← Chapters

မီမင်… ရွှီချင်း

Vol. 115 Ch. 1757

မီမင်… ရွှီချင်း

Vol. 115 Ch. 1757

ဝိညာဉ်ဖီးနစ်နတ်သမီးထံမှ စကားသံက ထက်ရှသော ဓားသွားများအလား မြူခိုးအားလုံးကို ရှင်းလင်းသွားသည်။ ယင်းက ရွှီချင်း၏ စိတ်ထဲမှ ရူးမိုက်သော ခန့်မှန်းမှုကို အမှန်တကယ် ဖြစ်စေသည်။

အမှတ်လေးကြယ်တာရာစက်ဝန်း၏ ပထမဆုံးနတ်ဘုရား မွေးဖွားလာခဲ့သော ဤနေရာတွင် နတ်ဘုရားအဖြစ်သို့ တတ်လှမ်းမည်။

မည်မျှရူးမိုက်သော အကြံအစည်လဲ။

သို့သော်လည်း မြူခိုးက ရှင်းလင်းသွားသည့်အခါ သံသယတချို့က ရွှီချင်း၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

အတိတ်မှာ သူက လမ်းစဉ်ပြောင်းလဲခဲ့သော အဖြစ်အပျက်များစွာကို မျက်မြင်တွေ့ခဲ့ဖူးသည်။ လမ်းစဉ်ပြောင်းလဲခြင်းမှာ အလွယ်တကူ လုပ်ဆောင်နိုင်သောအရာ မဟုတ်ပေ။

ရွှီချင်း၏ အတွေးများက ပရမ်းပတာ လှုပ်ခတ်သွားနေစဉ် သူ့ဘေးမှ ဝိညာဉ်ဖီးနစ်နတ်သမီးက ယင်းကို သတိပြုမိသွားပြီး ထပ်မံ ပြောသည်။

“ နင် အပြည့်အဝ နားမလည်သေးတဲ့ ကိစ္စတချို့ ရှိတယ် ”

“ အတိတ်မှာ ငါ့ခင်ပွန်းက သူ့ရဲ့ ရှေးခေတ်ကြေးမုံအာဏာစက်ကို ပထမဆုံးအကြိမ် ဖွဲ့စည်းနိုင်ခဲ့တဲ့အချိန်မှာ နတ်ဘုရားကပ်ဘေးက အဲ့ဒီထဲကို တိတ်တဆိတ် ဝင်ရောက်သွားခဲ့တယ်… ”

“ အဲ့ဒါက အများကြီး မဟုတ်ဘူး… နောက်ပိုင်းမှာ ငါ့အဖေက အဲ့ဒါကို သူ့ရဲ့ လျှို့ဝှက်ချက်အာဏာစက်နဲ့ ဖိနှိပ်ထားခဲ့တယ်… ဒါပေမဲ့လည်း နတ်ဘုရားကပ်ဘေးက အပြည့်အဝ မဖယ်ရှားခံခဲ့ရဘူး… ဒါကြောင့် အင်မော်တယ်ဘုရင်က ငါ့ခင်ပွန်းကို မိုးသောက်အင်မော်တယ်နန်းတော်ထဲမှာ ချိပ်ပိတ်ထားဖို့ ရွေးချယ်ခဲ့တယ် ”

“ အင်မော်တယ်ဘုရင်က သူ့သားကို ဆုံးရှုံးပြီးပြီ… ဒါကြောင့် သူ့မြေးနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ပထမအကြိမ်ကလိုမျိုး သူက တစ်ကိုယ်ကောင်းမဆန်တော့ဘူး… သူက သူ့မြေးကို အဆုံးရှုံးမခံချင်ဘူး ”

“ ငါ့ခင်ပွန်းရဲ့ ကိုယ်ထဲမှာ ကျန်နေခဲ့တဲ့ အမျှင်တန်းက… နတ်ဘုရားမီးပွား ဖြစ်တယ် ”

ထိုစကားကို ကြားသောအခါ အစတွင် ဝိညာဉ်ဖီးနစ်နတ်သမီးက ယင်းကို မိုးသောက်အင်မော်တယ်အရှင်သခင်နှင့် သူ့သားသာ ဆောင်ရွက်နိုင်သည်ဟု အဘယ့်ကြောင့်ပြောခဲ့ကြောင်း ရွှီချင်း နားလည်သွားသည်။

အဘယ့်ကြောင့်ဆိုသော် တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအခြေခံက ပိုပြီးမြင့်မားလေ သူ၏ ကံကြမ္မာကို ပြောင်းလဲရန် ပိုပြီးခက်ခဲလေ ဖြစ်သည်။

သာဓကအနေဖြင့် ဧကရီကို တွေးတောနိုင်သည်။ အတိတ်မှာ ဧကရီက အုပ်ချုပ်သူအဆင့်မှာသာ ရှိသေးသော်လည်း သူက ယဇ်ပူဇော်မှုအများအပြားကို လုပ်ဆောင်ခဲ့ရဆဲပင်။

