← Chapters

ဘယ်လိုမျိုးနွယ်စုလဲ

Vol. 14 Ch. 206

ဘယ်လိုမျိုးနွယ်စုလဲ

Vol. 14 Ch. 206

နှင်းပွင့်ချပ်ကြီးများ ကျဆင်းနေလေသည် ။ လေလွင့်သူများနယ်ပယ်မှ သစ်အိမ်လေးအရှေ့က လူအုပ်မှာ ချမ်းအေးကာ စိုးရိမ်ပူပင်လာကြသည် ။

တချိန်တည်းမှာပဲ လုံကျိုးမျိုးနွယ်စု လူနေရပ်မှာလား ကင်းအဖွဲ့ကို ဦးဆောင်နေတဲ့သူက ရပ်တန့်သွားပြီး လေလွင့်သူများနယ်ပယ်ကို ကြည့်လိုက်သည် ။

“ လေလွင့်သူနယ်ပယ်မှာ ရန်ပွဲ ဖြစ်နေတယ် “

ထိုလူကပြောသည် ။

“ နောက်တပွဲလား “

သူ့အဖွဲ့သားတစ်ဦးကမေးလေသည် ။ အကယ်၍ ခရီးသွားအဖွဲ့က လေလွင့်သူများကိုသတ်နေရင် ခေါင်းဆောင်က ဂရုစိုက်နေမည်မဟုတ်ပေ ။ ထို့ကြောင့် ၎င်းက စစ်သည်တော်တွေအကြားရန်ပွဲဖြစ်

ပြီး အနည်းဆုံးအလယ်တန်း စစ်သည်တော်များဖြစ်နိုင်လေသည်။

သူတို့က ရန်ပွဲအသေးလေးများကို မမြင်ချင်ယောင်ဆောင်နေပေမဲ့ အကယ်၍ ရန်ပွဲကြီးသာဆိုလျှင်တော့ ကွဲပြားသွားပေသည်။

ရန်ဖြစ်ချင်တယ်လား ၊ ကောင်းပြီ ၊ ဒါပေမဲ့ ငါတို့မျိုးနွယ်စုနားက အရင်ထွက်သွားလိုက် ။

သို့ပေမဲ့ သူတို့ ဘာတိုက်ခိုက်သံမှမကြားရပေ ။

ဘာကြောင့် ခေါင်းဆောင်က တိုက်ပွဲ ဖြစ်နေတယ်လို့အတပ်ပြောနေပါသနည်း ။

“ ခေါင်းဆောင် သွေ့ ၊ ကျနော်တို့သွားစစ်ဆေးကြည့်ရမလား “

တယောက်ယောက်ကမေးလေသည်။

အကြီးတန်းစစ်သည်တော်မှာ ပုံမှန်အားဖြင့် မျိုးနွယ်စုအနားကရန်ပွဲများတွင်ပါဝင်လေ့မရှိပေ ။ အကယ်၍ သူပါဝင်လာလျှင်လည်း သူက မျိုးနွယ်စုအနီးမှပင် အနီးကပ်စောင့်ကြည့်နေမည်ဖြစ်သည်။အနီးကပ်စောင့်ကြည့်ခံရသူကသာ သူဘယ်လောက်အာရုံစိုက်ခံနေရသလဲ သိပေမည် ။ ထို့ကြောင့် အလယ်တန်းအဆင့် စစ်သည်တော်များ သူတို့လူနဲ့ရန်ဖြစ်ကြလျှင် အကြီးတန်းစစ်သည်တော် များက ပါဝင်ခဲလှပေသည် ။

ပြင်းထန်တဲ့ရန်ပွဲ မဟုတ်လျှင် လုံကျိုးမျိုးနွယ်စုက မျက်ကွယ်ပြုထားပေမည် ။ သို့ပေမဲ့ ယခု အတော်လေးပြင်းထန်နေပုံရလေရာ သူတို့သွားပြီး စစ်ဆေးရတော့မည်လား ။

မုရှဲ့ က သစ်ပင်ပေါ်မှာ ရပ်ကာ တွေးကြည့်နေသည် ။ ပြီးနောက် သူကလေထဲက နှင်းများကိုကြည့်လိုက်

သည် ။ တဖြည်းဖြည်းနဲ့ စစ်သည်တော်များကိုသူက ထိုနေရာကိုသွားဖို့ အမိန့်မပေးတော့ပေ ။

“ ဘာမှ မဟုတ်ပါဘူး ၊ နှင်းကျတာရပ်မှပဲ ဘာဖြစ်လဲသွားမေးကြည့်တာပေါ့ “

မုရှဲ့ က ပြောလေသည် ။

လေလွင့်သူများနယ်ပယ်မှာတော့...

