← Chapters

အပိုင်း (၆၁၄)

Vol. 42 Ch. 614

အပိုင်း (၆၁၄)

Vol. 42 Ch. 614

လက်ရှိအခြေအနေမှာတော့ အဘိုးအိုသည် စကားလုံးတစ်ခုကိုမှ မရေရွတ်နိုင်ခဲ့တော့ချေ။ သူသည် ထွက်ပြေး လွတ်မြောက်ချင်မိ၏။ သို့ပေမဲ့ ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးသည် စည်းခတ်ခြင်းကို ခံထားရ၏။ သူ့အနေနှင့် ရှေးနဂါးကြီးတစ်ကောင်ကို ရင်ဆိုင်နေရသည့် ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ ရုန်းကန်ခြင်းကိုပင် မပြုလုပ်နိုင်ချေ။

“တုရန်ကလန်က ဒီလောက်ပဲလား” ထျန်းမင်တောင်သခင်က ထူးမခြားနားသလို ပြောလိုက်၏။

သူ၏ စိတ်ထဲတွင် ရှောင်ကလန်နှင့် တုရန်ကလန် နှစ်ခုလုံးသည် နက်နဲမီးတောက်လောကကြီး၏ အားကောင်းလွန်းလှသည့် လူသားအင်အားစု နှစ်ခုဖြစ်၏။ ထိုကလန်များ၏ ခေါင်းဆောင်များသည် ကျိန်းသေပေါက် ထျန်းမင်တောင် နှင့်ရင်ဆိုင်ယှဉ်ပြိုင်နိုင်သည့် လူများပင်။ သို့ပေမဲ့ ၎င်းတို့ မရှိသည့် အချိန်မှာတော့ ကလန်များသည် ကျိန်းသေပေါက် အစွမ်းအစ ကျဆင်းခဲ့လေသည်။

နှစ်ပေါင်းထောင်နှင့်ချီ ကျော်လွန်သွားပြီးသည့်နောက် ရှောင်ကလန်အနေနှင့် အခြေခံပစ္စည်းတစ်ခု တည်ရှိနေသည် ဆိုသော်လည်း တုရန်ကလန်မှာတော့ အဆုံးစွန်သော အခြေအနေဆီသို့ ရောက်ရှိနေခဲ့၏။ ကွာခြားချက်သည် တကယ့်ကို ကြီးမားလွန်းလှချေ၏။

“ခင်ဗျားက အားနည်းမယ်ဆိုရင် ခင်ဗျားရဲ့ အကူအညီကို မလိုဘူး” ထျန်းမင်တောင်သခင်သည် ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်၏။ သူသည် ချက်ချင်းဆိုသလိုပဲ တစ်ဖက်လူကို လက်ညှိုးနှင့် ညွှန်လိုက်၏။ နတ်ဘုရား အလင်းတန်းများ ထွက်ပေါ်လာပြီးသည့်နောက် ထိုအလင်းတန်းများသည် မျက်စိတမှိတ်အတွင်းမှာပဲ အဘိုးအို၏ နဖူးကို ဖောက်ဝင်သွားခဲ့သည်။

ခဏလေးသာလျှင် ကြာမြင့်သေး၏။ သို့ပေမဲ့ တည်နေရာ တစ်ခုလုံးတွင် အသက်မဲ့သည့် အလောင်းများနှင့် ပြည့်နှက်ကုန်၏။

“ဒါ ဘိုးဘေးကြီးပဲ”

တစ်စုံတစ်ယောက်သည် သူတို့ ဘိုးဘေးကြီး သေဆုံးသွားသည်ကို မြင်ရသည့်အချိန်မှာတော့ ရုတ်တရက် ထကာ အော်ဟစ်လိုက်၏။ သူတို့ ဘိုးဘေးကြီး၏ ခန္ဓာကိုယ်သည် အပြင်ဘက်ရှိ အစီအရင်ကြီးပေါ်သို့ ကျဆင်းလျက်ရှိ၏။ ၎င်းတို့၏ နှလုံးသားများကို တစ်စုံတစ်ယောက်က လာရောက်ကာ လက်ဖြင့် ဖျစ်ညှစ်လိုက် သကဲ့သို့ပင်။

