← Chapters

ကောင်းကင်အားကြည့်ရှုခြင်းနှင့် မိုးခေါ်ခြင်း

Vol. 14 Ch. 197

ကောင်းကင်အားကြည့်ရှုခြင်းနှင့် မိုးခေါ်ခြင်း

Vol. 14 Ch. 197

မိုးမျိုးနွယ်စုမှ ထွက်ခွာလာခဲ့ပြီးသည့်နောက် သူ့အချိန်အတော်များများကို ခရီးသွားအဖွဲ့များနှင့်သာကုန်ဆုံးခဲ့ရလေရာ ယန်ဆွေ့အတော်လေး စကားများလာခဲ့ပြီး အခြားသူများနှင့် စကားပြောရခြင်းကို နှစ်သက်လာခဲ့သည်။

ထို့ကြောင့်ပင် ရှောက်ရွှမ်မေးသမျှ မေးခွန်းတိုင်းကိုပင် သူအကုန် ဖြေပေးနေခဲ့၏။

ထို့အပြင် သူရောက်ဖူးသော နေရာများ သူတွေ့ဖူးသောလူများနှင့် သူဆက်ဆံခဲ့ဖူးသော မျိုးနွယ်စုများအကြောင်းကိုလည်း ပြောပြနေလေသည်။ ထိုအရာများအား လျှို့ဝှက်ချက်အဖြစ်ထားရလိမ့်မည်ဟု သူမထင်မိချေ။ သို့သော် သူ့စကားများအား သက်သေပြရန်လည်း သူမကြိုးစားခဲ့ပေ။ မျိုးနွယ်စု

အများစုမှလူများသည် သူ့ကဲ့သို့ နေရာအနှံ့ခရီးထွက်ရသည့် အခွင့်အရေးမျိုး ရလေ့မရှိကြဘဲ ရ‌သည့်အခါတွင်လည်း သွားရဲသည့် သတ္တိမျိုးမရှိကြပေ။ ယန်ဆွေ့မှာတော့ ထိုအရာအား လုပ်ခဲ့ပြီး အခုထိလည်း အသက်ရှင်နေသေး၏။

“တကယ်တော့ ငါကအခုထိ မျိုးနွယ်စုနတ်ဆေးဆရာမဖြစ်သေးဘူးကွ ငါပြန်သွားတဲ့အခါမှသာဖြစ်မှာ” ယန်ဆွေ့ ဂုဏ်ယူစွာပြောလိုက်သည်။

“မင်းမျိုးနွယ်စုက မင်းလုံခြုံရေးကိုရော စိတ်မပူကြဘူးလား”

“ငါတို့မှာ ရွေးချယ်စရာမရှိဘူးလေ ဒါက ဘိုးဘေးတွေချမှတ်ခဲ့တဲ့စည်းမျဉ်းပဲ တကယ်လို့ငါသေသွားခဲ့ရင် နောက်တစ်ယောက်က ငါ့အစားဆက်လုပ်လိမ့်မယ် တစ်ယောက်ယောက်က အဲ့အလုပ်ကိုအောင်မြင်ပြီး မျိုးနွယ်စုဆီပြန်ရောက်ခဲ့ရင်တော့ အရည်အချင်းပြည့်မှီတယ်လို့ သတ်မှတ်ခံရပြီး မျိုးနွယ်စုနတ်

ဆေးဆရာဖြစ်လာမှာပဲ” ယန်ဆွေ့ ပြောလိုက်သည်။

ရှောက်ရွှမ်ထိုအကြောင်းအား တွေးလိုက်ပြီး ထပ်မေးလိုက်၏။ “တကယ်လို့ လက်ရှိနတ်ဆေးဆရာက မျိုးနွယ်စုကထွက်သွားပြီး သေသွားခဲ့ရင်ရော နောက်နတ်ဆေးဆရာဖြစ်ဖို့ အရည်အသွေးပြည့်တဲ့လူတစ်ယောက်ထပ်ရှိလာနိုင်မှာလား”

