← Chapters

တိရှန်မျိုးနွယ်စု

Vol. 14 Ch. 208

တိရှန်မျိုးနွယ်စု

Vol. 14 Ch. 208

ဟော်ချိုး အဝေးကိုကြည့်လိုက်တဲ့အခါ ရှောက်ရွှမ်က ဒူးတုန်နေတဲ့သုံးယောက်ကို ကြည့်နေသည်ကိုတွေ့လိုက်ရသည် ။ ဟော်ချိုးတို့အဖွဲ့မှာ လူ ဆယ်ယောက်ပါပြီး ငါးယောက်ကို ရှောက်ရွှမ်ကသတ်လိုက်ပြီး တစ်ယောက်ကို လွှတ်ပေးလိုက်သည် ။ ထိုလူက ရှောက်ရွှမ်ရဲ့အနောက်ဘက်ကိုပြေးနေပြီး သူပြေးရာဘက်မှာ ယန်ကျစ်နဲ့အခြားသူများကပုန်းနေကြသည်။

ရှောက်ရွှမ်က ထိုလူကိုတမင်သွားခိုင်းလိုက်တာဖြစ်သည် ။ ထိုလူမှာ အငယ်တန်းစစ်သည်တော်လေးသာဖြစ်သည် ။ သူ့မှာ ဒေါသထွက်နေတဲ့အကြည့်များရှိသော်လည်း သေသွားသူများနှင့်ယှဥ်ရင် သူကတုံ့ဆိုင်းတတ်လေသည် ။ သိသိသာသာပင် သူ သေရမှာကြောက်နေသည် ။

ထိုသူက အခြားသူများလောက် ပြတ်သားခြင်းမရှိလေရာ ယန်ကျစ်နဲ့သူ့လူ တွေကို လေ့ကျင့်ပေးလိုက်တာ ပိုကောင်းသည် ။

ဒီမှာ ရပ်နေတဲ့သုံးယောက်အတွက်ကတော့...

ခရီးသွားသုံးယောက်က သူတို့ကိုရှောက်ရွှမ်ကြည့်နေမှန်း သတိထားလိုက်မိသည့်အတွက် ပိုပြီးတောင်မှ ကြောက်ဒူးတုန်လာလေသည်။ သူတို့ခြေထောက်များပျော့ခွေလာပြီး ဒူးထောက်ကျတော့မလို ဖြစ်လာလေသည် ။ သူတို့က တခါတည်းထွက်ပြေးချင်ပေမဲ့ ရှောက်ရွှမ်က ကြည့်နေသောအခါ သူတို့မှာ သတ္တိလုံးဝမရှိတော့ပေ ။

“ မင်းတို့ ဘယ်မျိုးနွယ်စုကလဲ “

ရှောက်ရွှမ် ကမေးသည် ။

ရှောက်ရွှမ် မေးတာ မပြီးသေးခင်မှာ ဟော်ချိုးက စကားမဆုံးသေးပေ ။

“ ငါ...ငါ..”

အလယ်က စဥ်းလဲတဲ့မျက်လုံးနဲ့လူက ဘယ်လိုဖြေရမလဲစဥ်းစားနေသည် ။

သူတွေးနေတုန်းမှာ အေးစက်စက်ကျောက်ဓားက သူ့လည်ကိုထောက်ကာ သူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်နေလေသည် ။

“ ကောင်းပြီ ၊ ငါပြောပါမယ် ၊ ငါပြောပါမယ်

ငါတို့က တိရှန် မျိုးနွယ်စု ကပါ ၊ ငါတို့အားလုံး တိရှန်မျိုးနွယ်စုကပါ “

အကြောက်တရားကြောင့် သူ့မျက်နှာက ဖျော့တော့သွားပြီး သူဘာမှမစဥ်းစားတော့ပဲ အကုန်ဖြေလိုက်

