← Chapters

မိခင်ဂြိုလ်အကြောင်း

Vol. 115 Ch. 1752

မိခင်ဂြိုလ်အကြောင်း

Vol. 115 Ch. 1752

အချိန်လေဟာနယ်အက်ကွဲကြောင်းအတွင်းမှ အနက်ရောင်ရေခဲမြစ်၏ အပေါ်တွင် နတ်သမီးထံမှ အာမေဋိတ်သံကို ကြားပြီးနောက် ရွှီချင်း၏ မျက်နှာအမူအရာက မည်းမှောင်သွားသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး လေထဲမှာ ဖမ်းဆုပ်သော လက်ဟန်ကို ပြုလုပ်လိုက်သည်။

ချက်ချင်းဆိုသလို နတ်သမီး၏ ပုံရိပ်က လေထဲမှာ ထွက်ပေါ်လာသည်။ ရွှီချင်းက နတ်သမီး၏ လည်ပင်းကို ဖမ်းဆုပ်လိုက်ပြီး သူ့အရှေ့မှာ ကိုင်မြှောက်လိုက်သည်။ သူက ဖျစ်ညှစ်မှုကို အနည်းငယ် အားလျော့လိုက်ပြီး နတ်သမီးကို ပုံမှန်အတိုင်း စကားပြောနိုင်စေရန် ခွင့်ပြုလိုက်သည်။

ထို့နောက် သူက တည်ငြိမ်စွာ ပြောသည်။

“ မင်းသိထားတာအားလုံး ငါ့ကို ပြောပြစမ်း ”

ရွှီချင်း၏ အေးစက်စက်အကြည့်ဖြင့် ရင်ဆိုင်ရသောအခါ အဖမ်းခံခဲ့ရသည့်အချိန်မှစ၍ ၎င်းတွေ့ကြုံခဲ့ရသော အတွေ့အကြုံဆိုးများကို နတ်သမီးက ပြန်အမှတ်ရသွားသည်။ ထို့အတူ ရွှံ့မြေခွေး၏ နည်းလမ်းများကလည်း ၎င်း၏ စိတ်ပိုင်းဆိုင်ရာခုခံမှုကို အစောကြီးကတည်းက ချိုးဖြတ်ပစ်ခဲ့သည်။

ထို့ပြင် ယင်းကို ဖုံးကွယ်ထားခြင်းက ၎င်းအတွက် မည်သည့်အကျိုးမှမရှိကြောင်း နတ်သမီး သိသည်။ သို့ဖြစ်၍ ၎င်းက တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် တိုးညင်းစွာ ပြောသည်။

“ ဒီနေရာက အရာအားလုံးက ငါသိထားတဲ့ အမှတ်လေးကြယ်တာရာစက်ဝန်းရဲ့ ရှေးခေတ်မိခင်ဂြိုလ်နဲ့ ကိုက်ညီတယ် ”

“ ဆက်ပြော ”

ရွှီချင်းက မထူးမခြားနား ပြောသည်။

နတ်သမီး၏ သိမ်မွေ့နူးညံ့သော အသံက ပဲ့တင်ထပ်လာသည်။

“ ဒီနေရာကို ရှေးခေတ်မိခင်ဂြိုလ်လို့ ခေါ်ရတာက ဒီနေရာက အမှတ်လေးကြယ်တာရာစက်ဝန်းရဲ့ ပထမဆုံးနတ်ဘုရား မွေးဖွားလာခဲ့တဲ့ နေရာဖြစ်လို့ပဲ ”

“ ဒဏ္ဍာရီအရ အဲ့ဒီရှေးဟောင်းနတ်ဘုရားမတိုင်ခင် အမှတ်လေးကြယ်တာရာစက်ဝန်းထဲမှာ နတ်ဘုရားတွေ မတည်ရှိခဲ့ဘူး… အဲ့ဒီရှေးဟောင်းနတ်ဘုရား မွေးဖွားလာလို့ပဲ ဒီနေရာမှာ နောက်ထပ်နတ်ဘုရားတွေ ထွက်ပေါ်လာခဲ့ကြတယ် ”

အနက်ရောင်အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။

ထိုအကြည့်အောက်မှာ နတ်သမီးက တုန်ယင်သွားသည်။ ၎င်းက တစ်ခဏကြာ တုံ့ဆိုင်းပြီးနောက် ဆက်လက် ပြောသည်။

