ဘာလို့ စောစောမလာခဲ့တာလဲ
Vol. 14 Ch. 201
ထိုင်ခုံပေါ်မှာ ထိုင်ကာ ရှောက်ရွှမ်က ကျောက်ဝူကြောင့် ကြောက်မသွားပေ ။
“ မင်း ငါ့ကို မနိုင်ပါဘူး “
ရှောက်ရွှမ် ကပြောသည်။
ကျောက်ဝူက အံကြိတ်ကာ ပြောသည်။
“ ငါတို့ နှစ် ယောက် တစ်ယောက် မင်းကိုအတူတူချမယ်”
“ မင်းတို့နှစ် ယောက်ပေါင်းတိုက်ရင်တောင် ငါ့ကိုမနိုင်နိူင်ဘူး “
“ မင်းကများ..”
ကျောက်ဝူက သူ့ကိုတိုက်ဖို့အဆင်သင့်ဖြစ်နေသော်လည်း ယန်ကျစ်က သူ့ကိုတားလိုက်လေသည် ။
သူတို့ဘေးက ထိုင်ခုံပေါ်မှာ ဝင်ထိုင်လိုက်ကာ ယန်ကျစ်က ရှောက်ရွှမ် ကိုကြည့်ကာ ပြောလိုက်သည်။
“ မင်း ရည်ရွယ်ချက်ကိုပြော “
ရှောက်ရွှမ် က သူသိချင်တာကို ချက်ချင်းပြန်မဖြေဘဲ မေးလိုက်သည်။
“ ဘာလို့ မင်းတို့ အဲ့လောက် နိုးနိုးကြားကြား ဖြစ်နေကြလဲ ငါသိချင်တယ် ၊ ငါ့ အထောက်အထားကို မေးခွန်းထုတ်နေတာလား “
ထိုအကြောင်းရောက်လာသောအခါ ကျောက်ဝူက အသံတိတ်သွားပြီး သူ့မျက်လုံးများ ဒေါသရိပ်များလက်နေသည် ။ သူက ရှောက်ရွှမ်ကို ဒေါသထွက်နေခြင်းမဟုတ်ပဲ အခြားတစ်ခုအကြောင်းကိုတွေးမိသွား၍ဖြစ်သည် ။
ခဏကြာပြီးနောက် ယန်ကျစ် က ပြောသည်။
“ ငါတို့ပထမဆုံး ဆုံကြတုန်းက ငါတို့မျိုးနွယ်စုကလူတွေက သနားညှာတာတတ်တယ်လို့ငါတို့ခံစားရတယ် ၊ မင်းက အလွန်ကြင်နာတတ်တယ်ဆိုတာကို ငါခံစားမိတယ်ဆိုတာ ငါတို့ဝန်ခံပါတယ် ၊ ပြီးတော့ ငါတို့မင်းအထောက်အထားကို သံသယမဝင်ပါဘူး ၊ ဒါပေမဲ့ မင်း မီးတောက်ဦးချိုများ မျိုးနွယ်က လာတယ်ဆိုရင်တောင်မှပဲ ၊ ဘာဖြစ်လဲ “
ရှောက်ရွှမ်ကထိုအကြောင်းကိုတွေးပြီး ပြောလိုက်သည်။
“ အရင်က သစ္စာဖောက်ခံရဖူးတာလား “
ကျောက်ဝူက ဘာမှမပြောချင်ပေမဲ့ ယန်ကျစ်ကို ကြည့်ကာ ထိန်းထားလိုက်သည် ။ သူက သက်ပြင်းကို လေးလေးပင်ပင် ချပေမဲ့ ရှောက်ရွှမ် ကိုတော့ ဒေါသထွက်မနေတော့ပေ ။
