လူသားတစ်ယောက်မှ ဟုတ်သေးရဲ့လား
Vol. 32 Ch. 446
" ကျင့်ကြံမယ်... "
အားလုံး အံ့သြကုန်ကြသည်။
ယခုလို အချိန်ကြီးတွင်ပင် ကျင့်ကြံမည်တဲ့ဘား ။
ကျင့်ကြံနေ၍ရော ဘာထူးပါမည်နည်း...
သူတို့ကို ဤနေရာမှ မြန်မြန်ထွက်နိုင်အောင်သာ လုပ်ပေးသင့်သည် မဟုတ်လား..
" သခင်လေး ၊ ဒီ့ထက်ပို လေးနက်တဲ့ တစ်ခုခုကို လုပ်လို့မရဘူးလားဗျာ "
အဘိုးအိုတစ်ယောက်က အထွန့်တက်လိုက်သည်။
ထိုသူဘေးမှ အဘိုးအို ဟဲ့လောင်က မျက်မှောင်ကြုံ့၍ ပြော၏။
" ဘာတွေ ပြောနေတာလဲ... သခင်လေး လောထျန်းက ခုလိုချိန်မျိုးမှာတောင် ကြိုးကြိုးစားစား ကျင့်ကြံတဲ့သူလေ။ သူက မင်းတို့လို ငါတို့လို လူတွေအတွက်
စံပြပုဂ္ဂိုလ်တောင် ဖြစ်သင့်သေးတာ... အထူးသဖြင့် လူငယ်တွေအတွက်ပဲ.. "
ထို့နောက်.. အနောက်ဘက်တွင် ရှိနေကြသော လူငယ်များဘက် လှည့်ကာ ဆက်ပြောလိုက်သေးသည်။
" ငါ ပြောတာ မင်းတို့တွေကို ပြောနေတာ။ တကယ် ကြိုးစားတဲ့သူ ဆိုတာ ဘယ်လိုလဲ တွေ့ပြီလား။ မင်းတို့ကောင်တွေက ကြိုးစားတာရဲ့ အဓိပ္ပါယ်ကိုတောင် နားမလည်ကြဘူး။ ခုချိန်ကစပြီးတော့ သခင်လေး လောထျန်းကို စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားကြ "
အဆူခံလိုက်ရသည့် လူငယ်များမှာ မည်သို့မှ ပြန်မပြောဝံ့ကြဘဲ ခေါင်းများသာ တဆတ်ဆတ် ညိတ်လိုက်ရ၏။
ထို့နောက်တွင်မူ ဟဲ့လောင်က လောထျန်းဘက် လှည့်ပြီး ဆိုသည်။
" သခင်လေး လောထျန်း ၊ သခင်လေး ကျင့်ကြံနေတဲ့အချိန် ကျုပ်တို့ အကာအကွယ်ပေးပါ့မယ် "
သို့သော်... လောထျန်းက ခေါင်းကုတ်ရင်း
ပြန်ပြော၏။
" ကျုပ် ကျင့်ကြံနေတဲ့အချိန်မှာ ခင်ဗျားတို့အားလုံး အစီအမံထဲ ဝင်ပုန်းနေတာ ပိုကောင်းတယ်ဗျ "
" အစီအမံထဲမှာ ပုန်းရမယ်... "
အဘိုးကြီး ဟဲ့လောင် အံ့အားသင့်သွားရတော့သည်။
၎င်းက မည်သို့သော အဓိပ္ပါယ်ပါနည်း... ။
လောထျန်းက သူ ကျင့်ကြံနေသည်ကို အခြားသူများ မမြင်စေချင်သောကြောင့်လား..