“ အဲ့ဒါက ရှေးခေတ်ဒဏ္ဍာရီဖြစ်လို့ လက်ရှိခေတ်နဲ့ အရမ်းဝေးကွာတယ်… ငါတောင်မှ အဲ့ဒါကို ခမည်းတော်ဆီကနေ တစ်စိတ်တစ်ပိုင်းပဲ ကြားဖူးတယ်… အမှတ်လေးကြယ်တာရာစက်ဝန်းထဲက နတ်ဘုရားတွေထဲမှာတောင် အဲ့ဒီအကြောင်း သိတဲ့လူက အနည်းစုပဲ ရှိတယ် ”

“ အဲ့ဒါက နတ်ဘုရားတွေရဲ့ ဇစ်မြစ်နဲ့ သက်ဆိုင်နေတယ်… သီအိုရီအရဆိုရင် ရှေးခေတ်မိခင်ဂြိုလ်က အမှတ်လေးကြယ်တာရာစက်ဝန်းထဲက နတ်ဘုရားတွေအားလုံးရဲ့ ဇစ်မြစ်ဖြစ်တယ် ”

နတ်သမီးက အလျင်အမြန် ရှင်းပြသည်။

“ မင်းသေချာသိတဲ့အရာကို ငါ့ကို ပြောပြစမ်း ”

ရွှီချင်းက အေးစက်စက်လေသံဖြင့် ပြောသည်။

နတ်သမီးက အမြန်ခေါင်းညိတ်လိုက်သည်။

“ ငါသေချာသိတဲ့အရာ တစ်ခုရှိတယ်… နတ်ဘုရားတွေ သေဆုံးတော့မယ်ဆိုရင် ဒါမှမဟုတ် သေဆုံးခါနီးအချိန်ဆိုရင် သူတို့က မိခင်ဂြိုလ်ရဲ့ ခေါ်သံကို အာရုံခံမိကြလိမ့်မယ်… အဲ့ဒီနောက် သူတို့က သစ်ရွက်တွေ သူတို့ရဲ့ အမြစ်ဆီ ပြန်ရောက်သွားသလိုမျိုး တမူထူးခြားတဲ့ ဂြိုလ်လမ်းကြောင်းနဲ့အတူ အာကာသဟင်းလင်းပြင်ထဲမှာ လွင့်မျောသွားကြပြီး မိခင်ဂြိုလ်ဆီ ရောက်သွားကြလိမ့်မယ် ”

“ ဒါပေမဲ့ အဲ့ဒီပြန်ရောက်တဲ့ လုပ်ငန်းစဉ်ကို ခြေရာမခံနိုင်သလို မသိနိုင်ဘူး… ဒါကြောင့် နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာသွားပေမဲ့ မိခင်ဂြိုလ်ရဲ့ တည်နေရာကို နတ်ဘုရားအနည်းစုပဲ သိထားကြတယ် ”

“ သေခြင်းတရားကပဲ သူတို့ကို ဒီကို ခေါ်ဆောင်လာလိမ့်မယ် ”

ရွှီချင်းက ရုတ်တရက် ကြားဖြတ်ပြောသည်။

“ နတ်ဘုရားတွေက သေနိုင်တာလား ”

နတ်သမီးက တုံ့ဆိုင်းသွားသည်။ သို့သော်လည်း အဆုံးမှာ ၎င်းက နတ်ဘုရားများ၏ လျှို့ဝှက်ချက်တချို့ကို ထုတ်ဖော်လိုက်သည်။

“ အစစ်အမှန်နတ်ဘုရားအဆင့်အောက်က နတ်ဘုရားတွေက မသေမျိုးစွမ်းရည်ကို မပိုင်ဆိုင်ကြဘူး… အစစ်အမှန်နတ်ဘုရားတစ်ပါးဖြစ်လာပြီး အစစ်အမှန်နာမည်ကို ပိုင်ဆိုင်နိုင်မှပဲ မသေမျိုးစွမ်းရည်ကို ရရှိကြလိမ့်မယ် ”

“ ဒါပေမဲ့ အဲ့ဒီမသေမျိုးစွမ်းရည်က အစစ်အမှန်နာမည်ပေါ်မှာပဲ သက်ရောက်မှုရှိတယ်… နတ်ဘုရားခန္ဓာကိုယ်ပေါ်မှာ သက်ရောက်မှုမရှိဘူး… ဒါကြောင့် အစစ်အမှန်နတ်ဘုရားပဲဖြစ်ဖြစ် တခြားနတ်ဘုရားတွေပဲဖြစ်ဖြစ် အချိန်ကာလရဲ့ တိုက်စားမှုအောက်မှာ သူတို့ရဲ့ နတ်ဘုရားခန္ဓာကိုယ်က ယိုယွင်းပျက်စီးလာလိမ့်မယ်… ”

