နောက်ကလိုက်လာသူများ
Vol. 14 Ch. 207
လုံကျိုးမျိုးနွယ်စုက ကင်းအဖွဲ့ခေါင်းဆောင်က မီးတောက်ဦးချိုမျိုးနွယ်စု ဆိုတာ ဘယ်လိုမျိုးနွယ်စုလဲ သိချင်နေချိန်မှာ ရှောက်ရွှမ်တို့အဖွဲ့ကတော့ လမ်းခရီးတလျှောက် ရာသီဥတုသာယာသည့်အတွက် ကျေးဇူးတင်နေလေသည် ။
မူလက သူ့အကြံက လှေနဲ့ခရီးသွားကြဖို့ဖြစ်ပေမဲ့ မြစ်ထဲမှာရေခဲတွေအများကြီး ရှိနေသေးတာကို သူတွေ့လိုက်ရသည် ။ ရေခဲပြင်က အရမ်းမထူသော်လည်း လှေလှော်ဖို့ရာတော့ ခက်ခဲပေလိမ့်မည်မှာသေချာသည် ။ လုံကျိုးမျိုးနွယ်စုမှာ အိမ်မွေးတိရစ္ဆာန်အနည်းငယ် ရှိကြလေပြီး ၎င်းတို့ကိုလည်း ဘယ်တော့မှအလဲအလှယ်မလုပ်ကြလေရာ နောက်ဆုံး သူတို့ခြေကျင်သွားဖို့သာ ဆုံးဖြတ်လိုက်ကြသည် ။
အခြားလူလေးယောက်ကလည်း သူတို့နဲ့ပူးပေါင်းလာ
လေသည် ။ ထို့ကြောင့် ချာချာက သူတို့ကိုအရင်ကလိုသယ်မသွားနိုင်တော့ပေ ။ ထို့ပြင် ယန်ကျစ်နဲ့အခြားသူများက မြန်မြန်သွားလာရတဲ့အခါ သူတို့နတ်စွမ်းအင်များမနိုးထသေးသည့်အတွက် မောပန်းလာသည်ကို တွေ့ရသည် ။ ထို့ကြောင့် သူတို့အတော်လေး နှေးနေကြခြင်းဖြစ်သည် ။
နေ့တဝက်လောက် လမ်းလျှောက်ပြီးသည့်နောက်မှာ ရှောက်ရွှမ်ကအားလုံးကိုနားခိုင်းလိုက်ဖို့ ရပ်လိုက်သည် ။
“ ဒီမှာဆို ငါတို့ လုံကျိုးမျိုးနွယ်စုကနေလုံးလုံးထွက်လာခဲ့ပြီပေါ့ ၊ ဟုတ်တယ်မလား “
“ ဖြစ်နိုင်တယ် ၊ အရင်က မျိုးနွယ်စုကနေ ဒီလောက်ဝေးဝေးအထိ မလာဖူးသေးဘူး “
သေချာတွေးကာ ယန်ကျစ်ကပြောလေသည် ။
“ ဒါပေမဲ့ အရင်က ဒီလောက်အဝေးကြီးသွားရင် လှေ
နဲ့သွားတာပဲ “
သူတို့တခါက ထွက်ခွာရမှာ အလိမ်ခံရပြီး လုံကျိုးမျိုးနွယ်စု အဝေးမှာ သူတို့ ဒုက္ခရောက်ရလေသည် ။ သူတို့သာ ကံဆိုးလျှင် လုံကျိုးမျိုးနွယ်စုက လေလွင့်သူများ နယ်ပယ်သို့ အန္တရာယ်ကင်းကင်း ပြန်ရောက်ဖို့မဖြစ်နိုင်တော့ပေ ။
သို့ပေမဲ့ ဒီအချိန်မှာတော့ သူတို့ခံစားချက်များကွဲပြားကြလေသည်။
ကျောက်ဝူက ပတ်ပတ်လည်ကိုကြည့်ကာ တောင်များမှာလည်း အဖြူရောင်များဖုံးလွှမ်းနေသည်ကိုလည်းတွေ့ရသည် ။ တောင်ရဲ့အချို့နေရာများမှာ အရည်ပျော်သွားပြီး တချို့ကျောက်တုံးနဲ့အပင်များပေါ်လာလေသည် ။ အကယ်၍ ရာသီဥတုသာ ငါးရက် ၊ ခြောက်ရက် သာယာနေသေးလျှင် ပိုပြီးပေါ်ထွက်လာပေလိမ့်မည် ။
ဒီက ရာသီဥတုမှာ မျိုးနွယ်စုမှာထက်ပိုကောင်းပြီး အခုအချိန်မှာတော့ ထိုနေရာမှာဆိုလျှင် လေထန်ကာနှင်းကျနေပေလိမ့်မည် ။
