လုံကျိုးမျိုးနွယ်စု
Vol. 14 Ch. 199
ဆောင်း၀င်လာသောအခါ နတ်ဆေးဆရာ၏ အမိန့်ကြောင့် မီးတောက်ဦးချိုမျိုးနွယ်စုရှိလူတိုင်း ဆောင်းရာသီအတွက်ကြိုတင်ပြင်ဆင်ပြီးကြပြီး ဖြစ်သည်။
ဤဆောင်းတွင် အရင်နှစ်များနှင့်မတူဘဲ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ အလွန်တက်ကြွ၍ အားအင်ပြည့်နေကြ၏။ တောင်ခြေတွင်ပင် လူအများအပြားမှာ အတော်လေးတက်ကြွနေလေသည်။ ထိုဖြစ်ရပ်မှာ အတော်လေးရှားပါးသော ဖြစ်ရပ်မျိုး ဖြစ်၏။
မျိုးနွယ်စုစစ်သည်တော်များမှာတော့ တစ်ချို့သည် လေ့ကျင့်ရေးကွင်းထဲတွင် လေ့ကျင့်နေကြပြီး အချို့မှာ မျိုးနွယ်စုအစွန်အဖျားတွင်ပင် အမဲလိုက်နေကြလေသည်။ အတိတ်တုန်းကဆိုလျှင် ထိုသို့သော မျိုးနွယ်စုအစွန်တွင်အမဲလိုက်ခြင်းမျိုးကို ရယ်စရာ
လုပ်ရပ်မျိုးဟု သတ်မှတ်ကြမည်မှာ သေချာလှ၏။ အမဲလိုက်သီချင်းတွင် ဆောင်းရာသီ၌အမဲလိုက်ခြင်းက အလွန်အန္တရာယ်များသည်ဟု ဆိုထားလေရာ ဤရာသီတွင် အပြင်ထွက်ခြင်းကို မည်သူမှ မပြုလုပ်ကြချေ။
သို့သော် ယခုတွင်တော့ အခြေအနေများမှာ ကွဲပြားနေပြီး လူတိုင်းမှာ အားအင်ပြည့်ဖြိုးနေကြရာ သူတို့ခွန်အားကို ထုတ်ဖော်ပြသဖို့ တစ်စုံတစ်ခုပြုလုပ်ပစ်ရန် လိုအပ်နေကြပေသည်။ ထို့ကြောင့် တစ်ချို့မှာ နှင်းကျနေသောအချိန်တွင်ပင် လေ့ကျင့်ရေးကွင်းထဲ၌ လေ့ကျင့်နေကြခြင်းဖြစ်၏။ တစ်ချို့မှာတော့ လေ့ကျင့်ရုံသက်သက်လေ့ကျင့်နေရခြင်းမှာ ပျင်းစရာကောင်းသည်ဟု ထင်ကြသောကြောင့် သူတို့စိတ်ထဲတွင် အကြံတစ်ခုရလာကြပြီး မျိုးနွယ်စုအစွန်အဖျားတွင် အမဲလိုက်ကြရန် စဉ်းစားခဲ့ကြခြင်း ဖြစ်သည်။ မျိုးနွယ်စုနှင့် ခပ်ဝေးဝေးတောတောင်ထဲသို့ မသွားသရွေ့ ဆောင်းရာသီတွင်ပင် သူတို့၌ ထိုမျှအန္တရာယ်ရှိလိမ့်မည်လည်း မဟုတ်ပေ။
အစကတော့ မျိုးနွယ်စုမှလူကြီးများ သူတို့ကိုဆူငေါက်မည်ကို စိုးရိမ်ခဲ့ကြပါသော်လည်း သူတို့ တွေးနေစဉ်တွင်ပင် တောင်ပေါ်မှလူများဆင်းလာကြပြီး သူတို့လိုအမဲလိုက်ထွက်ဖို့ ပြင်နေကြသောအခါ အတော်လေးအားတက်သွားခဲ့ကြသည်။
“ငါတို့မြစ်ကြီးကိုဖြတ်ပြီးသွားရင် ဘိုးဘွားပိုင်မြေကိုပြန်သွားလို့ရကြမှာလား” စစ်သည်တစ်ယောက် သူ့ဘေးမှရဲဘော်လား မေးလိုက်၏။
“သေချာတာပေါ့ မင်းကနတ်ဆေးဆရာစကားကို သံသယ၀င်နေတာလား”
