ရင်ဆိုင်ဖို့တော့မလွယ်
Vol. 14 Ch. 204
လူတစ်ဒါဇင်လောက် ရောက်လာကြပြီး သူတို့အဝတ်တွေကို အကဲခတ်ခြင်းအားဖြင့် လေလွင့်သူများနယ်ပယ်တွင် နေထိုင်ကြသူများမဟုတ်ပါပေ ။ သူတို့က အပေါ်ထပ်အထူကြီးများ ဝတ်ဆင်ထားပြီး စိတ်ကြီးဝင်စွာလမ်းလျှောက်ကြလေသည် ။
လေလွင့်သူများနယ်ပယ်က သူများမှာ အကြောက်တရားနဲ့ သတိကြီးကြီးထားသည့် အကြည့်မျိုး ရှိကြလေသည် ။ သူတို့က အခြားသူများ ရန်စကြမှာ နဲ့ ပြသာနာတွေထဲ ဝင်ပါမိမှာကို အမြဲကြောက်နေရတတ်သည် ။ သို့ပေမဲ့ ခရီးသွားများကတော့ ထိုသို့မဟုတ်ကြပေ ။
သူတို့ဆီကို ခြေလှမ်းကျဲကျဲနဲ့ လာနေတာကို တွေ့ပြီး သူတို့ကို သတင်းလာပေးတဲ့ ဟယ်အာက ခေါင်းနပန်းကြီးသွားလေသည် ။ ဒီလူတွေ ဒီလောက်မြန်မြန်ရောက်လာလိမ့်မည်ဟု သူမထင်ထားပေ ။
“ ယန်ကျစ် ၊ မင်း မုချန်ကိုသွားရှာတော့ ၊ မြန်မြန်သွား၊သူမကတော့ သူတို့ကို တားနိုင်လိမ့်မယ် ၊ မဟုတ်ရင် အရမ်းနောက်ကျသွားလိမ့်မယ် “
ဟယ်အာက စိတ်ရှုပ်ရှုပ်နဲ့ပြောသည် ။
ကလေးဘဝတည်းက ဒီမှာနေလာခဲ့ရလေရာ သူ ကျောက်ဝူနဲ့သူ့အကိုကို ကောင်းကောင်းသိသည်။ သူတို့က အချင်းချင်း ကူညီရိုင်းပင်းကြရင်း ပိုရင်းနှီးလာခဲ့ရသည် ။ တခါတလေ သူတို့စကားများ ရန်ဖြစ်ကြသော်လည်း ဟယ်အာက သူ့ သူငယ်ချင်းအများစုမှာ ထာဝရထွက်ခွာသွားပြီဖြစ်ရာ သူတို့ဆက်ဆံရေးကို တန်ဖိုးထားလေသည် ။ သူတို့က ဒီနေ့အထိရှင်ကျန်တဲ့လူနည်းစုသာဖြစ်သည် ။
ပြောရရင် ယန်ကျစ်တို့ ညီအကိုဟာ လေလွင့်သူနယ်ပယ်မှာဆို စွမ်းအားရှိကြလေသည့်အတွက် သူတို့အဖွဲ့က စွမ်းဆောင်ရည်မြင့်မားသည် ။ သို့ပေမဲ့ ဒီ
နေ့သာ သူတို့ခရီးသွားတွေအသတ်ခံရရင် သူ့ဘဝကတော့ ကံဆိုးမိုးမှောင်ကျတော့ပေမည် ။
ဟယ်အာက ယန်ကျစ်က မုချန်ကို သွားခေါ်ဖို့စိတ်မပါသည်ကိုတွေ့တဲ့အခါ ပြောလိုက်သည် ။
“ ငါ သူ့ကိုသွားခေါ်ပေးရမလား “
“ မဟုတ်ဘူး ၊ မလိုပါဘူး ၊ ပြီးတော့ အခု လုံကျိုးမျိုးနွယ်စု ဂိတ်တံခါးလည်း ပိတ်ထားပြီပဲ “
ယန်ကျစ်ကပြောလေသည် ။
မျိုးနွယ်စုက သူစိမ်းများ နှင်းဒဏ်ကာကွယ်ဖို့ရာ သူတို့မျိုးနွယ်စု နေရာထဲ ခိုးဝင်ကြမည်ကို စိတ်ပူသည့်အတွက် ဆောင်းရာသီမှာ ဂိတ်တံခါးကို ပိတ်ထားဖို့ လုံကျိုးမျိုးနွယ်စုက စည်းကမ်းချမှတ်ထားလေသည် ။
