← Chapters

အကိုကြီးက မင်းကို ကိစ္စကြီးလုပ်ဖို့ ခေါ်သွားမယ်(က)

Vol. 115 Ch. 1754

အကိုကြီးက မင်းကို ကိစ္စကြီးလုပ်ဖို့ ခေါ်သွားမယ်(က)

Vol. 115 Ch. 1754

အနက်ရောင်ရေခဲမြစ်ပေါ်တွင် ရွှီချင်းက လေထဲမှာ အလျင်ကုန်သုံး၍ ပျံသန်းနေသည်။ ယခုအချိန်မှာ သူက ဆာလောင်နေသော ဝံပုလွေတစ်ကောင်နှင့် မခြားပေ။

ဤအတောအတွင်းမှာ သူက ရှေးခေတ်မိခင်ဂြိုလ်မှ ထွက်ခွာနိုင်မည့် နည်းလမ်းတစ်ခုကို မရှာဖွေနိုင်ခဲ့ပေ။ သူ့မှာ ဤမိခင်ဂြိုလ်မှ စွမ်းအင်စုပ်ယူမှုအား တန်ပြန်ရန် နည်းလမ်းတစ်ခုရှိသော်လည်း ရွှီချင်းက အနည်းငယ် စိုးရိမ်နေဆဲပင်။

မည်သို့ဖြစ်ပါစေ သူအပါအဝင် ရွှံ့မြေခွေးနှင့် နတ်သမီးသည်လည်း မူလအနှစ်သာရကို လိုအပ်ကြသည်။ ဤရက်များမှာ ရွှီချင်းက နတ်သမီးကို စွန့်ပစ်သင့် မစွန့်ပစ်သင့် စတင်စဉ်းစားခဲ့သည်။

နတ်ဘုရားအလောင်းအကြွင်းအကျန်များမှ သူရရှိခဲ့သော မူလအနှစ်သာရပမာဏက သူတို့၏ ဆုံးရှုံးမှုအတွက် လောက်ငှရုံမျှသာ ရှိသည်။

သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဤမိခင်ဂြိုလ်၏ စုပ်ယူမှုနှုန်းက တဖြည်းဖြည်း တိုးမြှင့်လာသည်။

ထို့ကြောင့် ဤတစ်လအတွင်းမှာ သူက ထွက်ပေါက်ကို ရှာဖွေနေရင်း အကောင်းတိုင်းကျန်ရှိနေသော နတ်ဘုရားအလောင်းများကိုလည်း ရှာဖွေခဲ့သည်။

သို့သော်လည်း အစစ်အမှန်နတ်ဘုရားအဆင့် နတ်ဘုရားအလောင်းများသည်သာ အကောင်းတိုင်းကျန်ရှိနိုင်ကြပြီး ၎င်းတို့၏ အရေအတွက်က အလွန်နည်းပါးသည်။ ထို့ပြင် ၎င်းတို့က ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည်နှင့် ရက်အနည်းငယ်အတွင်းမှာ ရေခဲမြစ်ထဲသို့ နစ်မြုပ်သွားကြလိမ့်မည်။ သို့ဖြစ်၍ ၎င်းတို့ကို ရှာဖွေခြင်းက ကောက်ရိုးပုံထဲမှာ အပ်ပျောက်ရှာရသကဲ့သို့ပင်။

ကောင်းကင်ပေါ်မှ အလောင်းပြုတ်ကျလာခြင်းသည်တော့ ယင်းက ကံတရားပေါ်မှာသာ မူတည်သည်။

အနည်းဆုံးတော့ လွန်ခဲ့သော တစ်လအတွင်းမှာ သူက ပထမဆုံးအကြိမ်နှင့် ယခုတစ်ကြိမ်အပါအဝင် စုစုပေါင်းနှစ်ကြိမ်သာ မြင်ဖူးသည်။