“ဒါပေါ့ ရှ်ိလာမှာပဲလေ” ယန်ဆွေ့ ရှောက်ရွှမ်ထိုအကြောင်းအား မသိသည်မှာ ထူးဆန်းသည်ဟုခံစားလိုက်ရပြီး ရှောက်ရွှမ်လက်ထဲရှိဓားအား တစ်ချက်ကြည့်လိုက်ကာ ဆက်ပြောလိုက်သည်။ “မီးမျိုးစေ့ ရှိနေသ‌ရွေ့ တစ်ယောက်ယောက်ကတော့ နတ်ဆေးဆရာအဖြစ် ရွေးချယ်ခံနေရဦးမှာပဲ ဒါပေမယ့်သူ့ကိုလေ့ကျင့်ပေးဖို့တော့ အချိန်အများကြီးလိုတာပေါ့ မတူညီတဲ့မျိုးနွယ်စုတိုင်းမှာ ကွဲပြားတဲ့နတ်ဆေးဆရာရွေးချယ်နည်းတွေရှိကြတယ်လေ မျိုးနွယ်စုခေါင်းဆောင်ရွေးချယ်ပုံကတော့ တစ်ယောက်ယောက်က လုံလောက်တဲ့ လုပ်ရည်ကိုင်ရည်မျိုးရှိပြီး မျိုးနွယ်စုစည်းမျဉ်းတွေနဲ့

လည်းညီနေရင်ရွေးချယ်ခံရတာပဲ”

“ပြောချင်တာကတော့ မီးမျိုး‌စေ့ရှိနေရင် အကုန်လုံးအဆင်ပြေပြီး မရှိတော့ရင်တော့ အကုန်ပြီးသွားမှာပဲ”

“အဲ့တာကြောင့်လည်း ငါမင်းကိုပ‌ဟေဠိဖြစ်နေတာ မင်းတို့မျိုးနွယ်စု မီးမျိုး‌စေ့ကဘယ်မှာလဲ”

“ဒီမှာ မဟုတ်ဘူး”

“အို့” ယန်ဆွေ့ ရှောက်ရွှမ်မပြောချင်သည်ကို သိသောကြောင့် ဘာမှထပ်မမေးတော့ချေ။ မျိုးနွယ်စုတစ်ခု၏ လျှို့ဝှက်ကိစ္စများဆိုသည်မှာ အပြင်လူများကိုပြော၍ရသော အရာများ မဟုတ်သည်ကို ယန်ဆွေ့ နားလည်ပေသည်။

ယန်ဆွေ့၏စကားများအား တွေးတောနေရင်း ရှောက်

ရွှမ် သူတို့မျိုးနွယ်စု၏ နတ်ဆေးဆရာရွေးချယ်ပုံအကြောင်းတွေးမိကာ သက်ပြင်းချလိုက်မိ၏။

မပြီးပြည့်စုံသော မီးတောက်ဦးချိုများထဲရှိ မီးမျိုး‌စေ့သည် အပြည့်အ၀အလုပ်မလုပ်နိုင်ပေ။

သူတို့ မီးမျိုး‌စေ့အကြောင်းထပ်မပြောကြတော့ပေ။ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်လောက်ကပျောက်ကွယ်သွားခဲ့သော မီးတောက်ဦးချိုမျိုးနွယ်စုအကြောင်းပြောနေရင်း ဗဟိုဒေသတွင် ရှည်လျားသောသမိုင်း‌ေကြာင်းရှိသည့် လုမျိုးနွယ်စုအကြောင်း ယန်ဆွေ့ထည့်ပြောလိုက်သည်။ ထိုလုမျိုးနွယ်စု ဗဟိုဒေသ၌ ကျော်ကြားရခြင်းမှာ သူတို့၏ မွေးမြူရေးနည်းလမ်းများကြောင့်သာမက သူတို့ဘိုးဘေးများကြောင့်လည်း ဖြစ်၏။

“လုမျိုးနွယ်စု ဘိုးဘေး‌ေတွလား” ထိုကိစ္စသည် ဘိုးဘေးများနှင့် ဆက်စပ်နေလိမ့်မည်ဟုတော့ ရှောက်ရွှမ် ထင်မထားမိခဲ့ပေ။

“ငါလည်းအဲ့တာကို သူများပြောလို့သိခဲ့တာ” ဤခရီးစဉ်အတွင်း ယန်ဆွေ့ သတင်းအချက်အလက်အတော်များများအား သိခဲ့ရပေသည်။

“ပြောတာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ လောက်တုန်းက ကုန်းမြေထုကြီးအပြောင်းအလဲဖြစ်တော့ လုမျိုးနွယ်စုဘိုးဘေးတွေက မျိုးနွယ်စုကြီးအတော်များများကို ကူညီခဲ့ကြတယ်တဲ့ အဲ့ဒီအချိန်က အစားအစာပြတ်လပ်ကြတော့ လူတွေက အစားအသောက်ပေါတဲ့ လုမျိုးနွယ်စုကို ပစ်မှတ်ထားခဲ့ကြတယ် ဒါပေမယ့် ညဏ်ကောင်းတဲ့လုမျိုးနွယ်စုဘိုးဘေးတွေက မျိုးနွယ်စုကြီးတွေကို အစားအသောက်ထောက်ပံ့ရုံမကဘဲ ပိုကောင်းတဲ့ မွေးမြူရေးနည်းလမ်းတွေကိုပါ သင်ပြပေးခဲ့ကြတယ် မျိုးနွယ်စုကြီးအတော်များများက မွေးမြူရေးနည်းလမ်းတွေကိုသင်ယူခဲ့ကြပေမယ့် လုမျိုးနွယ်စုလောက်တော့ကောင်းအောင် မမွေးမြူနိုင်ခဲ့ကြဘူး ဒါပေမယ့်လည်း သူတို့က အစားအသောက်ရှားပါးတဲ့ကပ်ဘေးကြီးကိုတော့ ရှောင်လွှဲနိုင်ခဲ့ကြတယ်လေ အဲ့လိုနဲ့ လုမျိုးနွယ်စုဘိုးဘေးတွေက နှစ်ဦးနှစ်ဖက်

အဆင်ပြေတဲ့ နည်းလမ်းကိုရှာဖွေနိုင်ခဲ့ကြပြီး သူတို့လုမျိုးနွယ်စုလည်း ကာကွယ်ခံခဲ့ရသလို အခုထိလည်း အဲ့ဒီမျိုးနွယ်စုကြီးတွေနဲ့ သူတို့ကြား ဆက်ဆံရေးကောင်းကို တည်ဆောက်နိုင်ခဲ့ကြတာပဲ”

ယန်ဆွေ့ပြောခဲ့သည်မှာ မွေးမြူရေးတွင် ထိုမျိုးနွယ်စုကြီးများသည် ရိုးရှင်းသောနည်းလမ်းများကိုသာ သိကြသောသူများ ဖြစ်ကြသည်။ ထို့ကြောင့် လုမျိုးနွယ်စုဆီမှ ပိုကောင်းသောနည်းလမ်းများကို ရခဲ့ကြသော်လည်း လုမျိုးနွယ်စုလောက်တော့ ကောင်းအောင် မွေးမြူနိုင်ခြင်းမျိုး မရှိခဲ့ကြပေ။ လူဦးရေထူထပ်သော ဒေသကြီးတစ်ခုအတွက် သူတို့၏ အစားအသောက်အရင်းအမြစ်ကို မွေးမြူရေးနှင့် စိုက်ပျိုးရေးမှသာ ရရှိနိုင်ပေသည်။ ထို့ကြောင့်ပင် ဗဟိုဒေသရှိမျိုးနွယ်စုများ၌ စိုက်ပျိုးမြေနှင့် မွေးမြူရေးခြံများသည် မီးတောက်ဦးချိုမျိုးနွယ်စုဘိုးဘေးများ မှတ်တမ်းတင်ခဲ့စဉ်ကထက် ယခုအခါတွင် များစွာပိုမိုကြီးမားနေခြင်း ဖြစ်ကြ၏။

လွန်ခဲ့သော နှစ် ၁၀၀၀အတွင်း စိုက်ပျိုးရေးနှင့်

မွေးမြူရေးမှာ များစွာတိုးတက်ခဲ့သည်မှာ သံသယရှိစရာပင် မလိုချေ။

ရှောက်ရွှမ်လည်း လုမျိုးနွယ်စုထံမှ မွေးမြူရေးနည်းလမ်းများသင်ယူရန် အခွင့်အရေးရှာရမည်ဟု တွေးထားလိုက်လေသည်။

ဘိုးဘွားပိုင်မြေ၌ နှစ်ရက်ကြာစ‌ကားပြောပြီးသည့်နောက် ရှောက်ရွှမ် ထွက်ခွာရန် ဆုံးဖြတ်လိုက်၏။

ဆောင်း၀င်လာပြီဖြစ်ဖြစ်ပြီး အပူချိန်မှာလည်း သိသိသာသာပင် လျော့ကျလာပြီဖြစ်လေရာ သူမီးတောက်ဦးချိုမျိုးနွယ်စုဝင်များအား ရှာဖွေရန် လိုအပ်ပေသည်။

“မင်းကဘယ်ကိုသွားနေတာလဲ” ယန်ဆွေ့ မေးလိုက်၏။

“လုံကျိုး မျိုးနွယ်စု”

“ဟေးး ငါလည်းအတူတူပဲ ငါလည်းအဲ့နေရာကိုဖြတ်သွားဖို့လိုတယ် ငါကအိမ်ပြန်ဖို့လုပ်နေတာ အဲ့နေရာကိုဖြတ်သွားတဲ့လမ်းက ငါ့အတွက်လည်းလမ်းသင့်တယ်”

