← Chapters

မိစ္ဆာနတ်ဆိုး ပြန်ပေါ်လာခြင်း

Vol. 32 Ch. 438

မိစ္ဆာနတ်ဆိုး ပြန်ပေါ်လာခြင်း

Vol. 32 Ch. 438

" ထောင်ချောက် .. ဟုတ်လား "

လောထျန်း အံ့အားသင့်သွားရသည်။

သို့သော် ထိုအချိန်မှာပင် ..

ဝေါင်း..

ခြေတစ်ချောင်း ကျွဲနဂါးကြီးက အသံကျယ်ဖြင့် ဟိန်းဟောက်လိုက်၏။

ချက်ချင်းမှာပင် ပန်းလင်ဆီသို့ အေးစက်စက် အလင်းတန်းတစ်ခု တိုးဝင်သွားသည်။

ဖောက်..

ခပ်အုပ်အုပ် အသံတစ်သံနှင့်အတူ ပန်းလင်၏ ခေါင်း ပေါက်ကွဲထွက်သွား၏။

" အား... "

ထိုမြင်ကွင်းကို တွေ့လိုက်ရသော ဟွမ်ယင်တစ်

ယောက် အလွန်ကြောက်လန့် တုန်လှုပ်သွားကာ မျက်နှာတစ်ပြင်လုံး သွေးဆုတ်ဖြူရော်သွားပြီး မေ့လဲကျတော့မလို ဖြစ်သွားသည်။

သူမနှင့် ပန်းလင်တို့ အတူနေလာကြသည်မှာ ရက်များစွာ ကြာခဲ့ပြီ ဖြစ်ရာ ပန်းလင်၏ အဖြစ်ဆိုးကို သူမ မည်သို့ ကြည့်နိုင်ပါမည်နည်း။

ထိုအချိန်မှာပင် ခြေတစ်ချောင်း ကျွဲနဂါးကြီး နောက်မှ လှောင်ရယ်သံတစ်သံ ထွက်လာ၏။

" လောထျန်း ၊ ကိုယ့်ရှေ့မှာ ကိုယ့်မိတ်ဆွေတွေ သေသွားတာကို မြင်ရတာ အင်မတန် ဆိုးရွားတဲ့ ခံစားချက်ပဲနော် ၊ ဟုတ်တယ်မလား။ စိတ်မပူပါနဲ့.. ဒါ အခုမှ အစပဲ ရှိသေးတယ်။ မင်းရဲ့ မိသားစုဝင်တွေရော၊ ဆွေမျိုးသားချင်းတွေရော အကုန်လုံး မင်းရှေ့မှာ ဆိုးဆိုးရွားရွား သေရအောင်ကို ငါ လုပ်ပေးဦးမှာ "

ထိုစကားသံနှင့်အတူ တစ်ကိုယ်လုံး အမည်းရောင်ဝတ်ရုံဖြင့် ရစ်ပတ်လွှမ်းခြုံထားသည့် လူတစ်ယောက် ပေါ်လာသည်။

ထိုလူကို တစ်ချက်ကြည့်လိုက်သည်နှင့် ဝမ်ဟွန်းကွေ့ယီဂိုဏ်း၏ လက်ထောက်ဂိုဏ်းချုပ်ကြီး လွေ့နန် ဖြစ်ကြောင်း လောထျန်း ချက်ချင်း သိလိုက်၏။

လွေ့နန်က လောထျန်း ဖြစ်သွားသည့် မျက်နှာကို ကြည့်ရင်း ဆက်ရယ်သည်။

" ဘာလဲ.. ကြောက်နေပြီလားကွ ။ စိတ်မပူပါနဲ့ ၊ အခု နောက်အလှည့်က မင်းဘေးက ကောင်မလေးရဲ့ အလှည့်ပဲ။ သူ့ကိုလဲ စောနက တစ်ယောက်လို သေရအောင် ငါ လုပ်ပေးမှာ "