“ ဟုတ်တယ် “
ဒီအတွက်တော့ ရှောက်ရွှမ်လည်းဘာမှမတတ်နိုင်ပါပေ ။ မီးတောက်ဦးချိုများ မျိုးနွယ်စုက လေလွင့်သူများက ယန်ရှို့ကဲ့သို့ ဘဝမျိုးဖြစ်ကြမည်ဟုသူတွေးထားသည် ။ လောင်ဟယ်နဲ့တွေ့ပြီးတဲ့နောက် မျိုးနွယ်စုထဲက လူအားလုံး ဘဝကိုခက်ခဲစွာရင်ဆိုင်နေရသည်ကို သိခဲ့ရသည် ။ သို့ပေမဲ့ သူတို့အားလုံးက သစ္စာစောင့်သိကြပြီး အားလုံးက ကြမ်းတမ်းနေကြလေသည် ။ သို့သော် လောင်ဟယ်က ရှောက်ရွှမ်ကိုပြောပြဖူးတာက မီးတောက်ဦးချိုများ မျိုးနွယ်စုက မျိုးဆက်သစ်အားလုံးက အချင်းချင်း အဆင်ပြေကြသည် မဟုတ်ပေ ။ အကုန်လုံးမှာလည်း သစ္စာရှိကြသည်မဟူတ်ပဲ သစ္စာဖောက်အချို့လည်း ရှိတတ်ကြသည် ။ သူတို့ယုံကြည်ထားတာကိုသစ္စာဖောက်တဲ့သူကြောင့် သူတို့က သတိကြီးကြီးထားဖို့လိုအပ်ကြလေသည် ။
ရှောက်ရွှမ် ဖုန် မျိုးနွယ်စုကထွက်လာသောအခါ လောင်ဟယ်က ရှောက်ရွှမ် ကို အကယ်၍ လေလွင့်
သူများကိုတွေ့လျှင် သူတို့ကိုအရင်ဆုံးလေ့လာကြည့်ဖို့ သတိပေးလိုက်သည် ။ အကယ်၍ သူတို့က လူဆိုးပုံပေါက်လျှင် သူတို့ကိုမျိုးနွယ်စုကို သူပြန်ခေါ်မလာသင့်ပေ ။
ဒီလူဆိုးများက မီးတောက်ဦးချိုများ မျိုးနွယ်စုကိုပြန်လာလျှင်လည်း နတ်ဆေးဆရာက သူတို့ကိုပြန်နှင်ထုတ်ပေလိမ့်မည် ။ နတ်ဆေးဆရာက နတ်စစ်သည်တော်များရွေးချယ်ရာတွင် သတ်မှတ်ချက်မြင့်မားလေရာ သစ္စာဖောက်များပါဝင်လိမ့်မည် မဟုတ်ပါချေ ။
ရှောက်ရွှမ်က သင်္ဘောဆောက်ရာမှာတော်သည့် လေလွင့်သူအချို့ကိုရှာချင်နေပေမဲ့ သူတို့ကိုအရင်လေ့လာကြည့်ဖို့လိုသေးသည် ။ သူက လူအမျိုးမျိုးအလိုက် အမျိုးမျိုးဆက်ဆံရပေမည် ။
ရှောက်ရွှမ်က ကျောက်ဝူနဲ့သူ့အကိုကို အချိန်ခဏသာတွေ့ရသေးသည် ။ သို့ပေမဲ့ သူက သူတို့နှစ်
ယောက်လုံးအပေါ် အမြင်ကြည်လေသည် ။ ကျောက်ဝူက အနည်းငယ်စိတ်မရှည်တတ်သူဖြစ်ကာ သူ့အကိုကတော့ အေးဆေးတည်ငြိမ်လေသည် ။ သို့ပေမဲ့ နှစ်ယောက်လုံးက လူဆိုးမဟုတ်ပါပေ ။