ယခု မိုးသောက်သခင်လေးက အထွတ်အထိပ် နွေဦးအင်မော်တယ်အဆင့်မှာ ဖြစ်သည်။ သို့ဖြစ်၍ သူ၏ လမ်းစဉ်ပြောင်းလဲမှုက မည်မျှခက်ခဲပြီး ထိုအတွက် လိုအပ်မည့် ယဇ်ပူဇော်မှုများက မည်မျှများပြားကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။

သို့သော်လည်း ယခုတော့ ထိုလိုအပ်ချက်များအတွက် ပြီးပြည့်စုံပြီးသော အခြေခံအုတ်မြစ်တစ်ခုက အသင့်ရှိနေသည်။

ထိုအခြေခံအုတ်မြစ်က ရှေးခေတ်မိခင်ဂြိုလ် ဖြစ်သည်။

ဤနေရာက အမှတ်လေးကြယ်တာရာစက်ဝန်း၏ ပထမဆုံးနတ်ဘုရားကို မွေးဖွားခဲ့သောနေရာ ဖြစ်သည်။ သို့ဖြစ်၍ ဤနေရာက ထိုလိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးနိုင်ပြီး ၎င်း၏ အဆင့်အတန်းက လုံလောက်သည်။

သို့တိုင် လိုအပ်ချက်အားလုံးက ပြည့်စုံနေပြီး အဆင့်အတန်းက လုံလောက်လျှင်ပင် အထွတ်အထိပ် နွေဦးအင်မော်တယ်တစ်ပါး၏ လမ်းစဉ်ပြောင်းလဲမှုအတွက် အရေးကြီးတစ်စုံတစ်ခုက ကျန်ရှိနေဆဲပင်။

ယင်းက နတ်ဘုရားမီးပွား ဖြစ်သည်။

မီးပွားတစ်စက မီးတောက်ကို ဖန်တီးပေးနိုင်သကဲ့သို့ နတ်ဘုရားမီးတောက်ကို ထွန်းညှိရန် နတ်ဘုရားမီးပွားတစ်စကို လိုအပ်သည်။

နတ်ဘုရားမီးပွားသည် သာမန်မီးပွားမဟုတ်ပေ။ ယင်းကို သာမန်နည်းလမ်းများဖြင့် မရရှိနိုင်ပေ။

ထို့ကြောင့် ကျင့်ကြံသူတိုင်းက နတ်ဘုရားလမ်းစဉ်ကို မပြောင်းလဲနိုင်ကြချေ။

သို့သော်လည်း မိုးသောက်အင်မော်တယ်အရှင်သခင်နှင့် သူ့သားက ကွဲပြားခြားနားသည်။

အတိတ်မှာ အင်မော်တယ်ဘုရင်သည် အမှတ်ငါးကြယ်တာရာစက်ဝန်းမှ နတ်ဘုရင်၏ သေဆုံးမှုမှ ဖွဲ့စည်းသွားသော နတ်ဘုရားကပ်ဘေးဖြင့် ထိမှန်သွားခဲ့သည်။ နတ်ဘုရားကပ်ဘေးက သူ၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားခဲ့သည်။

ယင်းက နတ်ဘုရင်၏ အက်ကွဲသွားသော နတ်ဘုရားစွမ်းအင်အမြူတေမှ နောက်ဆုံးဖွဲ့စည်းသွားခဲ့သော အန္တိမကပ်ဘေးကျိန်စာ ဖြစ်သည်။ ယင်းထဲမှာ ၎င်း၏ အကန့်အသတ်မဲ့သော နတ်ဘုရားအစွမ်း ပါရှိသည်။

ထို့ကြောင့် အင်မော်တယ်ဘုရင်ကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်သည်ပင် နတ်ဘုရားကပ်ဘေးကို အပြည့်အဝ မဖယ်ရှားနိုင်ခဲ့ပေ။ ယင်းက အမျှင်တန်းတစ်ခုကို ကျန်ရစ်စေခဲ့ပြီး နောက်ဆုံးမှာ အမှတ်အသားတစ်ခု ဖြစ်လာသည်။

ထို့နောက် အင်မော်တယ်ဘုရင်က ထိုအမှတ်အသားကို ဖယ်ရှားရန် နည်းလမ်းတစ်ခုကို ရှာတွေ့သွားခဲ့သည်။ ယင်းက ထိုအမှတ်အသားကို သူ၏ နောင်မျိုးဆက်များဆီသို့ လက်ဆင့်ကမ်းပေးပြီး တဖြည်းဖြည်း ယိုယွင်းတိုက်စားပစ်ရန် ဖြစ်သည်။

ထို့ကြောင့် မိုးသောက်အင်မော်တယ်အရှင်သခင်က ဆိုးဝါးသော ဘဝကံကြမ္မာဖြင့် တွေ့ကြုံခဲ့ရသည်။ သူက ထိုကံကြမ္မာဆိုးကို သူ၏ သားဆီသို့ လက်ဆင့်မကမ်းပေးချင်သောကြောင့် သူ့ကိုယ်သူ အဆုံးသတ်ရန် ရွေးချယ်ခဲ့သည်။