လင်းယုန်ငှက်ရဲ့အော်သံကိုလေထဲမှာကြားလိုက်ရပြီး ထိုအသံက ခါတိုင်းအော်သံများနှင့် အတူတူဟုထင်ရသည် ။ သို့ပေမဲ့ ရှောက်ရွှမ်ကသာ ချာချာ ပုံမှန်မဟုတ်တာ တခုခုတွေ့ထားမှန်းကိုသိသူဖြစ်ခေသည် ။ အကြောင်းမှာ သူက ရှောက်ရွှမ် နဲ့ရင်းနှီးသောကြောင့်ပင် ။
“ တစ်ယောက်ယောက် လာနေတယ် “
ရှောက်ရွှမ်ကပြောလေသည် ။
အနားယူနေတဲ့သူအားလုံး တခါတည်း နိုးကြားသွားကြလေသည်။
“ ဘယ်သူလဲ “
ယန်ကျစ်က မေးလေသည် ။
ရှောက်ရွှမ်က ကောင်းကင်ကိုမော့ကြည့်ပြီးနောက် လုံကျိုးမျိုးနွယ်စု ရှိရာဘက်ကို ကြည့်လိုက်သည် ။
“ လုံကျိုးမျိုးနွယ်စုကလူတွေလား “
ယန်ကျစ်က ကြံရာမရ မေးလေသည် ။
“ သူတို့ကဆောင်းတွင်းမှာ အပြင်ထွက်ခဲကြတယ် “
“မဟုတ်ဘူး ၊ လုံကျိုးမျိုးနွယ်စုက လူမဟုတ်ဘူး “
ရှောက်ရွှမ် ကပြောလေသည် ။
“ ခရီးသွားတွေများလား “
၎င်းကိုကြားရတဲ့အခါ ယန်ကျစ်နဲ့အခြားသူများ စိုးရိမ်ပူပင်ကြလေသည် ။
“ သူတို့ ငါတို့ကိုသတ်ဖို့ ဒီလိုက်လာကြတာလား “
နှင်းမကျတော့လျှင်ပင် ရာသီဥတုက အလွန်အေးခဲနေဆဲပင် ။ ထို့ကြောင့် ကျောက်ဝူက သူတို့နောက်လိုက်လာသည်ကို မယုံနိုင်ပေ ။
ကောင်းကင်ပေါ်တခါကြည့်ကာ ရှောက်ရွှမ်က ယန်ကျစ်နဲ့အခြားသူများကိုပြောလေသည် ။
“ ပုန်းဖို့နေရာရှာထားကြ “
“ မင်းကကော “
ယန်ကျစ်ကမေးလေသည် ။
“ ငါ့ကိုစိတ်မပူပါနဲ့ “
ရှောက်ရွှမ်ကပြောလေသည် ။ ယန်ကျစ်က သက်ပြင်းချသည် ။ သူတို့အားလုံး အကူအညီမဲ့နေသလိုခံစားရပြီး အလွန်စိတ်ဓာတ်ကျနေလေသည် ။
သို့ပေမဲ့ သူတို့ကရှောက်ရွှမ်ပြောသည့်အတိုင်းလုပ်ကြလေသည် ။ သူတို့သာ ထိုသို့မလုပ်လျှင် သူတို့က ရှောက်ရွှမ်ကို အနှောင့်အယှက်များသာ ဖြစ်မည်ဖြစ်ပြီး အသတ်ခံရလိမ့်မည် ။
ရှောက်ရွှမ်နဲ့ ထိုနေ့က လေလွင့်သူများ နယ်မှာ ရင်ဆိုင်ခဲ့သော ဟော်ချိုးက ထိုနေရာတွင်ဖြစ်သည် ။ သူက သူတို့နောက်ကိုလိုက်လာသည့်အဖွဲ့ကို ဦးဆောင်လာသည် ။
ထိုနေ့က ဟော်ချိုးက လေလွင့်သူများနယ်ပယ်ကနေ သူ့လူများနဲ့ပြန်လာသောအခါ အခြေအနေများအကြောင်း ပြန်သတင်းပို့သည်တွင် ခရီးသွားအဖွဲ့ခေါင်းဆောင်က သူ့ကိုဆူဆဲရိုက်နှက်သာ့်အတွက် သူပိုစိတ်တိုလာလေသည် ။ သူပြန်သက်သာဖို့ နှစ်ရက်ပင် အချိန်ယူလိုက်ရသည် ။
သူက သူတိူ့ခေါင်းဆောင်က သူတို့ကို မီးတောက်ဦးချို မျိုးနွယ်စုက စစ်သည်တော်များကို သင်ခန်းစာကူ