“မ၀င်ပါဘူး လုံး၀မ၀င်ဘူး”
“ဟေး အခြားမျိုးနွယ်စုကလူတွေက ဘယ်လိုပုံစံတွေလို့ မင်းတို့ထင်ကြလဲ သူတို့မှာ လက်နှစ်စုံနဲ့ မျက်လုံးတစ်လုံးပဲရှိတာမျိူး ဖြစ်နေလောက်လား” စစ်သည်
တော်တစ်ယောက်လည်း စကားဝိုင်းထဲ ၀င်လာလေသည်။
“ငါကြားတာတော့ နတ်ရုပ်မှာခြေလက်ရှစ်ဖက်ပါတဲ့ မျိုးနွယ်စုတစ်ခုရှိတယ်တဲ့ သူတို့မှာလည်း ခြေလက်ရှစ်ဖက်ရှိမှာ သေချာတယ်”
“တကယ်ကြီးလား ကြားရတာတော့ ပျော်စရာကောင်းမယ့်ပုံပဲ တွေ့မှတစ်ကောင်လောက်ဖမ်းကြည့်ကြတာပေါ့”
ထိုမီးတောက်မီးချိုမျိုးနွယ်စုမှလူများသည် အရိုင်းစစ်သည်များကဲ့သို့သာဖြစ်ကြပြီး အခြားမျိုးနွယ်စုများအကြောင်းလည်း ဘာမှမသိကြလေရာ သူတို့အခြားသူများနှင့်ပတ်သက်ပြီး တွေးတောပုံမှာ ထိုလူများကို ကြမ်းကြုတ်သည့်သားရဲကြီးများအဖြစ်သာ တွေးတောထားကြခြင်းဖြစ်သည်။ ထို့ကြောင့် အခြားမျိုးနွယ်စုများအကြောင်း ဆွေးနွေးပြောဆိုကြရာတွင် သူတို့ပြောဆိုနေပုံမှာ သားရဲကြီးများအား
အမဲလိုက်မည့်ပုံ ဖြစ်နေကြခြင်း ဖြစ်၏။
သူတို့မျိုးနွယ်စုထဲရှ်ိ မီးဖိုကြီးတွင်ကိစ္စတစ်ခုဖြစ်သွားပြီးသောအချိန်တွင် နတ်ဆေးဆရာ မျိုးနွယ်စုဝင်များအား အချက်အလက်အချို့မျှဝေပေးဖို့ ဆုံးဖြတ်ခဲ့သည်။ သူသည် အခြားမျိုးနွယ်စုများ၏ နတ်ရုပ်များအား ရေးဆွဲခဲ့ပြီး ထိုမျိုးနွယ်စုများ၏ရိုးရှင်းသော အချက်အလက်များကိုလည်း ပြောပြခဲ့၏။ အသေးစိတ်အချက်အလက်များကိုတော့ နတ်ဆေးဆရာလည်း မသိချေ။ သူထုတ်ပြန်သော အချက်အလက်များမှာလည်း ဘိုးဘေးများသားရေလိပ်များပေါ်တွင် မှတ်တမ်းတင်ထားခဲ့သော အချက်အလက်များသာ ဖြစ်ကြသည်။ ခြေလက်ရှစ်ဖက်မျိုးနွယ်စုတွင် ခြေလက်ရှစ်ဖက်ရှိမရှိကိုမူ ဘိုးဘေးများချန်ထားခဲ့ေသာ အချက်အလက်များမှာ နည်းပါးလှသောကြောင့် နတ်ဆေးဆရာလည်း မသိပေ။
စစ်သည်တော်များပင် မကဘဲ ဤဆောင်းတွင် မျိုးနွယ်စုထဲရှိ အဖိုးကြီးများ ကလေးများနှင့် မိန်းမ
များ၏ အပြုအမူများမှာလည်း အရင်နှစ်များနှင့် မတူကြချေ။ ဂူထဲ၌ နေထိုင်ကြသောကလေးများပင်လျှင် ဤဆောင်း၌ ပိုများသော ဆောင်းရာသီသင်ခန်းစာများကို သင်ကြားနေရလေသည်။
မည်သို့ပင်ဆိုစေကာမူ မျိုးနွယ်စုဝင်များ ဆွေးနွေးကြသော အခြားမျိုးနွယ်စုဝင်များအကြောင်းမှာတော့ အတော်လေး ထိတ်လန့်ဖွယ်ရာ ရှိကြ၏။
