အစ်ကိုမင်းကိုမိကျောင်းနဲ့မိတ်ဆက်ပေးမယ်
Vol. 14 Ch. 210
ဆောင်းကုန်သွားသောအခါ လှေတချို့က မြစ်ထဲမှာ စတင်ခုတ်မောင်းနေကြသည် ။ သို့ပေမဲ့ သူတို့ထဲက အများစုက ဒီအနားမှာနေကြသည့် လေလွင့်သူများနဲ့ ကျွန်များဖြစ်ကြသည် ။ ခရီးသွားအဖွဲ့ကတော့ အခုထိ စမထွက်သေးပေ ။
ရှောက်ရွှမ်က ဒီတစ်ခါတော့ကျွန်ပ်ိုင်ရှင်ကိုမတွေ့ရပေ ။ ယန်ရှောကတော့ ရှီရှူလို့ခေါ်တဲ့ ကျွန်ပိုင်ရှင်က ဆောင်းတွင်းမှာတနေရာရာကိုထွက်သွားပြီးကတည်းက ပြန်မလာသေးဟုပြောသည် ။ ဘယ်သူကမှ ဘယ်အချိန်သူပြန်လာမည်ကို မသိသော်လည်း သူက အကြီးတန်းကျွန်အတော်များများကို အခြားကျွန်များပျင်းရိမနေကြရန် ထိန်းချုပ်ဖို့မှာကြားခဲ့လေသည် ။ ဒီရက်တွေမှာ ထိုကျွန်များအလုပ်များနေကြသည်ကို တွေ့ရမည် ။
ထိုအချိန်မှာ ရှောက်ရွှမ် ၊ ယန်ကျစ်နဲ့အခြားသူများ
က သူတို့ကုန်တင်လှေလေးကို ပြင်နေကြသည် ။
လှေက ဘယ်ကျွန်မှ မစောင့်ရှောက်ထားသော်လည်းအခိုးမခံရသေးပဲ ထိုနေရာမှာရှိနေသေးသည် ။ နှင်းကျချိန်မှာ ဘယ်သူကမှ လှေမလှော်ချင်ကြပဲ နှင်းရပ်သွားတဲ့အချိန်မှာ လှေခိုးဖို့ကြံထားသူများကလည်း ရှောက်ရွှမ်ကို မြင်ပြီးလက်လျှော့လိုက်ကြသည် ။
“ ငါတို့မနက်ဖြန်ကျ ထွက်တာပေါ့ “
ရှောက်ရွှမ် ကပြောသည် ။
“ ကောင်းပြီ ၊ ငါတို့အဆင်သင့်ပါပဲ “
ယန်ရှောနဲ့သူ့မိသားစုကလည်း ရှောက်ရွှမ်နဲ့ထွက်လာကြမည်ဖြစ်ပြီး ဒီကသူတို့အိမ်ကို သူ့မိတ်ဆွေများကိုပေးခဲ့ပေမည် ။ မနှစ်က ရှောက်ရွှမ် ဒီကိုလာကတည်းက သူက အခြားသူများအတွက် ကြီးမားသောအဟန့်အတားတခုဖြစ်လာသည် ။ အင်အားကြီးလာသည်နှင့်အမျှ ယန်ရှောက လေလွင့်
သူများနဲ့ အဖွဲ့တဖွဲ့ ဖွဲ့ထားလိုက်သည် ။ သူတို့အထဲမှ အချို့မှာ ယန်ရှောအတွက်မိတ်ဆွေကောင်းများဖြစ်ပြီး သူတို့ကတော့ သူနဲ့လိုက်မလာနိုင်ပေ ။
ထို့ကြောင့် ယန်ရှောက သူ့ကိုအခက်အခဲတွေကို ကျော်လွှားဖို့ကူညီပေးကြတဲ့သူများကို သူ့အိမ်ပေးခဲ့လိုက်သည် ။ ရှောက်ရွှမ် ပြောပြချက်အရ သူက သူတို့ကို မီးတောက်ဦးချိုများ မျိုးနွယ်စု အလယ်ပိုင်းကိုပြောင်းလာမည့်အကြောင်း ပြောပြထားပြီး ထိုသို့ပြောင်းလာလျှင် မျိုးနွယ်စု အနားလာနေနိုင်ကြောင်းပြောပြလိုက်သည် ။
ပထမက သူတို့က ယန်ရှောထွက်သွားမည်ကိုစိတ်မကောင်းကြသော်လည်း သူ့စကားများကြားရတဲ့အခါ အလွန်ပျော်သွားကြသည် ။ ဒါ သူတို့အတွက် သတင်းကောင်းဖြစ်သည် ။ ထိုမျှော်လင့်ချက်နဲ့ သူတို့အသက်ရှင်ဖို့အားတက်လာကြသည် ။
သူတို့က နှစ်အများ ကြီး စောင့်ခဲ့ရပြီဖြစ်ပြီး တစ်နှစ်
