← Chapters

လှေမြစ်ထဲမှ လွင့်မျောနေသော မီးတောက်များ

Vol. 14 Ch. 198

လှေမြစ်ထဲမှ လွင့်မျောနေသော မီးတောက်များ

Vol. 14 Ch. 198

လုံကျိုးမျိုးနွယ်စုသည် မီးတောက်ဦးချိုမျိုးနွယ်စု ဘိုးဘွားပိုင်မြေနှင့် အနည်းငယ်ဝေးသော အရပ်တွင် တည်ရှိခြင်းဖြစ်သည်။

ထို့ကြောင့် ထိုနေရာသို့ရောက်ရန် ရှောက်ရွှမ်တို့ ၂ရက်မက သွားရမည်ဖြစ်ပြီး လမ်းတွင်လည်း အကြိမ်အနည်းငယ် အနားယူရပေလိမ့်မည်။

ယန်ဆွေ့မှာမူ ဤဒေသနှင့်အတော်လေး အကျွမ်း၀င်ပြီး မျိုးနွယ်စုများ၏ အသေးစိတ်အချက်အလက်များကို ပြောမပြနိုင်ပါသော်လည်း မျိုးနွယ်စုများနှင့် ဈေးများ၏ တည်နေရာများကိုတော့ ပြောပြနိုင်ပေသည်။

ဘိုးဘွားပိုင်မြေတွင် ရှောက်ရွှမ် ၀မ်ရှစ်မျိုးနွယ်စုနှင့်

တိုက်ခိုက်ခဲ့ရလေရာ တိုက်ပွဲကြောင့် သူ့၀တ်စုံသည် သွေးများစွန်းပြီး အစုတ်အပြဲများဖြစ်သွားခဲ့ရ၏။ အပေါက်အပြဲများစွာနှင့် ၀တ်စုံလေးကို၀တ်ထားရလေရာ သူ့ပုံစံသည် အတော်လေးပင် သနားစရာကောင်းနေတော့သည်။

ဗဟိုဒေသတွင် မျိုးနွယ်စုအတော်များများမှာ အထူးသဖြင့် မျိုးနွယ်စုကြီးများသည် ၀တ်စားဆင်ယင်မှုအပေါ် အတော်လေးအလေးထားလေ့ရှိကြသည်။ ကောင်းမွန်စွာ ၀တ်စားထားပါက ထိုလူကို မျိုးနွယ်စုကြီးတစ်ခုမှ မျိုးနွယ်စုဝင်တစ်ယောက်ဟု သတ်မှတ်ကြပြီး ညစ်ပတ်စုတ်ပြတ်နေလျှင်မူ ထိုလူကို မျိုးနွယ်စုလေးများမှလူဟု သတ်မှတ်လေ့ရှိကြ၏။

ရှောက်ရွှမ်ဈေးတစ်ခုသို့ ရောက်သောအခါ တိရစ္ဆာန်သားရေ အပေါ်ထပ်တစ်ထည်အား လဲလှယ်လိုက်သည်။ အပေါ်ထပ်သည် ကြမ်းတမ်းသောသားရဲကြီးမျိုး၏ သားရေမှချုပ်ထားခြင်းမျိုးမဟုတ်ဘဲ သာမန်သားရဲသားရေမှသာ ချုပ်ထားခြင်းဖြစ်ပေရာ ၀တ်ရ

တာ ထိုမျှသက်တောင့်သက်သာတော့ ဖြစ်မနေပေ။ သို့သော် ရှောက်ရွှမ်ထိုအရာကို လစ်လျူရှုထားလိုက်ပြီး သူ့ပုံစံအနည်းငယ်ပိုကြည့်ကောင်းသွားစေရန်သာ မျှော်လင့်ထားလိုက်သည်။ နောက်ဆုံးတွင် သူသည် ဗဟိုဒေသတွင် ခရီးသွားနေခြင်းဖြစ်ပြီး ဤနေရာ၌ သူ့ကိုယ်သူ မျက်နှာငယ်နေရခြင်းမျိုး မဖြစ်လိုပေ။ ထိုသို့မဖြစ်စေရန် နတ်ဆေးဆရာမှသူ့အား မှာခဲ့ခြင်းလည်း ဖြစ်၏။

