ယင်ကိုးသွယ် နတ်ဆိုး အချုပ်အနှောင်
Vol. 32 Ch. 440
မိစ္ဆာဝိဥာဥ် သခင်ကြီးက လောထျန်းအား ရယ်ချင်နေသည့် မျက်နှာဖြင့် ငုံ့ကြည့်လိုက်သည်။
အရာအားလုံးက သူ့ထိန်းချုပ်မှု အောက်တွင်သာ ရှိနေသယောင်..
သို့သော် လောထျန်းက နှုတ်ခမ်းမဲ့သွားကာ လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။
မိစ္ဆာဝိဥာဥ် သခင်ကြီးက ၎င်းကိုကြည့်ရင်း အေးအေးဆေးဆေးသာ ပြန်ပြော၏။
" မင်းက ဘာလုပ်မလို့လဲ၊ အရှုံးပေးမလို့လား။ ဒါပေမယ့် ငါက မင်းကို အဲ့အခွင့်အရေး ပေးမှာ မဟုတ်ဘူးကွ။ ငါ့မျိုးနွယ်စုကို စော်ကားတဲ့ ဘယ်သူမဆို အဆုံးသတ် လှမှာ မဟုတ် ... "
သို့သော် သူ့စကား မဆုံးခင်မှာပင် လောထျန်းက သူ့အား ပါးချလိုက်တော့သည်။
ဖြန်း..
ထို ရိုက်ချက်မှာ အလွန်မြန်လွန်းလှသဖြင့် မိစ္ဆာဝိဥာဥ် သခင်ကြီး အပါအဝင် မည်သူမှ မတုန့်ပြန်လိုက်နိုင်ပါချေ။
လွန်ခဲ့သော စက္ကန့်ပိုင်းလေးကပင် လူများ၏ မြင်ကွင်း၌ ရှိနေခဲ့သေးသော မိစ္ဆာဝိဥာဥ် သခင်ကြီးမှာ .....
ရုတ်ချည်း ပျောက်ကွယ်သွားတော့၏။
" ဟို မိစ္ဆာဝိဥာဥ်ကြီး ဘယ်ရောက်သွားတာလဲ ။ ဘာတွေ ဖြစ်သွားတယ်ဆိုတာ ဘယ်သူ မြင်လိုက်လဲ "
လူတစ်ယောက်က အံ့သြတုန်လှုပ်စွာ မေးလိုက်သည်။
အခြားတစ်ယောက်က ရုတ်တရက် ပြောလာ၏။
" ဟိုမှာ.. ကြည့်လိုက်ဦး ၊ ဟိုနားလေးက တံခါးပေါက်ပေါ်မှာ အသားစတစ်ခု တွေ့တယ်။ အဲ့ဒါ မိစ္ဆာဝိဥာဥ်ကြီးလား "
အားလုံး ထိုလူ ညွှန်ပြသည့်ဘက် လှည့်ကြည့်လိုက်
ကြသည်။
ထိုလူ ပြောသွားသလိုပါပင်... အဆင့်၉ မှော်လက်နက်ဖြင့် ပြုလုပ်ထားသော ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်၏ တံခါးပေါက် တစ်ခု အပေါ်၌ အသားစတစ်ခု ကပ်နေပါ၏။
ထိုအသားစ၏ ပုံစံကို ကြည့်ရသည်မှာလည်း အစောက မိစ္ဆာဝိဥာဥ်သခင်ကြီး၏ အသားစ ဖြစ်ပုံပင်။
သို့သော်.. ထိုသူ၏ ခန္ဓာကိုယ်က ပုံပျက်ပန်းပျက် ဖြစ်နေသည့်တိုင် အသက်မသေသေးပါချေ။
အားလုံး ကြည့်နေစဥ်မှာပင် အသားစက လှုပ်ရှားလာပြီး မူလအသွင် ပြန်ရောက်အောင် ကြိုးစားနေသည်ကို တွေ့လိုက်ရသည်။
" ဘယ်လိုဖြစ်ပြီး.. အဲ့ကောင်ကြီးက မသေသေးဘူးလား။ သူက မသေမျိုး တစ်ယောက်လား "
အားလုံး အံ့သြတုန်လှုပ်ကုန်ကြတော့သည်။
ထိုကောင်ကြီး၏ အသက်အစွမ်းက ကြောက်စရာ
ပင် ။
သို့သော်... ထိုစဥ်တွင် မိစ္ဆာဝိဥာဥ်သခင်ကြီးက အလွန်အံ့သြ တုန်လှုပ်နေရသည်ကိုမူ လူများ မသိကြပါချေ။
" ဘာတွေ ဖြစ်နေတာလဲ ၊ ငါ့လို ခန္ဓာကိုယ်မျိုးက ပျက်စီးသွားခဲ့တာလား။ ပြီးတော့ ပုံမှန်ဆို ငါ့ခန္ဓာကိုယ်က သုံးစက္ကန့်အတွင်း မူလအခြေအနေကို ပြန်ရောက်ပါတယ်။ အခု ဘာလို့ အဲ့လောက် နှေးနေရတာလဲ ။ ဒီကောင်လေးက ငါ့ရဲ့ မူလအစွမ်းကို ထိခိုက်အောင် လုပ်လိုက်နိုင်တာလား "
မိစ္ဆာဝိဥာဥ်ကြီး စိတ်ထဲမှ တွေးမိလိုက်သည်။
ဝီ..
