← Chapters

အချုပ်အနှောင်အား ချိုးဖျက်ခြင်း

Vol. 32 Ch. 442

အချုပ်အနှောင်အား ချိုးဖျက်ခြင်း

Vol. 32 Ch. 442

လောထျန်းက လက်သီးကို မြှောက်၍ နတ်ဆိုးဧကရာဇ်ကြီး၏ လက်သီးအား ထိုးလိုက်သည်။

ထိုလက်သီးချက် နှစ်ခုမှာ အရွယ်အစားချင်း ကွာဟလွန်းသဖြင့် ကြည့်ရသည်မှာ အချိုးအစားမညီ ဖြစ်နေပါ၏။

အားလုံးမှာ ၎င်းကို ကြည့်ရင်း ကျောရိုးထဲမှပင် ချမ်းစိမ့်သွားကြသည်။

လောထျန်းသာ ထိုလက်သီးချက်ကို မတားနိုင်ခဲ့ပါက သူတို့အားလုံး အသက်ဆုံးသွားရနိုင်ပါ၏။

သို့သော်.. ထိုလက်သီးချက်နှစ်ခု လေထဲတွင် တွေ့သည့်အချိန်တွင်မူ..

ဘုန်း...

နတ်ဆိုးဧကရာဇ်ကြီး၏ လက်သီးက ချက်ချင်း ပြိုကွဲသွားသဖြင့် အားလုံး အံ့သြတုန်လှုပ်ကုန်ကြ

သည်။

လောထျန်း၏ လက်သီးအစွမ်းက ဤမျှနှင့် ရပ်တန့်မသွားဘဲ... နတ်ဆိုးဧကရာဇ်ကြီး၏ မျက်လုံးအစုံကို ဆက်ထိုးလိုက်၏။

ဘုန်း..

အသံကျယ်တစ်သံ ထပ်ထွက်လာပြီးနောက် ဧကရာဇ်ကြီး၏ မျက်လုံးများ ချက်ချင်း ပြိုကွဲသွားပြန်တော့သည်။

အားလုံးကို လွှမ်းခြုံထားသော ကြောက်မက်ဖွယ် ဖိအားကြီးကလည်း ရုတ်ချည်း လွင့်ပါးပျောက်ကွယ်သွား၏။

" ဟင်... "

အားလုံးပင် အံ့သြမှင်သက်ကုန်ကြသည်။

အစောပိုင်း နတ်ဆိုးဧကရာဇ်ကြီး ပေါ်လာခဲ့စဥ်က ထိုသူမှာ အလွန်ကြောက်စရာ ကောင်းလောက်အောင်

အစွမ်းထက်လိမ့်မည်ဟုသာ အားလုံး မှတ်ယူထားခဲ့ကြပါသည်။

သို့သော်.. ထိုသို့ အလွယ်တကူ ရှုံးနိမ့်သွားလိမ့်မည်ဟု မည်သူ တွေးထားပါမည်နည်း။

ထိုသူများ မဆိုးထားဘိ ၊ လွေ့နန်သည်ပင် အလွန်အံ့သြမှင်သက်နေရပါသည်။

" နတ်ဆိုးဧကရာဇ်ကြီးက အဲ့လို ချက်ချင်းကြီး အသတ်ခံလိုက်ရတာလား "

သူ တီးတိုး ရေရွတ်မိလိုက်သည်။

သူတို့ ဝမ်ဟွန်းကွေ့ယီဂိုဏ်းမှာ ထိုနတ်ဆိုးဧကရာဇ်ကြီးအတွက် ရည်ရွယ်၍ ယနေ့အစီအမံကို ပြီးစီးအောင် နှစ်ပေါင်း များစွာကြာ အချိန်ပေးပြီး လုပ်ခဲ့ကြရပါသည်။

နတ်ဆိုးဧကရာဇ် အချုပ်အနှောင်မှ လွတ်မြောက်ပြီး ထွက်လာပါက သူတို့ဂိုဏ်းအတွက် ကြီးမားသော အကူအညီကြီး တစ်ခု ဖြစ်သွားလိမ့်မည်ဟုလည်း သူ တွက်ထားခဲ့ပါ၏။

သို့သော် ရလဒ်က ဤမျှ ဆိုးဝါးလိမ့်မည်ဟုမူ သူ မတွေးထားမိပါ ။

သူတို့ နှစ်ပေါင်းများစွာကြာ ခက်ခက်ခဲခဲ ကြိုးစားထားရသည်များက အလကား ဖြစ်သွားခဲ့ပြီလား။

သူ အလွန် စိတ်ဓာတ်ကျသွားစဥ်မှာပင်..