နှစ်နှစ်အတွင်း သတင်းကောင်းကြားရပေတော့မည် ။
အားလုံးအဆင်သင့်ဖြစ်ပြီး ရှောက်ရွှမ် က ချာချာလိုက်လာတဲ့သားကောင်ကို ယန်ရှောကိုပေးလိုက်ပြီးပြောသည် ။
“ ဒီည ကောင်းကောင်းအနားယူ ၊ မနက်ကျ ငါတို့သွားမယ် “
ညရောက်လာပြီး ဆောင်းကုန်လာသည့်အတွက် အချို့တိရိစ္ဆာန်များက ညဘက်တွင် ထကြွလာကြရာ လေလွင့်သူများက ညဘက်အပြင်မထွက်ရဲကြဘဲ အိမ်ထဲမှာပဲနေကြသည် ။
“ ရှောက်ရွှမ် ၊ ဘာတွေကြည့်နေတာလဲ “
ကျောက်ဝူက အသားကင်ကို ကိုင်ကာစားရင်းမေးသည် ။
ရှောက်ရွှမ်က ပြတင်းပေါက်အပြင်ဘက်ကို ကြည့် ပြီး ပြတင်းပေါက်ကိုပိတ်ကာ ပြောသည် ။
“ ငါမှန်းတာသာမှန်ရင် ဒီညမျိုးနွယ်စုမှာ ရိုးရာအခမ်းအနားလုပ်မယ်ထင်တယ် “
ရှောက်ရွှမ် စကားကြားရတဲ့အခါ အသားစားနေကြသူများ၊ ဟင်းရည်သောက်နေကြသူများက ရပ်လိုက်ကာ ရှောက်ရွှမ် ကိုကြည့်နေကြသည် ။
“ ရိုး..ရိုးရာ..အဲ့တာဘာလဲ “
ယန်ကျစ်က သူ့စိတ်လှုပ်ရှားမှုကိုထိန်းကာမေးသည် ။
“ ဒီလိုနေ့ဆိုရင် မျိုးနွယ်စုကလူတိုင်း မီးဖိုကြီးဆီကိုလာပြီး ရိုးရာအခမ်းအနားမှာ ပါဝင်ကြနယ် ၊ မျိုးနွယ်စု စစ်သည်တော်တွေက သူတို့ဂုဏ်အယူရဆုံးအမဲလိုက်ပစ္စည်းတွေနဲ့လုပ်ထားတဲ့ အဝတ်အစားအဆင်တန်ဆာတွေ ဝတ်ကြတယ် ၊ အားလုံးကလည်း သူတို့မျက်နှာပေါ်မှာ နတ်အမှတ်အသားပုံတွေ
ဆေးခြယ်ထားတယ် “
ရှောက်ရွှမ်က သူတို့ကိုနှစ်စဥ်ရိုးရာအလမ်းအနား အကြောင်း ပြောပြလေသည် ။ အားလုံးက မီးပုံဘေးထိုင်ကာ ဂရုစိုက်နေကြပြီး သူတို့မျက်လုံးများကိုမီးကိုရောင်ပြန်ဟပ်ကာ တောက်ပနေကြသည် ။ ယန်ရှောလက်ထဲက ကလေးသည်ပင် သေချာဂရုစိုက်နားထောင်နေပေမဲ့ သူဘယ်လောက်နားလည်လဲတော့ မည်သူမျှမသိပေ ။
စကားပြောနေရင်းမှာ ရှောက်ရွှမ် သူ့စိတ်ထဲက နတ်ရုပ် ပြောင်းလဲလာသည်ကိုခံစားမိသည် ။
“မီးတွင်းထဲက မီးတောက်သုံးခု ၊ ပထမတစ်ခု စပြီ “
ရှောက်ရွှမ်က သူ့မျက်နှာကိုညွှန်ပြပြီး သူ့သားရေလက်အိတ်များကိုလိပ်လိုက်ကာ သူ့နတ်အမှတ်အသား ထွက်ပေါ်လာသည်ကိုပြလိုက်သည် ။
ရှောက်ရွှမ် အပြင်ယန်ရှော ဇနီးနဲ့သူ့ကလေးများကလွဲ
ရင် အခြားသူများမျက်နှာမှာ နတ်အမှတ်အသားများပြသလာသည် ။ သူတို့အမှတ်အသားတွေကရှောက်ရွှမ်လို မပြတ်သားသော်လည်းရှိတော့ရှိနေသည် ။
“ နှစ်တိုင်း အရည်အချင်းပြည့်ဝနေတဲ့ကလေးတွေက ဒီလိုနေ့ဆို စွမ်းအင်နိုးထလာတတ်တယ် ၊ ငါတို့ပြန်ရောက်ရင် ယန်နျန်လေးလည်း ဒီလိုလုပ်ဖို့လိုတယ် “
ရှောက်ရွှမ်ကပြောလေသည် ။
