← Chapters

မိုးသောက်ခေတ်

Vol. 115 Ch. 1761

မိုးသောက်ခေတ်

Vol. 115 Ch. 1761

အမှတ်လေးကြယ်တာရာစက်ဝန်းထဲ၌…

ရှေးခေတ်မိခင်ဂြိုလ်၏ အသွေးအသားကုန်းမြေပေါ်တွင် မိုးသောက်သခင်လေးက အပြည့်အစုံ နတ်ဘုရားတစ်ပါးဖြစ်သွားသည်။ သူ၏ သေမျိုးအသွင်သဏ္ဍာန်က ကျင့်ကြံသူအခွံနှင့်အတူ ကွာကျသွားသည်။ ယခု သူက မွန်မြတ်သန့်စင်သော တည်ရှိမှုတစ်ခု ဖြစ်လာသည်။

သူက ဖြည်းညင်းစွာ ခေါင်းမော့လိုက်သည်။

သူက နေရာမှာ မတ်တတ်ရပ်နေစဉ် သူ၏ တစ်ကိုယ်လုံးမှ ပြိုင်ဘက်ကင်းအရှိန်အဝါကို ထုတ်လွှတ်နေသည်။

ပုံရိပ်ယောင်နှင့် အစစ်အမှန်ကြားမှ ဒိုင်မန်းရှင်းများကို ဆက်သွယ်ပေးထားသော သူ၏ ကျောရိုးက အနည်းငယ် တုန်ယင်သွားသည်။ သူအသက်ရှူထုတ်လိုက်သည့်အခါ အမှတ်လေးကြယ်တာရာစက်ဝန်း၏ ကမ္ဘာမြေဆွဲအားက ကမောက်ကမာဖြစ်သွားပြီး အားလှိုင်းဂယက်များက ကြယ်တာရာစက်ဝန်းတစ်ခုလုံးဆီသို့ ပျံ့နှံ့သွားသည်။

သူ၏ အသွင်သဏ္ဍာန်ကို ရွှီချင်းနှင့် ဝိညာဉ်ဖီးနစ်နတ်သမီးက ရှင်းလင်းစွာ မြင်နေရသော်လည်း ထိုပုံသဏ္ဍာန်က သူတို့၏ စိတ်ထဲမှာ ဝေဝေဝါးဝါးပင် မထွက်ပေါ်လာပေ။

တစ်နည်းဆိုရသော် သူတို့က မိုးသောက်သခင်လေးကို မြင်နိုင်သော်လည်း သူ၏ အသွင်သဏ္ဍာန်ကို သူတို့၏ စိတ်ထဲမှာ မမှတ်နိုင်ပေ။

သူ၏ အသွင်သဏ္ဍာန်ကို သူတို့၏ အတွေးများဖြင့် မဖွဲ့စည်းနိုင်ပေ။

အဘယ့်ကြောင့်ဆိုသော် သူ၏ ဘဝအဆင့်အတန်းက အလွန်မြင့်မားသောကြောင့် ဖြစ်သည်။ သူတို့မြင်လိုက်သော အရာကို သူတို့၏ စိတ်အာရုံများနှင့် အတွေးများက ပုံမဖော်ပေးနိုင်သည်အထိ ယင်းက အလွန်အဆင့်မြင့်သည်။

အကယ်၍ သူတို့က ယင်းကို အတင်းအကျပ် ပုံဖော်ကြည့်မည်ဆိုလျှင် သူတို့၏ အသိစိတ်က သေချာပေါက် ပြိုကွဲပျက်စီးသွားလိမ့်မည်။

ဤသည်မှာ သူတို့က ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ရင်ဆိုင်နေရသည့်အလားပင်။

ကံကြမ္မာဟူသည် နက်နဲသိမ်မွေ့ပြီး အလွန်အံ့ဖွယ်ကောင်းသည်။

မိုးသောက်သခင်လေး၏ အရှိန်အဝါအောက်မှာ ကောင်းကင်နှင့် မြေပြင်က ပရမ်းပတာ တုန်လှုပ်သွားသည်။ ယင်းက သက်ရှိအားလုံးကို သူ့အား အလိုအလျောက် သက်ဝင်ယုံကြည်လာစေနိုင်ဟန် ရသည်။