ထိုအချိန်မှာပင် သူ့ဘေး၌ အလင်းတန်းလိုက်ကာတစ်ခု ပေါ်လာပြီး လွေ့နန်၏ ပုံရိပ် ပေါ်လာ၏။
" အဲ့ဒီကောင်က ပုံမှန်လို မဟုတ်ဘူးလို့ သခင်ကြီးကို ကျုပ် ပြောသားပဲဗျာ။ သူက အစွမ်းထက်လွန်းတော့ သခင်ကြီးရော ၊ ကျုပ်ရော သူ့ကို ကိုင်တွယ်နိုင်မှာ
မဟုတ်ဘူးဗျ။ ကျေးဇူးပြုပြီးတော့ နတ်ဆိုးဧကရာဇ်ကြီးကို မြန်မြန်သာ နှိုးလိုက်ပါဗျာ။ ဧကရာဇ်ကြီး နိုးလာမှ သူ့ကို သတ်ဖို့ အခွင့်ရေး ရမှာဗျ "
လွေ့နန်က စိုးရိမ်တကြီး ပြောလိုက်သည်။
သို့သော် မိစ္ဆာဝိဥာဥ်သခင်ကြီးက သုန်မှုန်နေသည့် မျက်နှာဖြင့် ဒေါသတကြီး ပြန်အော်၏။
" ပါးစပ် ပိတ်ထားစမ်း ။ သူက ဘယ်လောက်ပဲ အစွမ်းထက်ထက် ဘာမှ အသုံးမကျတဲ့ လူသားတစ်ယောက်ပဲကွ။ ပြီးတော့ မင်းလို အမှိုက်ကောင်နဲ့ ငါ့ကို လာမယှဥ်နဲ့။ မင်း သူ့ကို မသတ်နိုင်ရင် ငါ သတ်မှာ "
ထိုသို့ ပြောပြီးသည်နှင့် သူ ဒေါသတကြီး ထပ်အော်ကာ အစွမ်းအပြည့်သုံး၍ သူ့ခန္ဓာကိုယ် မူလအတိုင်း ပြန်ဖြစ်အောင် လုပ်လိုက်သည်။
သူ့ခန္ဓာကိုယ် ပြန်ကောင်းလာသည့် နှုန်းကလည်း များစွာပင် တိုးလာခဲ့ပါ၏။
သို့သော် လွေ့နန်ကမူ ထိုမြင်ကွင်းကို ကြည့်ကာ မျက်နှာကြီး မည်းမှောင်သွားသည်။
သူ့စိတ်ထဲမှလည်း တိတ်တဆိတ် ကြိတ်ပြီး ပြောလိုက်ပါ၏။
" အရူးကောင်.. မင်းနဲ့ ဟိုလူသားကောင်နဲ့ကြားမှာ ဘယ်လောက် ကွာဟနေတယ် ဆိုတာတောင် မသိဘူးလား။ မင်းတို့ မျိုးနွယ်စုက အစွမ်းထက်ကြပေမယ့် တော်တော်လေး ဦးနှောက်မဲ့ကြတာပဲ... "
ထိုစဥ် တဖက်မှ မိစ္ဆာဝိဥာဥ် သခင်ကြီးမှာ မူလခန္ဓာကိုယ် ပြန်ရနေပြီဖြစ်ပြီး စကားတစ်ခွန်းမှ မပြောဘဲ လောထျန်းဆီသို့ ဝုန်းခနဲ ပြေးသွားသည်။
" ကောင်လေး ၊ ငါ ခုနက သတိလွတ်သွားလို့သာ မင်း ရုတ်တရက် အလစ်တိုက်ခိုက်တာကို ခံခဲ့ရတာ။ ဒါပေမယ့် ငါ မင်းကိုတော့ ချီးကျူးပါတယ်။ ငါ့ခန္ဓာကိုယ်ကို ထိခိုက်အောင် လုပ်နိုင်ခဲ့တာ မင်းကိုယ်မင်း ဂုဏ်ယူသင့်တယ်ကွ။ မင်းအတွက် အဲ့လို အခွင့်အရေးမျိုး ထပ်မရမှာတော့ စိတ်မကောင်းပါဘူးကွာ "
မိစ္ဆာဝိဥာဥ်ကြီးက လောထျန်းကို ကြည့်ကာ လှောင်ပြုံးဖြင့် ပြောလိုက်သည်။
သို့သော်.. ထိုအချိန်မှာပင်..
