← Chapters

အထင်လွဲခြင်း

Vol. 14 Ch. 200

အထင်လွဲခြင်း

Vol. 14 Ch. 200

“ဟေး မင်းဘာလို့ပြေးနေတာလဲ” ရှောက်ရွှမ် ပြေးလိုက်နေရင်း မေးလိုက်သည်။

ရှောက်ရွှမ် ရှေ့မှပြေးနေသော ကျောက်ဝူအား အလွယ်တကူပင် အမိဖမ်းပလိုက်၍ ရ၏။ နောက်ဆုံးတွင် သူသည် နတ်စစ်သည်တော်တစ်ယောက်ဖြစ်ပြီး နတ်ရုပ်မနိုးထသေးသာ လူတစ်ယောက်ထက် အများကြီးပို၍ သန်မာပေသည်။ သို့သော် ကျောက်ဝူဘာကြောင့် ထိုသို့တုန့်ပြန်နေရသလဲဟု စိတ်၀င်စားမိ၍ သူမဖမ်းဘဲ အရှိန်လျှော့၍ နောက်မှ ၁၀မီတာလောက် ခွာ၍သာ လိုက်နေခြင်း ဖြစ်၏။

လုံကျိုးမျိုးနွယ်စု လေလွင့်သူများနေထိုင်ရာနယ်မြေရှိ လူများမှာလည်း အပြင်ဘက်တွင် ပြေးနေသော ကျောက်ဝူအား နောက်မှရှောက်ရွှမ် လိုက်ဖမ်း

နေသည်ကို မြင်နေကြရသည်။ သူလိုက်ဖမ်းနေပုံမှာ အကြွေးရှင်က အကြွေးသမားကို လိုက်ဖမ်းနေသလိုပင် ဖြစ်နေလေ၏။

“ကျောက်ဝူ ဘာလုပ်ခဲ့လို့လဲ” တစ်ယောက်ယောက် သူ့ဘေးမှလူကိုမေးလိုက်သည်။

“ငါလည်းမသိဘူး တစ်ယောက်ယောက်ကသူ့ နတ်အမှတ်အသားအကြောင်း မေးလိုက်ပြန်ပြီလား”

“ဖြစ်နိုင်တယ် နောက်ဆုံးတော့ လူတွေအများကြီးသူတို့ညီအစ်ကိုသုံးယောက်ကိုယ်ပေါ်က နတ်အမှတ်အသားတွေကို မြင်ခဲ့တာပဲလေ အဲ့တာကယုံဖို့တောင်ခက်တယ် သူတို့ကဒီနေရာမှာပဲ ကြီးပြင်းလာခဲ့တာဆိုပေမယ့် သူတို့နတ်အမှတ်အသားကိုတော့ တစ်ခါမှမမြင်ဖူးခဲ့ဘူး သူတို့က လေလွင့်သူတွေရော ဟုတ်ပါ့မလား”

ကျောက်ဝူတို့ညီအစ်ကိုသုံးယောက်၏ ကိုယ်ပေါ်တွင် နတ်အမှတ်အသားများ ပေါ်လာခဲ့သည့်နေ့မှစ၍ လူပေါင်းများစွာသည် သူတို့အား ထိုအကြောင်း မေးမြန်းခဲ့ကြ၏။ အချို့လေလွင့်သူများသည် ထိုအကြောင်းအား ရှင်းရှင်းလင်းလင်းသိချင်ခဲ့ကြပြီး တစ်ချို့မှာတော့ သူတို့ခွန်အားများသိသိသာသာတိုးတက်လာခဲ့၍ မနာလိုဖြစ်နေခဲ့ကြသည်။ လေလွင့်သူနယ်မြေရှိ အချို့အမျိုးသမီးများဆိုလျှင် သူတို့အား တောက်ပသောမျက်၀န်းကြီးများဖြင့် ကြည့်ရှုခဲ့ကြ၏။