ရွှီချင်းက နှလုံးတုန်လှုပ်သွားသည်။ ဤနေရာမှာ ရှိနေသူက သူ၏ အင်မော်တယ်ခန္ဓာကိုယ်သာဖြစ်သော်လည်း သူ့မှာ ဝမ်ကူးကုန်းမြေတွင် ချန်ထားခဲ့သော နတ်ဘုရားခန္ဓာကိုယ်တစ်ခု ရှိသေးသည်။ ထိုနတ်ဘုရားခန္ဓာကိုယ်ကို ရှေးဦးအပျက်အစီး၏ အသွေးအသားဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ၎င်းထဲမှာ ကံကြမ္မာအကြွင်းအကျန်များ ရှိသည်။

ထို့ပြင် သူ့ဆီမှာ ကံကြမ္မာနတ်ဘုရားအခွင့်အာဏာမှ ဒြပ်ထည်ဖွဲ့စည်းသွားသော ကံကြမ္မာရေးထွင်းခြင်းဓားမြှောင်ရှိပြီး သူ၏ နတ်ဘုရားခန္ဓာကိုယ်က ကံကြမ္မာအကြောင်း နက်နဲစွာ နားလည်သဘောပေါက်ထားသည်။

သို့ဖြစ်၍…

ဤအခိုက်အတန့်မှာ ရွှီချင်းက အကြောင်းအရင်းကို နားလည်သွားသည်။

အင်မော်တယ်ဘုရင်က မည်သို့ကြောင့် သူ့ကို ဤနေရာဆီသို့ စေလွှတ်ခဲ့ကြောင်း သူသိသွားသည်။

နတ်ဘုရားအရှင်သခင်အဖြစ် တတ်လှမ်းသွားသော မိုးသောက်သခင်လေး၏ နတ်ဘုရားစွမ်းအင်အမြူတေအတွင်းမှ သူရင်းနှီးကျွမ်းဝင်သော ဇစ်မြစ်ကို ရွှီချင်း အာရုံခံမိသွားသည်။

“ ရှေးဦးအပျက်အစီး… ”

ရွှီချင်းက သူ၏ စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။

ထိုစဉ် ကောင်းကင်နှင့် မြေပြင်ကို တုန်လှုပ်သွားစေမည့် မိုးသောက်သခင်လေး၏ အသံက အမှတ်လေးကြယ်တာရာစက်ဝန်းတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။

“ ကံကြမ္မာလှည်းဘီးပေါ်က ဝိညာဉ်တိုင်းဟာ ဦးတည်ရာအမျိုးမျိုးနဲ့သက်ဆိုင်တဲ့ အလှည့်ကျ ပုံဖော်ခြင်း ဖြစ်တယ် ”

“ အဲ့ဒါက အကြောင်းအရင်းပေါ်မူတည်ပြီး ကွဲပြားသွားတယ်… အဲ့ဒါက ဖရိုဖရဲအကန့်အသတ်ကို ချိုးဖြတ်မယ့် ထူးဆန်းတဲ့ ဆွဲဆောင်မှုတစ်ခု ဖြစ်တယ် ”

“ ပြီးတော့ စစ်မှန်တဲ့ ကံကြမ္မာနတ်ဘုရားဆိုတာဟာ… တကယ်တော့ ပေါက်ချွန်းကို ကိုင်ဆောင်ထားတဲ့ သတ္ထူတွင်းဖောက်သူပဲ ”

“ သက်ရှိအားလုံး… ကျင့်ကြံသူအားလုံး… နတ်ဘုရားအားလုံးဟာ… သူတို့ရဲ့ ကိုယ်ပိုင်ကံကြမ္မာရဲ့ နတ်ဘုရားတွေ ဖြစ်ကြတယ် ”

မိုးသောက်သခင်လေးက ထိုစကားများကို ပြောလိုက်သည့််အခါ ရှေးခေတ်မိခင်ဂြိုလ်က ဝုန်းခနဲ မြည်ဟိန်းသွားသည်။