သည် ။

“ မင်းလည်း တိရှန်မျိုးနွယ်စုက ခရီးသွားပဲလား “

ရှောင်ရွှမ်က ထိုလူ့မျက်လုံးကိုကြည့်ကာမေးသည် ။

အမေးခံရတဲ့သူက ထပ်ကာထပ်ကာခေါင်းညိတ်ပြသည် ။

“ သွားခွင့်ပြုပါ..ကျေးဇူးပြုပြီး “

တယောက်က မြေပေါ်ဒူးထောက်လိုက်သည် ။

ရှောက်ရွှမ်က သူတို့အားလုံးကိုကြည့်ပြီးနောက် ထွက်သွားရန် လှည့်လိုက်သည် ။

သုံးယောက်သား အသက်ဝဝရှူလိုက်သည် ။ သူတို့ကိုဒီလိုပဲ ခြိမ်းခြောက်လိုက်တာလား ၊

ရှောက်ရွှမ်ရဲ့နောက်ကျောကို ကြည့်ကာ သူတို့မျက်လုံးထဲမှာ သွေးဆာနေတဲ့အရိပ်အယောင်များ ထွက်လာလေသည် ။ ခေါင်းဆောင်က ဒီကိုရောက်ရင် ဒီကလေးတွေကို ဂရုစိုက်ပေလိမ့်မည် ။

သုံးယောက်က ပြေးချင်ပေမဲ့ သူတို့ခြေတလှမ်း လှမ်းလိုက်တော့ သူတို့က လေအေးတချက်တိုက်သွားသလို ခံစားရပြီး သူတို့အနားဘာမှမရှိတော့ပေ ။

ဓားက သွေးများစီးကျနေပြီး ရှောက်ရွှမ်ကစကားမပြောနိုင်တော့တဲ့ ဟော်ချိုးကိုသတ်ပစ်လိုက်ပြီး ယန်ကျစ်တို့ဆီလမ်းလျှောက်သွားလိုက်သည် ။

အသံများကြားရသောအခါ ရှောက်ရွှမ်က အားလုံးအဆင်ပြေနေသည်ကို သိလိုက်သည် ။

သူမျှော်လင့်ထားသလိုပင် ရှောက်ရွှမ် ထိုကိုရောက်သောအခါ မြေပေါ်မှာလူတယောက်လဲနေပြီး ကြည့်ရတာ သတိမေ့နေပုံရသည် ။ ကျောက်တုံးများ ၊ မြှား

များပစ်ထားခံရပြီး ဓားများကြောင့် ဟက်တက်ပွင့်နေပေသည် ။

မီးတောက်ဦးချိုများ မျိုးနွယ်စုသားလေးယောက်မှာ အသက်ရှူရင်းဟောဟဲ ဆိုက်နေလေသည် ။

“ တော်တယ် “

ရှောက်ရွှမ်ကပြောသည် ။

ရှောက်ရွှမ်စကားများကြောင့် သူနဲ့အနီးဆုံးကျောက်ဝူက အားတက်သွားလေသည် ။ သူအရင်က လူသတ်ဖူးသော်လည်း သူ့အရင်ပြိုင်ဘက်များမှာ ပစ္စည်းများလုတတ်သည့် လေလွင့်သူများဖြစ်လေသည် ။ လေလွင့်သူများအကြား ရန်ပွဲက ပြင်းထန်တတ်ပြီး ရှုံးသူသည် အသတ်ပင်ခံရနိုင်သည် ။ သို့သော် ဒါကနေ သူရဲ့ပထမဆုံးအကြိမ် စစ်သည်တော်တယောက်နဲ့တိုက်ခိုက်ရခြင်းဖြစ်သည် ။

သူ့လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူ့လက်သီးက အားများကို ကျောက်ဝူခံစားကြည့်လိုက်သည် ။ သူက ရှောက်ရွှမ်ထက်အားနည်းသော်လည်း သူ့မှာယုံကြည်ချက်ရှိလေသည် ။ သူက သူပျက်နေတဲ့ဖိနပ်ဝတ်ထားတဲ့ သူ့ခြေထောက်ကိုမကည မြေပေါ်ကလူပေါ်ကိုနင်းလိုက်သည် ။ သူသေတာကိုအတည်ပြုပြီးနောက် အားရကျေနပ်မှုအပြည့်နဲ့ခေါင်းမော့လိုက်ပြီး အခြားသူ့လိုလူသေများရှိသေးသလား ပတ်ပတ်လည်ကို ကြည့်လိုက်သည် ။