ရှောက်ရွှမ် ကျောက်ဝူနောက်သို့ သူတို့လေလွင့်သူနယ်မြေမှ မထွက်ခွာခင်အထိ လိုက်နေခဲ့လိုက်သည်။ နယ်မြေအစွန်သို့ရောက်သောအခါတွင်မူ သူရပ်လိုက်ပြီး ဆက်မလိုက်ခဲ့တော့ပေ။ တခဏကြာ အနားတစ်ဝိုက်အား ကြည့်လိုက်ပြီး ကျောက်ဝူအား ထိုနေရာတွင် မတွေ့တော့သောအခါမှသာ ရှောက်ရွှမ် ပြန်သွားလိုက်၏။

ကျောက်ဝူသည် သူနှင့်သိပ်မဝေးသော နေရာတစ်ခုတွင် ပုန်းအောင်းနေမှန်း ရှောက်ရွှမ် သိပေသည်။ ပြေးလွှားနေစဉ်အတွင်း နေရာတစ်ခုကိုလည်း ကျောက်ဝူဖြတ်ကနဲ ကြည့်ခဲ့သည်ကို ရှောက်ရွှမ်မြင်ခဲ့၏။ ထိုနေရာသည် ကျောက်ဝူတို့နေသောအိမ် ဖြစ်ရေပေလိမ့်မည်။ ရှောက်ရွှမ်ပတ်ဝန်းကျင်ရှိ လေလွင့်သူများ၏ စကားများကိုလည်း ကြားခဲ့လေရာ ကျောက်ဝူသည် မီးတောက်ဦးချိုမျိုးနွယ်စု၀င်ဖြစ်မှန်း သူသေချာသွားခဲ့လေသည်။ ထို့အပြင် နောက်မှလိုက်နေရင်း ကျောက်ဝူဆီမှ မီးတောက်ဦးချိုမျိုးနွယ်၏ အမှတ်အသားကိုလည်း သူအာရုံခံလိုက်မိ၏။ သို့သော် ကျောက်ဝူက ထိုအကြောင်းအား ထုတ်မပြလိုလေရာ ရှောက်ရွှမ်လည်း မသိချင်ယောင်သာ ဆောင်နေခဲ့လိုက်သည်။

အခြားလေလွင့်သူများပြောစကားအရ ကျောက်ဝူတွင် ညီအစ်ကိုများရှိသည်ဟု ဆိုကြသည်။ ဤအရာသာ အမှန်ဆိုပါက ရှောက်ရွှမ်အတွက် ပိုကောင်းပေလိမ့်မည်။

ရှောက်ရွှမ် ကျောက်ဝူ၏ နေအိမ် သစ်သားအိမ်ကလေးဆီသို့ ဦးတည်သွားခဲ့လိုက်၏။ ကျောက်ဝူမှာလည်း သစ်သားအိမ်များနောက်မှပုန်း၍ ရှောက်ရွှမ်နောက်သို့ တိတ်တဆိတ်လိုက်လာခဲ့လေသည်။ ရှောက်ရွှမ် သူ့အိမ်နားသို့ရောက်လာသောအခါတွင်မူ သူစိတ်ရှုပ်သွားခဲ့ရသည်။ သူ့ကိုယ်တွင်ပေါ်လာသော နတ်အမှတ်အသားများကြောင့် သူသည် လူအများအပြားအား ဆွဲဆောင်နိုင်ခဲ့မှန်း သူသိ၏။ အချို့လူများသည် သူ့အားမနာလိုဖြစ်နေကြပြီး အချို့ဆိုလျှင် သူ့အားမုန်းပင် မုန်းနေခဲ့ကြသည်။ ထို့ကြောင့်ပင် တစ်ယောက်ယောက်သူ့ဆီလာ၍ ထိုနတ်အမှတ်အသားများအကြောင်း ထပ်လာမေးမည်ကို သူအတော်လေး ကြောက်ရွံ့မိနေ၏။ သူထိုမေးခွန်းများအား ပြန်ဖြေနေရခြင်းကို အတော်ပင်စိတ်ကုန်နေခဲ့ပြီး လူစိမ်းတစ်ယောက်ယောက်က သူ့အားလာမေးသည်ဆိုပါက သူ့အား‌ဒုက္ခပေးရန် မေးသည်ဟုပင် သူထင်မိလေသည်။ ထို့ကြောင့် ရှောက်ရွှမ် သူ့နောက်မှလိုက်၍ ခေါ်သောအခါ သူထွက်ပြေးခဲ့ခြင်း ဖြစ်၏။