အရေပြားအသစ်က အသွေးအသားကုန်းမြေပေါ်မှာ ထွက်ပေါ်လာသည်။ ထို့နောက် သစ်ပင်ပန်းပင်များ၊ အသက်ဓာတ်များ၊ မြစ်ချောင်းများ၊ ရေကန်များနှင့် ပင်လယ်များက ဂြိုလ်အရေပြားအသစ်ပေါ်မှာ မြန်ဆန်စွာ ထွက်ပေါ်လာကြသည်။

သက်ရှိအားလုံးနှင့် အရာဝတ္ထုအားလုံးက ရှေးခေတ်မိခင်ဂြိုလ်ပေါ်မှာ ထွက်ပေါ်လာကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာ ရှေးခေတ်မိခင်ဂြိုလ်က အသက်ဓာတ်ကြွယ်ဝသော လောကတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

လူ့အဖွဲ့အစည်းများသည်ပင် အသက်ရှူချိန်အနည်းငယ်အတွင်းမှာ ထွက်ပေါ်လာကြသည်။ လျှပ်တစ်ပြက်အတွင်းမှာ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာက ကုန်လွန်သွားပြီး သက်ရှိများက ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်ကို ကြိမ်ဖန်များစွာ ကျော်ဖြတ်သွားကြသည်။

မိုးသောက်သခင်လေး၏ စကားကြောင့် အရာအားလုံးက အမှန်တကယ် အသက်ရှိလာကြသည်။

တစ်ချိန်တည်းမှာ ကမ္ဘာမြေ၏ သွေးကြောများက အသက်ဓာတ်ဖြင့် ပြည့်နှက်သွားကြပြီး ကျယ်လောင်သော မြည်သံကို ထုတ်လွှတ်လိုက်ကြသည်။ ထို့ပြင် ယင်းတို့က မိုးသောက်သခင်လေးနှင့် ဆက်ပြီး ပဲ့တင်မပြန်တော့ပေ။ ယင်းအစား သွေးကြောများက သူ့ကို အညံ့ခံလိုက်ကြသည်။

တစ်ချိန်တည်းမှာ ရှေးခေတ်မိခင်ဂြိုလ်၏ အပြင်ဘက်၌ သူ့ကို တားဆီးရန် ရောက်လာခဲ့ကြသော အစစ်အမှန်နတ်ဘုရားများက ပြင်းထန်စွာ တုန်ယင်သွားကြသည်။ ၎င်းတို့၏ ကံကြမ္မာထဲမှ ကြီးမားသော ကွာခြားမှုက ၎င်းတို့အား အညံ့ခံရန် အတင်းအကျပ် ဖိအားပေးလိုက်သည်။

ထို့ကြောင့် ၎င်းတို့အားလုံးက ရှေးခေတ်မိခင်ဂြိုလ်နှင့် မိုးသောက်သခင်လေးထံသို့ မျက်နှာမူ၍ ဒူးထောက်လိုက်ကြသည်။

၎င်းတို့ချည်းသာ မဟုတ်ပေ။ ဤအခိုက်အတန့်မှာ မိုးသောက်သခင်လေးက နတ်ဘုရားအရှင်သခင်တစ်ပါးဖြစ်သွားပြီး သူ၏ နတ်ဘုရားအသံက ပဲ့တင်ထပ်သွားသည့်အခါ အမှတ်လေးကြယ်တာရာစက်ဝန်းထဲမှ နတ်ဘုရားအားလုံးနီးပါးက ၎င်းတို့၏ သက်ဆိုင်ရာနေရာများမှနေ၍ သူ့ကို အလိုအလျောက် အရိုအသေပေးလိုက်ကြသည်။

ဘုရားကျောင်းများထဲမှ နတ်ဘုရားရုပ်တုများ၊ ကိုယ်ပိုင်နယ်နိမိတ်ရှိသော နတ်ဘုရားကလန်များနှင့် နတ်ဘုရားတိုင်းပြည်များသည်ပင် အလားတူစွာ သူ့ကို ကိုးကွယ်ပူဇော်လိုက်ကြသည်။