“ ကောင်းပြီ ၊ ငါတို့ဒီကနေ မြန်မြန်သွားမှဖြစ်မယ် ငါတို့နောက်ကို လိုက်လာတဲ့သူတွေအများကြီးရှိတယ် ၊ သူတို့ထဲမှာ အကြီးတန်းစစ်သည်တော် အချို့လည်းပါတယ် ၊ ငါတို့ သူတို့နဲ့တိုက်လို့မဖြစ်ဘူး ၊ မင်းတို့တိုက်ခိုက်ချင်တယ်ဆိုရင် မျိုးနွယ်စုကိုပြန်ရောက်ပြီး နတ်စွမ်းအင်နိုးထလာမှ ကြိုက်တဲ့အချိန် တိုက်လို့ရတယ် “

ရှောက်ရွှမ်ကပြောလေသည် ။

လေးယောက်က သူတို့အချင်းချင်း ကြည့်ကာ သူတို့မျက်လုံးထဲမှာ မျှော်လင့်ချက်များ မြင်နေရလေသည် ။

သူတို့ဘိုးဘေးအဆက်ဆက်မှာ မျိုးဆက်ပေါင်းများစွာ လေလွင့်သူများအဖြစ်ခံစားခဲ့ရလေပြီး နောက်ဆုံးမှာတော့ ပိုကောင်းတဲ့ဘဝရဖို့ မျှော်လင့်ချက် ရှိလာလေသည် ။

ပထမဆုံးအကြိမ်အနေနဲ့ သူတို့ရင်ထဲက မီးတောက်ကို ဖုံးကွယ်ထားရသည့်အတွက် သူတို့ကိုယ်က သွေးများ ဆူပွက်လာသည်ကိုခံစားရလေသည် ။

သူတို့နောက်က လိုက်လာတဲ့ ခွန်အားကြီးတဲ့ခရီးသွားတွေကို ရှောင်ရှားဖို့ ရှောက်ရွှမ်က မြန်မြန်အဝေးကိုပြေးဖို့ဆုံးဖြတ်လိုက်သည် ။

ခရီးသွားတွေကသာ သူတို့နောက်ကို လိုက်နေသေးရင် သူတို့သတိထားဖို့ လိုအပ်သည် ။ သူတယောက်

တည်းသာဆိုရင်ကြောက်နေမည်မဟုတ်ပဲ သူ့နောက်လိုက်လာတဲ့သူများကိုတယောက်ချင်း သတ်ပစ်နိုင်လေသည် ။ ဒီလမ်းကို အရင်ကလာတုန်းက သူ ဝမ်ရှစ်မျိုးနွယ်စုကလူများကို သူသတ်ခဲ့သေးသည် ။ သို့ပေမဲ့ သူ ယခု ယန်ကျစ်နဲ့အခြားသူများ လုံခြုံရေးကို ဦးစားပေးဖို့လိုအပ်သည်။

ရှောက်ရွှမ်က ယန်ကျစ်နဲ့အခြားသူများကို တနေရာသို့ဦးဆောင်သွားပြီး ချာချာက တတောင်ကနေ တတောင် ကူးလူးပျံသန်းပေးသည် ။ ချာချာက တကြိမ်စီမှာ လူနှစ်ယောက် သုံးယောက်နဲ့ ခရီးတိုပျံသန်းနိုင်လေသည် ။

ဒီနည်းနဲ့ပဲ သူတို့နှင်းထဲက ခြေရာတွေကို ခြေရာခံလိုက်နေတဲ့သူတွေဆီကနေ ယာယီရှောင်ရှားနိုင်သည် ။

ချာချာက ထိုသို့အကြိမ်များစွာပြုလုပ်လေသည် ။ ထို့နောက် သူတို့က ရာသီဥတုကောင်းတာကို အမြတ်

ထုတ်ကာ သူတို့ခရီးကိုရက်အနည်းငယ်လောက်ဆက်သွားကြသည် ။ သူတို့နောက်က လိုက်လာတဲ့သူများနဲ့လည်း မဆုံရတော့ပေ ။

ယန်ဆွေ့က နှင်းနောက်တခါထပ်ကျတော့မည့်အကြောင်းပြောသည် ။ ဒီတချိန်တော့ နှင်းကျတာ ပိုကြာပြီး ဆယ်ရောက်လောက်အထိဖြစ်နိုင်လေသည် ။ နှင်းထူထပ်ဖို့လည်း များလေသည် ။

