လူယုတ်မာတွေ
Vol. 14 Ch. 202
ယန်ကျစ် ထွက်သွားတဲ့အခါ ကျောက်ဝူက ထောင့်နားမှာထိုင်ကာ အသားကင်ကို တတိတိဝါးနေလေသည် ။ သူဘာတွေးနေလဲ ဘယ်သူကမှ ဘာမှမသိကြပေ ၊ စိတ်ဗလာနတ္ထိဖြစ်နေလေသည် ။
ရှောက်ရွှမ်က အိမ်ကို ကြည့်လိုက်သည် ။ သူက ယန်ကျစ်နဲ့ အခြားသူတွေ သင်္ဘောပေါ်မှာနေ့တိုင်းအလုပ်လုပ်ရတဲ့အကြောင်း တွေးနေမိသည် ။ သူက သူ့လက်ကို သားရေအိတ်ထဲနှိုက်ကာ အထဲမှာ ဆေးအိတ်ကလေးရှိနေသေးသည်ကိုသိလိုက်ရသည် ။ သူ မျိုးနွယ်စုကယူလာခဲ့တဲ့ ဆေးပင်အနည်းငယ်သာ ကျန်နေတော့သည်ကို တွေ့ရလေသည် ။ အကြောင်းမှာ ဝမ်ရှီမျိုးနွယ်စုက လူကိုသတ်ရတုန်းက သူ ဒဏ်ရာ ရခဲ့သောကြောင့်ဖြစ်သည် ။ သူ့အိတ်အဟောင်းထဲမှာ ဆေးပင်အချို့တွေ့ရပြီး သားရေအိတ်ထဲကို ထည့်လိုက်လေသည် ။
မြေပေါ်မှာ စိတ်လွတ်ကိုယ်လွတ်ထိုင်နေသော ကျောက်ဝူကို ကန်ပစ်လိုက်သည် ။ သူက ကျောက်ဝူကို သစ်ရွက်တွေနဲ့ထုပ်ထားသော ဆေးပင်တချို့ပေးလိုက်ကာ ပြောလိုက်သည် ။
“ ကျိုလိုက် “
ကျောက်ဝူက ဆေးထုပ်ကိုနမ်းကြည့်ကာ ပျော်ရွှင်သွားပြီးပြောလေသည် ။
“ ဆေးပင်တွေ..ပုံမှန်ဆိုရင် ကျနော်တို့မှာ ဆေးပင်ရှာထွက်ဖို့ အချိန်သိပ်မရှိဘူး ၊ ကျနော်တို့ အပြင်မထွက်ရဲကြဘုး ၊ ကျနော်တို့ဒဏ်ရာရရင်ပြန်သက်သာဖို့ စောင့်နေရတယ် ၊ ဒါပေမဲ့ တခါတလေ မုချန် ကတော့ ငါတို့အတွက် ဆေးပင်တချို့တလေ ယူလာတတ်ပါတယ် “
ယန်ကျစ်နဲ့ကျောက်ဝူတို့ရဲ့ လက်တွေနဲ့ မျက်နှာတွေပေါ်မှာ အရွယ်အစားအစုံ အမာရွတ်များရှိလေသည် ။ အချို့အမာရွတ်များမှာ သက်တမ်းကြာလှပြီဖြစ်သော်လည်း အချို့မှာသိပ်ကြာသေးပုံမရပေ ။ တော
ထဲမှာ သူတို့ သစ်ခုတ် ၊ သစ်လုံးထမ်း ၊ သစ်လုံးတွေဖြတ် စသည့် အခြားပင်ပန်းသည့်အလုပ်များလုပ်ကြရသည် ။ သူတို့မကြာခဏ ထိခိုက်ဒဏ်ရာ ရလေ့ရှိကြပြီး သူတို့က ပြင်းပြင်းထန်ထန် ဒဏ်ရာ ရခဲသည့်တိုင် ထိခိုက်မှုအသေးစားများ များစွာ ကြုံရတတ်လေသည် ။
