← Chapters

နောက် ကမ္ဘာတစ်ခု ပျက်စီးခြင်း

Vol. 32 Ch. 447

နောက် ကမ္ဘာတစ်ခု ပျက်စီးခြင်း

Vol. 32 Ch. 447

စိတ်စွမ်းအင် အလင်းတန်း တိုးထွက်လာသည်နှင့် လောထျန်း၏ မျက်လုံးများ အရောင်လက်သွားပြီး ပြောသည်။

" နောက်ဆုံးတော့.. ငါ ကျင့်ကြံခြင်း အဆင့်ငယ်တစ်ခု တက်သွားပြီ "

အားလုံးမှာ သူ့ကို ကြည့်ရင်း ဆွံ့အကုန်ကြ၏။

ဤမျှများပြားသော စိတ်စွမ်းအင်များကို စုပ်ယူပြီးသွားသည့်တိုင် ကျင့်ကြံခြင်း အဆင့်ငယ်လေး တစ်ခုသာ တက်သွားသတဲ့လား။

" အကိုပိုင် ၊ မင်းရော အဲ့လောက်များတဲ့ စိတ်စွမ်းအင်တွေကို စုပ်ယူနိုင်လား "

အရိပ်မည်းသားရဲကြီးက မြွေဖြူဘက် လှည့်၍ မေးလိုက်သည်။

မြွေဖြူ နှုတ်ခမ်းကြီး မဲ့သွားကာ ပြန်ပြော၏။

" လာနောက်မနေစမ်းပါနဲ့ကွာ။ အဲ့ စိတ်စွမ်းအင် ပမာဏက ငါ့ကို အကြိမ်ပေါင်းများစွာ သတ်ဖို့

တောင် လုံလောက်တယ်ကွ "

" ငါ့ကိုရောပဲ "

အရိပ်မည်း သားရဲကြီး သက်ပြင်းချလိုက်သည်။

တဖက်မှ ဟွမ်ယင်မှာလည်း သူမရှေ့မှ မြင်ကွင်းကြောင့် အလွန်အံ့သြမှင်သက်နေပါ၏။

" အမကြီး ပန်းလင် ၊ သူ ကျင့်ကြံရင် အမြဲတမ်း အဲ့လိုပဲလား "

သူမ တအံ့တသြ မေးလိုက်သည်။

ပန်းလင်က ခေါင်းယမ်းပြရင်း ပြန်ဖြေ၏။

" မဟုတ်ဘူး ။ အရင်တုန်းက ခုလိုပုံမျိုးနဲ့ ဆင်တယ် ဆိုပေမယ့် ခုဟာက ပိုကြောက်စရာကောင်းတယ် "

" ဒါ... "

ဟွမ်ယင်မှာ အံ့သြရလွန်း၍ ပါးစပ်အဟောင်းသားပင် ဖြစ်သွားပါသည်။

လောထျန်းတစ်ယောက် ဤမျှ အစွမ်းထက်နေသည်မှာ မထူးဆန်းတော့ပါ။ ထိုမျှ များပြားသော စိတ်

စွမ်းအင်များကို စုပ်ယူပြီးနောက် အစွမ်းမထက်ဘဲ မည်သို့ နေပါမည်နည်း။

ထိုစဥ် အစီအမံ အစွန်းပိုင်းနားလေးတွင် ရှိနေသော အစောက လောထျန်းအား တမင်သက်သက် လျှောက်လုပ်နေသည်ဟု စွပ်စွဲခဲ့သူမှာ အလွန်ကြောက်ရွံ့နေသည့် မျက်နှာဖြင့် ရှိနေ၏။

သူ ဉာဏ်ရည်နိမ့်သူ တစ်ယောက် ဖြစ်နေခဲ့လျှင်ပင် ယခု ဖြစ်သွားခဲ့သော အဖြစ်အပျက်များက လောထျန်းကြောင့် ဖြစ်ခဲ့ရသည်ကို သဘောပေါက်ပါသည်။

ထို့ကြောင့်လည်း သူ အလွန် အံ့သြတုန်လှုပ်သွားရပါ၏။

သူ အစောပိုင်းက တွေးခဲ့သည့် အတွေးများမှာ အမှန်တကယ် ရယ်စရာပါပင်..