ရှောက်ရွှမ် တယောက်တည်းသာဆိုရင် နှင်းကျတဲ့နေ့ဆိုရင်တောင် သူက ခရီးကိုရှေ့ဆက်သွားမည်ပင်ဖြစ်သည် ။ သို့ပေမဲ့ ယန်ကျစ်နဲ့အခြားသူများ ရှိနေရာထိုသို့လုပ်ဖို့မလွယ်ပေ ။ သူက ထိခိုက်ဒဏ်ရာမရကြစေဖို့အတွက် နှင်းကျနေချိန်မှာ နေဖို့ရာ အမိုးအကာတခုရှာဖို့ ဆုံးဖြတ်လိုက်သည် ။

နှင်းမကျခင်တရက်အလိုမှာ ရှောက်ရွှမ်က ဆက်မသွားတော့ပဲ ချာချာနဲ့အတူ ဂူတခုရှာလေသည် ။

သူ ဂူရှာနေတုန်းမှာ ရှောက်ရွှမ်က အရွက်မဲ့အပင်တချို့ကို ခြုံပုတ်များမှ ဖြတ်ယူပြီး အချို့အပင်များကို ဟိူဟိုဒီဒီ ချိုးပစ်လိုက်သည် ။ ယန်ကျစ်နဲ့ အခြားသူတွေကတော့ ရှောက်ရွှမ် ဆေးဖော်ဖို့ဟုတွေးကြပေမဲ့ ရှောက်ရွှမ်က ရှင်းမပြတော့ပေ ၊ အချိန်တန်ရင်သိလိမ့်မည် ။

နောက်ဆုံးတော့ ရှောက်ရွှမ်က သိပ်မကြီးသော ဂူတခုကို တောင်နံရံမှာတွေ့လိုက်လေသည် ။ ၎င်းမှာ လူ၆ယောက် နားဖို့တော့ လုံလောက်အောင်ကျယ်ပါသည် ။

ထိုအထဲမှာ ဆောင်းခိုနေတဲ့ဝက်ဝံတကောင်ရှိသော်လည်း ယခု ဟင်းအိုးထဲရောက်သွားလေသည် ။

ဂူထဲကိုမဝင်ခင်မှာ ရှောက်ရွှမ်ကသူယူလာတဲ့ပစ္စည်းများကို မီးရှို့လိုက်ပြီး မီးကို အပြင်ထုတ်ကာ ဂူကို မီးခိုးတိုက်လိုက်သည် ။

ယန်ကျစ်နဲ့အခြားသူများက ဂူထဲကနေ အင်းဆက်တွေအများကြီး ပြေးထွက်လာကြသည်ကိုတွေ့ရသည် ။

အမှန်တော် မီးတောက်ဦးချိုမျိုးနွယ်စုက မည်သူပမှ အင်းဆက်တွေကိုအဝေး မောင်းထုတ်ဖို့ ထိုအပင်များကိုမသုံးပေ ။ အကြောင်းမှာ အခြားအပင်များကဲ့သို့ ထိရောက်မှု မရှိသည့်အတွက်ဖြစ်သည် ။ သို့ပေမဲ့ အင်းဆက်တွေကိုသတ်ဖို့ ထိရောက်တဲ့ သင့်တော်တဲ့အပင် မတွေ့ပါပေ ။ ထို့ပြင် ဆောင်းတွင်းမှာ အပင်ကမကြွေရသေးသော အရွက်များရှာဖို့အလွန်ခက်လေသည် ။

အကုန် အဆင်သင့်ဖြစ်သောအခါ ရှောက်ရွှမ်က မီးမွှေးလိုက်သည် ။ လူခြောက်ယောက်က မီးပုံဘေးနားဝိုင်းထိုင်လိုက်ပြီး စကားပြောကြသည် ။

“ တိရှန် မျိုးနွယ်စု အကြောင်းကြားဖူးကြလား “

ရှောက်ရွှမ်ကမေးလိုက်သည် ။

“ တိရှန်မျိုးနွယ်စုလား ၊ ငါ ကြားဖူးပေမဲ့ သေချာတော့ မမှတ်မိဘူး ၊ ဒါပေမဲ့ ထျန်းရှန်မျိုးနွယ်စုကတော့ ကျော်ကြားတယ် ၊ အလယ်ပိုင်းမှာ အားအကြီးဆုံးမျိုးနွယ်စုထဲကတခုပဲ “