နတ်ဆေးဆရာလည်း အခြားမျိုးနွယ်စုများအပေါ် သူတို့မျိုးနွယ်စုဝင်များ၏ အမြင်ကို သိလို၍ တောင်ခြေသို့ ခိုးဆင်းပြီး စနည်းနာခဲ့ပြီး သူတို့စကားများအား ကြားခဲ့လေရာ အတော်လေးစိတ်ပူသွားခဲ့မိသည်။ တောင်ပေါ်သို့ သူပြန်တက်သွားသောအခါတွင်မူ ခါးကိုင်း၍ သက်ပြင်းရှည်ကြီးကိုသာ အခါခါချနေမိခဲ့၏။ သို့သော်လည်း ဤအခြေအနေနှင့်ပတ်သက်ပြီး သူလည်းဘာမှမတတ်နိုင်ဘဲ ရှောက်ရွှမ်ပြန်အလာကို စောင့်ဖို့သာ တတ်နိုင်ပေတော့သည်။
သူ့မျိုးနွယ်စုမှ လွမ်းနေသော ရှောက်ရွှမ်မှာတော့ ယန်
ဆွေ့ ချာချာတို့နှင့်အတူ အရှေ့သို့ ဆက်သွားနေကြ၏။ လုံကျိုးမျိုးနွယ်စုလှေအဖွဲ့နောက်မှ လိုက်သွားရင်း သူတို့မျှော်လင့်ထားသလိုပင် လုံကျိုးမျိုးနွယ်စု နယ်မြေသို့ ရှောက်ရှိခဲ့ကြသည်။
ရှောက်ရွှမ်ရောက်သောအခါ ထိုနေရာတွင် နေ့တစ်၀က်ခန့်ပင် နှင်းကျပြီးနေပြီ ဖြစ်၏။ ထိုနေရာရှိ နှင်းကျပုံမှာ မီးတောက်ဦးချိုမျိုးနွယ်စုနယ်မြေကဲ့သို့ နှင်းခဲများကျခြင်းမျိုးမဟုတ်လေရာ အချို့နှင်းဖုံးမနေသော နေရာများကို တွေ့နေရသေးသည်။ မီးတောက်ဦးချိုမျိုးနွယ်စုတွင်တော့ နာရီ၀က်ခန့်နှင်းကျလျှင်ပင် မြေပြင်ပေါ်တွင် နှင်းထုတစ်ခုဖြစ်သွားတတ်၏။
လုံကျိုးမျိုးနွယ်စုတွင် ကုန်းမြေပိုင်နက်နှင့် ရေပိုင်နက်ဟူ၍ နှစ်မျိုးရှိကြသည်။ မြစ်ကမ်းနှင့်မဝေးသော နေရာတွင် သူတို့သည် ခရီးသွားများအတွက် လမ်းကြောင်းတစ်ခု ချန်ထားပေးကြ၏။ သို့သော် လှေအတင်အချလုပ်သောအခါများတွင်မူ ထိုလမ်းကြောင်းကို ပိတ်ထားတတ်ကြသည်။ အချို့
အထူးအခြေအနေများတွင်လည်း လမ်းကိုပိတ်ထားတတ်ကြ၏။ ထို့ကြောင့် လမ်းပိတ်ထားသောအချိန်တွင် လမ်းအားဖြတ်သန်းသွားလာလို့ပါက ခရီးသွားများသည် လုံကျိုးမျိုးနွယ်စုထံ ခွင့်တောင်းရလေ့ရှိသည်။
ကံကောင်းစွာဖြင့် ယခုအချိန်တွင်တော့ လမ်းကို ပိတ်မထားပေ။ ရှောက်ရွှမ်တို့ မရောက်ခင်မှာပင် ခရီးသွားအဖွဲ့တစ်ဖွဲ့ ထိုလမ်းမှ ဖြတ်သန်းသွားပြီး ဖြစ်သည်။
“ရှောက်ရွှမ် မင်း ဒီကို လှေတစ်စင်းလောက်လိုချင်လို့လာတာလား”
“မဟုတ်ပါဘူး ငါတစ်ယောက်ယောက်ကို လာရှာတာ”
“တစ်ယောက်ယောက်ကိုလာရှာတာလား မင်းလုံကျိုး