“ နောက်ပိုင်းကျရင် သူတို့က ညှိုးနွမ်းခြောက်သွေ့သွားလိမ့်မယ်… ”

“ မိခင်ဂြိုလ်ဆီ ပြန်ရောက်လာတဲ့အခါကျရင် အစစ်အမှန်နာမည်မရှိတဲ့ နတ်ဘုရားတွေက အာဟာရဓာတ်ဖြစ်လာလိမ့်မယ်… အစစ်အမှန်နာမည်ရှိတဲ့ နတ်ဘုရားတွေကျတော့… မိခင်ဂြိုလ်က သူတို့အတွက် မိခင်ဝမ်းဗိုက်ဖြစ်လာပြီး နတ်ဘုရားခန္ဓာကိုယ်အသစ်ကို ပျိုးထောင်ပေးလိမ့်မယ် ”

“ ဒါကြောင့် အစစ်အမှန်နာမည်က ဆင့်ခေါ်ခံရတဲ့အခါ နတ်ဘုရားတွေ ပြန်မွေးဖွားလာလိမ့်မယ် ”

“ အဲ့ဒီလုပ်ငန်းစဉ်က နှေးကွေးပြီး အစစ်အမှန်နတ်ဘုရားတွေရဲ့ ပြန်လည်ရှင်သန်ခြင်းရဲ့ စည်းမျဉ်းတစ်ခုပဲ ဖြစ်တယ် ”

ယင်းကို ကြားသောအခါ ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။

“ မင်းပြောတာက ငါသိထားတဲ့ ပြန်လည်ရှင်သန်ခြင်းနဲ့ ကွဲပြားနေတယ် ”

နတ်သမီးက အမြန်ရှင်းပြသည်။

“ ဘာလို့လဲဆိုတော့ ဒီဟာအပြင် နတ်ဘုရားတွေရဲ့ ပြန်လည်ရှင်သန်ခြင်းမှာ နောက်ထပ် နည်းလမ်းနှစ်ခု ရှိနေသေးလို့ပဲ… ပထမနည်းလမ်းတစ်ခုက သေဆုံးသွားတဲ့ သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ပြန်လည်ရှင်သန်တာပဲ… အခြားနည်းလမ်းတစ်ခုက နတ်ဘုရားအရှင်သခင်တစ်ပါးရဲ့ ဆင့်ခေါ်မှုကနေ ပြန်လည်ရှင်သန်တာ ဖြစ်တယ်… ဒါပေမဲ့ အဲ့ဒီနည်းလမ်းနှစ်ခုစလုံးက နတ်ဘုရားခန္ဓာကိုယ် ယိုယွင်းပျက်စီးသွားခြင်းကြောင့်မဟုတ်ဘဲ တခြားအကြောင်းအရင်းတွေကြောင့် သေဆုံးသွားကြတဲ့ နတ်ဘုရားတွေအပေါ်မှာပဲ သက်ရောက်မှုရှိတယ်… ဥပမာပြောရရင် တိုက်ပွဲမှာ သေဆုံးသွားကြတဲ့ နတ်ဘုရားတွေက စောစောက ငါပြောသွားခဲ့တဲ့ နည်းလမ်းနှစ်ခုနဲ့ ပြန်လည်ရှင်သန်နိုင်ကြတယ် ”

“ နတ်ဘုရားခန္ဓာကိုယ် ယိုယွင်းပျက်စီးသွားခြင်းကြောင့် သေဆုံးသွားကြတဲ့ နတ်ဘုရားတွေကပဲ မိခင်ဂြိုလ်ရဲ့ ဆင့်ခေါ်တာ ခံရလိမ့်မယ် ”

နတ်သမီးက သိမ်မွေ့နူးညံ့စွာ ပြောသည်။

ရွှီချင်းက နက်နဲစွာ တွေးတောလိုက်သည်။ သူက နတ်သမီးထံမှ ထိုသို့အကြောင်းအရာကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ အတိတ်မှာ သူကြုံတွေ့ခဲ့ဖူးသော အစစ်အမှန်နတ်ဘုရားများ၏ ပြန်လည်ရှင်သန်မှုအားလုံးသည် အမှန်တကယ်ပင် တိုက်ပွဲမှာ သေဆုံးသွားခဲ့ကြသော နတ်ဘုရားများသာ ဖြစ်ကြသည်။