ထို့အတွက်ကြောင့် ရာသီဥတုဆိုးဝါးတဲ့အခါတိုင်းမှာ လုံကျိုးမျိုးနွယ်စုက သူတို့ဂိတ်တံခါးကို ပိတ်လိုက်
ပြီး ဘယ်သူ့ကိုမှ စည်းရိုးနားကိုပင်လာခွင့်ပြုမထားပေ ။ လုံကျိုးမျိုးနွယ်စု လူနေအိမ်များနားက ဂိတ်ပေါက်သို့ အနားကပ်လာတဲ့မည်သူမဆို စစ်သည်တော်များက တိုက်ခိုက်ကြပေမည် ။ လေလွင့်သူများဟာ သူတို့ကိုခုခံနိုင်လေအောင်မသန်မာကြပါပေ ။ သူတို့အော်ဟစ်မငိုခင်မှာ သူတို့ခန္ဓာကိုယ်ကို ဖြူကောင်နဲ့တူသွားအောင်ပင် တကိုယ်လုံးကိုမြှားတွေထိုးဖောက်ဝင်လာပေလိမ့်မည် ။
“ သွားရအောင် “
ဟယ်အာက ယန်ကျစ်ကိုဆွဲကာ ထွက်သွားလိုသည် ။ သို့ပေမဲ့ သူဘယ်လောက်ဆွဲဆွဲ သူက ထိုနေရာမှာ မြဲနေအောင်ရပ်နေဆဲပင် ဖြစ်သည် ။
ပြောရရင် ယန်ကျစ်က မာနကြီးနေတဲ့ ခရီးသွားများကို မြင်လျှင် ပုံမှန်ဆိုရင် ထွက်ပြေးလွတ်မြောက်ဖို့ တနေရာရာကို ရှာမိလိမ့်မည် ။ အရင်တုန်းက ခရီးသွားအဖွဲ့ကို သူအကြိမ်များစွာဆုံဖူးလေသည် ။ တခါက မုချန်ပင် သူတို့အတွက် ခုခံကာကွယ်ပေးသူ
ဖြစ်ဖူးသေးသာ် ။ သူတို့ကတော့ လေလွင့်သူများနယ်ကိုပြေးကာ သူတို့ကိုရှောင်ပြီး သူတို့ထွက်သွားမှသာ ပြန်လာတတ်ကြသည် ။
သို့ပေမဲ့ ယခု ရှောက်ရွှမ်က မလှုပ်ရှားပေ ။ သူ့ကြည့်ရတာထွက်သွားချင်ပုံ မရပေ ။ ယန်ကျစ်က သဘာဝကျကျပင် ရှောက်ရွှမ်ကို တယောက်တည်းထားသွားမည်မဟုတ်ပေ ။ ထိုသူမှာ သူတို့၏ မျှော်လင့်ချက်ဖြစ်လေသည် ။ သူတို့အသက်ဆုံးရမည်ဆိုရင်တောင်မှ ရှောက်ရွှမ်ကို သူတို့ဒီလိုအသေခံမည်မဟုတ်ပေ ။
ယန်ကျစ်က ရှောက်ရွှမ်ကနေ အဝေးကိုကြည့်လိုက်ပြီးနောက် အပြင်ကို အထဲကနေ ရပ်ကြည့်နေသည့် ယန်ဆွေ့ကို ကြည့်လိုက်လေသည် ။ သူက ဒီနတ်ဆေးဆရာအလောင်းလျာလေးမှာ စိတ်အနှောင့်အယှက်ဖြစ်နေပုံကိုမတွေ့ရပေ ။
သူတို့ ဒီခရီးသွားတွေကို နိုင်မယ်ဆိုတာ သေချာနေသလား ။
ဖြစ်နိုင်သည် ။ ရှောက်ရွှမ်က မျိုးနွယ်စုစစ်သည်တော်ဖြစ်ပြီး ယန်ဆွေ့က မိုးမျိုးနွယ်စုမှ နောက်ဖြစ်လာမည့် နတ်ဆေးဆရာ ဖြစ်လေသည် ။ ဒီခရီးသွားတွေက သူတို့ကို ရန်မစသင့်ပေ ။ ကိစ္စအများစုမှာတော့ ခရီးသွားများက မျိုးနွယ်စု စစ်သည်တော်များ ၊ နတ်ဆေးဆရာများကို ရန်မစတော့ပေ ။