ဤသားရဲတောကြီးမှ ထွက်ခွာပြီးသည့်နောက် သူနှင့်လမ်းကြောင်းတူသည့် ခရီးသွားအဖွဲ့အားရှာတွေ့ရန် မည်မျှကြာဦးမည်ကို ယန်ဆွေ့ မသိချေ။ ထို့အပြင် ထိုသို့သောလမ်းကြောင်းတူသည့် ခရီးသွားအဖွဲ့ကိုရှာတွေ့ဦးမည် ဆိုလျှင်ပင် အန္တရာယ်ကင်း မကင်းမှာလည်း မသေချာပေ။ သူ့မျက်လုံးတွင် ရှောက်ရွှမ်မှာ အတော်လေးသန်မာပြီး လင်းယုန်ကြီးတစ်ကောင်လည်း ရှိနေ၏။ ထို့ကြောင့် သူနှင့်လိုက်သွားပါက သူ့အတွက်အတော်လေး လုံခြုံပေလိမ့်မည်။ ဤနေရာတွင် တစ်ယောက်ထဲနေခဲ့ပြီး ၀မ်ရှစ်မျိုးနွယ်စုနှင့် ထပ်တွေ့ခဲ့ပါက သူအသတ်ခံရမည်မှာ သေချာပေ

သည်။

ယန်ဆွေ့သူနှင့်လိုက်ခဲ့ချင်သည်ဟု ပြောသောအခါ ရှောက်ရွှမ်မငြင်းခဲ့ပေ။ သူ‌ဤဒေသအကြောင်းအနည်းငယ်သာသိရှိပြီး ယန်ဆွေ့ကဲ့သို့ ဤနေရာတွင် အချိန်အတော်ကြာနေခဲ့ခြင်းမျိုးလည်း မရှိချေ။ ယန်ဆွေ့ပြောစကားများအရ ယန်‌ဆွေ့သည် ဤ‌ဗဟိုဒေသနှင့် အတော်လေးအကျွမ်း၀င်နေမှန်း သိသာလှ၏။ သူ့လမ်းညွှန်ချက်နှင့်ဆိုလျှင် ရှောက်ရွှမ် သူ့မြေပုံကိုလည်း ပြီးပြည့်စုံအောင် ဖြည့်နိုင်ပေလိမ့်မည်။

ရှောက်ရွှမ် သူနှင့်လိုက်ရန်ခွင့်ပြုလိုက်သောအခါ ယန်ဆွေ့အတော်လေးပျော်သွားပြီး စိတ်လည်းလှုပ်ရှားသွားမိသည်။ ကောင်းကင်ပေါ်တွင် ပျံသန်းနေသော ချာချာအား မော့ကြည့်လိုက်ပြီး ထိုကောင်နှစ်ကောင်နှင့် အတူခရီးသွားရန် သူမစောင့်နိုင်တော့ချေ။ ထိုလင်းယုန်ကြီး၏ ကျောပေါ်တွင်လည်း သူထိုင်ချင်သေး၏။ ထိုမှသာ သူ့မျိုးနွယ်စုသို့ပြန်ရောက်သောအခါ သူသည် ခရီးလမ်းတစ်လျှောက်တွင်

လင်းယုန်ကြီးကျောပေါ်၌ပင် ထိုင်ခဲ့ဖူးကြောင်း ကြွားဝါနိုင်ပေလိမ့်မည်။

“ဒါပေမယ့်…” ယန်ဆွေ့ကောင်းကင်အား ကြည့်လိုက်ရင်းပြောလိုက်သည်။

“ဒီနေ့က ညနေအထိမိုးရွာမှာ မိုးရွာနေတုန်းနားဖို့ တစ်နေရာရာရှာပြီး မနက်ဖြန်မှထွက်ကြတာပေါ့ အဆင်ပြေလား မနက်ဖြန်ကတော့ နေသာလိမ့်မယ်”

ရှောက်ရွှမ်လည်း ယန်ဆွေ့ကြည့်နေသော ကောင်းကင်အားလိုက်ကြည့်လိုက်ရာ မည်သည့်ထူးခြားသည့် တိမ်အပြောင်းအလဲကိုမှ မတွေ့ရချေ။ သို့သော်လည်း သူခေါင်းသာညိတ်ပြလိုက်၏။

ဘိုးဘွားပိုင်မြေရှိ မီးဖိုကြီးနှင့် မဝေးသောနေရာတွင် ဂူပေါက်ကြီးတစ်ခု ရှ်ိပေသည်။ ထိုအပေါက်ကြီးသည် လိုဏ်ဂူဟုခေါ်ရလောက်အောင်ကြီးသော ဂူကြီးမျိုးမဟုတ်သော်လည်း မိုးခိုရန်လောက်တော့ ရ