သူ၏ အစီအစဉ်က အောင်မြင်သွားခဲ့ပြီး မိုးသောက်သခင်လေးက ချိပ်တံဆိပ်ထဲမှာ ရှင်သန်ကြီးထွားလာခဲ့သည်။ သို့သော် ထိုအောင်မြင်မှုက အပြည့်အဝ မဟုတ်ပေ။

သို့ဖြစ်၍ ယခုကဲ့သို့ နောက်ဆက်တွဲကိစ္စများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

မိုးသောက်သခင်လေးက အမှတ်လေးကြယ်တာရာစက်ဝန်း၏ ရှေးခေတ်မိခင်ဂြိုလ်ကို သူ၏ နတ်ဘုရားအခြေခံအုတ်မြစ်အဖြစ် ရွေးချယ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှာ ကြွင်းကျန်နေသော နတ်ဘုရားကပ်ဘေးအမျှင်တန်းက နတ်ဘုရားမီးပွား ဖြစ်လာလိမ့်မည်။

ထိုနည်းဖြင့် သူက လမ်းစဉ်ပြောင်းလဲပြီး နတ်ဘုရားအဖြစ်သို့ တတ်လှမ်းလိမ့်မည်။

“ သူက နတ်ဘုရားတစ်ပါးပဲ ဖြစ်လာမှာမဟုတ်ဘူး… သူက ဒီနေရာမှာ နတ်ဘုရားအရှင်သခင်အဖြစ်ကို တတ်လှမ်းလိမ့်မယ် ”

ရွှီချင်းက အံ့ဩမင်သက်သွားပြီး သူ၏ မျက်လုံးက ထွန်းလင်းသွားသည်။

“ ရှေးခေတ်မိခင်ဂြိုလ်ရဲ့ အဆင့်အတန်းရယ် နတ်ဘုရားအရှင်သခင်တစ်ပါးရဲ့ အစွမ်းနဲ့ဆိုရင်… သူအောင်မြင်သွားတဲ့အခါ အမှတ်လေးကြယ်တာရာစက်ဝန်းရဲ့ ကံကြမ္မာကို သိမ်းပိုက်နိုင်သွားလိမ့်မယ်… ပြီးတော့ အမှတ်လေးကြယ်တာရာစက်ဝန်းက သူနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်သွယ်သွားလိမ့်မယ် ”

“ နောက်လာမယ့်အရာကတော့… ”

ရွှီချင်းက အသက်ရှူမြန်လာသည်။ သူခန့်မှန်းနိုင်သွားသည်။

ထို့ပြင် သူက ဤနေရာမှ သူနှင့် ဝိညာဉ်ဖီးနစ်နတ်သမီး၏ တာဝန်ကိုလည်း ရေးတေးတေး နားလည်သွားသည်။

“ ငါတို့က သူနတ်ဘုရားဖြစ်လာတဲ့အခါကျရင် သူ့ရဲ့ လူသားသဘာဝကို ထိန်းသိမ်းပေးမယ့် ကျောက်ဆူးကြိုးတွေ… ”

ရွှီချင်းက ဝိညာဉ်ဖီးနစ်နတ်သမီးကို ကြည့်လိုက်သည်။

သူ၏ အစောပိုင်းနှစ်များတွင် လူသားသဘာဝနှင့် နတ်ဘုရားသဘာဝကြားမှ အပြန်အလှန် ဆန့်ကျင်မှုကို ကိုယ်တိုင် တွေ့ကြုံခံစားခဲ့ဖူးသည်။ သို့ဖြစ်၍ ထိုသို့နတ်ဘုရားအခြေအနေတွင် ကျောက်ဆူးကြိုးက မည်မျှအရေးကြီးကြောင်း သူနားလည်သည်။

“ ငါက သူ့ရဲ့ ဇနီးဖြစ်တယ်… နင်ကတော့ ကြေးမုံလောကထဲမှာ သူ့ရဲ့ သရုပ်ကို တစ်ခါရခဲ့ဖူးတယ်… ပြီးတော့ နင်က သူ့ကို ချိပ်ပိတ်မှုကနေ လွတ်မြောက်အောင် ကယ်တင်ပေးခဲ့တယ်… ဒါ့အပြင် နင်က မိုးသောက်ကောင်းကင်ဘုံအလွန်ကို ထိန်းချုပ်ထားတယ်… အဲ့ဒါကြောင့် နင်နဲ့ သူ့ကြားက ကမ္မဆက်နွယ်မှုက မထင်မှတ်ထားလောက်အောင် အရမ်းအားကောင်းတယ် ”

“ ဒီလောကမှာ ငါတို့နှစ်ယောက်ပဲ သူ့အတွက် ကျောက်ဆူးကြိုး ဖြစ်လာနိုင်တယ် ”