ဝီ..

အစွမ်းထက်သော အရောင်အဝါတစ်ခု စတင်စုစည်းလာသည်။

" ဟင်.. ဒါ.. နတ်ဆိုးဧကရာဇ်ကြီးရဲ့ အရောင်အဝါပဲ။ သူ မသေသေးဘူး.. "

လွေ့နန်၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားကာ အရောင်အဝါ စုစည်းနေသည့်ဘက် လှည့်ကြည့်လိုက်သည်။

မကြာမီမှာပင် ဧကရာဇ်ကြီး၏ မျက်လုံးများ လေထဲ၌ ပြန်ပေါ်လာ၏။

သို့သော်.. ယခင်ကနှင့် ယှဥ်လျှင် ယခုမျက်လုံးအစုံက ပိုတည်ငြိမ်ပြီး အရောင်အဝါကလည်း ပိုအစွမ်းထက်လာခဲ့သည်။

" ဒါ နတ်ဆိုးဧကရာဇ်ကြီးရဲ့ အစွမ်း အစစ်များလား "

လွေ့နန် တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

ထိုစဥ် နတ်ဆိုးဧကရာဇ်ကြီး၏ အကြည့်က လောထျန်းအပေါ်တွင်သာ ကျနေပါ၏။ သူ့အကြည့်မှာ ယခင်ကထက် ပိုကြည်လင်နေသယောင်..

" မင်းက ငါ့ကို နာကျင်အောင် တကယ်ကြီး လုပ်လိုက်နိုင်တယ်ပေါ့ "

သူ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

လောထျန်း မျက်မှောင်အနည်းငယ် ကြုံ့သွား၏။

" နောက်ထပ် မသေမျိုးတစ်ယောက်လား.. ဒီလိုဆိုတော့လဲ နောက်တစ်ကြိမ် ထပ်သတ်ဖို့ပဲ ရှိတော့တာပေါ့ "

လောထျန်း ထိုသို့ ပြောကာ လက်သီးဖြင့် ထပ်ထိုးလိုက်သည်။

ဘုန်း..

ဤတစ်ကြိမ်တွင်လည်း လောထျန်း အနိုင်ရသွားပြီး နတ်ဆိုးဧကရာဇ်ကြီး ပြိုကွဲသွားရပြန်၏။

သို့သော်..

ဝီ..

ချက်ချင်း ဆိုသလိုပင် ဧကရာဇ်ကြီး၏ အရိပ်က ယခင်ထက် ပိုမြန်သော နှုန်းဖြင့် ထပ်မံစုစည်းလာပြီး ယခင်ထက်လည်း ပိုအစွမ်းတိုးလာပြန်သည်။

" ကောင်လေး... "

နတ်ဆိုးဧကရာဇ်ကြီးက လောထျန်းအား အော်ဆဲရန် ပြင်လိုက်သည်။

သို့သော် လောထျန်းက သူ့အား စကားပြောရန်ပင် အခွင့်ရေး မပေးဘဲ နောက်ထပ် လက်သီးချက်တစ်ခု

ပစ်လွှတ်လိုက်ပြန်၏။

ဘုန်း..

နတ်ဆိုးဧကရာဇ်ကြီး၏ အရိပ် ပြိုကွဲသွားပြီး ထပ်မံ စုစည်းလာပြန်သည်။

ဤသို့ဖြင့် ဆယ်စက္ကန့်ကျော် အချိန်အတွင်းမှာပင် လောထျန်းလက်ချက်ကြောင့် နတ်ဆိုးဧကရာဇ်ကြီး၏ အရိပ် အကြိမ်ရေ တစ်ရာခန့် ပြိုကွဲလိုက် ၊ ပြန်စုစည်းလာလိုက် ဖြစ်သွားရတော့သည်။

ဧကရာဇ်ကြီး၏ အရိပ်မှာ လောထျန်းလက်သီးချက်ကြောင့် ပြိုကွဲပြီး အသစ်ပြန်လည် စုစည်းလာတိုင်း ယခင်ထက် ပိုပို၍ အစွမ်းထက်လာပါ၏။

နောက်ဆုံးတွင်မူ လောထျန်း သူ့အား ထိုးခွဲလိုက်သည့် အကြိမ်ပေါင်းပင် မရေမတွက်နိုင်တော့ချေ...

