အပိုင်း (၆၁၇)
Vol. 42 Ch. 617
“ခင်ဗျားရဲ့ လက်ရှိ အခြေအနေက ကျုပ်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး” ထျန်းမင်တောင်သခင်က ပြောဆိုလိုက်၏။
သူ၏ မျက်လုံးများသည် ခြောက်ခြားဖွယ်ရာ ကောင်းသည့် အလင်းတန်းများ တောက်ပလျက် ရှိနေ၏။ ၎င်း၏ နဖူးထက်တွင် တောက်ပသည့် အမှတ်အသားတစ်ခု ပေါ်လာသည်။ ဤအရာသည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် သင်္ကေတများအဖြစ်သို့ ပြောင်းလဲပြီး နတ်ဘုရားဓားကြီးတစ်ခုအဖြစ် တိုင်ချူး၏ နဖူးဆီသို့ ကျဆင်းလာသည်။
ဝေါ့ ...။
တိုင်ချူးသည် သွေးများအန်ထွက်လာခဲ့ပြီး နောက်ဘက်သို့ လွင့်စင်သွား၏။ ခရမ်းရောင်နန်းတော်တွင် တည်ရှိသော သူ၏ နတ်ဘုရား ဝိညာဉ်သည် မှေးမှိန်သွားခဲ့၏။ ဤဓားကြီးသည် သူ၏ ဝိညာဉ်ကို နှစ်ပိုင်း ပိုင်းလုမတတ်ပင်။ သူ၏ ခန္ဓာကိုယ်သည် မည်သည့်ဒဏ်ရာမှ ရရှိသည့်ပုံ မပေါ်သော်လည်း သူ၏ ဝိညာဉ်မှာတော့ ပျက်စီးပျောက်ကွယ်သွားရတော့မည့် အခြေအနေမျိုးသို့ ရောက်ရှိနေ၏။
“အင်း.. ငါထပ်ပြီး နှောင့်နှေးနေလို့ မဖြစ်တော့ဘူး” တိုင်ချူးက အံကိုကြိတ်လိုက်၏။ သူသည် တစ်ဖက်လူ၏ အခြေအနေကို ကောင်းကောင်းသိရှိ၏။ ထို့ကြောင့် ရလဒ်သည် အစောကြီးကတည်းက ခန့်မှန်းပြီးသား ဖြစ်သည်။
ယခုမှ အင်မော်တယ်ဘုရင်အဆင့်ဆီသို့ တက်လှမ်းနိုင်သော လူတစ်ယောက်အနေနှင့် များပြားလှသည့် လောကအသီးသီးတို့၏ မျှော်လင့်ချက်များကို သူက ထမ်းပိုးထားရသေး၏။ ဤနေရာတွင် မသေဆုံးချင်ပေ။
“သွားစမ်း”
ထိုအတွေးကို တွေးပြီးသည့်နောက် တိုင်ချူးသည် ပါးစပ်ကို ဟလိုက်၏။ များပြားလွန်းလှသည့် သွေးအဆီအနှစ်များကို ဖယ်ထုတ်ပြီးသည့်နောက် သွေးအလင်းတန်းများသည် တောက်ပသည့် အလင်းတန်း များအဖြစ် ဖြစ်တည်ကာဖြင့် တည်နေရာပတ်လမ်းကြောင်းထဲတွင် ပွစာကျဲသွားလေ၏။ ထိုအရာများသည် အင်မော်တယ်ဘုရင်တစ်ယောက်၏ သွေးအဆီအနှစ်များ ဖြစ်သည်မို့ နက်နဲလွန်းလှချေ၏။
ကောင်းကင် တာအို၏ တုံ့ပြန်မှုများ ဖြစ်ပေါ်လာခဲ့ပြီး လောကကြီး တစ်ခုလုံးက တုန်ခါလာခဲ့သည်။
“သတ်စမ်း” တိုင်ချူးက တီးတိုးရေရွတ်လိုက်၏။ အဆုံးမဲ့သော သွေးရောင်စဉ်တန်းများ ဖုံးလွှမ်းသွားပြီးနောက် နတ်ဘုရားကဲ့သို့ နီမြန်းလျက် ရှိနေသည့် သွေးဓားကြီးတစ်စင်းသည် ကောင်းကင်ယ ံထက်၌ ဖြစ်တည်လာခဲ့၏။ ထိုအရာကြီးသည် အဆုံးမဲ့သော သတ်ဖြတ်ခြင်းဆန္ဒများကို သယ်ပိုးထား၏။ ၎င်းသည် ထျန်းမင်တောင်သခင်ပေါ်သို့ တည့်တည့်ပင် ကျဆင်း၏။
ဤအရာသည် တိုင်ချူး၏ အားကောင်းဆုံးသော တိုက်ခိုက်ချက်တစ်ခု ဖြစ်၏။ ထျန်းမင်တောင်သခင်၏ အားအင်အဆင့် သည် ကျိန်းသေပေါက် ကောင်းမွန်သောကြောင့် သူ့အနေနှင့် အထင်မသေးရဲချေ။