ဝိညာဉ်ဖီးနစ်နတ်သမီး၏ စကားသံက ပဲ့တင်ထပ်သွားသည့်အခါ ရွှီချင်း၏ နှလုံးက ပရမ်းပတာ တုန်လှုပ်သွားသည်။

အောက်ဘက်တွင် မိုးသောက်သခင်လေးက အသွေးအသားပေါ်မှာ တင်ပျဉ်ခွေထိုင်လိုက်သည်။ အနီရောင်ကောင်းကင်ပေါ်မှ မိုးသောက်အလင်းက ချောက်ချားဖွယ်ကောင်းစွာ ဖြာဆင်းကျနေစဉ် သူ၏ ဆံပင်ရှည်များက တလက်လက် တောက်ပနေသည်။

သူက ခေါင်းငုံ့လိုက်ပြီး အသွေးအသားထဲမှာ ထွက်ပေါ်နေသော ဂြိုလ်နန်းတော်ကို ကြည့်လိုက်သည်။

မိုးခြိမ်းသံနှင့်ဆင်တူသော သွေးခုန်သံက ဂြိုလ်နန်းတော်၏ အသွေးအသားထဲမှ ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေပြင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။

ယင်းက ဤဂြိုလ်၏ သွေးခုန်သံ ဖြစ်သည်။

သွေးခုန်သံက ပြန်လည်ရှင်သန်ခြင်းစိတ်ဆန္ဒနှင့်အတူ ပဲ့တင်ထပ်နေသည်။ ဤသည်မှာ မိခင်ဂြိုလ်က နိုးထလာနေသည့်အလားပင်။

သွေးခုန်သံကို နားထောင်ပြီး ပြန်လည်ရှင်သန်ခြင်းစိတ်ဆန္ဒကို အာရုံခံနေရင်း မိုးသောက်သခင်လေးက အေးဆေးတည်ငြိမ်စွာ ရှိနေသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး အင်မော်တယ်ဘုရင်၏ ဓားကို သူ၏ ရင်ဘက်ထဲသို့ ထိုးစိုက်လိုက်သည်။

ဓားက သူ၏ သွေးနှင့် ထိသွားသည့်အခိုက် အရည်ပျော်သွားပြီး သူနှင့် ပေါင်းစပ်သွားသည်။

ထိုသို့လုပ်ဆောင်ပြီးနောက် မိုးသောက်သခင်လေးက မျက်လုံးမှိတ်လိုက်သည်။ သူက လက်မြှောက်လိုက်ပြီး ချိပ်တံဆိပ်တစ်ခုကို ဖြည်းညင်းစွာ ဖွဲ့စည်းလိုက်သည်။ ထို့နောက် သူက စကားလုံးနှစ်လုံးကို ရေရွတ်လိုက်သည်။

“ သွေးစာချုပ် ”

ထိုစကားများ သူ၏ ပါးစပ်ထဲမှ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ကောင်းကင်နှင့် မြေပြင်က ဝုန်းခနဲ မြည်ဟိန်းသွားသည်။

မိခင်ဂြိုလ်၏ ရုန်းကန်မှုက ပိုပြီးပြင်းထန်လာသည်။ မြေပြင်က အပြင်းအထန် တုန်လှုပ်သွားပြီး ပြန်လည်ရှင်သန်ခြင်းစိတ်ဆန္ဒက ပိုပြီးအားကောင်းလာသည်။

သို့သော်လည်း မိုးသောက်သခင်လေး၏ အမူအရာက မပြောင်းလဲသွားပေ။ သူ၏ မျက်လုံးက မှိတ်ထားဆဲပင်။ သို့သော်လည်း အစီအရင်မျဉ်းကြောင်းများက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ စတင်ထွက်ပေါ်လာကြသည်။

ထိုမျဉ်းကြောင်းများက သူ၏ သွေးကြောများမှ ဖွဲ့စည်းသွားကြခြင်း ဖြစ်သည်။

သူ၏ အရေပြားအောက်မှ သွေးကြောများက ရုတ်တရက် ဖောင်းကြွလာကြသည်။

အဝေးမှကြည့်လျှင် အနီရောင်မြွေများက သူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားဟန် အောက်မေ့ရ၏။

နှလုံးခုန်သံသည်လည်း သူ၏ ရင်ဘက်ထဲမှ ထွက်ပေါ်လာသည်။

ဒုန်း… ဒုန်း… ဒုန်း…

ထိုနှလုံးခုန်သံက မိခင်ဂြိုလ်၏ သွေးခုန်သံနှင့် စည်းချက်မညီပေ။ ထိုအသံနှစ်သံက လေထဲမှာ ယှက်ထွေသွားသည့်အခါ ဟင်းလင်းပြင်က လှိုင်းအတွန့်တွန့်ထသွားသည်။

ထို့နောက် မိုးသောက်သခင်လေးက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ မျက်နှာက စတင်ရှုံ့မဲ့လာသည်။ သူက လက်နှစ်ဖက်စလုံးကို မြှောက်လိုက်ပြီး သူ၏ ရင်ဘက်ပေါ်သို့ အကြမ်းပတမ်း ဖိချလိုက်သည်။