ဆောင်းရာသီ၀တ်၀တ်စုံအနည်းငယ် ထပ်လဲလှယ်လိုက်ပြီး ရှောက်ရွှမ်သူ့ခရီးအတွက် အစားအသောက်များလည်း ပြင်ဆင်လိုက်သည်။ ထို့နောက် ဈေးပတ်၀န်းကျင်တစ်ဝိုက်လှည့်ပတ်ကြည့်ရှုလိုက်ပြီး သူ့မြေပုံအား အမှတ်အသားများ ထပ်ဖြည့်လိုက်၏။

ယန်ဆွေ့မှာလည်း ဆောင်းရာသီ၀တ် သားမွှေး၀တ်စုံများ လဲလှယ်ခဲ့လေသည်။ သို့သော် သူသည် လဲလှယ်ရာတွင် ရေလကျောက်တုံးများ ကျောက်စိမ်းများကို အသုံးမပြုခဲ့ဘဲ အခွံတစ်မျိုးကိုသာ အသုံးပြုခဲ့၏။

အခွံများကို ပြောင်လက်နေအောင်ပွတ်တိုက်ထားပြီး အတိအကျပိုင်းဖြတ်ထားကာ ကြိုးလေးတစ်ချောင်းနှင့် တွဲချည်ထားခြင်းမျိုး ဖြစ်ပေသည်။ ထိုအရာသည် လူအမြောက်အများသုံးလေ့ရှိသော ငွေကြေးစနစ်တစ်မျိုးလည်း ဖြစ်၏။ ရှောက်ရွှမ် ထိုငွေကြေးစနစ်အကြောင်းကို ပုမျိုးနွယ်စုတွင် နေထိုင်ခဲ့စဉ်က ကြားခဲ့ဖူးသည်။ ထို့အပြင် ဈေးအချို့တွင်လည်း ထိုငွေကြေးစနစ်အသုံးပြုမှုအား မြင်ခဲ့ရလေရာ ရှောက်ရွှမ်တွင် ထိုအရာနှင့် ပတ်သက်ပြီး မေးခွန်းတစ်ချို့ရှိနေ၏။ ယန်ဆွေ့ သည်လည်း ထိုအခွံများအား လဲလှယ်ရန် မကြာခဏထုတ်သုံးလေ့ရှိသောကြောင့် ရှောက်ရွှမ်မေးမြန်းလိုက်ရာ ယန်ဆွေ့ ခပ်ရိုးရိုးပင် ပြန်ဖြေခဲ့သည်။

“ဒီလို အခွံမျိုးကအတော်လေး အသုံး၀င်တယ်ကွ ဗဟိုဒေသကလူအများစုက ဒီအခွံတွေကို ပြောင်လက်နေအောင်ပွတ်တိုက်ပြီး အဆင်တန်ဆာတွေလုပ်ရတာမျိုးကို ကြိုက်ကြတယ် နောက်ပြီးဒီအခွံကို အမှုန့်ကြိတ်ပြီး အဲ့အမှုန့်ကို ဆေးနဲ့ ဆိုးဆေး

တွေအဖြစ်လည်း သုံးလို့ရတယ် လုမျိုးနွယ်စုကလူတွေဆိုရင် သူတို့တိရစ္ဆာန်တွေကို အစာကျွေးတဲ့အခါ ဒီအခွံကိုအမှုန့်ကြိတ်ပြီး အဲ့အမှုန့်ထည့်ကျွေးလေ့ရှ်ိတယ်လို့ ဆိုကြတယ် အဲ့တော့ အခြားမျိုးနွယ်စုတွေကလည်း လိုက်လုပ်ကြတာပေါ့ကွာ အို့ အိုးခွက်လုပ်တဲ့လူတွေကလည်း ဒီအခွံမှုန့်ကို သုံးကြတယ် ဘာပဲဖြစ်ဖြစ် လူအတော်များများသုံးကြတော့ ဒီအခွံက ဗဟိုဒေသမှာ ငွေကြေးစနစ်တစ်ခုအဖြစ်နဲ့ သုံးလို့ရတယ်ပေါ့ကွာ”

ယန်ဆွေ့ ရှောက်ရွှမ်အား အခွံတစ်ခုပေးလိုက်ကာ

“ငါတို့မျိုးနွယ်စုမှာတော့ ပင်လယ်ဘက်ဆီကိုသွားတဲ့လူတွေပြန်လာရင် ဒီအခွံတွေအများကြီး ပါလာလေ့ရှိတယ် အဲ့အခါ သူတို့ကို ပစ္စည်းနည်းနည်းလဲပေးလိုက်ရုံနဲ့ ဒီအခွံတွေ ပြန်ရတာပဲ ငါမျိုးနွယ်စုကထွက်လာတော့ ဒါမျိုးအခွံတွေ အများကြီးယူလာခဲ့တာကွ”

