← Chapters

နတ်ဆိုး ဧကရာဇ်

Vol. 32 Ch. 441

နတ်ဆိုး ဧကရာဇ်

Vol. 32 Ch. 441

" ဟင်... "

မိစ္ဆာဝိဥာဥ် သခင်ကြီး၏ မျက်နှာထက်မှ အပြုံး ချက်ချင်း ပျောက်ကွယ်သွားသည်။

ထိုတခဏတွင် သူ့ရှေ့မှ မြင်ကွင်းကို နားမလည်နိုင် ဖြစ်နေပါ၏။

ဟိုးရှေးယခင်ကတည်းက ယနေ့ထိ တစ်ကြိမ်မှ မပျက်စီးခဲ့ဖူးသေးသော ယင်ကိုးသွယ် နတ်ဆိုးအချုပ်အနှောင်က ထိုသို့ ကျိုးပျက်သွားခဲ့ သတဲ့လား။

တစ်ခုတစ်ခု လွဲချော်နေလေပြီ...

ထိုအချိန်မှာပင်.. လက်များ လွတ်သွားသော လောထျန်းက ကျန်နေသေးသည့် ချိန်းကြိုးများကို ကိုင်ကာ လိမ်ချိုးလိုက်၏။

ဖြောင်း...

ကျွတ်ဆတ်ဆတ် အသံတစ်သံနှင့်အတူ ယင်ကိုးသွယ် နတ်ဆိုးအချုပ်အနှောင်က အပိုင်းပိုင်း အစစ ဖြစ်သွားတော့၏။

သူတို့မျိုးနွယ်စု၏ အလွန် အစွမ်းထက်သော ထူးခြားမှော်လက်နက်ကြီးက ထိုသို့ ပျက်စီးသွားသည်ကို ကြည့်ရင်း မိစ္ဆာဝိဥာဥ် သခင်ကြီးမှာ ခေါင်းထဲ မူးနောက်နောက်ပင် ဖြစ်သွားရသည်။

ထိုအချိန်တွင် လူတစ်ယောက်က တီးတိုးပြောလာ၏။

" ဟေ့.. ဟိုကောင်ကြီးက အဲ့ချိန်းကြိုးကို အရမ်းထူးခြားတဲ့ မှော်လက်နက်တစ်ခု ဖြစ်ပြီးတော့ အင်မတန် အစွမ်းထက်တယ်လို့ ပြောသွားခဲ့တာ မဟုတ်ဘူးလား။ အခု ဘာလို့ အဲ့လောက် ပျော့နေတာလဲ "

" ဘယ်သိမှာလဲကွ ။ ငါလဲ အဲ့ကြိုးကြီးကို ကြောက်စရာကောင်းမယ် ထင်နေတာ ၊ ခုတော့ လွယ်လွယ်လေးနဲ့ ပျက်စီးသွားပြီ "

" အဲ့ကောင်ကြီးက ရူးနေတာများလား "

" ဖြစ်နိုင်တယ်ကွ ။ သူက လောထျန်း ရိုက်တာကို နှစ်ချက်တောင် ခံထားရတာ ဆိုတော့ ဦးနှောက် နည်းနည်း ထိသွားတယ်နဲ့ တူတယ် "

လူအုပ်၏ တီးတိုးပြောနေသံများကို ကြားသွားသော မိစ္ဆာဝိဥာဥ် သခင်ကြီးမှာ တစ်ကိုယ်လုံးပင် တုန်သွားပါ၏။

" မင်းတို့ကောင်တွေ သေချင်နေတာလား "

သူ ဒေါသတကြီး အော်ကာ အားလုံးကို တိုက်ခိုက်ရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်မှာပင်.. လောထျန်းက နောက်တစ်ကြိမ် ထပ်တိုက်ခိုက်လာပြန်၏။

ဘုန်း ..