“အသက်ကို စွန့်ပြီးတော့ တိုက်ခိုက်တော့မှာလား”
ထျန်းမင်တောင်သခင်က မျက်မှောင်ကုတ်လိုက်၏။ သူသည် မြန်မြန်ဆန်ဆန် ဆိုသလိုပဲ တုံ့ပြန်လိုက်သည်။ “ဒါမှမဟုတ် ခင်ဗျား ထွက်သွားချင်တာလား။ ဒါပေမဲ့ မထွက်နိုင်တော့ဘူး”
ဘုန်း
ခြေထောက်ကို အသာနင်းချလိုက်ပြီးသည့်နောက် ထျန်းမင်တောင်သခင်သည် ကြီးမားပြီး များပြားလွန်း လှသည့် စွမ်းအင်လှိုင်းများကို ထုတ်ဖော်တော့၏။ သူ၏ ပုံပန်းသွင်ပြင်သည် ရေတွက်လို့မရအောင် များပြား လှသည့် နတ်ဘုရားအရိပ်သင်္ကေတများနှင့် ပြည့်နှက်လျက်ရှိ၏။ လောကကြီးတစ်ခုလုံးကို ထပ်မံကာ တုန်ခါစေခဲ့၏။
ဘန်း
ထိုအရှိန်အဝါများ ပေါက်ကွဲထွက်သွားပြီးသည့်နောက် ထျန်းမင်တောင်သခင်၏ မျက်လုံးများက ကျဉ်းမြောင်း သွားခဲ့၏။ သူသည် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ အနောက်သို ဆုတ်လိုက်၏။ တိုင်ချူး၏ တိုက်ခိုက်ချက်သည် ဤမျှ အားကောင်းလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။ သူ၏ အကာအကွယ်ကို ချိုးဖြတ်လု နီးပါးပင်။
“ချိုးဖြတ်စမ်း” တိုင်ချူး၏ အသံက ထပ်မံထွက်ပေါက်လာခဲ့၏။ အနီရောင်ဓားအလင်းတန်းများ ထပ်မံ ထွက်ပေါ်လာခဲ့ပြီးနောက် ကြောက်မက်ဖွယ်ရာကောင်းသည့် အမြန်နှုန်းဖြင့် သူ့ဆီသို့ ကျဆင်း လာခဲ့သည်။ ကြောက်မက်ဖွယ်ရာကောင်းသည့် ဓားတိုက်ခိုက်ချက်သည် ထာဝရဖြစ်တည်ခြင်းကိုပင် ဖျက်ဆီးနိုင်သည့် အရာ ဖြစ်၏။ ကြမ်းတမ်းလှသည့် စွမ်းအင်လှိုင်းများကိုပါ တပါတည်း ခေါ်ယူကာဖြင့် သူ့အား အဆုံးစွန်အထိ သတ်ဖြတ်ရန် စီစဉ်ထားခဲ့၏။
နက်နဲလျှို့ဝှက်လောကကြီး တစ်ခုလုံးသည် ပျက်စီးလုမတတ် ဖြစ်နေပြီး အထဲတွင်ရှိနေသည့် သတ္တဝါ အားလုံးသည် ကပ်ဘေးကြီး ကျဆင်းလာသလို ခံစားနေကြသည်။ လေဟာနယ်ထဲတွင် အက်ကွဲကြောင်း အများအပြား ဖြစ်တည်လာခဲ့သည်။
ဘန်း
ထျန်းမင်တောင်သခင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ သူသည် လျင်လျင်မြန်မြန်ပဲ အနောက်သို့ ဆုတ်ခွာလိုက်၏။ တိုင်ချူးအနေနှင့် ဤမျှ ကြမ်းတမ်းလှသည့် တိုက်ခိုက်ချက်များကို ထုတ်ဖော်နိုင် လိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။
“ချိုးဖြတ်စမ်း” သူက အော်ဟစ်လိုက်၏။