ရှောက်ရွှမ်က သက်ပြင်းချကာ သူ့အစီအစဥ်ကိုအချိန်ဆွဲမနေတော့ပေ ။ သူက ကျောက်ပြားကိုထုတ်ကာ စားပွဲပေါ်တင်ထားလိုက်သည် ။
ယန်ကျစ်က ကျောက်ပြားပေါ်ကအကွက်များ တွေ့ရတဲ့အခါအသက်ရှူရပ်သွားသလိုခံစားလိုက်ရသည် ။ သူကကျောက်ပြားလေးကိုစိုက်ကြည့်နေသည် ။ ကျောက်ဝူက ကြည့်ဖို့ကောက်ကိုင်လိုက်ချင်ပေမဲ့ ယန်ကျစ် အဆူခံရမှာကိုတော့ကြောက်သည် ။ သူက စိတ်ရှုပ်လာပြီး သူ့ပါးကို သူကုတ်ကာ ဘာလုပ်ရမလဲမသိဖြစ်နေသည်။
ခဏကြာပြီးတဲ့နောက် ယန်ကျစ် က ပြောလိုက်သည် ။
“ ဒါ ငါတို့မျိုးနွယ်စုရဲ့ နတ်အမှတ်အသား မလား ၊ ဒီလို ရှင်းရှင်းလင်းလင်း နတ်အမှတ်အသားမျိုး မြင်ဖူးတယ် “
စကားပြောနေရင်းမှာ ယန်ကျစ်က လက်တဖဝါးစာအရွယ် ကျောက်ဓားမြှောင်လေးကိုထုတ်လိုက်သည် ။ သစ်သားစားပွဲလေးပေါ်မှာ သူက ကျောက်ပြားလေးပေါ်က အမှတ်အသားအတိုင်း အမှတ်အသားတခုကို ဖြည်းဖြည်းချင်း ထွင်းယူနေသည် ။ သူက အတော်နှေးနှေးလေးနဲ့ ဂရုတစိုက်ထွင်းနေလေသည် ။
သူ့ဘေးက ကျောက်ဝူက သူ့ကိုစိုက်ကြည့်နေပြီး သူ့လှုပ်ရှားမှူအနည်းငယ်က သူ့ကိုအနှောင့်အယှက် ဖြစ်မည်စိုးသည့်အတွက် ကျောက်ရုပ်လိုငြိမ်နေလေသည် ။
ရှောက်ရွှမ်ကသူတို့ကို နောက်တခါလေးစားမိသွားလေသည် ။ ကံကောင်းထောက်မစွာနဲ့ သူတို့က ကျင့်ကြံဖို့ထိုက်တန်လေသည် ။
အမှတ်အသားကိုထွင်းပြီးတဲ့နောက် ယန်ကျစ် က သူ ထိုအမှတ်အသားကို ထာဝရမှတ်မိနေဖို့ ဂရုတစိုက်ထိကြည့်လိုက်လေသည် ။
ယန်ကျစ် က သူ့ခေါင်းကိုမော့လိုက်ပြီး ရှောက်ရွှမ်ကို စိတ်ပေါ့ပါးစွားကြည့်လိုက်ကာ သူ့ကိုလည်း ကျေးဇူးတင်သလို ခံစားနေရလေသည် ။
“ တောင်းပန်ပါတယ် “
ယန်ကျစ် က ခနဲ့တဲ့တဲ့ပြုံးလိုက်သည် ။
“ အရင်က ငါတို့ သစ္စာဖောက်ခံရဖူးလို့ပါ..”