နိုင်သော ဂူပေါက်မျိုးဖြစ်၏။

မိုးခိုနေစဉ်အတွင်း ရှောက်ရွှမ် ယန်ဆွေ့အားမေးလိုက်သည်။

“မင်းက ကောင်းကင်ကိုကြည့်ပြီး ရာသီဥတုကိုခန့်မှန်းနိုင်တယ်လား”

ဤကမ္ဘာတွင် ရာသီ‌ဥတုပြောင်းလဲမှုမှာ အလွန်မြန်လှသောကြောင့် ရှောက်ရွှမ်သူ့အရင်ဘ၀မှ ယေဘုယျဗဟုသုတများကို သုံး၍ပင် အနည်းငယ်သာခန့်မှန်းနိုင်ပေသည်။ တိမ်များ၏ ရွေ့လျားမှုများမှာ အလွန်မြန်လှသောကြောင့် တစ်ခါတစ်ရံတွင် ရှောက်ရွှမ်ပင် လွဲမှားစွာ ခန့်မှန်းတတ်၏။ ဤနေရာတွင် အချိန်တိုင်း ရာသီဥတုအား အတိအကျခန့်မှန်းရန်မှာ လွန်စွာ ခက်လှပေသည်။

“ကောင်းကင်ကို ကြည့်ပြီးတော့လား ဖြစ်နိုင်ပါ

တယ်” ယန်ဆွေ့ ဖြေလိုက်သည်။

“ငါကဘာလို့ မျိုးနွယ်စုက ထွက်ခွာရမယ့် နတ်ဆေးဆရာစစ်ဆေးမှုကို ပထမဆုံးကျော်ဖြတ်တဲ့လူဖြစ်ခဲ့ရတာလဲဆိုတော့ ငါက မိုး‌ေခါ်ခြင်းမှာ အရင်ဆုံးအောင်မြင်တဲ့လူဖြစ်လို့လေ”

မိုးခေါ်ခြင်းတွင် အောင်မြင်သည် ဟုပြောသောအချိန်တွင် ယန်ဆွေ့အနည်းငယ် မလုံမလဲဖြစ်၍ ပြောလိုက်ခြင်း ဖြစ်၏။

ဟိုးအရင်တုန်းက မိုးမျိုးနွယ်စုနတ်ဆေးဆရာများသည် မိုးခေါ်ခြင်းကို အချိန်မရွေးပြုလုပ်နိုင်ကြသူများ ဖြစ်ကြသည်။ ခြောက်သွေ့သောရာသီ‌ဆိုလျှင်ပင် သူတို့သည် အချိန်မရွေးမိုးရွာလာအောင် ပြုလုပ်နိုင်ကြ၏။ သို့သော်လည်း ယခုတွင်မူ ထိုစွမ်းရည်မျိုး သူတို့၌ မရှိကြတော့ပေ။

ပြောကြသည်မှာ မိုးခေါ်ခြင်း ကျဆုံးခဲ့သော ပထမဆုံးနတ်ဆေးဆရာသည် သေသည်အထိ လောင်ကျွမ်းသွားခဲ့သည်ဟု ဆိုကြသည်။ သူသည် ကောင်းကင်နတ်ဘုရားအား အပြစ်ပြုမိခဲ့‌ေသာ‌ေကြာင့် သူ့နတ်ရုပ်သည် မိုးခေါ်ရန် အလုပ်မလုပ်ခဲ့တော့ပေ။ သို့သော် ထိုအလုပ်မဖြစ်မှုသည် ဒုတိယ တတိယ စတုတ္ထ နတ်ဆေးဆရာများဆီသို့ပါ ကူးစက်သွားပြီး မည်သူမှ မိုးခေါ်၍ မရကြတော့ချေ။ သူတို့သည် အစက အတော်လေးတုန်လှုပ်သွားကြပြီး နည်းလမ်းပေါင်းစုံသုံး၍ မိုးခေါ်နိုင်သည့်အစွမ်းနိုးထလာစေရန် ကြိုးစားခဲ့ကြသည်။ သို့သော်လည်း မည်သည့်နည်းလမ်းကမှ အလုပ်မဖြစ်ခဲ့ပေ။ ထို့ကြောင့် ဘိုးဘေးများသည် နတ်ဆေးဆရာအဖြစ်အရွေးချယ်ခံရမည့်လူက နေရာအနှံ့ခရီးထွက်၍ ထိုနည်းလမ်းအားရှာဖွေရမည်ဟူသည့် စညး်ကမ်းမျိုး ချမှတ်ခဲ့ခြင်း ဖြစ်ပေသည်။ သို့သော်လည်း ယနေ့အချိန်ထိရှိခဲ့သော ခေတ်အဆက်ဆက်နတ်ဆေးဆရာများတွင် မည်သူကမှ မိုးခေါ်ခြင်းကိုအောင်မြင်အောင် မလုပ်ဆောင်နိုင်ခဲ့ကြဘဲ ဘိုးဘေးများချမှတ်ခဲ့သော စည်းကမ်းသည်သာ ယခုအချိန်ထိ ကျန်နေခဲ့လေသည်။