ထို့အပြင် ရောက်ရှိလာခဲ့သည့်လူသည် ထျန်းမင်တောင်သခင်ပင် ဖြစ်လို့နေ၏။ သူတို့၏ တောင်တွင်ရှိနေသည့် အစီအရင်သည် သူတို့ကို ကာကွယ်ပေးနိုင်ခြင်း မရှိချေ။ တစ်ဖက်လူသည်သာ ဝင်ရောက်လာပါက လက်ရှိ အားအင်အဆင့်ဖြင့် သူတို့ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

“တကယ့်ကို သနားစရာပဲ” ထျန်းမင်တောင်သခင်သည် သေမျိုးများကို လှမ်းကာ ကြည့်ရှုရင်း မျက်လုံးထက်တွင် လှောင်ပြောင်သည့် အရိပ်အယောင်များ ပြည့်နှက်နေ၏။ သူ့အတွက် ဤလူအားလုံးသည် ပုရွက်ဆိတ်များပင် ဖြစ်၏။

ပြောရမည်ဆိုလျှင် ပုရွက်ဆိတ်လေးများ ယုံကြည်ချက်ရှိရှိနှင့် ကိုးကွယ်နေသည့် အစီအရင်သည် သူ့ကို တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူသည် အစီအရင်အား စက္ကူတစ်ခုကို ဆွဲဖြဲလိုက်သကဲ့သို့ပင် လွယ်လွယ်ကူကူ ဆွဲဖြဲလိုက်သည်။

“နောက်ဘဝကိုသာ သွားကြတော့” ထျန်းမင်တောင်၏ သခင်က တီးတိုးရေရွတ်လိုက်၏။ ခြေတစ်ချက်ကို လှမ်းလိုက်သည့်အချိန်မှာတော့ တည်နေရာတစ်ခုလုံးတွင် ရှိနေသည့် လူအားလုံးတို့သည် သေဆုံးကုန်ကြ၏။

တုရန်ကလန် အခြေချခဲ့သည့် မြေတည်နေရာတစ်ခုလုံးသည် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ တုရန်ကလန်ကို သုတ်သင် ရှင်းလင်းပြီးသည့်နောက် ထျန်းမင်တောင်သခင်သည် လက်ကို အသာဝှေ့ယမ်းပြီး ကလန်အတွင်းတွင် ရှိနေသည့် အရာပစ္စည်းအားလုံးကို သိမ်းဆည်းလိုက်သည်။

“နည်းလွန်းတယ်”

ထျန်းမင်တောင်သခင်က ခေါင်းကို ခါယမ်းလိုက်၏။ ရှောင်ကလန်နှင့် တုရန်ကလန်တို့အကြား အမွေအနှစ်များကို နှိုင်းယှဉ်ရမည်ဆိုလျှင် တကယ့်ကို ကွာခြားလျက် ရှိနေ၏။ ဤအင်အားစုနှစ်ခုတို့သည် တူညီသည့် စွမ်းအင်အဆင့်များကို ပိုင်ဆိုင်ခဲ့သည်ဆိုလျှင်တောင် လက်ရှိအခြေအနေတွင် အလွန်အမင်း ကွာဟလျက် ရှိနေ၏။ သူ၏ လက်ထဲတွင် ရှိနေသည့် အရင်းအမြစ်များကို ကိုင်ဆောင်၍ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ သွားမည် ဆိုလျှင်တောင်မှ သူသည် ကွာစီအင်မော်တယ် အင်ပါယာအဆင့်ကို တက်လှမ်းနိုင်လိမ့်မည် မဟုတ်ချေ။

“ကြည့်ရတာ ငါ အရင်းအမြစ်တွေကို ထပ်ရှာဖို့ စဉ်းစားရတော့မယ်”

ထျန်းမင်တောင်သခင်သည် ခေါင်းကို အသာလှည့်ပြီးသည့်နောက် အဝေးတစ်နေရာသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ လောကအသီးသီးတွင် ရှိနေသည့် အင်အားစုတော်တော်များများတို့၏ အမွေအနှစ်သည် အထင်အမြင်သေး၍ ရနိုင်သည့် အရာမျိုး မဟုတ်ချေ။