ဟယ်အာက ယန်ကျစ်ကို အဝေးကိုဆွဲခေါ်မသွားနိုင်သည်ကို သိသွားတဲ့အခါ သူက ကျောက်ဝူကို ကြည့်လိုက်သည် ။ ကျောက်ဝူလည်း ထိုနေရာမှာ ရပ်နေသေးသည်ကို မြင်ရလေသည် ။ သူက ယန်ရှို့နဲ့ အခုလေးတင် ထွက်သွားဖို့ပစ္စည်းတွေထုပ်ပိုးနေတဲ့ သူ့ဇနီးသည်ကိုကြည့်လိုက်လေသည် ။ သို့ပေမဲ့ သူတို့ ထွက်မသွားချင်တော့ပဲ ပစ္စည်းတွေချလိုက်သည် ။
ကျောက်ဝူကတော့ ညဏ်သိပ်မကောင်းသည့်အတွက် သူ့အကိုလိုတော့ အများကြီးမတွေးနိုင်ပါပေ ။ သူက သူ့အကိုနဲ့ရှောက်ရွှမ်က ရပ်နေသေးသည်ကို မြင်ရလေရာ သူလည်းတယောက်တည်းထွက်မသွားလိုပေ ။
“ ဟယ်အာ မင်းအရင်ထွက်သွားလိုက်ပါ “
ယန်ကျစ်က ဟယ်အာကို ပြောလိုက်သည် ။ ထိုလူများက သူတို့ကိုလာနေမှန်းသိနေလေရာ သူတို့ကိုထွက်သွားဖို့လာပြောသည်ကပင် ဟယ်အာအတွက် ကျေးဇူးတင်စရာကောင်းနေပေသည် ။ အကယ်၍ သူသာဆက်နေလျှင် သူကမလိုအပ်ပဲ ပြသာနာထဲပါလာလေမည် ။
သူတို့က ဒီခရီးသွားတွေ ပြသာနာရှာဖို့လာတာကိုသိနေတာတောင် သူကတော့ သူတို့ဘာလို့ထွက်မပြေးကြ ၊ အကူအညီမတောင်းကြသလဲ သူတို့နားမလည်ပေ ။ သူတို့သေချင်နေကြသလား ။
ဟယ်အာက စိတ်ရှုပ်သွားကာ သူ့ခေါင်းကိုကုတ်နေလေသည် ။ သူက အမြန်ပြေးထွက်သွားပေမဲ့ ပြောလိုက်လေသည် ။
“ ငါ အကူအညီသွားရှာ ကြည့်လိုက်ပါဦးမယ် “
ဟယ်အာကတော့ အကူအညီသွားရှာမည်ဆိုသော်လည်း နှင်းထူထပ်သည့်အတွက် ဂိတ်တံခါးကိုပိတ်ထားလေရာ လုံကျိုးမျိုးနွယ်စုဆီသို့ သွားမည်မဟုတ်ပါပေ ။ သူက ထိုနေရာကို အနာခံကာ သူ့အသက်ကိုရင်းပြီး သွားမည်မဟုတ်ပါပေ ။ သူက လေလွင့်သူများနဲ့ဆက်ဆံရေးကောင်း ရှိလေရာ သူ့မှာ တခုခုအဖြေရှိနိုင်လေသည် ။
ခရီးသွားအုပ်စုမှာ နီးသထက်နီးလာလေသည် ။ ပတ်ပတ်လည်ကလူများကလည်း သူတို့ကို ပစ်မှတ်ထားနေသည်မဟုတ်ရာ သူတို့လှုပ်ရှားမှုကျု အထူးအာရုံစိုက်ကြည့်နေကြသည် ။ သူတို့က ခရီးသွားများရဲ့ ပစ်မှတ်မဟုတ်လေရာ သူတို့အတော်စိတ်ကျေနပ်သွားလေသည် ။
သူတို့မျက်နှာ အမူအရာနဲ့လေထုကို အကဲခတ်ရင် လူတိုင်းက သူတို့ဒီကိုလူသတ်ဖို့လာကြမှန်းသိနိုင်သည်
။
လူပေါင်းများစွာက အရှေ့ကိုလျှောက်လာတာကို ရှင်းရှင်းလင်းလင်း မြင်ရတဲ့အခါ ယန်ဆွေ့က ရှောက်ရွှမ် ကိုတိုးတိုးပြောလေသည်။
“ ငါတို့ မနေ့က လှေပေါ်မှာတွေ့ခဲ့ရတဲ့လူတွေလေ “
