← Chapters

ဂြိုလ်ကို အရေခွံခွာခြင်း

Vol. 115 Ch. 1756

ဂြိုလ်ကို အရေခွံခွာခြင်း

Vol. 115 Ch. 1756

ဂြိုလ်ကို အရေခွံခွာတယ်…

ထိုစကားကို ရွှီချင်းကြားလိုက်သည့်အခါ အတိတ်မှာ သူက ထူးဆန်းသော ကိစ္စများစွာနှင့် အံ့ဖွယ်အဖြစ်အပျက်များစွာကို ကိုယ်တိုင်တွေ့ကြုံခဲ့ဖူးသော်လည်း အပြင်းအထန် နှလုံးတုန်ယင်သွားဆဲပင်။

သူ၏ မျက်လုံးက စူးရှတောက်ပလာသည်။

ဘယ်လောက်ရဲတင်းလိုက်တဲ့ လှုပ်ရှားမှုလဲ…

မည်သို့ဖြစ်ပါစေ ဤနေရာသည် အမှတ်လေးကြယ်တာရာစက်ဝန်း၏ ရှေးခေတ်မိခင်ဂြိုလ် ဖြစ်သည်။ ဂြိုလ်ကို အရေခွံခွာသည့် အကြံက အံ့ဩဖွယ်ကောင်းပြီး ထိတ်လန့်စရာကောင်းသော်လည်း ယင်းက ဖော်မပြနိုင်အောင် ကြီးမားသော ရည်ရွယ်ချက်ကို သယ်ဆောင်ထားသည်။

“ ငါ့မှာ မေးခွန်းတစ်ခုရှိတယ်… ဒီကို ငါမရောက်လာခင်နဲ့ ရောက်လာပြီးတဲ့နောက်မှာ ဒီနေရာက အမှတ်လေးကြယ်တာရာစက်ဝန်းအတွက် အရမ်းအရေးကြီးတယ်ဆိုတာ သိလိုက်ရတယ်… ဒါဆိုရင် ဘာဖြစ်လို့… ”

ရွှီချင်း၏ အကြည့်က ဘေးပတ်ဝန်းကျင်သို့ ကျရောက်သွားသည်။

ဤနေရာမှာ သူနေထိုင်ခဲ့သည့် တစ်လအတွင်းမှာဖြစ်စေ သို့မဟုတ် ယခုအချိန်မှာဖြစ်စေ ရှေးခေတ်မိခင်ဂြိုလ်၏ ခုခံမှုနှင့် ရုန်းကန်မှုက ၎င်း၏ အရေးပါမှုနှင့် မလိုက်ဖက်ဟန် ရ၏။ အထူးသဖြင့် ယခုအချိန်မှာ မည်သည့်အစောင့်အရှောက်မှ မထွက်ပေါ်လာပေ။

ရှေးခေတ်မိခင်ဂြိုလ်တစ်ခုလုံးမှာ နတ်ဘုရားအလောင်းများနှင့် မူလအပြစ်သားများဖြင့်သာ ပြည့်နှက်နေဟန် ရ၏။

ယင်းကို ကြားသောအခါ ဝိညာဉ်ဖီးနစ်နတ်သမီးက သိမ်မွေ့နူးညံ့စွာ ပြုံးလိုက်သည်။

“ ပထမအနေနဲ့ ဒီနေရာက သက်ရှိတွေ အချိန်ကြာကြာနေထိုင်ဖို့ မသင့်တော်ဘူး… ဒီနေရာမှာ မူလအနှစ်သာရက မိခင်ဂြိုလ်ရဲ့ အချိန်တိုင်း စုပ်ယူခံရလိမ့်မယ်… ဒုတိယအနေနဲ့ ဒီဂြိုလ်က လျှို့ဝှက်ဆန်းကြယ်ပြီး စူးစမ်းလေ့လာဖို့ အရမ်းခက်ခဲတယ်… သာမန်နည်းလမ်းတွေနဲ့ ဒီနေရာကို မရောက်လာနိုင်ဘူး… မိခင်ဂြိုလ်က ဒီနေရာမှာ တည်ရှိတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းတော့ ဒီနေရာက မှတ်ဉာဏ်တစ်ခုနဲ့ ဆင်တူတယ် ”

“ တစ်နည်းပြောရရင် ဒီနေရာက နတ်ဘုရားတွေရဲ့ မှတ်ဉာဏ်တွေထဲမှာ တည်ရှိတယ်… ဒါပေါ့… အဲ့ဒါက ငါတို့ကျင့်ကြံသူတွေရဲ့ အမြင်သက်သက်ပဲ ဖြစ်တယ်… နတ်ဘုရားတွေရဲ့ အမြင်မှာတော့ အဲ့ဒါက ကွဲပြားခြားနားတယ်… အဲ့ဒါက အစစ်အမှန်နာမည်ရဲ့ နိဂုံးချုပ်ဖြစ်တယ်လို့ သူတို့က မြင်ကြတယ် ”

“ ပြီးတော့… အရေးကြီးဆုံးက အခု နင်မြင်နေရတာက ပစ္စုပ္ပန်တစ်ခုပဲ ဖြစ်တယ် ”

