ယန်ရှောနဲ့တွေ့ခြင်း
Vol. 14 Ch. 209
ဝက်ဝံအသားဟင်းကို စားပြီးကြတဲ့နောက်မှာ သူတို့က မီးပုံလေးမှာ မြက်ခြောက်တချို့ကို ခြောက်သွားအောင် အပူပေးသည် ။ ထို့နောက် မြေပေါ်မှာ ဖြန့်ခင်းလိုက်ပြီး အပေါ်မှာ သားရေဖြန့်ခင်းကာ သူတို့အိပ်ဖို့ပြင်လိုက်ကြသည် ။
ယန်ကျစ်နဲ့ အခြားသူများက ရှောက်ရွှမ် လိုစွမ်းအားမပြည့်ကြလေကာ သူတို့စိတ်ပိုင်း၊ရုပ်ပိုင်း နှစ်ခုလုံးမှာ ပင်ပန်းနွမ်းနယ်နေပြီး သူတို့အနားယူဖို့လိုနေလေသည် ။
အင်းဆက်အများစုမှာ မီးခိုးနဲ့မောင်းထုတ်လိုက်သည့်အတွက် သူတို့အိပ်တဲ့အခါမှာ အကိုက်မခံရဘဲ အေးအေးဆေးဆေးအိပ်နိုင်လေသည် ။ ဂူအရိုင်းများထဲမှာ ရှိတဲ့အင်းဆက်အချို့မှာ သတိထားမိရန်ခက်ပြီး မနိုးထသေးသောသူများအတွက် အလွန်ဒုက္ခများတတ်လေသည် ။ သို့ပေမဲ့ သူတို့ယခု ၎င်းကိုစိတ်ပူ
ရန်မလိုတော့ပါပေ ။
သူတို့ ဂူကိုရှာမတွေ့ခင်မှာ သူတို့အခြားဂူအတော်များများကိုစစ်ဆေးကြည့်ခဲ့သေးသည် ။ ထိုဂူတွေထဲကို ယန်ကျစ်မဝင်ခင်မှာ ရှောက်ရွှမ်က သူတို့နေဖို့မသင့်တော်ဘူးဟုပြောသည် ။ အချို့ဂူများမှာ အင်းဆက်အများအပြားရှိပြီး အချို့မှာ လင်းနို့ဂူများဖြစ်ပြီး ကပ်ပါးကောင်မျိုးစုံနဲ့ လင်းနို့ချေးများလည်းရှိနေသည် ။ ထို့ကြောင့် သူတို့မနေကြခြင်းဖြစ်သည် ။
‘ ခရီးသွားအဖွဲ့နဲ့ ခရီးသွားဖူးတွေလိုပဲ သူ့မှာဂူတွေမှာနေတဲ့အတွေ့အကြုံ အတော်များတာပဲ ‘ လို့ ယန်ကျစ်နဲ့ အခြားသူများက တွေးကြသည် ။ ယန်ဆွေ့လည်းထိုသို့ပင်ဖြစ်သည် ။
ပြောရရင် သူတို့က ရှောက်ရွှမ်က ခရီးသွားအဖွဲ့နဲ့မသွားဖူးသည်ကိုသူတို့မသိကြပေ ။ သူက ကလေးတည်းက ဂူထဲမှာနေရသူဖြစ်ပြီး နောက်ပိုင်း အိမ်ကိုပြောင်းနေသော်လည်း မကြာခဏအမဲလိုက်ထွက်ရ
တာ ဂူထဲမှာနေရတတ်လေသည် ။
ဒီလို အားကြီးတဲ့အလယ်ပိုင်းမျိုးနွယ်စုတခုက အရင်ကထက်ပိုပြီး အကြမ်းထည်ဆန်ဆန် ဘဝမျိုးမှာနေနေမည်ဟု မည်သူမှမထင်ချေ ။ သူတို့က အိုးပင်မလုပ်နိုင်ပေ ။ သူတို့မှာ နည်းပညာများ ရှိပြီး လုပ်ဖို့ရာ မဖြစ်နိုင်သည် မဟုတ်သော်လည်း သူတို့ ဒီလိုလုပ်နိုင်ခြင်းကိုတားဆီးနေသော အချက်အလက်များ ရှိလေသည် ။ ထို့ကြောင့် အကြမ်းဆန်သော အားများနှင့် အမဲလိုက်စွမ်းရည်မှလွဲရင် အခြားများများစားစား ဘာမှမရှိပေ ။
ရှောက်ရွှမ်က ယန်ကျစ်နဲ့အခြားသူတွေရဲ့ မီးတောက်ဦးချိုများ မျိုးနွယ်စုရဲ့လက်ရှိ တကယ့်အခြေအနေကို သိလျှင် ဘယ်လိုခံစားရမလဲ သိချင်မိသည် ။
သူတို့ လုံကျိုးမျိုးနွယ်စုကထွက်လာကြတုန်းက ယန်ကျစ်နဲ့အခြားသူများက အိုးသုံးလုံးယူလာခဲ့ပြီး နှစ်လုံးမှာကွဲသွားကာ သူတို့တလုံးကိုသာ ယခုသုံးနေကြရသည် ။
ရှောက်ရွှမ် က အသားကင်ကိုစားကာ သားရဲတွေ ထပ်ရှာဖို့ နောက်တခါထွက်သွားလိုက်သည် ။ အသားမှာ ယန်ကျစ်နဲ့အခြားသူများအဖို့ လုံလောက်သော်လည်း သူ့အတွက်မလုံလောက်ပေ ။ အဆင့်မြင့် အသားများမဟုတ်လျှင် ထိုသားရိုင်းအမဲများက ရှောက်ရွှမ်ကိုမကျေနပ်စေပေ ။ ထို့ကြောင့် သူအရည်အသွေးရှိတဲ့အသားကို မရှာနိုင်လျှင် အရေအတွက်နဲ့ အစားထိုးရပေမည် ။
ထို့ကြောင့် ယန်ကျစ်နဲ့အခြားသူတွေ အိပ်မပျော်ခင် ရှောက်ရွှမ်က အသားစားနေပြီး သူတို့နိုးလာတဲ့အခါမှာလည်း အသားစားနေဆဲ ဖြစ်ပြီး သူ့ဘေးမှာတော့ အရိုးတွေအပုံလိုက်ဖြစ်နေလေသည် ။
ယန်ကျစ် “...”