တနည်းဆိုရသော် မနေ့က လေလွင့်သူများကို သတ်ခဲ့ကြသည့် လူများဖြစ်နိုင်လေသည် ။ သူတို့မနေ့ကတော့ လူတယောက်၊နှစ်ယောက် သတ်ခဲ့နိုင်ပြီး ဒီနေ့တော့သူတို့ လေးငါးယောက်သတ်ပစ်နိုင်ပေမည် ။ သူတို့က ပြသာနာကြီးမရှာသရွေ့ လေလွင့်သူနယ်ပယ်ကို မထိခိုက်သေးသရွေ့ လုံကျိုးမျိုးနွယ်စုက လူများက သူတို့ကိုတားမည်မဟုတ်ပါပေ ။
အရှေ့မှာ လျှောက်လာတဲ့လူကို ရှောက်ရွှမ်မနေ့တည်းက မြင်ဖူးလေသည် ။ သို့ပေမဲ့ တရက်အတွင်းထိုသူက သူ့ကိုမေ့သွားလေသည် ။ ရှောက်ရွှမ်က သူ့
အတွက် သတိထားမိရလောက်အောင်တန်ဖိုးရှိပုံမရပေ ။ သူက ဒီလို ပမွှားလေးကို ဘယ်တော့မှမှတ်မထားတတ်ပေ ။
အရှေ့ဆုံးက လျှောက်လာတဲ့လူက သစ်သားအိမ်လေးအရှေ့ ရောက်လာသောအခါ တံခါးရှေ့မှာရပ်နေတဲ့သူများကို ကြည့်နေလေသည် ။ သူက သူတို့ချဥ်းကပ်လာတာကို သူတို့ထွက်မပြေးသည့်အတွက် အလွန်အံ့သြသွားလေသည် ။ သူက အနားကလမ်းဖြတ်ကိုပင် စောင့်ကြည့်နေဖို့ လူအချို့ လွှတ်ထားသေးသည် ။ ကြည့်ရတာ သူ ဒီလိုလုပ်ဖို့မလိုပုံပင် ။
“ ယန်ရှို့က ဘယ်သူလဲ “
ထိုလူက မေးကာ တယောက်ချင်းစီတိုင်းကို ကြည့်နေလေသည် ။ သူ့မျက်လုံးထဲမှာ အားလုံးကအတူတူဖြစ်နေပြီး ယန်ကျစ်နဲ့အခြားသူများ အပေါ်အင်္ကျီများကို မြင်တဲ့အခါ သူ့မျက်လုံးအရောင်လက်သွားသည် ။ သူက ထိုသားရေများဟာ သူ့အတွက်စျေးပေါလွန်း
သည့်အတွက် သူက မကြိုက်ပေ ။
မနေ့က ယန်ရှို့နဲ့ကျောက်ဝူက ယန်ကျစ်နဲ့အခြားသူများ ဝတ်ထားတဲ့သားရေများအား လဲလှယ်ခဲ့ကြသည် ။ ဆောင်းရာသီကြောင့် သူတို့အားလုံး သားရေထူထူများဝတ်ဆင်ထားကြသည် ။ ရှောက်ရွှမ် ပြောသည့်အတိုင်းပင် သူတို့ခရီးရှည်ကြီးကို အမြန်သွားဖို့အတွက် သူတို့ကျန်းမာဖို့လိုသေးသည်။ ရှောက်ရွှမ်က သူတို့အားလုံးကို အပေါ်ထပ် တစ်ထပ်၊နှစ်ထပ်ဝတ်ဖို့ပြောထားလေသည် ။
လေလွင့်သူများနယ်ပယ်မှာ သားရေအပေါ်ထပ်အများအပြားဝတ်ခဲ ကြပြီးထိုအ ပေါ်ထပ်များက မပြဲမစုတ်သေးပေ ။ ၎င်းက ခရီးသွားတွေရထားတဲ့သတင်းအမှန် မှန်းသက်သေပြနေလေသည် ။
ထိုလူ့အမေးကို ကြားရတဲ့အခါ ယန်ကျစ်ကော ရှောက်ရွှမ် ပါ မလှုပ်ရှားကြပေ ။ ကျောက်ဝူက ရှုပ်ထွေးသွားကာ သူမထိန်းနိုင်ပဲ ယန်ရှို့ကို ကြည့်လိုက်မိသည် ။
ထိုလူက အပေါက်ဆိုးလေရာ ကျောက်ဝူလှုပ်ရှားတာကို မြင်တဲ့အခါ သူက သူ့ဘေးမှာ ရပ်နေတဲ့ယန်ရှို့ကို ကြည့်ကာ ပီတီတီ ပြုံးလိုက်လေသည် ။