ပေးလိမ့်မည်ဟု ထင်ထားခဲ့သည် ။ သို့ပေမဲ့ လုံကျိုးမျိုးနွယ်စုက လူတော်တော်များများ သူတို့ကိုလာရောက်ရှာဖွေကြလေရာ ခရီးသွားအဖွဲ့က အကြီးတန်းစစ်သည်တော်များက တားဆီးကြရလေသည် ။ ထို့ကြောင့် ဟော်ချိုးကိုယ်တိုင်ပဲ သူတို့နောက်ကို လိုက်ရတော့သည် ။ နှင်းထဲမှာ ခြေရာများ ကျန်ခဲ့သေးသည် ။ ခြေရာများမှာ မပြတ်သားသော်လည်း သူတို့ခြေရာမှန်း ဟော်ချိုးသိသည် ။
လေလွင့်သူများခြေရာများက စစ်သည်တော်များနှင့်မတူပေ ။
သို့ပေမဲ့ သူက ရှောက်ရွှမ်ပါ ရှိသလားကိုတော့ မသိပါချေ ။
ရှောက်ရွှမ်ကို တွေးမိကာ ဟော်ချိုး အနည်းငယ်တော့ ထိတ်လန့်မိသွားသည် ။ ဒါပေမဲ့ သူက ခဏမျှသာ တုံ့ဆိုင်းသွားပြီး သူတို့နောက်ကို ဆက်လိုက်လေသည် ။ သူတို့ကို သူမနိုင်လျှင်ပင် သူတို့ရှေ့ဆက်သွားမှာကို တားထားနိုင်ပြီး သူတို့ခေါင်းဆောင် လိုက်
လာမှာကို စောင့်နိုင်လေသည် ။
ဟော်ချိုးက သူတို့ရှေ့မသွားအောင် တားထားနိုင်သည်ဟု သူ့ကိုယ်သူ ယုံကြည်ထားသည် ။ ထိုအကြောင်း တွေးနေစဥ်မှာ ဟော်ချိုးက ရုတ်တရက် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည် ။
“ သတိထားကြ “
ဟော်ချိုးကပြောလေသည် ။
သူတို့အရှေ့ကို အပင်ပေါ်က တယောက်ယောက် ခုန်ချလာလေသည် ။
ဟော်ချိုးက သူ့ကို သေချာမမြင်ရပေ ။ သူ့အရှေ့ကလူမျညး ကန်ထုတ်ခံရပြီး တချို့ကိုသူ့ဆီ လှမ်းပစ်ပေါက်လိုက်သည်။
ဟော်ချိုးက သူ့ဆီကိုလှမ်းပစ်တဲ့လူများကို ရှောင်ရှား
လိုက်ပေမဲ့ သူ့နောက်ကလူတွေကတော့လှုပ်ရှားမှုနှေးကြလေရာ သူတို့ကိုခိုက်မိသွားတော့သည် ။ သူတို့အားလုံးလဲကျသွားပြီး နှင်းပုံထဲကိုလိမ့်သွားကြသည် ။
သူ့နောက်ကလူတွေကို လစ်လျူရှူလိုက်ပြီး ဟော်ချိုးက မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုလူက အလွန်စွမ်းအားကြီးလေသည်။
မြန်သည် ၊
အလွန်မြန်လေသည် ။
ဟော်ချိုးက သူ့မျက်နှာကို သေချာ မမြင်လိုက်ရပေမဲ့ သူကျောက်ဓားကို ဆွဲထုတ်လိုက်တာကိုတော့ မြင်လိုက်ရသည် ။ သူက ဓားကိုတားဆီးခုခံဖို့ လက်ထဲက သူ့ရဲတင်းကို မြှောက်လိုက်လေသည်။
ဗုန်း
သူ့ကျောက်ရဲတင်းမှာ နှစ်ပိုင်းဖြတ်ခံရပြီး အက်ကွဲကြောင်းများပေါ်လာလေသည် ။