ကိစ္စများမှာ ခရီးသွားခေါင်းဆောင် မျှော်မှန်းထားသည်ထက် ပိုပိုလာတဲ့အတွက် သူဒီမှာဆက်မနေလိုတော့ပေ ။ ဒီလိုဖြစ်လာမည်မှန်း သူမသိထားပေ ။ သူ စိုးရိမ်လာပြီး အခုအချိန်ထွက်သွားခြင်းက အကောင်းဆုံးဖြစ်မှန်းသိလေသည် ။ ဒီလူတွေကို ဘယ်လိုရင်ဆိုင်မလဲကတော့ သူတို့ပြန်သွားပြီး ခေါင်းဆောင်တွေဆီ သတင်းပို့သင့်လေသည် ။

တဖြည်းဖြည်းနဲ့ ခရီးသွားများက ကျောက်စိမ်းကိုယူ

ဖို့မအောင်မြင်တော့ပဲ အရိုက်ခံရပြီးလဲကျနေတဲ့ သူတို့လူကိုဆွဲထူကာ ထွက်သွားကြလေသည် ။

ရှောက်ရွှမ် သူ့စိတ်ထဲက စွမ်းအင် ငြိမ်သွားသည့်အခါ ယန်ကျစ်နဲ့အခြားသူများကိုယ်ပေါ်က နတ်အမှတ်အသားများလည်းပျောက်သွားလေသည် ။ ပြောရရင် သူတို့က နိုးထလာတဲ့စစ်သည်တော် အစစ်များမဟူတ်ကြပေ ။ သူတို့နတ်အမှတ်အသားတွေပေါ်လာရခြင်းမှာ ရှောက်ရွှမ် ကြောင့်သာဖြစ်သည်ကိုတော့သူတို့မသိပေ ။

သစ်အိမ်ထဲမှာ မုန်းနေတဲ့ ယန်ဆွေ့မျက်နှာမှာတော့ ရှုပ်ထွေးတဲ့အမူအရာရှိနေပေမဲ့ ယန်ကျစ်နဲ့အခြားသူများကတော့ ပြုံးနေကြသည်။ သူတို့ရန်ပွဲကို ဝင်မပါပေမဲ့ အနာဂါတ်မှာတော့ဒီလိုအခွင့်အရေး ရှိလာတော့ပေမည် ။

“ ရှောက်ရွှမ် ၊ ငါတို့ တကယ့်မျိုးနွယ်စုစစ်သည်တော်တွေဖြစ်လာနိုင်လားဟင် “

ကျောက်ဝူက စိတ်လှုပ်ရှားစွာနဲ့ ပြေးကာ မေးလေသည် ။

ရှောက်ရွှမ်က သူ့စိတ်ထဲက ဥလေးနဲ့နတ်စွမ်းအင်အကြောင်းထပ်မတွေးတော့ပဲ ပြန်ဖြေလိုက်သည် ။

“ ဒါပေါ့ “

“ ဟား “

ကျောက်ဝူက ရယ်သည် ။ သူကပတ်ပတ်လည်ကိုကြည့်ကာ သူတို့အိမ်ထဲပုန်းနေကြတဲ့သူများ၏ အခြေအနေကိုကြည့်နေလိုက်သည် ။ ပြီးတဲ့နောက် သူက ဟယ်အာနဲ့အခြားသူများကိုကြည့်ကာ သူတို့ဆီပြေးသွားလိုက်သည် ။