တိုင်ချူးသည် လက်ကို အသာဆန့်တန်းလိုက်တော့ သုံးပေခန့် ရှည်သော ဓားအလင်းတန်းတစ်ခုသည် လက်ငါးချောင်းထဲသို့ ရောက်ရှိလာခဲ့၏။ ဓားရောင်စဉ်များက ပြန့်ကျဲသွားခဲ့၏။ ထျန်းမင်တောင်သခင်၏ ညာဘက်လက်သည် သွေးများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ဓားတိုက်ခိုက်ချက်သည် ထျန်းမင်တောင်သခင်၏လက်ကို ဒဏ်ရာ ရရှိစေခဲ့ပြီး အရိုးများကိုပင် ပေါ်စေခဲ့၏။ သို့ပေမဲ့ လက်နှစ်ဖက်ကို အနောက်သို့ပစ်ပြီး အသက်တရှိုက်စာ အချိန်အတွင်းမှာပဲ ၎င်း၏ ဒဏ်ရာများသည် ပြန်လည်ကာ ကောင်းမွန်သွားခဲ့၏။ စောဏက ဖြစ်တည်ခဲ့သည့် ဒဏ်ရာများသည် အစအနပင် ရှာမတွေ့တော့ချေ။
တိုင်ချူး၏ တိုက်ခိုက်ချက်ကို အောင်မြင်စွာ တားဆီးပြီးသည့်နောက် သူသည် တိုင်ချူးတည်ရှိရာ နေရာဆီသို့ အသာ လှမ်းသွား၏။ မျက်စိတမှိတ်အတွင်းမှာပဲ တိုင်ချူးသည် တည်နေရာလမ်းကြောင်းကြီး တစ်ခုကြားထဲမှ ပျောက်ကွယ်သွား၏။
“ခင်ဗျား လွတ်မယ်ထင်လား” ထျန်းမင်တောင်သခင်က နှာခေါင်းရှုံ့လိုက်၏။ သူသည် နတ်ဘုရား အသိအမြင် များကို ဖြန့်ကျက်ကာဖြင့် လေဟာနယ်ထဲရှိ တိုင်ချူး၏ အရိပ်အယောင်ကို ဖမ်းဆီးရန် ကြိုးစား၏။
သို့ပေမဲ့ တိုင်ချူး၏ တည်နေရာကို ရှာဖွေတွေ့ရှိခါနီးမှာပဲ ......
“ဟမ်”
သူသည် ရုတ်တရက် အံ့အားသင့်စွာဖြင့် ထကာ အော်ဟစ်လိုက်၏။ နက်နဲလျှို့ဝှက်လောက တည်နေရာတွင် တစ်စုံတစ်ယောက်ကို သူက မြင်လိုက်ရ၏။
“သူ အင်မော်တယ်ဘုရင်အဆင့် အားအင်တွေ ပြန်ရသွားတာလား” ထျန်းမင်တောင်သခင်သည် တီးတိုး ရေရွတ်လိုက်မိ၏။ သူသည် တိုင်ချူး ထွက်ပြေးသွားရာ တည်နေရာဆီသို့ လှမ်းကြည့်ပြီးသည့်နောက် နက်နဲလျှို့ဝှက်လောက တည်နေရာဆီသို့ လှမ်းကြည့်မိလိုက်၏။ အဆုံးသတ်မှာတော့ သူသည် တိုင်ချူး နောက်သို့ မလိုက်တော့ဘဲ ထျန်းမင်တောင်ဆီသို့ ပြန်လာလိုက်သည်။
လက်ရှိအခြေအနေ၌ ထျန်းမင်တောင်၏ မိုးကောင်းကင်ထက်၌ မုန်တိုင်းတစ်ခုက ဖြစ်တည်နေ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများသည် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး လူပေါင်းများစွာတို့အား မြေပြင်ပေါ်၌ ဒူးထောက်ထိုင်ချလုမတတ် အခြေအနေထိ ဖြစ်နေစေ၏။
အားလုံးသောသူတို့၏ မျက်နှာပေါ်တွင် ကြောက်လန့်မှုများ ပြည့်နှက်လျက် ရှိနေသည်။ လူတစ်ဦး၊ တစ်ယောက်ချင်းစီတိုင်းသည် ထျန်းမင်တောင် တည်ရှိရာနေရာဆီသို့ ကြောင်အအဖြင့် လှမ်းကာ ကြည့်ရှုနေ၏။ နောက်ထပ် အင်မော်တယ်ဘုရင်တစ်ယောက်သည် အချိန်အတိုင်းတာတိုအတွင်း ထပ်မံကာ ပေါ်ပေါက်လာလေသည်လား။ ထျန်းမင်တောင်၏ တည်နေရာတွင် မရင်းနှီးသည့် အင်မော်တယ်ဘုရင် တစ်ယောက်၏ အော်ရာများ ထွက်ပေါ်လျက်ရှိသည်။
ထျန်းမင်တောင်သခင် တစ်ယောက်တည်းနှင့်ပင် ကြောက်မက်ဖွယ်ရာ ကောင်းနေပြီဖြစ်၏။ နောက်ထပ် အင်မော်တယ်ဘုရင်တစ်ယောက် ထပ်မံကာ ပေါ်ပေါက်လာသည်ဆိုပါက သူတို့အတွက် အသက် ရှင်သန်နိုင်ရန် လမ်းပင် ရှိလိမ့်မည် မဟုတ်ချေ။
