အပိုင်း (၆၁၅)
Vol. 42 Ch. 615
ထျန်းမင်တောင်သခင်သည် လက်ရှိအခြေအနေမှာတော့ သူ၏ ဌာနေတည်နေရာအနီးအနားတွင် အခြားသော သူများ ရောက်ရှိနေမည်ဟု ထင်မှတ်လိမ့်မည် မဟုတ်ချေ။
“ငါ မင်းကို ဒီနေ့ သင်ခန်းစာတစ်ခု သင်ပြမယ်”
အဘိုးအိုသည် လက်ကိုမြှောက်လိုက်၏။ ပြီးနောက် သူ၏ မုတ်ဆိတ်မွှေးများကို ပွတ်သပ်ကာဖြင့် လေးနက် တည်ကြည်စွာ ပြောလိုက်၏။
“ဒီသင်ခန်းစာကတော့ ဆိုးရွားတဲ့ အခြေအနေကနေ ဘယ်လို ကျော်ဖြတ်ရမလဲ ဆိုတာပဲ။ ကျားခံတွင်းထဲကို ဝင်မှ ကျားပေါက်လေးတွေကို ရနိုင်မယ်။ ငါ့အထင်အရဆိုလျှင် ထျန်းမင်တောင်သခင်က အားကောင်းတယ် ဆိုပေမဲ့ သူ့ရဲ့ဉာဏ်ရည်ကတော့ အရမ်းကြီး ထက်မြက်တာမျိုး မဟုတ်ဘူး။ အင်း ....”
အဘိုးအိုသည် ရုတ်တရက်ရပ်တန့်လိုက်သည်။ သူ၏နှလုံးသားထဲတွင် မကောင်းသည့် ခံစားချက်များ ဖြစ်တည် လာခဲ့၏။ သူ၏ အနောက်ဘက်တွင် ငရဲလောက၏ နတ်ဆိုးနတ်ဘုရားကြီးတစ်ပါး ရုတ်တရက် ပေါ်ပေါက်လာသကဲ့သို့ပင်။
“အင်း ငါ အဲ့လောက်ကြီး ကံမဆိုးလောက်ပါဘူး။ ဟုတ်တယ်မလား”
အဘိုးအိုသည် အသာပင် စဉ်းစား လိုက်မိ၏။ သူ၏ အနောက်ဘက်တွင်တော့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် လက်နှစ်ဖက်ကို အနောက်သို့ပစ်ကာဖြင့် ရပ်လျက်ရှိနေ၏။ ၎င်း၏ နှုတ်ခမ်းထက်တွင် လှောင်ရယ်ချင်သည့် အပြုံးတစ်ခုက ဖြစ်တည်နေ၏။ ၎င်း၏မျက်လုံးများသည် တကယ်ပင် စူးရှလွန်းလှ၏။
“ထျန်းမင်တောင်သခင်” အဘိုးအိုက တီးတိုးရေရွတ်လိုက်၏။
သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် အားအင်အားလုံးသည် အပြင်ဘက်သို့ ထွက်သွားသကဲ့သို့ပင်။ သူသည် ပြိုလဲလုမတတ် ဖြစ်လို့နေ၏။ ဘယ်လို ဖြစ်နိုင်မည်နည်း။ ထျန်းမင်တောင်သခင်သည် အခြားသော ဂိုဏ်းကဏ္ဍများ နှင့် သွားရောက်ကာ ယှဉ်ပြိုင်တိုက်ခိုက်နေသည် မဟုတ်လား။ အဘယ်သို့ ထျန်းမင်တောင်ဆီသို့ ပြန်လည်ကာ ရောက်ရှိလာရသနည်း။
ထျန်းမင်တောင်သခင်ကို မြင်ရသည့်အချိန်မှာတော့ အဘိုးအိုသည်သာမက သူ၏အနောက်ဘက်တွင် တည်ရှိနေသည့် ကလန်အဖွဲ့သားများစွာတို့သည်လည်း စိတ်ပျက်သွားမိကြ၏။ အင်မော်တယ်ဘုရင် တစ်ယောက် နှင့် ရင်ဆိုင်သည့်နေရာတွင် ရှောင်ကလန်၊ တုရန်ကလန်တို့ကဲ့သို့ အားကောင်းသည့် ကလန်များပင်လျှင် ယှဉ်ပြိုင် တိုက်ခိုက်နိုင်ခြင်း မရှိခဲ့ချေ။ သူတို့က မည်သို့သွားခုခံရမည်နည်း။