နတ်ဘုရားများ၏ အရိုအသေပေးမှုနှင့် ကိုးကွယ်ပူဇော်မှုအောက်မှာ အမှောင်ဖုံးလွှမ်းနေသော အမှတ်လေးကြယ်တာရာစက်ဝန်းက ဖြည်းညင်းစွာ စတင်ထွန်းလင်းလာသည်။ အစတွင် အလင်းရောင်က အစက်အပြောက်များသာ ဖြစ်ကြသည်။ ထို့နောက် အလင်းစက်များက တဖြည်းဖြည်း စုပုံများပြားလာပြီး အဆုံးမဲ့စွာ ကျယ်ပြောသွားသည်။

ဤသည်မှာ အမှောင်ထုက ကွယ်ပျောက်သွားပြီး အလင်းရောင်က ပြန်ရောက်လာသည့်အလားပင်။

ယင်းက နတ်ဘုရားအရှင်သခင်တစ်ပါး မွေးဖွားလာမှုအပေါ် ကြယ်တာရာစက်ဝန်း၏ တုံ့ပြန်မှု ဖြစ်သည်။

နတ်ဘုရားအရှင်သခင်တစ်ပါးသည် ကြယ်တာရာစက်ဝန်း၏ အချစ်တော် ဖြစ်သည်။

ဤအခိုက်အတန့်မှာ အမှတ်လေးကြယ်တာရာစက်ဝန်းက ပြန်ထွန်းလင်းသွားသည့်အခါ ကြယ်တာရာစက်ဝန်းတစ်ခုလုံက ပရမ်းပတာ တုန်လှုပ်သွားသည်။ ဤသည်မှာ ကြယ်တာရာစက်ဝန်း၏ နောက်ဆုံးထွန်းလင်းမှုက ယခင်အကန့်အသတ်များကို ချိုးဖြတ်သွားတော့မည့်အလားပင်။

ဤအခိုက်အတန့်မှာ ရှေးခေတ်မိခင်ဂြိုလ်ပေါ်တွင် ထိုအရာအားလုံး၏ ဇစ်မြစ်ဖြစ်သော မိုးသောက်သခင်လေးက ခေါင်းလှည့်လိုက်ပြီး ဝိညာဉ်ဖီးနစ်နတ်သမီးကို ကြည့်လိုက်သည်။

သူ၏ အကြည့်က အေးစက်နေပြီး စိတ်ခံစားချက်ကင်းမဲ့သည်။

ထိုအကြည့်က ဝိညာဉ်ဖီးနစ်နတ်သမီးကို တုန်ယင်သွားစေသည်။ သူ့အရှေ့မှ လက်ထပ်စာချုပ်သည်ပင် စတင်အရောင်မှိန်ဖျော့လာသည်။

လက်ထပ်စာချုပ်ထဲမှ စာလုံးများသည်ပင် စတင်ပျောက်ကွယ်သွားနေသည်။

“ ယောင်္ကျား… ”

ဝိညာဉ်ဖီးနစ်နတ်သမီးက တုန်တုန်ယင်ယင် ပြောသည်။

မိုးသောက်သခင်လေးက ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

“ ငါအဆင်ပြေပါတယ်… အတိတ်က ဘာကိုမှ မဆုံးရှုံးသွားပါဘူး… ငါ့ရဲ့ စိတ်ခံစားချက်တွေက အရောင်ကင်းမဲ့နေပြီး အမြန်ပျောက်ဆုံးနေတယ်ဆိုပေမဲ့ ဒီနေရာမှာ ငါ့ရဲ့ တာဝန်ကို မမေ့သေးပါဘူး ”

သူ၏ နတ်ဘုရားအသံက လေထဲမှာ ပဲ့တင်ထပ်သွားသည့်အခါ မရေမတွက်နိုင်သော ကောင်းကင်ဘုံမိုးကြိုးသွားများအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ပေါ်မှာ ပြန့်ကျဲသွားသည်။ မိုးကြိုးသွားများကြားတွင် မိုးသောက်သခင်လေး၏ အကြည့်က ရွှီချင်းထံသို့ ရွှေ့ပြောင်းသွားသည်။

“ ရွှီချင်း… ကြေးမုံသမိုင်းပုံရိပ်ထဲမှာ ငါ့အဖေရဲ့ ထီးနန်းဆက်ခံတဲ့ မြင်ကွင်းကို မင်းမှတ်မိသေးလား ”