အပြင်ဘက်တွင် နှင်းများ တဖွဲဖွဲကျနေသောကြောင့်

ဘာမှထူးထူးခြားခြားမဖြစ်သည်ကို တွေ့သောအခါ လေလွင့်သူများသည် အိမ်ထဲသို့ ပြန်၀င်သွားခဲ့ကြသည်။ မည်သူမှ ရှောက်ရွှမ်အား ဘာမှမပြောခဲ့ကြပေ။ သူတို့သည် သူတို့အားလပ်ချိန်များအား ပျော်ပျော်ရွှင်ရွှင်သာ ဖြတ်သန်းလိုကြပြီး ယခုလိုအေးသောအချိန်မျိုးတွင် အိမ်ထဲပြန်၍ မီးဖိုးဘေး၌သာ ထိုင်စကားပြောလိုကြ၏။ အပြင်ဘက်မှ လေ‌ေအးများလည်း တိုက်ခတ်နေသောကြောင့် သူတို့သည် ပြတင်းပေါက်များကိုပင် ပိတ်ထားခဲ့ကြလေသည်။

လေလွင့်နယ်မြေရှိ လမ်းကျဉ်းလေး၌ တိတ်ဆိတ်နေခဲ့၏။

ရှောက်ရွှမ် ကျောက်ဝူ သစ်သားအိမ်ကလေးအား တွေ့လိုက်သောအခါ ထိုအိမ်သည် ယန်ရှို့အိမ်ထက်အများကြီးကောင်းသည်ကို သိလိုက်ရသည်။ အိမ်ကလေးသည် အတော်လေးကျစ်လစ်ပြီး ကြံ့ခိုင်ပုံရနေ၏။

အိမ်ဆီသို့ လျှောက်သွားရင်း ရှောက်ရွှမ် တံခါးခေါက်

လိုက်‌ေသာ်လည်း မည်သူမှ တံခါးဖွင့်မပေးခဲ့ချေ။ အိမ်ထဲမှ မည်သည့်အသံမှလည်း ပြန်မကြားရပေ။

သူတို့အားလုံး အပြင်ထွက်သွားခြင်းလော။

သူကျောက်ဝူကိုသာ ဒီတိုင်းသွားဖမ်းလိုက်ရမလားဟု စဉ်းစားနေစဉ် အပြင်ဘက်မှ တံခါးဆီလာနေသော ခြေသံကို ကြားလိုက်ရသည်။

“ရှင်ကဘယ်သူလဲ”

ရှောက်ရွှမ် အပြင်သို့ ပြန်လှည့်ကြည့်လိုက်၏။ ထိုအခါ သူ့ဆီလာနေသော မိန်းမငယ်လေးတစ်ယောက်အား တွေ့လိုက်ရသည်။ ထိုမိန်းမငယ်လေး၏ သားရေ၀တ်စုံသည် အတော်လေးကြည့်ကောင်းနေပြီး စုတ်ပြဲနေခြင်းမျိုးလည်း မရှိပေ။ သားရေအင်္ကျီပေါ်ရှိ သားမွှေးများမှာပင် ပေါက်ပြဲနေခြင်းမျိုးမရှိဘဲ ထူထူထဲထဲရှိနေသေး၏။ သူ၏

ဆံနွယ်များမှာ အတော်လေး ကျော့ရှင်းလှပြီး အသားအရေမှာ နေပူထဲသို့ မကြာခဏထွက်ရ‌ေသာ‌ေကြာင့် လုံကျိုးမျိုးနွယ်ရှိ အခြားသူများကဲ့သို့ပင် အနည်းငယ်ညိုပေသည်။