“နေနှင့်အုံးပေါ့” ခပ်ဖျော့ဖျော့ အသံတစ်ခုသည် လေဟာနယ်ထဲတွင် ပေါ်ပေါက်လာခဲ့၏။ ပြီးနောက် သူသည် တုရန်ကလန် တည်နေရာဆီမှ ပျောက်ကွယ်သွားခဲ့၏။

နက်နဲလျှို့ဝှက်လောက တစ်ခုလုံးသည် ကြောက်လန့်တကြား အခြေအနေများ ဖြစ်တည်လာခဲ့၏။ ထျန်းမင်တောင် သခင်သည် ရုတ်တရက် ပေါ်ပေါက်လာပြီးသည့်နောက်‌ ရှောင်ကလန်နှင့် တုရန်ကလန် တစ်ခုလုံးကို သုတ်သင် ရှင်းလင်းခဲ့၏။ ၎င်း၏ အပြုအမူသည် အားကောင်းပါသည်ဆိုသော ဂိုဏ်းဂဏ အသီးသီးကို အံ့အားသင့်စေခဲ့သည်။

တစ်ဖက်လူ၏ ရည်ရွယ်ချက်က ရှင်းလင်းလွန်းလှ၏။ အရာအားလုံးကို သုတ်သင်ရှင်းလင်းပစ်ခြင်းပင်။ ချက်ချင်း ဆိုသလိုပဲ နက်နဲလျှို့ဝှက်နယ်မြေ တစ်ခုလုံးကလည်း ရှုပ်ထွေးလျက် ရှိနေ၏။ အားလုံးသောသူတို့သည် ကြောက်လန့်လျက်ရှိနေ၏။ ထျန်းမင်တောင်သခင် ရုတ်တရက် ပေါ်ပေါက်လာပြီး ၎င်းတို့၏ အရှေ့တံခါးဝအား လာခေါက်မည်ကို စိုးရိမ်နေမိ၏။

နက်နဲသည့် အခြေခံကို ပိုင်ဆိုင်ခဲ့သည့် ကလန်တော်တော်များများတို့သည် တစ်ယောက်နှင့်တစ်ယောက် စုစည်းခဲ့ကြ၏။ ပြီးသည့်နောက် ၎င်းတို့သည် ပိုင်ဆိုင်သမျှ အရာအားလုံးကို သိမ်းဆည်းကာ ညတွင်းချင်း ထွက်ပြေးရန် ပြင်ဆင်ကြသည်။

အင်မော်တယ်ဘုရင် တစ်ယောက်၏ တိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မည် မဟုတ်ကြောင်း သူတို့က သိရှိ၏။ ထို့ကြောင့် ထွက်ပြေးခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း နားလည်ထား၏။ သို့ပေမဲ့ ထွက်ပြေးဖို့ ဆိုသည်မှာလည်း အလုံးစုံ လွတ်မြောက်ရန် လွယ်ကူသည့်အရာ မဟုတ်ချေ။

ထျန်းမင်တောင်သခင်သည် ရှေးကတည်းက လက်ရှိအချိန်အထိ လူသားမျိုးနွယ်များအပေါ် အငြှိုးအတေး တည်ရှိခဲ့သည့် လူတစ်ယောက်ဖြစ်၏။ သူတို့အား တွေ့သည်နှင့် ကျိန်းသေပေါက် သတ်ဖြတ်မှာ သေချာ၏။ အားလုံးသောသူတို့သည် ထျန်းမင်တောင်သခင် ရုတ်တရက် ပေါ်ပေါက်လာပြီး ၎င်းတို့အား သတ်ဖြတ်မည်ကို အလွန်အမင်း စိုးရိမ်ပူပန်နေမိကြ၏။

တစ်လခန့် ကြာမြင့်ပြီးသည့်နောက် နက်နဲလျှို့ဝှက်လောကနှင့် အစစ်အမှန် သိုင်းလောက နှစ်ခုလုံးတို့သည် အားကောင်းလွန်းသည့် လောကကြီးနှစ်ခု ဖြစ်သည်ဆိုလျှင်တောင်မှ အဆုံးမဲ့သော သွေးစီးချောင်းများနှင့် ပြည့်နှက်သွားသည်။