ယန်ကျစ် က သူတို့ကြုံခဲ့ရတဲ့အရာကို ရှောက်ရွှမ်ကို အသေအချာ ရှင်းပြလိုက်လေသည် ။
ထိုအချိန်တုန်းက ကျောက်ဝူက ဆယ်ကျော်သက်ကောင်လေးဖြစ်လေသည် ။ သင်္ဘောပေါ်မှာလုပ်ရတုန်းက ယန်ကျစ် က ပင်ပန်းရတဲ့အလုပ်အားလုံး
လုပ်လေသည် ။
လုံကျိုးမျိုးနွယ်စုထဲမှာ အတူနေသော သူတို့မျိုးနွယ်စုမှ ယောင်္ကျားသားအတော်များများရှိလေသည် ။ ကျောက်ဝူအပါအဝင် အားလုံးပေါင်း ယောင်္ကျားသားရှစ်ယောက် အတူတကွနေထိုင်ကြပြီး မျိုးနွယ်စုတခုတည်းကသူများ ညီညွှတ်စွာ ထာဝရနေနိုင်ကြမည်ဟု ယူဆထားကြသည် ။
တစ်နေ့မှာ မီးတောက်ဦးချိုများ မျိုးနွယ်စုမှ လူတယောက် ပေါ်လာလေသည် ။ သူက အလိုက်ခံနေရကာ အသတ်ခံရလုနီးနီးဖြစ်နေသည် ။ သူက ဒဏ်ရာများလည်းရနေလေသည် ။ ယန်ကျစ်နဲ့အခြားသူများက သူ့ကိုကယ်ဆယ်ကာ ပြန်ခေါ်လာခဲ့ကြသည် ။ နောက်ပိုင်းမှာ သူက လိမ်ညာကာ လုံကျိုးမျိုးနွယ်စုကလူများထက် အများကြီးဖော်ရွေတဲ့ လူတွေ နေကြတဲ့နေရာကောင်းတခုရှိသည်ဟုပြောလာလေသည် ။ သူကအားလုံးကိုလည်း သူနဲ့လိုက်ခဲ့ဖို့အကြံပေးသေးသည် ။
သူက ထိုနေရာကို ကောင်းမွန်ကာ ဆွဲဆောင်ချင်စရာနေရာတခုအဖြစ်ပြောပြလေရာ လုံကျိုးမျိုးနွယ်စုမှာအလုပ်ကြိုးစားကာ ဒုက္ခများစွာခံစားနေရတဲ့သူများကို ထိုနေရာကိုသွားရဖို့အလွန်မျှော်လင့်မိကြလေသည် ။
နောက်ပိုင်းမှာ အားလုံးကပူးပေါင်းကာ လုံကျိုးမျိုးနွယ်စု လှေများကဲ့သို့ မကြီးသော်လည်း လေလွင့်သူများနေကြတဲ့နေရာကလှေများထက်ကောင်းသော လှေတစင်းဆောက်ကြလေသည် ။ အားလုံးက အတူတကွနေထိုင်ခဲ့ကြပြီး အတူတူထွက်သွားလိုကြလေသည် ။ သို့သော် သူတို့လှေပေါ်ကိုရောက်တဲ့အခါ ထိုလူကအားလုံးကိုလှေပေါ်မှာ တွန်းချလိုက်လေသည် ။
“ အဲ့ဒီနေရာမှာ မြစ်နှစ်ခုကတခုအဖြစ်လာဆုံကြတာ ၊ မြစ်ရေတခုက အနက်ရောင် ၊ နောက်တခုက ရွှံ့ဝါရောင် ။ မြစ်ဆုံက နှစ်ရောင်ဖြစ်ပြီး အဲ့ဒီနေရာမှာ အစွယ်ရှည်တွေနဲ့ငါးတွေအများကြီးရှိတယ် ၊ ယော
င်္ကျားရှစ်ယောက်လုံးရေထဲကျသွားပြီး သုံးယောက်ပဲအသက်ရှင်ကြတယ် ၊ သစ္စာဖောက်ကတော့ ရေစုန်အတိုင်းလှေကိုမျှောသွားတယ် ၊ အဲ့ဒီလူက သစ်သားလှော်တက်နဲ့ ရေထဲကလူတွေကိုရိုက်နေတာ ငါမှတ်မိနေသေးတယ် ၊ နောက်ကျတော့ ငါတို့သုံးယောက်က ရေဆန်တလျောက် လမ်းလျှောက်လာပြီး လုံကျိုးမျိုးနွယ်စုကို ပြန်လိုက်ကြတယ် ၊ သင်္ဘောဆောက်ဖို့ ငါတို့ဘိုးဘေးအဆက်ဆက် စုခဲ့ရတာတွေလည်း အကုန်ပါသွားတာပေါ့ ၊ အဲ့ဒီလူက ငါတို့လက်ကျန်စုထားတာလေးယူသွားပြီး ဘယ်တော့မှထပ်ပေါ်မလာတော့ဘူး “