ယန်ဆွေ့ကပြောလေသည် ။

“ တိရှန်မျိုးနွယ်စု နဲ့ ထျန်းရှန်မျိုးနွယ်စုက ဆက်စပ်နေတာလား ၊ သူတို့အချင်းချင်းကော မဟာမိတ်တွေလား “

ယန်ကျစ်ကမေးသည် ။ သူက မျိုးနွယ်စုဆီကို ပြသာနာတွေယူလာမိမှာကို စိုးရိမ်နေသည် ။ မျိုးနွယ်စု နှစ်ခုလုံးမသေးလေရာ သူတို့က မျိုးနွယ်စုကို ပြသာနာကြီး ဖြစ်စေသည် ။ မျိုးနွယ်စုဆီပြန်မလာခင်မှာ သူတို့ပြသာနာဖြစ်ပြီးသားဖြစ်နေလျှငိ သူတို့ကို မျိုးနွယ်စုကကော လက်ခံပါ့မလား ။

ယန်ကျစ်အပြင် အခြားသူများလည်း ပူပင်နေကြသည် ။

ယန်ဆွေ့က ခေါင်းကိုခါလိုက်သည်။

“ တိရှန်မျိုးနွယ်စုကသာ ထျန်းရှန်မျိုးနွယ်စု လိုအားကြီးရင် နာမည်ကြီးနေမှာပေါ့ “

“ ဒါပေမဲ့ သူတို့နာမည်တွေက ဆက်စပ်နေတော့ ထျန်းရှန်မျိုးနွယ်စုက တိရှန်မျိုးနွယ်စုတွေကို အကူအညီပေးနေတာများလား “

ကျောက်ဝူက ပြောလေသည် ။

“ အများကြီးမတွေးပါနဲ့ ၊ အခုအရေးကြီးဆုံးက မျိုးနွယ်စုကိုဘယ်လိုပြန်မလဲဆိုတာပဲ ၊ မျိုးနွယ်စု အလယ်ပိုင်းကိုပြောင်းတဲ့အခါကျရင် ထျန်းရှန်မျိုးနွယ်စုက ဝင်ပါမယ်ဆိုရင်တောင် ငါတို့ကြောက်နေဖို့မလိုတော့ပါဘူး “

ရှောက်ရွှမ် ကပြောလေသည် ။

မီးတောက်ဦးချို မျိုးနွယ်စုမှ လူများမှာ အားကြီးသောပြိုင်ဖက်များကြောင့် ပြိုကွဲသွားဖို့မဖြစ်နိုင်ပေ ။ အချုပ်ပြောရရင် သူတို့က စိတ်လှုပ်ရှားတက်ကြွစွာနဲ့ပင် တိုက်ပွဲဝင်ကြပေမည် ။ သို့သော် မီးတောက်ဦးချို မျိုးနွယ်စုမှာလူနည်းနေသေးသည် ။ မျိုးနွယ်စုက နေရာဟောင်းကိုပြောင်းရင် လေလွင့်သူတွေပိုလာနိုင်ပြီး မျိုးနွယ်စုအင်အားကလည်းအဖက်ဖက်ကတိုးတက်လာပေမည် ။

ဘာဖြစ်ဖြစ် ထိုကိစ္စများတွေးဖို့က စောပါသေးသည် ။ အရာအားလုံးက သူ့ပြန်အလာအပေါ်မှာမူတည်နေသည် ။

သားရေကျမ်းထဲမှာ ၎င်းကိုမှတ်တမ်းတင်ထားပြီး ရှောက်ရွှမ်က ပြန်ကာ နတ်ဆေးဆရာနဲ့ထိုအကြောင်းကို ဆွေးနွေးကြည့်လိုသည်။

“ ပြီးရင် ဘယ်ကိုသွားမလဲ “ ယန်ကျစ်ကမေးလေသည်။

“ ဒီကိုအရင်သွားမယ် “

ရှောက်ရွှမ် ကမြေပုံပေါ်က နေရာလေးကို လက်ညိုးထိုးပြလိုက်သည် ။

“ အခြား လေလွင့်သူအများကြီးကိုလည်း သွားခေါ်ရမယ် ၊ သူတို့ထဲက တစ်ယောက်နာမည်က ယန်ရှော တဲ့“

All Chapters