“အင်း... ခင်ဗျားပြောတဲ့ အကြံအစည်ကတော့ ကောင်းပါတယ်။ ဒါပေမဲ့ အဲအကြံအစည်က ဘာမှ မလုပ်ရသေးဘူး။ ကျုပ် သိသွားပြီ” ထျန်းမင်တောင်သခင်သည် ထူးမခြားနားသလို ပြောလိုက်သည်။
သူသည် မလိုအပ်သည့် စကားလုံးများကို မပြောဆိုချေ။ လက်ကို အသာမြှောက်ပြီးသည့်နောက် သူ၏ လက်ငါးချောင်းဆီမှ အလင်းတန်းများသည် ထောက်တိုင်ကြီး ငါးခုကဲ့သို့ပင် ကောင်းကင်ယံဆီမှ ကျဆင်း လာခဲ့၏။
သာမန်တိုက်ခိုက်ချက်တစ်ခု ဖြစ်သော်လည်း ထိုအရာသည် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးကို သုတ်သင် ရှင်းလင်းပစ်နိုင်စွမ်းရှိသော စွမ်းအင်များ ပါဝင်လျက်ရှိ၏။ ကျိုးကလန်၏ အားအင်အဆင့်သည် ဤအရာကို ခုခံရန်ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။ ကျိုးကလန်တစ်ခုလုံးသည် စိတ်ဓာတ်ကျသွားကြသည်။
ဘုန်း .....။
မတူညီသည့် တည်နေရာဆီမှ ခြားနားလွန်းသော အင်မော်တယ်ဘုရင်တစ်ယောက်၏ အော်ရာများ ထွက်ပေါ် လာခဲ့၏။ ထိုအရာသည် တည်နေရာအနှံ့တွင် ရှိနေသည့် လူများအားလုံးကို လွှမ်းခြုံသွားခဲ့၏။
“ဟမ်”
ထျန်းမင်တောင်သခင်သည် လက်ကို အသာပြန်ရုတ်လိုက်၏။ သူ၏ အနီးအနားတည်နေရာ တစ်ခုဆီသို့ လှမ်းကြည့်ကာဖြင့် ဇဝေဇဝါဖြစ်နေမိ၏။ သူသည် နဝေတိမ်တောင် အမူအရာများ ဖြစ်တည်လို့ နေခဲ့၏။ “အင်မော်တယ်ဘုရင်တစ်ယောက်ရဲ့ အော်ရာလား။ အင်း အသက်ရှင်ကျန်သေးတဲ့လူ ရှိသေးတယ်လို့ မထင်မိဘူး”
နက်နဲလျှို့ဝှက်လောကနှင့် အစစ်အမှန် သိုင်းလောကတစ်ခုလုံးကို သူ အပြောင်ရှင်းခဲ့သည့်အချိန်တွင် သူ၏ ရှေ့တွင်ရှိနေသည့် လူပေါင်းများစွာတို့ကို သုတ်သင်ရှင်းလင်းခဲ့ပြီးဖြစ်၏။ ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးတွင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ သွားခဲ့သည့် လူတစ်ယောက် မရှိနိုင်ချေ။
သူသည် အရာအားလုံးတို့ကို လမ်းမှဖြတ်ကာဖြင့် တားဆီးပြီး ရှိရှိသမျှသော အရင်းအမြစ်များကို ယူခဲ့၏။ မည်သူမှသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ မရောက်ရှိဘူး ဆိုသောကြောင့် အင်မော်တယ်ဘုရင် အဆင့်ဆီသို့ တက်လှမ်းနိုင်မည့်လူဟူ၍လည်း ရှိလိမ့်မည် မဟုတ်ချေ။ ထို့အပြင် အဆင့်ချိုးဖြတ်သည့် အခြေအနေသည် ထျန်းမင်တောင်နှင့် မနီးမဝေး တည်နေရာတွင် ရှိနေ၏။ ဤလူသည် အမှန်ပင် သူ၏ ဂုဏ်သိက္ခာကို စိန်ခေါ်လျက် ရှိနေသည်လား။
"........."