ယန်နျန် က ယန်ရှောသမီးလေးဖြစ်ပြီး မျိုးနွယ်စုထဲမှာ ကောင်းကောင်းမကြီးပြင်းခဲ့ရပေ ၊ သို့ပေမဲ့ သူပြန်ရောက်တဲ့အခါ ပိုပြီး ကျန်းမာလာမည်ဖြစ်သည့်အတွက် ကိစ္စတော့မရှိပေ ။
သူတို့အားလုံးကို ကောင်းကောင်းနားဖို့ပြောထားသော်လည်း ဘယ်သူကမှ စောစောမအိပ်ကြပေ ။ ယန်ရှော ၊ ယန်ကျစ်နဲ့အခြားသူများက ရှောက်ရွှမ် စကားများကို တညလုံး တွေးနေမိကြသည်။ သူတို့
မျက်လုံးများပိတ်ထားရင်တောင် သူတို့အိပ်ဖို့အတွက်အလွန်စိတ်လှုပ်ရှားနေသည် ။ နောက်တနေ့မနက်မှာ သူတို့အားအင်အပြည့်ဖြစ်နေသည် ။
ယန်ရှော ရဲ့ လေလွင့်သူများနယ်ပယ်က မိတ်ဆွေများက သူ့ကိုနှုတ်ဆက်စကားပြောကြသည် ။ သူ့လက်ထဲမှာကလေးကိုပိုက်ကာ လှေဆီလမ်းလျှောက်လာပြီးတဲ့နောက် ယန်ရှောက ကမ်းခြေမှာရပ်နေတဲ့သူများကိုကြည့်ကာပြောလိုက်သည် ။
“ပြန်ကြ ၊ သတင်းကောင်းစောင့်နေကြ “
ယန်ကျစ် ကမ်းပေးတဲ့လှော်တက်ကိုယူကာ လှေကိုလှော်ရင်း ယန်ရှောက သူနှစ်ပေါင်းများစွာနေခဲ့ရတဲ့နေရညလေးကို မျှော်ငေးကြည့်နေသည် ။ ကျွန်ပိုင်ရှင်များ အုပ်ချုပ်တဲ့နေရာမှာ အိမ်တွေက ပိုပိုများ ၊ ပိုပိုကြီးလာကြသည် ။ ဒီနှစ်မှာတော့ လေလွင့်သူအတော်များများထိုကိုသွားကာ အလုပ်လုပ်ကြသည် ။ သူတို့က အောက်ခြေကနေ ပိုပြီးအရေးပါတဲ့နေရာ ရလာဖို့ရာမျှော်မှန်းထားသည် ။
လေလွင့်သူများနယ်ပယ်ကတော့ ထိုအတိုင်းအပြောင်းအလဲ မရှိသေးပါပေ ။ တချို့လာပြီး တချို့က ထွက်သွားကြသည် ။ အိမ်တွေက ပြိုပျက်ပြီး အိမ်သစ်များဆောက်လုပ်ကြသည် ။ လေလွင့်သူများနယ်ပယ်ဘေးက ကျွန်ပိုင်ရှင်များ အုပ်ချုပ်တဲ့နေရာမှာ မရေမတွက်နိုင်တဲ့ လေလွင့်သူများနဲ့ ကျွန်များမြုပ်နှံထားသည် ။ တချို့က ဖျားနာပြီးသေကဿာ တချို့က အသတ်ခံရခြင်းဖြစ်သည် ။
ရုတ်တရက် ယန်ကျစ်က သူဒီကိုစရောက်တုန်းက သူတံခါးရှေ့မှာထိုင်ပြီးတော့ သူ့ကို လေလွင့်သူတစ်ယောက်ပြောဖူးတာကို ရုတ်တရက် သတိရသွားသည် ။
အဲ့ဒီတုန်းကတော့ ထိုသူက အရိုးဓားကိုသွေးနေကာ မြစ်ကိုညွှန်ပြပြီး တော့ ပြောသည်။
“ နေ့တိုင်းဒီမှာ လူသေကြတယ်။ သူတို့ကိုမြစ်ထဲပစ်ပြီးတော့ ငါးတွေက စားကြတယ်။အဲဒီနောက်
လေလွင့်သူတွေက တော့ဖမ်းပြီး ငါးတွေစားကြတယ် ၊ ပိုပြီးကံဆိုးတဲ့သူများလည်းရှိသေးတယ် ။ သူတို့ကမြစ်ထဲကိုပစ်ချခံရပြီး တော့လူတွေစားတာခံရတယ် ၊ သူတို့အရိုးတွေကို နေရာတိုင်းယူသွားပြီး အမဲလိုက်ဖို့သုံးကြတဲ့ အရိုးဓားတွေပြုလုပ်ကြတယ် “