ဤတစ်ကြိမ်တွင်မူ လောထျန်းက ကောင်းကင်ဘုံ လက်ဝါးသိုင်းကို သုံးလိုက်သည့်အတွက် ရွှေရောင် ဧရာမလက်ဝါးကြီး ပေါ်လာကာ မိစ္ဆာဝိဥာဥ် သခင်

ကြီးအား ဖမ်းဆုပ်လိုက်သည်။

" ပြောစမ်း ၊ မင်းတို့က ဘယ်လိုရည်ရွယ်ချက်နဲ့ ခုလို လုပ်နေတာလဲ "

လောထျန်းက အေးစက်စက် အသံဖြင့် မေးလိုက်သည်။

မိစ္ဆာဝိဥာဥ် သခင်ကြီးက လှောင်ပြုံးဖြင့် ပြန်ပြော၏။

" ငါက မင်းကို ပြောမယ်လို့ ထင်နေတာလား "

လောထျန်း ခေါင်းတစ်ချက် ညိတ်လိုက်သည်။

" အဲ့လိုဆိုမှတော့လဲ.. မင်း သေရုံပဲ ရှိတော့တယ် "

သူ ပြောပြောဆိုဆိုပင် ရွှေရောင်လက်ဝါးကြီးထဲသို့ အစွမ်းများ ပို့လွှတ်လိုက်သည်။

ဗြိ....

လက်ဝါးကြီးထဲ ရောက်နေသည့် မိစ္ဆာဝိဥာဥ် သခင်ကြီး ချက်ချင်း အပိုင်းပိုင်းအစစ ဖိချေခံလိုက်ရတော့၏။

" အား.... "

မိစ္ဆာဝိဥာဥ် သခင်ကြီးမှာ စူးစူးဝါးဝါး တစ်ချက်သာ အော်လိုက်ရပြီး သူ့ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားတော့သည်။

လောထျန်းက သူ့အား ထိုသို့ လုပ်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပါချေ။

ထို့အပြင်.. သူ ထင်မထားသည့် နောက်တစ်ချက်မှာ..

လောထျန်းက သူ့ခန္ဓာကိုယ်အား အစိတ်စိတ်အမွှာမွှာ လုပ်ပြီးသည်နှင့် မကျေနပ်သေးဘဲ စိတ်ဝိဥာဥ်အစွမ်းဖြင့် လွှမ်းခြုံကာ ထပ်ပြီး ဖိချေလိုက်ခြင်း ဖြစ်သည်။

ဝူး....

မိစ္ဆာဝိဥာဥ် သခင်ကြီးမှာ မည်သို့ ဖြစ်ပျက်နေသည်ကို နားမလည်နိုင်ခင်မှာပင် ပြာမှုန့်အဖြစ် ပြောင်းသွားရတော့၏။

မိစ္ဆာဝိဥာဥ် သခင်ကြီး သေသွားသည်နှင့် ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်အတွင်း၌ ပြေးလွှားကာ စိတ်တိုင်းကျ လုပ်နေခဲ့ကြသည့် သားရဲတစ်စုမှာလည်း ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

တဖက်ရှိ အလင်းတန်းလိုက်ကာထဲမှ လွေ့နန်တစ်ယောက်သည်ပင် မျက်လုံးများ ပြူးကျယ်သွား၏။

" ဒီအရူးကောင် ကတော့ကွာ ၊ နတ်ဆိုးဧကရာဇ်ကြီးကို နှိုးဖို့ ဒီလောက် ပြောနေတာကို လက်မခံဘဲနဲ့ အတင်းခေါင်းမာနေတာ။ အခုတော့ ကိုယ့်ကိုကိုယ် သောကြောင်းကြံလိုက်သလို ဖြစ်သွားရပြီ။ ငါ့မှာ နောက်အစီစဥ် ရှိနေသေးလို့ တော်သေးတာပေါ့ "

လွေ့နန်က ပြောပြောဆိုဆိုပင် ထောင့်တစ်ခုမှ သားရဲတစ်ကောင်အား လှည့်ကြည့်ပြီး သူ့လက်ဖြင့် အစီအမံများ ပြုလုပ်လိုက်သည်။

ဝီ...

တစ်ချိန်တည်းမှာပင် လွေ့နန် ပစ်မှတ်ထားသည့်

သားရဲမှာ တစ်ကိုယ်လုံး တုန်ပြီး ကြက်သေ သေသွား၏။

ထို့နောက် ချက်ချင်း ဆိုသလိုပင် ထိုသားရဲက လွေ့နန်၏ အမူအရာအတိုင်း ဖြစ်သွားပြီး လက်ဖြင့် အစီအမံများ လုပ်လိုက်သည်။

ထိုသားရဲ အစီအမံများ လုပ်ပြီးသွားသည့် အချိန်တွင်မူ ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်၏ တံခါးဝများ၌ ထွင်းစာအသစ်များ ထပ်ပေါ်လာ၏။