“ အင်မော်တယ်ဘုရင်ရဲ့ နားလည်ထားမှုအရ အမှတ်လေးကြယ်တာရာစက်ဝန်းရဲ့ ရှေးခေတ်မိခင်ဂြိုလ်က တကယ်တော့ အကြိမ်ပေါင်းဒါဇင်ခန့် ဖျက်ဆီးခံထားရပြီးပြီ… မတူညီတဲ့ မတော်တဆမှုတွေနဲ့ အကြောင်းအရင်းအမျိုးမျိုးကြောင့် အဲ့ဒါက အမြစ်ဖြတ်ဖျက်ဆီးခံခဲ့ရတယ် ”

“ ဒါပေမဲ့ ရှေးခေတ်မိခင်ဂြိုလ်က ဘယ်လိုပဲ ဖျက်ဆီးခံရပါစေ အဲ့ဒါက နတ်ဘုရားတွေရဲ့ အခြေခံအုတ်မြစ်ကို ဘယ်တော့မှ မဖြိုခွဲနိုင်ခဲ့ဘူး… ဒါကြောင့် ရှေးခေတ်မိခင်ဂြိုလ်က အကောင်းတိုင်း ပြန်ထွက်ပေါ်လာလိမ့်မယ်… အမှန်တော့ ရှေးခေတ်မိခင်ဂြိုလ် လုံးဝဖျက်ဆီးမခံရခင် ပြန်ကောင်းမွန်လာတဲ့ အခြေအနေတွေတောင် ရှိဖူးတယ် ”

“ အတိုင်းအတာတစ်ခုထိဆိုရရင် အမှတ်လေးကြယ်တာရာစက်ဝန်းထဲမှာ နတ်ဘုရားတွေ ရှိနေသေးသရွေ့ ဒီဂြိုလ်က ဘယ်တော့မှ တကယ် မပျောက်ကွယ်နိုင်ဘူး ”

“ အဲ့ဒါကြောင့် ဒီနေရာမှာ ဘာခုခံကာကွယ်မှုမှ မရှိတာပဲ ”

“ ဘာလို့ဆို အဲ့လိုလုပ်စရာ မလိုလို့ပဲ ”

ရွှီချင်းက နက်နဲစွာ တွေးတောလိုက်သည်။ ထို့နောက် သူက ခေါင်းလှည့်လိုက်ပြီး တောင်ကြားဆီသို့ လျှောက်သွားနေသော မိုးသောက်သခင်လေးကို ကြည့်လိုက်သည်။ ယခု မေးခွန်းအသစ်တစ်ခုက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

“ ဒါဆိုရင်… ဂြိုလ်ကို အရေခွံခွာတာက ဘာများထူးခြားလို့လဲ ”

ဝိညာဉ်ဖီးနစ်နတ်သမီးက အဝေးမှ မိုးသောက်သခင်လေးကို ကြည့်နေစဉ် သူ၏ မျက်ဝန်းထဲမှာ နက်နဲသိမ်မွေ့သော အရိပ်အယောင်တစ်စွန်းတစ်စ ထွက်ပေါ်လာသည်။ သူက နူးညံ့စွာ ပြောသည်။

“ နင့်ရဲ့ အကိုကြီးက သူ့အဖေ လုပ်ရမယ့် တစ်စုံတစ်ခုကို ဆောင်ရွက်တော့မှာ… အဲ့ဒါက တစ်ခါမှ မဖြစ်ပေါ်ဖူးတဲ့အရာပဲ… အဲ့ဒါကို သူနဲ့ သူ့အဖေပဲ ဆောင်ရွက်နိုင်တယ် ”

ဝိညာဉ်ဖီးနစ်နတ်သမီး၏ စကားသံက ပဲ့တင်ထပ်သွားသည်နှင့် မိုးသောက်သခင်လေးက တောင်ကြားထဲသို့ ခြေချလိုက်သည်။

တောင်ကြားထဲသို့ ဝင်ရောက်သွားပြီးနောက် မိုးသောက်သခင်လေးက ထူးဆန်းသော ချိပ်တံဆိပ်လက်သင်္ကေတများကို ဆက်တိုက် ဖွဲ့စည်းလိုက်သည်။ ထိုချိပ်တံဆိပ်က အလွန်ရှုပ်ထွေးနက်နဲပြီး သာမန်လက်ချောင်းများယှက်ထွေခြင်းထက် အများကြီး ပိုထူးခြားသည်။ တချို့လက်ချောင်းများဆိုလျှင် ပုံမှန်မဟုတ်သော ဦးတည်ရာများဆီသို့ ကွေးညွတ်သွားကြသည်။

ချိပ်တံဆိပ်ဖွဲ့စည်းသွားသည့်အခိုက် ရှေးဟောင်းအရှိန်အဝါက ပေါ်လျှိုးလာသည်။

ကောင်းကင်က ပရမ်းပတာ လှိုင်းထသွားပြီး မြေပြင်က တုန်ခါသွားသည်။ ကျယ်လောင်သော မြည်သံများက နေရာတိုင်းမှ ထွက်ပေါ်လာကြသည်။