သူ လောထျန်းအား တမင်သက်သက် အပိုလုပ်သည်ဟု စွတ်စွဲခဲ့ချိန်၌..

အမှန်တွင််မူ လောထျန်းက သူ့အသက်ကို နောက်တစ်

ကြိမ် ထပ်ကယ်ပေးခဲ့ခြင်း ဖြစ်နေ၏။

အကယ်၍ ဤ စိတ်ဝိဥာဥ်မသေမျိုး အစီအမံကြောင့်သာ မဟုတ်လျှင် သူ ယခုချိန် အစအနပင် ကျန်တော့မည် မဟုတ်ပါ။

ထိုသို့ တွေးမိပြီး သူ အလွန်ရှက်သွားကာ လူအုပ်ကြားထဲ တိုးဝင်ပြီး နောက်ဆုတ်နေလိုက်သည်။

ထိုစဥ် တဖက်မှ လောထျန်းမှာ.. ကျင့်ကြံခြင်း အဆင့်ငယ်တစ်ခု တက်သွားပြီးပြီးချင်း ဒုတိယမြောက် အသက်ရှူလေ့ကျင့်ခန်းကို စလိုက်ပါ၏။

ဤတစ်ကြိမ်တွင်လည်း ယခင်ကဲ့သို့ပင် အရပ်မျက်နှာပေါင်းစုံမှ စိတ်စွမ်းအင်လှိုင်းလုံးများ ဆူနာမီ လှိုင်းလုံးကြီးများသဖွယ် တိုးဝင်လာကြသည်။

တစ်ခုတည်းသော ကွာဟချက်မှာ ဤတစ်ကြိမ် စုစည်းလာသော စိတ်စွမ်းအင် ပမာဏက လောထျန်း ကျင့်ကြံခြင်းအဆင့်တက်ရန်အတွက် မလုံလောက်ခြင်းပင်။

သို့သော် စိတ်စွမ်းအင် လှိုင်းများအား နှစ်ကြိမ် စုစည်းပြီး နောက်တွင်မူ လောထျန်းတစ်ယောက် ကျင့်ကြံခြင်း အဆင့်ငယ် နောက်တစ်ခု တိုးသွားခဲ့ပါ၏။

" ဟင်.. ကျင့်ကြံခြင်း အဆင့်တက်တဲ့ နှုန်းက ဘာလို့ နှေးနေတာလဲ "

လောထျန်းက ထိုကိစ္စကို ကျေနပ်ဟန် မတူပါ။

" ဘယ်တတ်နိုင်မလဲလေ ၊ ဖြည်းဖြည်းချင်းပဲ သွားရုံပေါ့။ ဖြည်းဖြည်းနဲ့ ပုံမှန်လေး သွားမှလဲ အခြေခံ အုတ်မြစ်က ကောင်းမှာ "

လောထျန်းက ထိုသို့ ပြောကာ အသက်ရှုကျင့်စဥ်အား ဆက်လေ့ကျင့်လိုက်သည်။

သူနှင့် အစီအမံထဲမှ သူများမှာ ဝေးနေသဖြင့် သူ ပြောသည့်စကားကို မည်သူမှ မကြားလိုက်ခြင်းက ကံကောင်းသည်ဟု ဆိုရမလိုပါပင် ။

သို့မဟုတ်ပါက.. လူမည်မျှ ဒေါသူပုန်ထပြိး သူ့အား သူသေကိုယ်သေ တိုက်ခိုက်လာကြမည် မသိချေ။

တတိယအကြိမ်တွင်မူ ကျင့်ကြံခြင်း အဆင့်တက်ရန် လောထျန်း အသက်လေးကြိမ် ရှူလိုက်ရပါ၏။

စတုတ္ထအကြိမ်တွင်မူ.. ခုနစ်ကြိမ်..

ပဥ္စမအကြိမ်တွင်မူ... ဆယ့်နှစ်ကြိမ် ...