ဖြန်း...
လောထျန်းက လက်ထပ်မြှောက်လိုက်ပြီး... မိစ္ဆာဝိဥာဥ်ကြီး ပျောက်ကွယ်သွားပြန်၏။
" ဟင်.. ဟိုကောင်ကြီး ပျောက်သွားပြန်ပြီ "
" တံခါးပေါက်ဘက်ကို ကြည့်လိုက်ကြဦး ။ အဲ့ဒါ သူ့အသားစလား "
" ဟုတ်တယ်ကွ ၊ သူပဲ ။ အရင်အတိုင်း တထေရာတည်းပဲကွ "
" ဒါပေမယ့်.. ဒီတစ်ခေါက် အသားစက ပိုသေးသွားသလိုပဲ "
အားလုံး တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။
သူတို့ ပြောသလိုပင်.. မိစ္ဆာဝိဥာဥ်သခင်ကြီး၏ ပုံပျက်ပန်းပျက် အသားစက တံခါးပေါက်ပေါ်၌ ကပ်
နေပါ၏။
ထို့အပြင်... ဤတစ်ကြိမ်၌ သူ့ခန္ဓာကိုယ်မှာ ယခင်ထက်ပင် အခြေအနေ ဆိုးနေပြီး မူလအတိုင်း ပြန်ဖြစ်သည့် နှုန်းမှာလည်း ယခင်တစ်ကြိမ်ထက် များစွာ ပိုနှေးနေပါသည်။
" သခင်ကြီး.. အသက်ရှိနေသေးလား "
ဘေးတွင် ရှိနေသော လွေ့နန်က စိုးရိမ်နေသည့် မျက်နှာဖြင့် မေးလိုက်သည်။
" အသက်.. အသက်ရှင်နေသေးတယ် "
အလွန်အားပျော့နေသော မိစ္ဆာဝိဥာဥ်သခင်ကြီး၏ အသံ ထွက်လာ၏။
အစောက ဒုတိယအကြိမ်မြောက် ရိုက်ချက်မှာ သူ့ အသက်အစွမ်းများ အားလုံးနီးပါးကို ဖျက်ဆီးသွားခဲ့ပါသည်။ သူကဲ့သို့ အလွန်အစွမ်းထက်သော သူတစ်ယောက်သည်ပင် အချိန်တိုအတွင်း မူလအတိုင်း ပြန်ဖြစ်ရန် မလွယ်တော့ပေ။
ဤသို့ဖြင့် အချိန် အတန်ကြာသွားပြီး နောက်မှသာ
သူ လူသားအသွင်အဖြစ် ပုံပြန်ပေါ်လာ၏။
" လွေ့နန် ၊ အဲ့ကောင်လေးရဲ့ နောက်ခံဇစ်မြစ်က ဘယ်လိုလဲ။ ဒီကောင်က တကယ်ပဲ လူသားတစ်ယောက်လား "
လူသားအသွင် ဖြစ်စ မိစ္ဆာဝိဥာဥ်သခင်ကြီးက အသံတုန်တုန်ဖြင့် မေးလိုက်သည်။
" သူ ဘယ်က လာခဲ့တယ် ဆိုတာတော့ ကျုပ် မသိဘူးဗျ။ ဒါပေမယ့် ဒီကောင်က လူသားတစ်ယောက် ဆိုတာတော့ အမှန်ပဲ "
လွေ့နန်က ခပ်ရှက်ရှက် ပြန်ဖြေ၏။
" ဘယ်လို.. လူသားမျိုးနွယ်စုမှာ အဲ့လောက်အစွမ်းထက်တဲ့သူ ပေါ်လာတာလား။ မဖြစ်ဘူး.. ဒီတစ်ကြိမ်တော့ သူ့ကို ဒီမှာပဲ အသေသတ်မှ ဖြစ်မယ် "