ထိုသို့သာ ဖြစ်ရပေမည်။
မိမိကျင့်ကြံနေသည်ကို အပြင်လူများအား တွေ့စေချင်သူ မည်သူ ရှိပါမည်နည်း။
သို့သော်.. ထိုသို့သော ရည်ရွယ်ချက်မျိုးနှသ့် ဆိုလျှင် အမြင်အာရုံနှင့် စိတ်ဝိဥာဥ်အစွမ်းကို တားဆီးသည့် အစီအမံမျိုး သုံးသင့်သည် မဟုတ်ပါလား ။
ယခုလို စိတ်ဝိဥာဥ်မသေမျိုး အစီအမံကို အဘယ့်
ကြောင့် သုံးရပါသနည်း။
ယခု အစီအမံမှာ အထဲသို့ ရောက်သွားပါက အပြင်မှ စိတ်စွမ်းအင်များ အထဲသို့ မဝင်ရောက်နိုင်သည့်တိုင်... အမြင်အာရုံနှင့် စိတ်ဝိဥာဥ်အစွမ်းကိုမူ မတားဆီးနိုင်ပါချေ။
သူ နားမလည်နိုင်တော့သည့်အတွက် ပန်းလင်အား မေးရန် ကြိုးစားလိုက်သည်။
ယခင် သူတို့နှစ်ယောက်ကြားမှ အခြေအနေကို ကြည့်ခြင်းဖြင့် ပန်းလင်သည် လောထျန်းဘေးတွင် အတန်အသင့် နေရာရထားသူ တစ်ယောက်မှန်း သိသာသည် မဟုတ်ပါလား။
သို့သော်.. သူ လှည့်ကြည့်လိုက်သည့် အချိန်တွင််မူ လောထျန်းဘေးတွင် ရှိနေသင့်သော ပန်းလင်တစ်ယောက် ပျောက်ခြင်းမလှ ပျောက်နေသဖြင့် သူ အံ့အားသင့်သွားရပါ၏။
ရုတ်တရက်.. အဘိုးကြီး ဟဲ့လောင် တစ်စုံတစ်ခုကို တွေးမိသွားကာ အစီအမံထဲသို့ ကြည့်လိုက်သည်။
သူ ထင်ထားခဲ့သလိုပါပင်... ပန်းလင်မှာ အစီအမံအလယ်ထဲသို့ ရောက်နေပြီး ကြောက်မက်ဖွယ် ရန်သူကြီးတစ်ယောက်နှင့် ရင်ဆိုင်ရတော့မည့်ဟန် တူနေပါ၏။
ထို့အပြင် သူမက ဟွမ်ယင်ကိုပါ မြန်မြန်လာရန် လက်ယပ်ပြီး ခေါ်နေပါသေးသည်။
" ဟင်.. အမကြီး ပန်းလင် ၊ ဘာဖြစ်လို့လဲ "
ဟွမ်ယင်က အံ့အားသင့်နေသည့် မျက်နှာလေးဖြင့် မေးလိုက်သည်။
" ဘာမှ ထပ်မေးမနေနဲ့ ၊ ဒီကိုသာ မြန်မြန်လာခဲ့။ ရှောက်ထျန်းလုံလေးနဲ့ တခြားသူတွေကိုရော ခေါ်လာခဲ့ "
ပန်းလင်က ပြန်အော်ပြော၏။
ဟွမ်ယင် ခေတ္တမျှ စဥ်းစားကာ ခေါင်းညိတ်လိုက်ပြီး မိုးကြိုးသားရဲ ၊ မျောက် ၊ ရှောက်ထျန်းလုံလေး တို့နှင့်အတူ အစီအမံထဲ လမ်းလျှောက်ဝင်သွားလိုက်ကြသည်။
ရှောက်ထျန်းလုံလေးမှာ စစချင်း လောထျန်းနားမှ ခွာလိုဟန် မတူပါချေ။
သို့သော် လောထျန်းက မျက်နှာတည်ဖြင့် ပြောနေသဖြင့် သူ မည်သို့မှ မတတ်နိုင်ဘဲ နောက်လှည့် တကြည့်ကြည့်ဖြင့် လေထဲ ပျံတက်လိုက်၏။ ထို့နောက် လေထဲတွင် သုံး၊ လေးကြိမ်မျှ လှည့်ပတ် ပျံသန်းလိုက်ပြီးမှသာ မိုးကြိုးသားရဲ၏ ခေါင်းပေါ် နားလျက် အစီအမံထဲ ဝင်သွားသည်။