ကြည့်ရသည်မှာ သူသည် လေလွင့်သူတစ်ယောက်ဟုတ်ပုံမပေါ်ဘဲ လုံကျိုးမျိုးနွယ်စု၀င်တစ်ယောက်သာ ဖြစ်ပုံပေါ်၏။

ရှောက်ရွှမ် မြင်မြင်ချင်း ထိုသို့တွေးလိုက်မိသည်။

“ကျွန်တော်က ကျောက်ဝူတို့ ညီအစ်ကိုတွေရဲ့ သူငယ်ချင်းတစ်ယောက်ပါ” ရှောက်ရွှမ် ပြောလိုက်သည်။

သူ၏ အပြုအမူအရ ထိုမိန်းကလေးသည် ကျောက်ဝူတို့ညီအစ်ကိုများကို ကာကွယ်ပေးနေသည့်သူ ဖြစ်ပုံပေါ်၏။ ရှောက်ရွှမ်စကားအား ကြားသောအခါ သူ

အနည်းငယ်သံသယရှိနေပုံဖြင့် ကြည့်လိုက်ပြီး “ကျွန်မရှင့်ကို ဒီမှာတစ်ခါမှ မမြင်ဖူးဘူး”

“ကျွန်တော်က ဒီနေ့မှ ဒီကိုရောက်တာပါ” ရှောက်ရွှမ်ပြောလိုက်ရင်း သူ့လက်ထဲရှိ အမွှေးရှည်ရှည်ကျဲကျဲများရှိသည့် သားရေအင်္ကျီအား တစ်ချက်ကြည့်လိုက်၏။ ထိုအင်္ကျီ၏ အမွှေးမရှိသော နေရာများ၌ သူတို့ မီးတောက်ဦးချိုမျိုးနွယ်စု သင်္ကေတအား ထိုးထားလေသည်။

“ဒါက ကျွန်တော်တို့မျိုးနွယ်စုရဲ့ နတ်အမှတ်အသားလား” ရှောက်ရွှမ် မေးလိုက်၏။

“ရှင်တို့ မျိုးနွယ်စု” သူအံ့ဩသင့်သွားမိသည်။

“ဟုတ်ပါတယ် ကျွန်တော်ကမီးတောက်ဦးချိုမျိုးနွယ်စု၀င်ပါ”

“ရှင်ရောအတူတူပဲလား” ရှောက်ရွှမ်စကားအား ကြားသောအခါ သူအတော်လေး သတိပေါ့သွားခဲ့သည်။

“အပြင်မှာ နှင်းတွေပိုသည်းလာပြီ ဒီကိုလာခဲ့ပါ” ရှောက်ရွှမ် သူ့အား အိမ်၏ တံစက်မြိတ်တွင် လာရပ်နေရန် ခေါ်လိုက်၏။

ဤဒေသတွင် မိုးမကြာခဏရွာတတ်လေရာ အိမ်၏ ခေါင်မိုးများကို ရှည်ရှည်မိုးထားတတ်ပြီး တံစက်မြိတ်အား ခပ်ရှည်ရှည်လုပ်ထားတတ်ကြပေသည်။ ထို့အပြင် ရှောက်ရွှမ် သူ့ဆီမှ ကျောက်ဝူတို့ညီအစ်ကိုများ အကြောင်းလည်း သိလိုသေး၍ လာရပ်ရန် ခေါ်လိုက်ခြင်း ဖြစ်၏။

ထိုနေရာနှင့် သိပ်မဝေးသောနေရာတွင် ပုန်းနေသော ကျောက်ဝူမှာမူ သူ့အိမ်တံခါးအားကြည့်နေရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိနေသည်။ ထိုကောင်သည် မရိုးသားဘဲ လှည့်ကွက်

တစ်ချို့ရှိနေမည်ကို သူစိတ်ပူနေ၏။ သူ့အစ်ကိုကြီးအမြန်ပြန်လာရန်ကိုသာ သူမျှော်လင့်မိနေပြီး ထိုသို့မဟုတ်ပါက သူ့အစ်ကိုကြီး၏ မိန်းကလေး သစ္စာဖောက်သွားပေလိမ့်မည်။