ထိုအကြောင်းအား ပြောနေရင်း ယန်ဆွေ့အလွန်ဂုဏ်

ယူနေပုံ ပေါ်နေသည်။ သူတို့မျိုးနွယ်စုသည် မိုးခေါင်ရေရှားမှုဒဏ်ကိုခံရပြီး သီးနှံလည်းအထွက်နည်းတာကြောင့် ထိုမျှကြွယ်၀ခြင်းမရှိခဲ့သော မျိုးနွယ်စုတစ်ခုဖြစ်ပေသည်။ သို့သော်လည်း မကြာခဏခရီးထွက်သော သူများထံမှရသည့် ထိုအခွံများ ကျေးဇူးဖြင့်သာ သူတို့မျိုးနွယ်စု အတော်လေး ကြွယ်၀လာခဲ့ခြင်း ဖြစ်၏။

ထိုရှုထောင့်မှ ကြည့်မည်ဆိုလျှင် မိုးမျိုးနွယ်စုကို ချမ်းသာသော မျိုးနွယ်စုတစ်ခုဟု သတ်မှတ်နိုင်ပေသည်။ သီးနှံအထွက်နည်းသော်လည်း ထိုမျိုးနွယ်စုသည် အခွံများပေါ်တွင်သာမှီခို၍ ကောင်းမွန်စွာ နေထိုင်နိုင်ကြ၏။

အခွံများကို လဲလှယ်ရာတွင်အသုံးပြုနိုင်သော်လည်း အခွံတိုင်းမှာတော့ လူကြိုက်များကြခြင်း မဟုတ်ပေ။ ရှောက်ရွှမ် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက သားရေလိပ်ထဲတွင်မှတ်တမ်းတင်ထားခဲ့သော အခွံဒင်္ဂါးများအကြောင်းကိုလည်း မေးမြန်းခဲ့သေးသည်။ ဤသို့သော လူကြိုက်များသည့် ငွေကြေးစနစ်များအကြောင်းကို သူ့မျိုးနွယ်စုသို့ပြန်ရောက်

သည့်အခါ မျိုးနွယ်စု၀င်များကို သင်ကြားပေးရပေလိမ့်မည်။ ထိုမှသာ သူတို့ဤနေရာသို့ရောက်သောအခါ ငွေကြေးစနစ်နှင့် ရင်းနှီးနေကြပြီးသား ဖြစ်နေကြလိမ့်မည်။

ထိုအရာသည် ငွေကြေးဒင်္ဂါးတစ်မျိုးဖြစ်သောကြောင့် ရှောက်ရွှမ် ယန်ဆွေ့ထံမှ အလကားမလိုချင်ခဲ့ပေ။ ထို့ကြောင့် ရေလကျောက်တုံးများကိုထုတ်၍ ထိုအခွံများနှင့် လဲလှယ်ခဲ့၏။ လဲလှယ်ပြီးသောအခါမှသာ အခွံများကိုသားရေအိတ်ထဲထည့်လိုက်ပြီး မျိုးနွယ်စုဆီသို့ ပြန်ယူသွားဖို့ စီစဉ်ထားလိုက်သည်။

ရှောက်ရွှမ်ထိုအခွံများအား ဖိကြည့်လိုက်သောအခါ အတော်လေးမာကျောသည်ကို သတိထားလိုက်မိ၏။ အခွံများ၏ အရောင်မှာလည်း တူညီနေကြခြင်း မရှိကြပေ။ အချို့အခွံများမှာ ပုလဲကဲ့သို့ အဖြူရောင်တောက်နေပြီး အချို့အခွံများတွင်လည်း အတော်လေးလှပသော အရောင်မျိုး ရှိကြသည်။ ဗဟိုဒေသရှိလူများ ထိုအခွံများကို အဆင်တန်ဆာ