ချက်ချင်းဆိုသလို သူ၏ အရေပြားအောက်မှာ ဖောင်းကြွနေသော သွေးကြောများက သူ့ခန္ဓာကိုယ်၏ အပြင်သို့ ဖောက်ထွက်သွားကြသည်။

ယင်းတို့က အရပ်မျက်နှာအဘက်ဘက်ဆီသို့ ဆန့်တန်းသွားကြသည်။

သွေးကြောများက စုစုပေါင်း သုံးသောင်းခြောက်ထောင် ရှိကြသည်။ နောက်အခိုက်အတန့်မှာ သွေးကြောတစ်ခုစီက ရိုင်းစိုင်းကြမ်းတမ်းသော လက်တံများအဖြစ် ထပ်မံ ခွဲထွက်သွားကြသည်။ လက်တံများက အင်မော်တယ်ဘုရင်၏ ဓားအရှိန်အဝါကို သယ်ဆောင်လျက် အောက်ဘက်မှ ဂြိုလ်နန်းတော်ဆီသို့ တစ်ဟုန်ထိုး ဆင်းသက်သွားကြသည်။

အဝေးမှကြည့်လျှင် ထိုမြင်ကွင်းက အံ့ဩထိတ်လန့်ဖွယ်ကောင်းသည်။

ရှေးခေတ်ဂြိုလ်တစ်ခုလုံးက အပြင်းအထန် တုန်ယင်သွားပြီး တွန်းကန်အားက ဂြိုလ်နန်းတော်မှ ပေါက်ကွဲထွက်လာသည်။ နန်းတော်က ထိုသွေးကြောများကို ခုခံတားဆီးချင်သည်။

သို့သော်လည်း သွေးကြောလက်တံများက အလွယ်တကူ ဖောက်ထွင်းသွားကြသည်။

ယင်းတို့က အရာအားလုံးကို ချေမှုန်းဖျက်ဆီးလိုက်ပြီး မိခင်ဂြိုလ်၏ ဂြိုလ်နန်းတော်ထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်သွားကြသည်။

ယင်းတို့က နန်းတော်၏ အသွေးအသားနံရံများကို ထိုးဖောက်လိုက်ကြသည်။

ချက်ချင်းဆိုသလို ရှေးခေတ်မိခင်ဂြိုလ်က သေခါနီးသားရဲသဖွယ် အော်ဟစ်ညည်းညူလိုက်သည်။ သွေးလှိုင်းလုံးများက အသွေးအသားကုန်းမြေထဲမှ ဒလဟော မြှောက်တတ်လာကြသည်။

သို့သော်လည်း ထိုအော်ဟစ်ညည်းညူသံက မိုးသောက်သခင်လေး၏ သွေးကြောများကို မတားဆီးနိုင်ပေ။ လျှပ်တစ်ပြက်အတွင်းမှာ ပိုမိုများပြားသော သွေးကြောများက အထဲသို့ တိုးဝင်သွားကြပြီး မိခင်ဂြိုလ်၏ အသွေးအသားထဲသို့ ထိုးဖောက်သွားကြသည်။

သွေးကြောများက ပိုပြီးနက်ရှိုင်းသော အနက်ပိုင်းထဲသို့ ဆင်းသက်သွားကြသည်။ ဤသည်မှာ ယင်းတို့က တစ်စုံတစ်ခုကို ရှာဖွေနေသည့်အလားပင်။

နောက်ဆုံးမှာတော့ ယင်းတို့က ကမ္ဘာမြေ၏ သွေးကြောများနှင့် အတူတကွ ယှက်ထွေသွားကြပြီး ကပ်တွယ်ခြင်းစိတ်ဆန္ဒကို ဖွဲ့စည်းလိုက်ကြသည်။ ထို့နောက် မိခင်ဂြိုလ်၏ သွေးခုန်သံက ရုတ်တရက် ရပ်တန့်သွားသည်။

သွေးခုန်သံက နောက်တစ်ကြိမ် ပြန်ထွက်ပေါ်လာသည့်အခါ ယင်းက မိုးသောက်သခင်လေး၏ နှလုံးခုန်သံနှင့် ဖြည်းဖြည်းချင်း တစ်သားတည်း ဖြစ်သွားသည်။

နောက်ဆုံးမှာတော့ နောက်ဆုံးသွေးကြောက ယင်း၏ ကပ်တွယ်ခြင်းအလုပ်ကို ပြီးမြောက်သွားသည့်အခါ အသွေးအသားပေါ်မှာ တင်ပျဉ်ခွေထိုင်နေသော မိုးသောက်သခင်လေးက ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။