“ ညီအကိုကောင်းတွေရာ ၊ မင်းတို့ဒီကိုလာမယ်လို့ထင်မထားဘူး “

ကျောက်ဝူကပြောသည်။

ဟယ်အာက ဘာမှပြန်မပြောခင် ကျောက်ဝူကသူ့မျက်နှာကျု လက်ညိုးထိုးပြပြီးပြောလေသည်။

“ မင်း မြင်လိုက်တယ်မလား ၊ နတ် အမှတ်အသားတွေလေ “

ဟယ်အာနဲ့ အခြားသူများကဆွံ့အသွားသည် ။

သူက ဘဝင်မြင့်နေလေရာ အားလုံးကို သူ့ကို နည်းနည်းတော့ ပါးရိုက်ပစ်ချင်လာကြသည် ။

ယန်ကျစ်က ဒီဘဝင်မြင့်နေတဲ့ ငတုံးများဆီသွားကာ အထဲဝင်ဖို့ပြောလိုက်ပြီး ဟယ်အာနဲ့အခြားသူများကိုလည်း အလေးအနက်ကျေးဇူးစကားပြောလေသည် ။

“ လာပေးကြလို့ ကျေးဇူးတင်ပါတယ် “

“ မဟုတ်တာ..မလိုပါဘူး ၊ ငါတို့ဘာမှ လုပ်ပေးတာမှ

မဟုတ်တာ “

ဟယ်အာက ရယ်ရင်း ပြောလေသည် ။

သူနဲ့အတူ ဒီမြေမှာ နှစ် ၂၀ လောက် အတူနေလာတဲ့ သူ့ညီအကိုက မျိုးနွယ်စု စစ်သည်တော်များအဖြစ်တွေ့ရတဲ့အခါ သူ့အတွက်ထူးဆန်းနေလေသည် ။ သူတို့နဲ့စကားပြောရသည်မှာသူ့အတွက် သက်တောင့်သက်သာ မဖြစ်ချေ ။

၎င်းမှာ လေလွင့်သူနဲ့စစ်သည်တော်များအကြားမှ ကွာဟချက်ပေ ။

သူတို့မှာ စစ်သည်တော်ဖြစ်ဖို့အခွင့်အရေး ရှိလာလေရာ ယန်ကျစ်နဲ့အခြားသူများ ဒီမှာရေရှည်နေတော့မည်မဟုတ်ပေ ။ နှင်းကျတာရပ်သွားပြီးတဲ့နောက် လုံကျိုးမျိုးနွယ်စုက သူတို့ကိုမောင်းထုတ်ဖို့ ဒီကိုလာကြပေလိမ့်မည် ။ သူတို့ကိုလျှို့ဝှက်ထားဖို့ရာမဖြစ်နိုင်တော့ပေ ။

“ ဘယ်တော့သွားကြမှာလဲ “

ဟယ်အာက မေးသည် ။

“ နောက်ရက်နည်းနည်းလောက်နေရင်ပေါ့ ၊ နှင်းကျတာရပ်ရင် ငါတို့ထွက်ကြမယ် “

ယန်ကျစ်က ပြန်ဖြေလေသည် ။

ကျောက်ဝူက သစ်လုံးအိမ်ထဲက နောက်တခါထပ်ထွက်လာပြီး ဒီတခါမှာတော့သူ့မျက်နှာမှာ ခုနကလိုဘဝင်မြင့်နေခြင်းမျိုးမရှိတော့ပေ ။ သူက ဟယ်အာနဲ့ အခြားသူများကို ဝမ်းနည်းစွာကြည့်လိုက်သည် ။ သူတို့က မကြာမကြာစကားများရန်ဖြစ်ကြသော်လည်း သူငယ်ချင်းကောင်းများဖြစ်ကြလေသည် ။ သူတို့က ခရီးသွားများ ပြသာနာလာရှာကြလျှင်ပင် အချင်းချင်းကူညီဖို့စိတ်အားထက်သန်ကြလေသည် ။

“ ကျောက်ဝူ..မင်း..မင်းတို့မျိုးနွယ်စုက...သူတို့အနားမှာ လေလွင့်သူတွေကိုနေခွင့်မပေးဘူးလား “

ဟယ်အာနောက်က လူက စိတ်ပူနေတဲ့အမူအရာနဲ့မေးလေသည်။

သူတို့နဲ့ခင်မင်တဲ့မျိုးနွယ်စုစစ်သည်တွေနဲ့သာ အနီးကပ်နေရရင် မျိုးနွယ်စုအနားမှာ ပိုကောင်းတဲ့ဘဝတခုရလာနိုင်ပေသည်။

သူတို့ လုံကျိုးမျိုးနွယ်စုမှာ အသက်မွေးဝမ်းကြောင်းပြုနိုင်သေးသော်လည်း သူတို့သာ ယန်ကျစ်နဲ့အခြားသူတွေနောက်လိုက်ကာ မီးတောက်ဦးချိုများ မျိုးနွယ်စုအနားမှာနေလျှင် မျိုးနွယ်စုအသေးလေးဆိုလျှင်တောင်မှ သူတို့မှာပိုကောင်းတဲ့ဘဝရနိုင်သည် ။ သူတို့သေဆုံးသွားတဲ့မိတ်ဆွေများ ၊ ဆွေမျိုးများအကြောင်းတွေးမိကာ ဒီကနေထွက်သွားကြဖို့စွန့်စားကြည့်လိုကြသည် ။

“ ဒါက...”