ဆေးပင်များ ကျက်လုနီးသောအခါ ယန်ကျစ်နဲ့ ယန်ရှို့က ကျန့် လို့ခေါ်တဲ့အမျိုးသမီးနဲ့ ပြန်လာလေသည် ။ သူမက ယန်ရှို့ရဲ့ဇနီးသည်ဖြစ်ပြီး မီးတောက်ဦးချိုများ မျိုးနွယ်စုက ဆင်းသက်လာသူလည်းဖြစ်လေသည် ။ နှစ်နှစ်လောက် ကျန့် နဲ့အတူတွဲသွားလာပြီးတဲ့နောက်မှသာ ယန်ကျစ်နဲ့သူ့ညီအကိုတွေက သူမကိုလက်ခံခဲ့ကြသည် ။ ယန်ရှို့က ကျန့် နဲ့ လက်ထပ်လိုက်ပြီး ထိုလင်မယားက ယန်ကျစ်နဲ့သူ့ညီ ဘေးမှာနေကြလေသည် ။
ယန်ကျစ်နဲ့ သူ့ညီအကိုတွေ အားလုံးက သူတို့နာမည်မှာ ယန် သို့မဟုတ် ကျောက် ကို ထပ်ပေါင်းလိုက်သည် ၊ ထို့ကြောင့် နောက်ပိုင်းမှာ ကျန့်က
လည်း သူမနာမည်မှာ ယန် ထပ်ပေါင်းကာ ယခုဆိုရင် သူမအမည်မှာ ယန်ကျန့် ဖြစ်လေသည် ။
ယန်ကျစ်နဲ့ လိုက်လာတဲ့ ထိုလင်မယားမှာ အလွန်စိတ်လှုပ်ရှားနေပုံရလေသည် ။ ယန်ကျစ်က သူတို့ကို ရှောက်ရွှမ် အကြောင်းအကုန်ပြောပြထားတဲ့အတွက် သူတို့ကိုပါ ရှောက်ရွှမ်က အတူတူခေါ်သွားလိုကြောင်းကိုလည်း သိထားလေသည် ။ သူတို့မှာ သစ္စာဖောက်ခံရပြီး ဒုက္ခခံခဲ့ရပေမဲ့ ဒီတကြိမ်မှာတော့ သူတို့တကယ့် မျိုးနွယ်စု စစ်သည်တော်နှင့်ဆုံရလေပြီ ဖြစ်သည် ။
“ ဆေး သောက်လိုက်ပါဦး “
ရှောက်ရွှမ် က သစ်သားခွက်လေးခုထဲသို့ ကျိုထားသောဆေးရည်များလောင်းထည့်ပေးလေသည် ။ သူတို့ကဘာမှထပ်မမေးကြပေ ။ ကျေးဇူးတင်ကြောင်း ပြောပြီးတဲ့နောက်မှာ ဆေးရည်ကပူနေသည့်တိုင် သူတို့က တိုက်ရိုက်မော့သောက်ပစ်လေသည် ။
ဆေးတခွက် သောက်လိုက်ရခြင်းက ယန်ကျစ်ကို တနေကုန်အလုပ်ပင်ပန်းထားရခြင်းမှ သက်သာသွားစေလေသည် ။ အပြင်မှာအလွန်အေးနေသော်လည်း နွေးနေတဲ့ဆေးရည်က သူတို့ခန္ဓာကိုယ်အပေါ်ပိုင်းကို စီးဆင်းသွားကာ အလွန်သက်တောင့်သက်သာဖြစ်သည်ကိုခံစားလိုက်ရသည် ။
သူတို့ စကားပြောနေတုန်းမှာ မုချန်က အလောတကြီး ပြေးလာလေသည် ။
“ ဘာဖြစ်လို့လဲ “
ယန်ကျစ်က မုချန်ခေါင်းပေါ်ကနှင်းတွေကိုဖယ်ပေးပြီး သူမရဲ့သားရေဦးထုပ်ကိုဆွဲရင်း မေးလိုက်သည် ။