များလုပ်၍ ၀တ်ဆင်ကြခြင်းမှာ အံ့ဩစရာတော့ မဟုတ်တော့ပေ။

“ရာသီဥတုက ပိုပိုပြီးအေးလာတယ်” ယန်ဆွေ့ သူ့အပေါ်ထပ်အင်္ကျီအ‌ေပါ်မှ ပုခုံးအားကိုင်ထားရင်း ပြောလိုက်သည်။ လေတိုက်နေသောကြောင့် သူကြက်သီးများပင် ထနေရပြီး ကောင်းကင်သို့မော့ကြည့်လိုက်ကာ ပြောလိုက်၏။

“ရှောက်ရွှမ် ငါထင်တာတော့ သုံးရက်အတွင်းဒီနေရာမှာ နှင်းကျမယ်ဆိုတာ သေချာတယ် ငါတို့သွားမယ့်လုံကျိုးမျိုးနွယ်စုမှာလည်း နှင်းကျနေလောက်တယ်”

“အဲ့တော့ မြန်မြန်သွားကြတာပေါ့” ရှောက်ရွှမ်ပြောလိုက်သည်။

နှင်းစကျပါက သူတို့သွားရမည့် လမ်းခရီးမှာ သာမန်အချိန်ထက် ပိုမိုခက်ခဲသွားပေလိမ့်မည်။

သို့သော် ကံကောင်းစွာဖြင့် ဤနေရာ၏ဆောင်းရာသီသည် မီးတောက်ဦးချိုမျိုးနွယ်စု၏ ဆောင်းရာသီလောက် အေးခြင်းမျိုး မရှိပေ။ ဤနေရာတွင် နှင်းမှာလည်း ဆောင်းရာသီတစ်ခုလုံး ကျနေခြင်းမျိုးမရှိဘဲ ကျသောအခါတွင်လည်း နှင်းခဲကြီးများ ကျခြင်းမျိုး မဟုတ်ပေ။ ဤဒေသ၌ ဆောင်းရာသီတွင် အေးခဲမသွားသော အချို့မြစ်များပင် ရှိနေကြသေးသည်။

ရှောက်ရွှမ် ကြုံဖူးခဲ့သော ဆောင်းရာသီမျိုးမှာ ကောင်းကင်နှင့်မြေပြင်ကြား နေရာတစ်ခုလုံး အဖြူရောင်နှင်းများဖြင့် ပြည့်နှက်နေပြီး ရေခဲတမျှအေးသော လေအေးများလည်း အချိန်ပြည့်တိုက်ခတ်နေသော ဆောင်းမျိုးဖြစ်လေရာ ဤနေရာရှိ ဆောင်းကို အေးသည်ဟုပင် ရှောက်ရွှမ် မခံစားရချေ။

“ရှောက်ရွှမ် မင်းမအေးဘူးလား” ယန်ဆွေ့ သားရေ၀တ်စုံအပါးလေးသာ ၀တ်ထားသော ရှောက်ရွှမ်ကို ကြည့်ရင်း မေးလိုက်၏။

“ငါအဆင်ပြေပါတယ်”

ခေါင်းယမ်းလိုက်ရင်း မြေပြင်ပေါ်ဆင်းသက်လာသော ချာချာကို တွေ့သောအခါ ယန်ဆွေ့ ဈေးထဲမှသူ၀ယ်လာသော သားရေ၀တ်စုံကြီးနှင့် ၀တ်ရုံကြီးတစ်ခုကိုပါ ထပ်၀တ်လိုက်သည်။ သူသည် သူ့ခန္ဓာကိုယ်အား ပိုးအိမ်တစ်ခုလိုပင် ရစ်ပတ်ထားခြင်း ဖြစ်၏။ သူ့ခေါင်းကိုလည်း ၀တ်ရုံဖြင့် ရစ်ပတ်ထားပြီး နှာခေါင်းပေါက်နှင့် မျက်လုံးကိုသာ ဖော်ထားလေသည်။

လေပေါ်တွင် ပျံသန်းနေရသောအခါ ရာသီဥတုမှာ ပို၍ပင် အေးလာခဲ့၏။ သိသိသာသာ ကျဆင်းလာသောအပူချိန်နှင့် အေးစက်နေသောလေများအား ရင်ဆိုင်ရင်း ယန်ဆွေ့ လေပေါ်တွင် အတော်လေး မသက်မသာဖြစ်နေခဲ့ရသည်။