များပြားလှသည့် ရှေးကလန်များ၊ နတ်နယ်မြေများ .... အရာအားလုံးတို့သည် တစ်ညအတွင်းပင် သုတ်သင် ရှင်းလင်းခြင်းကို ခံခဲ့ရ၏။ ဆုံးရှုံးမှုသည် တကယ့်ကို ကပ်ဘေးကြီးတစ်ခုအလားပင်။ ဤအရာအားလုံးကို နောက်ကွယ်မှ ဖန်တီးပြုလုပ်ခဲ့သည့်သူသည် ထျန်းမင်တောင်သခင်မှလွဲ၍ အခြားလူ မဟုတ်ချေ။

လောကနှစ်ခုတွင် ရှိနေသည့် အန္တိမအဆင့် ကျင့်ကြံသူများသည် ကောင်းကောင်း ခုခံနိုင်လိမ့်မည်ဟု စဉ်းစားခဲ့ ကြသည်ဆိုသော်လည်း တကယ်တမ်း ရင်ဆိုင်တိုက်ခိုက်ကြသည့် နေရာတွင် သတ်ဖြတ်ခြင်းကိုသာ ခံခဲ့ရ၏။ အင်မော်တယ်ဘုရင်အဆင့် ထျန်းမင်တောင်သခင်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် ၎င်းတို့သည် ခုခံရန်အတွက် အခွင့်အရေး တခုတလေပင် မရခဲ့ချေ။

ဤအတောအတွင်း လောကကြီးနှစ်ခုလုံးတွင် ရှိနေသည့် အင်အားစု တော်တော်များများတို့သည် ကြောက်လန့်မှုများ နှင့် ပြည့်နှက်လျက် ရှိနေ၏။ သူတို့သည် ဤကပ်ဘေးကြီးမှ ရှောင်လွဲရန်အတွက် တခြားသော လောကများဆီသို့ ထွက်ပြေးသွားရန်သာ ပြင်ဆင်ထားကြ၏။ တချို့သည် ၎င်းတို့ ကံတရားကို အမှီအခိုပြုကာဖြင့် ကောင်းကင်လျှို့ဝှက်နန်းဆောင် တည်ရှိရာဆီသို့ ပြေးလေ၏။ ကံဆိုးစွာဖြင့် အစစ်အမှန်တရားသည် ရက်စက်လွန်း လှချေ၏။ သူတို့ နောက်ထပ် လောကတစ်ခုဆီသို့ သွားရာလမ်းတွင်ပင်လျှင် ထျန်းမင်တောင်သခင်၏ ဖမ်းဆီး သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။

စွမ်းအားမြင့် လောကကြီးသုံးခုထဲတွင် နက်နဲအလင်းလောကကြီးသည် ဤကပ်ဘေးကြီးမှ လွတ်မြောက်နေသည် ဟု ပြောဆိုရပေလိမ့်မည်။ ထျန်းမင်တောင်သခင်သည် နက်နဲအလင်းလောကကြီးမှာ ရောရုဝပြည်၏ သိမ်းဆည်းလွှမ်းမိုးခြင်းကို ခံခဲ့ရသောကြောင့် မည်သည့်အရင်းအမြစ်မှ ကောင်းကောင်းမွန်မွန် မရှိတော့ကြောင်း သိရှိပြီးဖြစ်၏။ အထဲတွင် သတ္တဝါ အနည်းငယ် ကျန်ခဲ့သည်ကလွဲ၍ သူ့အနေနှင့် ထိုအရာများကို ယူဆောင်ရန် စိတ်ဆန္ဒဟူ၍ လုံးဝမရှိတော့ချေ။

“ဘိုးဘေး... ဒီလမ်းက လုံခြုံရဲ့လား။ ကျုပ်တို့ကို တွေ့သွားမလား မသိဘူး” လက်ရှိအခြေအနေမှာတော့ ကျိုးကလန်သည် လောက၏အစပ်ဆီသို့ ရောက်ရှိလျက်ရှိ၍ သူတို့သည် မြေအင်မော်တယ်လောကဆီသို့ ဝင်ရန် ပြင်ဆင်လျက် ရှိနေသည်။