အကယ်၍ သူ့အစ်ကိုကြီးကသာ သူ့အား အခြားလူများကိုမဆင်မခြင်မတိုက်ခိုက်ရန် သတိပေးထားခြင်းမရှိပါက သူထွက်၍ ထိုကောင်အား ရိုက်နှက်မိလိမ့်မည်မှာ သေချာလှသည်။ သူအပြင်ထွက်သင့်ပါသလော။ သူသာအပြင်ထွက်လိုက်မိပါက ထိုကောင်အား မရိုက်နှက်ဘဲနေနိုင်မည်မဟုတ်ပေ။ သူမထွက်လျှင်လည်း သူ့ရှေ့မှမြင်ကွင်းအား ကြည့်နေရင်း အတော်လေးစိတ်မသက်မသာဖြစ်လာရ၏။

ရှောက်ရွှမ်တို့စကားပြောနေပုံမှာ လေသံတိုးတိုးနှင့်သာပြောနေကြခြင်းဖြစ်ရာ သူထိုစကားများအား ပီပီသသမကြားရချေ။ တံစက်မြိတ်အောက်၌ ပျော်ပျော်ရွှင်ရွှင်စကားပြောနေကြသော လူနှစ်ယောက်ကိုသာ သူတွေ့နေရခြင်း ဖြစ်ပေသည်။

ထိုမိန်းကလေး၏နာမည်မှာ မုချန်ဖြစ်သည်ဟု ရှောက်ရွှမ်သိလိုက်ရပြီး သူသည် လုံကျိုးမျိုးနွယ်စု၀င်တစ်ယောက်ဖြစ်၏။ ကျောက်ဝူနှင့် ညီအစ်ကိုများသည် သူတို့အိမ်တွင် အလုပ်လုပ်ပေးရသော အလုပ်သမားများဖြစ်ကြသည်။ သူပြောသော စကားများ၏ လေသံအားနားထောင်၍ ဤမိန်းကလေးသည် ကျောက်ဝူ၏ အစ်ကိုဖြစ်သော ယန်ကျစ်အား သဘောကျနေသည်ကို ရှောက်ရွှမ် သတိထားလိုက်မိ၏။ ယန်ကျစ် သည် မုချန်အား မြစ်ထဲတွင် ငါးများအစားခံရမည့်ဘေးမှ တစ်ခါကယ်ခဲ့ဖူးပေသည်။ ထိုအချိန်မှစ၍ ဤမိန်းကလေးသည် ယန်ကျစ်အား သဘောကျသွားသည့်ပုံ ပေါ်၏။ ယခုလည်း သူ့လက်ထဲရှိ သားရေအင်္ကျီသည် ယန်ကျစ် အတွက်ဖြစ်ပြီး ယန်ကျစ်မှာတော့ အခုထိ ပြန်မလာသေးပေ။

ဤအရာသည် သူဌေးသမီးနှင့် ဆင်းရဲသားလေး၏ အချစ်ဇာတ်လမ်းဖြစ်နေလေသည်။ သို့သော် ဤကမ္ဘာ၌ ထိုသို့သော ဇာတ်လမ်းမျိုးမှာ အလွန်ရှားပါးလှ၏။ အခုအတိုင်းသာဆိုလျှင် သူတို့နှစ်ယောက်ဖြစ်နိုင်လိမ့်မည်လို့တော့ ရှောက်ရွှမ် မထင်ချေ။

မုချန် ယူလာခဲ့သော သားရေအင်္ကျီသည် သူ့အစ်ကို၏ အင်္ကျီဖြစ်ပေသည်။ ပုံမှန်အားဖြင့် လုံကျိုးမျိုးနွယ်စု၀င်များက သူတို့အိမ်တွင်အလုပ်လုပ်ပေးသော လေလွင့်သူအလုပ်သမားများကို တစ်ခါတစ်ရံတွင် အင်္ကျီအဟောင်းများအား ပေးကမ်းလေ့ရှိကြ၏။ သို့သော်လည်း သူတို့ပေးသည်မှာ ဟောင်းနွမ်းနေသော သားရေအင်္ကျီအဟောင်းကြီးများသာ ဖြစ်ကြသည်။ ယခုအခါ မုချန်ယူလာသည့် အင်္ကျီမှာတော့ သူ့အစ်ကို၏ သားရေအင်္ကျီဟောင်းများထဲမှ သေချာရွေးချယ်လာသော အင်္ကျီဖြစ်ပြီး အတော်လေး သန့်လှ၏။