ယန်ဆွေ့ညွှန်ပြသော ဘက်သို့ ပျံသန်းရင်း လူနှစ်ယောက်နှင့် လင်းယုန်တစ်ကောင်မှာ အလျင်စလို ခရီးဆက်နေခဲ့ကြ၏။ ကောင်းကင်ပေါ်မှ ခရီးသွားရခြင်းမှာ လမ်းများအား ကွေ့ပတ်သွားရခြင်းမျိုးမရှိဘဲ သွားလိုသည့်အရပ်ကို တိုက်ရိုက်သွားနိုင်၍ အတော်လေး ခရီးတွင်လှသည်။ ယန်ဆွေ့ပြောစကားအရ သူတို့ နောက်သုံးရက်အတွင်း သို့မဟုတ် နှစ်ရက်အတွင်းတွင်ပင် လုံကျိုးမျိုးနွယ်စုဟု ရောက်နိုင်သည်ဟု ဆိုပေသည်။

တစ်ရက်ကြာ ခရီးဆက်ပြီးသည့်နောက် မြစ်ခွဲတစ်ခုသို့ ရောက်လာလေရာ ရှောက်ရွှမ် ယန်ဆွေ့အား မေးလိုက်၏။

“ဘယ်လမ်းက သွားရမှာလဲ”

ယန်ဆွေ့ ဝေခွဲမရဖြစ်နေပုံရပြီး တိတ်ဆိတ်နေခဲ့ကာ ပြောလိုက်သည်။ “ငါလည်းမသိဘူး”

ရှောက်ရွှမ်တွင် မြေပုံတစ်ခုရှိနေပါသော်လည်း ထို

မြေပုံသည် အခြားသူများပြောစကားအရ အကြမ်းဖျင်း ဆွဲထားခြင်းသာ ဖြစ်၏။ သူ့ဘိုးဘေးများ၏ မြေပုံမှာလည်း နှစ်ကာလရှည်ကြာနေပြီဖြစ်လေရာ တိကျနိုင်စရာ အကြောင်းမရှိတော့ပေ။ ထို့ကြောင့်ပင် ရှောက်ရွှမ် ယန်ဆွေ့၏ သွားခဲ့ဖူး‌ေသာ အတွေ့အကြုံနှင့် လမ်းများအပေါ် အာရုံခံနိုင်စွမ်းကို အားကိုး၍ လိုက်လာခဲ့ခြင်း ဖြစ်သည်။

“မြစ်ကမ်းတစ်လျှောက် ခြေလျင်ခရီးနှင်ခဲ့တာကိုပဲ မှတ်မိတယ်” ယန်ဆွေ့လည်း ကူကယ်ရာ မဲ့နေခဲ့၏။ သူလုံကျိုးမျိုးနွယ်စုအား ဖြတ်သန်းသွားစဉ်အခါက ခရီးသွားအဖွဲ့တစ်ခုနှင့် လိုက်လာခဲ့ခြင်းဖြစ်ပြီး သူတို့လာခဲ့သော လမ်းသည် ဤနေရာနှင့် သိပ်မဝေးသော မြစ်ကြောင်းတစ်ခု၏ ကမ်းမှခြေလျင်လျှောက်လာခဲ့ခြင်းဖြစ်ပြီး ဤဘက်ခြမ်းမှ လာခဲ့ခြင်းမဟုတ်ကြပေ။ ထို့ကြောင့် ဗဟိုဒေသ နယ်စပ်မှ ပြန်လာရသောအခါ သူလမ်းများကို မမှတ်မိတော့ချေ။ ဤနေရာ၌ မြစ်ခွဲတစ်ခုရှိသည်ကိုလည်း သူလုံး၀မသိခဲ့ပေ။

သူတို့ ဘယ်ဘက်သွားရမည်လော ညာဘက်သွားရမည်လော။

ယေဘုယျအားဖြင့် မြစ်ကျယ်တစ်ခုနှင့် မြစ်ကျဉ်းတစ်ခုကိုတွေ့လျှင် လုံကျိုးမျိုးနွယ်စုသို့ ရောက်မည့်လမ်းသည် မြစ်ကျယ်ဖြစ်မည်မှာ သေချာပေသည်။ သို့သော်လည်း ယခုအခါ မြစ်ခွဲနှစ်ခုလုံးမှာ အရွယ်အစားတူညီလုနီးပါး ဖြစ်နေကြ၏။ ထိုအရွယ်အစားတူညီနေသော မြစ်နှစ်ခုကိုကြည့်ရင်း ရှောက်ရွှမ်လည်း လမ်းမှန်ကို မသိတော့ပေ။

