်ကွ တကယ်လို့တစ်ယောက်တည်းပဲရှိတယ်ဆိုရင်တောင် အဲ့ကောင်ကို အပိုင်းပိုင်းဖြတ်ပြီး ခွဲယူလို့ရတယ်” လူတစ်ယောက် ဝင်ပြောလိုက်သည်။
“မင်းမှန်တယ် အကုန်လုံးကမင်းဘယ်လောက်စွမ်းနိုင်မလဲ ဆိုတာအပေါ် မူတည်နေတာပဲ”
သူတို့ထိုအကြောင်းပြောနေကြစဉ်တွင် စစ်သည်တော်တစ်ယောက် ထပြောလိုက်သည်။
“ဟေး အဲ့တာဘာကြီးလဲ”
စစ်သည်တော်သည် မတ်တပ်ထရပ်လိုက်ပြီး သူ့ရှေ့ရှိ ကျောက်တုံးဆီ သွားလိုက်၏။ သာမန်အားဖြင့် သူ
တို့ထိုကဲ့သို့သော ကျောက်တုံးမျိုးကိုတွေ့ပါက လစ်လျူရှုထားလိုက်မည်သာ ဖြစ်သည်။ သို့သော်လည်း ယခုအခါတွင် ထိုကျောက်တုံးမှာ ထူးဆန်းနေပုံပေါ်နေ၏။
သူတို့မြင်သည်မှာ ကျောက်တုံး၏တစ်ဖက်ခြမ်းသာ ဖြစ်ပြီး ကျောက်တုံး၏အခြားဖက်သို့ သွားကြည့်လိုက်သောအခါတွင်မူ ကျောက်တုံးပေါ်ရှိ ရေညှိများကို ခြစ်ဖယ်ထားသော အရာများကို တွေ့လိုက်ရလေသည်။
“ဒါကို ဘယ်သူခြစ်ချသွားတာလဲ” ထိုစစ်သည်တော် မေးလိုက်၏။
အခြားသူများ ခေါင်းခါပြလိုက်ကြသည်။
ကျောက်တုံးပေါ်ရှိ ခြစ်ရာများမှာ အချိန်ကြာသေးသည့်ပုံ မပေါ်ချေ။ ထို့ကြောင့် ထိုကျောက်တုံးများ
ကို ခြစ်သွားသည်မှာ သူတို့မျိုးနွယ်စု၀င်ထဲမှ တစ်ယောက်ယောက် မဟုတ်ပါက ထိုနေရာတွင် လူတစ်ယောက်ရှိခဲ့ခြင်း ဖြစ်နိုင်၏။
ထိုစစ်သည်တော်သာ ထိုသို့တွေးခြင်းမဟုတ်ပေ။ အခြားစစ်သည်တော်များမှာလည်း ထိုသို့ပင် တွေးမိခဲ့ကြသည်။
“ဒီနေရာမှာ တစ်ယောက်ယောက်ရှိခဲ့တယ်”
“ဒါကောင်းတယ်”
“ဒါနဲ့ မီးတောက်ဦးချို ဆိုတာဘာလဲ” ကျောက်တုံးပေါ်မှစာလုံးကို မြင်သွားသော စစ်သည်တော်မေးလိုက်၏။
“ပြောကြတာတော့ ဒီနေရာမှာ အရင်ကမျိုးနွယ်စု
အကြီးကြီးတစ်ခုရှိခဲ့တယ်လို့ ပြောကြတယ် ဒါပေမယ့် အဲ့တာကပျက်ဆီးသွားတာ ကြာခဲ့ပြီ ဖြစ်နိုင်တာတော့ အဲ့ဒီမျိုးနွယ်စုနာမည်က မီးတောက်ဦးချို ဖြစ်ရမယ်”
“ဖြစ်နိုင်တယ်”
ထိုအကြောင်းအား ပြောနေကြရင်း လူတိုင်းစိတ်လှုပ်ရှာနေကြလေသည်။
မျိုးနွယ်ကြီးတစ်ခု။ လွန်ခဲ့သော နှစ်ပေါင်းထောင်ချီက မျိုးနွယ်စုကြီးတစ်ခုသည် မည်သို့မည်ပုံရှိနိုင်သည်ကို သူတို့မသိကြသော်လည်း မျိုးနွယ်စုကြီးများတွင် ဗဟိုဒေသရှိအခြားမျိုးနွယ်စုကြီးများသို့ တန်ဖိုးရှိသောပစ္စည်းများ ရှိနေနိုင်ကြ၏။ ထို့ကြောင့် ရတနာများ ကျောက်စိမ်းများနှင့် မီးလျှံကျောက်တုံးများကိုပင် သူတို့ရှာတွေ့ကောင်း တွေ့နိုင်ပေသည်။