သို့သော်လည်း သူက နတ်သမီး၏ စကားကို အပြည့်အဝ မယုံကြည်ပေ။ ထို့ကြောင့် သူက ရွှံ့မြေခွေးနှင့် တိတ်တဆိတ် ဆက်သွယ်လိုက်သည်။

သို့သော်လည်း ရွှံ့မြေခွေးက မွေးရာပါနတ်ဘုရားတစ်ပါးမဟုတ်သကဲ့သို့ သူ၏ နတ်ဘုရားအခြေခံကလည်း အစစ်အမှန်နတ်ဘုရားအဆင့်သို့ မရောက်ရှိသေးပေ။ ထို့ပြင် သူက နတ်သမီးကဲ့သို့ တော်ဝင်သရုပ်အဆင့်အတန်းကို မပိုင်ဆိုင်ထားပေ။ ထို့ကြောင့် ဤကိစ္စနှင့်ပတ်သက်ပြီး ရွှံ့မြေခွေးက ဘာမှမသိပေ။

တစ်ခဏကြာ တွေးတောပြီးနောက် ရွှီချင်းက သူ၏ ဘယ်လက်ကို မြှောက်လိုက်ပြီး သူ့အောက်မှ ရေခဲမြစ်ဆီသို့ လက်ညှိုးညွှန်လိုက်သည်။

“ အဲ့ဒီရေခဲမြစ်အောက်က ဆန်းကြယ်သက်ရှိတွေက ဘာတွေလဲ ”

“ သူတို့က မူလအပြစ်သားတွေ… ”

နတ်သမီးက ချက်ချင်း ပြန်ဖြေသည်။

“ မူလအပြစ်သားတွေက မိခင်ဂြိုလ်ရဲ့ ထူးခြားတဲ့ သက်ရှိတွေ ဖြစ်ကြတယ်… သူတို့က နတ်ဘုရားအလောင်းတွေကို စားသုံးကြပြီး မိခင်ဂြိုလ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ကြတယ်… သူတို့က ဒီနေရာမှာပဲ မွေးဖွားကြပြီး ဒီနေရာမှာပဲ သေဆုံးကြတယ်… နောက်ပိုင်းကျရင် သူတို့က နတ်ဘုရားခန္ဓာကိုယ်အသစ်တွေကို ဖွဲ့စည်းသွားကြလိမ့်မယ် ”

ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်ပြီး တစ်ခဏကြာ တွေးတောလိုက်သည်။ ထို့နောက် သူက တိုးညင်းစွာ မေးသည်။

“ မူလအပြစ်သားတွေက မိခင်ဂြိုလ်ကနေ ထွက်ခွာနိုင်ကြလား ”

နတ်သမီးက ခေါင်းခါလိုက်သည်။

“ မိခင်ဂြိုလ်အကြောင်း ငါသိထားတဲ့အထဲမှာတော့ မူလအပြစ်သားတွေက မိခင်ဂြိုလ်ကနေ မထွက်ခွာနိုင်ကြဘူး… ပြီးတော့ မိခင်ဂြိုလ်ရဲ့ အပြင်ဘက်မှာ မူလအပြစ်သားတစ်ကောင်ကို တစ်ခါမှ ငါမမြင်ဖူးဘူး ”

ရွှီချင်းက တစ်ခဏကြာ နှုတ်ဆိတ်သွားပြီးနောက် ရုတ်တရက် မေးသည်။

“ ရှေးခေတ်မိခင်ဂြိုလ်က အမှတ်လေးကြယ်တာရာစက်ဝန်းရဲ့ တမူထူးခြားချက်လား… ဒါမှမဟုတ် အဆင့်မြင့်ကြယ်တာရာစက်ဝန်း(၃၆)ခုစလုံးမှာ တည်ရှိတာလား ”

“ ကြယ်တာရာစက်ဝန်းတစ်ခုစီမှာ မိခင်ဂြိုလ်တစ်လုံး တည်ရှိတယ် ”

နတ်သမီးက သိမ်မွေ့နူးညံ့စွာ ပြောသည်။

၎င်းက မည်သည့်အရာကိုမှ မဖုံးကွယ်ထားခဲ့ပေ။ ဤသတင်းအချက်အလက်များက နတ်ဘုရားများ၏ လျှို့ဝှက်ချက်များဖြစ်ပြီး အစစ်အမှန်နတ်ဘုရားများနှင့် အထက်အဆင့် နတ်ဘုရားများသာ ယင်းကို သိရှိနိုင်ကြသည်။ ၎င်းက အတိတ်မှာ အစစ်အမှန်နတ်ဘုရားတစ်ပါးဖြစ်ခဲ့ပြီး နတ်ဧကရာဇ်တစ်ပါး၏ သမီးတော်ဖြစ်သောကြောင့် တခြားနတ်ဘုရားများထက် ပိုပြီးသိထားခြင်းမှာ မထူးဆန်းပေ။