ဤနေရာတစ်ဝိုက်တွင် မေးမြန်းစရာ လူသူအရိပ်အယောင်လည်း ရှိမနေဘဲ မျိုးနွယ်စုတစ်ခုခုလည်း မရှိကြချေ။ ဤနေရာသည် မြေရိုင်းတစ်ခုသာ ဖြစ်၏။

ဤနေရာတွင်နေ၍ ဖြတ်သန်းသွားသော လူတစ်ယောက်ယောက်ကိုစောင့်ပြီး တွေ့သောအခါမှသာ လမ်းမှန်ကို မေးမြန်း၍ရနိုင်ပေလိမ့်မည်။ ထိုသို့

မဟုတ်လျှင်တော့ ချာချာအား တစ်ယောက်ထဲ ရှေ့သို့သွား၍ လမ်းရှာခိုင်းပြီး လမ်းတွေ့မှ သူတို့အား ပြန်လာခေါ်ခြင်းမျိုးဖြင့် ရှေ့ဆက်နိုင်သည်။ သို့မဟုတ် နောက်ကြောင်းပြန်သွား၍ လမ်းသိသောတစ်ယောက်ယောက်အား မေးမြန်းရန်မှာလည်း ရွေးချယ်စရာတစ်ခု ဖြစ်ပြန်၏။

ပထမဆုံးဖြေရှင်းနည်းသည် မရေရာသော အရာဖြစ်သည်။ ဆောင်းရာသီသို့၀င်ရောက်လာပြီဖြစ်သောကြောင့် ခရီးသွားများမှာလည်း နည်းပါးသွားပြီဖြစ်လေရာ ဤနေရာသို့ ဖြတ်သွားမည့်လူ မည်သည့်အခါမှပေါ်လာမည်ကို ဘယ်သူမှ မသိနိုင်ပေ။ ဒုတိယနှင့် တတိယဖြေရှင်းနည်းများမှာလည်း အတော်လေး အချိန်ကုန်မည်ဖြစ်သော ဖြေရှင်းနည်းများ ဖြစ်ကြ၏။

“ငါ ငါတို့ဘာဆက်လုပ်ကြမလဲ” ယန်ဆွေ့ဆာလောင်နေသော သူ့ဗိုက်အား ဖိထားလိုက်ပြီး မေးလိုက်သည်။

ရှောက်ရွှမ် ဘာဆက်လုပ်ရမည်ကို တစ်ချက်တွေးကြည့်လိုက်ပြီး ဆုံးဖြတ်ချက်တစ်ခု ချလိုက်၏။ “အခုတော့ နောက်ကျနေပြီဆိုတော့ ဒီနေရာမှာပဲ အရင်နားကြတာပေါ့ မနက်ဖြန်မှ တစ်ခုခုဆက်လုပ်ကြမယ်”

“သဘောတူတယ် လုံကျိုးမျိုးနွယ်စုက အဖွဲ့တစ်ဖွဲ့ဖွဲ့ မျိုးနွယ်စုဆီ ပြန်မရောက်သေးတာမျိုးလည်း ဖြစ်နိုင်တာပဲ သူတို့ပြန်မယ်ဆိုရင် ဒီလမ်းက ဖြတ်သွားရမှာ ငါတို့သာဒီမှာစောင့်နေရင် သူတို့နဲ့တွေ့နိုင်တယ် ပြောကြတာတော့ သူတို့မျိုးနွယ်စု၀င်တွေက နှင်းမကျခင် ပြန်မရောက်ရင် နှင်းကျပြီးတဲ့အချိန်မှသာ ပြန်လေ့ရှိကြတယ်တဲ့”

“ဟုတ်ပြီလေ ဒီအနားတစ်ဝိုက်မှာပဲ စောင့်ကြတာပေါ့” ရှောက်ရွှမ် ပတ်၀န်းကျင်အား တစ်ချက်ကြည့်လိုက်ပြီး အနီးရှိ တောင်တစ်လုံးအား ညွှန်ပြလိုက်ကာ ပြောလိုက်သည်။ “အဲ့ကို သွားတာပေါ့”