မိစ္ဆာဝိဥာဥ် သခင်ကြီးက ခက်ထန်စွာ ပြောလိုက်သည်။
လွေ့နန်က ကူကယ်ရာ မဲ့နေသည့် မျက်နှာဖြင့် ပြန်ပြော၏။
" ဒါ့ကြောင့်မို့ ကျေးဇူးပြုပြီး နတ်ဆိုးဧကရာဇ်ကြီးကို မြန်နိုင်သမျှ အမြန်ဆုံးသာ နှိုးလိုက်ပါဗျာ "
သို့သော် မိစ္ဆာဝိဥာဥ် သခင်ကြီးက နှာခေါင်းရှုံ့၍ ပြန်ပြောလာသည်။
" နှိုးစရာ မလိုဘူး။ ငါတို့ မျိုးနွယ်ရဲ့ အခြေခံက မင်း နားလည်ထားတာထက် ပိုတယ်။ နတ်ဆိုးဧကရာဇ်ကြီးကို မနှိုးဘဲနဲ့တောင် သူ့ကို ငါ သတ်နိုင်တယ် "
လွေ့နန်မှာ စိတ်ရှုပ်လွန်း၍ ငိုချတော့မလိုပါပင်။
" သခင်ကြီး ၊ ခုချိန်က စိတ်ရှိတိုင်း ပြုမူရမယ့် အချိန် မဟုတ်ဘူးဗျ။ အရေးကြီးတဲ့ ကိစ္စတွေသာ နှောင့်နှေးသွားခဲ့ရင် သခင်ကြီးရော ၊ ကျုပ်ရော ပြဿနာ တက်သွားကြမှာ "
မိစ္ဆာဝိဥာဥ် သခင်ကြီးက အေးစက်စက် ပြန်ပြောသည်။
" မင်းက ငါ့ကို အမိန့်ပေးနေတာလား။ လွေ့နန် ၊ မင်းကိုယ်မင်း ဘယ်သူဆိုတာ မမေ့နဲ့နော်။ မင်းတို့ ခေါင်းဆောင်ကြီး ဒီကို ရောက်နေရင်တောင် ငါ့ကို အမိန့်ပေးလို့ မရဘူးကွ "
လွေ့နန် မျက်နှာပျက်သွားကာ ချက်ချင်း ပြန်ရှင်းပြလိုက်သည်။
" ကျုပ် အမိန့်ပေးနေတာ မဟုတ်ပါဘူးဗျာ။ ဒီတိုင်း ပြော... "
မိစ္ဆာဝိဥာဥ် သခင်ကြီးက လက်ကာပြ၍ သူ့အား စကားဖြတ်ပြော၏။
" ငါ့ကို အမိန့်ပေးတာ မဟုတ်ဘူးဆိုရင် ဘေးမှာပဲ ငြိမ်ငြိမ်လေးနေပြီး ကြည့်နေ။ ကမ္ဘာကြီးမှာ ပြိုင်ဘက်ကင်း ဖြစ်တဲ့ ငါတို့မျိုးနွယ်ရဲ့ အစွမ်း ဘယ်လောက်ရှိတယ်ဆိုတာ မင်းကို ငါ ပြမယ် "
လွေ့နန်မှာ မည်သို့မှ ပြန်မပြောနိုင်တော့ဘဲ ခေါင်းသာ ကုတ်လိုက်ရသည်။
သူ့ရှေ့မှ မိစ္ဆာဝိဥာဥ်ကြီးက ခေါင်းမာလွန်းလှပေသည်။ ထိုသို့သော အရူးမျိုးကို သူ မည်သို့ ကိုင်တွယ်ရပါမည်နည်း။
ထိုစဥ်မှာပင် မိစ္ဆာဝိဥာဥ် သခင်ကြီးက ကောင်းကင်ယံသို့ လက်တစ်ဖက် မြှောက်၍ လက်ညိုးညွှန်လိုက်ရာ.. ကြောက်မက်ဖွယ် အစွမ်းတစ်ခု လေထဲသို့ ရုတ်ချည်း တက်လာ၏။
ဂျုန်း...