ထို့ကြောင့် ယန်ဆွေ့ မိုးခေါ်ခြင်း၌ အောင်မြင်သွားသောအခါ မျိုးနွယ်စုတစ်ခုလုံး အံ့ဩသင့်သွားကြရခြင်း ဖြစ်၏။ ယန်ဆွေ့လုပ်ခဲ့သည်မှာ ကောင်းကင်အားကြည့်ရှု‌ေလ့လာ၍ ရာသီဥတုအား ကြိုတင်ခန့်မှန်းခဲ့ခြင်းသာ ဖြစ်သော်လည်း မျိုးနွယ်စုမှသူ့အား အထင်လွဲမှားခဲ့ကြခြင်း ဖြစ်သည်။ ယန်ဆွေ့ ရှင်းပြရန် ကြိုးစားခဲ့ပါသော်လည်း မျိုးနွယ်စု၀င်များ၏ တုန့်ပြန်မှုများနှင့် မျိုးနွယ်စုခေါင်းဆောင်၏တောက်ပနေသော မျက်၀န်းများအား တွေ့လိုက်သောအခါ သူနှုတ်ဆိတ်၍သာ နေခဲ့မိ၏။ သူသာ ထိုအချိန်တွင် သွားရှင်းပြမိပါက ခေါင်းဆောင်ကိုယ်တိုင်က သူ့အားမီးဖိုကြီးထဲထည့်ကာ မီးရှို့သတ်ပစ်လိမ့်မည်ဟု သူထင်ခဲ့မိလေသည်။

“ဟူးးး” ယန်ဆွေ့ သက်ပြင်းချရုံမှလွဲ၍ ဘာမှမတတ်နိုင်ခဲ့ချေ။

မိုးခေါ်ခြင်းဟူသော ကိစ္စမှာ ယန်ရှို့အား အတော်လေး စိတ်ဒုက္ခပေးနေသော ကိစ္စကြီးဖြစ်၏။ သူမျိုး

နွယ်စုသို့ ပြန်ရောက်သောအခါ ထိုအကြောင်းထပ်မပြောရရန်ကိုသာ သူမျှော်လင့်နေမိသည်။

မျိုးနွယ်စုတိုင်းတွင် နတ်ဆေးဆရာဟူသော ရာထူးမှာမြင့်မားနေခြင်းမျိုး မဟုတ်ပေ။ သူနတ်ဆေးဆရာဖြစ်သောအခါ မျိုးနွယ်စုဝင်များအား စည်းရုံးသိမ်းသွင်းနိုင်မှသာလျှင် မျိုးနွယ်စုတွင် သူအာဏာရှိလာမည်ဖြစ်ပြီး မဟုတ်လျှင်တော့ လိမ်ညာမှုကြောင့် အပြစ်ပေးခံရကာ သေတဲ့အထိမီးရှို့အသတ်ခံရခြင်းမျိုးပင် ခံရနိုင်ပေသည်။

ယန်ရှို့ မိုးမျိုးနွယ်စုအကြောင်း အများကြီးမပြောပြခဲ့ရာ ရှောက်ရွှမ် သူပြောသလောက်သာ ထိုမျိုးနွယ်စုအကြောင်း ခန့်မှန်းနိုင်ခဲ့သည်။ သို့သော် မိုးခေါ်ခြင်း ဟူသောစကားမှာတော့ အတော်လေးစိတ်၀င်စားစရာ ကောင်းလှ၏။

ယန်ဆွေ့ပြောသလိုပင် မိုးမှာ ညအချိန်မှသာ တိတ်သွားခဲ့လေသည်။

နောက်နေ့မနက်တွင်တော့ ရာသီဥတုမှာ သာယာနေပြီး နေမင်းကြီးသည် ထွန်းလင်းတောက်ပနေကာ ကမ္ဘာမြေပေါ်ရှိ အေးစက်မှုများအား ဖယ်ရှားပစ်ခဲ့၏။