“ အဲ့ဒါက အင်မော်တယ်ဘုရင် လက်ဆင့်ကမ်းပေးခဲ့တဲ့ ယဇ်ပူဇော်ချိပ်တံဆိပ်ပဲ ”

ရွှီချင်းက စိတ်အားထက်သန်စွာ ကြည့်ရှုနေပြီး ချိပ်တံဆိပ်လက်သင်္ကေတများကို မှတ်သားရန် ကြိုးစားနေကြောင်း သူ့ဘေးမှ ဝိညာဉ်ဖီးနစ်နတ်သမီးက သတိထားမိသောအခါ သူက ရှင်းပြသည်။

ရွှီချင်းက ပိုပြီးအာရုံစိုက်လိုက်ပြီး ချိပ်တံဆိပ်ကို သေချာမှတ်သားလိုက်သည်။

တစ်ချိန်တည်းမှာ မိုးသောက်သခင်လေး၏ ယဇ်ပူဇော်ချိပ်တံဆိပ်က အသက်ဝင်လာသည်နှင့် သူ၏ ဘေးနှစ်ဖက်မှ ရေခဲမြစ်များက ကမ္ဘာမြေ၏ ဟိန်းသံအောက်မှာ အပြင်းအထန် တုန်လှုပ်သွားကြသည်။ ဤသည်မှာ ကြီးမားသော အင်အားတစ်ခုက ယင်းတို့အပေါ် ကျရောက်လာသည့်အလားပင်။

ကျယ်လောင်သော မြည်သံများနှင့်တကွ ရေခဲမြစ်များက စတင်ပြိုကျပျက်စီးသွားကြသည်။

ထိုအခါ ရေခဲမြစ်ထဲတွင် ကြေးနီရောင်တံခါးအများအပြားက ထွက်ပေါ်လာကြသည်။

ပြိုကျပျက်စီးမှုနှုန်းက ပိုမိုမြန်ဆန်လာသည့်အခါ တောင်ကြား၏ ဘေးနှစ်ဖက်မှ ရေခဲမြစ်များက သေခါနီးသားရဲများသဖွယ် အော်ဟစ်ညည်းညူလိုက်ကြသည်။

အဆုံးမဲ့သော ရေခဲအလွှာများက ကြီးမားသော သဏ္ဍာန်မဲ့အင်အား၏ သက်ရောက်မှုအောက်မှာ အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံလိုက်ကြရသည်။ ဤသည်မှာ ယင်းတို့က တစ်စုံတစ်ရာဖြင့် ဆွဲလှန်ခံလိုက်ရသည့်အလား ရေခဲမြစ်အောက်မှ အမှောင်ထုက အပေါ်သို့ ထွက်ပေါ်လာသည်။

ထို့နောက် ချောက်ချားဖွယ်ကောင်းသော အစိမ်းရောင်လရောင်ခြည်က ရေခဲမြစ်အောက်သို့ အတားအဆီးကင်းမဲ့စွာ ကျဆင်းသွားသည်။

ရေခဲမြစ်အောက်မှ အမှောင်ထုက ဝေဝေဝါးဝါး ထွန်းလင်းသွားသည်။

မှိန်ဖျော့နေသော အလင်းရောင်ထဲတွင် မရေမတွက်နိုင်သော မူလအပြစ်သားများရှိကြောင်း မည်သူမဆို မြင်နိုင်ပေသည်။ ၎င်းတို့က မွေးဖွားလာသည့်အချိန်မှစ၍ ဤနေရာမှာ တစ်ချိန်လုံး နေထိုင်ခဲ့ကြပြီး နတ်ဘုရားအလောင်းများ၏ အသွေးအသားများနှင့် အရိုးများကို စားသောက်ခဲ့ကြသည်။ ယခုကဲ့သို့ အန္တရာယ်ကပ်ဘေးဖြင့် ရင်ဆိုင်ရသောအခါ ၎င်းတို့က စူးရှသော အော်ဟစ်သံများကို ထုတ်ဖော်လိုက်ကြသည်။

ထိုအော်ဟစ်သံများက ကောင်းကင်ကို တုန်ခါသွားစေပြီး ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းများကို ဖန်တီးလိုက်သည်။ ဤသည်မှာ ရှေးခေတ်မိခင်ဂြိုလ်ကိုယ်တိုင်က ဟိန်းဟောက်လိုက်သကဲ့သို့ပင်။

မိခင်ဂြိုလ်က ပြင်ပမှ ကျူးကျော်ဝင်ရောက်သူများကို ဖျက်ဆီးပစ်ရန် ၎င်း၏ အမျက်ဒေါသကို ထုတ်လွှတ်လိုက်ဟန် ရသည်။

ထို့နောက် မူလအပြစ်သားအားလုံးက မိုးသောက်သခင်လေးဆီသို့ တစ်ဟုန်ထိုး ပျံသန်းသွားကြသည်။