ကျောက်ရဲတင်းကို ကိုင်ထားရင်း အားပြင်းတဲ့ရိုက်ချက်ကြောင့် ခြေနှစ်လှမ်းနောက်ဆုတ်လိုက်ရပြီး သူ့မျက်နှာလည်းမည်းမှောင်သွားသည် ။ ကျောက်ရဲတင်းကိုရိုက်ခတ်မှုကြောင့် သူ့ကိုယ်ထဲက နတ်စွမ်းအင်တက်လာအောင် မြင့်တင်လိုက်သည် ။ သူ့လက်မောင်းကကြွက်သားများက အားပြင်းတဲ့ရိုက်ချက်ကြောင့် ထုံသွားလေသည် ။ ရဲတင်းကိုကိုင်ထားတဲ့လက်မှာ အတော်တုန်ယင်နေပြီး ရဲတင်းလွတ်ကျတော့မလိုဖြစ်နေလေသည် ။
အားကြီးလိုက်လေ...။
သူ့ကို ရိုက်လိုက်တဲ့လူကိုကြည့်ကာ ဟော်ချိုး ပို ပြီး အံ့သြကြောက်ရွံ့သွားသည် ။
ဒါ ရှောက်ရွှမ် ပင် ။
ဟော်ချိုးက သူ့ကို လေလွင့်သူများ နယ်ပယ်မှာတုန်းက အနိုင်ယူလိုက်သည့် ရှောက်ရွှမ်မျက်နှာပေါ်က အထက်စီးဆန်တဲ့အကြည့်ကို သူမှတ်မိနေသေးသည် ။ သို့ပေမဲ့ ယခု ရှောက်ရွှမ်မျက်နှာက အထက်စီးမဆန်တော့ပေ ။ သူရဲ့ခရီးသွားအတွေ့အကြုံများခြင်းရဲ့အကျိုးကြောင့် သူကအခြားသူများထက် အာရုံခံစားမှုပိုသာလေသည် ။ တနည်းပြောရရင် သူ ဓားကိုတားချင်မှတားနိုင်ပေမည် ။
သူက သူ့စွမ်းအားကို မထုတ်သေးပေ ၊ ထို့ကြောင့် ရှောက်ရွှမ် ပိုလို့တောင် စိုးရိမ်လာသည် ။
ဟော်ချိုးမတုံ့ပြန်နိုင်ခင်မှာ ရှောက်ရွှမ်က သူ့ဗိုက်အောက်ပိုင်းကို ကန်လိုက်လေသည် ။
ပြင်းလှသည့်အားက ဟော်ချိုးခြေထောက်များကို အားပျက်သွားစေသည် ၊ သူမတ်တပ်ရပ်ဖို့ ကြိုးစား
ပေမဲ့ သူအားနည်းလာပြီး နောက်ကိုခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရသည် ။ ကန်ချက်ကြောင့် သူ့ခါးမှာကုန်းသွားပြီး သူနေ့လည်ကစားလာတဲ့အသားကင်များ အန်ထွက်လာလေသည် ။
သူ ကြောက်နေသော်လည်း ဒီအားပြင်းတဲ့ရိုက်ချက်ကြောင့် သူ ဒေါသထွက်လာသည် ။ သူ့ဒေါသကို သူမထိန်းနိုင်တော့လေရာ သူ့ကိုယ်သူ ဟန်ချက်ပြန်မညီခင်မှာ ရှောက်ရွှမ် ခါးကို ရဲတင်းနဲ့ ပြန်ခုတ်လိုက်လေသည် ။
သူက သူ့ဆီပစ်ဝင်လာတဲ့ ရဲတင်းကိုရှောင်လိုက်ရာ သူ့ကိုမထိတော့ပဲ သူ့အနောက်ကသစ်ပင်ကို ခုတ်မိပြီး သစ်ပင်မှာလဲကျသွားလေသည် ။
သူ့နောက်က လဲသွားတဲ့အပင်ကို လစ်လျူရှုပြီး ရှောက်ရွှမ်က သူ့အားတွေကိုဆင့်ခေါ်ထုတ်လိုက်ပြီး ဟော်ချိုးကို ပိုပြီးအားပြင်းပြင်းနဲ့ရိုက်လိုက်သည်။
ကျောက်တုံးများ တိုက်မိသံ ၊ သစ်လုံးကျိုးသွားသံများက တချိန်တည်းထွက်ပေါ်လာသည် ။ ကျောက်ရဲတင်းရဲ့ သစ်သားလက်ကိုင်မှာ အားပြင်းတဲ့တိုက်ကွက်ကြောင့် ကျိုးပဲ့သွားလေသည် ။
ရှောက်ရွှမ်ရဲ့ ဒုတိယရိုက်ချက်မှာ တနေရာတည်းကိုဖြစ်ပြီး သူ့ကျောက်ရဲတင်းမှာ ပိုပြီး အက်ကွဲသွားသည်။