ရှောက်ရွှမ်နဲ့ခရီး အကြာကြီးသွားပြီးတဲ့နောက်မှာ ယန်ဆွေ့က ထိုအခြေအနေကို အသားကျလာလေ
သည် ။ ရှောက်ရွှမ်ကော ချာချာကော အလွန်အစားကြီးကြလေသည် ။ ယန်ဆွေ့က သူတို့မျိုးနွယ်စုထဲမှာ ဘယ်လိုနေကြလဲကို တကယ်သိချင်လာသည် ။ သူတို့မျိုးနွယ်စုမှာ လယ်ကွင်းတွေနဲ့အိမ်မွေးတိရိစ္ဆာန်တွေပိုရှိကြသလား ၊ ယန်ဆွေ့ကမေးကြည့်ဖူးပေမဲ့ ရှောက်ရွှမ်ကမဖြေပဲ သူအသားများများမကြာမကြာစားတတ်သည်ဟုသာ ပြောသည် ။ မျိုးနွယ်စုမှာတူန်းကတော့ သူဒီလောက်အများကြီးမစားပေ ။
ယန်ဆွေ့က မီးတောက်ဦးချိုများ မျိုးနွယ်စုပုံမှန်အစားအစာမှာ သူတို့ရှောင်ရှားကြတဲ့ သားရဲဆိုးကြီးများဖြစ်သည်ကို မယုံနိုင်ပေ ။
“ သတင်းဆိုးပဲ “
ယန်ဆွေ့က ဆီးသွားဖို့အပြင်ထွက်ကြမည့် မီးပုံနားက လူများကိုပြောလိုက်သည် ။
“ ဘာလဲ ၊ နှင်းအကြာကြီးကျမှာလား “
ရှောက်ရွှမ်ကမေးလေသည်။
“ ဟုတ်တယ် “
ယန်ဆွေ့က မီးဖိုနားမှာ ဆောင့်ကြောင့်ထိုင်လိုက်သည် ။ သူ့လက်များနွေးအောင် မီးလှုံလိုက်ရင်းပြောသည် ။
“ ဆယ်ရက်လောက် နှင်းကျလိမ့်မယ် ၊ ပြီးရင်တော့ နှင်းကျတာရပ်သွားမယ် ၊ ဒါပေမဲ့ လင်းလင်းချင်းချင်း တော့မဟုတ်ဘူး၊ တရက်နှစ်ရက်လောက် တိမ်ထူပြီး နောက်ရက်ကျ နှင်းပြကျလိမ့်မယ် ၊ မင်း ဘယ်သွားမလဲအပေါ်မှာလည်း မူတည်သေးတယ် ၊ မိုးမျိုးနွယ်စုဘက်ကိုသွားရင်တော့ နှင်းကျတာ နည်းနည်းလာလိမ့်မယ် ၊ မင်းပြောတဲ့ဘက်ကို သွားရင်တော့ နှင်းဆက်ကျနေလိမ့်မယ် “
ရှောက်ရွှမ် ကတွေးပြီး ပြောလိုက်သည် ။
“ ငါတို့ပြောတဲ့ဘက်ကိုသွားရင် မြစ်ရေတွေခဲနေမှာလား “
“ အကုန်လုံးတော့ မခဲဘူး “
“ ဒါဆို တချို့တလေတော့ခဲမယ်ပေါ့ “
ရှောက်ရွှမ်က ထိုအကြောင်းကိုခဏလောက်တွေးပြီး ပြောသည် ။
“ ဒါဆို ငါတို့ ဒီမှာခဏလောက်နေကြရအောင် ၊ မြစ်ထဲကရေခဲတွေအရည်ပျော်မှပဲ ငါတို့က သွားလို့ရမှာ ၊ နှင်းကျတဲ့ရက်တွေမှာ မင်းတို့လှေတစင်းလုပ်နိုင်မလား ၊ အကြီးကြီးမဟုတ်ပါဘဓ ၊ လူတဒါဇင်လောက်စီးလို့ရမယ့်ဟာဆိုရင်ရပါပြီ “
“ ကိစ္စမရှိပါဘူး ၊ ဒါပေမဲ့ ငါပစ္စည်းနည်းနည်းတော့လိုတယ် “
ယန်ကျစ်ကပြောသည် ။
“ လိုတာသာပြောပါ ၊ ငါကြိုးစားရှာပေးမယ် “
ရှောက်ရွှမ် ကပြောသည် ။
လုံကျိုးမျိုးနွယ်စုကိုမသွားခင်က ရှောက်ရွှမ်က လုံကျိုးမျိုးနွယ်စုက သင်္ဘောတည်ဆောက်ခြင်းစွမ်းရည်ကို သင်ယူဖို့တွေးထားခဲ့သည် ။ ပြောရရင် သူအရင်သိခဲ့တဲ့လောကနဲ့လုံးဝကွာခြားလေရာ ဒီလိူစွမ်းရည်မျိုးကို ဒီလိုခေတ်မှာသူတတ်ဖို့လိုအပ်လေသည် ။ ရှောက်ရွှမ် သိဖို့လိုသေးသော ပညာရပ်အသစ်များအများကြီး ရှိနေသေးသည် ။