မျိုးနွယ်စုကတစ်ယောက်ယောက်နဲ့ သိလို့လား”
“ဘယ်သူနဲ့မှ မသိပါဘူး”
“ဒါဆို ဘယ်သူ့ကိုလာရှာတာလဲ” ယန်ဆွေ့ ပဟေဠိ ဖြစ်သွားခဲ့သည်။
“ငါတို့မျိုးနွယ်စုက လူတစ်ချို့” ရှောက်ရွှမ် ခဏရပ်လိုက်ပြီးမှ ဆက်ပြောလိုက်၏။ “သူတို့သာ ဒီမှာရှိမယ်ဆိုရင် သူတို့ကိုလေလွင့်သူတွေလို့ သတ်မှတ်ရမယ်ထင်တယ်”
“လေလွင့်သူတွေလား မင်းကဒီနေရာကို လေလွင့်သူတွေရှာဖို့ ရောက်လာတာလား” ယန်ဆွေ့ အံ့ဩသင့်သွားခဲ့သည်။
လေလွင့်သူဟုခေါ်သော သူများမှာ မျိုးနွယ်စုပျက်
သုန်းသွားပြီး ကျွန်လည်း မဖြစ်လိုကြသူများ ဖြစ်ကြ၏။
ရှောက်ရွှမ်မှာမူ နတ်စစ်သည်တော်တစ်ယောက်ဖြစ်ပြီး သူတို့မျိုးနွယ်စု မီးမျိုးစေ့ ရှိနေသည်ကိုလည်း သက်သေပြထားလေရာ ထိုမျိုးနွယ်စုတွင် အဘယ်ကြောင့် လေလွင့်သူများ ရှိနေရသနည်း။ သူတို့သည် မျိုးနွယ်စုမှ နှင်ထုတ်ခံထားရသူများ ဖြစ်ကြသလော။
ရှောက်ရွှမ်ဘာမှထပ်မပြောလေရာ ယန်ဆွေ့လည်း ဘာမှထပ်မမေးတော့ပေ။ ယခုအချိန်တွင် လုံကျိုးမျိုးနွယ်စုက ခရီးသွားများအား ငှားယမ်းသော လှေတစ်စင်းအား ရှာရန်သာ သူစိတ်ရှိနေပြီး ထိုလှေပေါ်တွင် ကောင်းကောင်းအိပ်ပစ်ချင်စိတ်သာ ရှိနေလေသည်။ သူ ပူပူနွေးနွေးအစားအသောက်များလည်း စားချင်နေပြီး စွပ်ပြုတ်ပူပူလေးဆိုပါက ပို၍ပင် ကောင်းသေး၏။
အခြားမျိုးနွယ်စုကြီးများကဲ့သို့ပင် လုံကျိုးမျိုးနွယ်စုသည် ခရီးသွားများနှင့် ဖြတ်သွားဖြတ်လာများကို နေရာထိုင်ခင်းစီစဉ်ပေးလေ့ရှိသည်။ သို့သော် ခရီးသွားများမှာတော့ ထိုနေရာထိုင်ခင်းအတွက် အခကြေးငွေ ပြန်ပေးရ၏။
ယန်ဆွေ့ အရင်ကခရီးသွားများနှင့် နေခဲ့ဖူးသော လှေတစ်စင်းကိုပင် ရွေးချယ်လိုက်သည်။ လုံကျိုးမျိုးနွယ်စုကိုလည်း အခွံဒင်္ဂါးအနည်းငယ်ပေးလိုက်ပြီး လှေပေါ်မှအခန်းထဲသို့ ၀င်သွားလိုက်၏။
ရှောက်ရွှမ်မှာတော့ လှေပေါ်မှအခန်းထဲတွင် ရေနွေးအနည်းငယ်သောက်လိုက်ပြီး လေလွင့်သူများအား ရှာဖွေဖို့ အပြင်ထွက်ရန် ဆုံးဖြတ်လိုက်သည်။
“ဟေး ရှောက်ရွှမ် အပြင်ကိုအကြာကြီးသွားမနေနဲ့နော် မင်းလုံကျိုးမျိုးနွယ်စုကထွက်သွားမယ်ဆိုရင်လည်း ငါ့ကိုပြောဦး ငါလည်းလိုက်ခဲ့မှာ ဒီမှာတစ်ယောက်ထဲနေခဲ့ရရင် ငါအသတ်ခံရလိမ့်မယ် မင်းသွားရင်ငါ့ကိုလည်းခေါ်သွား ငါမင်းအတွက်