ကောင်းကင်ပေါ်မှ ငုံ့ကြည့်မည်ဆိုလျှင် ထိုမြင်ကွင်းက ဖော်မပြနိုင်အောင် အံ့ဩဖွယ်ကောင်းသည်။

ရီဝေနေသော အမှောင်ထုထဲတွင် မရေမတွက်နိုင်သော မူလအပြစ်သားများက အနက်ရောင်ဒီရေသဖွယ် မြှောက်တတ်လာကြသည်။ ၎င်းတို့က ရူးသွပ်မှု၊ လွှမ်းမိုးဖိနှိပ်မှုနှင့်အတူ ပျံတတ်သွားကြသည်။

၎င်းတို့ထဲတွင် ခန္ဓာကိုယ်တစ်ခုလုံး အပြာရောင်ပြောင်းနေသော မူလအပြစ်သားများက ရွှီချင်းကိုပင် နှလုံးတုန်လှုပ်သွားစေမည့် ကြောက်မက်ဖွယ်အဖျက်စွမ်းအားကို ထုတ်လွှတ်လိုက်ကြသည်။

သို့သော်လည်း မိုးသောက်သခင်လေးသည်တော့ သူက ရိုးရှင်းစွာ လက်မြှောက်လိုက်ပြီး အောက်သို့ ဖိချလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာ ရွှီချင်းရင်းနှီးကျွမ်းဝင်သော အာဏာစက်က မိုးသောက်သခင်လေးထံမှ ထွက်ပေါ်လာပြီး သူ့ဆီသို့ တစ်ဟုန်ထိုး ပျံသန်းလာနေကြသော မူလအပြစ်သားများကို တိုက်ရိုက် ဖုံးလွှမ်းသွားသည်။

ထိုအာဏာစက်ဖြင့် ထိတွေ့သွားသည့် မူလအပြစ်သားများက ၎င်းတို့၏ အမြင့်နိယာမကို ချက်ချင်း ဆုံးရှုံးသွားကြသည်။

၎င်းတို့က ပြားချပ်သွားကြပြီး နှစ်ဖက်မြင်ရှုထောင့် သက်ရှိများအဖြစ် ပြောင်းလဲသွားကြသည်။

ဤသည်မှာ ၎င်းတို့က ပန်းချီကားများအဖြစ် ပြောင်းလဲသွားသည့်အလားပင်။

ထိုမြင်ကွင်းက ရွှီချင်းကို အရိုးထဲမှ တုန်ယင်သွားစေသည်။ သူ၏ မျက်လုံးက စူးရှတောက်ပလာသည်။

ယင်းက အတိတ်၌ မိုးသောက်အင်မော်တယ်နန်းတော်ထဲမှာ တစ်ဖက်လူကို ပထမဆုံးအကြိမ် သူတွေ့ဆုံခဲ့စဉ်က အခြေအနေနှင့် တစ်ထပ်တည်း တူညီသည်။

ယင်းက သူ့ကိုယ်ပိုင် အချိန်လေဟာနယ်အာဏာစက်ကို ဖွဲ့စည်းပြီးနောက် ရွှီချင်းက နောက်ထပ် စူးစမ်းရှာဖွေခဲ့သော ဦးတည်ရာလည်း ဖြစ်သည်။

“ ရွှီချင်း… ဒီဟာက မင်းရဲ့ လမ်းစဉ်ဖြစ်တယ်… အခု အဲ့ဒါကို ငါငှားယူအသုံးပြုနိုင်ပေမယ့် တစ်နေ့မှာ တာအိုကို မင်းရရှိသွားတဲ့အခါကျရင် ဒီလမ်းစဉ်က ဒီကမ္ဘာပေါ်က အင်မော်တယ်အားလုံးထဲမှာ မင်းတစ်ယောက်တည်းပဲ ပိုင်ဆိုင်နိုင်တဲ့ လမ်းစဉ်ဖြစ်လာလိမ့်မယ် ”

မိုးသောက်သခင်လေးက စကားပြောနေရင်း တောင်ကြားအောက်သို့ ဆက်လျှောက်သွားသည်။

သူဖြတ်သန်းသွားသည့်နေရာတိုင်း မရေမတွက်နိုင်သော မူလအပြစ်သားအဖွဲ့များက ၎င်းတို့၏ အမြင့်ကို ဆုံးရှုံးသွားကြပြီး ပြားချပ်သွားကြလိမ့်မည်။ ထို့နောက် ၎င်းတို့က စက္ကူများသဖွယ် အောက်သို့ အဆက်မပြတ် ပြုတ်ကျသွားကြသည်။

သို့ဖြစ်၍ အဆုံးမဲ့သော မူလအပြစ်သားများက မိုးသောက်သခင်လေးအတွက် အတားအဆီးတစ်ခု မဟုတ်ပေ။ အမှောင်မြူခိုးသည်လည်း သူ့ကို မတားဆီးနိုင်ပေ။ ထို့ကြောင့် သူက တောင်ကြား၏ အနက်ပိုင်းထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်သွားသည်။