ဘုန်း..

လောထျန်း၏ လက်သီးက နတ်ဆိုးဧကရာဇ်ကြီး၏

လက်သီးနှင့် ထိပ်တိုက်တွေ့ပြီး နတ်ဆိုးဧကရာဇ်ကြီး၏ လက်သီးအရိပ်တွင် အက်ကွဲရာများ ပေါ်လာသည်။

သို့သော် ၎င်းက ယခင်ကဲ့သို့ ချက်ချင်း ပြိုကွဲမသွားခဲ့ပါချေ။

" ဟင်.. ဘယ်လို ဖြစ်ပြီး "

အားလုံး အံ့သြမှင်သက်ကုန်ကြသည်။

" ဒီ နတ်ဆိုးဧကရာဇ်ကြီးက ပိုပိုပြီး အစွမ်းထက်လာတာပဲ။ အရိပ်အဆင့်တောင် မဟုတ်တော့ဘူး။ လောထျန်းရဲ့ လက်သီးချက်နဲ့ သူ့ကို ချက်ချင်း မသတ်နိုင်တော့ဘူးကွ "

မြွေဖြူက အသံနက်ကြီးဖြင့် ပြောလိုက်သည်။

အားလုံးမှာလည်း ထိုစကားကို ကြားကာ တုန်ယင်သွားကြပါ၏။

ယခု အခြေအနေအတိုင်း ဆိုပါက.. လောထျန်း ရှုံးနိမ့်သွားခဲ့လျှင် သူတို့အားလုံး မြေမြှုပ်စရာ အလောင်းပင်မကျန်ဘဲ သေသွားရပေလိမ့်မည်။

ထိုစဥ် တဖက်မှ လွေ့နန်၏ မျက်လုံးများ အရောင်လက်သွားကာ အော်ရယ်လာသည်။

" ကောင်းတယ်ကွာ.. ကောင်းတယ် "

၎င်းကို ကြည့်ကာ လောထျန်း မျက်မှောင်ကြုံ့သွား၏။

နတ်ဆိုးဧကရာဇ်ကြီးက ဤမျှ လုပ်နိုင်စွမ်း ရှိလိမ့်မည်ဟု သူ အမှန်တကယ်ပင် ထင်မထားခဲ့ပေ။

သို့သော် သူ ဂရုမစိုက်လှပဲ လက်နောက်ပြန် ထပ်ထိုးလိုက်ပါ၏။

ဘုန်း..

ဤတစ်ကြိမ်တွင်မူ နတ်ဆိုးဧကရာဇ်ကြီး၏ အရိပ် ထပ်ပြိုကွဲသွားပြန်သည်။

သို့သော် ယခင်နှင့် မတူသည်မှာ .. ဤတစ်ကြိမ်တွင် နတ်ဆိုးဧကရာဇ်၏ မျက်လုံးများက လေထဲ၌ ပြန်မစုစည်းဘဲ လောထျန်းရှေ့ ဆယ်ပေအကွာတွင်

စုစည်းလာခြင်းဖြစ်သည်။

" ဘယ်လိုဖြစ်ပြီး.. "

၎င်းကို ကြည့်ကာ အားလုံး အံ့အားသင့်ကုန်ကြရပြန်သည်။

သို့သော် လောထျန်းက မည်သည့်စကားမှ မဆိုဘဲ ထပ်တိုက်ခိုက်လိုက်ပြန်၏။

ဘုန်း... ဘုန်း... ဘုန်း..