ယန်ရှောက သူ့မျက်နှာကို မမှတ်မိနိုင်ပေမယ့် ထိုလူတောင်ပေါ်မှာအမဲလိုက်ရင်း ဆိုးဆိုးဝါးဝါးဒဏ်ရာရနေကိုတာတော့ မှတ်မိလေသည် ။ သူပြန်ရောက်တဲ့အခါမှာ သူကသူ့ကိုယ်သူ ကျောက်တုံးနဲ့ချီကာ မြစ်ထဲကိုခုန်ချသွားသည် ။
ဘဝနေထိုင်ဖို့ ရှင်သန်ဖို့ရာခက်ခဲပြီး ကောင်းကောင်းနားလည်တဲ့သူများသာ ရှင်သန်နိုင်ကြသည် ။ ယန်ရှော နောက်ကိုပြန်ကြည့် ေသာအခါ ကမ်းဘေးမှာ ရပ်နေသေးသူများကို တွေ့ရသည်။ သူတို့ကလှေကိုကြည့်နေပြီး ယန်ရှော ကိုမနာလိုဖြစ်နေကြသည် ။ တချိန်တည်းမှာ သူတို့က သူတို့မျိုးနွယ်စုဆီကသတင်းကောင်းကြရဖို့ကို မျှော်လင့်နေသည် ။ ထိုနေ့က သူတို့ဘဝသစ်၏ အစဖြစ်နိုင်နေသည် ။
သူကလှေကိုအားမာန်အပြည့်နဲ့လှော်နေရင်း တော့ကမ်းပါးမှာရပ်နေတဲ့သူတွေကို ကြည့်ကာ အော်လိုက်သည် ။
“ကောင်းကောင်းမွန်မွန်ရှင်သန်ကြပါ “
“ကောင်းပြီ”
သူတို့အသံများလည်း ကမ်းပါးမှာထွက်ပေါ်လာသည် ။ ကျောက်ဝူက အော်လိုက်ချင်ပေမယ့် သူ့ကိုယန်ကျစ်ကကြည့်နေလေရာ သူ့ကိုယ်သူပြန်ထိန်းထားလိုက်သည်။ အစိမ်းရောင်မြစ်ပြင်အထက်မှာ လူကိုး ယောက်ကို သယ်ဆောင်လာတဲ့လှေကလေးဟာ လှေလှော်သံနဲ့အတူ အရှေ့ကိုချီတက်နေသည် ။
ေလှပေါ်မှာ သူတို့ကို ကမ်းဘေးကတိုက်ခိုက်လာလျှင် ကာကွယ်ဖို့ လည်းသစ်သားဒိုင်းများပါလေသည် ။ ယန်ရှောမိန်းမနဲ့ သူ့ကလေးများကိုတော့ အလယ်မှာထားထားသည် ။ ကောင်းကင်ပေါ်မှာ ချာချာက အောက်ကအခြေအနေကို အထူးဂရုစိုက်နေသည် ။သူပုံမှန်မဟုတ်တာတစ်ခုခုတွေ့ပါက ရှောက်ရွှမ်ကို အသိပေးလိမ့်မည်။
ရှောက်ရွှမ် နောက်ဆုံးအချိန် မှာ သူဒီမြစ်ထဲကို လာခဲ့သည်ကိုမှတ်မိနေသေးသည် ။ အတွေ့အကြုံရှိတဲ့ ခရီးသွားများက သူတို့အတွေ့အကြုံကို ပြောပြဖူးသည် ။ သူတို့က ဘယ်မြစ်ကျောင်းကပိုမြန်မြန်စီးသည် ၊ဘယ်နေရာကအန္တရာယ်များသည် ၊ဘယ်နေရာမှာမျိုးနွယ်စုအသေးလေးတွေနေထိုင်သည် စသည်တို့ကိုပြောပြခဲ့သည် ။ ရှောက်ရွှမ်လည်းပဲ ယန်ကျစ်နဲ့တခြားသူတွေ အထိတ်တလန့်မဖြစ်သွားစေရန် အတွက် ပြောပြထားသည် ။
ကလေးနှစ်ယောက်ဟာ မွေးလာကတည်းက သူတို့နေလာတဲ့ လေလွင့်သူများနယ်ပယ်ကနေ ထွက်ခွာခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည့်အတွက် နှစ်ယောက်လုံးမှာ ဝန်းကျင်ကရှုခင်းများကို သိချင်စိတ်အပြည့်ဖြင့် ကြည့်နေကြလေသည် ။ လူကြီးများကတော့ သက်တောင့်သက်သာမခံစားရဘဲ ရှောက်ရွှမ်က သူတို့ကို သတိကြီးကြီးထားခိုင်းထားသည် ။ မြစ်ခွဲကနေထွက်လာတဲ့ ၃ရက်မြောက်နေ့မှာ ရှောက်ရွှမ်က ပုမျိုးနွယ်စုရဲ့ သင်္ကေတကိုတွေ့ရသည် ။
“ ပုမျိုးနွယ်စု “