ထိုစကားက ရွှီချင်း၏ နားထဲသို့ ဝင်ရောက်သွားသည့်အခါ သူက ဆတ်ခနဲ ခေါင်းမော့လိုက်ပြီး မိုးသောက်သခင်လေးကို ကြည့်လိုက်သည်။

“ အမှတ်လေးကြယ်တာရာစက်ဝန်းဆီ ရောက်လာပြီးတဲ့နောက် ရှေးခေတ်မိခင်ဂြိုလ်ရဲ့ အသွေးအသားရယ်… ဒီနေရာမှာ မွေးဖွားလာခဲ့တဲ့ ပထမဆုံးနတ်ဘုရားရဲ့ ကမ္မရယ်… ပြီးတော့ ငါ့ကိုယ်ထဲက နတ်ဘုရားမီးပွားရယ်… အဲ့ဒါတွေအားလုံးက ငါ့ကို အမှတ်လေးကြယ်တာရာစက်ဝန်းရဲ့ နတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲစေခဲ့တယ် ”

“ အဲ့ဒါက ကံတရားရဲ့ ရွေးချယ်မှုဖြစ်ပြီး ကံကြမ္မာရဲ့ စီစဉ်မှုဖြစ်တယ် ”

မိုးသောက်သခင်လေးက မထူးမခြားနားစွာ ပြောနေရင်း ကောင်းကင်ပေါ်သို့ လျှောက်သွားသည်။

သူ၏ ကျောနောက်မှ သွေးကြောများထဲမှာ ယခု ရွှေရောင်သွေးဖြင့် ပြည့်နှက်နေသည်။ မရေမတွက်နိုင်သော သွေးကြောများ၏ ထောက်ပံ့ပေးမှုနှင့်အတူ သူက မြင့်သထက် အမြင့်သို့ လျှောက်သွားသည်။

တစ်ချိန်တည်းမှာ သူ၏ အသံက ဆက်လက် ပဲ့တင်ထပ်သွားသည်။

“ နတ်ဘုရားတစ်ပါးဖြစ်လာပြီးနောက် အမှတ်လေးကြယ်တာရာစက်ဝန်းရဲ့ ရှေးခေတ်မိခင်ဂြိုလ်ပေါ်မှာ နတ်ဘုရားအရှင်သခင်အဖြစ် ငါတတ်လှမ်းခဲ့ပြီး ကြယ်တာရာစက်ဝန်းရဲ့ နတ်ဘုရားသွေးကြောတွေထဲက သွေးကြောတစ်ခုဖြစ်လာခဲ့တယ်… ငါ့ရဲ့ ကိုယ်ထဲက နတ်ဘုရားမီးပွားကို အသုံးပြုပြီး နတ်ဘုရင်ရဲ့ အထွတ်အမြတ်နတ်ဘုရားအခွင့်အာဏာကို ငါလုယက်ခဲ့တယ်… ပြီးတော့ အဲ့ဒါကို ငါ့ရဲ့ ကံကြမ္မာအဖြစ် ပြောင်းလဲခဲ့တယ် ”

“ အခု… တာအိုအသံ မြှောက်တတ်လာတော့မယ်… အချိန်ကျရောက်ခါနီးပြီ… နောက်တစ်ဆင့်အနေနဲ့… နေနဲ့လ ပြန်ရောက်လာသင့်ပြီ ”

လေထဲတွင် ရွှေရောင်အလင်းက မိုးသောက်သခင်လေး၏ ခန္ဓာကိုယ်ထဲမှ တစ်ဟုန်ထိုး မြှောက်တတ်လာသည်။ ဤအခိုက်အတန့်မှာ သူက ရှေးခေတ်မိခင်ဂြိုလ်၏ နေလုံးအဖြစ် အသွင်ပြောင်းလဲသွားဟန်ရပြီး အကန့်အသတ်မဲ့အလင်းကို ထုတ်လွှတ်လိုက်သည်။

…..