ဤတစ်ကြိမ်တွင်မူ နတ်ဆိုးဧကရာဇ်ကြီး၏ အရိပ်က လောထျန်း၏ လက်သီးချက်အား သုံးကြိမ်တိုင်တိုင် ခံပြီးမှသာ ပြိုကွဲသွား၏။

အားလုံးမှာလည်း ရင်ထဲ လေးလံကုန်ကြသည်။

နတ်ဆိုးဧကရာဇ်ကြီး၏ အစွမ်း တိုးလာသည့် နှုန်းက သူတို့ ထင်ထားသည်ထက်ပင် ပိုမြန်နေလေပြီ။

သူတို့ တွေးသည့်အတိုင်းပါပင်.... နောက်တစ်ကြိမ်

တွင်မူ ဧကရာဇ်ကြီး၏ အရိပ်က လောထျန်း၏ လက်သီးချက် ငါးချက်ကို ခံပြီးမှသာ ပြိုကွဲသွား၏။

ထို့နောက်တွင်ကား.. လက်သီးချက် ၇ ချက်..

နောက်တစ်ကြိမ်တွင််မူ လောထျန်း၏ လက်သီးချက် ဆယ်ချက်ကို ခံပြီးမှသာ ဧကရာဇ်ကြီး ပြိုကွဲသွားတော့သည် ။

ထိုအချိန်တွင် အားလုံးမှာ နတ်ဆိုးဧကရာဇ်ကြီး၏ အစွမ်းအား အံ့အားသင့်နေကြသလို လောထျန်း၏ အစွမ်းကိုလည်း မယုံနိုင် ဖြစ်နေကြပါ၏။

အခြေအနေကို ကြည့်ပါက ဤမျှ အစွမ်းထက်သော ရန်သူတစ်ယောက်နဲ့ ရင်ဆိုင်နေရသည့်တိုင် လောထျန်းက အသာစီး ရနေဆဲပါပင်။

အားလုံး၏ စိတ်ထဲတွင် နတ်ဆိုးဧကရာဇ်ကြီးက နောက်တစ်ကြိမ်၌ လောထျန်း၏ လက်သီးချက် မည်မျှကို ခံနိုင်မည်နည်း ဆိုသည့် အတွေးလည်း ဝင်သွားကြသည်။

" ဟီး ဟီး.. ကောင်လေး ၊ ငါ မင်းကို ကျေးဇူးအများ

ကြီး တင်တယ်ကွာ "

နတ်ဆိုးဧကရာဇ်ကြီး၏ အသံ ထပ်ထွက်လာပြန်သည်။

သို့သော် ၎င်း၏ မျက်လုံးများကမူ ပြန်ပေါ်မလာခဲ့ပါ။

" ဘာတွေ ဖြစ်နေတာလဲ။ နတ်ဆိုးဧကရာဇ်ကြီးက ဘယ်ရောက်သွားတာလဲ "

" အဲ့ကောင်ကြီးက ကြောက်သွားတာလား "

အားလုံးက ထင်ရာကို ပြောလိုက်ကြသည်။

ထိုအချိန်မှာပင် နတ်ဆိုးဧကရာဇ်ကြီးက စကားဆက်၏။

" မင်းက ငါ့ကို အကြိမ်ပေါင်းများစွာ အနိုင်ယူနိုင်တယ် ဆိုပြီးတော့ ကိုယ့်ကိုကိုယ် သိပ်အစွမ်းထက်ပြီလို့ ထင်နေတယ်ပေါ့ "

" မင်း ချိုးဖျက်ခဲ့တာတွေ အားလုံးက ငါ့ကို ချုပ်

နှောင်ထားတဲ့ အချုပ်အနှောင်တွေ ဆိုတာ မင်း မသိတာတော့ သနားစရာပဲ။ တကယ်လို့ မင်းသာ အဲ့ဒါတွေကို မချိုးဖျက်ခဲ့ဘူး ဆိုရင် ငါ့အနေနဲ့ အချုပ်အနှောင်ကို ဖျက်ဆီးဖို့ အနည်းဆုံး နှစ်တစ်ထောင်လောက် ကြာအောင် အချိန်ယူရမှာကွ "

သူ့စကား ဆုံးသည်နှင့် တိုက်ပွဲကွင်းပြင်ထဲတွင် ရှိနေသော လူများအားလုံး ကြောက်လန့်တုန်လှုပ်သွားကြတော့သည်။

" ဟာ.. မဖြစ်ဘူး ၊ လောထျန်းတော့ ထောင်ချောက်ထဲ ဝင်သွားမိပြီ "