“ မင်းက ယန်ရှို့လား ၊ ငါ မနေ့က မန်မျိုးနွယ်စုက ရလာတဲ့ကျောက်စိမ်းနည်းနည်းပျောက်သွားသေးတယ် ၊ ဒါပေမဲ့ ငါ လှေပေါ်ကထွက်သွားတော့ ပျောက်သွားတာ ၊ ငါကြားမိတာတော့ မင်း ကျောက်စိမ်းတွေ ကောက်ရထားတယ်ဆို ဟုတ်လား “
သူ့အသံက လိမ်နေမှန်း သိသာပြီး သူ့မျက်နှာမှာလည်း “ ငါ ဒီကို မင်းကိုလုဖို့လာတာ “ လို့ပြောနေလေသည် ။
ထိုလူက သူ့နာမည်ကိုအော်ခေါ်ကာ သူ့ကိုကြည့်လိုက်လေသည် ။ ယန်ရှို့က သတင်းပေး ဘယ်သူမှန်းသိလေသည် ။ သူက လေလွင့်သူများနဲ့ ခရီးသွားများ
ကို သတိကြီးကြီးထားနေပေမဲ့ သူက ညီအကိုကောင်းလို့ယူဆထားရတဲ့သူက သူ့ကို သစ္စာဖောက်သွားလေသည် ။ ယန်ရှို့လုံးဝ စိတ်တိုသွားသည်။ ဒီတခါမှာတော့ သူ့ကြောင့် အားလုံး ဒုက္ခရောက်ရလေသည် ။ သူ့ကျောက်စိမ်းကိုယူတာကိုတော့ သူဝန်ခံမည်မဟုတ်ပေ ။
“ မင်းကျောက်စိမ်းကို ငါမယူဘူး “
ယန်ရှို့ကပြောလေသည် ။
“ မဟုတ်ဘူးလား “
ယန်ရှို့ကို ထိူလူက စူးစူးစိုက်စိုက်ကြည့်လိုက်လေသည် ။
“ ဒါပေမဲ့ မင်းလုပ်တာလို့ ပြောတဲ့သူရှိနေတယ် ၊ မဟုတ်ရင် မင်းဘာလို့ ဒီလောက်သားရေအများကြီးလဲနိုင်မှာလဲ “
ထိုလူက စကားပြောရင်း သူ့အသံကတဖြည်းဖြည်း မြင့်လာလေပြီး သူ့မျက်နှာပေါ်မှာ နတ်အမှတ်အသားများ ပေါ်လာလေသည် ။ လေလွင့်သူများက အနီးနားက အိမ်ထဲမှာဝင်ပုန်းနေကြပြီး အပြင်ကအသံကို ဂရုတစိုက်နားထောင်နေကြသည် ။ သူတို့ဒါကိုကြားရတဲ့အခါ ယန်ကျစ်ဘာလို့သားရေအပေါ်ထပ်တွေအများကြီးရလာသလဲကိုသူတို့သိချင်လာကြသည် ။
ဒီကို လာတဲ့ခရီးသွားများအကြားမှာ ဦးဆောင်လာသူက အငယ်တန်း စစ်သည်တော်ဖြစ်သည် ။ သာမန်လူနဲ့ ယှဥ်ချရလျှင်တော့ သူက သူ့နတ်စွမ်းအင်ကိုသုံးပြီး ထိုသာမန်လူအပေါ် ကောင်းကောင်းဖိအားပေးနိုင်ပေလိမ့်မည် ။
သို့သော် ယန်ရှို့ကို ထိုလူကကြည့်လိုက်သောအခါ ရှောက်ရွှမ်က ယန်ရှို့အရှေ့မှာ ရပ်လိုက်လေသည် ။
“ မင်းကို ဘယ်သူပြောလဲတော့ ငါမသိဘူး “
ရှောက်ရွှမ် ကပြောလေသည် ။
“ ယန်ရှို့က ငါသူ့ကိုပေးလိုက်တဲ့ပစ္စည်းတွေသုံးပြီး သားရေတွေရလာတာပါ “
ထိုလူက ရှောက်ရွှမ်က ယန်ရှို့ကို ကူရှင်းပြလိုက်သောအခါ နည်းနည်းစိတ်တိုသွားလေသည် ။ သို့ပေမဲ့ ရှောက်ရွှမ် စကားများကြားရပြီးနောက် သူပျော်သွားလေသည် ။ ယန်ရှို့ကို နည်းနည်း မေးမြန်းကာ ကျောက်စိမ်းရဲ့မူလပိုင်ရှင် ဘယ်သူလဲကိုသိချင်နေပေမဲ့ ယခုတော့ ထိုအဖြေနဲ့ပတ်သက်ပြီး အနှောင့်အယှက်ဖြစ်စရာမလိုပေ ။