သူ ကျင့်ကြံခြင်းအဆင့် တက်လာသည်နှင့်အမျှ စိတ်စွမ်းအင်လည်း ပိုပို၍ လိုအပ်လာသဖြင့် စိတ်စွမ်းအင်များ စုပ်ယူခြင်းက အစပိုင်းကဲ့သို့ မလွယ်တော့သလို လောထျန်း ခံစားလိုက်ရသည်။

" ဒီတိုင်း အလုပ်မဖြစ်ဘူး ဆိုရင်တော့ အရှုပ်အထွေး ခန္ဓာကိုယ်ကို အရင် အသက်သွင်းပြီးမှ ကောင်းကင်ဘုံ အသက်ရှူကျင့်စဥ်ကို လေ့ကျင့်တာ ကောင်းမလား "

လောထျန်း ထိုသို့တွေးကာ အရှုပ်အထွေး ခန္ဓာကိုယ်အား ချက်ချင်း အသက်သွင်းလိုက်သည်။

ဝုန်း..

သူ ထင်ထားသလိုပင်.. ဤတစ်ကြိမ်၌ များစွာ ပိုသက်တောင့်သက်သာ ရှိသွားပါ၏။

သူ စုပ်ယူနိုင်သည့် စိတ်စွမ်းအင် ပမာဏလည်း ပိုတိုးလာကာ အသက်ကိုးကြိမ် ရှူရုံဖြင့် ကျင့်ကြံခြင်းအဆင့် တက်သွားခဲ့တော့သည်။

သို့သော်.. နောက်ပိုင်းတွင်မူ သူ ဖိအားများကို ဆက်ခံစားလိုက်ရပြန်ပါ၏။

" အဲ့လောက်နဲ့လဲ မလုံလောက်သေးဘူးပဲ။ ဒါဆို ငါ့ရဲ့ ထူးခြားတဲ့ စိတ်စွမ်းအင်ပင်လယ်ကို အသက်သွင်းလိုက်မယ်ကွာ။ ဒါပေမယ့် စိတ်ဝိဥာဥ်မသေမျိုး အစီအမံကို မဖျက်ဆီးမိအောင်တော့ သတိထားမှ ရမယ် "

လောထျန်း ထိုသို့ ဆုံးဖြတ်ချက်ချကာ ထူးခြားသော စိတ်စွမ်းအင်ပင်လယ်အား အသက်သွင်းလိုက်သည်။

ချက်ချင်းမှာပင်... ကောင်းကင်ယံတစ်ခွင်လုံး ကြယ်များဖြင့် ပြည့်သွားပြီး သူ့အား လှည့်ပတ်လာကြသည်။

လောထျန်းသည် စိတ်ဝိဥာဥ် မသေမျိုး အစီအမံအား

မဖျက်ဆီးမိအောင် သတိထားနေရင်း ကောင်းကင်ဘုံ အသက်ရှူကျင့်စဥ်ကိုလည်း လေ့ကျင့်လိုက်ပါ၏။

ဤတစ်ကြိမ်၌ အရာအားလုံး အမှန်တကယ်ပင်.. ထူးခြားဆန်းကျယ်လွန်းနေတော့သည်။

ဝုန်း..

လောထျန်းက ကောင်းကင်ဘုံ အသက်ရှူကျင့်စဥ်အား စလေ့ကျင့်လိုက်သည်နှင့် ယခင်ကထက် များစွာ ပိုအားကောင်းပြီး ပိုကြောက်စရာကောင်းသည့် စိတ်စွမ်းအင်များ စုစည်းလာကြသည်။

အစီအမံထဲ ရှိနေသူများမှာလည်း ၎င်းကို ကြည့်ကာ ကြောက်ရွံ့တုန်လှုပ်သွားကြပြန်၏။

" ဟိုကို ကြည့်လိုက်ဦးဟေ့.. ကောင်းကင်နဲ့ မြေကြီးကြားမှာ ရှိတဲ့ စိတ်စွမ်းအင်ပမာဏက မလုံလောက်တော့တဲ့ ပုံ ဖြစ်နေတယ် "