“ငါတို့ လုံကျိုးမျိုးနွယ်စုကိုရောက်ရင် နှင်းကျကောင်း ကျနေနိုင်တယ်” ယန်ဆွေ့ပြောလိုက်သည်။ မိုးခေါ်ခြင်း ကိစ္စကြောင့် ယန်ဆွေ့ရာသီဥတုအပြောင်းအလဲများအား သူရောက်သည့်နေရာတိုင်းတွင် ဂရုစိုက်သတိထားတတ်သည့် အကျင့်မျိုး ဖြစ်ပေါ်လာခဲ့ရ၏။ သူသည် ယမန်နှစ်က ရာသီဥတုအချက်အလက်များအား ရှာဖွေလေ့လာထားပြီး ထိုအချက်အလက်များမှတစ်ဆင့် ယခုနှစ်ရာသီဥတုကို ခန့်မှန်းခြင်း ဖြစ်သည်။

အထုပ်အပိုးများပြင်‌ပြီးသည့်နောက် ရှောက်ရွှမ်လက်ဟန်တစ်ခုပြကာ ချာချာ့ကို ဆင်းသက်လာဖို့ အချက်ပြလိုက်၏။

မြေပြင်ပေါ်ဆင်းသက်လာသော ချာချာအား ကြည့်နေရင်း ယန်ဆွေ့အတော်လေး စိတ်လှုပ်ရှားနေလေသည်။ ထို့နောက် ချာချာ့ကျောပေါ်သို့ ရှောက်ရွှမ်တက်သွားသောအခါ သူလည်း လိုက်တက်ရန် ပြင်လိုက်၏။

သို့သော်လည်း ရှောက်ရွှမ်တက်ပြီးသည်နှင့် ချာချာမှာ ပျံထွက်သွားလေသည်။

“ဟေးးး” ကျောပေါ်တက်ရန် ခြေလှမ်းပြင်နေရင်း ယန်ဆွေ့ ကြောင်အသွားမိ၏။

ချာချာမှာ ကောင်းကင်ပေါ်တွင် အဝိုင်းပတ်ပုံစံ ပျံဝဲနေရင်းမှ မြေပြင်ပေါ်ကျန်ခဲ့သော ယန်ဆွေ့ကို သုတ်ချီရန် ထိုးဆင်းလာခဲ့သည်။

“ဟေးးး” လင်းယုန်လက်သည်းကြီးများကို မြင်လိုက်

သောအခါ ယန်ဆွေ့ နောက်သို့ပင် ပြန်ပြေးချင်မိသွား၏။

သူပြေးလည်း ပြေးခဲ့ပါသော်လည်း လင်းယုန်ကြီးမှာ သူ့ထက် မြန်နေလေသည်။ သူအဝေးကြီးမရောက်သေးခင်မှာပင် လင်းယုန်ကြီးဖမ်းခြင်းအား ခံလိုက်ရ၏။

ယန်ဆွေ့တောထဲတွင် ပုန်းနေခဲ့စဉ်က ထိုလင်းယုန်ကြီး ၀မ်ရှစ်မျိုးနွယ်စု၀င်များအား သူ့လက်သည်းကြီးဖြင့် ထိုးသုတ်သွားခြင်းကို မြင်ခဲ့ရသည်။ ယခုအချိန်တွင် သူ့စိတ်ထဲ၌ သူလည်းထိုသို့ထိုးသုတ်ခံရပြီဟု ထင်နေမိ၏။ ထို့‌ေကြာင့်သူ့မျက်လုံးများအား အတင်းပိတ်ထားလိုက်ကာ သူသေတော့မည်ဟုပင် ခံစားလိုက်ရသည်။

သို့သော် မကြာခင်တွင် တစ်ခုခုထူးခြားနေသည်ကို ခံစားလိုက်ရ၏။ လင်းယုန်ကြီး၏ လက်သည်းသည် သူ့ခန္ဓာကိုယ်အား ဖောက်ထွက်သွားလောက်အောင်

အားပါခြင်းမျိုးမဟုတ်ဘဲ သူ့အား လေပေါ်တွင် ကုတ်ချီထားခြင်းသာ ဖြစ်နေလေသည်။

သူ့မျက်လုံးများအား ဖွင့်လိုက်သောအခါ ယန်ဆွေ့ မြေပြင်မှ တဖြည်းဖြည်းဝေးကွာလာနေသည်ကို မြင်လိုက်ရ၏။

ပထမဆုံးအကြိမ်အနေနှင့် သူလေပေါ်တွင် ပျံဝဲနေလေပြီ။

“အားးးးး”