သို့သော် သူလုံကျိုးမျိုးနွယ်စုကို ရောက်သောအခါ အခြားမျိုးနွယ်စုများလိုပင် သူတို့ကလည်း သီးသန့်မူပိုင်ဖြစ်လေသည် ။ ထိုကလးများက သူတို့အတတ်ပညာများကို အခြားသူများကို သင်ပေးလိုစိတ်မရှိကြပေ ၊ ထို့ကြောင့် သူတို့ဘိုးဘေးများက လုံကျိုးမျိုးနွယ်စုမှာနေလာတာ နှစ်များစွာကြာပြီဖြစ်သော်လည်း ယန်ကျစ်တို့က ထိုပညာများကို ကျွမ်းကျင်စွာ မတတ်မြောက်ခဲ့ပါပေ ။ သူတို့မျိုးနွယ်စုဝင်များသာ ဒီပညာကိုကျွမ်းကျင်စွာတတ်မြောက်လေသည် ။
သို့သော် ရှောက်ရွှမ် က သူမျိုးနွယ်စုကို ပြန်ရောက်တဲ့အခါ အားလုံးစုပေါင်းစဥ်းစားပြီး သူတို့ပညာများပေါင်းစည်း၍ လုပ်ဆောင်မည်ဆိုပါက လုံကျိုးမျိုးနွယ်စုက လှေကြီးမျိုးမပြုလုပ်နိုင်လျှင်ပင် သိပ်ဆိုးတိုးဝါးဝါးကြီးမဖြစ်နိုင်ဟု ခံစားရလေသည် ။
ကြိုးစားကြည့်သင့်ပါပေသည် ။
ထို့နောက် ရှောက်ရွှမ်က သစ်ပင်များခုတ်ကာ လိုအပ်သည်များရှာဖွေလေသည် ။ သူက ယန်ကျစ်နဲ့အခြားသူများနဲ့အတူ လှေဆောက်လေသည် ။
ရက်နှစ်ဆယ်လောက်ကြာပြီးတဲ့နောက်မှာ နှင်းကျတာရပ်သွားပြီး အပူချိန်လည်းမြင့်တက်လာသည် ။
ဆောင်းရာသီအကုန်မဟုတ်သေးသော်လည်း မြစ်ထဲက ရေခဲအားလုံးကတော့ အရည်ပျော်သွားကြသည် ။
“ ခုနစ်ရက် ၊ ရှစ်ရက်လောက်တော့ နေသာလိမ့်မယ် ၊
ပြီးရင်တော့ အပူချိန်နောက်တခါ ဆယ်ရက် ကနေ ရက်နှစ်ဆယ်လောက်အထိ ဖြေးဖြေးချင်းပြန်ကျသွားနိုင်တယ် ၊ မိုးရွာမယ် ၊ နှင်းဖွဲဖွဲကျမယ် ၊ ပြီးရင် နှင်းသိပ်သည်းစွာကျမယ် ၊ နောက်ဆုံး အပူချိန် အမြန်ကျလာပြီး မြစ်ကခဲသွားလိမ့်မယ် ၊ မင်းအာရုံစိုက်ထားဖို့လိုတယ် “
ယန်ဆွေ့ကပြောသည် ။
“ ဟုတ်ပြီ ၊ ကျွန်တော် နားလည်ပါပြီ ၊ ကျေးဇူးတင်ပါတယ် “
ရှောက်ရွှမ်က ဂူထဲကိုပြန်ဝင်သွားပြီး ပြီးခဲ့တဲ့ရက်က သူတို့အတူတူဆောက်ခဲ့တဲ့ ၆ မီတာလောက်ရှည်တဲ့လှေကို အပြင်သယ်လာသည် ။
ယန်ကျစ်နဲ့ အခြားသူများက သူ့ကို ကူသယ်ပေးချင်သော်လည်း အံ့သြစွာနဲ့ ရှောက်ရွှမ် တယောက်တည်း သယ်နိုင်လေသည် ။ ရှောက်ရွှမ်က လှေကိုသယ်ရင်း လမ်းလျှောက်တာ သူတို့ထက်ပင် မြန်နေသေးသည် ။
“ စစ်သည်တော်အားလုံး သူ့လိုအားသန်ကြတာလား “
အခက်အခဲ မရှိ လှေကိုသယ်သွားတဲ့သူ့ကိုကြည့်ရင်း ကျောက်ဝူက တီးတိုးပြောသည် ။
“ လုံးလုံးမဟုတ်ဘူး “
ယန်ဆွေ့က အံ့သြဘနန်းကြည့်ရင်းပြောသည် ။ ပြီးနောက် ယန်ကျစ်နဲ့အခြားသူတွေကိုကြည့်ရင်း ပြောသည်။
“ ဒါမင်းတို့မျိုးနွယ်စုက လူတွေရဲ့ သူမတူတဲ့လက္ခဏာတခု ဖြစ်နိုင်တယ် “
“ မြန်မြန်လုပ် “
ယန်ကျစ်က စကားများနေတဲ့ကျောက်ဝူခေါင်းကိုရိုက်ပြီးပြောသည် ။ သို့သော် သူက သူ့မျက်နှာကို တည်နေအောင်ထားဖို့ကြိုးစားနေပေမဲ့ မထိန်းနိုင်ပဲ သူ့ပါးစပ်လည်း ပွင့်ဟနေသည် ။ မီးတောက်ဦးချိုများ မျိုးနွယ်စုက တကယ်သန်မာကြပုံရလေသည် ။