“ ဒါဆိုရင် ဒီနေရာကနေ ငါတို့ ဘယ်လိုထွက်နိုင်မလဲ ”

ရွှီချင်းက နတ်သမီးကို စူးစိုက်ကြည့်လိုက်လေရာ သူ၏ မျက်လုံးထဲတွင် အေးတိအေးစက် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

နတ်သမီးက တုန်ယင်သွားပြီး အမြန်ခေါင်းခါလိုက်သည်။

“ ငါမသိဘူး… ဒီနေရာက သက်ရှိတွေအတွက် နေရာမဟုတ်ဘူးဆိုတာပဲ ငါသိတယ်… ”

အမှန်မှာ ဤနေရာသို့ ရွှီချင်း မည်သို့မည်ပုံ ရောက်လာခဲ့ကြောင်း ၎င်းက ဇဝေဇဝါဖြစ်နေဆဲပင်။

ရွှီချင်းက မျက်မှောင်ကြုတ်လိုက်ပြီး နတ်သမီး၏ လည်ပင်းကို ဖျစ်ညှစ်ရန် ပြင်လိုက်သည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ သူ၏ နှလုံးကို တုန်လှုပ်သွားစေမည့် တစ်စုံတစ်ခုက ဖြစ်ပေါ်လာသည်။

သူ့အရှေ့မှ နတ်သမီးသည် ဤနေရာမှာ အချိန်ကြာကြာရှိနေခြင်းကြောင့်လော မသေချာသော်လည်း စတင်အရွယ်အိုမင်းလာသည်။ ၎င်း၏ အရေပြားက စတင်ညှိုးခြောက်လာပြီး အပုပ်နံ့က ၎င်း၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာ ရွှံ့မြေခွေး၏ အာမေဋိတ်အသံက ရွှီချင်း၏ စိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။

“ သခင်လေး… ငါ့ခန္ဓာကိုယ်က အားနည်းသွားနေတယ်… ငါ့ရဲ့ နတ်ဘုရားအရင်းအမြစ်က အမြန်ကုန်ဆုံးနေတယ် ”

နတ်သမီးသည်လည်း အန္တရာယ်ကို ခံစားမိသွားပြီး ကြောက်လန့်မှုကြောင့် တုန်ယင်သွားသည်။

“ မိခင်ဂြိုလ်က ဒီနေရာကို ရောက်လာတဲ့ အသက်ဓာတ်အားလုံးကို စုပ်ယူလိမ့်မယ် ”

ရွှီချင်းက သူ့ကိုယ်သူ ချက်ချင်း စစ်ဆေးလိုက်သည်။ သို့သော်လည်း မည်သည့်မူမမှန်မှုမှ သူရှာမတွေ့ခဲ့ပေ။ သူက ကြောက်လန့်တုန်လှုပ်နေသော နတ်သမီးကို စိုက်ကြည့်လိုက်ပြီး နောက်တစ်ကြိမ် မေးသည်။

“ ထွက်လမ်းမရှိတာ မင်းသေချာလား ”

နတ်သမီးက ပိုပြီးတုန်ယင်လာပြီး ၎င်းသိထားသမျှ အရာအားလုံးကို ပြန်တွေးတောလိုက်သည်။ သို့သော်လည်း ၎င်းက နောက်ဆုံးမှာ မည်သည့်အဖြေကိုမှ ရှာမတွေ့ခဲ့ပေ။

ယင်းကို မြင်သောအခါ ရွှီချင်းက လက်ဝှေ့ယမ်းလိုက်ပြီး နတ်သမီးကို ပြန်သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက အဝေးသို့ လှမ်းကြည့်လိုက်ပြီး သူ့ကိုယ်ပိုင် နတ်ဘုရားအရင်းအမြစ်ကို လှုံ့ဆော်လိုက်ကာ အစောနက သူသိခဲ့သော သတင်းအချက်အလက်များကို ပြန်သုံးသပ်လိုက်သည်။

“ ရှေးခေတ်မိခင်ဂြိုလ် ”

“ ဒဏ္ဍာရီအရ ဒီနေရာက အမှတ်လေးကြယ်တာရာစက်ဝန်းထဲက ပထမဆုံးနတ်ဘုရား မွေးဖွားလာခဲ့တဲ့နေရာ ဖြစ်တယ် ”