ယန်ရှို့အရှေ့က လူငယ်လေးကိုကြည့်ကာ ထိုလူပထမဆုံးတွေးလိုက်မိသည်က ထိုကောင်လေးက လေလွင့်သူများထက်ဘာမှသာအောင်ဝတ်မထားသော သာမန်ကောင်လေးဖြစ်ပြီး ငယ်ရွယ်ကာ တက်ကြွပုံပေါက်နေလေသည် ။
သူ့မျက်လုံးများက လောဘကြီးပုံပေါက်နေပြီး သူက ပိုပျော်ရွှင်စွာပြုံး လိုက်လေသည် ။ သူက မာန်
တက်နေသည့်ပုံနဲ့စကားပြောလေသည် ။
“ အိုး..ငါ့ကျောက်စိမ်းကို ခိုးတာမင်းပေါ့လေ “
ယန်ရှို့နဲ့ကျောက်ဝူက တခုခုပြောချင်သေးလည်း ရှောက်ရွှမ်ကလက်ကိုမြှောက်ပြီး တားလိုက်လေသည် ။ သူက အရှေ့ကိုသုံးလှမ်းတိုးသွားပြီး သူ့အရှေ့က လူဆီကိုသွားလိုက်လေသည် ။
ခရီးသွားများအနေနဲ့ သူတို့မှာ အတက်အကျများကြုံဖူးပြီး သေဘေးမှ အကြိမ်များစွာ သီသီလေးလွတ်ခဲ့ရဖူးသည် ။ ထို့ကြောင့် သူတို့က အခြားသူများထက် ပိုပြီးအာရုံခံစားမှုကောင်းလေသည် ။ ရှောက်ရွှမ်က အနားကိုသုံးလှမ်းကပ်လာသောအခါ သူတို့အားလုံးကြောက်သွားကြလေသည် ။
အထူးသဖြင့် ရှောက်ရွှမ်နဲ့မျက်နှာချင်းဆိုင်မှာရပ်နေတဲ့သူက ပြုံးမနေတော့ပေ ။ သူ့ကိုယ်ပေါ်က ကြက်သီးမွေးညှင်းများထသွားသည်ကိုခံစားရကာ
ရှောက်ရွှမ်ကိုကြည့်နေတဲ့ သူ့မျက်လုံးမှာ သတိကြီးကြီး ဖြစ်သွားလေသည် ။
“ မျိုးနွယ်စုစစ်သည်တော်လား “
ထိုလူက အံ့သြတကြီး ပြောလေသည် ။ ထိုလူက သူ့အရှေ့ကသူဟာ မျိုးနွယ်စု စစ်သည်တော်မှန်းသိလိုက်သော်လည်း သူ့အဆင့်အတန်းကိုတော့ ပြောမပြနိုင်ပေ ။
အသက်ဝဝနှစ်ကြိမ်လောက် ရှူလိုက်ပြီး သူ့ကြောက်ရွံံ့မှုနဲ့ သံသယကိုဘေးဖယ်ကာ သူ့ထူးထူးဆန်းဆန်းကြောက်ရွံ့သွားမှုကို ဖယ်ရှားကာ သူလည်ပင်းကိုလှုပ်ရှားလိုက်လေသည် ။ သူက သူလက်မောင်းများကို ခါလိုက်ကာ သူ့ကိုယ်လုံးတောင့်တောင့်မှာလည်း စွမ်းအားကြီးပုံပေါ်လာလေသည် ။ လက်တွေလွှဲယမ်းကာ သူ့ခွန်အားကို ပြသဖို့သူ့လက်ထဲမှာ ကျောက်တူကြီးကို ကိုင်ထားလိုက်လေသည် ။
ကျောက်တူကြီးမှာ သွေးခြောက်များပေကျံ၍နေလေ
သည် ။ သို့မှသာ လူတွေက မထိန်းနိုင်ပဲ ကြောက်ရွံ့သွားကြပေမည် ။ ပေကျံနေသော သွေးများမှာ မနေ့က သူသတ်ခဲ့သော လေလွင့်သူများ၏သွေးများဖြစ်လေသည် ။
“ မင်းက ဘယ်မျိုးနွယ်စုကလဲ “