လွေ့နန်က ပြောပြောဆိုဆိုပင် ဟွမ်ယင်ကို ကြည့်ပြီး ပန်းလင် ရှိသည့်ဘက် လက်ညိုးထိုးပြလိုက်၏။

သို့သော်.. ချက်ချင်း ဆိုသလိုပင် သူ အံ့သြမှင်သက်သွားရပါသည်။

အဘယ့်ကြောင့်ဆိုသော် ခေါင်းတစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသော ပန်းလင်ပုံက အလောင်းတစ်ခု အဖြစ် ကြမ်းပြင်သို့ လဲကျမသွားသောကြောင့်ပင် ။

ထိုသို့ ဖြစ်ရမည့်အစား ပန်းလင်က အသည်းအသန် ပြေးပြီး လောထျန်းရှေ့ ရောက်လာပါ၏။

လွေ့နန်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း အံ့သြမှင်သက်သွားတော့သည်။

ဘာတွေ ဖြစ်နေပါသနည်း..

ခေါင်းတစ်ခုလုံး ပေါက်ကွဲသွားသည့်တိုင် အသက် မသေသေးဘူးတဲ့လား..

သူ မျှော်လင့်မထားသည့် အချိန်မှာပင် ပန်းလင်၏ ခန္ဓာကိုယ် တွန့်လိမ်သွားပြီး အရပ်ခြောက်ပေခန့် ရှိသည့် မိန်းမပျိုလေး တစ်ဦးအသွင်မှ အရပ် သုံးပေခန့်သာ ရှိသော မိန်းကလေး တစ်ယောက်အသွင် ပြောင်းသွားပါ၏။

" မျိုးမစစ်ကောင် ။ သခင်လေးလောထျန်း ၊ အဲ့ကောင်က ကျွန်မရဲ့ အသွင်ပြောင်းထားတဲ့ ခေါင်းကို ပေါက်ကွဲသွားအောင် လုပ်ပစ်ခဲ့တာ။ ကျွန်မအတွက် လက်တုန့်ပြန်ပေးပါ "

မိန်းကလေးငယ်လေး တစ်ယောက်အသွင် ပြန်ပြောင်းသွားသော ပန်းလင်က ဒေါသတကြီး ပြောလိုက်သည်။

လောထျန်းက ခေါင်းညိတ်ပြပြီး ပြန်ပြော၏။

" စိတ်မပူပါနဲ့ ၊ ကျုပ် လုပ်ပေးမှာပါ "

သူ ထိုသို့ ပြောပြီးသည်နှင့် လွေ့နန်အား အေးစက်စက် လှည့်ကြည့်လိုက်သည်။

လွေ့နန်သည် ပန်းလင်အား အချိန်အတန်ငယ်ကြာ စိုက်ကည့်နေပြီး နောက်မှသာ ရုတ်တရက် သဘောပေါက်သွားဟန်ဖြင့် ပြော၏။

" သဘာဝ စိတ်ဝိဥာဥ်လား "

ပန်းလင်က ခေါင်းမရှိတော့ပါဘဲ အဘယ့်ကြောင့် အသက်ဆက်ရှင်နေသးသည်ကိုလည်း သူ ထိုအချိန်မှသာ သဘောပေါက်လိုက်သည်။

၎င်းမှာ ပန်းလင်က သဘာဝစိတ်ဝိဥာဥ်တစ်ယောက် ဖြစ်နေသောကြောင့်ပင်..