ယန်ကျစ်က အသံငြိမ်ငြိမ်နဲ့ ဇာတ်ကြောင်းကိုပြန်ပြောပြနေသော်လည်း သူ့မျက်လုံးထဲမှာတော့အမုန်းတရားများပြည့်နေလေသည် ။ သူတို့ရှောက်ရွှမ်ကိုဆန့်ကျင်ဖို့ သတိကြီးကြီးထားနေရခြင်းအဓိကအကြောင်းရင်းမှာ ထို့ကြောင့်ဖြစ်လေသည် ။ သူတို့မှာကြောက်စရာအတွေ့အကြုံကိုခံစားခဲ့ရပြီး ဖြစ်လေသည်။
သစ္စာဖောက်ခံရပြီး ထိုသို့ဆိုးဆိုးဝါးဝါးကြုံတွေ့ရပြီး
တဲ့နောက် သူတို့မျိုးနွယ်စုက မျိုးဆက်သစ်များနဲ့ဆုံတွေ့ရတဲ့အခါ သူတို့မှာ သတိဝိရိယကြီးနေကြလေသည် ။
ကျောက်ဝူပြောတဲ့ ယန်ရှို့ဆိုတာကလည်း သူတို့မျိုးနွယ်စုက အခြားလေလွင့်သူတစ်ဦးပင်ဖြစ့လေသည် ။ သူက သူတို့ဘေးက သစ်သားအိမ်မှာနေလေသည် ။ ယခု သူကအပြင်သွားပြီးအလုပ်လုပ်နေရာ ပြန်မလာသေးပါပေ ။
“ သိပ်မကြာခင်တုန်းက ငါတို့ကိုယ်ပေါ်မှာ မျိုးနွယ်စု နတ်အမှတ်အသားတွေပေါ်လာတယ် ၊ ငါတို့ပိုပြီး အားကောင်းလာသလို ငါလည်းပိုကျန်းမာလာတယ် “
ယန်ကျစ်က ရှောက်ရွှမ်ကိုကြည့်ပြီး
“ မင်းကိုယ်ပေါ်မှာကော နတ်အမှတ်အသားပေါ်လာပြီလား “
“ နတ်အမှတ်အသား “
ရှောက်ရွှမ် တွေဝေသွားလေသည် ။
အစမှာတုန်းက ယန်ကျစ်ရဲ့ကိုယ်ပေါ်မှာ ဝေဝေဝါးဝါး နတ်အမှတ်အသား မျဥ်းကြောင်းလေးများမြင်ရပြီး ယန်ကျစ်နဲ့လောင်ဟယ်တို့ပြောပုံအရ သူတို့က နတ်အမှတ်အသားကိုအရင်ကမမြင်ဖူးကြပေ ။ ဘာကြောင့်များ ရုတ်တရက် အမှတ်အသားများပေါ်လာရသနည်း ၊
သူတို့အမှတ်အသားပေါ်လာတဲ့အချိန်အတိအကျကို မေးကြည့်သောအခါ သူ မီးဖိုဟောင်းရှေ့မှာ ရှိတဲ့နေ့နဲ့ တစ်ရက်တည်းဖြစ်နေသည်ကိုတွေ့ရလေသည် ။
မီးဖိုဟောင်းကြီးမှာ အစွမ်းထက်သေးပုံရလေသည်။
ရှောက်ရွှမ်က သူ့ကိုပြန်မဖြေတဲ့အတွက် ယန်ကျစ်က သူ့ကိုယ်ပေါ်မှာ နတ်အမှတ်အသားမပေါ်ထားရသေး
ဘူးဟု တွေးမိလိုက်သည် ။ သူတို့ကသူ့ကို နှစ်သိမ့်ပေးချင်သွားလေသည် ။ သို့ပေမဲ့ သူတို့တစ်ခုခုပြောမလို့လုပ်ချိန် သူတို့ထက်ပိုပြီးရှင်းလင်းပြတ်သားတဲ့ နတ်အမှတ်အသား မျဥ်းကြောင်းလေးများရှောက်ရွှမ် မျက်နှာထက်မှာပေါ်လာသည်ကိုသူတို့တွေ့လိုက်ရသည် ။
ပြောရရင် မျိုးနွယ်စုစစ်သည်တော်များသာ ထိုကဲ့သို့ပြတ်သားသော နတ်အမှတ်အသားများ ရှိတတ်ကြလေသည် ။
“ မင်း...မင်း...”