ကျိုးကလန်ရှိ အားလုံးသော သူများတို့သည် ထိုအခြင်းအရာကို မျက်မြင်တွေ့သည့်အချိန်မှာတော့ တကယ်ပင် တုန်လှုပ်သွားမိ၏။ ထို့အတူ ၎င်းတို့သည် ပျော်လည်း ပျော်ရွှင်သွားမိ၏။
“အင်မော်တယ်ဘုရင်၊ ဘိုးဘေး... ဒါ အင်မော်တယ်ဘုရင်ပဲ။ ကျုပ်တို့ အသက်ရှင်နိုင်သေးတယ်” ကျိုးကလန်၏ ခေါင်းဆောင်သည် ရုတ်တရက် ထကာအော်ဟစ်လိုက်၏။ သူ၏အသံသည် တုန်ယင်လျက် ရှိနေသည်။
လက်ရှိအချိန်တွင် မည်သူမှသည် ခံစားချက်များကို မထိန်းချုပ်နိုင်ခဲ့ချေ။ သူတို့သည် မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် အလျော့ပေးရန် ဆုံးဖြတ်ခဲ့ပြီးပြီဖြစ်၏။ မည်သူက ထင်မှတ်လိမ့်မည်နည်း။ ဤကဲ့သို့ အရေးကြီးသောအချိန်မျိုးတွင် အင်မော်တယ်ဘုရင်တစ်ယောက် ပေါ်ပေါက်လာခဲ့၏။
ရှောင်ကလန်၏ အကြီးအကဲသည် အဆင့်ချိုးဖြတ်ရန် အခြေအနေဆီသို့ ရောက်ရှိသွားခဲ့၏။ သို့ပေမဲ့ သူ၏ တားဆီးမှုကို ခံခဲ့ရ၏။ ယခု တစ်စုံတစ်ယောက်သည် ၎င်း၏နှာခေါင်းပေါက်ဝ ရှေ့တွင် လာရောက်ကာ အဆင့် ချိုးဖြတ်လျက်ရှိ၏။ သို့ပေမဲ့ သူ မသိရှိခဲ့ချေ။ ကျိန်းသေပေါက် သူ့အား ပါးပိတ်ရိုက်သကဲ့သို့ပင်။
“ကောင်းကင်က ကျုပ်တို့ ကျိုးကလန်ကို မျက်ကွယ်မပြုခဲ့ဘူးပဲ” အဘိုးအိုသည် စိတ်လှုပ်ရှားစွာဖြင့် ထကာ အော်ဟစ်လိုက်၏။ သူ၏မျက်နှာထက်တွင် မျက်ရည်စီးကြောင်းနှစ်ခု ကျဆင်းလာပြီး အားလုံးသောသူတို့ကဲ့သို့ပင် သူလည်း စိတ်လှုပ်ရှားမှုကို ထိန်းချုပ်နိုင်ရန် ခက်ခဲနေခဲ့သည်။
အသစ် ဖြစ်တည်လာခဲ့သည့် အင်မော်တယ်ဘုရင်၏ နောက်ခံနှင့် နာမည်ကို သူတို့ မသိရှိသော်လည်း လက်ရှိအခြေအနေသည် သူတို့ကို အသက်ဘေးမှ လွတ်မြောက်ရန် ကယ်တင်ပေးသည့် အခြေအနေမျိုး ဖြစ်လို့ နေခဲ့၏။
“အရမ်းကြီး ပျော်ရွှင်မနေနဲ့။ အခုမှ အဆင့်ချိုးဖြတ်လာတဲ့ အင်မော်တယ်ဘုရင်တစ်ယောက်က အားလုံးကို ကယ်တင်နိုင်မယ်လို့ ထင်နေလို့လား” ထျန်းမင်တောင်သခင်၏ မျက်လုံးများသည် အေးစက်နေ၏။ သူသည် ထပ်မံကာ လှုပ်ရှားလိုက်၏။ လက်ထဲတွင် နတ်ဘုရားသင်္ကေများ ဖြစ်တည်လာခဲ့ပြီး ထိုသင်္ကေတများသည် ရေတွက်၍မရအောင် များပြားသည့် နတ်ဘုရားဓားများအဖြစ်သို့ အသွင်ပြောင်းကာဖြင့် ရှေ့ဆီသို့ ပြေးထွက် သွားသည်။
ချလွမ် ချလွမ် ချလွမ် ....။