" မဖြစ်နိုင်တာ.... လောထျန်းက ဒီ ကမ္ဘာငယ်ထဲမှာ

ရှိတဲ့ စိတ်စွမ်းအင်တွေ အကုန်လုံးကို စုပ်ယူလိုက်တာလား "

" စိတ်စွမ်းအင်တွေ ဟုတ်လား.. ဟိုနားလေးက တောင်ကိုလဲ ကြည့်လိုက်ပါဦးကွာ "

တစ်ယောက်က ပြောလိုက်သည်။

အားလုံးက ထိုလူ ပြသည့်ဘက် လှည့်ကြည့်လိုက်ကြရာ.. သူတို့ မြင်ကွင်းတလျှောက်ရှိ ခပ်လှမ်းလှမ်း တောင်တန်းများပေါ်မှ သစ်ပင်ပန်းမန်များက အလွန်လျင်မြန်လှသော အရှိန်ဖြင့် ညိုးနွမ်းနေကြသည်ကို မြင်လိုက်ရသည်။

၎င်းမှာထို တောင်တန်းတလျှောက်ရှိ စိတ်စွမ်းအင်များ ကုန်ဆုံးနေပြီဆိုသည့် အဓိပ္ပါယ်ပင် ။

" ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်ကို ကြည့်လိုက်ဦး "

တစ်ယောက်က တအံ့တသြ အော်ပြောလာပြန်၏ ။

အားလုံး ထပ်လှည့်ကြည့်လိုက်သည့် အချိန်တွင်မူ သူတို့ တည်နေရာရွှေ့ပြောင်းပြီး ရောက်လာခဲ့သော

ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်အတွင်း ရှိသည့် အဖိုးတန် ရတနာများနှင့် မှော်လက်နက်များက စိတ်စွမ်းအင်များ လျင်မြန်စွာ ဆုံးရှုံးနေကြသည်ကို တွေ့လိုက်ရပြန်သည်။

ထိုပစ္စည်းများ မှေးမှိန်ပြီး လွင့်ပါးပျောက်ကွယ်နေကြသည့် နှုန်းမှာ မြန်လွန်းလှသဖြင့် သာမာန်မျက်စိဖြင့်ပင် မြင်နေရပါ၏။

အဆင့် ၉ မှော်လက်နက်များ ဖြစ်သည့် တံခါးပေါက်များသည်ပင် မကျန်ရပါ...

" ဒါ.. ဘယ်လိုပညာရပ်မျိုးလဲကွာ "

" ဒီလိုမျိုးကို ငါ အရင်က တစ်ခါမှ မတွေ့ဖူးဘူးကွ။ လောထျန်းက အရာဝတ္ထုတွေရဲ့ စိတ်စွမ်းအင်ကိုပါ စုပ်ယူနိုင်နေတာလား "

" ဒါဆို.. သူ့မျက်လုံးထဲမှာ အားလုံးက စိတ်စွမ်းအင်ကျောက်တုံးတွေ ဖြစ်နေတာပေါ့.. ဟုတ်လား "

အားလုံးမှာ သူတို့ရှေ့မှ မြင်ကွင်းကို နားမလည်နိုင်ကြ

တော့ပါ...

သို့သော် ထိုစဥ်မှာပင် သူတို့ကို ပိုပြီး အံ့သြတုန်လှုပ်သွားစေသည့် အရာတစ်ခု ထပ်ဖြစ်လာပြန်၏။

ဘုန်း..