မုချန် သံသယ၀င်နေဦးမည်စိုးသောကြောင့် ရှောက်ရွှမ် အင်္ကျီပေါ်ရှိ အမှတ်အသားကို မြေပြင်ပေါ်တွင် ဆွဲပြလိုက်သည်။ မုချန် ထိုအမှတ်အသားအား သေချာရေးဆွဲနိုင်စွမ်းမရှိဘဲ ယန်ကျစ်ကိုယ်တိုင်ပင် ထိုအမှတ်အသားကို တိတိကျကျရေးဆွဲနိုင်ခြင်းမျိုး မရှိပေ။ ယခုအခါ ရှောက်ရွှမ်က မြေပြင်ပေါ်တွင် ထင်ထင်ရှားရှား ရေးဆွဲပြလိုက်သောအခါ ရှောက်ရွှမ် မီးတောက်ဦးချိုမျိုးနွယ်စုမှ ဖြစ်သည်ကို သူ

လုံး၀ပင် ယုံကြည်သွားခဲ့၏။

“ကျွန်တော်တို့ မျိုးနွယ်စုအမှတ်အသားကဒီပုံပဲ” ရှောက်ရွှမ် မြေပြင်ပေါ် လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။

“ကျွန်မသိပါပြီ” ရှောက်ရွှမ်ဆွဲထားသော ပုံအား မြင်ပြီးနောက် ရှောက်ရွှမ် မီးတောက်ဦးချိုမျိုးနွယ်စုမှ ဟုတ်မဟုတ်ကို သူသံသယမရှိတော့ဘဲ ရှောက်ရွှမ်မှာလည်း ကျောက်ဝူတို့ကဲ့သို့ ထိုမျိုးနွယ်စုမှ လေလွင့်သူတစ်ယောက်ဟူ၍သာ တွေးလိုက်မိသည်။

ရှောက်ရွှမ်မှာလည်း ယန်ကျစ်တို့နှင့် အတူတူဖြစ်‌ေသာ ထိုမျိုးနွယ်စုမှဖြစ်လေရာ သူရှောက်ရွှမ်အပေါ် ပို၍ပင် ရင်းရင်းနှီးနှီးဆက်ဆံနေခဲ့၏။ ထိုမြင်ကွင်းအား ကြည့်နေရင်း ကျောက်ဝူမှာတော့ လုံး၀သည်းခံနိုင်ခြင်း မရှိတော့ပေ။

ဤလေလွင့်သူနယ်မြေတွင် မုချန်သည် သူ့အစ်ကိုမှလွဲပြီး အခြားမည်သူ့အပေါ်ကိုမှ ကောင်းကောင်းဆက်ဆံခြင်းမျိုး မရှိခဲ့ပေ။

ထို့ကြောင့်ပင် သူအတော်လေးဒေါသထွက်လာပြီး မုချန် သူ့အစ်ကိုအပေါ် သစ္စာမဲ့သွားမည်ကို စိတ်ပူလာမိသည်။

“မင်း သွားလိုက်တော့”

ကျောက်ဝူအော်ဟစ်လိုက်ပြီး ရှောက်ရွှမ်ဆီသို့ပြေး၀င်လာကာ သူ့လက်သီးကြီးဖြင့် ထိုးပစ်လိုက်လေသည်။

ရှောက်ရွှမ် ကျောက်ဝူအား ကြည့်လိုက်ရုံနှင့် သူအထင်လွဲနေသည်ကို သိလိုက်လေရာ ကျောက်ဝူ၏ ထိုးချက် ကန်ချက်များအား ရှောင်သာပေးနေလိုက်၏။