ဓားနှင့်သံ ထိတွေ့မှုကြောင့် အသံများ ပေါ်ပေါက်လာခဲ့၏။ ကောင်းကင်နှင့်မြေပြင်တစ်ခုလုံး၌ ဓားတိုက်ခိုက်ချက်၏ အသံများသည် ပဲ့တင်ထပ်လျက် ရှိနေ၏။ ဓားများသည် သာမာန်ထက်ပိုကာ ထက်ရှလျက် ရှိနေပြီး အလုံးစုံ သုတ်သင်ရှင်းလင်းခြင်း၏ အော်ရာများ ထွက်ပေါ်လျက် ရှိနေ၏။
အား
အဘိုးအိုက အော်ဟစ်လိုက်၏။ သူသည် အင်္ကျီလက်ကို ဝှေ့ယမ်းကာဖြင့် သူ၏နောက်ဘက်တွင် ရှိနေသော ကလန်သားများအားလုံးကို မိုင်တစ်သောင်းအဝေးဆီသို့ လွင့်စင်အောင် ပြုလုပ်လိုက်သည်။ သို့ပေမဲ့ သူ ထွက်ပြေးရန် ကြိုးစားလိုက်ချိန်မှာတော့ ဓားအလင်းတန်းများ သူ၏ ခန္ဓာကိုယ်တည့်တည့်ဆီသို့ ကျဆင်းလာခဲ့သည်။
ဘုန်း
အချိန်ခဏအတွင်းမှာပဲ လူတစ်ယောက် ပေါ်ပေါက်လာ၏။ ထိုသူသည် သူ၏ ရှေ့တွင် မတ်မတ်ရပ်ကာ ကာကွယ်ပေးခဲ့၏။
“ကျုပ် မသေသေးဘူးလား”
အဘိုးအိုသည် မျက်လုံးအပြူးသားနှင့် မယုံကြည်နိုင်သလို လှည့်ကာ ကြည့်ရှုနေမိ၏။ သူ၏စိတ်နှလုံးအတွင်းမှာတော့ တကယ့်ကို အံ့အားသင့်မှုများနှင့် ပြည့်နှက်လျက် ရှိ၏။ ဤလူသည် ယခုမှ အဆင့်ချိုးဖြတ်ခဲ့သည့် အင်မော်တယ်ဘုရင်တစ်ယောက်ဖြစ်၏။ အဘိုးအိုသည် သူ၏အာရုံများကို ပြန်လည်ကာ စုစည်းပြီးသည့်နောက် လျင်လျင်မြန်မြန်ဆိုသလိုပဲ ဦးညွတ်ကာ ပြောလိုက်သည်။ “အသက် ကယ်ပေးတဲ့အတွက် စီနီယာကို ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ ကိစ္စတစ်ခုခုရှိလာတယ်ဆိုရင် .....”
“အနောက်ကိုဆုတ်” ထိုလူသည် အဘိုးကြီးစကားကို ဖြတ်ပြောလိုက်၏။ အဘိုးအိုသည် စကားကို ဆုံးအောင် မပြောလိုက်ရချေ။ အနောက်ကို လျင်လျင်မြန်မြန်ပဲ ဆုတ်လိုက်ရ၏။ ပထမတုန်းက ကြောင်အသွားခဲ့မိ၏။ သို့ပေမဲ့ ချက်ချင်း နားလည်သွားမိ၏။
ဤစီနီယာသည် ထျန်းမင်တောင်သခင်နှင့် ရင်ဆိုင်တိုက်ခိုက်တော့မည်ဖြစ်၏။ ထို့ကြောင့် သူ့အနေနှင့် ဤနေရာမှ အမြန်ဆုံး ထွက်ခွာသွားခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ သူသည် ထပ်မံ၍ ဦးညွတ်ကာ ပြောဆိုလိုက်သည်။ “စီနီယာ.. ကျေးဇူးပြုပြီး သတိထားပါ”
ပြောပြီးသည့်နောက် သူသည် မြန်မြန်ဆန်ဆန်လှည့်ကာ ထွက်ခွာသွား၏။ ထျန်းမင်တောင်သခင်သည် ကျိုးကလန်မှ အဖွဲ့ဝင်အားလုံးကို တားဆီးချင်သည့် စိတ်ဆန္ဒရှိပုံ မပေါ်ချေ။ သူ၏ မျက်လုံးထဲတွင် ကျိုးကလန် အဖွဲ့သား တစ်ရာကျော်တို့သည် ဘာမှမဟုတ်သောကြောင့်ပင်။ အရေးကြီးသည်မှာ ရုတ်တရက် ပေါ်ပေါက်လာသော အင်မော်တယ်ဘုရင်ပင်။