ထိုအကြောင်းအား တွေးမိသောအခါ အဖွဲ့ထဲရှိ လူတိုင်းစိတ်လှုပ်ရှားလာကြ၏။ ထိုကဲ့သို့ သားရဲများကျက်စားသော တောထဲသို့ ဆက်သွားရမည်မှာ အန္တရာယ်များမှန်း သူတို့သိကြသည်။ သို့သော် သူတို့အဖွဲ့တွင် စစ်သည်တော်အများအပြားပါရှိပေရာ သူတို့သာ လုံလောက်အောင် သတိထားပါ၍ အန္တရာယ်ကင်းပေလိမ့်မည်သာ။
“တောထဲကို ၀င်လာတဲ့လူတွေကလည်း အဲ့ဒီမျိုးနွယ်စုကြီးကျန်ခဲ့တဲ့ အဖိုးတန်ပစ္စည်းတွေကို လာရှာတာပဲ ဖြစ်ရမယ်” စစ်သည်တော်တစ်ယောက် ပြောလိုက်သည်။
“အဲ့ဒီကောင်တွေကို ငါတို့အရင်ရောက်သွားစေလို့ မဖြစ်ဘူး အမြန်လုပ်ကြ”
သူတို့ အဖွဲ့ခေါင်းဆောင်ပင် ဘာမှမပြောရသေးခင်တွင်ပင် စစ်သည်တော်များမှာ ထွက်ခွာဖို့ ပြင်ဆင်ပြီး ဖြစ်နေလေသည်။ မျိုးနွယ်စု စစ်ပွဲများမှာပင် သူ
တို့အား အကျိုးရလဒ်များစွာ ရစေလေရာ ဤကဲ့သို့မျိုးနွယ်စုကြီးတစ်ခု၏ အကြွင်းအကျန်ပစ္စည်းများဆိုလျှင် မည်မျှ တန်ဖိုးကြီးလိုက်မည်နည်း။
ထို၀မ်ရှစ်မျိုးနွယ်စုသည် အလွန်လောဘကြီးကျပြီး တစ်ခါတစ်ရံတွင် သူတို့လောဘမှာ သူတို့အသိစိတ်ကိုပင် ဖုံးအုပ်သွားတတ်သည်ဟု ယန်ကျိုပြောဖူး၏။ ထိုသည်မှာပင် သူတို့သည် အဘယ်ကြောင့်ရူးသွပ်ဖွယ်ကိစ္စများကို လုပ်ခဲ့ကြသလဲ ဟူသော အကြောင်းပြချက်ဖြစ်ပေသည်။
ယခုနှစ်များတွင် ကျွန်ပိုင်ရှင်များသည် ဗဟိုဒေသသို့ မကြာခဏလာရောက်လေ့ရှိကြ၏။ အထူးသဖြင့် သူတို့သွားသောနေရာများမှာမူ ၀မ်ရှစ်မျိုးနွယ်စု ရှိသောနေရာများသာ ဖြစ်ကြပေသည်။
သူတို့ထိုနေရာမှ ထွက်ခွာမသွားခင်တွင် ၀မ်ရှစ်မျိုးနွယ်စုမှ လူတစ်ယောက်သည် သူ့ဘောင်းဘီအား ချွတ်ကာ မီးတောက်ဦးချိုဟု ရေးထားသော ကျောက်တုံးကို သေးနှင့်ပန်းလိုခဲ့သည်။ ထိုသို့သော
ကျောက်တုံးမျိုးသည် မျိုးနွယ်စုကြီးတစ်ခု၏ နယ်ခြားအမှတ်အသားမျိုးဖြစ်၏။ မျိုးနွယ်စုများကြားတွင် ထိုသို့သောကျောက်တုံးများမှာ အတော်လေးအရေးပါသော အရာများဖြစ်ကြသည်။ အကယ်၍ တစ်ယောက်ယောက်ကသာ ခြေလက်ရှစ်ဖက်မျိုးနွယ်စုက ကျောက်တုံးပန်းချီများပေါ် သေးနှင့်ပန်းမိပါက ထိုလူသည် ချက်ချင်းပင် ခြေလက်ရှစ်ဖက် မျိုးနွယ်စု၏ သတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။ ထိုသို့သော အထိန်းအမှတ်ကျောက်တုံးမျိုးကို မလေးမစားလုပ်ခြင်းမှာ ထိုမျိုးနွယ်စုပေါ် မလေးစားခြင်း မဟုတ်ပါလား။