ယန်ကျစ်နဲ့ အခြားသူတွေမြစ်ကမ်းပါး ရောက်သည့်အခါ ရှောက်ရွှမ်က လှေကို မြစ်ထဲချပြီးသွားလေပြီ ၊
ယန်ဆွေ့ပြောခဲ့သလိုပင် မြစ်ထဲက ရေခဲအများစုအရည်ပျော်နေသည် ။ သူက လှေကိုမြစ်ထဲ လတ်တလောလှော်နိုင်ပေလိမ့်မည် ။ လှေပေါ်တက်ပြီးတဲ့နောက်မှာ ယန်ကျစ်နဲ့အခြားသူများက လှော်တက်များကိုကိုင်ကာ ရှေ့ကိုလှော်နေကြသည် ။
မြစ်တလျောက်မှာ သူတို့နည်းနည်းစီသွားနေပြီး မြစ်ဆုံကိုကျော်လာခဲ့သည် ။ နောက်ဆုံးတော့ ဖုမျိုးနွယ်စုက ခရီးသွားအဖွဲ့ သွားနေကျ မြစ်သို့ ရောက်လာသည့်အခါ ယန်ဆွေ့ကို သူတို့ကိုထားခဲ့ပေတော့သည်။
“ ငါ အခု ဆောင်းအကုန်မှာလုပ်တဲ့ရိုးရာအခမ်းအနားကိုတက်ဖို့ ပြန်ရတော့မယ် “
ယန်ဆွေ့က ရှောက်ရွှမ် နဲ့အခြားသူများကိုကြည့်ကာ
ပြောသည်။
“ မင်းတို့နဲ့ ဒီအထိလိုက်လာဖို့ခွင့်ပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် “
“ မင်းလည်း ငါတို့ကိုအများကြီးကူညီပေးတာပါပဲ ၊ ကောင်းပြီ ၊ ချာချာကို မင်းကိုနည်းနည်းလောက် အဖော်ပြုပေးဖို့ ခွင့်ပြုပေးပါ “
ရှောက်ရွှမ် ကလေထဲကိုလက်ဟန်ခြေဟန်ပြသည် ။
“ အကြံကောင်းပဲ ၊ ငါ အဲ့ကိုသွားဖို့ဆို တက်ရမယ့်တောင်တွေ ရှိတယ် ၊ ချာချာရှိရင် ငါပိုသက်သာတာပေါ့ “
ယန်ဆွေ့က သူ့မျက်လုံး၊နှာခေါင်း၊ ပါးစပ်ကိုသာဖော်ပြီး သူ့တကိုယ်လုံးကို သားရေအပေါ်ထပ်နဲ့ ခြုံထားလိုက်သည် ။
ချာချာက အောက်ဆင်းလာကာ သူ့လက်သည်းများနဲ့
ယန်ဆွေ့ကို ကုတ်ကာ သူ့အပေါ်ကိုဆွဲတင်လိုပ်သည် ။
“ မင်းတို့မျိုးနွယ်စု သတင်းကိုကြားရဖို့ငါမျှော်လင့်နေပါတယ် “
အပေါ်ကိုတက်သွားတဲ့ အချိန်မှာ ယန်ဆွေ့ကအကျယ်ကြီးအော်လေသည် ။
သူ မိုးမျိုးနွယ်စုကို ပြန်ပြီးတဲ့နောက်မှာ သူက မိုးမျိုးနွယ်စုက နတ်ဆေးဆရာ ဖြစ်လာလိမ့်မည် ။ ယန်ဆွေ့က ထိုအခါ ယခုလို ခရီးသွားလာနိုင်တော့မည်မဟုတ်တော့ပေ ။ သို့ပေမဲ့ ကံမကောင်းစွာနဲ့ သူက မိုးရွာဖို့ဆုမတောင်းနိုင်လျှင် မျိုးနွယ်စုမှာ ကောင်းကောင်းမဆောင်ရွက်နိုင်လျှင်တော့ မီးတောက်ဦးချို မျိုးနွယ်စုဆီကို အလည်လာဖို့ဆင်ခြေပေးနိုင်လိမ့်မည် ။
သူပိုပြီး တွေးမိလေ အကြံကောင်းများထွက်လာလေဖြစ်သည် ။
ယန်ဆွေ့က သူ့တို့ဆီသွားလာဖို့ ဘယ်လိုဆင်ခြေပေးရမလဲကို စတွေးနေလေသည် ။
ရှောက်ရွှမ်က ယန်ဆွေ့ထွက်သွားတာမြင်တဲ့အခါ သူလုပ်ထားတဲ့မြေပုံကိုထုတ်လိုက်သည် ။ အချို့နေရာများကိုအသေးစိတ်ကျကိ ဆွဲထားပြီး ကျန်နေရာများကိုတော့ မဆွဲထားပေ ။ သူက ဒီမြေပုံကိုအခြားသူများပြောသည့်အပေါ်အခြေခံကာဆွဲထားခြင်းဖြစ်ပြီး ယန်ဆွေ့ကလည်း သူ့ကိုမိုးမျိုးနွယ်စု ပတ်ဝန်းကျင်အခြေအနေကို ပြောပြလေသည် ။ ဒီမြေပုံမှာ မိုးမျိုးနွယ်စုတည်နေရာကိုလည်း မှတ်သားထားသည် ။