ချိန်းကြိုးသံများလည်း နေရာအနှံ့ မြည်လာသည်။
" ဟင်.. ဒါက... "
အားလုံးမှာလည်း ထိုချိန်းကြိုးသံများကို ကြားသည်နှင့် ကြောက်မက်ဖွယ် ခံစားချက်တစ်ခု ခံစားလိုက်ရပါ၏။
ထိုစဥ်မှာပင် မိစ္ဆာဝိဥာဥ် သခင်ကြီးက အသံကျယ်ဖြင့် အော်လိုက်သည်။
" ယင် ကိုးသွယ် နတ်ဆိုး အချူပ်အနှောင် ... တိုက်ခိုက်စေ "
ထို့နောက်တွင်မူ လေအေးတစ်ချက် ရုတ်တရက် တိုက်ခတ်လာပြီး လောထျန်း၏ကိုယ်အား ရစ်ပတ်လာ၏။
" ဟင်... "
လောထျန်း အံ့အားသင့်သွားကာ ငုံ့ကြည့်လိုက်
သည်။
ထိုစဥ်မှာပင် ချိန်းကြိုးများ ရုတ်တရက် ပေါ်လာကာ သူ့အား ခပ်တင်းတင်း ချုပ်နှောင်လိုက်ပါ၏။
ထို ချိန်းကြိုးပေါ်တွင် အမည်းရောင် လျှပ်စီးများလည်း တဖျတ်ဖျတ် လက်နေပြီး ကြောက်မက်ဖွယ် မိုးထစ်ချုန်း သံကြီးများပါ ထွက်နေသည်။
ထိုစဥ်မှာပင် မိစ္ဆာဝိဥာဥ်သခင်ကြီးက အလွန်မောဟိုက်နေဟန်ဖြင့် လေထဲမှ ဆင်းသက်လာသည်။
ထိုသိုင်းကွက်ကို လုပ်ရန်အတွက် သူ့အစွမ်း များစွာကို သုံးခဲ့သည်မှာ သိသာပါ၏။
ထို့နောက် မိစ္ဆာဝိဥာဥ်သခင်ကြီးက လောထျန်းအား လှောင်ပြုံးဖြင့် ကြည့်ရင်း ပြောလာသည်။
" ကောင်လေး ၊ ခုနက မောက်မာနေခဲ့သလို အခု မမောက်မာနိုင်တော့ဘူးလား "
" ငါ မင်းကို တစ်ခုတော့ ပြောလိုက််မယ်။ ဒီ ယင်ကိုးသွယ် နတ်ဆိုးအချုပ်အနှောင်က ငါတို့ မျိုးနွယ်စုရဲ့
အထူး မှော်လက်နက်တွေထဲက တစ်ခုပဲကွ။ ဒီဟာရဲ့ အစွမ်းက တားမြစ်မှော်လက်နက်တွေ ထက်တောင် ပိုအစွမ်းထက်သေးတယ် "
" ငါ မွေးလာကတည်းက ဒီမှော်လက်နက်ကနေ လွတ်မြောက်နိုင်တဲ့သူ တစ်ယောက်မှ မတွေ့ဖူးသေးဘူး "
" နောက်တစ်နည်း ပြောရရင်တော့ မင်း ဘယ်လောက်ပဲ အစွမ်းထက်ထက် ၊ အခု အသုံးမဝင်တော့ဘူးပေါ့ကွာ "
" မင်း သေချာပေါက် သေရတော့မှာ "
မိစ္ဆာဝိဥာဥ် သခင်ကြီးက ထိုသို့ ပြောပြီး အသံကျယ်ဖြင့် အော်ရယ်လိုက်သည်။
" လောထျန်း... "
ထိုစကားကို ကြားသောအခါ ပန်းလင်နှင့် ကျန်လူများ လောထျန်းဘက်သို့ စိုးရိမ်တကြီး လှည့်ကြည့်လိုက်ကြသည်။
သို့သော်.. ထိုအချိန်မှာပင် လောထျန်းက သူ့လက်ကို ခပ်ပြင်းပြင်း ရုန်းလိုက်ပါ၏။
ချွှမ်...
ချိန်းကြိုးများဆီမှ ရုတ်တရက် အသံမြည်လာသည်။
" ကောင်လေး ၊ ငါသာ မင်း ဆိုရင် အပင်ပန်းခံပြီး ဆက်ရုန်းနေမှာ မဟုတ်ဘူးကွ။ ဘာလို့လဲ ဆိုတော့ မင်း ဘယ်လောက်ပဲ ခက်ခက်ခဲခဲ ကြိုးစား ကြိုးစား ၊ အသုံးမဝင်ဘူး မို့လို့ပဲ "
မိစ္ဆာဝိဥာဥ် သခင်ကြီးက လှောင်သံဖြင့် ပြောလိုက်သည်။
သို့သော် သူ့စကား မဆုံးခင်မှာပင်..
ဖြောင်း...
လောထျန်း ကိုယ်ပေါ်မှ ယင်ကိုးသွယ် နတ်ဆိုး အချုပ်အနှောင်က ကျိုးပျက်သွားပါ၏။