ခရီးသွားလမ်းညွှန်လုပ်ပေးနိုင်တယ်” ယန်ဆွေ့ ပြောလိုက်သည်။
ရှောက်ရွှမ်သူ့စကားအား တုံ့ပြန်လိုက်ပြီး အခန်းထဲမှ ထွက်သွားလိုက်၏။ တစ်ကိုယ်တည်း ခရီးအကြာကြီးသွားခဲ့ဖူးသော ယန်ဆွေ့သည် သူမရှိရုံနှင့် ဤလုံကျိုးမျိုးနွယ်စုတွင် အသတ်ခံရလိမ့်မည် ဆိုသည်ကိုတော့ ရှောက်ရွှမ်ယုံမနေချေ။
ချာချာမှာလည်း မျိုးနွယ်စုအပြင်ဘက်တွင် လှည့်ပတ်နေရင်း အစာရှာနေလေရာ ရှောက်ရွှမ်သူ့အတွက် စိုးရိမ်မနေပေ။ ဤမျိုးနွယ်စုထဲတွင် နေရပါက ချာချာ့အတွက် သက်တောင့်သက်သာဖြစ်မည် မဟုတ်သည်ကို ရှောက်ရွှမ်သိပေသည်။ ထို့ကြောင့် အပြင်ဘက်တွင် သူ့ဟာသူ လွတ်လွတ်လပ်လပ် အစာရှာပြီးေနရန်သာ ထားခဲ့ခြင်း ဖြစ်၏။
လှေပေါ်မှ ဆင်းလာပြီးသည့်နောက် ရှောက်ရွှမ်ကမ်းခြေရှိ လှေကြီးအား ပြန်လှည့်ကြည့်လိုက်လေ
သည်။ သူလှေအား သေချာအသေးစိတ်ကြည့်ရှုလေ့လာလိုက်ရာ ထိုလှေသည် ထိုမျှကောင်းမွန်ခြင်းမရှိပါသော်လည်း လှေပေါ်တွင် လူပေါင်းများစွာနေနိုင်လောက်အောင်ထိတော့ ကြံ့ခိုင်ပေ၏။
ကြည့်ရှုပြီးသည့်နောက် ရှောက်ရွှမ် အရပ်မျက်နှာတစ်ခုသို့ ကြည့်လိုက်ကာ ထိုအရပ်မျက်နှာဆီသို့ ဦးတည်သွားလိုက်သည်။ လေလွင့်သူများ နေထိုင်သည့်အရပ်ကို သူမေးမြန်းခဲ့ပြီးဖြစ်၏။
လုံကျိုးမျိုးနွယ်စု ကင်းအဖွဲ့သည် ထူးဆန်းသော ခရီးသွားများအား မျက်ခြေမပြတ် စောင့်ကြည့်နေကြလေသည်။ ထိုသူများ နယ်စပ်မျဉ်းအား ဖြတ်ကျော်လာသည်နှင့် ထိုကျူးကျော်သူကို သူတို့အညှာအတာမဲ့ သတ်ပစ်ကြပေလိမ့်မည်။ နယ်စပ်မျဉ်းအား ဖြတ်ကျော်ခြင်းသည် လုံကျိုးမျိုးနွယ်စုအား ကျူးကျော်ခြင်းဖြစ်ပြီး သူတို့လှေများအား လုယက်ရန်ကြံစည်ခြင်းဟု သတ်မှတ်နိုင်ပေသည်။
ရှောက်ရွှမ် သူတို့ရှေ့မှ ဖြတ်သွားသောအခါ သူတို့သေချာ စိုက်ကြည့်လိုက်ကြ၏။ သို့သော် ရှောက်ရွှမ်ဆီမှ မည်သည့်ခြိမ်းခြောက်နိုင်သည့် အငွေ့အသက်မှရမနေဘဲ သူ၀တ်ဆင်ထားပုံမှာလည်း သားသားနားနားမရှိလှရာ သူတို့ဂရုမစိုက်ကြတော့ပေ။ သူတို့ဆွဲထားသော နယ်စပ်မျဉ်းအား ကျော်မလာသေးသ၍ ထိုကောင်အား သူတို့ဂရုစိုက်ကြတော့မည် မဟုတ်ပေ။
နှင်းများမှာ ဆိုးဆိုးရွားရွားကျဆင်းနေခြင်းမျိုး မဟုတ်ပါသော်လည်း တဖွဲဖွဲကျဆင်းလာနေလေသည်။