သို့သော် ထိုထွင်းစာများ၏ ပုံစံက ရိုးရှင်းသည့်တိုင် သာမာန်ထွင်းစာများနှင့် မတူဘဲ ထူးဆန်းသော အရောင်အဝါများ ထွက်နေပါသည်။

" ဟင်.. ဘာတွေ ထပ်ဖြစ်နေပြန်ပြီလဲ "

ဒုက္ခဘေးကြီးမှ လွတ်မြောက်ကာစ လူများမှာ ထပ်ပြီး အံ့သြတုန်လှုပ်သွားကာ ဘေးဘီသို့ ကြောက်လန့်တကြား ဝေ့ဝဲကြည့်လိုက်ကြသည်။

ထိုအချိန်တွင် ကောင်းကင်နှင့် မြေကြီးမှာလည်း ကသောင်းကနင်း ဖြစ်နေပါ၏။

ကြောက်မက်ဖွယ် အရောင်အဝါ တစ်ခုလည်း ထွက်ပေါ်လာသည်။

ထိုမြင်ကွင်းကို ကြည့်နေသော အလင်းတန်းလိုက်ကာထဲမှ လွေ့နန်က ရုတ်တရယ် ထရယ်ရင်း ပြောလာ၏။

" ရသွားပြီ... နောက်ဆုံးတော့ ရသွားခဲ့ပြီ။ ဒဏ္ဍာရီကျော် နတ်ဆိုးဧကရာဇ်ကြီး နောက်ဆုံးတော့ အသက်ဝင် နိုးထလာခဲ့ပြီ။ ရှေးဟောင်းအစွမ်းက ဘယ်လိုရှိတယ်ဆိုတာ တွေ့ရတော့မယ် "

ထိုအချိန်တွင် တိုက်ပွဲကွင်းပြင်ထဲမှ လူများမှာလည်း တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိထားမိသွားကြပါ၏။

ကြောက်မက်ဖွယ် အရောင်အဝါက အားနည်းလာသည်ကိုပင် အားလုံး ခံစားမိလိုက်ကြသည်။

တိုက်ပွဲကွင်းပြင် တံခါးပေါက်မှ သားရဲများလည်း တစ်ကိုယ်လုံး တုန်သွားကြပြီး တစ်စုံတစ်ခုကို အရိုအသေ ပေးနေသည့်အလား တစ်ယောက်ပြီးတစ်

ယောက် ဒူးထောက် ကျသွားကြ၏။

" ဘာတွေ ဖြစ်နေတာလဲ "

ဟွမ်ယင်က လေသံတိုးတိုးဖြင့် မေးလိုက်သည်။

" ငါလဲ မသိဘူး ။ ဒီ မိစ္ဆာနတ်ဆိုးတွေ အားလုံးရဲ့ ဘုရင် ထွက်လာတော့မှာ ထင်တယ် "

ပန်းလင်မှာလည်း စိတ်လှုပ်ရှား တုန်လှုပ်နေ၍ လက်သီးပင် ဆုပ်မိသွား၏။

" ဝု.. "

အကြောက်အရွံ့ ကင်းမဲ့သည့် ရှောက်ထျန်းလုံလေးသည်ပင် နိုးနိုးကြားကြား ဖြစ်နေပါသည်။

အရောင်အဝါကြောင့် ရှောက်ထျန်းလုံလေး စိတ်ထဲ အန္တရာယ်ဟု ခံစားမိနေသည်မှာ အသိသာပင်။

ထိုအချိန်မှာပင်..

" ငါ အိပ်နေတာကို ဘယ်ကောင် နှောင့်ယှက်တာလဲ "

အသံတစ်သံ ထွက်ပေါ်လာ၏။

ထိုအသံမှာ မကျယ်လွန်းလှသော်လည်း နှစ်ပေါင်းများစွာကြာ ဖြတ်ကျော်လာရသည့် ဗုံသံကြီးတစ်ခုနှင့် တူနေပြီး အားလုံးပင် ရှင်းရှင်းလင်းလင်း ကြားလိုက်ကြရသည်။

ထိုစဥ် အလင်းတန်းလိုက်ကာထဲမှ လွေ့နန်မှာလည်း အလွန်စိတ်လှုပ်ရှားနေပြီး ဒူးတစ်ဖက် ထောက်၍ ပြော၏။

" နတ်ဆိုး ဧကရာဇ်ကြီးကို ကျုပ် လွေ့နန်က အရိုအသေ ပေးပါတယ် "

" ဟင်.. "

သူ့စကားသံ ဆုံးသည်နှင့် လေထဲတွင် မျက်လုံးတစ်စုံ ရုတ်တရက် ပေါ်လာသည်။

ဘုန်း..