တစ်ချိန်က ကောင်းကင်က ရေခဲမြစ်ဖြစ်ခဲ့သော ရေခဲမြစ်အောက်မှ လောကတွင်လည်း မြေပြင်ရှိသည်။

ဤအခိုက်အတန့်မှာ မိုးသောက်သခင်လေးက တောင်ကြားအောက်သို့ ဆင်းသက်သွားသည်နှင့် သူ၏ လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး အောက်သို့ ဖိချလိုက်သည်။

ချက်ချင်းဆိုသလို မိုးသောက်အလင်းက သူ၏ ခန္ဓာကိုယ်ထဲမှ မြှောက်တတ်လာပြီး မိုးသောက်အလင်းပင်လယ်အဖြစ် ပြောင်းလဲသွားကာ အရပ်မျက်နှာပေါင်းစုံသို့ ပျံ့နှံ့သွားသည်။ ယင်းက ဤနေရာမှ အမှောင်ထုကို လုံးဝလွင့်ပြယ်သွားစေပြီး အောက်ဘက်မှ ကမ္ဘာမြေကို ထင်ရှားစွာ ထွက်ပေါ်လာစေသည်။

ယင်းက မဟူရာခရမ်းရောင် အသွေးအသားကျောက်အလွှာ ဖြစ်သည်။

အနီးကပ်သေချာကြည့်မည်ဆိုလျှင် ထိုကျောက်အလွှာက အပေါ်ယံအမြှေးပါးတစ်ခုဖြစ်ကြောင်း မြင်နိုင်လိမ့်မည်။

ယင်း၏ မျက်နှာပြင်ပေါ်မှာ ထူထဲသော နွယ်ပင်များက အဆုံးမဲ့စွာ သို့မဟုတ် အကန့်အသတ်မဲ့စွာ တည်ရှိနေကြသည်။ ဤသည်မှာ ယင်းတို့က ရှေးခေတ်မိခင်ဂြိုလ်၏ မြက်ခင်းကုန်းမြေတစ်ခု ဖြစ်သည့်အလားပင်။

ထို့ပြင် နွယ်ပင်များက ရေဘဝဲလက်တံများနှင့် ဆင်တူကြပြီး လက်တံတစ်ခုစီ၏ အဆုံးသတ်နားတွင် ရွှေရောင်ဒေါင်လိုက်မျက်လုံးတစ်လုံး ရှိသည်။

ဤအခိုက်အတန့်မှာ ထိုမျက်လုံးအားလုံးက မိုးသောက်သခင်လေးကို စိုက်ကြည့်နေကြသည်။

ယင်းက ရှေးခေတ်မိခင်ဂြိုလ်၏ တကယ့်အရေပြား ဖြစ်သည်။

ရွှီချင်းက မျက်လုံးဝင်းလက်သွားသည်။ နောက်အခိုက်အတန့်မှာ သူနှင့် ဝိညာဉ်ဖီးနစ်နတ်သမီးက အောက်သို့ လိုက်ပါဆင်းသက်သွားကြသည်။ ထိုစဉ် မိုးသောက်သခင်လေး၏ မြှောက်တင်ထားသော လက်နှစ်ဖက်မှ လက်ချောင်းများက ချိတ်သဖွယ် ကွေးသွားကြသည်။ နောက်အခိုက်အတန့်မှာ သူက လက်နှစ်ဖက်စလုံးကို သူ့အောက်မှာ ကျောက်အလွှာပေါ်သို့ ထိုးစိုက်လိုက်သည်။

ထို့နောက် သူက ကြမ်းတမ်းသော လှုပ်ရှားမှုဖြင့် အပေါ်သို့ ဆွဲမြှောက်လိုက်သည်။

ထိုအခါ ကောင်းကင်နှင့် မြေပြင်ကို တုန်လှုပ်သွားစေမည့် ကျယ်လောင်သော အော်မြည်သံက ပဲ့တင်ထပ်သွားသည်။

မိုးသောက်သခင်လေး၏ လက်နှစ်ဖက်က မိခင်ဂြိုလ်၏ အဆုံးမဲ့စွာ ကျယ်ပြောသော အရေပြားကို ဆုတ်ဖြဲလိုက်သည်။ အက်ကွဲသွားသော ရေခဲတုံးများက ဂြိုလ်၏ ကျောက်အလွှာနှင့်အတူ အပြင်းအထန် တုန်ယင်သွားကြသည်။

ယင်းက အရေခွံခွာခြင်း ဖြစ်သည်။

ဆုတ်ဖြဲသံနှင့် အော်ဟစ်ညည်းညူသံများက နားကွဲလုမတတ် ပဲ့တင်ထပ်သွားသည်။

ဂြိုလ်အပိုင်းအစများနှင့် ရောနှောနေသော သွေးက မိုးသောက်သခင်လေးကြောင့် ဆုတ်ဖြဲခံလိုက်ရသော ကျောက်အလွှာ၏ အတွင်းထဲမှ စိမ့်ထွက်လာကာ ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားသည်။