တစ်ချိန်တည်းမှာ…

အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှ အဆုံးမဲ့စွာ ကျယ်ပြောသော ဟင်းလင်းပြင်ထဲတွင် ကြမ်းတမ်းသော ပိတ်အင်္ကျီနှင့် ကောက်ရိုးဖိနပ်ကို စီးထားသော အဖိုးအိုက ရုတ်တရက် ခြေလှမ်းရပ်တန့်လိုက်သည်။

သူက ခေါင်းမော့လိုက်ပြီး အမှတ်လေးကြယ်တာရာစက်ဝန်းထဲမှ ရှေးခေတ်မိခင်ဂြိုလ်၏ ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက သူ၏ လက်နှစ်ဖက်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။

သူ၏ ဘယ်လက်ထဲမှ သူ့သားတော် မိုးသောက်အင်မော်တယ်အရှင်သခင်၏ ထီးနန်းတတ်သော မြင်ကွင်းက အလင်းစက်များအဖြစ် ပြောင်းလဲသွားပြီး ဟင်းလင်းပြင်ထဲသို့ ပေါင်းစပ်သွားသည်။

သူ၏ ညာလက်ထဲတွင်တော့ ပစ္စုပ္ပန်လောကမှ ပယ်ဖျက်ခံထားရသော လွန်ခဲ့သောနှစ်တစ်ထောင်မှ သမိုင်းကြောင်းက အပြင်သို့ ပျံသန်းထွက်သွားပြီး အချိန်အစက်အပြောက်များအဖြစ် ပြောင်းလဲသွားကာ ပစ္စုပ္ပန်လောကဆီသို့ ပြန်သွားသည်။

လွန်ခဲ့သောနှစ်တစ်ထောင်တွင် ကမ်းစပ်ကိုးခုအင်မော်တယ်အရှင်သခင်က အရိုက်အရာဆင်းပေးခဲ့ပြီး မိုးသောက်အင်မော်တယ်အရှင်သခင်က ပုန်ကန်ခဲ့သည်။

ထိုနေ့က သူ့သားတော်၏ မင်္ဂလာပွဲနေ့ဖြစ်သလို အမှတ်ငါးကြယ်တာရာစက်ဝန်းတစ်ခုလုံး၏ ကံကြမ္မာကို သူဆုပ်ကိုင်လျက် ထီးနန်းဆက်ခံမည့် နေ့လည်း ဖြစ်သည်။

အကယ်၍ မည်သည့်မတော်တဆမှုမှ မဖြစ်လာလျှင် အမှတ်ငါးကြယ်တာရာစက်ဝန်းသည် ထိုနေ့မှစ၍ မိုးသောက်ခေတ်ဆီသို့ ကူးပြောင်းသွားလိမ့်မည်။

သို့သော်လည်း သူက ပုန်ကန်ရန် ရွေးချယ်ခဲ့သည်။

ထို့နောက် အင်မော်တယ်ဘုရင်က ဆင်းသက်လာပြီး သူ့သားကို သူကိုယ်တိုင်သတ်ပစ်ခဲ့သည်။

ထိုကမ္မကို မည်သူမှ မမှတ်မိစေရန်အလို့ငှာ ကမ်းစပ်ကိုးခုအင်မော်တယ်အရှင်သခင်က သူ၏ လျှို့ဝှက်ချက်အာဏာစက်ဖြင့် လွန်ခဲ့သောနှစ်တစ်ထောင်ကို ဖုံးကွယ်ခဲ့သည်။ ထို့နောက် အင်မော်တယ်ဘုရင်က သူ၏ လက်ကို မြှောက်လိုက်ပြီး ထိုကမ္မကို သူနှင့်အတူ ယူဆောင်သွားခဲ့သည်။

သူက အမှတ်ငါးကြယ်တာရာစက်ဝန်းကို ကမ်းစပ်ကိုးခုအင်မော်တယ်အရှင်သခင်အား နောက်ထပ် နှစ်တစ်ထောင်ကြာအောင် ဆက်လက် အုပ်ချုပ်စေခဲ့ပြီး အချိန်ဆွဲဆန့်ခိုင်းခဲ့သည်။