အဘယ့်ကြောင့် ဆိုသော် သူတို့နှင့် ခပ်လှမ်းလှမ်းရှိ မြေပြင်က ရုတ်တရက် စတင်ပြိုကျလာသောကြောင့်ပင် ။

" ဟင်.. ဘာတွေ ဖြစ်နေတာလဲ "

တစ်ယောက်က အံ့သြတကြီး မေးလိုက်သည်။

" အဲ့ဒါ သခင်လေး လောထျန်းကြောင့်ကွ။ သူက ဒီကမ္ဘာမှာ ရှိတဲ့ စိတ်စွမ်းအင်တွေ အားလုံးကို စုပ်ယူလိုက်လို့ ဖြစ်တာ။ စိတ်စွမ်းအင်တွေ မရှိတော့ ကမ္ဘာကြီးကလဲ အရင်လို တည်ငြိမ်အောင် ဆက်မထိန်းထားနိုင်တော့ဘူးပေါ့ကွာ "

" မြေကြီးတင်မကဘူး ၊ ကောင်းကင်ကိုလဲ ကြည့်လိုက်ဦး "

အော်သံတစ်သံ ပေါ်လာသည့်အတွက် အားလုံး ခေါင်းမော့ကြည့်လိုက်ကြပြန်ရာ ကောင်းကင်ယံ၌ အက်ကွဲရာများ ပေါ်လာသည်ကို မြင်လိုက်ကြရသည်။

ချက်ချင်းမှာပင် အရှုပ်အထွေး စွမ်းအင်များလည်း စီးဆင်းလာကြပြီး ကမ္ဘာကြီး တစ်ခုလုံး ပြိုကွဲသွားတော့မလို ဖြစ်သွားပါ၏။

ကမ္ဘာငယ်၏ စည်းမျဥ်းများက ထိုအပျက်အစီးများအား ပြုပြင်ရန် အသည်းအသန် ကြိုးစားနေသည့်တိုင် အလုပ်မဖြစ်တော့ပါချေ။

ထိုစဥ်မှာပင် .

ဝုန်း..

အက်ရာကြီးတစ်ခု ပွင့်သွားပြီး တောက်ပသော အလင်းတန်းတစ်ခု လင်းလက်လာ၏။

တစ်ယောက်က အံ့သြတကြီး အော်လိုက်သည်။

" ဟေ့... ဟို အက်ရာကြီးရဲ့ နောက်ကို ကြည့်လိုက်

ဦး ။ ကြည့်ရတာ ထျန်းယွမ်ကမ္ဘာနဲ့ တူတယ် "

" ဘယ်လို.. ထျန်းယွမ်ကမ္ဘာ ဟုတ်လား.. ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

အားလုံး တုန်လှုပ်ခြင်းကြီးစွာ ဖြစ်သွားရပြန်တော့သည်။

ဟဲ့လောင်သည်ပင် အံ့သြတုန်လှုပ်လွန်းနေ၍ သူ့ မုတ်ဆိတ်မွေး တစ်ဝက်ခန့်ကို ဆွဲနှုတ်မိသွားကာ ကောင်းကင်ယံသို့ ခေါင်းမော့ကြည့်၍ အသံတုန်တုန်ဖြင့် ပြောလိုက်သည်။

" ငါ သဘောပေါက်ပြီ... "

" ဟင်.. သခင်ကြီးဟဲ့ ၊ ဘာတွေ သဘောပေါက်သွားတာလဲဗျ "

လူတစ်ယောက်က လှမ်းမေးလာ၏။

ဟဲ့လောင်က ချက်ချင်း ပြန်ပြောပြလိုက်သည်။

" သခင်လေး လောထျန်းက ဒီမှာရှိတဲ့ စိတ်စွမ်းအင်တွေ အကုန်လုံးကို စုပ်ယူလိုက်လို့ ဒီ ကမ္ဘာငယ်က ဆက်တောင့်မခံနိုင်တော့ဘဲ ပြိုကွဲသွားရတာပဲကွ "

သူ့စကားကြောင့် အားလုံး ကြက်သေ သေသွားကြ၏။

" ဒါဆို ... သခင်လေး လောထျန်းက ကျင့်ကြံရင်းနဲ့ စိတ်စွမ်းအင်တွေ အားလုံးကို စုပ်ယူပြီးတော့ ကမ္ဘာငယ်ကို ဖျက်ဆီးလိုက်တာ ဆိုတဲ့ သဘောပေါ့ "

ဟဲ့လောင် ခေါင်းညိတ်ပြလိုက်သည်။

" အမှန်ပဲ "