ဤသည်မှာ သွေးမိုးက ကမ္ဘာမြေဆွဲအားနိယာမကို ဆန့်ကျင်လျက် ပြောင်းပြန်ရွာသွန်းသွားသည့်အလားပင်။ ပမာဏများပြားသော သွေးက ကောင်းကင်ပေါ်သို့ ဆန်တတ်သွားသည်။

လေထဲမှာ သွေးက အနီရောင်တိမ်တိုက်များအဖြစ် မြန်ဆန်စွာ ဒြပ်ထည်ဖွဲ့စည်းသွားပြီး ကောင်းကင်ကို ဖုံးလွှမ်းသွားကြသည်။ ဤသည်မှာ သွေးတိမ်တိုက်များက ဤနေရာမှ ကောင်းကင်ကို အစားထိုးရန် ကြိုးစားနေသည့်အလားပင်။

တစ်ချိန်တည်းမှာ ကမ္ဘာမြေ ဆုတ်ဖြဲခံလိုက်ရသည်နှင့်ချက်ချင်း လှိုင်းဂယက်များက ပျံ့နှံ့သွားပြီး ဂြိုလ်အရေပြားပေါ်မှ မရေမတွက်နိုင်သော ရွှေရောင်ဒေါင်လိုက်မျက်လုံးများက တစ်ပြိုင်နက် ပြူးကျယ်သွားကြသည်။ ထို့နောက် ၎င်းတို့က ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်လိုက်ကြသည်။

ရွှေရောင်အလင်းတန်းများက မိုးသောက်သခင်လေးဆီသို့ မြှားမိုးသဖွယ် ပျံသန်းသွားကြသည်။

ရွှေရောင်အလင်းတန်းများ ချဉ်းကပ်လာသည်နှင့် သခင်လေး၏ နဖူးပေါ်မှ သွေးနီရောင်ဒေါင်လိုက်မျက်လုံးက နောက်တစ်ကြိမ် ပွင့်သွားသည်။ ထိုတတိယမျက်လုံး၏ အနက်ပိုင်းထဲတွင် မြန်ဆန်စွာ လှည့်ပတ်နေသော အနက်ရောင်ဝဲကတော့တစ်ခု ထွက်ပေါ်လာသည်။ လျှပ်တစ်ပြက်အတွင်းမှာ ဝဲကတော့က ရွှေရောင်အလင်းတန်းအားလုံးကို စုပ်ယူဝါးမျိုလိုက်သည်။

ထို့နောက် သူက လက်နှစ်ဖက်ဖြင့် မိခင်ဂြိုလ်၏ အရေပြားကို ဆုပ်ကိုင်လျက် အကြမ်းပတမ်း ဆွဲလှန်လိုက်သည်။

ချက်ချင်းဆိုသလို မိခင်ဂြိုလ်အရေပြား၏ အစိတ်အပိုင်းနှစ်ခုက ဆုတ်ဖြဲသော အသံကို ထုတ်လွှတ်လိုက်ကြသည်။ ထို့နောက် အရေပြားက မိုးသောက်သခင်လေး၏ ဘေးနှစ်ဖက်မှစတင်၍ အဝေးဆီသို့ ဆက်လက် ဆွဲလှန်ခံလိုက်ကြရသည်။

အရေခွံခွာခံလိုက်ရသော ဧရိယာက တဖြည်းဖြည်း ပိုကျယ်ပြောလာနေစဉ် ဝုန်းခနဲ မြည်သံက အဝေးအထိ ဆက်လက် ပျံ့လွင့်သွားသည်။

အဝေးမှကြည့်မည်ဆိုလျှင် ယင်းက “八”ပုံသဏ္ဍာန်နှင့် ဆင်တူပေသည်။

ဧရိယာက ကျယ်ပြောသထက် ပိုပြီးကျယ်ပြောလာသည်။ ဆုတ်ဖြဲခြင်းနှင့် မမြှောက်ခြင်းဟူသော လုပ်ငန်းစဉ်နှစ်ခုကို တစ်ပြိုင်နက် ဆောင်ရွက်နေစဉ် ဆွဲခွာခံလိုက်ရသော အရေပြားက အပြည့်အဝ ထွက်ပေါ်လာသည်။

အရေပြားက မိုးကုပ်စက်ဝိုင်း၏ အမိုးခုံးကို ကျော်လွန်သွားသည်။

ထိုအခါ ကောင်းကင်နှင့်‌ မြေပြင်၏ အရောင်က ပြောင်းလဲသွားသည်။

မိုးသောက်သခင်လေး၏ အသံက မောက်မာထောင်လွှားစွာ ပဲ့တင်ထပ်လာသည်။

“ ကောင်းကင်ဘုံကို ချိပ်ပိတ်စမ်း… သန္ဓေအမြှေးပါးက လောကတစ်ခု ဖြစ်လာစေ ”

မျက်စိတစ်မှိတ်အတွင်းမှာ အံ့ဩထိတ်လန့်ဖွယ်ကောင်းသော မိခင်ဂြိုလ်အရေပြားက ကောင်းကင်ပေါ်မှာ အပြင်းအထန် လူးလွန့်သွားပြီး ဟင်းလင်းပြင်နှင့် ပေါင်းစပ်သွားသည်။ နောက်အခိုက်အတန့်မှာ ယင်းက ပယင်းရောင်ရှိသော သန္ဓေအမြှေးပါးတစ်ခုကို ဖွဲ့စည်းလိုက်သည်။