ထိုလူကမေးလေသည် ။ သူက သူ့လူများကို နေရာတိုင်းဦးဆောင်ထားလေရာ သူက စကားပြောဆိုရာတွင် မာနကြီး ဘဝင်မြင့်ပြောဆိုရသည်မှာ အကျင့်ဖြစ်နေလေသည် ။
ရှောက်ရွှမ်က ဒီလူရဲ့စကားကို ရင်ဆိုင်နေရာတွင် ဘာအမူအရာမှမပြဘဲ အေးအေးဆေးဆေးပြန်ပြောလိုက်သည် ။
“ မီးတောက်ဦးချို မျိုးနွယ်စုက ရှောက်ရွှမ် “
“ မီးတောက်ဦးချိုမျိုးနွယ်စု “
မျိုးနွယ်စုနာမည်ကို ထိုသူက ထပ်ရွတ်ကြည့်သည် ။ သူက ပြန်စဥ်းစားကြည့်ပေမဲ့ ဘာမှပေါ်မလာပေ ။ ထို့နောက် သူက သူ့ဘေးကလူကိုမေးကြည့်လိုက်သည် ။
သူ့ဘေးကလူကလည်း ခေါင်းယမ်းပြသည် ၊ အဓိပ္ပါယ်က သူလည်းမကြားဖူးပေ ။ ဒီလို အမည်မသိရပုံထောက်ရင် ၎င်းမှာ မျိုးနွယ်စုအသေးလေးဖြစ်ပေလိမ့်မည် ။ သူဂရုမစိုက်ပေ ။
ခရီးသွားများက အလယ်အလတ်နဲ့အကြီးစားမျိုးနွယ်စုများ နဲ့သူတို့နတ်ဆရာများကိုပင် ရံဖန်ရံခါ ရင်ဆိုင်ခဲ့ရလေရာ သူတို့အများစုက မျိုးနွယ်စုအသေးလေးမှလာခဲ့ရင်တောင် သူတို့ကထိုမျိုးနွယ်စုများကိုမကြောက်ပါပေ ။
“ အိုး ၊ မီးတောက်ဦးချိုမျိုးနွယ်စုက ရှောက်ရွှမ် ဆိုပါလား၊ သနားစရာပဲ ၊ မင်းတော့ ပြန်လမ်းမရှိတော့ဘူး “
ထိုလူက စကားပြောရင်း သူ့ကိုကြောက်နေအောင်ဖြဲခြောက်လိုက်သည် ။
သူက သူ့အစီအစဥ်ကိုအနည်းနဲ့အများ ပျက်ဆီးစေမယ့် မျိုးနွယ်စု စစ်သည်တော်တယောက်ကို လေလွင့်သူများနယ်ပယ်မှာတွေ့ရမည်ဟုထင်မှတ်မထားပေ ။ သို့ပေမဲ့ သူက မျိုးနွယ်စု အသေးလေးမှလာသည်ဖြစ်သဖြင့် ကိစ္စမရှိလှပေ ။
သူက သူ့နောက်လိုက်ထဲက စွမ်းအားအနည်းဆုံးသူကပင် မျိုးနွယ်စု အသေးလေးမှ လာတဲ့စစ်သည်တော်ကိုသတ်နိုင်သည်ဟု သူယုံကြည်သည် ။ ထို့ပြင် ဒီကြွက်စုတ်က အလယ်အလတ်အဆင့်စစ်သည်တော်ဆိုရင်တောင် သူခေါ်လာတဲ့သူတွေက သူ့ကိုအလွယ်လေးသတ်နိုင်လေသည် ။
“ ဒါပေမဲ့ ငါ့ပြန်လမ်းကို တားနိုင်မယ့်သူရှိတယ်လို့ ငါမထင်ပါဘူး “
ရှောက်ရွှမ်က တည်တည်ငြိမ်ငြိမ် ရှိနေသေးသည်။
ထိုလူက သူ့ကိုကြည့်နေပေမဲ့ သူ့ကိုသတ်ဖို့တော့မလာသေးပေ ။ သူက ခေါင်းဆောင်တယောက်အနေနဲ့ နေရာတကာ သူဝင်ပါဖို့မလိုဘဲ သူ့လူများက လုပ်သင့်သည်ဟု သူခံစားရလေသည် ။ ထို့ကြောင့် သူကိုယ်တိုင် ရှောက်ရွှမ် ကိုသတ်ချင်ပေမဲ့ လက်ချောင်းလေးသာလှုပ်ပြီး သူ့နောက်ကရပ်နေတဲ့သူကိုလုပ်ဖို့အချက်ပြလိုက်လေသည် ။