“ နတ်ဆေးဆရာက နှစ်ရက်အတွင်းမှာ မနှစ်ကထက်ပိုပြီး နှင်းကျလိမ့်မယ်လို့ပြောတယ် ၊ သူကအားလုံးကို ကြိုပြင်ထားဖို့ပြောနေ တော့ ရှင်တို့အားလုံး ကြိုတင်သတိထားသင့်တယ် “
မူလက မုချန်က သူတို့အတွက် သားရေအပေါ်ရုံအဟောင်းနှစ်ထည်ယူသွားဖို့တွေးထားပေမဲ့ သူ့အကိုက တားထားလေသည် ။ ထို့ကြောင့် သူ့အဖေနဲ့အကို အလုပ်များနေတဲ့အချိန်မှသာ သူတိတ်တိတ်လေးခိုးထွက်လာနိုင်ခဲ့လေသည် ။
“ အာ..မနှစ်ကထက် ပိုပြီးနှင်းကျမယ်တဲ့လား “
ကျောက်ဝူက အံ့သြစွာမေးလိုက်လေသည် ။
“ ဟုတ်တယ် ၊ ဆောင်းတွင်းအတွက် ပိုပြီးပြင်ဆင်ထားတော့၊ ငါ....မကူညီနိုင်ဘူး “
မုချန်ကပြောရင်း တရှုံ့ရှုံ့ဖြစ်သွားကာ သူမနှာခေါင်းလေးများပင်ရဲလာလေသည် ။
“ နင့်အကိုက နင့်ကိုဆူလိုက်ပြန်ပြီလား “
ယန်ကျစ်က မေးလိုက်သည်။
မုချန်ကခေါင်းငုံ့သွားကာ ဘာမှမပြောတော့ပေ ။
ရှောက်ရွှမ်ကတော့ ဒီမိန်းကလေးကို တကယ်ကောင်းသူ ဟုတွေးလေသည် ။ ဒီလိုအေးတဲ့နေ့မှာတောင် သူက ဒီကိုနှစ်ခါတောင်လာပြီး ယန်ကျစ်ကို ကူညီပေးလေသည် ။ သူက ယန်ကျစ် ထိုမိန်းကလေးကို မျိုးနွယ်စုဆီပြန်ခေါ်လာပေးဖို့ခွင့်ပြုသင့်သည် ။ နတ်ဆေးဆရာကတော့ ဒီလို ကြင်နာတတ်တဲ့မိန်းကလေးကို နှင်ထုတ်မည်မဟုတ်ပေ ။ ယခု ယန်ကျစ်က ဝမ်းနည်းနေပုံပေါက်နေပြီး တကယ်တမ်းပြောရရင် သူက အခုထိ နတ်စွမ်းအင် မနိုးထသေးတဲ့ လေလွင့်သူ တယောက်ပင် ဖြစ်နေသေးသည် ။
တခုခုကို တွေးမိပြီး ရှောက်ရွှမ်က ယန်ကျစ်ကိုမျက်စိမှိတ်ပြလိုက်သည် ။
“ နေပါဦး “
ယန်ကျစ်က မုချန်ကိုပြောကာ ရှောက်ရွှမ်နဲ့အဝေးသိူ့ထွက်သွားလေသည် ။
“ သူ့ကို ဒါလေး မင်းပေးလို့ရပါတယ် “
ရှောက်ရွှမ်က ကျောက်စိမ်းပြားလေးကို ယန်ကျစ်ကို ပစ်ပေးလိုက်သည် ။ ကျောက်စိမ်းပြားလေးမှာ ရှောက်ရွှမ် ဓားပြများဆီမှ ရလာခဲ့ခြင်း ဖြစ်သည် ။ ဒီလို ဆောင်းတွင်းမှာပင် ကျောက်စိမ်းပြားလေးမှာ အနွေးဓာတ်ကိုခံစားရလေသည် ။
“ မင်း...”