ကျောက်ဝူက ရှောက်ရွှမ်ကိုလက်ညိုးထိုးကာ ဘာမှမပြောနိုင်တော့ပေ ။
ရှောက်ရွှမ် က စိတ်လှုပ်ရှားနေတဲ့ညီအကိုနှစ်ယောက်ကို လစ်လျူရှူလိုက်ပြီး သားရေလိပ်နဲ့စုတ်တံကိုထုတ်ကာ ယန်ကျစ်ကိုမေးလိုက်သည် ။
“ အဲ့ဒီလူရဲ့နာမည် ဘာတဲ့လဲ “
“ ဘယ်သူလဲ “
ယန်ကျစ်က တန်းမဖြေနိုင်ပေ ။
“ အဲ့ဒီသစ္စာဖောက် “
“ တောက်ယွီ ၊ သူ့ကို တောက်ယွီ လို့ခေါ်တယ် “
ယန်ကျစ်က သူ့နာမည်ကို ကျောက်ဓားနဲ့ စားပွဲထောင့်မှာထွင်းပြလိုက်သည် ။ သူက ငယ်စဥ်တည်းက သူ့မိဘများထံမှာ သင်ကြားခဲ့ရလေသည် ။ သူ့မိဘများသေသွားတဲ့နောက်မှတော့ လုံကျိုးမျိုးနွယ်စုများလှေပေါ်မှာနေပြီး အလုပ်လုပ်ရင်း စကားလုံးအချို့ကိုသင်ယူခဲ့ရသည် ။ ဒီနာမည်ကို သူဘယ်တော့မှမမေ့ပါပေ ။
စာလုံးနှစ်လုံးကို စိုက်ကြည့်ပြီး ရှောက်ရွှမ်က သားရေလိပ်ပေါ်မှာ ချရေးလိုက်သည် ။
“ သစ္စာဖောက်တွေကိုတော့ ဘယ်တော့မှခွင့်မလွှတ်ဘူး ၊ သူဘယ်ကိုသွားသွား ၊ အခြားဘယ်မျိုးနွယ်စုကိုပဲ မှီခိုနေပါစေ ငါတို့မှာအခွင့်အရေးရရင်တော့ သူတို့ကို အပြစ်ပေးရမှာပဲ “
ရှောက်ရွှမ် ကပြောလေသည် ။
ရှောက်ရွှမ်ကသာ နတ်ဆေးဆရာကို ဒီအကြောင်းပြောပြရင် နတ်ဆေးဆရာကလည်း ထိုကဲ့သို့ပင်ဆုံးဖြတ်ချက်ချမည်ဟု သူယုံသည် ။
အကယ်၍ လေလွင့်သူများက သူတို့ဘဝနေထိုင်ရေးအတွက် အခြားမျိူးနွယ်စုကို မှီခိုနေရလျှင် မီးတောက်ဦးချိုများ မျိုးနွယ်စုမှ ယောင်္ကျားသားများက မလွဲဧကန် စိတ်ပျက်ကြမည်ဖြစ်သော်လည်း အပြစ်တော့မတင်ပါပေ ။ ပြောရရင် လေလွင့်သူများမှာ ဘဝကကြမ်းတမ်းခက်ခဲလေသည် ။ သို့ပေမဲ့ သစ္စာဖောက်ကသာ အခြားမျိုးနွယ်အပေါ် မှီခိုနေရရင်တော့ သူ့ကိုလုံးဝခွင့်လွှတ်ကြမည်မဟုတ်ပါပေ ။