ထို့ကြောင့် ရွှီချင်းက စိတ်လှုပ်ရှားစွာ နှလုံးခုန်မြန်နေသည်။

“ ဒီတစ်ကြိမ်တော့ ကံကြမ္မာက ငါ့ဘက်မှာပဲ… နတ်ဘုရားအလောင်း ပြုတ်ကျလာတဲ့နေရာက ငါနဲ့ အရမ်းနီးတယ်… တကယ်လို့ နတ်ဘုရားအလောင်း ရေခဲမြစ်ဆီ မနစ်မြုပ်သွားခင် အဲ့ဒီကို ငါရောက်သွားမယ်ဆိုရင် ရွှမ်ယုံဝိညာဉ်သန့်စင်ခြင်းအတတ်နဲ့ မူလအနှစ်သာရအများကြီးကို ငါစုပ်ယူနိုင်လိမ့်မယ်… အဲ့ဒါက ငါ့အတွက် ဖိအားအများကြီးကို လျော့ချပေးလိမ့်မယ် ”

ရွှီချင်းက မြန်ဆန်စွာ တွေးတောနေရင်း အရှိန်မြှင့်တင်လိုက်သည်။

တစ်နာရီကြာပြီးနောက်…

အပြာရောင်တောက်ပသော ဧရာမနတ်ဘုရားအလောင်းက ရွှီချင်း၏ မြင်ကွင်းထဲမှာ ထွက်ပေါ်လာသည်။

၎င်းက သေဆုံးနေပြီဖြစ်သော်လည်း ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေဆဲပင်။

ယင်းက ဘေးပတ်ဝန်းကျင်မှ လေဟာနယ်ကို ပုံပျက်တွန့်လိမ်စေသည်။

တစ်ချိန်တည်းမှာ အောက်ဘက်မှ ရေခဲမြစ်ထဲတွင် အရေအတွက်များပြားသော မူလအပြစ်သားများက နတ်ဘုရားအလောင်း နစ်မြုပ်လာမည်ကို စောင့်ဆိုင်းနေကြကြောင်း ရွှီချင်း မြင်တွေ့သွားသည်။

ရွှီချင်းက လေထဲမှာ ရပ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ နတ်ဘုရားအလောင်းက အမှန်တကယ် သေဆုံးနေကြောင်း သူအတည်ပြုပြီးနောက် ရွှီချင်းက နောက်ထပ် တုံ့ဆိုင်းမနေတော့ပေ။ ချက်ချင်းဆိုသလို သူက ဟင်းလင်းပြင်ကို ဖြတ်ကျော်သွားပြီး နတ်ဘုရားအလောင်း၏ အပေါ်မှာ ထွက်ပေါ်လာသည်။

သူက အလောင်း၏ ရင်ဘက်ပေါ်သို့ ဆင်းသက်လိုက်သည်။

ဤတစ်လအတွင်းမှ သူ၏ အတွေ့အကြုံများအရ နတ်ဘုရားအလောင်းများ၏ ရင်ဘက်နေရာက မူလအနှစ်သာရ အကြွယ်ဝဆုံးဖြစ်ကြောင်း ရွှီချင်း ရှင်းလင်းစွာ နားလည်ခဲ့သည်။

နတ်ဘုရားအလောင်း၏ ရင်ဘက်ပေါ်သို့ ဆင်းသက်သွားပြီးနောက် ရွှီချင်းက လုံးဝ တုံ့ဆိုင်းမနေဘဲ ရွှမ်ယုံဝိညာဉ်သန့်စင်ခြင်းအတတ်ကို အသက်သွင်းလိုက်သည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး အလောင်း၏ အရေပြားပေါ်သို့ ဖိချလိုက်သည်။