ကျောက်ဝူက သူတို့ကို ကတိမပေးနိုင်လေရာ ရှောက်ရွှမ်ကိုသာ ကြည့်လိုက်လေသည် ။

ရှောက်ရွှမ်က သူတို့စကားများကို ကြားရတဲ့အခါ သူတို့ဆီကိုလာကာပြောလေသည် ။

“ ရပါတယ် ၊ ဒါပေမဲ့ ငါတို့မျိုးနွယ်စုက ဒီကနေဆိုရင် အတော်ဝေးတယိ ၊ နောက်နှစ်နည်းနည်းကြာရင် ငါတို့က အလယ်ပိုင်းဒေသကိုပြောင်းကြတော့မှာ ၊ ငါတို့မျိုးနွယ်စုရဲ့ နေရာအဟောင်းက အလယ်ပိုင်းဒေသထဲမှာ “

သူ့ခွင့်ပြုချက်ကို ကြားရတဲ့အခါ ဟယ်အာနဲ့အခြားသူများက အလွန်ပျော်သွားကြသည် ။ နှစ်အနည်းငယ်အတွင်းမှာ လို့ရှောက်ရွှမ်ပြောခဲ့သည်မှာက သုံးနှစ်၊ ငါးနှစ် ၊ ရှစ်နှစ် ၊ ကိုးနှစ် ဖြစ်နိုင်ပေမည် ၊ သို့ပေမဲ့ သူတို့စောင့်ချင်စိတ်ရှိသည် ။ သူတို့အတွက် မျှော်လင့်ချက်ရှိနေသရွေ့ သူတို့စောင့်စားလိုပါသည် ။ သူတို့ကိုယ်တိုင်နဲ့ သူတို့မျိုးဆက်တို့ကို ပိုကောင်းကောင်းကာကွယ်ပေးနိုင်ဖို့ရာ ယန်ကျစ်နဲ့

အခြားသူများက သူတို့ကို ကျိန်းသေကူညီကြမည်ဟု သူတို့ယုံသည် ။ အနည်းဆုံးတော့ သူတို့ကလေးများ ခရီးသွားများ ခြိမ်းခြောက်မှုကိုမခံရဘဲ အကာအကွယ်အပေးခံရပေမည် ။

ဟယ်အာနောက်ကို လိုက်လာကြတဲ့လူတွေထဲက အနည်းအကျဥ်းကို ရှောက်ရွှမ် သိသည် ။ သူတို့ကတော့ ရှောက်ရွှမ်ကို ခရီးသွားတွေနဲ့ရင်ဆိုင်ရဲသည့် စစ်သည်တော်အနေနဲ့သာသိကြသည် ။ သူတို့က သူ့ကိုယ်ရေးကိုယ်တာကို မေးဖို့ကြောက်ကြသည် ။ ပြောရရင်သူတိူ့က သူနဲ့မရင်းနှီးကြပေ ။

သူတို့ ရှက်နေသည်ကို မြင်ရသည့်အခါ ရှောက်ရွှမ်ကဖော်ဖော်ရွေရွေပြုံးသည် ။

“ ကျနော်က မီးတောက်ဦးချိုများ မျိုးနွယ်စုကရှောက်ရွှမ်ပါ “

ရှောက်ရွှမ်ကပြောရင်း သူ့နာမည်ကို ကျောက်ဓားနဲ့ နှင်းထူထူအပေါ်ရေးပြလိုက်သည် ။

မီးတောက်ဦးချိုများ ရှောက်ရွှမ် လား

ဟယ်အာက ထိုနာမည်က အလွတ်ကျက်နေပြီး သူ့ဘေးကလူကလည်းထိုကဲ့သိူ့ပင် ။ မှတ်ညဏ်မကောင်းတဲ့သူများက ဘေးလူများကိုအကူအညီတောင်းကာ မှတ်ခိုင်းပြီး သူတို့အိမ်ပြန်တဲ့အခါ ချရေးခိုင်းလေသည် ။ ၎င်းမှာ သူတို့အနာဂါတ်ဘဝအတွက် အရေးကြီးလေသည် ။