ရှောက်ရွှမ်က မြစ်နားက တောင်ကုန်းပေါ်ကမှာ ထင်ရှားတဲ့ကျောက်တုံးပေါ်မှာ ဆွဲထားတဲ့အမှတ်အသားကိုညွှန်ပြကာ ပြောလေသည် ။မျိုးနွယ်စုရဲ့အစွန်ဘက်မှာ ကင်းလှည့်နေတဲ့စစ်သည်အချို့ရှိပြီး တော့ သူတို့က ရှောက်ရွှမ်ကိုမမှတ်မိပေ ။ သို့ပေမယ့် ရှောက်ရွှမ်က မနှစ်ကဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောသည့်အခါမှ သူ့ကို သူတို့ကမှတ်မိသွားကြသည်။
ရှောက်ရွှမ်တို့အဖွဲ့က အန္တရာယ်မရှိသည်ကို သိရသည့်အခါ စစ်သည်တော်တွေထဲက တစ်ယောက်က ပြောလေသည်။
“ငါ့နောက်ကိုလိုက်ခဲ့ ၊ ဖန်းနင်ဆီကိုခေါ်သွားမယ် “
ဆောင်းရာသီကုန်သွားပြီး အပူချိန်ကမြင့်တက်လာလေသည် ။ခရီးသွားအဖွဲ့ကဒီနှစ်မှာ ပထမဆုံး
အကြိမ်ခရီးစသွားဖို့ စတင်ပြင်ဆင်နေကြလေသည် ။ ဖန်းနင်က တော့ခရီးသွားအစီအစဉ်အကြောင်းကို သူ့အဖွဲ့ဝင်များကို ပြောဖို့ တခြားတစ်ယောက်ကိုပြောပြနေသည် ။ သူ့ကိုနောက်ကတစ်ယောက်ယောက်ခေါ်သည်ကို ကြားသောအခါ လှည့်ကြည့်လိုက်ရာ ရှောက်ရွမ်ကိုတွေ့လေသည် ။
ဖန်းနင်က ရှောက်ရွှမ်ကိုမှတ်မိနေသေးသည် ။ သို့သော် သူ့မျက်နှာမှာ မပြောင်းလဲသွားပေမယ့် ရှောက်ရွှမ်က သူကအမြဲတမ်း တည်ငြိမ်သည့်အတွက် သူ့သဘောထားကို ဂရုမစိုက်ပါချေ ။ သူ့အနားကရင်းနှီးတဲ့သူကိုတော်တော်များများနှင့် စကားပြောပြီးသည်နောက် ယွီကိုသွားရှာဖို့ ပုမျိုးနွယ်စုက လမ်းပြအချို့နောက်ကို သူလိုက်လာခဲ့သည် ။
ယန်ကျစ်နဲ့အခြားသူများက သူတို့အတွက် မျိုးနွယ်စုထဲကို ဝင်ရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး သူတို့မျိုးနွယ်စုလည်း မဟုတ်ပေ။ စစ်သည်တော်များကာ ထားလေရာ သူတို့ ကြောက်ရွံလာသည် ။
အခြားသူများကသူတို့ကို လုံးလုံးလစ်လျူရှုထားသော်လည်း သူတို့အနားကဖုမျိုးနွယ်စု မှလူများမှာ သူတို့ကို သိချင်စိတ်အပြည့်နှင့် ကြည့်နေလေသည် ။ ပထမကြည့်ကြည့်ချင်းမှာပင် သူတို့မှာလဲစရာပစ္စည်းကောင်း မရှိသည်ကို သိကြလေသည် ။ သူတို့ကတော့သူတို့နှင့်အလဲလှယ်လုပ်မည် မဟုတ်ပေ။ ထို့ကြောင့်ပင် သူတို့ကိုကောင်းကောင်းမဆက်ဆံပေ ။
အနားမှာလူများရောက်လာသောအခါ ကျောက်ဝူက မထိန်းနိုင်ပဲ သူ့အကိုကိုတိုးတိုးပြောလေသည်။
“ သူတို့မျက်လုံးတွေကသိပ်ကြီးတာပဲ”
သူ့အားတစ်ခုခုကိုပြောချင်ပေမယ့် ယန်ကျစ်ကို ကြည့်နေလေသည်။
ရာသီဥတုနွေးလာတဲ့အတွက် ဖုမျိုးနွယ်စုကလူများက ဖား များကိုစတင်ပြီးတော့ ကိုင်တွယ်လာကြသည် ။ ယန်ကျစ်နဲ့ တခြားသူတွေက ဒီဖားတွေကအလွန်ဝ ဖြိုးကာအရသာရှိပုံပေါက်လေသော်လည်း