“ သွားပါ “
ရှောက်ရွှမ်က ပြောသည် ။
“ ငါတို့ကမျိုးနွယ်စု တစ်ခုထဲကပဲဆိုတော့ မိသားစုတွေပါပဲ ၊ ပြီးတော့ ငါ အနာဂါတ်မှာ မင်းအကူအညီလိုလာလိမ့်မယ် “
“ ကျေးဇူး...ကျေးဇူးတင်ပါတယ် “
ယန်ကျစ်က သူ့ စေတနာကို အမှတ်ရနေပြီး အနာဂါတ်မှာ ရှောက်ရွှမ်ကို ပြန်ပေးဆပ်ပေမည် ။ သူက မုချန်ကို အရင်က လက်ဆောင်လေးများပေးခဲ့ဖူးသော်လည်း အတော်အသေးအမွှား ပစ္စည်းလေးများဖြစ်လေသည် ။
ဒီနှစ်ယောက်ကို ခဏမျှကြည့်လိုက်ပြီး ရှောက်ရွှမ်ကအိမ်ထဲကိုသွားကာ အရည်အသွေးနိမ့်သည့်ကျောက်စိမ်းပြားများ၊အခွံများ နှင့် ရေလကျောက်တုံးအပိုင်းအစလေးများကို ကျောက်ဝူနဲ့ ယန်ရှို့ကို ပေးလိုက်လေသည် ။
“ ဒါတွေကို သားရေအထူတွေ၊အစားအစာတွေနဲ့ လဲလို့ရမှာပါ ၊ ဒါပေမဲ့ ငါတို့ အစားအစာအများကြီးမလိုပါဘူး ၊ သားရေတွေက ငါတို့နွေးနွေးထွေးထွေးနေလို့ရအောင်လူပ်ပေးနိုင်တယ် ၊ ဖြစ်နိုင်ရင် အိမ်ကို ပြန်ပြင်ဖို့ သစ်သားတချို့တလေ ယူလာခဲ့ ၊ ရာသီဥတုကဆိုးတော့ ငါတို့ဒီမှာခဏတော့နေရဦးမယ် ၊ ပြီးမှ ငါတို့သွားကြတာပေါ့ “
ကျောက်စိမ်းနဲ့ ရေလကျောက်များမှာ အတော်လေး အာရုံဖမ်းစားနိုင်လေသည် ။
ယန်ရှို့နဲ့ ကျောက်ဝူကို ရှောက်ရွှမ် စကားပြောပြီးတဲ့နောက်မှာ ယန်ကျစ်ပြန်လာလေသည် ။
ရှောက်ရွှမ် က တံခါးကိုကြည့်လိုက်တော့ မုချန်က လုံကျိုးမျိုးနွယ်စုကိုပြန်သွားနေသည်ကိုတွေ့လိုက်ရသည် ။
“ သူ့အိမ်ကို လိုက်မပို့ဘူးလား “
ရှောက်ရွှမ်က စိတ်ရှုပ်သွားသည် ။ ယန်ကျစ်က သူမကို အလွန်ဂရုစိုက်တာသူသိလေရာ ဘာလို့သူမကိုအိမ်ပြန်လိုက်မပို့သလဲ သိချင်မိနေသည် ။
“ အိမ်ပြန်ပို့ပေးရမယ် ၊ ဘာလို့လဲ “
ယန်ကျစ်တင် မဟုတ်ပဲ ကျောက်ဝူနဲ့ ယန်ရှို့လည်း တွေဝေသွားသည်။
ရှောက်ရွှမ်က ဆွံ့အသွားသည် ။
“ ငါသာ သူ့ကိုအိမ်ပြန်ပို့ရင် သူ ပြသာနာတက်သွားလိမ့်မယ် “
ယန်ကျစ်က တိုးတိုးလေးပြောသည်။
ရှောက်ရွှမ်လည်း ထိုအကြောင်းကို တွေးကြည့်လိုက်သည် ။ လုံကျိုးမျိုးနွယ်စုက သူများက လေလွင့်သူများ မလုပ်ရဲကြသည်ကို လုပ်နိုင်ကြလေသည် ။လုံကျိုးမျိုးနွယ်စု အကြားမှာ ဆက်ဆံရေး ဘယ်လိုဖြစ်ပါစေ အတွင်းမှာ ပဋိပက္ခများရှိနေပြီး အခြားသူများက မပါဝင်နိုင်သလို မပါဝင်သင့်ပါပေ ။