သို့သော်လည်း မီးတောက်ဦးချိုမျိုးနွယ်စုမှာတော့ ပျောက်ကွယ်သွားသည်မှာ နှစ်ပေါင်း ၁၀၀၀ကျော်လောက်ရှိနေပြီ ဖြစ်သောကြောင့် ၀မ်ရှစ်မျိုးနွယ်စု၀င်များ လုံး၀မကြောက်ခဲ့ကြပေ။ အကယ်၍ အခုချိန်တွင် ထိုမျိုးနွယ်စုမှ တစ်ယောက်ယောက်သူတို့ကို လာ၍ တိုက်ခိုက်ခဲ့လျှင်ပင် ထိုသူကို သူတို့သတ်ဖြတ်ပလိုက်ကြမည်သာ ဖြစ်သည်။ စစ်သည်တော်တစ်ယောက်သည်လည်း ထိုကျောက်တုံးကို ဓားဖြင့် နှစ်ခြမ်းခြမ်းပစ်ရန် ကြိုးစားနေပြီး ထို
ကျောက်တုံးမှာအတော်လေးမာကျောလှသောကြောင့် ကွဲမသွားခဲ့ချေ။ ထို့ကြောင် ကျောက်တုံးအားယူသွားကာ လက်နက်တစ်ခုခုထွင်းဖို့သာ စီစဉ်လိုက်ကြသည်။
အဖွဲ့သည် ရှေ့သို့ေခြလှမ်းအနည်းငယ် ဆက်သွားလိုက်ကြပြီး သူတို့ရှာလိုသောလူများနှင့် ပစ္စည်းများကို ရှာဖွေခဲ့ကြ၏။ သို့သော် ခြေလှမ်းအနည်းငယ်ရှေ့ဆက်သွားပြီးသည့်နောက် တစ်ခုခုမှားနေသည်ကို အဖွဲ့ခေါင်းဆောင်ခံစားလိုက်ရသောကြောင့် နောက်ပြန်လှည့်ကြည့်လိုက်ရာ ကျောက်တုံးရှေ့တွင် မလှုပ်မယှက်ရပ်နေသော စစ်သည်တော်တစ်ယောက်ကို တွေ့လိုက်ရ၏။
သူသေးပေါက်နေတာလား။
“ပြီးပြီလား” ခေါင်းဆောင်မေးလိုက်သည်။
မည်သူမှ ပြန်မဖြေခဲ့ချေ။
အခြားစစ်သည်တော်များလည်း ၀င်ပြောလိုက်ကြ၏။ သူတို့လည်း ထိုကျောက်တုံးပေါ်တွင် သေးပေါက်ချင်သော်လည်း သူတို့အလျင်လိုနေသည်ကို သိကြပေသည်။ ထိုကောင်မှာ ထိုနေရာတွင် ဘာကြောင့် ရပ်နေရသနည်း။ အကယ်၍သူတို့သာ နှေးကွေးနေပါက သူတို့ရတနာများကို အခြားသူ ရသွားပေလိမ့်မည်။
တစ်ယောက်ယောက်သည် တစ်ခုခုထပ်ပြောဖို့ ပြင်လိုက်သော်လည်း ခေါင်းဆောင်တားလိုက်သည်။
အဖွဲ့ခေါင်းဆောင်အနေနှင့် သူသည် အတော်လေးသတိကြီးသည့်သူ ဖြစ်ပြီး တစ်ခုခုမှားနေသည်ကို ခံစားမိနေ၏။ ထို့ကြောင့် သူထိုနေရာသို့ သတိထား၍သွားလိုက်ပြီး ကျောက်ဓားကိုလည်း ထုတ်ထားလိုက်သည်။
ထိုအချိန်တွင် ကျောက်တုံးရှေ့၌ ရပ်နေသော စစ်သည်တော်မှာ မည်သည့်အသံမှမထွက်ဘဲ လဲကျသွားလေတော့သည်။
လူတိုင်းမှာ စိတ်ပူသွားကြပြီး ၀မ်ရှစ်သားရဲများပင် သတိမထားမိဘဲ ထိုသူဘာကြောင့်အတိုက်ခိုက်ခံလိုက်ရသလဲဟု အံ့ဩသွားမိကြ၏။