ဒီဖားတွေကိုမထိမိကိုကြိုးစားကြသည် ။ အကြောင်းမှာ သူတို့ဒီကိုမလာခင်တုန်းကပြောဖူးသည့်အတွက်ပင်ဖြစ်သည်။
သို့သော် ရှောက်ရွှမ်အကြောင်းကိုသေချာသိသူများကတော့ ထိုလူမှာ အလယ်ပိုင်းဒေသမှဝယ်လာသော ပစ္စည်းကောင်းများရှိသည်ကို သိကြသည် ။
“အလဲလှယ်လုပ်တာက၂ရက်အတွင်းမှာစမှာလား”
အိမ်ပတ်ပတ်လည်ကိုကြည့်ကာ သူဘေးကလူများကိုမေးလိုက်လေသည် ။
ပတ်ဝန်းကျင်ကလူများကားသူတို့ပစ္စည်းများကိုစပြီးချကာ မျိုးနွယ်စုကလူများ ကိုစပြီးအလဲလှယ်လုပ်တော့မည်ကိုပြနေလေသည် ။ “ အိုး..ရှောက်ရွှမ် လော် မျိုးနွယ်စုကလူတွေလည်းဒီနေ့လဲဖို့လာကြလိမ့်မယ် “
ထိုလူကပြောလေသည် ။
သူယွီတို့အိမ်ကို တွေ့သောအခါ ထိုလူကိုကျေးဇူးတင်ပြီး အသား အသားခြောက်တစ်ခုကိုပေးလိုက်ကာ သူ့ကိုပြောသည် ။
“ ကျေးဇူးတင်ပါတယ် “
သူလမ်းပြပေးတဲ့အတွက်သူကဆုရမယ်လို့မျှော်လင့်မထားတာကြောင့် အသားနံ့က သူကိုအံ့သြသွားစေသည်။ သူကပြုံးရီကာပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။ ဘယ်သူမှသူ့ကိုသတိမထားမိတဲ့အတွက် သူကသူ့သားရေအိတ်ထဲကို မြန်မြန်ထည့်လိုက်လေသည် ။ဓားပြတိုက်တာကိုရှောင်ရှားတဲ့အတွက် ဆုရတာကိုသူများတွေကိုမသိစေချင်ပေ ။
ထိုအချိန်မှာယွီကခရီးသွားအဖွဲ့နဲ့ သွားဖို့စိတ်ကူးမရှိဘဲ နဲ့ ရှောက်ရွှမ် ဒီကိုရောက်လာတဲ့အခါမှာ သူကသူ့အိမ်လေးထဲမှာအိပ်နေသည်။
ရှောက်ရွှမ် အလည်အပတ်လာခြင်းက ယွီကိုပျော်ရွှင်စေသည် ။သူက ရှောက်ရွှမ် ဖားဆိပ်တွေပိုလိုချင်လို့
လာသည်ကိုသိသည့်အတွက် သူက ဖားအဆိပ်မျိုးစုံနဲ့ အဆိပ်ဆူးပေါင်းစုံကို ယန်ကျစ်နဲ့အခြားသူတွေ ရှေ့မှာပြုလုပ်နေရာ သူတို့ကအလွန်စိတ်ဝင်စားနေကြသည် ။ သူက သူ့အဖိုးမြုပ်ထားတဲ့ သီးသန့်အရာတချို့ကိုပင် တူးထုတ်လိုက်သေးသည် ။
“ ဒါ ငါ့အဖိုးမနှစ်ကလုပ်ခဲ့တာတွေ ၊ သိမ်းထားတာကြာရင်တော့ ထိရောက်မှုသိပ်မရှိလောက်တော့ဘူး ၊ မင်းကိုငါပေးလိုက်မယ် “
ယွီက ရှင်းရှင်းလင်းလင်း ပြောပြကာ သူ့အဖိုးသိရင် စိတ်ဆိုးမည်ကိုပင်သူက စိတ်မပူနေပေ ။
“ ကျေးဇူးတင်ပါတယ် “
ထိုအချိန်မှာ သူတို့နဲ့ မဝေးတဲ့သူများက လည်းလှုပ်လှုပ်ရွရွဖြစ်လာလေသည် ။ လော်မျိုးနွယ်စုက လူတွေ လာတာဖြစ်နိုင်တယ်။သူတို့ဆီကနေ တဲ့ ငါးဖမ်းပိုက်တွေ ရနိုင်တယ် ။ သူတို့ငါးဖမ်းပိုက်တွေက လည်းအရမ်းကောင်းတယ်။ဒါပေမဲ့ ဘာတွေနဲ့လုပ်
ထားလဲတော့ ငါလည်းမသိဘူး “
“ ကောင်းပြီလေ။တစ်ချက်လောက်သွားကြည့်ကြတာပေါ့ “
ရှောက်ရွှမ် ထွက်သွားပြီးတဲ့နောက် ယွီ ကသမ်းဝေကာ ဆက်အိပ်နေလိုသည် ။