ရှောက်ရွှမ် သားကောင်တစ်ကောင် အမဲလိုက်လာခဲ့ပြီး မီးဖိုလိုက်ကာ ထိုအသားအားကင်ရန် ပြင်လိုက်သည်။ သူတို့အနားယူရန် ဆုံးဖြတ်ခဲ့သောနေရာသည် မြစ်နားရှိ တောင်တစ်လုံးပေါ်တွင် ဖြစ်ပြီး ထိုတောင်ပေါ်မှကြည့်မည်ဆိုပါက မြစ်ကိုသေချာမြင်နိုင်ပြီး သူတို့သာ သေချာစောင့်ကြည့်နေပါက မြစ်ထဲမှ ဖြတ်သွားသော မည်သည့်အရာမှ သူတို့မျက်စိအောက်က လွတ်နိုင်လိမ့်မည် မဟုတ်ပေ။

“တကယ်လို့ လုံကျိုးမျိုးနွယ်စုရဲ့ အစောင့်အရှောက်လှေတန်းသာ ညဘက်မှာဒီနေရာကဖြတ်သွားမယ်ဆိုရင်တော့ မင်းသူတို့ကို အဝေးကြီးကတည်းက မြင်ရမှာပဲ လှေမြစ်ထဲက လွင့်မျောနေသောမီးတောက်များ ဆိုတာ တကယ်ရှိတဲ့အရာပဲ” ယန်ဆွေ့ ပြောလိုက်သည်။

“လှေမြစ်ထဲက လွင့်မျောနေသော မီးတောက်များ ဆိုတာဘာလဲ”

“မင်းမြင်တဲ့အခါ နားလည်သွားလိမ့်မယ်” ယန်ဆွေ့ပြောပြီးနောက် တစ်ချက်သမ်းလိုက်ကာ တစ်ရေးလောက်အိပ်ရန် နေရာရှာလိုက်၏။

ညလယ်အချိန်တွင်…

ရှောက်ရွှမ် မျက်လုံးများ ဖွင့်လိုက်ပြီး မြစ်ခွဲအား ကြည့်ရှုလိုက်သော်လည်း ဘာမှမတွေ့ခဲ့ရပေ။ သို့သော် သူမြစ်အထက်ပိုင်းသို့ ကြည့်လိုက်မိသော အခါတွင်တော့ လွင့်မျောနေသော မီးတောက်များကို မြင်လိုက်ရလေတော့သည်။

မဟုတ်ပေ။ ထိုအရာများသည် အမှန်တကယ်တွင် လေပေါ်တွင်လွင့်မျောနေသော မီးတောက်များမဟုတ်ကြဘဲ လှေ‌များပေါ်မှ တောက်လောင်နေသော မီးတိုင်များသာ ဖြစ်ကြ၏။

လှေတန်းရှည်ကြီး နီးကပ်လာသောအခါ အမှောင်

ထဲ၌ မီးတိုင်များကို မီးအတန်းကြီးတစ်ခုလိုပင် မြင်နေရသည်။

ထိုအရာသည် လုံကျိုးမျိုးနွယ်စု၏ အစောင့်အရှောက်လှေတန်းကြီးဖြစ်ကာ လှေတစ်စီးချင်းစီတိုင်းတွင် မီးတိုင်တစ်တိုင်စီ တင်ထားခြင်း ဖြစ်ပေသည်။ လှေများမှာလည်း အများအပြားစီတန်းသွားလာနေလေရာ ညအမှောင်ထဲ၌ ထိုအရာကို‌ ရွေ့လျားနေသော မီးတန်းကြီးတစ်ခုအဖြစ်သာ မြင်နေရ၏။

ထိုအရာသည် လှေမြစ်ထဲက လွင့်မျောနေသော မီးတောက်များ ဖြစ်ပါသလော။

ဤမြစ်၏အမည်သည် လှေမြစ်ဖြစ်ပြီး လုံကျိုးမျိုးနွယ်စုမှ အစောင့်အရှောက်လှေများ မကြာခဏဖြတ်သွားလေ့ရှိသောကြောင့် ထိုနာမည် တွင်သွားခဲ့ခြင်း ဖြစ်သည်။ လက်ရှိ မြင်ကွင်းကိုလည်း လွင့်မျောနေသော မီးတောက်များဟု အမှန်တကယ်ပင်

သတ်မှတ်၍ ရ၏။ ထို့ကြောင့်ပင် ဤအရာကို လှေမြစ်ထဲက လွင့်မျောနေသောမီးတောက်များဟု ခေါ်ကြခြင်း ဖြစ်ပေလိမ့်မည်။