ထိုအချိန်တွင် တရှဲရှဲမြည်သံများ ထွက်ပေါ်လာသည်။
အသံမှာ ခြုံပုတ်များဆီမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး အလွန်တိုးညှင်းလှသောကြောင့် လူတစ်ယောက်သေချာနားထောင်လျှင်ပင် ထိုအသံကို ကြားနိုင်လိမ့်မည် မဟုတ်ပေ။
၀မ်ရှစ်သားရဲသုံးကောင်မှာတော့ အကြားအာရုံအလွန်
ကောင်းသူများ ဖြစ်ပေရာ အသံကြားလိုက်သည်နှင့် ဟိန်းဟောက်လိုက်ပြီး ထိုခြုံပုတ်များဆီသို့ ပြေးတက်သွားလေတော့သည်။ သားရဲများအား ဆွဲလာသော သူမှာတော့ အတင်းပြေးထွက်သွားေသာ သားရဲများကြောင့် လက်ထဲမှကြိုးကို လွှတ်ပေးလိုက်ရ၏။
ခေါင်းဆောင်သည် သူ့လူများအားတစ်ချက်ကြည့်လိုက်ကာ သတိထားနေဖို့ ပြောလိုက်ပြီး ၀မ်ရှစ်သားရဲများနောက်သို့ လိုက်သွားလိုက်ကြသည်။
ထိုအခါ ခြုံပုတ်များထဲမှ လူတစ်ယောက်ပြေးထွက်သွားသလို အသံကျယ်ကျယ်လောင်လောင်များ ပေါ်ထွက်လာခဲ့၏။ တစ်စက္ကန့်အတွင်းမှာပင် ထိုလူမှာ သူတို့နှင့် ဝေးရာသို့ ပြေးထွက်သွားခဲ့သည်။
“လိုက်ကြ”
“အု”
စစ်သည်တော်တစ်ယောက်၏ ခြေထောက်ထောင်ချောက်အား နင်းမိသွားခဲ့ပြီး အု ဟုသော အသံခပ်တိုးတိုး ထွက်ပေါ်လာခဲ့သည်။ မကြာခင်တွင် သူ့အသံတိတ်ဆိတ်သွားပြီး သူ့ခန္ဓာကိုယ်အား သစ်သားအပ်တစ်ချောင်း ထွင်းဖောက်သွားခြင်းကို ခံလိုက်ရ၏။
အခြားစစ်သည်တော်သုံးယောက်မှာလည်း ခြေထောက်များအား တုပ်နှောင်ခံလိုက်ရပြီး တစ်ယောက်ပြီးတစ်ယောက် လှုပ်မရဖြစ်သွားခဲ့သည်။ ထို့နောက်တွင်တော့ သူတို့သုံးယောက်လုံး၏ အသက်များကို သစ်သားအပ်များက နှုတ်ယူသွားခဲ့၏။
ထိုအချိန်တွင် ကျန်လူများမှာ ကြောက်ရွံ့နေကြလေသည်။ သူ့တို့ဘေးပတ်ပတ်လည်ရှ်ိ ခြုံနွယ်သစ်ပင်များအား ကြောက်စိတ်ဖြင့် ကြည့်နေကြမိ၏။ သူတို့ဘေးပတ်ပတ်လည်တွင် ခြုံနွယ်သစ်ပင်များနှင့် မြက်ရိုင်းရှည်များ ရှိနေပြီး ပတ်၀န်းကျင်အား
ရှင်းရှင်းလင်းလင်းမြင်မနေရချေ။ ထို့ကြောင့် သူတို့အကြားအာရုံကိုသာ အားကိုးနေရ၏။ သူတို့ဘေးပတ်ပတ်လည်တွင် လူမည်မျှ ပုန်းအောင်နေသည်ကိုလည်း သူတို့မသိခဲ့ကြချေ။
စစ်သည်တော်တစ်ယောက်သည် ရုတ်တရက်ထဆဲလိုက်ပြီး သူ့ခြေကျင်း၀တ် နာကျင်သွားသည်ကို ခံစားလိုက်ရသည်။ အခြားသူများကဲ့သို့ သူလည်း ချည်နှောင်ခံလိုက်ရမည်ဟု ထင်မိပါသော်လည်း အမှန်တကယ်တွင်မူ သူ့ခန္ဓာကိုယ်အား တရွတ်တိုက်ဆွဲသွားခြင်းကို ခံလိုက်ရ၏။