“ နတ်ဘုရားခန္ဓာကိုယ် ယိုယွင်းဆွေးမြေ့သွားတဲ့ နတ်ဘုရားအားလုံးက ဒီနေရာကို ရောက်လာကြလိမ့်မယ်… ”

“ သက်ရှိတွေက ဒီကို မရောက်လာနိုင်ကြဘူး… ဒါဆိုရင် အင်မော်တယ်ဘုရင်က ဘယ်လိုရည်ရွယ်ချက်ကြောင့် ငါ့ကို ဒီကို စေလွှတ်လိုက်တာလဲ ”

“ ပြီးတော့… မူလအပြစ်သားတွေလို့ခေါ်တဲ့ အဲ့ဒီဆန်းကြယ်သက်ရှိတွေက စီနီယာအကိုကြီးရဲ့ ရင်ဘက်ထဲက အရာနဲ့ ဆင်တူတယ်… စီနီယာအကိုကြီးရဲ့ ရင်ဘက်ထဲက အရာက တကယ်ပဲ မူလအပြစ်သားတစ်ကောင်ဖြစ်နေမလား… ”

ရွှီချင်းက နှုတ်ဆိတ်သွားသည်။ စီနီယာအကိုကြီးဆီမှာ ကြီးမားသော လျှို့ဝှက်ချက်များရှိကြောင်း အစကတည်းက သူခန့်မှန်းထားခဲ့သည်။ သို့သော်လည်း ယခုထိတိုင် သူက ထိုလျှို့ဝှက်ချက်များ၏ ရေခဲအစွန်းဖျားကိုသာ သိထားသေးသည်။

သို့သော်လည်း ယခုအချိန်က ထိုကိစ္စများကို တွေးတောနေရမည့်အချိန် မဟုတ်ကြောင်း ရွှီချင်း သိသည်။ သို့ဖြစ်၍ သူက ကောင်းကင်ကို မော့ကြည့်လိုက်သည်။

“ အင်မော်တယ်ဘုရင်က ဘာအကြောင်းကြောင့် ငါ့ကို ဒီစေလွှတ်လိုက်ပါစေ ဒီကနေ ထွက်သွားဖို့က ငါ့အတွက် အဓိကဦးစားပေးပဲ ”

“ ဘုရားကျောင်းထဲက ကြေးနီရောင်တံခါးကို ငါကြိုးစားကြည့်ပြီးပြီ… အဲ့ဒါက ထွက်ပေါက်မဟုတ်ဘူး ”

“ ဖြစ်နိုင်တာက ထွက်ပေါက်က ကောင်းကင်အလွန်မှာများလား ”

ထိုသို့တွေးမိသောအခါ ရွှီချင်း၏ ခန္ဓာကိုယ်က ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။

သူ၏ အလျင်က အလွန်အံ့ဖွယ်ကောင်းလေရာ သူက ဟင်းလင်းပြင်ကို တိုက်ရိုက် ဆုတ်ဖြဲသွားပြီး ပိုပြီးမြင့်သော နေရာဆီသို့ ရောက်ရှိသွားသည်။

အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားသည်။

သို့သော်လည်း ဤနေရာမှ ကောင်းကင်က အဆုံးမဲ့ဟန် ရ၏။ ရွှီချင်းက မည်မျှအမြင့်သို့ ပျံသန်းသွားပါစေ သူက လေထဲမှာ ရှိနေဆဲပင်။ သူက ကောင်းကင်၏ အဆုံးသတ်ဆီသို့ မရောက်နိုင်ပေ။

မြေပြင်သည်တော့ အလွန်မြင့်မားသော နေရာသို့ ရွှီချင်း ရောက်ရှိသွားသည့်တိုင် သူမြင်နေသမျှအရာအားလုံးက အနက်ရောင်ရေခဲမြစ်သာ ဖြစ်သည်။ ဤသည်မှာ ရေခဲမြစ်က အကန့်အသတ်မဲ့စွာ ကျယ်ပြောသည့်အလားပင်။

ထိုမြင်ကွင်းက ရွှီချင်းကို နှလုံးတုန်ယင်သွားစေသည်။

“ ငါ့ရဲ့ လက်ရှိအမြန်နှုန်းအရ ပုံမှန်အခြေအနေမှာဆိုရင် အခုလောက်ဆို ငါက စကြာဝဠာတစ်ခုရဲ့ အပြင်ဘက်ကို ရောက်ရှိသွားလောက်ပြီ ”

“ ဒါပေမဲ့ ဒီနေရာမှာတော့ အခုထိ ငါက လေထဲမှာ ရှိနေတုန်းပဲ ”