ပိုမို၍ အရေးကြီးမားသည်မှာ အင်အားစုများသည် ထွက်ပြေးသွားခဲ့ကြပြီ ဖြစ်၏။ ထွက်ပြေး မလွတ်မြောက်ခဲ့သူ အားလုံးမှာလည်း ထျန်းမင်တောင်သခင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။
ကျန်ရှိသည့် လူများအားလုံးသည် ထွက်ပြေးချင်သော်လည်း ထွက်မပြေးနိုင်သည့်လူများ သို့မဟုတ် ပြန်လည် တိုက်ခိုက်ချင်သော်လည်း ပြန်လည် တိုက်ခိုက်၍ မရနိုင်သည့် လူများသာလျှင်ဖြစ်၏။ ၎င်းတို့သည် ထျန်းမင်တောင်ဆီသို့ လာရောက်ပြီးသည့်နောက် ဒုက္ခသည်အဖြစ် ခိုလှုံရန် ကြိုးစားခဲ့၏။ သို့ပေမဲ့ လက်ခံ လိမ့်မည်ဟု အာမ မခံနိုင်ပေ။
လက်ရှိ အခြေအနေကို ကြည့်ရှုရမည်ဆိုလျှင် ထျန်းမင်တောင်သခင် တစ်ယောက်တည်းနှင့်ပင် သူတို့သည် ခက်ခဲသည့် အခြေအနေကို ကြုံဆုံနေရ၏။ နောက်ထပ် အင်မော်တယ်ဘုရင် တစ်ယောက်သည် ရုတ်တရက် ပေါ်ပေါက်လာပြီး အင်မော်တယ်ဘုရင်နှစ်ယောက် ပူးပေါင်းသည်ဆိုပါက ကျိန်းသေပေါက် သူတို့၏ ဦးခေါင်း များသည် ပြားသွားပေလိမ့်မည်။
“အင်း... အရင်ဘဝက ကျင့်ကြံခြင်းအဆင့်တွေ ပြန်ပြီး ရရှိခဲ့ပြီ”
ထျန်းမင်တောင်၏ လျှို့ဝှက်ခန်း အတွင်းမှာတော့ လျှိုချင်းယုသည် ခြေချိတ်ကာ ထိုင်လျက်ရှိ၏။ ၎င်း၏ မျက်လုံးများသည် နက်နဲကာ အေးစက်လျက် ရှိနေ၏။ ဆံနွယ်တစ်ခုချင်းစီတိုင်းသည် တောက်ပသည့် အလင်းတန်းများကို ထုတ်ဖော်လျက် ရှိနေ၏။
သူသည် မူလအားဖြင့် အင်မော်တယ်ဘုရင်တစ်ယောက်ဖြစ်၏။ သူ၏ ကျင့်ကြံခြင်းအဆင့်ကို စည်းခတ် ပြီးသည့်နောက် ပြန်လည်မွေးဖွားရန် ကြိုးစားခဲ့၏။ ပြန်လည်မွေးဖွားပြီးသည့်နောက် ဤအဆင့်သို့ ပြန်ရောက်ရန် ဆိုသည်မှာ သူ့အတွက် မခက်ခဲချေ။
သူ့အနေနှင့် ပြန်လည်မွေးဖွားခြင်း ရှေးလမ်းစဉ်ကို အသုံးပြုပြီးသည့်နောက် ပြန်လည် မွေးဖွားနိုင်ရန် ကြိုးစားခဲ့၏။ ကွာစီအင်မော်တယ် အင်ပါယာဘုရင် အဆင့်ဆီသို့ လှမ်းတက်နိုင်ရန် ရည်မှန်းချက်နှင့်ပင်။
ဤနည်းလမ်းသည် အောင်မြင်မှုနှုန်း နည်းပါးလှ၏။ အဘယ်ကြောင့်ဆိုသော် အလယ်တွင် များပြားသည့် ကိစ္စရပ်များကို ပြုလုပ်ရသောကြောင့်ပင်။ ရန်သူသာ သူ့ကို ရှာဖွေတွေ့ရှိသွားမည်ဆိုပါက သူ့အနေနှင့် အန္တရာယ် များနိုင်၏။ သို့ပေမဲ့ လက်ရှိ အခြေအနေတွင် သူ၏ နည်းလမ်းသည် အောင်မြင်သွားခဲ့ပြီဖြစ်၏။ သာမန်ထက်ပိုသည့် အကျိုးကျေးဇူးများကို ရရှိခဲ့ပြီး ချက်ချင်းဆိုသလိုပဲ ကြောက်မက်ဖွယ်ရာကောင်းသည့် အားအင်အဆင့်ကို ပိုင်ဆိုင်သည့် လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။