အခြားစစ်သည်တော်တစ်ယောက်လည်း ထိုသို့ ဆွဲသွားခံရပြီး ဘာအသံမှ ထပ်ထွက်မလာတော့ချေ။
မူလနေရာ၌ပင် ရပ်နေသော စစ်သည်တော်များသည် ရှေ့ဆက်မသွားကြဘဲ လက်နက်များအား ထုတ်ကာ ၀မ်ရှစ်သားရဲများနောက်သို့ လိုက်ရန်သာ ဆုံးဖြတ်ခဲ့ကြ၏။
ခေါင်းဆောင်မှာလည်း သူ့ဓားအား ထုတ်ကာ မြက်ရိုင်းများကို ရှင်းလင်းနေသော်လည်း မည်သည့်ထူးဆန်းသည့် အရာကိုမှ သူမမြင်ရခဲ့ချေ။ ထို့ကြောင့် သူအသံတိတ်ပင် ဆဲဆိုလိုက်မိ၏။
သူတို့သည် ရန်သူမျိုးနွယ်စုကို မမြင်ရသေးခင်တွင်ပင် ထောင်ချောက်များကိုသာ တစ်ခုပြီးတစ်ခု မိနေကြရ၏။ သို့သော် ထိုထောင်ချောက်များ၏ အဆုံးသတ်ကိုတော့ တွေ့မနေသေးပေ။
တစ်စက္ကန့်အတွင်းပင် နောက်ထပ်စစ်သည်တော်လေးယောက် သေဆုံးသွားခဲ့သည်။
သူတို့သည် အလွန်ပင် စိတ်မသက်မသာဖြစ်နေကြပြီး ဤကဲ့သို့သော အခြေအနေကြောင့် ပိုပိုပြီးလည်း ဒေါသထွက်လာခဲ့ကြသည်။ သူတို့စိတ်အခြေအနေမည်မျှ ဆိုးရွားနေခဲ့မည် ဆိုသည်မှာ ပြောစရာပင် မ
လိုတော့ချေ။
မျိုးနွယ်စုစစ်ပွဲများအား ဆင်နွှဲခဲ့စဉ်က သူတို့ထိုသို့အခြေအနေမျိုးနှင့် တစ်ခါမှ မကြုံဖူးခဲ့ပေ။ ထိုစဉ်က သူတို့ခွန်အားကိုသုံး၍ ရန်သူများကို ခုတ်ပိုင်းခဲ့ကြသည်သာ ဖြစ်၏။
သို့သော် ယခုတွင်တော့ ထိုနည်းလမ်းမှာ အသုံးမဝင်ချေ။
ယခုကဲ့သို့ တိုက်ခိုက်ပုံမျိုးကို သူတို့မကြုံဖူးခဲ့ကြပေ။
ထို့အပြင် ဤတောထဲမှ သားရဲများ ရုတ်တရက်ပေါ်လာကြမည်ကိုလည်း သူတို့စိုးရိမ်နေကြရ၏။
၀မ်ရှစ်သားရဲများမှာမူ သူတို့နှင့်ဝေးရာသို့ ပြေးထွက်သွားပြီဖြစ်ရာ ပြန်လာဖို့ အမိန့်ပေး၍ ရတော့မည်
မဟုတ်ပေ။
တစ်စုံတစ်ယောက်သည် သူတို့အား တိုက်ခိုက်ရန် ထိုသားရဲများကို အရင်မျှားခေါ်သွားခဲ့သည်ဟု အဖွဲ့ခေါင်းဆောင် တွေးမိသွားခဲ့သည်။
“ကျွန်တော် အချက်ပြ၀ီစီမှုတ်လိုက်ရမလား” စစ်သည်တော်တစ်ယောက် မေးလိုက်၏။
“မလုပ်နဲ့” သူတို့တောထဲသို့ ရောက်သည်မှာ အချိန်ခဏလေးပင် ရှိနေသေးသည်။ ထို့ကြောင့် ဤအချိန်တွင် အချက်ပြအကူအညီတောင်းလိုက်မည် ဆိုပါက မျိုးနွယ်စုခေါင်းဆောင်၏ ဂုဏ်သိက္ခာ မြောင်းထဲရောက်သွားပေလိမ့်မည်။ အဖွဲ့ခေါင်းဆောင်၏ မျက်လုံးထဲတွင် စိတ်ဖိစီးမှုများ ပြည့်နှက်နေလေတော့သည်။
ရှဲ….