အစောက ပန်းလင်၏ ခန္ဓာကိုယ်တွင် အစိတ်အပိုင်း သေးသေးလေးကသာ ခန္ဓာကိုယ်အစစ် ဖြစ်ပြီး ကျန်အပိုင်းများက ပုံရိပ်ယောင်များသာ ဖြစ်သဖြင့် မသေသွားခြင်း ဖြစ်ပါသည်။

" ဒီကောင်မ... "

လွေ့နန်၏ မျက်နှာပေါ်တွင် အေးစက်စက် အငွေ့အသက်များ ရုတ်ချည်း ပေါ်လာ၏။

ထို့နောက်တွင်မူ သူ့ရင်ထဲ၌ ကြောက်စိတ်ကြီး လွှမ်းမိုးလာတော့သည်။

သူ တုန့်ဆိုင်းမနေဘဲ ချက်ချင်း နောက်လှည့်၍ ပြေးလိုက်၏။

သို့တိုင် သူ အနည်းငယ် နောက်ကျသွားခဲ့ပါသည်။

ဘုန်း..

ထိုစဥ်မှာပင် သူ့အနောက်ဘက်၌ ရွှေရောင် ဧရာမလက်ဝါးကြီး တစ်ခု ပေါ်လာပြီး သူ့အား ရိုက်လိုက်တော့၏။

၎င်းမှာ လောထျန်း၏ ကောင်းကင်ဘုံ လက်ဝါးကြီးပင်...

လွေ့နန်မှာ ထိုလက်ဝါးကြီးဖြင့် အရိုက်ခံရပါက သေချာပေါက် သူ သေရမည်ကို သိသဖြင့် မျက်လုံးပြူးသွားသည်။

နောက်.. သူ ကြံရာမရသည့်အဆုံး အကျ်ီလက်ကို ခါလိုက်ရာ သူ့အနောက်ဘက်တွင် အရိပ်တစ်ခု ရုတ်တရက် ပေါ်လာ၏။

" ဟား ဟား.. ငါတို့ မျိုးနွယ်စု ထွက်ရမယ့် အလှည့်က အစောကြီးပါလားကွ ။ လွေ့နန် ၊ ကြည့်ရတာ မင်းအစွမ်းက မလုံလောက်ဘူးနဲ့တူတယ်။ အဲ့လို ဆိုမှတော့လဲ ငါ့ဘက်က လူသတ်ပွဲကြီး ကျင်းပရတာပေါ့ကွာ "

ထိုအရိပ်ကြီးက ပေါ်ပေါ်ချင်းမှာပင် လှောင်ပြုံးဖြင့် ပြောလိုက်သည်။

သို့သော်.. သူ အော်ရယ်၍ မပြီးခင်မှာပင် တစ်စုံတစ်ခု မှားနေပြီဖြစ်ကြောင်း သိလိုက်ရပါ၏။

သူ ချက်ချင်း နောက်လှည့်ကြည့်လိုက်ရာ လောထျန်း၏ ကောင်းကင်ဘုံ လက်ဝါးကြီးက သူ့အနားလေးသို့ပင် ရောက်နေပြီကို တွေ့လိုက်ရသည်။

" ဟာ... ကိုမေကို###$ "

သူ တစ်ခုခု ပြောရန် ပြင်လိုက်စဥ်မှာပင်..

ဖြန်း...

လောထျန်း၏ လက်ဝါးချက်က သူ့အပေါ် ကျလာပြီး အစအနပင် မကျန်အောင် ပျောက်ကွယ်သွားတော့၏။

ထိုစဥ် လွေ့နန်မှာ ထိုအရိပ်ကြီး ပေါ်လာသည်ကို အခွင့်ကောင်းယူ၍ ထွက်ပြေးသွားသဖြင့် ပေရာပေါင်းများစွာ အကွာသို့ ရောက်နေပြီ ဖြစ်ပြီး အသက်ဘေးမှ ကံကောင်းထောက်မစွာ လွတ်သွားခဲ့သည်။

သို့သော် ထိုအချိန်မှာပင်..

ဝီ..