" ဒီကောင်ကြီးက လောထျန်း အဲ့လောက် ထိုးနေတာတောင် ဘာမှ မဖြစ်တာ မထူးဆန်းတော့ပါဘူးကွာ။ သူက အဲ့လို ဖြစ်အောင် တမင်လုပ်ထားခဲ့တာကိုး "

အားလုံး အသံများပင် တုန်နေကြတော့၏။

အလင်းတန်း လိုက်ကာထဲမှ လွေ့နန်မှာလည်း နတ်ဆိုးဧကရာဇ်ကြီး၏ စကားကို ကြားကာ မျက်လုံးများ အရောင်လက်သွားပါသည်။

" ထင်ထားတဲ့ အတိုင်းပါပဲလား... နတ်ဆိုးဧကရာဇ်ကြီးက တကယ်ကို ဉာဏ်ရည်ထက်မြတ်လွန်းလှပါတယ်ဗျာ။ ကျုပ် ဧကရာဇ်ကြီးကို တကယ်လေးစားပါတယ် "

လွေ့နန် အပြုံးဖြင့် ဆိုလိုက်သည်။

နတ်ဆိုးဧကရာဇ်က လွေ့နန်၏ မြှောက်ပင့်စကားများအား လျစ်လျူရှုထားကာ လောထျန်းကိုသာ ဆက်ပြော၏။

" မင်းရဲ့ ကျေးဇူးကြောင့်.. နောက်ဆုံးတော့ ငါ အချုပ်အနှောင်ကို ဖျက်ပြီး ထွက်လာနိုင်တော့မယ် "

သူ့စကား ဆုံးသည့် အချိန်မှာပင် လေထုကြီးတစ်ခုလုံး ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာ၏။

" ဘာ.. ဘာတွေ ဖြစ်နေတာလဲ "

အားလုံးမှာ ကြောက်လန့်တုန်လှုပ်သွားပြီး မတ်တပ်ပင် ကောင်းကောင်း မရပ်နိုင်ကြတော့ချေ။

လောထျန်း မျက်မှောင်ကြုံ့သွားပြီး ရှေ့သို့ ကြည့်လိုက်ရာ သူ့ရှေ့ရှိ လေထုထဲတွင် ပင့်ကူအိမ်ကဲ့သို့

အက်ကွဲရာများ ပေါ်လာသည်ကို မြင်လိုက်ရသည်။

ထို့နောက်တွင်..

ဝုန်း...

အက်ရာများ ကြားထဲမှ အမည်းရောင် လက်ကြီးတစ်ဖက် တိုးထွက်လာ၏။

ထိုလက်ကြီး ထွက်လာသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး ထပ်မံတုန်ခါသွားပြန်သည်။

ဘုန်း...

ထိုလေထုကလည်း ချက်ချင်း ပြိုကွဲသွား၏။

ပြီးနောက်တွင်ကား ... ခေါင်းတွင် ချိုနှစ်ချောင်း ပါသည့် ထူးဆန်းသော ရုပ်သွင်နှင့် သားရဲကြီးတစ်ကောင် ပေါ်လာတော့သည်။

ဂျုန်း..

ထိုသားရဲ ပေါ်လာသည်နှင့် လေထဲတွင် မိုးထစ်ချုန်း

သံများ လိမ့်တက်လာပြီး...

ကမ္ဘာမြေကြီး အောက်ဘက်မှ ချော်ရည်များလည်း ပန်းထွက်လာသည်။

လေထုကြီး တစ်ခုလုံးမှာလည်း ထောင်ပေါင်းများစွာသော သက်ရှိများ ငိုကြွေးနေကြသလို.. အော်ဟစ်ငိုကြွေးသံများဖြင့် ပြည့်သွား၏။

ထို့နောက်တွင်မူ.. သားရဲကြီး၏ မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။

ချက်ချင်းမှာပင် အရာအားလုံး တိတ်ဆိတ်သွား၏။

မိုးထစ်ချုန်းသံများနှင့် ငိုကြွေးနေသံများလည်း အစအနပင် မကျန် ပျောက်ကွယ်သွားကြကာ...

ကြောက်မက်ဖွယ် ဖိအားကြီး တစ်ခုသာ ကြီးစိုးလာသည်။

All Chapters