ယနေ့သည် ထိုနှစ်တစ်ထောင်၏ နောက်ဆုံးနေ့ ဖြစ်သည်။

ထိုနှစ်တစ်ထောင်၏ နောက်ဆုံးအချိန်ဖြစ်သော ဤအခိုက်အတန့်မှာ…

တာအိုအသံက အမှတ်ငါးကြယ်တာရာစက်ဝန်းတစ်ခုလုံးမှာ ပဲ့တင်ထပ်သွားပြီး နေ့သစ်အတွက် ရှေ့တော်ပြေးအနေနှင့် ထွက်ပေါ်လာသည်။ အတိတ်မှာ အင်မော်တယ်ဘုရင်ယူဆောင်သွားခဲ့သော နှစ်တစ်ထောင်ကမ္မက အမှတ်ငါးကြယ်တာရာစက်ဝန်းဆီသို့ ပြန်ရောက်လာသည်။

အမှတ်ငါးကြယ်တာရာစက်ဝန်းတစ်ခုလုံးက တုန်လှုပ်သွားသည်။

ကမ်းစပ်ကိုးခုကောင်းကင်ဘုံအလွန်ထဲမှ တာအိုနန်းတော်ထဲဝယ် ကမ်းစပ်ကိုးခုအင်မော်တယ်အရှင်သခင်က နန်းတော်အရှေ့မှာ မတ်တတ်ရပ်နေလျက် အဝေးသို့ ငေးကြည့်နေသည်။ တာအိုအသံကို ကြားလိုက်ရသောအခါ စိတ်သက်သာရာရသွားသော အပြုံးက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ မီမင်… မင်းက မင်းရဲ့ အဖေနဲ့ မင်းရဲ့ အဖိုးထက်တောင် ပိုပြီးထူးချွန်လိမ့်မယ်လို့ ငါမျှော်လင့်တယ် ”

သူက စကားပြောပြီးနောက် သူ၏ လက်ကို မြှောက်လိုက်ပြီး သူ၏ ဦးခေါင်းပေါ်မှ ခေတ်သရဖူကို ဖြည်းညင်းစွာ ဖယ်ရှားလိုက်သည်။ ထိုအခါ အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ကံကြမ္မာမှ ဖွဲ့စည်းထားသော သရဖူက ကြယ်တာရာစက်ဝန်းဆီသို့ ပြန်ရောက်သွားသည်။

သို့ဖြစ်၍ တာအိုအသံ ပဲ့တင်ထပ်နေစဉ်အတွင်း အလွန်အံ့ဖွယ်ကောင်းသော ကံကြမ္မာက အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှ မရေမတွက်နိုင်သော ကြယ်ဂြိုလ်များ၊ စကြာဝဠာများ၊ ကြယ်စင်စုများနှင့် ကောင်းကင်ဘုံအလွန်အားလုံးထံမှ ပေါ်လျှိုးလာကြသည်။ ကံကြမ္မာက ပရမ်းပတာ လှုပ်ခတ်နေလေရာ ၎င်း၏ အရှင်သခင်အသစ်ကို ကြိုဆိုနေသည့်အလားပင်။

အဘယ့်ကြောင့်ဆိုသော် အကယ်၍ တစ်စုံတစ်ယောက်က အတိတ်ကို ပြန်ခြေရာကောက်မည်ဆိုလျှင် ယနေ့က လွန်ခဲ့သောနှစ်တစ်ထောင်တွင် မိုးသောက်အင်မော်တယ်အရှင်သခင် ထီးနန်းဆက်ခံမည့်နေ့ဖြစ်ကြောင်း သိနိုင်လိမ့်မည်။

အတိတ်မှာ မိုးသောက်အင်မော်တယ်အရှင်သခင်၏ ထီးနန်းဆက်ခံမှုက မအောင်မြင်ခဲ့ပေ။

သို့သော်လည်း ယနေ့မှာ မိုးသောက်အင်မော်တယ်အရှင်သခင်၏ သားတော် မီမင်သည် နေနှင့်လ၏ ပြန်ရောက်လာမှုနှင့်တကွ သူ့ဖခင်၏ တာဝန်ကို လွှဲပြောင်းယူတော့မည်။

မိုးသောက်ခေတ် စတင်ပြီ။

All Chapters