" အင်း.. ဘာကြောင့်မှန်းတော့ မသိပေမယ့် ငါတို့လဲ အထဲဝင်တာ ကောင်းမယ်ကွ "
မြွေဖြူက ပြောလိုက်သည်။
သူ ဤတစ်ကြိမ်တွင် လောထျန်း ငြိုငြင်မည့် အရာကို ထပ်မလုပ်ချင်တော့ပေ။
ဤသို့ဖြင့် မြွေဖြူ၏ ဦးဆောင်မှုနှင့်အတူ အခြားသူများလည်း အစီအမံထဲ အလျှိုလျှို ဝင်သွားလိုက်ကြတော့သည်။
မကြာမီမှာပင် အားလုံး အစီအမံထဲ ရောက်သွားကြ၏။
ကံကောင်းစွာပင် လောထျန်း၏ အစီအမံအား အလွန်ကြီးကြီး လုပ်ထားခဲ့သောကြောင့် အားလုံးအတွက် အဆင်ပြေသွားခဲ့ပါသည်။
" အမကြီး ပန်းလင် ၊ ဘာလို့ အဲ့လောက် စိုးရိမ်နေတာလဲ "
ဟွမ်ယင်က ပန်းလင်ကို ကြည့်၍ မေးလိုက်သည်။
အားလုံးကလည်း ပန်းလင်အား ကြည့်လိုက်ကြ၏။
ပန်းလင်က ဟွမ်ယင်အား ပြန်ကြည့်ကာ ပြောသည်။
" နင် သူကျင့်ကြံတာကို တွေ့ဖူးလား "
ဟွမ်ယင် ခေါင်းယမ်းပြ၏။
" တစ်ခါမှ မတွေ့ဖူးဘူး "
ပန်းလင်က သွေးဆုတ်ဖြူရော်နေသော မျက်နှာဖြင့် ပြန်ပြောသည်။
" ဒါဆို နင် တော်တော်ကံကောင်းတယ် "
ထိုသို့ ပြောနေရင်းမှာပင် သူမ လောထျန်းနှင့် ပထမ
ဆုံး တွေ့ခဲ့စဥ်၌ သူမ မျက်စိရှေ့တွင် လောထျန်းတစ်ယောက် ကျင့်ကြံနေခဲ့သည့် မြင်ကွင်းကို ပန်းလင် ပြန်သတိရသွားပါ၏။
ထိုအချိန်က လောထျန်း၏ ကျင့်ကြံခြင်းအဆင့်မှာ အလွန်နိမ့်နေခဲ့သေးသည့်တိုင် ကြောက်မက်ဖွယ် ကောင်းနေခဲ့လေပြီ။
ယခုတွင် လောထျန်းက ကျင့်ကြံခြင်းအဆင့် များစွာ ပိုတိုးနေခဲ့ပြီဖြစ်ရာ.. မည်မျှ ကြောက်မက်ဖွယ် ကောင်းနေမည်ကို ဘုရားသာ သိပေလိမ့်မည်။
သို့သော်.. သူမ တွေးနေသကဲ့သို့ လူတိုင်း မတွေးကြပါ...
လူအုပ်ထဲမှ လူငယ်တစ်ယောက်က မျက်နှာကြီး ရှုံ့မဲ့ရင်း ပြောလာ၏။
" ဟမ့်... သူက တမင်သက်သက် အထူးအဆန်းတွေ လုပ်ပြနေတာပါဗျာ။ ဒီတိုင်း ကျင့်ကြံတာလောက်ကို ဘာလို့ အစီအမံတွေ လုပ်ဖို့ လိုမှာလဲ "
" ပါးစပ်ပိတ်ထားစမ်း ၊ သခင်လေး လောထျန်းက
မင်းအသက်ကို ကယ်ထားတဲ့ ကျေးဇူးရှင်ကွ။ ဘာလို့ အဲ့လိုစကားမျိုး ပြောရဲနေတာလဲ "
အခြားတစ်ယောက်က မကျေမနပ် ပြန်ရန်တွေ့သည်။
လူငယ်က နှာခေါင်းရှုံ့သည်။
" အဲ့ဒါနဲ့ ဘာမှ မဆိုင်ဘူးလေဗျာ။ ကျုပ်တို့ အသက်ကို ကယ်ပေးတဲ့အတွက် သူ့ကို တကယ်လဲ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျုပ်တို့ကို အခုလိုကြီး လှည့်စားဖို့တော့ မလိုဘူးလေ။ ကျုပ် ပြောတာ မယုံရင် သူ ခဏနေ ကျင့်ကြံတာကိုပဲ စောင့်ကြည့်လိုက်ပါ။ ဘာပြဿနာမှ ဖြစ်မှာ မဟုတ်ဘူး "