“ ယန်ဆွေ့တို့ မျိုးနွယ်စုက ဒီကနေအတော်ဝေးတာပဲ “
ယန်ရှို့က မြေပုံကိုကြည့်ပြီးပြောလေသည် ။ ရှောက်ရွှမ် လက်ထဲက မြေပုံက သူမြင်ဖူးသမျှထဲမှာ အသေးစိတ်အကျဆုံးဖြစ်သည် ။
ယန်ကျစ်နဲ့အခြားသူတွေက ယန်ဆွေ့ဟာ မိုးမျိုးနွယ်စုရဲ့ နောက်ဖြစ်လာမည့် နတ်ဆေးဆရာဖြစ်တာကြောင့် သူ့ကိုကောင်းကောင်းဆက်ဆံကြလေသည် ။ သူတို့အချိန်တိုအတွင်းသာ အတူခရီးသွားခဲ့ကြရသော်လည်း ယန်ဆွေ့က လူကောင်းတယောက်ဟုခံစားရလေသည် ။ သူက အလယ်ပိုင်းဒေသက အကြောင်းနဲ့ အခြားနေရာမှာ ဘာတွေဖြစ်နေသလဲကို အများကြီးပြောပြတတ်သည် ။ သူတို့ ခွဲခွာရတော့မည်ဖြစ်သော်လည်း သူတို့ခွဲခွာဖို့ တွန့်ဆုတ်နေကြသည် ။
“ ငါတို့နောက်တခု ပြန်ဆုံဖို့အခွင့်အရေး ရှိလာဦးမှာပါ ၊ အဲ့အချိန်ကျရင်တော့ သူလည်းနတ်ဆေးဆရာဖြစ်နေပြီး မင်းလည်း တကယ့်စစ်သည်တော် ဖြစ်နေလောက်ပါပြီ “
ရှောက်ရွှမ် ပြောလိုက်သည့်စကားများကြောင့် အားလုံးက အနာဂါတ်ကို မှန်းဆကြည့်နေကြသည် ။
ယန်ကျစ်က မုချန်အကြောင်းတွေးကြည့်မိသည် ။ သူ လုံကျိုးမျိုးနွယ်စုကထွက်လာတုန်းက မျိုးနွယ်စု ဂိတ်တံခါးကပိတ်ထားလေသည်။ သူ မုချန်ကိုမတွေ့ခဲ့ရပေ ၊ သို့ပေမဲ့ သူ သားရေစာလိပ်မှာ စာရေးပြီး ဟယ်အာကို ပေးခိုင်ခဲ့လေသည် ။ သူတို့နောက်တခါ ပြန်တွေ့ကြတဲ့အချိန်မှာ သူတို့မှာ ပိုကောင်းတဲ့ဘဝတခု ရှိနေဖို့ သူမျှော်လင့်မိသည် ။
“ လာပါ ၊ ယန်ရှောကိုသွားရှာရအောင် “
ရှောက်ရွှမ် က ကောင်းကင်ကိုမော့ကြည့်ကာ ကောင်းကင်ပေါ်ကို နည်းလမ်းအသစ်နဲ့ စစ်ဆေးကြည့်ဖို့ကြိုးစားလိုက်သည် ။ သူ့အထူးစွမ်းအားအမြင်ဖြင့် ကြည့်လိုက်သောအခါ သူအရင်ကမမြင်ဖူးသော လေစီးကြောင်းလှိုင်းလုံးများကို မြင်နေရသည် ။
သူ မျိုးနွယ်စုက ထွက်လာကတည်းက သူ့ခွန်အားကလည်း
ပြောင်းလဲသွားလေသည် ။ သူက ယန်ဆွေ့ကဲ့သို့ ရာသီဥတုကိုအတိအကျ မခန့်မှန်းနိုင်သေးသေယ်
လည်း သူက ဒီအ ပြောင်းအလဲများကိုကြည့်ပြီး ဆုံးဖြတ်ချက်တချို့တော့ချနိုင်လေသည် ။
ရာသီဥတုသာယာတာကို အမြတ်ထုတ်ကာ ရှောက်ရွှမ် နဲ့အခြားသူများက လှေကို အရှေ့ကို မြန်မြန်လှော်ကြလေသည် ။ ရက်နည်းနည်းကြာပြီးတဲ့နောက်မှာ မိုးရွာလေသည် ။ မိုးကရက်အနည်းငယ်ရွာပြီးနောက် နှင်းဖွဲဖွဲကျလေသည် ။
ဆောင်းတွင်းဖြစ်သည့်အတွက် မြစ်ကမ်းပါးမှာလူအနည်းငယ်သာရှိသည် ။ မြစ်တလျှောက်လှေလှော်ကြရင်း လမ်းတလျှောက်မှာ လူတစ်ယောက်စ နှစ်ယောက်စကိုသာ တွေ့ရခဲသည် ။ သူတို့က မြစ်ကမ်းပါးအနီးမှာနေကြတဲ့ မျိုးနွယ်စုအသေးလေးများကသူများဖြစ်ကြသည် ။