စွမ်းအင်မနိုးထသေးသူများနဲ့ စွမ်းအားရှိသူတစ်ဦးဦး၏ အထောက်အပံ့ကို မရသူများကဲ့သို့ပင် သူတို့က မျိုးနွယ်စုထဲမှာ အနိုင်ကျင့်ခံရလေသည် ။ သူတို့က အရိုက်နှက်ခံရ ၊ အဆူအဆဲခံရလေပေမဲ့ မျိုးနွယ်စုထဲက လူအများစုကတော့ သူတို့ဘက်မှာ ရှိလေသည် ။ သို့ပေမဲ့ မျိုးနွယ်စုကမဟုတ်ဘဲ အခြား
သူများကသာ အနိုင်ကျင့်လျှင်တော့ လုံကျိုးမျိုးနွယ်စုမှ ယောင်္ကျားသားများက မျိုးနွယ်စုတခုလုံးကို ရန်စသည်ဟု သတ်မှတ်ကာ ကြားဝင်တိုက်ခိုက်ပေလိမ့်မည် ။
ထို့ကြောင့် မျိုးနွယ်စုထဲက အဆင့်နိမ့်သူကိုပင် လေလွင့်သူများနယ်ပယ်က သူများက အနိုင်မကျင့်ရဲကြပေ ။ထို့ကြောင့် မုချန်က အိမ်ကို တစ်ယောက်တည်းပြန်ဖို့ရာ ဘေးကင်းလုံခြုံနေခြင်းဖြစ်သည် ။
“ မပူပါနဲ့ ၊ ငါတို့ မီးတောက်ဦးချိုများ မျိုးနွယ်စုကိုပြန်ရောက်ရင် ဘယ်သူကမှ မင်းကို မကောင်းပြောရဲမှာ မဟုတ်ပါဘူး “
ရှောက်ရွှမ် က ယန်ကျစ်ပခုံးကိုပုတ်ကာ နှစ်သိမ့်လိုက်လေသည် ။
“ ငါ အရင်အပြင်သွားပြီး တခြားသူတွေကို နှင်းကျတော့မယ်ဆိုတာ ပြောလိုက်ဦးမယ် “
ယန်ရှို့က ကျောက်ဝူကို ကျနော်နဲ့ထွက်သွားခိုင်းသည် ။
ယန်ကျစ်က တယောက်ယောက်နဲ့ သစ်သားနည်းနည်းလောက် အလဲအလှယ်ပြုဖို့မေးကြည့်လိုသည် ။
ယန်ကျန့်က သူမအိမ်ထဲက ပစ္စည်းတွေကို သွားထုပ်နေသည် ။
ညီအကိုနှစ်ယောက် အိမ်မှာ အရမ်းမသေးသည့်အတွက် ရှောက်ရွှမ်က ဒီမှာနေဖို့ ဆုံးဖြတ်လိုက်သည် ။ သူတို့ဆွေးနွေးစရာတွေအများကြီး ရှိနေသေးလေရာ သူက အပြင်သို့ ပြန်မသွားလိုပါပေ ။ ဒီမှာမနေခင်မှာ ရှောက်ရွှမ်က ထိုအကြောင်းကို လှေထဲမှာနေတဲ့ ယန်ဆွေ့ အားပြောပြဖို့လိုလေသည် ။ တံခါးအပြင်ထွက်ကာရှောက်ရွှမ်က ပတ်ပတ်လည်ကအိမ်များကို ဂရုစိုက်ကြည့်လိုက်သည် ။
အနည်းဆုံးတော့ မီးတောက်ဦးချိုများ မျိုးနွယ်စုယောင်္ကျားသားများမှာ အိမ်ဆောက်ရာတွင် တော်ကြလေသည် ။ ထိုအိမ်များမှာ မိုးဒဏ် ၊ ဆောင်းတွင်း