လောထျန်း လက်ချက်ကြောင့် သေသွားခဲ့ရသော အကောင်ကြီးက စိတ်ဝိဥာဥ်အဖြစ် စုစည်းသွားကာ လွေ့နန်အား ဒေါသတကြီး အော်ပြောလာသည်။

" လွေ့နန်.. အယုတ်တမာကောင် ၊ မင်းက ငါ့ခန္ဓာကိုယ် ပျက်စီးသွားအောင် လုပ်လိုက်တယ်ပေါ့လေ။ မင်းကိုငါ ဘယ်တော့မှ အလွတ်မပေးဘူး မှတ် "

သူ ထိုသို့ ပြောပြီးသည်နှင့် လောထျန်းဘက် ထပ်လှည့်ကာ ပြော၏။

" လူငယ်လေး ၊ မင်း ဘယ်သူလဲ ဆိုတာ ငါ စိတ်မဝင်စားဘူး။ ဒါပေမယ့် မင်းက ငါ့ခန္ဓာကိုယ်ကို ပျက်စီးအာင် လုပ်ခဲ့တာ ဆိုတော့ ဒီနေ့ မင်း သေရမယ်မှတ် "

ခပ်လှမ်းလှမ်းမှနေ၍ ထိုမြင်ကွင်းကို ကြည့်နေသော လောထျန်းက တအံ့တသြ ပြန်မေးလိုက်သည်။

" ဟင်.. ဘယ်လို "

ထို့နောက်တွင်မူ သူ လက်ဆန့်ထုတ်၍ ထိုစိတ်ဝိဥာဥ်

အား ဖမ်းဆုပ်လိုက်၏။

တဖက် စိတ်ဝိဥာဥ်က လှောင်ပြုံးဖြင့် ပြန်ပြောလာသည်။

" အရူးကောင် ၊ ငါ့ရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်တာ မင်း အမှားကြီး မှားသွားပြီ။ ငါတို့ မျိုးနွယ်စုက ခန္ဓာကိုယ်ရဲ့ အကန့်အသတ်တွေ မရှိတော့ရင် ပိုပြီးတောင် အစွမ်းထက်သေးတယ်ကွ။ အခု မင်း ငါ့ကို ထိလို့တောင် ရမှာ မဟုတ်ဘူး ... "

၎င်းက မာထန်ထန် မျက်နှာထားဖြင့် ထိုစကားကို ပြောလိုက်သည်။

သို့သော်..

ဝုန်း..

လောထျန်းက ကောင်းကင်ဘုံ လက်ဝါးသိုင်းကို ထပ်သုံး၍ စိတ်ဝိဥာဥ်အား ဖမ်းဆုပ်ကာ သူ့ရှေ့သို့ ကိုင်မြှောက်လိုက်ပါ၏။

" ဘယ်လို ဖြစ်ပြီးတော့... ။ ငါ့ကို ဘာလို့ ထိလို့ ရနေ

တာလဲ "

၎င်းကို မြင်သောအခါတွင်မူ စိတ်ဝိဥာဥ်မှာ ယခင်လို မမာနိုင်တော့ဘဲ ကြောက်နေသည့် အသံဖြင့် ပြောလိုက်သည်။

ပုံမှန်ဆိုပါက.. စိတ်ဝိဥာဥ် အခြေအနေသို့ ရောက်နေလျှင် စိတ်ဝိဥာဥ်အစွမ်း တစ်ခုတည်းဖြင့်သာ ထိ၍ ရပါသည်။

သို့သော် ထိုစိတ်ဝိဥာဥ်မှာ အလွန် အစွမ်းထက်လှသူ ဖြစ်ရာ...