ကျန်လူများမှာ မည်သို့မှ ထုတ်မပြောကြသည့်တိုင် သူတို့၏ ရင်ထဲတွင်ကား သံသယကိုယ်စီ ရှိနေကြပါ၏။
အားလုံးက လောထျန်းအား လှည့်ကြည့်လိုက်ကြသည်။
ထိုစဥ် တဖက်မှ လောထျန်းမှာ နေရာတွင်ပင် ရပ်နေပြီး အသက်ပြင်းပြင်း တစ်ချက် ရှိုက်လိုက်၏။
" ပြီးခဲ့တဲ့ တစ်ခေါက် နဂါးသချ်ိုင်းမြေထဲမှာ ကျင့်ကြံခြင်းအဆင့် တက်ခဲ့တုန်းက နဂါးသချ်ိုင်းမြေ ပျက်စီးသွားမှာစိုးလို့ မကျင့်ကြံရဲခဲ့ဘူး "
" အိမ်ပြန်ရောက်တော့လဲ ပျောင်ပိုင်မြို့ရဲ့ စိတ်စွမ်းအင်သွေးကြော မခံနိုင်မှာ စိုးရတာနဲ့ မကျင့်ကြံခဲ့ရပြန်ဘူး "
" အဲ့တော့ ငါ့မှာ ထုံရွှယ်အဆင့်ကို ရောက်ပြီးပေမယ့် ထုံရွှယ်အဆင့် အစောပိုင်း အဆင့်မှာပဲ ရှိနေသေးတယ်။ အခုက ကျင့်ကြံခြင်း အဆင့်တက်ဖို့ အချိန်ကောင်းပဲ "
" ခုနက ငါ့ရဲ့ အစွမ်းအထက်ဆုံး လက်သီးချက်ကတောင် ဒီကမ္ဘာကြီးကို မဖျက်ဆီးနိုင်ခဲ့တာ ငါ လုံလောက်အောင် အစွမ်းမထက်သေးလို့ပဲ။ ဒီတစ်ခါ ကျင့်ကြံခြင်း အဆင့်တက်သွားရင်တော့ ဒီကမ္ဘာကို ချိုးဖျက်ဖို့ အခွင့်အရေး ရနိုင်မယ် ထင်တယ် "
လောထျန်း ထိုသို့တွေးကာ ထုံရွှယ်အဆင့်
ကောင်းကင်ဘုံသိုင်းကျမ်း ၊ အသက်ရှုကျင့်စဥ်အား စတင်လေ့ကျင့်လိုက်သည်။
" ကောင်းကင်ဘုံ အသက်ရှူကျင့်စဥ်... ရှူသွင်း... "
သူ တီးတိုးရွတ်လိုက်သည်။
ဝုန်း..
လောထျန်း အသက်စရှူလိုက်သည်နှင့် ဘေးပတ်ဝန်းကျင်မှ ကြောက်မက်ဖွယ် အော်မြည်သံကြီး တစ်ခု ထွက်လာ၏။
" ဟင်.. ဘာတွေ ဖြစ်နေတာလဲ "
" အဲ့ဒါ မိုးကြိုးသံလား... ကောင်းကင်ဘုံ ပျက်စီးခြင်းကို ဖြတ်ကျော်ရမယ့်သူ ရှိလို့လား "
အစီအမံထဲတွင် ရှိနေသူများ အားလုံး နားမလည်နိုင် ဖြစ်ကုန်ကြသည်။
ထိုအချိန်တွင် လူတစ်ယောက်က ကောင်းကင်ယံသို့ လက်ညိုးထိုးကာ အသံတုန်တုန်ဖြင့် ပြောလာ၏။
" ဟေ့.. ဟိုကို ကြည့်လိုက်ဦး "
အားလုံး ချက်ချင်း မော့ကြည့်လိုက်ကြရာ ကောင်းကင်ယံ၌.. အဆုံးအစမဲ့သော စိတ်စွမ်းအင်များ တစ်လွှာပြီး တစ်လွှာ စုစည်းလာပြီး သူတို့ဘေးနားသို့ ဝေါခနဲ ကျလာသည်ကို မြင်လိုက်ရသည်။
ထိုခံစားချက်မှာ ကျယ်ပြောလှသော ပင်လယ်ကြီးတစ်ခုက ရေများအားလုံးကို တစ်ဆက်တည်း သွန်ချလိုက်သလိုပါပင်..