“ ဒီကိုဘယ်သူတွေလာတာလဲ။ငါဖားဆိပ်တွေကကော ဘယ်ရောက်သွားပြီလဲ။ ငါ လော် မျိုးနွယ်စုကလူတွေနဲ့ တစ်ခုခုလဲဖို့ လုပ်ထားတာ “
အဖိုးကြီးပြန်ရောက်လာသည် ။
“ အဖိုး မီးတောက်ဦးချိုများမျိုးနွယ်စုကိုသိလား “
ယွီကမေးလေသည် ။
“ မသိဘူး။အသံကတော့ရင်းနှီးနေသလိုပဲ ၊ ငါဖားဆိပ်တွေဘယ်မှာလဲ “
“ ရှောက်ရွှမ်က မီးတောက်ဦးချိုများမျိုးနွယ်စုဝင်ပဲ “
“ ကောင်းပြီ။ငါဖားဆိပ်တွေဘယ်မှာလဲ “
“ မနှစ်က ကျနော်ခရီးသွားတွေနဲ့သွားတုန်းက ရှောက်ရွှမ်က မျက်နှာတထောင်မျိုးနွယ်စုကလူကို အနိုင်ယူတာတွေ့ခဲ့တယ်”
“ အိုး အရင်ကမင်းပြောဖူးတာငါမှတ်မိပြီ။ ငါဖားဆိပ်တွေဘယ်မှာလဲ”
သူတို့ကတနေ့မှာတခါဖြစ်နေကြ ပြောချင်ရာပြောကြတဲ့ အကန်းနဲ့စကားပြောသလိုဖြစ်နေကြသည် ။
ရှောက်ရွှမ်က လော်မျိုးနွယ်စုကို သူတို့ရဲ့ ထူးခြားတဲ့ငါးဖမ်းပိုက်ကြောင့် အထင်ကြီးသွားသည် ။ သူတို့က အလွန်ပါးတဲ့ပစ္စည်းလေးကို ပိုက်ကွန်ရက်ဖို့သုံးပြီး ထိုအမျှင်လေးများ အပင်တစ်မျိုးမျိုးကနေ ခုတ်ထွင်ထားခြင်းဖြစ်သည်။
ရှောက်ရွှမ်က ငါးဖမ်းပိုက်များနဲ့ ငါးအရေခွံအပေါ်ထပ် တော်တော်များများ ကိုလဲလှယ်ခဲ့သည် ။ ငါးအရေခွံအပေါ်ထပ်မှာ လော်မျိုးနွယ်စုအတွက် ပုံမှန် ဖြစ်ပြီး အခြားမျိုးနွယ်သူများ၏သားရေအပေါ်ထပ်များနဲ့ ကွဲပြားလေသည် ။
သူတို့မျိုးနွယ်စုကို မြစ်သုံးစင်းကဝန်းရံထားပြီး နှစ်စင်းကနေပြီးတော့ငါးများဖမ်းနိုင်သည် ။ သူတို့က တော့အခြေခံကိရိယာများနဲ့ ပုံမှန် စီးများကိုသုံးကာ သူတို့၏ခန္ဓာကိုယ်ကို ခြုံလွမ်းကာ အနွေးဓာတ်ရ ေစရန် အဝတ်အထည်များပြုလုပ်ကြသည် ။
လော်မျိုးနွယ်စုနဲ့ပုမျိုးနွယ်စုအပါအဝင် မျိုးနွယ်စုတိုင်းက မရေမတွက်နိုင်သော အတက်အကျများ စွာ ကြုံခဲ့ကြရလေသည် ။ မျိုးနွယ်စုတိုင်းက ရှင်သန်တိုးတက်ဖို့ မတူညီတဲ့ သမိုင်းများကနေ မတူညီတဲ့စွမ်းရည်များ ကိုတက်လာကြသည် ။ အလယ်ပိုင်းဒေသမှာ ပိုပြီးအဆင့်မြင့်တဲ့ လူနေမှုအဆင့်အတန်း နဲ့ ယဥ်ကျေးမှုကို မထိတွေ့ရသေးလျှင် အစောပိုင်းလူနေမှုအဖွဲ့အစည်းအဖြစ်သာရှိနေပြီး အချိန်ပိုကြာ
လိမ့်မည်။
လူနေမှုအဆင့်အတန်းနဲ့ စွမ်းရည်များမှာ ကြမ်းတမ်းသောဘဝ၏။အကျိုးဆက်များဖြစ်သည်။ အလယ်ပိုင်းဒေသက နေအလဲအလှယ်များနဲ့ယှဉ်လျှင် ဒီနေရာမှအလဲအလှယ်များက အကျိုးအမြတ်ပိုများသည်။ ပုမျိုးနွယ်စုကလူများသည် အဝေးကိုခရီးထွက်ရတာ ပိုကြိုက်သည်မှာ အံ့သြစရာမရှိပေ။ ယန်ကျစ်နဲ့ အခြားသူများသည် ရှောက်ရွှမ် နောက်ကိုလိုက်ခဲ့သည့်အကျိုးကြောင့် အများကြီး သင်ယူနိုင်ခဲ့သည် ။