ခရီးသွားအဖွဲ့က လူတယောက်က ရှောက်ရွှမ်ဆီ လမ်းလျှောက်လာပြီး ကျောက်တူအသေးလေးကို မကာ ရှောက်ရွှမ်ဆီ ပစ်လိုက်လေသည် ။ သူက အမြန်အားအပြည့်နဲ့ပြေးလိုက်သည့်အတွက် မြေပေါ်က နှင်းများလှုပ်ရှားသွားလေသည် ။
အားလုံးက သူတို့မနေ့ကတွေ့ခဲ့ရသလိုမျိုးမြင်ရမည်ဟုထင်ထားသော်လည်း ဗုန်းကနဲ အသံနှင့် အရိုးကျိုး
သံများကိုသာကြားရလေသည် ။ သူ့ဆီကို တူနဲ့ပြေးလာတဲ့သူက မြေပေါ်မှာလဲကျနေပြီး နှင်းပုံထဲမှာ မေ့မြောနေပုံရလေသည် ။
ထိုလူကို အနိုင်ယူနေချိန်မှာ ရှောက်ရွှမ်က သူ့ခြေထောက်ကိုလုံးဝမလှုပ်ရှားပါပေ ။ သူကသူ့လက်ကိုပဲ လှုပ်ရှားခဲ့လေသည် ။
လေထဲကိုလွင့်သွားတဲ့ တူက မြေပေါ်ပြန်ကျလာလေသည် ။
ရှောက်ရွှမ်က ကျောက်တူရဲ့လက်ကိုင်ကိုလှမ်းဖမ်းလိုက်ပြီး ထိုလူမျက်နှာပေါ်ကိုရွေ့ကာ လွှတ်ချလိုက်လေသည် ။
ဗုန်း!
မျက်နှာကိုတူနဲ့ရိုက်မိတဲ့ထိုလူက အော်ဟစ်လိုက်ပေ
မဲ့ တစ်ချက်သာအော်လိုက်သည် ။ သူ့မျက်နှာ သွေးထွက်ကာ သတိလစ်သွားသည် ။ သူ့မျက်နှာကိုရှောက်ရွှမ်ရိုက်လိုက်သည်မှာ ကိုမာပင်ဖြစ်တော့လေမည် ။ ကျောက်တူနဲ့ထပ်အရိုက်ခံရသည်မှာ သူအသိစိတ်ပျောက်သွားသည် ။
ရှောက်ရွှမ် အရှေ့က ခရီးသွားအဖွဲ့က ခေါင်းဆောင်မှာ မျက်ခုံးများတွန့်သွားသည်။ သူက ရှောက်ရွှမ်ကိုဒေါသတကြီးကြည့်ရင်း သူ့မျက်လုံးများမှာ အငြိုးအာဃာတများ ပြည့်နေလေသည် ။
သူက သူ့အရှေ့ကကြွက်စုတ်က သူ့လူကိုနိုင်မည်ဟုမထင်ထားသလို သူ့အပြုအမူများကလည်း သူ့ကို သိသိသာသာ ရန်စနေလေသည် ။
သူ့ကို ရန်စနေသည် ။
ရှောက်ရွှမ် အနောက်ကလူများကလည်း မျက်လုံးများပြူးကျယ်သွားလေသည် ။ သူတို့က ရှောက်ရွှမ်က မျိုးနွယ်စု စစ်သည်တော်မှန်းသိလိုက်
သော်လည်း အခြားမျိုးနွယ်စုက စစ်သည်တော်ကို လက်သီးတချက်တည်းနဲ့ အနိုင်ယူမည်ဟု မထင်ထားပေ ။ လက်သီးတချက်တည်းနဲ့ဖြစ်လေသည် ။
ပြသာနာလာရှာတဲ့ခရီးသွားများကလည်း မယုံနိုင်သော မျက်နှာအမူအရာများပေါ်ပေါက်လာလေသည် ။ သူတို့က ငုံးဥက နဂါးပေါက်လာတာကို မြင်ရသည့်အလားပင် ။
သူက ဒီမျိုးနွယ်စုစစ်သည်တော်လေးအကြောင်း ပိုသိဖို့လိုလေသည် ။ ဒီကြွက်စုတ်ကို အနိုင်ယူဖို့ရန်မလွယ်လှပေ။
ဟယ်အာက အခြားသူများနဲ့ ပြန်လာသောအခါ သူတို့ရန်ပွဲကို မြင်လိုက်ရလေသည် ။