ရှောက်ရွှမ် လမ်းပေါ်တွင် မည်သည့်အမိုးအကာမှမပါဘဲ လျှောက်နေလေရာ နှင်းများသည် သူ့ကိုယ်ပေါ် အတားအဆီးမဲ့ ကျနေကြ၏။
လုံကျိုးမျိုးနွယ်စုသည် သူတို့ဘ၀၏ အချိန်အများစု
ကို လှေပေါ်တွင်သာ ကုန်ဆုံးကြခြင်း ဖြစ်ပေသည်။ သူတို့ အပြင်မှ မျိုးနွယ်စုဆီသို့ပြန်ရောက်လာအခါတွင်လည်း လှေပေါ်တွင်သာ နေထိုင်ကြခြင်း ဖြစ်၏။ ဘ၀တစ်လျှောက်လုံးနီးပါးအား လှေပေါ်တွင်ကုန်ဆုံးကြသူများ ဖြစ်ကြလေရာ မြေပြင်ပေါ်တွင် နေထိုင်ရခြင်းသည် သူတို့အား မသက်မသာဖြစ်စေသည်။ ထို့ကြောင့် မြစ်ကမ်းနှင့်ေ၀းပြီး သစ်တောနှင့်ပိုနီးသောနေရာတွင် ရှောက်ရွှမ် မည်သူ့ကိုမှ မတွေ့ရချေ။ လူများသည် မြစ်ကမ်းအနီးရှိ ကျောက်ချထားသောလှေများပေါ်တွင်သာ နေထိုင်ကြ၏။ စားသောက်နေသောအသံများလည်း ထွက်ပေါ်နေကြပြီး ထိုလူများ၏ ရယ်မောသံများကိုလည်း ကျယ်လောင်စွာ ကြားနေရလေသည်။
မြစ်ကမ်းအနီးတွင်မူ ကျောက်ချထားသော လှေများနှင့် ပြည့်နှက်နေကြ၏။ အပြင်မှပြန်လာသော လှေများမှာလည်း မြစ်ပြင်ကျယ်ကြီးထဲတွင် ရှိနေကြလေသည်။ ထို့ကြောင့်ပင် ကျောက်ချထားသောလှေအစုအဝေးကြီးသည် အဖွဲ့ကြီးတစ်ခုလိုပင် ဖြစ်နေ၏။ ရှောက်ရွှမ် ဆယ်မိနစ်ခန့် ဆက်လျှောက်ပြီးသောအခါတွင်ပင် ထိုလှေအစုအဝေးကြီး၏
အဆုံးသတ်ကို မမြင်ရသေးချေ။ ဤအရာသည် အမှန်တကယ်ပင် လှေမြစ်ကြီး ဖြစ်ပေသည်။
ကျောက်ချထားေသာ လှေကြီးတစ်ချို့အား ဖြတ်လျှောက်ပြီးသည့်နောက် ရှောက်ရွှမ် နေရာလွတ်တစ်ခုသို့ ရောက်လာခဲ့၏။
ထိုနေရာလွတ်သည် လုံကျိုးမျိုးနွယ်စုနှင့် လေလွင့်သူများကြား နယ်စပ်မျဉ်းဖြစ်သည်။
ရှောက်ရွှမ် ထိုမျဉ်းအား ဖြတ်သွားလိုက်၏။ လုံကျိုးမျိုးနွယ်စုထဲရှိ လေထုအခြေအနေနှင့် နှိုင်းယှဉ်ကြည့်ရလျှင် ဤနေရာရှိလေထုမှာ အတော်လေး ခြောက်သွေ့လှသည်။ လူတစ်ချို့မှာ ရယ်ရယ်မောမောစကားပြောနေကြသော်လည်း သူတို့ကြားရှိ လေထုမှာတော့ ကွဲပြားနေဆဲ ဖြစ်၏။ ဤသည်မှာ မီးရောင်စုံမြို့ပြကြီးတစ်ခု၏ ထောင့်တစ်နေရာမှ မှောင်မိုက်နေသည့် ထောင့်ချိုးလေးတစ်ခုနှင့် တူညီလေသည်။