အသားချင်းထိ၍ တိုက်ရိုက် စုပ်ယူခြင်းနည်းထက် ပိုပြီးကောင်းမွန်သောအရာ မရှိပေ။

ထို့နောက် သူစတင်စုပ်ယူလိုက်သည့်အခါ သူ၏ မျက်လုံးက ဝင်းလက်တောက်ပသွားသည်။

ချက်ချင်းဆိုသလို မူလအနှစ်သာရစီးကြောင်းများက နတ်ဘုရားအလောင်း၏ ရင်ဘက်ထဲမှ မြှောက်တတ်လာပြီး ရွှီချင်း၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားသည်။

ရွှီချင်း၏ မျက်လုံးက ပိုပြီးအရောင်တောက်ပလာသည်။

“ တကယ် ငါထင်ထားသလိုပဲ… ဒီနတ်ဘုရားအလောင်းကို မိခင်ဂြိုလ်က အများကြီး မစုပ်ယူရသေးဘူး ”

ရွှီချင်းက စိတ်ဓာတ်တတ်ကြွသွားသည်။ သူက အစွမ်းကုန်သုံး၍ သန့်စင်လိုက်သည်။ တစ်ချိန်တည်းမှာ သူက ရွှံ့မြေခွေးထံသို့ မူလအနှစ်သာရ တစ်စိတ်တစ်ပိုင်းကို ပို့လွှတ်ပေးလိုက်သည်။ ယင်းက ရွှံ့မြေခွေးကို စိတ်ပျော်ရွှင်စွာ ညည်းညူသွားစေသည်။

ထိုစဉ် ရေခဲမြစ်အောက်မှ မူလအပြစ်သားများက ယင်းကို မြင်သွားသောအခါ ဂနာမငြိမ်ဖြစ်လာကြသည်။ ၎င်းတို့၏ အော်သံကို အပြင်လောကမှ မကြားနိုင်သော်လည်း ၎င်းတို့၏ အစားအသောက်အပေါ် ယှဉ်ပြိုင်လိုစိတ်က ၎င်းတို့ကို ရူးသွပ်သွားစေသည်။ ထို့ကြောင့် ၎င်းတို့က ရေခဲအလွှာကိုပင် စတင်ကိုက်စားလိုက်ကြသည်။

ရွှီချင်းက ၎င်းတို့ကို လုံးဝလျစ်လျူရှုထားပြီး နတ်ဘုရားအလောင်းအား သန့်စင်ခြင်းမှာ အပြည့်အဝ စိတ်နှစ်ထားသည်။ မူလအနှစ်သာရစီးကြောင်းများက သူ၏ ခန္ဓာကိုယ်ထဲသို့ ဆက်တိုက် စီးဝင်သွားနေသည်။

သူစုပ်ယူနေစဉ် သူ့လက်ဖဝါးအောက်မှ နတ်ဘုရားအလောင်း၏ အရေပြားက ၎င်း၏ အပြာရောင်တောက်ပမှုကို ဖြည်းဖြည်းချင်း ဆုံးရှုံးသွားသည်။ ၎င်း၏ အရေပြားက ဖြူဖျော့လာပြီး အောက်ဘက်သို့ပင် အနည်းငယ် ချိုင့်ဝင်သွားသည်။

ယင်းကို မြင်သောအခါ ရွှီချင်းက တခြားနေရာဆီသို့ ရွှေ့ပြောင်းပြီး ဆက်လက် စုပ်ယူရန် ပြင်လိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။

လက်တစ်ဖက်က ရွှီချင်း ကြိုတင်အာရုံမခံနိုင်သည့် အလျင်ဖြင့် အစောနက ချိုင့်ဝင်သွားခဲ့သော နတ်ဘုရားအလောင်း၏ အရေပြားနေရာထဲမှ ရုတ်တရက် တိုးထွက်လာသည်။

ယင်းက နေရာပြောင်းရွှေ့တော့မည့် ရွှီချင်း၏ လက်ကို ဖမ်းဆုပ်လိုက်သည်။

ရွှီချင်း၏ သူငယ်အိမ်က စူးရှစွာ ကျဉ်းမြောင်းသွားသည်။ နတ်ဘုရားအလောင်းကို မစုပ်ယူခင် ၎င်းက အမှန်တကယ် သေဆုံးနေခြင်းဟုတ်မဟုတ် သူအတည်ပြုခဲ့သည်။