လက်ရှိ ဖြစ်တည်နေသည့် အန္တရာယ်ကြီးကို အရင်ဆုံး သုတ်သင်ရှင်းလင်းခြင်းကသာလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ထို့အပြင် ထိုသူ၏ ခန္ဓာကိုယ်ဆီမှ ရင်းနှီးသည့်ခံစားချက်များ ပေါ်ပေါက်လျက်ရှိနေ၏။ သို့ပေမဲ့ ထိုသူ မည်သူမှန်း မသိချေ။
“ကျုပ် ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ ... တခြားလောကရဲ့ တာအိုရောင်းရင်း” ထျန်းမင်တောင်သခင်က မေးမြန်းလိုက်၏။
သူသည် အင်မော်တယ်ဘုရင်တစ်ယောက် ပေါ်ပေါက်လာသည်ကို အသိအမှတ်ပြုပြီးပြီ ဖြစ်၏။ ဤအင်မော်တယ်ဘုရင်၏ အားအင်အဆင့်သည် သူနှင့် နှိုင်းယှဉ်၍ရနိုင်သည် မဟုတ်သော်လည်း လက်ရှိအခြေအနေတွင် သူနှင့်တူညီသည့် တည်နေရာပေါ်တွင် ထိုင်နိုင်သည့် လူတစ်ယောက်ပင် ဖြစ်သည်။
“တိုင်ချူး”
တိုင်းချူး၏ဝတ်စုံသည် လေနှင့်အတူ လွင့်မျောလျက်ရှိနေ၏။ “ကောင်းကင်မူလလောကကြီး”
“ကောင်းကင်မူလလောကကြီး ဟုတ်လား” ထျန်းမင်တောင်သခင်သည် မျက်ခုံးပင့်လိုက်မိ၏။ အားအင်အဆင့် မြင့်မားလှသည် မဟုတ်သော်လည်း ၎င်းလောက၏ ဂုဏ်သတင်းသည် သူ၏ နားထဲ ရောက်ရှိပြီး ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကောင်းကင်မူလလောကကြီးတွင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် တည်ရှိ နေသောကြောင့်ပင်။
တစ်ယောက်တည်းနှင့် များပြားသည့် လောကအသီးသီးသို့ သတင်းအချက်အလက်များ ပျံ့နှံ့အောင် လွှမ်းမိုး ထားနိုင်စွမ်းရှိနေသူဖြစ်သည်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် သူ၏မျက်လုံးထဲတွင် ကြောက်မက်ဖွယ်ရာ ကောင်းသည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ပင်။
“ကောင်းကင်မူလလောကကြီးက အမည်နာမည် တိုင်ချူး”
ထျန်းမင်တောင်သခင်က တီးတိုး ရေရွတ်လိုက်၏။ သူ၏ခန္ဓာကိုယ်က တုန်ယင်သွား၏။ ပြီးသည့်နောက် သူ၏မျက်လုံးထဲ အလင်းတန်းနှစ်ခု ပေါ်ပေါက်လာခဲ့၏။ သူသည် ခက်ခက်ခဲခဲဖြင့် စကားစုကို ပြောလိုက်၏။ “တိုင်... တိုင်ချူး ဒီတော့ ခင်ဗျားကိုး”
ဤတစ်ကြိမ်မှာတော့ သူ နားလည်သွားခဲ့၏။ စောဏတုန်းက ဖြစ်တည်ခဲ့သည့် ဇဝေဇဝါ အမူအရာများသည် တိုင်ချူး၏နာမည်ကို ကြားရသည့်အချိန်မှာတော့ ရှင်းလင်းသွားခဲ့၏။ ဤလူသည် ကျိန်းသေပေါက် သူနှင့် မရင်းနှီးချေ။ သို့ပေမဲ့ ရောရုဝအရှင်အတွက်တော့ ရင်းနှီး၏။ အဘယ့်ကြောင့်ဆိုသော် တိုင်ချူးသည် ရောရုဝအရှင်အား သေဆုံးလုမတတ် အခြေအနေထိ တိုက်ခိုက်ခဲ့သောကြောင့်ပင်။