သူတို့နောကဆုံး အလယ်ပိုင်းဒေသက ထွက်ခွာလာခဲ့သည် ။ မြစ်က ရေများတဖန်စတင်ခဲလာပြီး နှင်းထူထပ်စွာကျလာလေသည် ။ ရှောက်ရွှမ်က ယန်ကျစ်နဲ့အခြားသူတွေကို ကမ်းကို ဦးဆောင်ခေါ်သွားပြီး
လေလွင့်သူများနဲ့ကျွန်များနေကြတဲ့နေရာကို ရောက်လာလေသည် ။
လှေတချို့က ထိုနေရာကို ကျော်သွားကြသည်မှာ ယခုဆောင်းရာသီဖြစ်နေ၍ ဖြစ်နိုင်သည် ။ ကမ်းပါးမှာ လူအနည်းငယ်ရှိနေလေသည် ။ ကျွန်တွေက အခြားအလုပ်များလုပ်ဖို့ပြန်အခေါ်ခံရပြီး လေလွင့်သူတချို့သာ အစာရှာနေကြသည် ။
ကမ်းပါးက လေလွင့်သူအချို့မှာ တုန်ယင်ကာ အိမ်ပြန်လိုကြသည် ။ ဒီရက်တွေမှာ ခရီးသွားတချို့တလေသာ ဒီနေရာက ဆောင်းတွင်းမှာ ဖြတ်သွားကြသည့်အတွက်သူတို့အရနည်းလေသည် ။
လမ်းလျှောက်နေရင်း သူတို့ထဲက တယောက်က လှေကမ်းကပ်တာကိုမြင်လေသည် ။
“ ဟေး..ဟိူမှာ “
ထိုလူက သူ့ခေါင်းဆောင်ကိုတခါတည်းအော်ပြောလိုက်သည်။
သူ့ဘေးကလူတော်တော်များများလှည့်ကြည့်ကာ အံ့သြသွားကြသည် ။
“ တစ်ချက်လောက် သွားကြည့်ရအောင် “
ခေါင်းဆောင်ကပြောလေသည် ။
တချက်လောက်သွားကြည့်ရအောင် ဆိုသည်မှာ အခွင့်အရေးရှိမရှိသွားစစ်ကြည့်ခြင်းကိုဆိုလိုသည် ။ ဒီလူတွေက သွားရှုပ်လို့မရတဲ့သူဆိုလျှင် သူတို့က သူတို့ကိုကောင်းကောင်းဆက်ဆံပေမည် ။ထိုသို့မဟုတ်လျှင်တော့ သူတို့စွန့်စားပြီး သူတို့ကို ဓားပြတိုက်ရမည်။
နှင်းက ပိုပိုထူလာလေသည့်အတွက် သူတို့ရှင်းရှင်းလင်းလင်း မမြင်ရပေ ။
သူတို့မှာ တုန်ယင်နေဆဲ ဖြစ်ကာ ကျောက်လက်နက်အသေးများနဲ့အခြားလက်နက်များဖွက်ထားပြီး သူတို့လက်အိတ်ထဲ လက်ထည့်ကာ ထိုနေရာကိုပြေးသွားလေသည် ။ အခွင့်အရေးရရင် သူတို့ကအရင်ဆုံး လှုပ်ရှားရပေမည် ။
သူတို့က ထိုနေရာက လူငါးယောက်ရှိပြီး လေးယောက်မှာ အလွန်ပင်ပန်းနေကာ ခြေလှမ်းများလေးလံနေကြသည် ။ သူတို့အထဲမျာ မိန်းမတယောက်လည်း ပါပြီး အကုန်လုံးက သားရေနဲ့လုပ်ထားတဲ့အိတ်များကိုယ်စီ သယ်ထားကြသည် ။ သူတို့မှာ ပစ္စည်းကောင်းများပါနိုင်လေသည် ။ သူတို့အလွန်စိတ်လှုပ်ရှားနေကြသည် ။
“ ဆရာ..ကျွန်တော်တို့..”
လူတယောက်က ပြောရင်း လည်ပင်းဖြတ်တဲ့ပုံကိုလက်ဟန်ပြလိုက်သည် ။
“ ခဏစောင့်ကြည့်ရအောင် “
လူငါးယောက်က ကမ်းနားကို ရောက်လာပြီးနီးလာလေသည် ။ ခေါင်းဆောင်က သူတို့ကိုသတ်ကာ လုပစ်ချင်သည် ။ သို့ပေမဲ့ သူက လှောင်ရယ်ကာပြုံးပြီး တခုခုပြောတော့မည့်အချိန်မှာ ခရီးသွားငါးယောက်ထဲက အရှေ့ဆုံးက တစ်ယောက်က သူတို့ကိုလှည့်ကြည့်လာလေသည် ။
သူ့မျက်နှာက လှောင်ပြုံးဟာ အေးခဲသွားပြီး သူ့တကိုယ်လုံးတုန်ရီကာ သူနောက်လှည့်ပြီးထွက်ပြေးလေသည် ။
“ ဆရာ ၊ ဘာလို့ပြေး..”