နောက်ထပ်စစ်သည်တော်တစ်ယောက် လည်ပင်းအား ချည်နှောင်ခံလိုက်ရကာ လေပေါ်သို့ ပါသွားခဲ့၏။ သူ့ပါးစပ်အား ဟကာတစ်ခုခုပြောရန် ပြင်လိုက်ပါသော်လည်း ဘာအသံမှထွက်မလာခဲ့ပေ။ သူအော်ဟစ်ချင်ပါသော်လည်း လည်ပင်းအား ကြိုးဖြင့် တင်းတင်းကြပ်ကြပ်ရစ်ပတ်ခံထားရလေရာ သူ့မျက်နှာသာ တဖြည်းဖြည်းရှုံ့မဲ့လာလေသည်။
ဖတ်!
ထိုစဉ် သစ်သားအပ်တစ်ချောင်း သူ့လည်ပင်းအား ထိမှန်သွားပြီး ထိုစစ်သည်တော် အဆိပ်မိသွားကာ လုံး၀အသိကင်းမဲ့သွားပြီး ရုန်းကန်နိုင်ခြင်းပင် မရှိခဲ့တော့ချေ။
ခေါင်းဆောင်နှင့် အခြားသူများ ထိုစစ်သည်တော်အား ဆွဲခေါ်သွားသည့် ကြိုးကို ကြည့်လိုက်ကြသည်။
ပိုးချည်မျှင်တစ်ချောင်း။
ထိုကဲ့သို့ ပိုးချည်မျှင်မျိုးမှာ ခြေလက်ရှစ်ဖက်မျိုးနွယ်စုတွင်သာ ရှိသောအရာမျိုး ဖြစ်၏။
သို့သော် မဖြစ်နိုင်ချေ။ ခြေလက်ရှစ်ဖက်မျိုးနွယ်စုသည် ဤနေရာနှင့် အတော်လေးဝေးသော အရပ်တွင် တည်ရှိခြင်း ဖြစ်ပေသည်။ ထို့အပြင် ထိုမျိုးနွယ်စုသည် မျိုးနွယ်စုစစ်ပွဲများ၌ ၀င်ပါလေ့ မရှိကြပေ။ ၀မ်ရှစ်မျိုးနွယ်စုသည် မျိုးနွယ်စုလေးများအား တိုက်ခိုက်လေ့ရှိသော်လည်း မျိုးနွယ်စုကြီးများမှာတော့ မတူကြချေ။ အကယ်၍ မျိုးနွယ်စုကြီးတစ်ခုသာ စစ်ပွဲထဲ၀င်ပါလာခဲ့ပါက အခြားမျိုးနွယ်စုကြီးများမှာလည်း ပါလာကြပေလိမ့်မည်။
ခြေလက်ရှစ်ဖက်မျိုးနွယ်စုသည် ထိုကဲ့သို့အခြေအနေမျိုးကို အရောက်ခံလိမ့်မည် မဟုတ်ပေ။
သူထိုသို့ တွေးမိလေလေ ကိစ္စများမှာ ပို၍ ရှုပ်ထွေးလာလေလေသာ ဖြစ်နေ၏။ ထို့ကြောင့် ခေါင်းဆောင်ထိုအရာများအကြောင်း စဉ်းစားမနေတော့ဘဲ ဤနေရာတွင် ပုန်းကွယ်နေသည့် အရာအား ရှာဖွေကာ သတ်ဖြတ်ပစ်ရန်သာ ဆုံးဖြတ်လိုက်လေသည်။