“ကျောက်ဝူ ရပ်လိုက်စမ်း” မုချန် အော်ပြောလိုက်သည်။

ကျောက်ဝူ သူ့စကားအား နားမထောင်ဘဲ ရှောက်ရွှမ်အား ဆက်လက်တိုက်ခိုက်နေခဲ့၏။ သို့သော်လည်း သူမည်မျှ ကြိုးစား၍ တိုက်ခိုက်နေစေကာမူ ရှောက်ရွှမ် အင်္ကျီပေါ်ရှိ သားမွှေးတစ်မွှေးကိုပင် မထိနိုင်ဘဲ ဖြစ်နေရသည်။ ထို့ကြောင့် သူ့အစ်ကိုစကားအားမလိုက်နာတော့ဘဲ သူ့တွင်ရှိသမျှ အားကုန်သုံးပြီး သူတိုက်ခိုက်လိုက်၏။ သို့သော် သူ့တိုက်ကွက်တိုင်းမှာ ကျဆုံးနေရစမြဲသာ။

ကျောက်ဝူ သူ့တိုက်ကွက်များ ရှောက်ရွှမ်အား မထိလေလေ ပို၍ပင် ဒေါသထွက်လာလေလေ ဖြစ်လာခဲ့သည်။ အစက သူရှောက်ရွှမ်အား မသေစေနိုင်လောက်သော နေရာများကို ထိုးနှက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသော်လည်း ယခုအခါ သူ့လက်သီးကြီးဖြင့် ရှောက်ရွှမ်တစ်ကိုယ်လုံးအား တိုက်ခိုက်နေလိုက်၏။

“ရပ်လိုက်စမ်း” ကျောက်ဝူ ဘေးမှအော်သံကြီးကို ကြားလိုက်ရသည်။

ထိုအသံသည် မုချန်၏အသံလည်း ဟုတ်မနေချေ။

ထိုအသံအား ကြားသောအခါမှသာ ကျောက်ဝူ ရပ်တန့်လိုက်၏။

ရှောက်ရွှမ် ထိုအသံပိုင်ရှင်အား လှည့်ကြည့်လိုက်လေရာ သူတို့ဆီလာနေသော လူတစ်ယောက်အား တွေ့လိုက်ရသည်။ ထိုသူသည် အပေါက်အပြဲများနှင့် ခပ်ပါးပါး သားရေအင်္ကျီအား ၀တ်ဆင်ထားလေသည်။ သူ့တွင် ကျောက်ဝူကဲ့သို့ မုတ်ဆိတ်‌မွှေးရှည်ကြီးများ ရှိမနေဘဲ ခပ်ပါးပါးသာ ရှိနေ၏။ သို့သော် သူ့မျက်လုံးများမှာတော့ အတော်လေး စူးရှလှသည်။

ထိုပုဂ္ဂိုလ်သည် ကျောက်ဝူ၏ အစ်ကိုကြီးဖြစ်ပြီး မု

ချန် လာတွေ့သော ယန်ကျစ် ဆိုသောသူသာ ဖြစ်ပေလိမ့်မည်။

ဤနေရာရှိ ရာသီဥတုသည် နတ်စစ်သည်တော်တစ်ယောက်အတွက် ဂရုစိုက်စရာမဟုတ်သော်လည်း နတ်အမှတ်အသားမနိုးထသေးသော သာမန်လူ လူဆင်းရဲများအတွက်တော့ ကြောက်စရာရာသီမျိုး ဖြစ်ပေသည်။ သို့သော် ယန်ကျစ်မှာမူ လုံး၀အေးနေပုံမပေါ်ဘဲ သူ့တွင် အအေးဓာတ်ကြောင့် ကြက်သီးမွှေးညှင်းထသွားပုံမျိုးလည်း ရှ်ိမနေချေ။

အလုပ်သိမ်းခဲ့ပြီးသည့်နောက် ယန်ကျစ်လက်တွင် ဒဏ်ရာများ ရလာခဲ့လေသည်။ ယခုအခါဒဏ်ရာများတွင် သွေးများပင် ခြောက်နေပြီး ဒဏ်ရာများမှာ ထိုမျှနက်ပုံတော့ မပေါ်ပေ။