ယင်းက ဧရာမဇီဝအမြှေးပါးတစ်ခုဖြစ်လာပြီး ရှေးခေတ်မိခင်ဂြိုလ်အတွက် ကောင်းကင်အသစ်တစ်ခု ဖြစ်လာသည်။

အပြင်ဘက်မှကြည့်လျှင် ကြယ်တာရာကောင်းကင်ထံမှ မှိန်ဖျော့ဖျော့ အစိမ်းရောင်လရောင်ခြည်က ဤအခိုက်အတန့်မှာ ဒြပ်ထည်ဖွဲ့စည်းသွားပြီး သန္ဓေအမြှေးပါးကို ဆန့်ကျင်တိုက်ခိုက်နေကြောင်း မြင်ရလိမ့်မည်။ ယင်းက သန္ဓေအမြှေးပါးပေါ်တွင် လှိုင်းအတွန့်တွန့်ထသွားစေသည်။ သို့သော်လည်း အစိမ်းရောင်လရောင်ခြည်က သန္ဓေအမြှေးပါးကို မထိုးဖောက်နိုင်ခဲ့ပေ။

အောက်ဘက်မှ မော့ကြည့်မည်ဆိုလျှင် ကောင်းကင်ပေါ်မှ သန္ဓေအမြှေးပါးက အသွေးအသားပုံသဏ္ဍာန်ကို ရှင်းလင်းစွာ ဖော်ပြနေကြောင်း မြင်ရလိမ့်မည်။ ယင်း၏ မျက်နှာပြင်ပေါ်မှ သွေးကြောများသည် ကြယ်တာရာမြေပုံတစ်ခုနှင့် အလားသဏ္ဍာန်တူသည်။ အမိုးခုံးပေါ်မှ သွေးစက်တစ်စက်စီတိုင်းတွင် ဂလက်စီများက မြစ်တစ်စင်းသဖွယ် ရွေ့လျားစီးဆင်းနေကြသည်။

ယင်းက လွန်စွာ အံ့ဩမင်သက်ဖွယ်ကောင်းသည်။ ထို့ပြင် အောက်ဘက်မှ အသွေးအသားကုန်းမြေ၏ ဝေဝါးသော မြင်ကွင်းသည်လည်း သန္ဓေအမြှေးပါး၏ မျက်နှာပြင်ပေါ်မှာ ပုံရိပ်ပြန်နေသည်။

ထိုမြင်ကွင်းက ရွှီချင်း၏ နှလုံးကို ပရမ်းပတာ တုန်လှုပ်စေသည်။

ဤအခိုက်အတန့်မှာ ရှေးခေတ်မိခင်ဂြိုလ်၏ ကောင်းကင်က အမှန်တကယ် အစားထိုးခံလိုက်ရသည်။

အပြင်ဘက်မှ မှိန်ဖျော့ဖျော့ အစိမ်းရောင်လရောင်ခြည်က အပြည့်အဝ တားဆီးခံလိုက်ရသည့်အခါ အတွင်းဘက်မှ လောကက အနီရောင်မိုးသောက်အလင်းဖြင့် ထွန်းလင်းသွားသည်။ မိခင်ဂြိုလ်သည်တော့ ၎င်းက အရှင်လတ်လတ် အရေခွံဆွဲခွာခံထားရသော ဧရာမသားရဲတစ်ကောင်သဖွယ် ဖြစ်လာသည်။

မြေပြင်ပေါ်တွင် မျက်စိတစ်ဆုံး မြင်နိုင်သည်မှာ အနီရောင်ကြွက်သားအမျှင်များဖြင့် ပြည့်နှက်နေသော အသွေးအသားများ ဖြစ်သည်။ ကြွက်သားအမျှင်များက ကြက်ခြေခတ်များသဖွယ် အပြန်အလှန် ယှက်ထွေနေကြသည်။

ကြွက်သားအမျှင်များနှင့်အတူ ပျက်စီးနေသော သွေးကြောများကိုလည်း မြင်နိုင်ပေသည်။ ရွှေရောင်မူလအနှစ်သာရက ထိုသွေးကြောများထဲမှ စိမ့်ထွက်နေသည်။

ဂြိုလ်၏ အနက်ပိုင်းထဲမှ ချောက်ချားဖွယ်ကောင်းသော နှလုံးခုန်သံ ထွက်ပေါ်လာသည့်အခါ မြေပြင်တစ်ခုလုံး တုန်လှုပ်သွားသည်။ ဤသည်မှာ ရှေးဟောင်းသက်ရှိတစ်ကောင်က အိပ်မောကျနေခြင်းမှ နိုးထလာတော့မည့်အလားပင်။

ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ဤအခိုက်အတန့်မှာ သူ၏ နှလုံးခုန်သံက အလွန်မြန်ဆန်လာသည်။