ထိုမျက်လုံးပေါ်လာသည်နှင့် ကမ္ဘာမြေကြီး တစ်ခုလုံး ပေပေါင်းများစွာ နိမ့်ကျသွားသယောင် ။

ကြောက်မက်ဖွယ် ဖိအားကြီး တစ်ခုလည်း အားလုံးကို လွှမ်းခြုံလာသည်။

" ကြောက်စရာ ကောင်းလိုက်တဲ့ ဖိအားပါလား။ ယွမ်လင် နတ်ဆိုးသခင်ကြီးရဲ့ ဖိအားထက်တောင် ပိုကြောက်စရာ ကောင်းသေးတယ်။ အဲ့ဒါ ဘာကြီးလဲ "

မြွေဖြူ၏ ရင်ထဲ ဗြောင်းဆန်သွားသည်။

ထိုစဥ်မှာပင် မျက်လုံးအစုံက လွေ့နန်ကို ကြည့်ပြီး ပြောလာ၏။

" လူသားမျိုးနွယ်ကလား.. "

လွေ့နန်က ချက်ချင်း ဦးညွှတ်အရိုအသေ ပေး၍ ဆိုသည်။

" ဟုတ်ပါတယ် နတ်ဆိုး ဧကရာဇ်ကြီး ၊ ကျုပ်က လူသားတစ်ယောက်ပါ။ ဒါပေမယ့်.. နတ်ဆိုးဧကရာဇ်ကြီးရဲ့ မျိုးဆက်တွေနဲ့ ကျုပ်နဲ့က မဟာမိတ်တွေပါ။ အခု ကျုပ် နတ်ဆိုးဧကရာဇ်ကြီးကို နှိုးလိုက်ရတဲ့ အကြောင်းရင်းက ဧကရာဇ်ကြီး ပြန်လွတ်မြောက်ဖို့အတွက် လုပ်ပေးချင်လို့ပါ "

ထိုသို့ ပြောပြီးသည်နှင့် လွေ့နန်တစ်ယောက် နဖူးချွေးများ ပြန်သွားသည်။

သူ နတ်ဆိုးဧကရာဇ်ကြီးအား အလွန်ကြောက်နေသည်မှာ ငြင်းဖွယ်ရာ မရှိပါ။

သို့သော် နတ်ဆိုးဧကရာဇ်ကြီးက သူပြောသွားသည့် စကားများကို ရှင်းရှင်းလင်းလင်း နားလည်ဟန် မတူပါချေ။

လွေ့နန်၏ စကားဆုံးပြီးနောက် သူ စကားလုံးအချို့ကို ထပ်ပြောလာ၏။

" မဟာမိတ်.... လွတ်မြောက်ဖို့... "

လွေ့နန်က မြန်မြန် ပြန်ပြောလိုက်သည်။

" မှန်ပါတယ် ဧကရာဇ်ကြီး "

နတ်ဆိုးဧကရာဇ်ကြီး၏ မျက်လုံးများ စိတ်ရှုပ်သွားဟန် တူကာ ပြန်ပြော၏။

" မဟာမိတ်တွေ ဟုတ်လား... ငါ မှတ်မိသလောက်ကတော့ ငါ့ရဲ့ လွတ်လပ်မှုတွေကို အဲ့ မဟာမိတ်တွေကြောင့်ပဲ ဆုံးရှုံးသွားခဲ့ရတာ "

သူ့စကားကြောင့် လွေ့နန် ကြောက်ရွံ့တုန်လှုပ်သွားသည်။

နတ်ဆိုးဧကရာဇ်ကြီးက စကားဆက်၏။

" အဲ့ မဟာမိတ်တွေက... လူသားမျိုးနွယ်စုကပဲနဲ့ တူတယ်။ ဟုတ်တယ်... "

ထိုအချိန်တွင် ကြောက်မက်ဖွယ် လူသတ်အရိပ်အငွေ့ တစ်ခုလည်း ရုတ်တရက် ထွက်ပေါ်လာသည်။

" လူသားကောင်.. မင်းက ငါ့ကို ထပ်ပြီး ဒုက္ခပေးဦးမလို့လား "

စကားဆုံးသည်နှင့် လေဟာနယ်ထဲတွင် အမည်းရောင် လက်တစ်ဖက် စုစည်းလာကာ လွေ့နန်အား ရိုက်လိုက်၏။

အား...