ယခု သူ၏ မျက်လုံးများက နတ်ဘုရားတစ်ပါး၏ မျက်လုံးများသဖွယ် ရွှေရောင်ထွန်းလင်းနေသည်။

သူအသက်ရှူသွင်းလိုက်တိုင်း ဂြိုလ်တစ်ခုလုံးက သိမ့်သိမ့်တုန်သွားလိမ့်မည်။

သူ၏ နှလုံးခုန်သံက မိခင်ဂြိုလ်၏ သွေးခုန်သံနှင့် အပြည့်အဝ စည်းချက်ညီသွားသည်။ ဤအခိုက်အတန့်မှာ သူက မိခင်ဂြိုလ်နှင့် တစ်သားတည်းဖြစ်သွားဟန် အောက်မေ့ရ၏။

လေထဲတွင် ရွှီချင်းနှင့် ဝိညာဉ်ဖီးနစ်နတ်သမီးက ထိုအဖြစ်အပျက်အားလုံးကို မြင်သွားသောအခါ နှလုံးတုန်လှုပ်သွားကြသည်။ တစ်ချိန်တည်းမှာ မိုးသောက်သခင်လေးက ရုတ်တရက် ခေါင်းမော့လိုက်သည်။ သူ၏ ရွှေရောင်မျက်လုံးများမှ အကြည့်က ရွှီချင်းအပေါ်သို့ ကျရောက်သွားသည်။

ထို့နောက် သူက ပြုံးဖြီးလိုက်သည်။

သူ၏ လက်ရှိအသွင်သဏ္ဍာန်ကြောင့် ထိုပြုံးဖြီးမှုက ကျောချမ်းစရာကောင်းသည်။

“ ညီလေး ”

“ အကိုကြီးက ဂြိုလ်ကို အရေခွံခွာပြီး သွေးစာချုပ်ကို ချုပ်ပြီးသွားပြီ… နတ်ဘုရားအဖြစ်တတ်လှမ်းမယ့် ရိုးရာဓလေ့အတွင်းမှာ အရသာရှိတဲ့ စားစရာတချို့ ရှိလိမ့်မယ် ”

“ ဥပမာ ဒီရှေးခေတ်မိခင်ဂြိုလ်ရဲ့ မှတ်ဉာဏ်တွေ… ”

“ မင်း… အကိုကြီးဆီ လာချင်လား… ငါတို့အတူတူ အဲ့ဒါကို စားကြမယ် ”

မိုးသောက်သခင်လေးက ပြုံးဖြီးလျက် ရွှီချင်းကို ဖိတ်ခေါ်သည်။

ယင်းကို ကြားသောအခါ ရွှီချင်းက အံ့ဩသွားပြီး သူ၏ မျက်လုံးက ဝင်းလက်တောက်ပသွားသည်။

သူက အောက်သို့ ချက်ချင်း ဆင်းသက်သွားပြီး မိုးသောက်သခင်လေး၏ ဘေးမှာ ရပ်လိုက်သည်။ ထို့နောက် သူက ရှေးခေတ်မိခင်ဂြိုလ်၏ အသွေးအသားပေါ်မှာ တင်ပျဉ်ခွေထိုင်လိုက်သည်။

ရွှီချင်းရောက်လာသည်ကို မြင်သောအခါ မိုးသောက်သခင်လေးက ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ ထို့နောက် သူက ညာလက်ကို မြှောက်လိုက်ပြီး လက်ညှိုးညွှန်လိုက်သည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်ထဲမှ သွေးကြောတစ်ခုက ရွှီချင်းဆီသို့ ဆန့်တန်းသွားပြီး သူ့အရှေ့မှာ မျောလွင့်သွားသည်။

ရွှီချင်းက နှုတ်ဆိတ်သွားပြီး မိုးသောက်သခင်လေးကို ကြည့်လိုက်သည်။ အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် သူက ညာလက်ကို ရုတ်တရက် မြှောက်လိုက်သည်။ သူ၏ လက်ညှိုးက သူ့အရှေ့မှ သွေးကြောနှင့် ထိတွေ့သွားသည်။

နောက်အခိုက်အတန့်မှာ မိုးသောက်သခင်လေး၏ အသံက လောကတစ်ခွင် ပဲ့တင်ထပ်သွားသည်။

“ ဂြိုလ်ဝိညာဉ် ”

ရွှီချင်း၏ အသိစိတ်က ဝုန်းခနဲ မြည်ဟိန်းသွားသည်။

ရှေးခေတ်မိခင်ဂြိုလ်၏ မှတ်ဉာဏ်များက ဤအခိုက်အတန့်မှာ မိုးသောက်သခင်လေး၏ သိမ်းပိုက်ခံလိုက်ရပြီး ရေလှိုင်းလုံးအဖြစ် ပြောင်းလဲသွားကာ သူ၏ အသိစိတ်ထဲသို့ တစ်ဟုန်ထိုး တိုးဝင်လာသည်။ မိုးသောက်သခင်လေးက ထိုရေလှိုင်းလုံးကို စစ်ထုတ်ပြီးနောက် သန့်စင်သော အစိတ်အပိုင်းတချို့ကို ရွှီချင်း၏ အသိစိတ်ထဲသို့ ပို့လွှတ်လိုက်သည်။