" ရှေ့မှာ.. ရှေ့ကို ကြည့်လိုက်ကြဦး "
တစ်ယောက်က အံ့သြတကြီး ပြောလာပြန်၏။
အားလုံး ရှေ့သို့ ထပ်ကြည့်လိုက်ရာ.. သူတို့ရှေ့နားတွင် ကြောက်မက်ဖွယ် စိတ်စွမ်းအင် လှိုင်းလုံးကြီးတစ်ခု ရှိနေပြီး သူတို့ရှိရာသို့ တိုးဝင်လာသည်ကို တွေ့လိုက်ရပြန်၏။
" အနောက်မှာရော တူတူပဲကွ "
" ဘေးမှာလဲ တစ်ခု ရှိတယ် "
ထိုတခဏတွင် အားလုံး အလွန်ကြောက်ရွံ့ ထိတ်လန့်သွားကြကုန်သည်။
" အဲ့ဒါ ဘာကြီးလဲ... စိတ်စွမ်းအင် လှိုင်းလုံးလား "
" ဒီ ကမ္ဘာမှာပဲ မြင်ရတဲ့ ထူးခြားဖြစ်စဥ်လား "
" ဟုတ်မယ်နဲ့ တူတယ်။ ဒီလိုနေရာမျိုးကပဲ နတ်ဆိုးဧကရာဇ်ကြီးလို ကြောက်စရာကောင်းတဲ့ သားရဲမျိုး ထွက်နိုင်တာလေ "
" အားလုံး သတိထားကြနော် ၊ စိတ်စွမ်းအင် လှိုင်းလုံးတွေ ရိုက်ခတ်တာကို ခံနိုင်ဖို့ အသင့်ပြင်ထားကြ "
" ဒါ ဘယ်လို အကွက်ကြီးလဲကွ။ ဒီလောက် ကြောက်စရာကောင်းတဲ့ စိတ်စွမ်းအင် ပမာဏနဲ့ဆို ငါတို့အားလုံးကို ချက်ချင်းတောင် အပြောင်ရှင်းပစ်နိုင်မှာ "
အချို့ဆိုလျှင် ကြောက်လွန်း၍ ငိုကြွေးအော်ဟစ်လိုက်ကြတော့သည်။
ထိုစဥ်မှာပင် ပထမ စိတ်စွမ်းအင် လှိုင်းလုံးကြီးက သူတို့ဆီသို့ ရောက်လာခဲ့လေပြီ ။
" ဟာ.. မဖြစ်ဘူး "
အားလုံးပင် မျက်နှာထားများ အနည်းငယ် ပြောင်းကုန်ကြသည်။
အချို့မှာကား မျက်လုံးမှိတ်၍ သေရန်ပင် အသင့်စောင့်နေကြပါ၏။
သို့သော်.. ထိုစဥ်မှာပင်..
ဝီ...
စိတ်စွမ်းအင် လှိုင်းလုံးကြီးက အစီအမံကို ထိမိသည်နှင့် ချက်ချင်း အလိုအလျောက် နောက်ပြန်ဆုတ်သွား၏။
ထိုစိတ်စွမ်းအင်များက လေဆင်နှာမောင်းကြီး တစ်ခုလို ကြောက်မက်ဖွယ် ကောင်းနေသည့်တိုင် အစီအမံအား လုံးဝ ဖျက်ဆီးမသွားခဲ့ပါ။
" ဒီ စိတ်ဝိဥာဥ် မသေမျိုး အစီအမံက အဲ့လောက်တောင် အစွမ်းထက်တာလား "
အားလုံးမှာ ထိုမြင်ကွင်းကို ကြည့်ရင်း အံ့သြတုန်လှုပ်ကုန်ကြသည်။
ထိုစဥ် တစ်ယောက်က တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားကာ အလန့်တကြား အော်လိုက်၏။
" ဟာ.. မဖြစ်ဘူး ၊ သခင်လေး လောထျန်း အပြင်မှာပဲ ရှိနေသေးတယ် "
သူ ထိုသို့ပြောကာ လောထျန်းရှိရာဘက် လှည့်ကြည့်လိုက်သည်။
ချက်ချင်းမှာပင် သူ အံ့သြမှင်သက်သွားရပါ၏။
အဘယ့်ကြောင့်ဆိုသော်.. ဘေးပတ်ပတ်လည်မှ လာနေသော ကြောက်မက်ဖွယ် စိတ်စွမ်းအင်လှိုင်းလုံးများက လောထျန်းရှေ့သို့ ရောက်သွားပြီးနောက် လောထျန်းက ထို စိတ်စွမ်းအင်များ အားလုံးကို စုပ်ယူလိုက်သောကြောင့်ပင် ။
လွန်ခဲ့သော စက္ကန့်ပိုင်းလေးကပင် အလွန်ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပေါများနေခဲ့သည့် စိတ်စွမ်းအင်များက ယခု အစအနပင် မကျန်အောင် စုပ်ယူခံလိုက်ကြရလေပြီ ။
အားလုံးက လောထျန်းအား မယုံနိုင်သည့် မျက်နှာထားဖြင့် ကြည့်လိုက်ကြသည်။
သူတို့ နားမလည်နိုင်တော့ပါချေ ..
လောထျန်းက လူသားတစ်ယောက်ပင် ဟုတ်ပါသေးရဲ့လား။
" အေ့.. "
ထိုစဥ်မှာပင် လောထျန်းက လေချဥ်တက်လိုက်သည်။
မရှေးမနှောင်းမှာပင် ..
ဝီ..
သူ့ကိုယ်ထဲမှ အလင်းတန်းတစ်ခု တိုးထွက်လာ၏။