မနက်စောစောအချိန်တွင် ကြောက်မက်ဖွယ်အော်သံကြီးတစ်ခု တောထဲတွင် ထွက်ပေါ်လာခဲ့ပြီး အစာရှာနေသော ငှက်များကိုပင် ထိတ်လန့်သွားစေခဲ့လေသည်။

အဆုတ်ကွဲမတတ် အော်ဟစ်ခဲ့ပြီးသည့်နောက်တွင်တော့ ယန်ဆွေ့အတော်လေး တည်ငြိမ်လာ‌၏။ ထိုအခါ သူ့ခြေဖဝါးအောက်ရှိ မျိုးနွယ်စုတစ်ခုကို သူတွေ့လိုက်ရသည်။

ထိုမျိုးနွယ်စုသည် ၀မ်ရှစ်မျိုးနွယ်စုဖြစ်ပြီး ထိုမျိုးနွယ်စုအား ဖြတ်သွားသော လမ်းတစ်လျှောက် ချာချာ ထိုမျိုးနွယ်စုပေါ် မစင်များ စွန့်နေခဲ့၏။ စိတ်ကျေနပ်အောင် မစင်စွန့်ပြီးသောအခါမှသာ သူပြန်လှည့်ပြီး ရှောက်ရွှမ်ညွှန်ပြသော အရပ်သို့ ပျံသန်းသွားလေတော့သည်။

လုံကျိုးမျိုးနွယ်စုသည် ဗဟိုဒေသတွင်ရှိသော မျိုးနွယ်စုတစ်ခုဖြစ်ပါသော်လည်း အလယ်ဗဟိုနှင့်နီးကပ်သော နေရာတွင် တည်ထားခြင်းတော့ မဟုတ်ပေ။ထိုမျိုးနွယ်စုကို မြစ်ကျယ်ကြီးတစ်ခုဘေးတွင် တည်ထားခြင်း ဖြစ်၏။ သို့သော် ဗဟိုဒေသရှိ အကျယ်ဆုံးမြစ်ဆိုသည်မှာပင် မီးတောက်ဦးချိုမျိုးနွယ်စုအတွက်တော့ အတော်လေး ကျဉ်းမြောင်းသော မြစ်ဟူ၍သာ သတ်မှတ်ခံရမည် ဖြစ်သည်။ သူ

တို့ဒေသရှိ မြစ်မှာ သမုဒ္ဒရာကြီးလောက် ကျယ်နေသည် မဟုတ်ပါလား။

ပုမျိုးနွယ်စုအဖွဲ့နှင့် ခရီးထွက်ခဲ့စဉ်က မျိုးနွယ်စု၀င်တစ်ယောက်ပြောသော သူတို့ အရင်ကလုံကျိုးမျိုးနွယ်စုဘက်သို့ ရောက်ဖူးသည်ဟူသော စကားကို ရှောက်ရွှမ် ကြားခဲ့သည်။ သို့သော် အကြောင်းပြချက်အချို့ကြောင့် နောက်ပိုင်းမှသာ သူတို့ ကုန်သွယ်လမ်းကြောင်းကို ပြောင်းခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ရှောက်ရွှမ် ပုမျိုးနွယ်စုထံမှ လုံကျိုးမျိုးနွယ်စုအကြောင်း အတော်များများကို သိခွင့်ရခဲ့လေသည်။

ထိုမျိုးနွယ်စုသည် သင်္ဘောများတည်ဆောက်ရာ၌ ထူးချွန်သော မျိုးနွယ်စုတစ်ခုဖြစ်၏။ ပြောကြသည်မှာ ထိုမျိုးနွယ်စုသည် ဗဟိုဒေသ၌ ပထမဆုံးလှေကို တည်ဆောက်ခဲ့ကြသူများ ဖြစ်သည်ဟု ဆိုကြသည်။ ထို့နောက်တွင်တော့ ထိုလှေများဖြင့် ရေတပ်တစ်ခုဖွဲ့စည်းခဲ့ကြပြီး ထိုရေတပ်အား ပိုင်ဆိုင်ခြင်းမှာ လုံကျိုးမျိုးနွယ်စု၏ အမှတ်အသားတစ်ခု ဖြစ်လာခဲ့၏။

ခရီးသွားများပြောသော သန်မာပြီး အသုံး၀င်သောလှေများကို မည်သည့်သတ္တုမှမပါဘဲ ထိုမျိုးနွယ်စု မည်သို့ တည်ဆောက်ခဲ့ကြပါသနည်း။

ရှောက်ရွှမ် ထိုအကြောင်းအား အတော်လေး စိတ်၀င်စားခဲ့မိသည်။

All Chapters