လေပြင်းဒဏ် နဲ့ နှင်းဒဏ်တို့ကို ခံနိုင်ရည်ရှိရန်လိုအပ်သည် ။ အချုပ်ဆိုရရင် လေလွင့်သူများနယ်ပယ်က အိမ်များမှာ မခိုင်မာကြပေ ။ သူပြန်လာပြီးနောက်ကျရင်တော့ သူတို့အိမ်တွေကို ပိုခိုင်အောင်လုပ်ပေးဖို့ သူတွေးထားလိုက်သည် ။
သူ သင်္ဘောတွေဆီ ပြန်လာသောအခါ ယန်ကျစ်က မအိပ်သေးပဲ နိုးနိုးကြားကြား ရှိနေလေသည် ။ ရှောက်ရွှမ်ကိုမြင်ရတဲ့အခါမှသာ သူ စိတ်အေးသွားလေသည် ။
“ ဘာဖြစ်လို့လဲ “
ရှောက်ရွှမ်ကမေးလေသည်။
ယန်ဆွေ့က ပတ်ဝန်းကျင်အသံများကို နားစွံ့ရင်း ရှောက်ရွှမ်ကို ခပ်တိုးတိုးပြောလေသည် ။
“ ခရီးသွားအဖွဲ့က သူတွေက လူယုတ်မာတွေ “
“ ကိစ္စမရှိပါဘူး ၊ ငါ တခြားကိုသွားနေလိုက်ပါမယ် “
“ ဘယ်မှာ နေမှာလဲ ၊ မင်းတို့လူတွေကို မင်းတွေ့ပြီပေါ့ “
ယန်ဆွေ့က မေးလိုက်သည် ယန်ဆွေ့က ရှောက်ရွှမ်ခေါင်းညိတ်ကာ သူ့ပစ္စည်းကိုတခါတည်းထုပ်ပိုးနေသည်ကိုတွေ့လိုက်ရသည် ။
သူကအိုးထဲက စွပ်ပြုတ်ပူပူအကျန်များကို တခါတည်းသောက်ကာ သူ့ပါးစပ်ကိုသုတ်လိုက်ပြီး ပြောလေသည် ။
“ ငါလည်း မင်းနဲ့လိုက်ခဲ့မယ် ၊ ငါ့အတွက်များ အဲ့ဒီမှာနေရာနည်းနည်းလောက်ရှိမလား “
“ မရှိရင် ငါမြေပေါ်မှာလည်းအိပ်နိုင်ပါတယ် “
ရှောက်ရွှမ် နဲ့ ယန်ဆွေ့ လှေပေါ်ကထွက်သွားသောအခါ လှေများဆိုက်ကပ်ထားတဲ့နေရာကိုသွားနေတဲ့ လူပေါင်းများစွာကိုတွေ့ရလေသည် ။ သူတို့က
ရှောက်ရွှမ် တို့နေတဲ့လှေရဲ့ အရှေ့ကလှေများမှာ နေကြတဲ့ ခရီးသွားအဖွဲ့ကလူတွေမှန်း သူ မှတ်မိသွားသည် ။
ထိုလူတွေက လှေပေါ်ကို လမ်းလျှောက်ကာ စကားပြောရင်း ရယ်မောကာသွားလာနေကြသည်ကိုတွေ့ရလေသည် ။ ရှောက်ရွှမ် နဲ့ ယန်ဆွေ့တို့အဝတ်အစားတွေကို ကြည့်ပြီးသည့်နောက် သူတို့ကရယ်မောကာ သူတို့က ဖြတ်လျှောက်သွားကြသည် ။ သူတို့ဖြတ်သွားချိန်မှာ ရှောက်ရွှမ်က သွေးနုံ့ပြင်းပြင်းကို ရလိုက်လေသည် ။ သူတို့မှာ သွေးများပေကျံမနေသော်လည်း ရှောက်ရွှမ်က အနံ့ရနေလေသည် ။
သူတို့ လူသတ်ခဲ့ကြလေသည် ။
“ မြန်မြန် “
ယန်ဆွေ့က ရှောက်ရွှမ်ကိုဆွဲကာ မြန်မြန်သွားကြဖို့ တိုးတိုးပြောလေသည် ။