ရွှီချင်းက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။ တစ်ချိန်တည်းမှာ ရွှံ့မြေခွေးနှင့် နတ်သမီး၏ အားနည်းမှုက ပိုပြီးမြန်ဆန်လာနေကြောင်း သူသတိထားမိသွားသည်။

သူက နတ်သမီးကို လျစ်လျူရှုထားသည်။ သို့သော်လည်း ရွှံ့မြေခွေးကိုတော့ ရွှီချင်းက သူ့ကိုယ်ပိုင် စွမ်းအင်အနှစ်သာရတချို့ကို လွှဲပြောင်းပေးလိုက်ပြီး သူ၏ အခြေအနေကို နှောင့်နှေးစေသည်။

တစ်ခဏကြာ တွေးတောပြီးနောက် သူက သုံးသပ်မှုတစ်ခုကို ပြုလုပ်လိုက်သည်။

“ အဲ့ဒါက အမြင့်နဲ့ မဆိုင်လောက်ဘူး… တစ်စုံတစ်ယောက်က ဒီနေရာမှာ ပိုပြီးကြာကြာနေလေ ပိုပြီးအားနည်းလာလေ ဖြစ်မယ် ”

ထိုသို့သုံးသပ်ပြီးနောက် ရွှီချင်းက သူ၏ အလျင်ကို ထပ်မံ တိုးမြှင့်လိုက်ပြီး အပေါ်သို့ ဆက်လက် ဆန်တတ်သွားသည်။

သို့သော်လည်း ဤတစ်ကြိမ်တွင် အချိန်သိပ်မကြာမီ ရွှီချင်း၏ ခန္ဓာကိုယ်က ရုတ်တရက် ရပ်တန့်သွားပြီး သူ၏ သူငယ်အိမ်များက ကျုံ့သွားကြသည်။

အရိုးခိုက်ခိုက်တုန်စေမည့် အအေးဓာတ်က သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ ထို့နောက် အန္တရာယ်သတိပေးမှုက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

ဤသည်မှာ သူ၏ ခန္ဓာကိုယ်ထဲမှ အသွေးအသားတစ်လက်မစီတိုင်းနှင့် သူ၏ အသိစိတ်ထဲမှ စိတ်အာရုံအမျှင်တန်းများက သူ့ကို အော်ဟစ်သတိပေးနေသည့်အလားပင်။

ထိုစိတ်ခံစားမှုက အဆုံးမဲ့ကောင်းကင်၏ အပေါ်မှ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။

ဤသည်မှာ အကယ်၍ သူသာ အပေါ်သို့ ဆက်ပြီး ပျံတတ်သွားမည်ဆိုလျှင် သူစိတ်ကူးမယဉ်နိုင်သော အန္တရာယ်က ကျဆင်းလာတော့မည့်အလားပင်။

“ နောက်ထပ် ငါမပျံနိုင်တော့ဘူးလား ”

ရွှီချင်းက မြန်ဆန်စွာ တွေးတောလိုက်သည်။ သူ၏ ခန္ဓာကိုယ်က ရုတ်တရက် အောက်သို့ ပြန်ဆင်းသွားသည်။ အမြင့်တစ်ခုထိ သူနိမ့်ဆင်းသွားပြီးမှသာလျှင် ထိုအန္တရာယ်သတိပေးမှုက ဖြည်းညင်းစွာ စတင်ပျောက်ကွယ်သွားသည်။

သို့သော်လည်း သူ၏ အသိစိတ်က ဝုန်းခနဲ မြည်ဟိန်းနေဆဲပင်။ အဘယ့်ကြောင့်ဆိုသော် နောက်ထပ် အန္တရာယ်သတိပေးမှုအသစ်က ထွက်ပေါ်လာသောကြောင့် ဖြစ်သည်။

ရွှံ့မြေခွေးနှင့် နတ်သမီးကဲ့သို့ပင် ယခု ရွှီချင်း၏ ကိုယ်ပိုင်မူလအနှစ်သာရက စတင်ကုန်ခမ်းသွားသည်။