“ ဒါပေမဲ့ ငါတို့မင်းကိုဘယ်လိုရှာရမလဲ ၊ မီးတောက်ဦးချိုများ မျိုးနွယ်စုကဘယ်မှာလဲ “

တယောက်ယောက်ကမေးလေသည် ။

“ မီးတောက်ဦးချိုများ မျိုးနွယ်စု အလယ်ပိုင်းဒေသကို ပြောင်းလာရင် သိပါလိမ့်မယ် “

ရှောက်ရွှမ် ကပြောလေသည် ။

“ အဲ့ဒီကျရင် ငါတို့မင်းကိုလာခေါ်ပါမယ် “

ယန်ကျစ်က ကတိပေးလေသည် ။ ဟယ်အာနဲ့အခြားသူများကျေးဇူးကြောင့် သူတို့ယနေ့အထိရှင်နေကြခြင်းဖြစ်သည် ။ သူတို့က ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ၊ နေကြသော်လည်း သူတို့ကဆွေမျိူးများကဲ့သို့ နက်နက်နဲနဲ ခင်မင်ရင်းနှီးကြလေသည်။

ယန်ကျစ်က ဟယ်အာနဲ့ သူ့နောက်ကို လိုက်လာပေးကြတဲ့သူအကုန်လုံးကို ကတိပေးလိုက်သည် ။ လိုက်မလာတဲ့သူများကတော့ သူတို့လည်းလိုက်လို့ရမလား သိချင်ကြသည်။

ဟယ်အာနဲ့အခြားသူတွေထွက်သွားပြီးတဲ့နောက် ယန်ကျစ်နဲ့အခြားသူများကအထဲဝင်လာကြသည်။

“ အဆင်သင့်ပြင်ထားတော့ ၊ ဒီလူတွေက ငါတို့ကိုလုံကျိုးမျိုးနွယ်စုမှာ မသတ်ရဲပေမဲ့ ငါတို့ထွက်သွားရင်တော့ သူတို့ကြိုးစားလာနိုင်တယ် ၊ သူတို့

နောက်လိုက်မလာရင်တောင် ငါတို့လမ်းမှာပြသာနာတွေအများကြီးကြုံရနိုင်တယ် “

ရှောက်ရွှမ် ကပြောလေသည် ။

“ ကောင်းပြီ ၊ ငါမြှားတွေပိုလုပ်ထားလိုက်မယ် “

ယန်ရှို့ကပြောသည်။

“ ငါ အခြားအရာတွေထပ်လဲလိုက်ဦးမယ် “

ယန်ကျစ်ကပြောလေသည်။

နောက်နှစ်ရက်ကြာတဲ့အထိ ခရီးသွားများ ပြသာနာလာမရှာတော့ပေ ။ ရှောက်ရွှမ် က ယန်ကျစ်နဲ့အခြားသူများနဲ့အတူ ကြိုတင်ပြင်ဆင်ထားလေသည်။

နှင်းကျတာရပ်သွားပြီး ရာသီဥတုသာယာလာတဲ့အခါ လုံကျိုးမျိုးနွယ်စုက ဒီနေရာကိုလူများလွှတ်လိုက်သော်လည်း ယန်ကျစ်နဲ့အခြားသူများ

ထွက်သွားသည်ကိုသာ သိရသည်။ သစ်အိမ်ကိုတော့ အခြားသူကိုပေးခဲ့ကြလေသည်။

လေလွင့်သူများနယ်ကိုလွှတ်လိုက်တဲ့သူများကို မျိုးနွယ်စုကိုပြန်လာပြီး မုရှဲ့ကို တင်ပြလေသည်။

ကင်းအဖွဲ့ခေါင်းဆောင်အနေနဲ့ မုရှဲ့က တွေဝေစွာမေးလိုက်သည် ။

“ မီးတောက်ဦးချိုမျိုးနွယ်စု ၊ အဲ့ဒါဘယ်လိုမျိုးနွယ်စုလဲ “

All Chapters