မီးတောက်ဦးချိုများ မျိုးနွယ်စုအတွင်းမှာဆိုရင် ထိုလူသည် ကွပ်မျက်ခြင်းပင်ခံရနိုင်သည် ။ ရှောက်ရွှမ် မျိုးရိုးအဆက်ဆက် သိလာခဲ့သည်မှာ မြစ်တဖက်ခြမ်းက မီးတောက်ဦးချိုများ မျိုးနွယ်စုနတ်ဆေးဆရာမှာ စည်းကမ်းဖောက်သူများကို ထိုသူဟာ ဘယ်သူဖြစ်ဖြစ် တောင်ရဲ့ဘယ်အပိုင်းမှာနေသူဖြစ်ပါစေ ခွဲခြားခြင်းမရှိ ရက်စက်စွာ အပြစ်ပေးတတ်လေသည်ဟု ဖြစ်သည် ။
“ မင်းလက်ထဲက ဘာတွေလဲ “
ယန်ကျစ်က အထဲမှာ သူနားမလည်တဲ့စာလုံးများနဲ့ရေးထားတဲ့ ထောင့်နားက သားရေစာလိပ်ကိုတွေ့လိုက်သည် ။
“ နတ်ဆေးဆရာဆီ ပြန်ယူရမယ့်အရာတွေပါ “
ရှောက်ရွှမ်ကပြောလေသည် ။
“ နတ်ဆေးဆရာလား ၊ ငါတို့မျိုးနွယ်စုက နတ်
ဆေးဆရာလား “
ညီအကိုနှစ်ယောက်က တစ်ချိန်တည်းမှာ သံပြိုင်အော်လိုက်လေသည်။
“ ဒါပေါ့..ကျနော်တို့မျိုးနွယ်စုကရှိတုန်းပါပဲ ၊ မီးစေ့ကလည်း ရှိပါတယ် ၊ ဒီကနေ ဝေးနေရုံပါပဲ ၊ ပြောရရင် နတ်စစ်သည်တော်တယောက် ဒီကိုလာတာ ဘယ်လိုထင်လဲ “
မျိုးနွယ်စုနတ်အမှတ်အသားမှာ မျိုးနွယ်စုစစ်သည်တော်များ၏ စွမ်းအားအကြီးဆုံးအထောက်အထားဖြစ်လေသည် ။ သူဟာ သစ္စာဖောက်မဟုတ်ကြောင်းကို နတ်အမှတ်အသားမှာ စကားလုံးများထက် ပိုသက်သေပြနေလေသည် ။ ယန်ကျစ်နဲ့သူ့ညီမှာ ဘယ်တော့မှ သံသယမဝင်ခဲ့ပေ ။
“ ဒါ..ဒါ..ဒါဆို ငါတို့ ပြန်လို့ရလား “
ယန်ကျစ်ကဲ့သို့ အမြဲတည်ငြိမ်နေတတ်သူပင် ဤအချိန်မှာတော့တုန်လှုပ်နေလေသည် ။
“ ဒါပေါ့ ၊ ရတာပေါ့ ၊ ဒါပေမဲ့ ငါတို့မျိုးနွယ်စုက ဒီကနေ နည်းနည်းအဝေးမှာရှိနေတာ ၊ ပြီးတော့ အဲ့ဒီကိုသွားဖို့အတွက်ဆို မင်းတို့အတွက် အန္တရာယ်များလိမ့်မယ် “
“ ငါတို့မကြောက်ပါဘူး “
သူတို့နှစ်ယောက်လုံးကပြောလေသည် ။