လေလွင့်သူများနေထိုင်ရာတွင် ကုန်းမြေပေါ်တွင်လည်း အိမ်များရှိကြ၏။ လေလွင့်သူများကို လုံကျိုးမျိုးနွယ်စုထဲ ၀င်ခွင့်ပေးမထားလေရာ သူတို့၌ နေရာကန့်သတ်ချက်လည်း ရှိနေကြသည်။ တောထဲသို့လည်း မသွားနိုင်ကြဘဲ လေလွင့်သူများမှာလည်း နည်းပါးသောပမာဏမဟုတ်လေရာ သူတို့သည် အိမ်နေရာများကို အလျားလိုက်မဆောက်ကြဘဲ ဒေါင်လိုက်သာစီတန်း ဆောက်လုပ်ထားကြ၏။ ရလဒ်အနေဖြင့် ကျဉ်းမြောင်းသောနေရာတွင် လာလည်သောဧည့်သည်များအတွက်ပင် ကောင်းကောင်းနေစရာ ရှ်ိလိမ့်မည် မဟုတ်ပေ။
မြစ်ကမ်းအနီးတွင်မူ လှေအမြောက်အများအား ကျောက်ချထားကြသည်။ သို့သော် လုံကျိုးမျိုးနွယ်စုရှိ လှေကြီးများနှင့်ယှဉ်ပါက သူတို့လှေများသည် အတော်လေးသေးငယ်ပြီး အတော်လည်းရိုးရှင်းလှ၏။
အချို့လှေလေးများသည် လေး ငါး မီတာသာ ရှည်
ပြီး လူတစ်ချို့နေနိုင်ရန် ဆောက်လုပ်ထားခြင်း ဖြစ်သည်။ လေလွင့်သူများသည် ဆောင်းရာသီကို ထိုလှေများထဲတွင် နေ၍လည်း ဖြတ်ကျော်တတ်ကြ၏။
တစ်ခါတစ်လေတွင် လေခပ်ကြမ်းကြမ်းတိုက်ပါက ထိုလှေလေးများသည် ယမ်းခါနေတတ်ပြီး ကမ်းပေါ်တွင်သာ ခိုင်ခိုင်မြဲမြဲကျောက်ချထားခြင်းမျိုးမရှ်ိပါက မှောက်ပင်မှောက်သွားနိုင်ပေသည်။
ဤနေရာရှိ လေလွင့်သူများသည် လုံကျိုးမျိုးနွယ်စုအတွက် အလုပ်လုပ်ကြခြင်း ဖြစ်ကြ၏။ သူတို့သည် သစ်ပင်ခုတ်ခြင်း သစ်သားဖြတ်ခြင်းနှင့် အခြားပစ္စည်းများအား သယ်ပိုးသော အလုပ်များကို လုပ်ကိုင်ပေးကြသည်။ ထိုလုပ်အားအတွက် လုံကျိုးမျိုးနွယ်စုနယ်ေမြတွင် နေထိုင်ခွင့်ကိုရရှိကြပြီး လုံကျိုးမျိုးနွယ်စုစိတ်ကောင်းဝင်နေပါက လုပ်ခအနည်းငယ်ကိုလည်း ပေးလေ့ရှိ၏။ ထိုမှတစ်ပါး သူတို့ဘာမှ မရကြပေ။
ယန်ဆွေ့ ထိုအကြောင်းအား ရှောက်ရွှမ်ကိုပြောထားပြီးဖြစ်သော်လည်း လက်တွေ့မြင်ရသောအခါ စိတ်မသက်မသာဖြစ်ရစမြဲဖြစ်ပေသည်။
ရှောက်ရွှမ်ဤနေရာသို့ သူတို့မျိုးနွယ်စုမှ လေလွင့်သူများကိုလာရှာခြင်းဖြစ်ပြီး တွေ့မတွေ့ကိုတော့ သူမသေချာပေ။
ထိုသူများအား အဘယ်သို့ရှာရမည်နည်း။ ဤနေရာတွင် မျိုးနွယ်စု သင်္ကေတအား ဆွဲပြီး အော်ခေါ်ပြရမည်လော။
ထိုအကြောင်းအား တွေးနေရင်း ရှောက်ရွှမ်လေလွင့်သူနယ်မြေထဲတွင် လျှောက်သွားနေခဲ့၏။
တစ်နေရာအရောက်တွင်မူ သစ်သားအိမ်တစ်အိမ်ထဲမှ သစ်သားများကျိုးပဲ့သောအသံနှင့်အတူ ငြင်းခုန်
နေသံအချို့ကို ကြားလိုက်ရသည်။
“ကျောက်ဝူ ရပ်လိုက်စမ်း” တစ်ယောက်ယောက် အော်ပြောလိုက်သံ ထွက်ပေါ်လာ၏။
ကျောက်လား?