သာမာန် စိတ်ဝိဥာဥ်သခင်ကြီးများ မဆိုထားဘိ ၊ လွေ့နန်ကဲ့သို့ ပါရမီရှင် တစ်ယောက်သည်ပင် သူ့အား မည်သို့မှ မလုပ်နိုင်ပါချေ။

သို့သော်.. ယခု သူက အလွယ်တကူပင် ဖမ်းဆုပ်ခံလိုက်ရသတဲ့လား ။

ယခု သူ့ရှေ့တွင် ရောက်နေသော လူငယ်လေး၏ စိတ်ဝိဥာဥ်အစွမ်းက လွေ့နန်ထက် အဆများစွာ ပိုသာနေသည့် သဘောပေလား။

ထိုတခဏတွင် သူ အလွန် ကြောက်ရွံ့တုန်လှုပ်သွားတော့သည်။

ထိုအချိန်တွင် လောထျန်းက သူ့အား ရှေ့သို့ ဆွဲခေါ်ထားပြီ ဖြစ်ပြီး စိုက်ကြည့်နေရင်း ရုတ်တရက် ပြောလာ၏။

" ဒီကောင်က.. ဟို မိစ္ဆာနတ်ဆိုး မျိုးနွယ်စုကလား "

ထို စိတ်ဝိဥာဥ်၏ အရောင်အဝါသည် ဆုမီတောင်၌ ပန်းလင် အစောင့်အကြပ် လုပ်ခဲ့ရသော မိစ္ဆာနတ်ဆိုး၏ အရောင်အဝါနှင့် အလွန်ဆင်တူသည်ကို လောထျန်း သတိထားမိခဲ့ပြီး ဖြစ်ပါသည်။

သူ့ဘေးမှ ပန်းလင်က ခေါင်းညိတ်၍ ဝင်ပြောလာ၏။

" အမှန်ပဲ ။ သခင်လေး လောထျန်း ၊ ဒီ ကောင်းကင်ဘုံနဂါး ပြိုင်ပွဲက ထောင်ချောက်ကြီး တစ်ခုပဲရှင့်။ ကျွန်မ အစောပိုင်းတုန်းက ပွဲကြည့်စင်ကို လျှောက်ပတ်ကြည့်တဲ့အချိန် ဒီနေရာကို သံမဏိ အစီအမံကြီးတစ်ခုအဖြစ် လုပ်ထားတာကို တွေ့ခဲ့ရတယ်။ ပြီးတော့ မိစ္ဆာနတ်ဆိုးတွေ အများကြီးလဲ ဒီထဲကို ရောက်နေကြတာ "

လောထျန်း၏ မျက်နှာထား ချက်ချင်း အေးစက်သွားကာ ယွမ်ရှောက်မြို့စားကြီး ရှိသည့်ဘက် လှမ်းကြည့်လိုက်သည်။

သို့သော် ယွမ်ရှောက်မြို့စားကြီးမှာကား အစအနပင် ရှာမရအောင် ပျောက်နေခဲ့လေပြီ။

လောထျန်း မျက်မှောင်ကြုံ့သွားပြီး သူ့လက်ထဲတွင် ရှိနေသော မိစ္ဆာနတ်ဆိုးကို ကြည့်၍ အေးစက်စက် မေးလိုက်သည်။

" ဟေ့.. မင်းတို့ ဘယ်လိုလှည့်ကွက်တွေ စီစဥ်ထားကြတာလဲ "

မိစ္ဆာနတ်ဆိုးက လှောင်ပြုံးဖြင့် ပြန်ပြော၏။

" မင်းက ကိုယ့်ကိုကိုယ် ဘာထင်နေတာလဲ ။ မင်းလို ဘာမဟုတ်တဲ့ လူသားတစ်ယောက်ကများ ငါ့ကို မေးခွန်းထုတ်ရဲနေတယ်ပေါ့လေ။ ငါ့ကို သတ်မယ်ဆိုရင်တောင် ငါ မင်းကို ဘာတစ်ခုမှ ပြောမှာ မဟုတ်ဘူး "

လောထျန်း ခေါင်းညိတ်လိုက်သည်။

" ဒါဆိုလဲ ကောင်းပြီလေ "

စကားဆုံးသည်နှင့် လောထျန်းက သူ့စိတ်ဝိဥာဥ်အစွမ်းကို ထုတ်၍ မိစ္ဆာဝိဥာဥ်အား ဖိချေလိုက်တော့သည်။