ချက်ချင်းဆိုသလို ရွှီချင်း၏ တစ်ကိုယ်လုံးက အပြင်းအထန် တုန်ယင်သွားသည်။ ဤအခိုက်အတန့်မှာ သူက မရေမတွက်နိုင်သော နတ်ဘုရားပုံရိပ်များ၊ အံ့ဖွယ်ကောင်းသော လျှို့ဝှက်ချက်များ၊ မူလအနှစ်သာရမှ ဖွဲ့စည်းသွားသော ကြယ်တာရာမြစ်များနှင့် ထိုကြယ်တာရာမြစ်များထဲမှာ ပေါလောပေါ်နေသော အစစ်အမှန်နာမည်များကို မြင်တွေ့သွားသည်။

အကန့်အသတ်မဲ့သော မှတ်ဉာဏ်များနှင့် အဆုံးမဲ့သော သတင်းအချက်အလက်များက သူ၏ အသိစိတ်ထဲမှာ ဒလဟော ထွက်ပေါ်လာကြသည်။

တစ်ချိန်တည်းမှာ မိုးသောက်သခင်လေးက ထိုမှတ်ဉာဏ်များကို စုပ်ယူနေစဉ် သူ၏ ဝိညာဉ်က အပေါ်သို့ ဆန်တတ်သွားသည်။

၎င်းက လှိုင်းလုံးများကို လှုံ့ဆော်လိုက်သည်။ ဤသည်မှာ မိုးသောက်သခင်လေးက သူ၏ အစစ်အမှန်နာမည်ကို ထိုမှတ်ဉာဏ်များ၊ ကြယ်တာရာမြစ်များနှင့် အမည်မသိအရာထဲမှာ ရေးထွင်းနေသည့်အလားပင်။

မီမင်…

မှတ်ဉာဏ်ရေလှိုင်းလုံးထဲမှာ ရှိနေသော ရွှီချင်းသည်လည်း ယင်းကို သတိထားမိသွားသည်။ လှိုင်းလုံးများကြားထဲ၌ ဖွဲ့စည်းသွားသော စာလုံးနှစ်လုံးကို သူအာရုံခံနိုင်သည်။

ထိုစဉ် မိုးသောက်သခင်လေး၏ အသံက ရွှီချင်း၏ စိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။

“ ဘာကို စောင့်နေတာလဲ… မင်းရဲ့ နာမည်ကို ရေးထွင်းလိုက်ပါ ”

“ အဲ့ဒါက မင်းရဲ့ မရီးနဲ့ တခြားလူတွေ မလုပ်ဆောင်နိုင်တဲ့အရာပဲ… ဘာလို့ဆို သူတို့မှာ နတ်ဘုရားသဘာဝ မရှိဘူး… ဒါပေမဲ့ မင်းကတော့ ခြားနားတယ် ”

“ မင်းက တစ်ခုခုထူးခြားတာကို အတိတ်မှာ ငါသတိထားမိခဲ့တယ်… အပေါ်ယံကြည့်ရင် မင်းက သန့်စင်တဲ့ အင်မော်တယ်တစ်ပါးနဲ့ ဆင်တူတယ်… ဒါပေမဲ့ မင်းရဲ့ အတွင်းပိုင်းထဲမှာ နတ်ဘုရားစိတ်ဆန္ဒတစ်ခုက နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတယ်… တကယ်လို့ ငါ့အထင် မမှားဘူးဆိုရင် မင်းမှာ နောက်ထပ် ခန္ဓာကိုယ်တစ်ခု ရှိရမယ်… ပြီးတော့ အဲ့ဒါက နတ်ဘုရားခန္ဓာကိုယ်ဖြစ်ရမယ် ”

“ အဲ့ဒါကြောင့် မင်းလည်းပဲ ငါ့လို ဒီနေရာမှာ နာမည်ချန်ထားနိုင်တယ် ”

“ မြန်မြန် မင်းရဲ့ နာမည်ကို ရေးထွင်းလိုက်ပါ… အဲ့ဒါက အမှတ်လေးကြယ်တာရာစက်ဝန်းဆီကနေ အလကားရတဲ့ အကျိုးခံစားခွင့်ပဲ… ဘယ်လောက်ကောင်းလိုက်လဲ… ဟား ဟား… ”

မိုးသောက်သခင်လေးက အမြန်အသံပို့လွှတ်လိုက်သည်။

ယင်းကို ကြားသောအခါ ရွှီချင်း၏ အသိစိတ်က ပရမ်းပတာ လှုပ်ခတ်သွားသည်။ နောက်အခိုက်အတန့်မှာ သူက စိတ်ဓာတ်ပြတ်သားစွာ ဆုံးဖြတ်ချက်ချလိုက်ပြီး သူ့ကိုယ်ပိုင်အမှတ်အသားကို ထုတ်လွှတ်လိုက်သည်။ မိုးသောက်သခင်လေး၏ ကူညီပေးမှုအောက်မှာ သူက ကြယ်တာရာမြစ်များကို လှိုင်းတဝုန်းဝုန်းထအောင် ပြုလုပ်နိုင်သွားပြီး လှိုင်းလုံးများကြားထဲမှာ သူ၏ နာမည်ကို ရေးထွင်းလိုက်သည်။