သို့တိုင် မမျှော်လင့်ထားသော အဖြစ်အပျက်က ရုတ်တရက် ထွက်ပေါ်လာသည်။

ချက်ချင်းဆိုသလို အင်မော်တယ်သန္ဓေသားလောင်းက သူ၏ အနောက်မှာ ဒြပ်ထည်ဖွဲ့စည်းသွားပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ကျင့်ကြံခြင်းအခြေခံက အားအင်အပြည့် ပေါ်လျှိုးလာသည်။ ရွှံ့မြေခွေးသည်ပင် ထိတ်လန့်သွားပြီး အစွမ်းကုန်သုံး၍ ခုခံရန် အသင့်ပြင်လိုက်သည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ သိမ်မွေ့ညင်သာသော မူလအနှစ်သာရစီးကြောင်းက နတ်ဘုရားအလောင်းအရေပြားထဲမှ လက်ထံမှ ထွက်ပေါ်လာပြီး ရွှီချင်း၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားသည်။ ထို့နောက် လက်က ဖမ်းဆုပ်ခြင်းကို သူ့ဘာသာ ဖြေလွှတ်ပေးလိုက်သည်။

ရွှီချင်းက ထိတ်လန့်သွားပြီး စိတ်ရှုပ်ထွေးသွားသည်။ သို့သော်လည်း သူက အမြန်အနောက်ဆုတ်သွားသည်။

တစ်ချိန်တည်းမှာ ရင်းနှီးသော အသံက ပဲ့တင်ထပ်လာသည်။

“ မင်း အစားမစားရတာ ဘယ်လောက်ကြာပြီလဲ ”

ထိုအသံက ရွှီချင်း၏ လှုပ်ရှားမှုကို ရပ်တန့်သွားစေသည်။ သူလှမ်းကြည့်လိုက်သည့်အခါ ချိုင့်ခွက်ဖြစ်နေသော နတ်ဘုရားအလောင်း၏ အရေပြားနေရာတွင် အပေါက်တစ်ပေါက် ဖြစ်ပေါ်လာပြီး နောက်အခိုက်အတန့်မှာ သူရင်းနှီးကျွမ်းဝင်သော ပုံရိပ်နှစ်ခုက အပေါက်ထဲမှ ထွက်ပေါ်လာကြသည်။

သူတို့က အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ဖြစ်ကြသည်။

အမျိုးသမီးက ပြုံးထားပြီး သူ၏ ဘဲဥပုံသဏ္ဍာန်မျက်နှာက ပုလဲသဖွယ် ဝင်းလက်တောက်ပသည်။ သူ၏ မျက်တောင်မွှေးများက အပေါ်သို့ အနည်းငယ် ကော့ပြန်နေသော်လည်း ပျော့ပျောင်းနူးညံ့မှုကို ပေးသည်။ ယင်းက သူ၏ သိမ်မွေ့သော ကိုယ်ဟန်အမူအရာနှင့် လိုက်ဖက်သည်။ သူ၏ မျက်လုံးထဲမှာ ရင်းနှီးဖော်ရွေမှု၊ နွေးထွေးမှုဖြင့် ပြည့်နှက်နေသည်။

သူ၏ ဘေးမှ အမျိုးသားက ငွေရောင်မျဉ်းကြောင်းများပါရှိသော အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက အရပ်ရှည်ပြီး ပိန်ပါးလေရာ ထင်ရှူးပင်သဖွယ် အောက်မေ့ရသည်။ သူက ရွှီချင်းကို ကြည့်နေစဉ် သူ၏ မျက်လုံးထောင့်မှာ ကျီစယ်လိုသော အရိပ်အယောင်တစ်စွန်းတစ်စ ထွက်ပေါ်နေသည်။