ပုမျိုးနွယ်စုမှာ တည နေပြီးသည့်နောက် နောက် နေ့မနက်စောစောမှာ ရှောက်ရွှမ်က ယန်ကျစ်နဲ့အခြားသူများကို ကူမျိုးနွယ်စုသို့ လှေကိုထုတ်ကာ ဦးဆောင်၍ခေါ်သွားသည် ။ ကူမျိုးနွယ်စုနဲ့နီးလာလေ ယန်ကျစ်နဲ့အခြားသူများက ပိုပြီး စိတ်လှုပ်ရှားလာကြသည် ။ ရှောက်ရွှမ်က သူတို့ကို ထိုမျိုးနွယ်စုကမိချောင်းများက ထူးခြားသည်ဟုပြောသော်လည်း သူတို့ကမထိန်းနိုင်ဘဲ စိုးရိမ်နေကြ
သည်။ သူတို့က တော့သွေးသံတရဲရဲအဖြစ်အပျက်များကို ပြန်လည်ပုံဖော်နေမိသည်။
“ကူမျိုးနွယ်စုက အဲဒီမှာပဲ”
ရှောက်ရွှမ်က အရှေ့ကမြစ်ကိုကြည့်ကာ ပြောလေသည် ။ ယန်ကျစ်နဲ့အခြားသူများက လည်းပိုပြီးစိတ်လှုပ်ရှားလာကြသည် ။ သူတို့ကမြစ်ရေပြင်ကို ခဏခဏကြည့်နေလေသည် ။
ဟွား....
ရေ ထဲမှာ တစ်ခုခုထွက်လာပြီး ပြန်ကျသွားတဲ့အခါမှာ ရေပေါ်မှာရပ်နေလေသည် ။
မကြာမီ ယန်ကျစ်နဲ့အခြားသူများက စူးရှတဲ့မျက်လုံး၊အသားမာများဖုံးထားသော ရက်စက်သည့်ခေါင်းတခု တဖြည်းဖြည်းပေါ်လာပြီး လူတစ်ယောက်ခြေထောက်အောက်မှာဖြစ်နေသည်ကိုတွေ့ရသည်။ သူတို့ အနောက်မှာ အညိုရောင်မျက်လုံးများ၊အဝါရောင်မျက်လုံးများ အစုံလိုက်နဲ့ ကြီးမားသောမေးရိုး
ကြီးများလည်းပေါ် လာသည်။ ရှောက်ရွှမ်မှလွဲရင် အားလုံးက ဖျော့တော့ သွားလေသည် ။
ထိုလူမှာ မျိုးနွယ်စုကင်းလှည့်စစ်သည်တော်ဖြစ်ပြီး ပုမျိုးနွယ်စုနဲ့မတူတာကတော့ သူတို့ ရှောက်ရွှမ် ကိုမှတ်မိလေသည်။
“ မင်းပါလား “
စစ်သည်တော်က စိတ်အားထက်သန်စွာနဲ့ ရင်းနှီးစွာပြောလေသည် ။ သို့ပေမဲ့ သူ့မျက်နှာအမူအရာက အခြားသူများ ကို ကြောက်ရွံ့စေသည်။ သူ့ပုံမှာ အလွန်ရက်စက်သည့်ပုံပေါက်နေသောကြောင့်ဖြစ်သည် ။
ရှောက်ရွှမ် အသံကိုကြားသောအခါ စစ်သည်တော်က မျိုးနွယ်စုဆီကို ရှောက်ရွှမ်ကို စိတ်အားထက်သန်စွာနဲ့ ဦးဆောင်သွားလေသည်။သို့ပေမယ့် သူရယ်သည့်အခါမှာ သူ့မျက်နှာကာ ပိုပြီးရက်စက်သည့်ပုံပေါက်နေသည် ။
လမ်းလျှောက်ကြသည့်အခါ ရှောက်ရွှမ်ကအခြားသူများမကြားနိုင်သည့်အော်သံတစ်ခု ကြားလိုက်ရလေသည် ။
ကလေးငယ်လေး အော်နေသည် ။ မနှစ်ကသူမြင်တုန်းက တော့ မိကျောင်းပေါက်အကောင်သေးလေးသာဖြစ်သေးသည်။ သူ့ရှေ့ကရေအိုင်ထဲမှာတော့ အညိုရောင်မျက်ဝန်းတစ်စုံနဲ့ အရာတစ်ခုပေါ်လာလေသည် ။ ၎င်းကကြီးလာသော်လည်း ရှောက်ရွှမ် ကို မြင်မြင်ချင်း မှတ်မိလိုက်သည် ။
“ယန်နျင်လေးရေ..အစ်ကိုမင်းကိုမိကျောင်းလေးနဲ့မိတ်ဆက်ပေးမယ်”