လွေ့နန် လန့်သွားသည်။

ထို့နောက်တွင်မူ အမည်းရောင် လက်ကြီးက အလင်းတန်းလိုက်ကာဆီသို့ တိုးဝင်လာပြီး အလင်းတန်းလိုက်ကာ ကြေမွသွားတော့၏။

" ဟင်... "

ထိုအချိန်တွင် နတ်ဆိုးဧကရာဇ်ကြီး ကိုယ်တိုင်လည်း လန့်သွားပါသည်။

သူ အိပ်ချင်မူးတူး ဖြစ်နေသေးသည်မှာ အသိသာပင်။

သို့သော် ထိုစဥ်မှာပင် နတ်ဆိုးဧကရာဇ်ကြီး၏ ရှေ့နားလေး၌ အလင်းတန်းလိုက်ကာ အသစ်တစ်ခု ထပ်ပေါ်လာပြန်၏။

" နတ်ဆိုးဧကရာဇ်ကြီး ၊ စိတ်မဆိုးပါနဲ့ဗျာ။ ကျုပ်တို့က ဧကရာဇ်ကြီးရဲ့ အရင် မဟာမိတ်တွေလို မဟုတ်ပါဘူး။ ကျုပ်တို့က သခင်ကြီး ပြန်လွတ်မြောက်ဖို့အတွက် တကယ် လုပ်ပေးချင်တာပါ။ ကျုပ်ပြောတာကို မယုံဘူးဆိုရင် ဟိုနားလေးက ကျုပ် ဧကရာဇ်ကြီးအတွက် စီစဥ်ထားပေးတဲ့ ယဇ်ပူဇော်ခံရမယ့် ကောင်ကို ကြည့်လိုက်ပါ။ သူ့ကိုသာ ယဇ်ပူဇော်လိုက်ရင် ဧကရာဇ်ကြီး အချုပ်အနှောင်တွေကနေ

လွတ်မြောက်ရုံတင် မကဘူး ၊ အစွမ်းပါ နောက်တစ်ဆင့် တိုးသွားမှာဗျ "

လွေ့နန်က စိုးရိမ်စိတ် မပြယ်သေးဟန်ဖြင့် ပြောလိုက်ည်။

" ယဇ် ပူဇော်ဖို့... "

နတ်ဆိုး ဧကရာဇ်ကြီးက လွေ့နန် ညွှန်ပြသည့်အတိုင်း လောထျန်းဘက် လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးများ ချက်ချင်း အရောင်လက်သွား၏။

" အိုး.. ဒီ ယဇ်ပူဇော်ဖို့ ဟာက တကယ်ကို ကောင်းတာပဲ "

သို့သော် ထိုသို့ ပြောနေရင်း သူ့အကြည့်က လောထျန်းပုခုံးပေါ်မှ ရှောက်ထျန်းလုံလေးဆီ ရောက်သွားကာ အံ့သြမှင်သက်သွားသည်။

" ဒီ အရောင်အဝါက... ကောင်းကင်ဘုံနဂါးလား ။ ငါ့ကို ချုပ်နှောင်ခဲ့တဲ့ နဂါးကြီး ထျန်းလုံက မသေသေးဘူးလား။ မင်းကို ငါ သတ်မယ် "

အစောပိုင်းကအထိ တည်ငြိမ်နေခဲ့သော နတ်ဆိုးဧကရာဇ်ကြီး ချက်ချင်း ဒေါသူပုန် ထသွားသည်။

ထို့နောက်တွင််မူ.. လေထဲတွင် လက်သီးတစ်ခု စုစည်းလာကာ ရှောက်ထျန်းလုံလေးအား ထိုးလိုက်၏။

" ဝု.. "

၎င်းကို မြင်သည်နှင့် ရှောက်ထျန်းလုံလေး အလွန် လန့်သွားပြီး ထိုလက်သီးကို ထိပ်တိုက် ရင်မဆိုင်ရဲဘဲ ပုန်းရန် ကြိုးစားလိုက်သည်။

သို့သော် လောထျန်းကမူ ၎င်းကို လုံးဝ မမှုပါချေ။

" ထွက်သွားစမ်း.. "

လောထျန်း ဒေါသတကြီး အော်ကာ လက်သီးဖြင့် ပြန်ထိုးလိုက်သည်။

All Chapters