“အစ်ကိုကြီး ဒီ ဒီ ဒီကောင်က….” ကျောက်ဝူဆက်ပြောချင်သော်လည်း ဘာဆက်ပြောရမည်မှန်း မသိတော့ချေ။

မုချန်မှာတော့ ယန်ကျစ်ဆီသို့ သွားလိုက်ပြီး ပြောလိုက်သည်။

“ရှောက်ရွှမ်က သူလည်း မီးတောက်ဦးချိုမျိုးနွယ်စု၀င်လို့ပြောတယ်”

ထိုစကားအားကြားလိုက်ပြီးသည့်နောက် ကျောက်ဝူတို့ ညီအစ်ကို မသင်္ကာသည့်ပုံဖြင့် တစ်ချက်ကြည့်လိုက်ပြီး သူတို့မျက်လုံးများကလည်း ဖြတ်ကနဲလက်သွားသည်ကို ရှောက်ရွှမ် တွေ့လိုက်ရသည်။

“အရင်ဆုံး အိမ်ထဲ၀င်ကြတာပေါ့”

ယန်ကျစ် အိမ်တံခါးဆီသို့ သွားလိုက်ရင်း မသိမသာဖြင့် ရှောက်ရွှမ်နှင့် မုချန်ကြား ရပ်နေလိုက်၏။

ထိုအချင်းအရာအား မြင်သောအခါ ရှောက်ရွှမ် နှုတ်ခမ်းများတွန့်၍ အနည်းငယ် ပြုံးမိသွားသည်။

ယန်ကျစ် တံခါးရှေ့သို့သွားကာ ဝါးဓားလေးကိုထုတ်လိုက်ပြီး တံခါးနှင့် နံရံကြား အဟနေရာအား ဓားဖြင့် ထိုးမလိုက်၏။

ထိုအခါ တံခါးမှာ ပွင့်သွားလေသည်။

တံခါးမှာ သော့ခတ်ထားခြင်းမျိုးမဟုတ်ပေ။ သူတို့တစ်ယောက်မှ အိမ်တွင်မရှိသောအခါ ဤနည်းဖြင့် တံခါးကိုပိတ်ထားကြခြင်း ဖြစ်၏။ ထိုတံခါး၏နောက်တွင် ချိတ်လိုအရာလေးတစ်ခုရှိပြီး ထိုချိတ်လေးအား ဝါးဓားထည့်၍ ဆွဲမလိုက်ခြင်းဖြင့် တံခါးကို အပြင်မှ ဖွင့်နိုင်ပေသည်။

အိမ်ထဲသို့ရောက်သောအခါ ရှောက်ရွှမ် အိမ်ထဲရှိ

ပရိဘောဂအသုံးအဆောင်များအား တစ်ချက်ကြည့်လိုက်၏။ ထိုပရိဘောဂများသည် အရမ်းမကောင်းသော်လည်း ယန်ရှို့အိမ်ထက်တော့ သာပေသည်။

“ကျွန်တော့်ကို စိတ်ပူစရာမလိုပါဘူး ခင်ဗျားတို့နှစ်ယောက်အရင်စကားပြောလို့ရပါတယ်” ရှောက်ရွှမ်ပြောလိုက်ရင်း သစ်သား‌ခွေးခြေခုံလေးပေါ် ထိုင်ချလိုက်၏။

လေထုမှာ တင်းကြပ်နေလေရာ မုချန်လည်း ဘာမှအများကြီးပြောမနေတော့ဘဲ ယန်ကျစ်အား သားရေအင်္ကျီပေး၍ ပြန်သွားခဲ့လိုက်သည်။

မုချန်ပြန်သွားသောအခါ ကျောက်ဝူတံခါးအား ပြန်ပိတ်လိုက်ပြီး လက်သီးဆုပ်လိုက်ကာ ရှောက်ရွှမ်အား ကြည့်နေခဲ့၏။ တိုက်ပွဲတစ်ခုမှာ ပြန်လည်စတင်ပေတော့မည်။

All Chapters