စစချင်း အထင်သေးသည့် မျက်နှာထား ရှိနေခဲ့သော မိစ္ဆာဝိဥာဥ်ထံမှ ကြောက်လန့်တကြား အော်ဟစ်သံကြီး ထွက်လာ၏။

" အား... မင်းရဲ့ စိတ်ဝိဥာဥ်အစွမ်းက... ခဏလေး နေပါဦးကွာ "

သို့သော် သူ့စကား မဆုံးခင်မှာပင်..

ဝုန်း..

ထိုသူ၏ စိတ်ဝိဥာဥ်မှာ လောထျန်းလက်ချက်ဖြင့် ပြာမှုန်အဖြစ် ပြောင်းသွားတော့သည်။

" လောထျန်း ၊ ဘာလို့ သူ့ကို မသတ်ဘဲထားပြီး မေးခွန်းတွေ မမေးလိုက်တာလဲ "

ဘေးမှ ကြည့်နေသော ဟွမ်ယင်က အံ့အားသင့်နေဟန်ဖြင့် မေးလာ၏။

လောထျန်းက ခေါင်းယမ်း၍ ပြန်ပြောလိုက်သည်။

" ငါ အဲ့လိုကောင်တွေနဲ့ တွေ့ဖူးတယ်။ ဒီကောင်တွေက ခေါင်းအရမ်းမာကြတာကွ ၊ ဘာမှ ပြောမှာ မဟုတ်ဘူး။ တကယ်လို့ ပြောလာရင်တောင် သူတို့ပြောတာ အမှန် ဟုတ်မဟုတ် မသေချာဘူးရယ် ။ သူတို့ရဲ့ စိတ်ဝိဥာဥ်ကိုလဲ ဝင်ရှာလို့ မရတော့ ဒီတိုင်း သတ်လိုက်တာပဲ ပိုကောင်းပါတယ် "

လောထျန်းက ထိုစကားကို ပေါ့ပေါ့ပါးပါးသာ ပြောလိုက်သော်လည်း ခပ်လှမ်းလှမ်းတွင် ရှိနေသည့် လွေ့နန်ကမူ အလွန် တုန်လှုပ်သွားပါ၏။

" ဒီကောင်က ဘယ်လို ဘီလူးမျိုးလဲ။ သူ့ရဲ့ စိတ်ဝိဥာဥ်အစွမ်းက ဘာလို့ အဲ့လောက် ကြောက်စရာကောင်းနေရတာလဲ "

လွေ့နန် တွေးမိလိုက်သည်။

ထိုစဥ် ခပ်လှမ်းလှမ်းတွင် ရှိနေသော လောထျန်းက လွေ့နန်ဘက် ရုတ်တရက် လှည့်ကြည့်လာ၏။

လွေ့နန် တစ်ကိုယ်လုံး တုန်သွားကာ မည်သည့်စကားမှ ထပ်မပြောဝံ့ဘဲ သူ့လက်ဖြင့် အစီအမံများ မြန်မြန်ပြုလုပ်လိုက်သည်။

ဝီ... ဝီ... ဝီ...

သူ ထိုသို့ အစီအမံများ လုပ်လိုက်သည်နှင့် ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင် အဖက်ဖက်ရှိ တံခါးပေါက်များမှ စိတ်စွမ်းအင် အလင်းတန်းများ တိုးထွက်လာပြီး လေထုတစ်ခုလုံး စတင်တုန်ခါလာ၏။

" စိတ်ဝိဥာဥ် တစ်သောင်း စိတ်စွမ်းအင် အစီအမံ ၊ ကောင်းကင်ဘုံ လှည့်ကွက် ဆယ်ကွက် "

လွေ့နန်က အသံကျယ်ဖြင့် အော်လိုက်သည်။

All Chapters