ယန်ရှို့ရှောက်ရွှမ်အား မီးတောက်ဦးချိုမျိုးနွယ်စုဝင် လေလွင့်သူများသည် သူတို့ဘိုးဘေးများ၏ နာမည်ကိုဆက်ခံ၍ ယန် သို့မဟုတ် ကျောက် ဟူသောနာမည်မျိုး မှည့်လေ့ရှိကြသည်ဟု ပြောခဲ့သည်။ ယန် သို့မဟုတ် ကျောက် နာမည်ရှိသူတိုင်း သူတို့မျိုးနွယ်စုဝင် မဖြစ်နိုင်ပါသော်လည်း ရှောက်ရွှမ် ထိုသူများအားသွားတွေ့၍ မေးကြည့်ရန်တော့ လိုပေ၏။ ထို့ကြောင့် သူထိုနေရာအား သွားမေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။ (ယန်ကျောက် ဟူသည် မီးတောက်ဦးချို ဟုအဓိပ္ပာယ်ရသည်။)
ရှောက်ရွှမ် ထိုနေရာသို့ ရောက်သွားသောအခါ သစ်သားအိမ်ထဲမှ ထွက်လာသော သန်မာထွားကြိုင်းသည့်လူတစ်ယောက်ကို တွေ့လိုက်ရ၏။ ထိုလူ၏ သားရေအင်္ကျီသည် ပါးလျပ်နေပြီး စုတ်ပြဲနေကာ အင်္ကျီပေါ်ရှိ သားမွှေးများမှာလည်း ပေါက်ပြဲနေလေသည်။ ထိုလူ့တွင် မုတ်ဆိတ်မွှေးများရှိနေပါသော်လည်း သေချာကြည့်မည်ဆိုပါက ထိုလူသည် အသက်ထိုမျှမကြီးသေးဘဲ ရှောက်ရွှမ်ထက်ပင် အများကြီး မကြီးနိုင်ပေ။
ယခုအချိန်တွင် ထိုလူဒေါသထွက်နေပြီး သူ့မျက်နှာသည် အအေးဓာတ်ကြောင့်လား ဒေါသကြောင့်လား မသဲကွဲဘဲ နီမြန်းနေလေသည်။ ထိုလူ့နောက်မှ လိုက်လာသောသူ အော်ပြောလိုက်၏။ “ကျောက်ဝူ” သို့သော် ထိုလူလှည့်မကြည့်ဘဲ အဝေးသို့သာ ထွက်ပြေးသွားခဲ့သည်။
“ဘာလို့ သူဒေါသထွက်နေတာလဲ” လူတစ်ယောက် မေးလိုက်၏။
“မေးမနေနဲ့ အာ ဒီကောင်ပိုပြီးတော့တောင်သန်မာလာသေးတယ်နော်” အိမ်ထဲမှလူတစ်ယောက် ပြောလိုက်သည်။
သူတို့စကားများအား နားထောင်နေလိုက်ရင်း ရှောက်ရွှမ် ထွက်ပြေးသွားသောလူအား ကြည့်လိုက်ကာ သူ့နောက်မှ ပြေးလိုက်သွားလိုက်၏။
“ဟေးလူ” ရှောက်ရွှမ် အော်ခေါ်လိုက်သည်။
ရှေ့မှလူ ရပ်မသွားဘဲ ပိုမြန်မြန်ပင် ပြေးသွားခဲ့၏။
“ကျောက်ဝူ!”
ရှေ့မှလူမှာမူ အဝေးသို့သာ ထွက်ပြေးနေခဲ့လေသည်။