ရောရုဝအရှင်သည် တိုင်ချူးကို သတ်ဖြတ်ရန် လောကဖြတ်သန်းကာ လာခဲ့၏။ ရလဒ်အားဖြင့် မထင်မှတ်ထားလောက်အောင်ဘဲ တိုင်ချူးသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆီမှ အကူအညီများကို ရယူခဲ့ပြီး နက်နဲအလင်းလောကကြီး၏ ရောရုဝပြည် အားနည်းချက်များကို ရှာဖွေတွေ့ရှိခဲ့၏။
ရောရုဝအရှင်အား ၎င်း၏ နောက်လိုက်နောက်ပါ တစ်ယောက်နှင့်အတူ ဝင်ရောက်ကာ တိုက်ခိုက်ခဲ့လေ၏။ ထို့ကြောင့်ပင်လျှင် ရောရုဝအရှင်သည် ထွက်ပြေးရင်း လျှိုချင်းယု၏လက်ထဲသို့ ကျရောက်ခဲ့ခြင်းပင်။
ဤအရာသည် ထျန်းမင်တောင်သခင်နှင့် ကျိန်းသေပေါက် ဆက်စပ်လျက်ရှိသည့်အရာမျိုး မဟုတ်ဘူး ဆိုလျှင်တောင်မှ ရောရုဝပြည်၏ အရှင်မှတဆင့် သူက ကောင်းကောင်းသိရှိ၏။ ရောရုဝပြည်၏ အရှင်သည် အိမ်မက်ဆိုးများ မက်သကဲ့သို့ပင် အနောက်မှလိုက်လံကာ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
ဤကိစ္စကို ထျန်းမင်တောင်သခင်က သိရှိခဲ့၏။ သူ၏ အထင်အမြင်အရဆိုလျှင် တိုင်ချူးသည် စစ်တုရင် တစ်ကောင်ထက် မပိုချေ။ နောက်ကွယ်မှ ဖန်တီးပြုလုပ်ခဲ့သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင် ဖြစ်ပေမည်။
“တိုင်ချူးက ကစားပွဲတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုပဲ။ အခု တိုင်ချူးက အင်မော်တယ်ဘုရင် ဖြစ်လာခဲ့ပြီ ဆိုတော့ ...” လက်ရှိအခြေအနေတွင် ရှောင်ဝူရှန်၏ မှတ်ဉာဏ်များကို သူက တွေးတောခဲ့၏။ ရှောင်ဝူရှန်၏ မှတ်ဉာဏ်များအရဆိုလျှင် တိုင်ချူးသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်ပြီးနောက် သိသိသာသာ တိုးတက် သွားခဲ့၏။ တိုင်ချူး၏ အဆင့်ချိုးဖြတ်ခြင်းသည် ကျိန်းသေပေါက် ကောင်းကင် လျှို့ဝှက်နန်းဆောင်သခင် ၏ လမ်းညွှန်ပြသမှုကြောင့်သာ ဖြစ်ပေလိမ့်မည်။
တခြားစကားနှင့် ပြောရမည်ဆိုလျှင် လက်ရှိအခြေအနေကို သုံးသပ်ရမည်ဆိုလျှင် နက်နဲအလင်း လောကကြီး၏ ရောရုဝပြည်နှင့် တိုင်ချူးတို့ကြားတွင် ကြီးမားသည့် တိုက်ပွဲတစ်ခု ဖြစ်တည်ခဲ့၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် သည် ဤကဲ့သို့ဖြစ်လာအောင် တမင် စီစဉ်ခဲ့ခြင်း ဖြစ်ပေမည်။
ရောရုဝပြည်အား ပစ်မှတ်အဖြစ်ထားပြီးနောက် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ နောက်ထပ် ပစ်မှတ်သည် သူ .... ထျန်းမင်တောင်သခင်သာ ဖြစ်နိုင်သည်။