“ ခဏလောက်စောင့်ပါဦး ၊ ငါ ယန်ရှို့ကိုအရင်သွားကြည့်လိုက်ဦးမယ် ၊ ရှောက်..ရှောက်ရွှမ် ၊ ဟုတ်တယ်မလား “
ယန်ကျစ်က ပြောရင်း တောင်းပန်၍ပင်နေသေးသည် ။
“ မပူပါနဲ့ ၊ ကျွန်တော် ဒီမှာရှိပါတယ် “
ရှောက်ရွှမ်ကအလေးအနက် ပြောလိုက်သည်။
“ ကျေးဇူးတင်ပါတယ်..ကျေးဇူးတင်ပါတယ် “
ယန်ကျစ်က သူ့မျက်ရည်များကိုသုတ်ကာ အသက် ဝဝရှူပြီး အပြင်သွားဖို့တံခါးဖွင့်လိုက်လေသည် ။
ယန်ကျစ်ထွက်သွားပြီးတဲ့နောက် ဘယ်သူကမှ ကျောက်ဝူကို ဂရုမစိုက်ကြတော့လေရာ သူကမျက်ရည်ပေါက်ကြီးငယ်ကျကာ အော်ငိုနေလေရာ ရှောက်ရွှမ် ပင်လန့်သွားလေသည် ။
ကျောက်ဝူကတော့ ဘာကိုမှ တွေးမနေတော့ပဲ မြေပေါ်မှာထိုင်ချကာ ဆက်၍ငိုနေလေသည် ။ သူက ရှောက်ရွှမ် ကိုပြောသည်။
“ ဘာလို့ စောစောမလာခဲ့တာလဲ ၊ ခင်ဗျားသာ နှစ်နည်းနည်းစောလာခဲ့ရင် ကျနော်တို့ သစ္စာဖောက်လိမ်တာ ခံရမှာမဟုတ်ဘူး...ကျွန်တော်တို့တကယ်ပြန်လို့ရတာလား “
“ တကယ်ပေါ့ “
ရှောက်ရွှမ် အဖြေကိုကြားရတဲ့နောက်မှာ ကျောက်ဝူက ပိုကျယ်ကျယ်လောင်လောင်ပင် ငိုနေလိုက်သည် ။ သူက အော်ဟစ်ပြီး တရှုံ့ရှုံ့လုပ်လိုက်သေးသည်။
ရှောက်ရွှမ် က သူ့ကိုကြည့်ပြီး မျက်နှာရှုံ့မဲ့သွားလေသည် ။ သူက သူ့သားရေအိတ်ကို ဆွဲလိုက်ပြီး အေးနေတဲ့ အသားကင်ကိုထုတ်ကာ သူ့ကိုပေးလိုက်လေသည် ။
အငိုတိတ်သွားလေသည် ။
ကျောက် ဝူက အနားမှာထိုင်ကာ အသားကင်ကိုကိုက်ရင်း တရှုံ့ရှုံ့ လုပ်နေလေသည် ။ ရှောက်ရွှမ်က သူ့ကိုလစ်လျူရှူထားပြီး သူတို့ညီအကို ကြုံခဲ့ရသမျှ အသေးစိတ်ကို သားရေလိပ်ပေါ်မှာ မှတ်တမ်းတင်နေလေသည် ။ သားရေလိပ်ပေါ်မှာ သူက ယန်ရှို့ ၊ လောင်ဟယ်နဲ့ သစ္စာဖောက်အကြောင်းကိုလည်း ချ
ရေးလိုက်သည် ။