ထိုရှာတွေ့မှုက ရွှီချင်း၏ မျက်နှာအမူအရာကို မည်းမှောင်သွားစေသည်။

မူလအနှစ်သာရ ကုန်ဆုံးသည့် အမြန်နှုန်းက နှေးကွေးပြီး အတိတ်မှာ သူက လျှို့ဝှက်နယ်မြေထဲမှ ဧရာမအနက်ရောင်အသားပိုထံမှ မူလအနှစ်သာရကို ပမာဏများပြားစွာ စုပ်ယူထားခဲ့လေရာ ယင်းက ရွှီချင်းအတွက် ပြဿနာတစ်ခု မဟုတ်ပေ။ သို့သော်လည်း ထိုသို့ဆုံးရှုံးနေခြင်းကို သူမတားဆီးနိုင်ပေ။ သူက မည်သည့်ချိပ်တံဆိပ်နည်းလမ်းကို အသုံးပြုပါစေ မူလအနှစ်သာရက ဆက်ပြီး ကုန်ခမ်းသွားနေဆဲပင်။

ရွှီချင်းသည်လည်း မူလအနှစ်သာရ ဆုံးရှုံးနေကြောင်း ရွှံ့မြေခွေး အာရုံခံမိသွားသောအခါ သူက ပိုပြီးစိုးရိမ်ကြောင့်လန့်လာသည်။

“ သခင်လေး… အနှစ်သာရ ဆုံးရှုံးမှုက အရမ်းမြန်ပါတယ်… ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင်… ”

“ ငါသိတယ် ”

ရွှီချင်းက ပြန်ပြောသည်။ သူ၏ ခန္ဓာကိုယ်က အောက်သို့ ထိုးဆင်းသွားသည်။ သူက ဟင်းလင်းပြင်ဖြိုခွဲပစ်နိုင်သော အလျင်နှင့်အတူ အသံပေါက်ကွဲမှုများ ပဲ့တင်ထပ်နေသော ရေခဲမြစ်ဆီသို့ တစ်ဟုန်ထိုး ဆင်းသက်သွားသည်။

သူ၏ ဦးတည်ရာက အစောနက ကောင်းကင်ပေါ်မှ ပြုတ်ကျလာခဲ့သော အစစ်အမှန်နတ်ဘုရားအလောင်း ဖြစ်သည်။

မကြာမီ ရေခဲမြစ်ထဲသို့ တစ်ဝက်နစ်မြုပ်နေသော ဧရာမနတ်ဘုရားအလောင်းတစ်လောင်းက သူ၏ မြင်ကွင်းထဲမှာ ထွက်ပေါ်လာသည်။

နတ်ဘုရားအလောင်း၏ ခန္ဓာကိုယ်တစ်ဝက်က ရေခဲမြစ်ပေါ်မှာ ထွက်ပေါ်နေစဉ် အခြားခန္ဓာကိုယ်တစ်ဝက်က ရေခဲမြစ်အောက်သို့ ဖြည်းဖြည်းချင်း နစ်မြုပ်သွားနေသည်။

ထိုသို့နစ်မြုပ်ခြင်းက ရေခဲပြင်ကို မအက်ကွဲသွားစေပေ။ ယင်းအစား နတ်ဘုရားအလောင်းက ရေခဲမြစ်နှင့် အံ့ဖွယ်ကောင်းစွာ ပေါင်းစပ်သွားနေဟန် ရ၏။

ရေခဲမြစ်အောက်တွင် မရေမတွက်နိုင်သော မူလအပြစ်သားများက ထိုနတ်ဘုရားအလောင်းကို အရူးအမူး ဝါးမျိုစားသောက်နေကြသည်။

ရွှီချင်းက နတ်ဘုရားအလောင်းဆီသို့ ချဉ်းကပ်သွားသည်နှင့်ချက်ချင်း လုံးဝ တုံ့ဆိုင်းမနေဘဲ လှုပ်ရှားလိုက်သည်။ သူလက်မြှောက်လိုက်သည့်အခါ ငွေရောင်အလင်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။

နောက်အခိုက်အတန့်မှာ မူလအနှစ်သာရစီးကြောင်းများက အစစ်အမှန်နတ်ဘုရားအလောင်းထံမှ ဆွဲထုတ်ခံလိုက်ရပြီး ရွှီချင်းဆီသို့ စီးဆင်းသွားသည်။ ယင်းက သူနှင့် ရွှံ့မြေခွေးကို အာဟာရပြန်ဖြည့်ပေးလိုက်သည်။

မူလအနှစ်သာရဆွဲထုတ်သော နည်းလမ်းသည်တော့ ရွှမ်ယုံဝိညာဉ်သန့်စင်ခြင်းအတတ်မှလွဲ၍ တခြားမဟုတ်ပေ။

“ တကယ်ပဲ… ”

ရွှီချင်းက တီးတိုးရေရွတ်လိုက်သည့်အခါ ငွေရောင်အလင်းက သူ၏ မျက်လုံးထဲမှာ ထွန်းလင်းလာသည်။

All Chapters