ရွှီချင်း…

ထိုနာမည်က နတ်ဘုရားများ၏ အစစ်အမှန်နာမည်များ၏ ကြယ်တာရာမြစ်ထဲမှာ ထွက်ပေါ်လာသည်။ နာမည်က တစ်ကြိမ် ထွန်းလင်းတောက်ပသွားပြီးနောက် ကြယ်တာရာမြစ်ထဲသို့ နစ်မြုပ်သွားသည်။

“ ကောင်းပြီ ညီလေး… နောင်ကျရင် အဲ့ဒီအကျိုးအမြတ်ကို မင်းခံစားရလိမ့်မယ်… အခုတော့… မင်းရဲ့ အကိုကြီးက နတ်ဘုရားအဖြစ်ကို တတ်လှမ်းတော့မယ် ”

မိုးသောက်သခင်လေး၏ ရယ်မောသံက ပဲ့တင်ထပ်သွားသည်။ ထို့နောက် အလွန်အားကောင်းသော အင်အားက သူ့ထံမှ ထွက်ပေါ်လာပြီး ရွှီချင်း၏ အသိစိတ်ထဲသို့ မဝင်ရောက်မီ သိမ်မွေ့နူးညံ့သွားသည်။ ထိုအင်အားက ရွှီချင်းကို ရှေးခေတ်မိခင်ဂြိုလ်၏ မှတ်ဉာဏ်များထဲမှ အပြင်ဘက်သို့ ဆွဲထုတ်ပေးလိုက်သည်။

နောက်အခိုက်အတန့်မှာ ရွှီချင်းက မျက်လုံးဖွင့်လိုက်သည်။ သူက တုံ့ဆိုင်းမနေဘဲ ချက်ချင်း အနောက်ဆုတ်သွားပြီး လေထဲမှာ ရပ်လိုက်သည်။ တစ်ချိန်တည်းမှာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းအတတ်အကျများက သူ့အောက်မှ မိုးသောက်သခင်လေးထံမှ ပျံ့နှံ့ထွက်လာကြသည်။

ရှေးခေတ်မိခင်ဂြိုလ်တစ်ခုလုံးက ဆက်လက် တုန်လှုပ်သွားပြီး ၎င်း၏ အသွေးအသားများက လူးလွန့်သွားသည်။ ထို့နောက် ရှုပ်ထွေးနက်နဲသော အစီအရင်မျဉ်းကြောင်းများက အသွေးအသားများပေါ်မှာ ထွက်ပေါ်လာကြသည်။

ထိုမျဉ်းကြောင်းများက မိုးသောက်သခင်လေး၏ ခန္ဓာကိုယ်ပေါ်မှ မျဉ်းကြောင်းများနှင့် တစ်ထပ်တည်း ဆင်တူကြသည်။

ယင်းက သူ၏ အရှိန်အဝါကို တစ်ဟုန်ထိုး တိုးမြှင့်သွားစေပြီး ဒြပ်နှောများကို ထုတ်လွှတ်ပေးလိုက်သည်။

ဤအခိုက်အတန့်မှာ ကောင်းကင်နှင့် မြေပြင်ကို တုန်လှုပ်သွားစေမည့် နတ်ဘုရားစိတ်ဆန္ဒက ပေါ်လျှိုးလာသည်။

ထို့နောက် မိုးသောက်သခင်လေးက ဖြည်းညင်းစွာ မျက်လုံးပြန်ဖွင့်လိုက်သည်။

သူ၏ ညာဘက်မျက်လုံးထဲမှာ ပျက်စီးနေသော ကြယ်စင်စုပုံရိပ်များ ထွက်ပေါ်နေစဉ် သူ၏ ဘယ်ဘက်မျက်လုံးထဲမှာ စကြာဝဠာမိုးကြိုးက ဝဲကတော့သဖွယ် လှည့်ပတ်နေသည်။ မျက်စိကျိန်းစပ်လုနီးပါး ထွန်းလင်းတောက်ပသော ရွှေရောင်အလင်းက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။

ထို့နောက် သူက ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်သည်။ မရေမတွက်နိုင်သော သွေးကြောလက်တံများက သူ၏ ခန္ဓာကိုယ်နှင့် ချိတ်ဆက်နေလေရာ ယခု သူ၏ အသွင်သဏ္ဍာန်က အလွန်ချောက်ချားဖွယ်ကောင်းသည်။

သို့သော်လည်း ယင်းက နတ်ဘုရားဆန်မှုကို ပေးစွမ်းသည်။

သူက နတ်ဘုရားတစ်ပါးဖြစ်လာသည်။

သူက အထွတ်အထိပ် အစစ်အမှန်နတ်ဘုရားတစ်ပါး ဖြစ်သည်။

All Chapters