ကောင်းကင်လျှို့ဝှက်နန်းဆောင်နှင့် နီးနီးလာသည်ဟူသည့် ခံစားချက်သည် သူတို့ကို လုံခြုံမှုပေး၏။ သို့ပေမဲ့ ကျိုးကလန်၏ ခေါင်းဆောင်သည် အဆင်မပြေသလို ခံစားနေရ၏။ အရှေ့တောင်ဘက် မိုင်သန်းနှင့် ချီသော အကွာအဝေးတွင် ထျန်းမင်တောင်၏သခင် တည်ရှိနေကြောင်း စဉ်းစားမိသည့်အချိန်တိုင်း သူသည် စိုးရွံ့သလို ခံစားနေမိ၏။

တော်တော် ဝေးကွာသည့် တည်နေရာတစ်ခု ဖြစ်သော်လည်း အင်မော်တယ်ဘုရင်အဆင့်အတွက်တော့ ခဏချင်းပင် တည်နေရာကူးဖြတ်၍ ရောက်ရှိလာစွမ်းရှိသည့် အရာမျိုးပင်။ အင်မော်တယ်ဘုရင် ရောက်ရှိလာသည် ဆိုပါက ကျိုးကလန်၏ ကံကြမ္မာသည် မည်သို့ဖြစ်သွားမည်နည်း။ ကလန်ခေါင်းဆောင် သည် စဉ်းပင် မစဉ်းစားရဲ တော့ချေ။ ဆိုးရွားသည့် အဆုံးသတ်ကိုသာလျှင် ရင်ဆိုင်ရပေလိမ့်မည်။

“ဘာလို့ ကြောက်နေတာလဲ”

အဖြူရောင်ဆံနွယ်များနှင့် အဘိုးအိုက တီးတိုးဆူငေါက်လိုက်၏။ ၎င်းသည် မျက်မှောင်ကို ကုပ်ထားပြီးသည့်နောက် မျက်လုံးများ၌ ခက်ထန်သည့် အမူအရာများ ဖြစ်တည်နေသည်။

“အခု ထျန်းမင်တောင်သခင်က နက်နဲလျှို့ဝှက်လောကနဲ့ အစစ်အမှန် သိုင်းလောကမှာရှိတဲ့ နေရာအနှံ့ကို တိုက်ခိုက်နေတယ်လေ။ ဒီတော့ သူဘယ်မှာလဲဆိုတာကို ဘယ်သူ သိမှာလဲ။ သူက နက်နဲ လျှို့ဝှက်လောက ဒါမှမဟုတ် အစစ်အမှန် သိုင်းလောကကို ရောက်ရင် ရောက်နေလိမ့်မယ်။ ဒါပေမဲ့ သေချာတာကတော့ သူ ထျန်းမင်တောင်မှာ မရှိတာပဲ။ ပြီးတော့ ဒီလိုအချိန်မျိုးမှာ တစ်စုံတစ်ယောက်က သူ့ရဲ့တည်နေရာနားကို ချဉ်းကပ်ရဲလိမ့်မယ်လို့ ထျန်းမင်တောင်သခင် ထင်မှာမဟုတ်ဘူး။ လက်ရှိသုံးမယ့် ကစားကွက်က ကျိုးကလန်အတွက် တကယ့်ကို အကောင်းဆုံး ဖြစ်လိမ့်မယ်”

“အင်း.... ကောင်းတယ်”

သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ဖြစ်သော ကျိုးကလန်၏ ခေါင်းဆောင်သည် လက်မကို ထောင်ပြကာဖြင့် ချီးကျူးလိုက်၏။ “ဘိုးဘေးက တကယ့်ကို ဘိုးဘေး ပီသပါတယ်၊ အချိန်ကို ကြည့်ရမယ်ဆိုရင် ကျုပ်လည်း ဒီအကြံအစည်အတိုင်း လုပ်ဖို့ စဉ်းစားထားတယ်။ ဒါပေမဲ့ စဉ်းစားလိုက်ရုံနဲ့ ကြောက်ဖို့ကောင်းတဲ့ ကိစ္စ တစ်ခုမှန်းတော့ သိသာတယ်”

All Chapters