သူ့လက်ထဲမှာကိုင်ထားတဲ့ ကျောက်ဓားမှာလည်း တုန်ရီနေပြီး ကျောက်ရဲတင်းမှာလည်းတုန်ရီနေသည် ။ ထို့နောက်မှာတော့ ကျောက်ရဲတင်းက လုံးလုံးအက်ကွဲသွားသည် ။
ကျောက်ရဲတင်း နှစ်ပိုင်းက မြေပေါ်ကျမသွားခင်မှာ ရှောက်ရွှမ်က ဆွဲကာ သူ့ဆီပြေးလာတဲ့သူဆီကို ပစ်လိုက်လေသည် ။ လှံတံနဲ်လူကာ ကျောက်ရဲတင်းတပိုင်းကို မကာနိုင်လိုက်ဘဲ မြေပေါ်လဲကျသွားလေသည် ။
တခြား အခြမ်းကိုတော့ ရှောက်ရွှမ်က ဟော်ချိုးဆီကို ပစ်ကန်လိုက်ရည သူ့ရင်ဘတ်တည့်တည့်ကိုထိမှန်သွားလေသည် ။
ဗုန်း
ကျောက်တုံးက သူ့ရင်ဘတ်ကိုမှန်ကာ အရိုးများကျိုးသွားသံကိုပင်ကြားလိုက်ရသည် ။ ဟော်ချိုးမှာ နောက်ပြန်လန်သွားပြီး နှင်းတွေထဲကို မီတာအနည်းငယ်လောက်ချော်လဲသွားသည် ။ ဒီတကြိမ်မှာတော့ သူ အစာတွေမအန်ဘဲ သွေးအန်နေလေသည် ။ သူ့ဗိုက်၊ရင်ဘတ်နဲ့ သူ့တကိုယ်လုံးနာကျင်နေသည်ကို ခံစားရလေသည် ။ အားပြင်းသည့်ထိချက်ကြောင့် သူ့လက်မောင်းတခုလုံး ထုံနေပြီး တဖန်ပြန်နာလာလေသည် ။ သူ့တကိုယ်လုံးနာကျင်နေပြီး ခဏလောက်ပင်သတိလစ်သွားသည် ။
ဟော်ချိုး သတိပြန်လည်လာတဲ့အခါ ဆယ်ယောက်
ထဲက သုံးယောက်ကသာ သူ့ကိုဝန်းရံပေးထားပြီး တိုက်ခိုက်ဖို့တော့ အလွန်ကြောက်နေလေသည် ။
ဟော်ချိုးက ယခု အလွန်နောင်တရနေလေသည် ။ သူ ရှောက်ရွှမ် ဒီလောက်အားကြီးမည်ဟု ထင်မထားမိပေ ။ သူ့အစီအစဥ်က သူတို့ရှေ့ဆက်မသွားအောင်တားဖို့ဖြစ်ပြီး မထင်ထားပဲ သူတို့က သူ့တိုက်ခိုက်မှုကိုပင် မတားဆီးနိုင်ပဲ သူ့ကိုရပ်တန့်ဖို့ ဘာမှထပ်မလုပ်နိုင်တော့ပေ ။ သူအကောင်းဆုံး ကြိုးစားခဲ့သည်။
မြေပေါ်လဲကျသွားပြီး ဟော်ချိုးနောက်တခါ သွေးအန်ပြန်လေသည် ။ သို့ပေမဲ့ သတိတော့မေ့မသွားပေ ။ ကြောက်ဒူးတုန်နေသည့် ခရီးသွားသုံးယောက်ကိုလစ်လျူရှူကာ သူက ရှောက်ရွှမ်ကိုဒေါသတကြီး ကြည့်လိုက်သည် ။
“ မင်း စောင့်..မင်းတို့အားလုံး...စောင့်..စောင့်..ငါတို့ “
သူပြောနေရင်း ချောင်းဆိုးနေလေသည် ။
သူ စကားမဆုံးခင်မှာပင် အကြိမ်ကြိမ်ချောင်းဆိုးလာပြီး သူ စကားဆက်မပြောနိုင်တော့ပေ ။ သူက လုံကျိုးမျိုးနွယ်စု လှေပေါ်မှာ ခရီးသွားအဖွဲ့ခေါင်းဆောင် ရိုက်တာကိုလည်းခံခဲ့ရပြီး ဒဏ်ရာများမှာ အပြည့်အဝမကောင်းသေးပေ ။ သူယခု ပြင်းပြင်းထန်ထန် ဒဏ်ရာရလေရာ စကားပင်ကောင်းကောင်း မပြောနိုင်တော့ပေ ။