သူတို့ထဲက တယောက်က တွေဝေသွားပေမဲ့ ရှောက်ရွှမ် ကိုမြင်ပြီးတဲ့အခါ သူကသူ့ဆရာထက်ပိုမြန်အောင်ပင်ပြေးလေသည်။
သူတို့တွေ သူတို့ဆီလာပြီး မြန်မြန်ထွက်ပြေးသွားကြသည်ကို မြင်သောအခါ ကျောက်ဝူက ရှုပ်ထွေးသွားကာ သိချင်သွားလေသည် ။
“ သူတို့ဘာလို့ ပြေးနေကြတာလဲ “
ယန်ကျစ်က အကြောင်းရင်းကိုခန့်မှန်းမိပေမဲ့ ဘာမှမပြောချေ ။ မွေးကတည်းက လေလွင့်သူများနယ်ပယ်မှာ နေလာလေရာ ထိုသူများဟာ လေလွင့်သူများမှန်း သူသိသည် ။
“ လာပါ “
ရှောက်ရွှမ်က ယန်ကျစ်နဲ့ အခြားသူတွေကို ယန်ရှောအိမ်သို့ခေါ်သွားသည် ။
ရှောက်ရွှမ် သတိပေးချက်ကြောင့် ၆ လကြာသည့်အထိ မည်သူမှ ယန်ရှောကိုလာရန်မရှာရဲပေ ။ ကျွန်ပိုင်ရှင်က ဘာမှမဖြစ်သည့်အတိုင်း ဘာပြသာနာမှလာမရှာပေ ။
ထိုကတည်းက ယန်ရှောဘဝက ပိုကောင်းလာလေသည် ။ ဆောင်းမတိုင်ခင်မှာ နတ်အမှတ်အသား ရုတ်တရက်နိုးထလာသည့်အတွက် ယန်ရှောက သူ့ခွန်အားများတိုးလာသည်ကို ခံစားမိလေပြီး တခါတရံသူ တောင်ပေါ်ကိုလမ်းလျှောက်ကာ စိတ်ကျေနပ်စရာသားကောင်များပင်အမဲလိုက်သေးသည်။
လတ်တလောမှာ ယန်ရှောက အိမ်ထဲမှာဖြစ်ပြီး အိမ်ထဲမှာ မီးပုံကိုဝိုင်းကာ သူ့မိသားစုနဲ့အသားကင်စားနေလေသည် ။ နေသာတူန်းက ဖမ်းမိထားတဲ့ငါးဟာလည်း အိုးထဲမှာ ငါးဟင်းကဆူပွက်နေသည်။
သူ့ဇနီးနဲ့ ကလေးများရဲ့နှင်းဆီရောင်ပါးများကိုကြည့်ကာ မီးတောက်ဦးချိုများ မျိုးနွယ်စုကို ပြန်ရောက်ရင်သူတို့ဘဝတွေပိုကောင်းမည့်အကြောင်းကို တွေးနေသည်။
ထိုသို့တွေးနေစဥ်မှာ ယန်ရှောက တံခါးခေါက်သံကိုကြားလိုက်ရသည် ။
အသံနဲ တံခါးကိုခေါက်သည့်အားအရဆိုရင် ထိူလူက လေလွင့်သူနယ်ပယ်မှာ နေသည့်သူမဟုတ်ပေ ။ ယန်ရှောက သူ့ကလေးတွေနဲ့ဇနီးကို နောက်ခန်းထဲမှာပုန်းနေဖို့ ညွှန်ပြလိုက်သည်။ ရှောက်ရွှမ် ထွက်သွားကတည်းက သူ့ကိုဘယ်သူမှ ပြသာနာလာမရှာကြတော့သော်လည်း သူက အလွန်သတိထားနေဆဲပင် ဖြစ်သည် ။
“ ဘယ်သူလဲ “
ယန်ရှောကအော်မေးလိုက်ပြီး တံခါးနားကို ကပ်ရင်း ဓားကိုယူလာလေသည် ။
“ ကျွန်တော်ပါ ၊ ရှောက်ရွှမ် “
အပြင်က အသံကိုကြားရတဲ့အခါ ဓားကိုလွှင့်ပစ်လိုက်ပြီး သစ်သားပြားထူကြီးကိုဖယ်လိုက်လေသည် ။
ရှောက်ရွှမ်ကိုမြင်ရတဲ့အခါ ယန်ရှောက အလွန်စိတ်
လှုပ်ရှားလာသည်။
“ အထဲလာ ၊ မြန်မြန် ၊ အပြင်မှာအေးတယ် “
ယန်ရှောက သူ့ဇနီးကို ရေခဲရိုက်ထားတဲ့ ယူလာခိုင်းလိုက်သည် ။
သူက ရှောက်ရွှမ်ကိုတခုခုပြောမလို့အလုပ်မှာ ရှောက်ရွှမ် နောက်ကနေ အိမ်ထဲကို ဝင်လာတဲ့ လူလေးယောက်ကိုတွေ့လိုက်ရသည် ။
“ သူတို့က ဘယ်သူလဲ”
ယန်ရှောက လူလေးယောက်ကိုကြည့်လိုက်သည် ။ သူတို့ကို ပထမဆုံးအကြိမ်မြင်တည်းက ရင်းနှီးနေပုံတော့ပေါက်လေရာ သူက ခန့်မှန်းကြည့်လိုက်သည် ။
“ သူတို့လည်း လေလွင့်သူတွေပါပဲ “
ရှောက်ရွှမ် က ယန်ကျစ်နဲ့အခြားသူတွေကိုမိတ်ဆက်ပေးလိုက်သည်။ လမ်းမှာတုန်းက သူက ယန်ရှောနဲ့သူ့မိသားစုကို သူတို့ကိုမိတ်ဆက်ပေးပြီးသားဖြစ်လေသည် ။
ယန်ရှော အိမ်ကထပ်ချဲ့ထားသော်လည်း နောက်ထပ်လူငါးယောက်ဝင်လာသောအခါ ပြွတ်သိပ်သွားသည် ။ သူတို့အိမ်ထဲမှာ ပိုနွေးလာတာကိုလည်းခံစားရလေသည် ။
ဟင်းချိုပူပူကို သောက်ရင်း သူတို့မီးပုံဘေးထိုင်ကာ စကားပြောကြလေသည် ။ တဖြည်းဖြည်း သူတို့အချင်းချင်း ရင်းနှီးသွားလေသည် ။