မိခင်ဂြိုလ်၏ အရေပြားကို ဆွဲခွာခဲ့သော မိုးသောက်သခင်လေးသည် မရေမတွက်နိုင်သော သွေးကြောများ၊ ကြွက်သားအမျှင်များဖြင့် ပြည့်နှက်နေသော အသွေးအသားပေါ်သို့ ခြေချလိုက်သည်။ အရှေ့သို့ သူလျှောက်သွားနေစဉ် သူ၏ ဖိနပ်က ဂြိုလ်၏ ခြင်ဆီများဖြင့် ကပ်တွယ်သွားပြီး ယင်းတို့ကို စုပ်ယူလိုက်သည်။

သူ၏ ဘေးပတ်ပတ်လည်တွင် သွေးလှိုင်းလုံးများက အသွေးအသားကုန်းမြေထဲမှ ဒလဟော မြှောက်တတ်နေပြီး သူ့အတွက် နောက်ခံပန်းချီကားသဖွယ် ဖြစ်လာသည်။

တစ်ချိန်တည်းမှာ မိခင်ဂြိုလ်က နာကျင်စွာ အော်ဟစ်ညည်းညူနေစဉ် မရေမတွက်နိုင်သော မူလအပြစ်သားများက စူးရှသော အော်ဟစ်သံနှင့်အတူ အသွေးအသားများထဲမှ တွားသွားထွက်လာကြသည်။

ထိုအသံများက အတူတကွ ပေါင်းစည်းသွားသည့်အခါ ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းတစ်ခုကို ဖွဲ့စည်းသွားသည်။ ယင်းက သက်ရှိအားလုံးထံမှ ဝမ်းနည်းငိုကြွေးသံသဖွယ် အဆုံးမဲ့စွာ မြှောက်တတ်လာသည်။

မိုးသောက်သခင်လေးက အသွေးအသားပေါ်မှာ ဖြတ်လျှောက်သွားနေသည်။ သူက တစ်စုံတစ်ရာကို ရှာဖွေနေဟန် ရသည်။

မကြာမီ သူ၏ ပစ်မှတ်ကို ရှာတွေ့သွားသည်။

“ ဒီနေရာပဲ ”

မိုးသောက်သခင်လေးက သူ့ဘာသာ တီးတိုးရေရွတ်လိုက်ပြီး ညာလက်ကို မြှောက်လိုက်ကာ သူ၏ နဖူးရှေ့တွင် ထားလိုက်သည်။ ထို့နောက် သူက ကြမ်းတမ်းသော လှုပ်ရှားမှုဖြင့် အပြင်သို့ ဆွဲထုတ်လိုက်သည်။

ချက်ချင်းဆိုသလို ငွေရောင်လင်းလက်သွားပြီး ဤလောက၏ မိုးသောက်အလင်းက ဖိနှိပ်ခံလိုက်ရသည်။ ဧရာမဓားတစ်လက်က ထွက်ပေါ်လာသည်။

ထိုဓားက အင်မော်တယ်ဘုရင်၏ ဓားဖြစ်သည်။

ဓားထွက်ပေါ်လာသည်နှင့် မိုးသောက်သခင်လေးက တွန့်ဆုတ်မနေပေ။ သူက ဓားကို သူ့ခြေထောက်အောက်မှ အသွေးအသားထဲသို့ ထိုးစိုက်လိုက်ပြီး ကြမ်းတမ်းစွာ ပိုင်းဖြတ်လိုက်သည်။

ချက်ချင်းဆိုသလို ဂြိုလ်တစ်ခုလုံးက ပိုပြီးကျယ်လောင်စွာ အော်ဟစ်ညည်းညူလိုက်သည်။

စေးပျစ်သော သွေးက အပြင်သို့ တိုးထွက်လာသည်။

ဒဏ်ရာက မြန်ဆန်စွာ ကျယ်ပြောသွားလေရာ နှလုံးခုန်မြည်နေသော ဂြိုလ်အမြူတေက အောက်ဘက်မှ အသွေးအသားထဲမှ ထွက်ပေါ်လာသည်။

ယင်းက ပထမဆုံးနတ်ဘုရားကို ရှေးခေတ်မိခင်ဂြိုလ်က မွေးဖွားပေးခဲ့သော နန်းတော်နေရာ ဖြစ်သည်။

“ သူက… ”

လေထဲမှ ရွှီချင်းက ထိုအရာအားလုံးကို စောင့်ကြည့်နေရင်း နှလုံးတုန်လှုပ်သွားသည်။ ထို့နောက် လွန်စွာရူးမိုက်ဖွယ်ကောင်းပြီး မယုံကြည်နိုင်စရာကောင်းသော ခန့်မှန်းမှုတစ်ခုက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

သူ၏ ဘေးမှ ဝိညာဉ်ဖီးနစ်နတ်သမီးက ရွှီချင်းကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။

“ နင်ခန့်မှန်းမိသွားပြီမလား ”

“ ဟုတ်တယ်… နင်ရဲ့ အကိုကြီးက ဒီနေရာမှာ… နတ်ဘုရားတစ်ပါး ဖြစ်လာတော့မှာ… ”

All Chapters