အားလုံး၏ မျက်နှာထားများ ပြောင်းသွားကြတော့သည်။

" ဒါကြီးက ရယ်စရာ မကောင်းလွန်းဘူးလားဗျာ။ ကျင့်ကြံရုံနဲ့ ကမ္ဘာငယ်ကို ပျက်စီးအောင် လုပ်နိုင်တာ ဟုတ်ပါ့မလား။ သာမာန် လျှို့ဝှက်ဒေသ ကမ္ဘာငယ်တွေကိုတောင် အဲ့လို လုပ်ဖို့ မဖြစ်နိုင်ဘူးလေ "

အချို့မှာ မယုံနိုင်ကြသေးပါချေ။

အဘိုးကြီး ဟဲ့လောင်က ခေတ္တမျှ စဥ်းစားနေပြီးနောက် ပန်းလင်တို့ လူစုဘက် လှည့်ကြည့်၍

မေး၏။

" ခင်ဗျားတို့ အားလုံးက သခင်လေး လောထျန်းရဲ့ မိတ်ဆွေတွေဆိုတော့ ခင်ဗျားတို့ ဘယ်လိုထင်လဲဗျ "

ဟွမ်ယင်က အရင်ဆုံး ပြန်ဖြေလိုက်သည်။

" သူ အရင်တစ်ခါ ကျင့်ကြံခြင်း အဆင့်တက်တုန်းကတော့ ကျွန်မတို့ဂိုဏ်းရဲ့ လျှို့ဝှက်ဒေသ ကမ္ဘာငယ်ကို ဖျက်ဆီးခဲ့ဖူးတယ် "

ပန်းလင်ကလည်း ခေါင်းညိတ်၍ ဝင်ပြော၏။

" အမှန်ပဲ ။ သူ ကျင့်ကြံတဲ့ တလျှောက်မှာ တခြား လျှို့ဝှက်ဒေသ ကမ္ဘာငယ်တွေ အများကြီးကိုလဲ ဖျက်ဆီးခဲ့ဖူးတယ်။ ဒါပေမယ့် ဒီလောက်ကြီးတဲ့ ကမ္ဘာငယ်ကို ဖျက်ဆီးတာတော့ ဒီတစ်ခါ ပထမဆုံးပဲ "

သူတို့စကားကို ကြားပြီးနောက်တွင်ကား အားလုံးမှာ သရဲတစ်ကောင်ကို မြင်လိုက်ရသည့် မျက်နှာထားများ ဖြစ်သွားတော့သည်။

လောထျန်းက ထိုသို့သော လုပ်ရပ်မျိုးကို လုပ်နေကျတဲ့လား...

သို့သော်.. ထိုသို့သော ကျင့်ကြံနည်းမျိုးမှာ အလွန်ရှားလှပါသည်။

ထိုအချိန်မှာပင်..

ဝုန်း...

လေထဲ၌ နောက်ဆုံးနှင့် အစွမ်းအထက်ဆုံး စိတ်စွမ်းအင် စုစည်းမှု ပြီးသွားခဲ့ပါ၏။

ထို့နောက်တွင်မူ စိတ်စွမ်းအင်များက ကျယ်လောင်သော အသံတစ်သံနှင့်အတူ လောထျန်းဆီသို့ တိုးဝင်သွားတော့သည်။

လောထျန်း မျက်လုံးမှိတ်ထားရင်း အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်သည်။

ဝီ..

ကမ္ဘာကြီးကိုပင် ဖျက်ဆီးပစ်ရန် လုံလောက်သည့် စိတ်စွမ်းအင်များ သူ့ဗိုက်ထဲသို့ ဝင်သွားပြန်၏။

ဝီ... ဝီ...

လောထျန်း ကိုယ်မှ စိတ်စွမ်းအင် အလင်းတန်းနှစ်ခု ဆက်တိုက် တိုးထွက်လာသည်။

တစ်ချိန်တည်းမှာပင်...

ဘုန်း..

ကမ္ဘာငယ်သည်လည်း လုံးဝ ပြိုကွဲပျက်စီးသွားတော့၏။

All Chapters