ယင်းကို မြင်သောအခါ ရွှီချင်းက တဒင်္ဂ ဆွံ့အသွားသည်။

ထိုသို့အမူအရာက ရွှီချင်း၏ မျက်နှာပေါ်မှာ ဖြစ်ပေါ်ခဲသည်။

ရှင်းလင်းစွာပင် ထိုနှစ်ယောက်ကို ဤနေရာမှာ သူတွေ့ဆုံလိမ့်မည်ဟု ရွှီချင်း တစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။ ထို့ပြင် သူတို့နှစ်ယောက်က သူသန့်စင်နေသော နတ်ဘုရားအလောင်းထဲမှ ထွက်ပေါ်လာခဲ့ကြသည်။

“ မင်းတို့… ”

ရွှီချင်း၏ အမူအရာကို သတိထားမိသောအခါ ဝိညာဉ်ဖီးနစ်နတ်သမီးက သူ့ဘေးမှ မိုးသောက်သခင်လေးကို မျက်စောင်းထိုးလိုက်သည်။

“ စောစောက ရှင်ဘာလို့ ကောင်လေးရွှီရဲ့ လက်ကို ရုတ်တရက် ဖမ်းဆုပ်လိုက်တာလဲ ”

မိုးသောက်သခင်လေးက သဘောကျစွာ ရယ်မောလိုက်သည်။

“ မိတ်ဆွေဟောင်းကို ရုတ်တရက် တွေ့လိုက်ရတော့ ငါအရမ်းစိတ်လှုပ်ရှားသွားတာ ဖြစ်မယ်… ရွှီချင်း… ငါမင်းကို လန့်အောင် လုပ်မိသွားလား ”

ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ မျက်လုံးက ရုတ်တရက် ဝင်းလက်သွားသည်။ ယင်းက အင်မော်တယ်ဘုရင် သူ့ကို ဤနေရာဆီသို့ စေလွှတ်ခဲ့သည့် အကြောင်းအရင်းဖြစ်မည်ဟု သူနားလည်လိုက်သည်။

ထို့ကြောင့် သူက အမြန်လက်သီးဆုပ်လိုက်ပြီး နှုတ်ဆက်လိုက်သည်။

“ စီနီယာတို့ကို နှုတ်ဆက်ပါတယ် ”

“ ဘာကို စီနီယာလဲ… ငါတို့က မင်းကို မိုးသောက်အင်မော်တယ်နန်းတော်နဲ့ ကောင်းကင်ဘုံအလွန်ကို ပေးခဲ့တယ် မဟုတ်ဘူးလား… ဘာလို့ ငါတို့ကို စီနီယာလို့ ခေါ်နေသေးတာလဲ… ငါတို့က သူစိမ်းတွေဟုတ်လို့လား ”

မိုးသောက်သခင်လေးက မျက်ခုံးပင့်တင်လိုက်သည်။ ဤအခိုက်အတန့်မှာ စနောက်ကျီစယ်လိုသော အရှိန်အဝါက သူ့ထံမှ ထွက်ပေါ်နေလေရာ သူက တစ်ချိန်က မိုးသောက်အင်မော်တယ်နန်းတော်ထဲမှ ကောင်လေးအဖြစ် ပြန်ပြောင်းလဲသွားဟန် ရသည်။

သူ့ဘေးမှ ဝိညာဉ်ဖီးနစ်နတ်သမီးက ပြုံးလိုက်သည်။ အမှတ်လေးကြယ်တာရာစက်ဝန်းဆီသို့ သူတို့ရောက်လာကတည်းက သူ့ခင်ပွန်းက အမြဲတမ်း မျက်နှာတည်ကြည်နေခဲ့သည်။ ယခုကဲ့သို့သော အမူအရာမျိုးက သူ့အတွက် အလွန်ရှားပါးသည်။

All Chapters