ချာချာ မီးအားမြင်သောအခါ အတောင်ပံကြီးကို ခါလိုက်ပြီး ယန်ဆွေ့အား နှိုးလိုက်လေသည်။

ယန်ဆွေ့လည်း ဝါးကနဲသမ်း၍ ထလာလိုက်ပြီး မီးအားမြင်သောအခါ အတော်လေး စိတ်လှုပ်ရှားသွားပြီး တွေးလိုက်မိ၏။ “ငါတို့တကယ်ပဲ တွေ့ခဲ့ရတာပါလား ဒါက လှေမြစ်ထဲက လွင့်မျောနေသော မီးတောက်များ ပဲ”

ရှောက်ရွှမ် အတွက်မူ လွန်ခဲ့သောနှစ်များအတွင်း ဆန်းကြယ်သောကိစ္စများစွာကို ကြုံတွေ့ခဲ့ရလေရာ ထိုမျှလောက်သော မြင်ကွင်းသည် အလွန် အံ့ဩသင့်စရာဖြစ်နေခြင်းမျိုး မဟုတ်တော့ပေ။ သို့သော် ယန်ဆွေ့အတွက်တော့ ဤအခြေအနေသည် အတော်လေး အံ့ဩသင့်စရာဖြစ်နေလေသည်။

လုံကျိုးမျိုးနွယ်စု၏ လှေများသည် အတော်လေးကြီးကြပြီး ရှောက်ရွှမ်မျှော်မှန်းထားသည်ထက်ပင် ပိုကြီးနေကြ၏။ သူတို့သည် ယခုအခါ လမ်းကြောင်းတစ်ခုအတိုင်း တည်ငြိမ်စွာ သွားနေကြပြီး လှေပေါ်တွင်လည်း ရွက်တိုင်နှင့် ရွက်များ ရှ်ိနေလေသည်။ သို့သော် လှေတန်းထဲမှ လှေအများစုမှာတော့ လူများကိုယ်တိုင်လှော်ခတ်နေခြင်း ဖြစ်ပြီး ရေသံများကို သိသိသာသာပင် ကြားနေရ၏။

“သူတို့က ညဘက်မှာလည်းခရီးထွက်တာပဲလား” ရှောက်ရွှမ် မေးလိုက်သည်။

မည်သည့်အချက်ပြ အမှတ်အသားမျိုးမှ မရှိဘဲ လုံကျိုးမျိုးနွယ်စုလှေများသည် ညအချိန်တွင်ပင် တည်တည်ငြိမ်ငြိမ် သွားနေနိုင်ကြ၏။

“လုံကျိုးမျိုးနွယ်စုရဲ့ အစောင့်အရှောက်လှေတန်းက

ဒီနေရာကိုမကြာခဏဖြတ်သွားနေကြဆိုတော့ သူတို့ကလမ်းကြောင်းကို သိနေပြီလေ ညဘက်ရွက်လွှင့်တဲ့ လူအတော်များများကတော့ မတော်တဆမှုတွေ ဖြစ်ကြရတာပဲ တစ်ချို့က မြစ်ကမ်းပါးတွေနဲ့တိုက်မိကြပြီး အခြားမတော်တဆဖြစ်စရာတွေလည်း အများကြီးပါ ဒါပေမယ့် လုံကျိုးမျိုးနွယ်စုက မတော်တဆဖြစ်တယ်ဆိုတာမျိုးကတော့ အတော်လေးရှားတဲ့အရာပဲ နောက်ပြီး အခုမြင်နေရတဲ့ လှေမြစ်ထဲက လွင့်မျောနေတဲ့မီးတောက်များဆိုတာ လုံကျိုးမျိုးနွယ်စုရဲ့ ဘယ်သူနဲ့မှမတူတဲ့ အမှတ်အသားမြင်ကွင်းတစ်မျိုးပဲလေ” ယန်ဆွေ့ မီးတန်းကြီးအား ကြည့်နေရင်း အားကျလေးစားနေသည့်ပုံဖြင့် ပြန်ဖြေလိုက်သည်။

လှေမြစ်ပေါ်တွင် ထိုမီးတန်းကြီးမှာ တဖြည်းဖြည်းမြစ်ခွဲနေရာနှင့် နီးကပ်လာခဲ့ပြီး ညာဘက်သို့တဖြည်းဖြည်း ချိုး၀င်သွားသည်ကို ရှောက်ရွှမ် မြင်လိုက်ရ၏။

“အဲ့ဒီဘက်ပဲ”

All Chapters