ယန်ကျစ်နဲ့အခြားသူတွေက မီးတောက်ဦးချို မျိုးဆက်အပါအဝင်အခြားသူများကို သတိကြီးကြီး ထားနေသော်လည်း သူတို့ရှောက်ရွှမ်ကိုယုံကြည်သည့်အတွက် သူတို့နဲ့အတူ မျိုးနွယ်စုကို ပြန်လိုက်မယ့် ယန်ရှောကိုလည်းယုံသွားလေသည် ။
“ ဆောင်းကုန်တာနဲ့ ငါတို့လည်းထွက်ကြတာပေါ့ “
ရှောက်ရွှမ်က သူ့အစီအစဥ်ကိုပြောပြသည် ။
ရှောက်ရွှမ်က သူတို့နဲ့ ပထမဆုံး ကူမျိုးနွယ်စု ကိုသွားဖို့စီစဥ်ထားသည် ။ ထိုမျိုးနွယ်စုမှာဆိုရင် သူတို့အကာအကွယ်ရပေမည် ၊ အခြားနေရာမှာဆိုရင် သူတို့ ပြသာနာအများကြီးတတ်နိုင်လေသည် ။
ကူမျိုးနွယ်စုမှ လူများမှာ ကြမ်းတမ်းခက်ထန်ပုံပေါက်သော်လည်း လူကောင်းများဖြစ်ပြီး သူတို့ကလည်း သူတို့အကူအညီကိုလိုအပ်နေသည်။
“ ငါတို့မင်းစကားနားထောင်မှာပါ “
ယန်ရှောကပြောသည်။
“ ဟုတ်တယ် ၊ ငါတို့မင်းနောက်လိုက်မယ် “
ယန်ကျစ်ကလည်းပြောလေသည် ။
“ ကူမျိုးနွယ်စုမှာ မိကျောင်းတွေအများကြီးရှိတယ်လား “
ကျောက်ဝူက သံသယအပြည့်နဲ့မေးလေသည် ။
“ ဟုတ်တယ် “
“ မိကျောင်းတွေက အရမ်းအန္တရာယ်များတယ် “
လုံကျိုးမျိုးနွယ်စုမှာတုန်းက ယန်ကျစ်နဲ့အခြားသုံး ယောက်က သူတို့ရေကြောင်းခရီးသွားရင်း အမဲလိုက်ကာ မိကျောင်းများလှေပေါ်တင်လာသည်ကို မြင်ဖူးသည် ။ သူတို့အဝေးကကြည့်ရုံနဲ့ လက်မောင်းလုံးရှိတဲ့သစ်သားလုံးကို မိချောင်းက ကိုက်ချေပစ်သည်ကို မြင်ဖူးသည်။
“ ဒါပေမဲ့ ကူမျိုးနွယ်စုမှာ ငါပြောတဲ့အတိုင်းသာနေရင် ဒီမိကျောင်းတွေက အရမ်းအကူအညီရပါတယ် “
ရှောက်ရွှမ် က မျိုးနွယ်စုအကြောင်းနဲ့ သူ့အတွေ့အကြုံကိုပြောပြလေသည် ။
“ ဒါပေမဲ့ ကူမျိုးနွယ်စုကို မသွားခင် ငါ ပုမျိုးနွယ်စုမှာ လူတယောက်ကိုသွားရှာရမယ် ၊ ပုမျိုးနွယ်စုက ဒီကနေမဝေးဘူး ၊ ဒါကြောင့် ပုမျိုးနွယ်စုကိုလမ်းမှာ ဖြတ်သွားကြမယ် “
ရှောက်ရွှမ်ကပြောလေသည် ။
သူက ခရီးသွားအဖွဲ့နဲ့ ထွက်သွားသောအခါ ရှောက်ရွှမ်က ယွီ ကို သူတို့တနေရာမှာ ဆုံနိုင်ဖို့ သူတို့ကိုအမှီလိုက်မည်ဟုပြောခဲ့သည် ။ သို့ပေမဲ့ ပုမျိုးနွယ်စုက ထိုနေရာကိုအရင်ရောက်ပြီး နှစ်ရက်မျှနေခဲ့သော်လည်း ရှောက်ရွှမ် ပေါ်မလာခဲ့ပေ ။ ပုမျိုးနွယ်စုက လူများကလည်း အဲ့နောက်ပြန်ကြရပြီး ရှောက်ရွှမ်ကို ဆက်မစောင့်ကြတော့ပေ ။ ယွီ လည်း မပြောင်းလဲနိုင်လေရာ သူတို့ထွက်သွားကြလေသည် ။
သို့ပေမဲ့ ယွီ က သူ့ကိုစိတ်မပူပါပေ ၊ အကြောင်းမှာ ရှောက်ရွှမ် က သူ့ပုံစံထက် ပိုသန်မာပြီး သူ့ကို ကူညီပေးနေတဲ့ လင်းယုန်တကောင်လည်း ရှိလေသည် ။ ရှောက်ရွှမ် ထွက်သွားသောအခါ သူက သူဒီကိုအချိန်မီရောက်မလာရင် ပုမျိုးနွယ်စု ခရီးသွားအဖွဲ့က အရင်ထွက်သွားမည့်အကြောင်း ပြောခဲ့သည် ။ ပြီးရင် သူက နောက်မှ ပုမျိုးနွယ်စုဆီကို သွားလည်လိမ့်မည် ။
ပုမျိုးနွယ်စုကခရီးသွားအဖွဲ့ကို အကြာကြီးထားခဲ့ပြီးတဲ့နောက် ရှောက်ရွှမ် က မျိုးနွယ်စုကိုမပြန်ခင်မှာ သူ့ကိုကူညီဖူးတဲ့ ယွီ နဲ့ အဖွဲ့ကလူတချို့ဆီ သွားလည်ဖို့ဆုံးဖြတ်ထားသည် ။ လမ်းတလျှောက်မှာ သူ ပုမျိုးနွယ်စုက ဖားအဆိပ်တချို့ကိုလည်း ရနိုင်သေးရာ မျိုးနွယ်စုကို အပြန်ခရီးမှာ အသုံးဝင်နိုင်ပေသည် ။
ဒီက ဆောင်းရာသီက မြစ်တစ်ဖက်ခြမ်းက ကဲ့သို့ကြာသော်လည်း ဒီကရာသီဥတူကမဆိုးပါပေ ။
လထွက်လာသောအခါ အတော်လေးနွေးလာလေ
သည် ။